မီး၊ရေ ပုံမှန်ရရှိရေးအတွက် ယနေ့ ညနေ(၇)နာရီခန့်မှာ မန္တလေးမြို့နေ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေစဉ်…
မန္တလေးပြည်သူများက မန္တလေးမြို့တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ချီရေးရုံးသို့ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖေါ်နေကြပါတယ်လို့သိရပါတယ်၊
သတင်းဓါတ်ပုံကို …ဒီမိုဝေယံမှရရှိပါသည်။
Post Views: 530
22 comments
windtalker
May 20, 2012 at 10:15 pm
ည၁ဝနာရီထိုးတဲ့အထိ ၂၆လမ်း ၇၈လမ်းထောင့် လမ်းလယ် ပလက်ဖောင်းမှာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ထူးခြားချက်အနေနဲ့ ဗင်ဖင်လုံး၂စီး ပေါ်ကနေ စောင့်ကြည့်သွားတဲ့ လူကြီးများကို သတိထားမိပါတယ်။ လျှပ်စစ်မီး ရှိမှု အနေအထား အမြန်ဆုံး တိုးတက်လာမယ်လို့ ထင်မိပါတယ်။
ငပွကြီး
May 20, 2012 at 10:56 pm
ဂုဏ်ယူပါတယ် မန္တလေး…အောင်မြင်ပါစေ…
ကိုပေါက်(မန္တလေး)
May 20, 2012 at 10:57 pm
မီးနဲ့ရေက တိုက်ရိုက်အချိုးကျနေပါတယ်
ရေမရှိတော့ မီးမရ
မီးမရတော့ရေမရ
ကောင်းမှကောင်းပါဘဲ။
အတိသဉ္ဖာ နာဂရချစ်သူ
May 20, 2012 at 11:28 pm
ကိုပေါက်ရေ. ပုံတွေထဲမှာ ကိုပေါက်မတွေ ့ပါလား။ကိုပေ တော့မတွေ ့မိဘူးဗျို ့။
အကျႌချွတ်နဲ ့တစ်ယောက်က ဘယ်သူများပါလိမ့်။ဒီသတင်းကြားရတော့ စိတ်မ
ကောင်းဖြစ်မိပါတယ်ဗျ။
the best
May 20, 2012 at 11:35 pm
ဇော်မင်း အနေနဲ ့ သိက္ခာ ပညာမရှိပဲ၊ပညာမတတ်ပဲ၊
သူထက် သိတဲ့ သူမရှိလို ့ပြောတာဟာ လုံးဝကျေနပ်စရာ မရှိပါဖူး။
ငတုံးဝန်ကြီးက ဘာမှမတတ်ပေမဲ့ ဌာနတွင်းက လျှပ်စစ်အင်ဂျင်နီယာပညာတတ်တွေ
ဌာနရဲ့ ဂုဏ်သိက္ခာကို အမြန်ဆုံးပြန်ဆယ်ကြပါ။
သမတကြီးက နိုင်ငံခြားက မြန်မာ ပညာရှင်တွေ ဖိတ်ခေါ်နေတာကောင်းပါတယ်။
ဝန်ကြီးဌာန အသီးသီးမှာ အညှိုးနဲ ့ အပယ်ခံထားရတဲ့
မြန်မာပညာရှင်တွေ အများကြီးရှိနေတယ်ဆိုတာလည်း မမေ့စေချင်ပါဖူး။
etone
May 21, 2012 at 8:31 am
ဓါတ်ပုံတွေကြည့်ခွင့်ရတဲ့အတွက် … ကျေးဇူးပါနော် … ။
မီးနဲ့ ရေ က … မြို့နေလူတန်းစားအတွက် … တကယ့်ကို မရှိမဖြစ်ပါပဲ … ။မြို့လည်ခေါင်မီးမလာဘူးဆို ရေပါမရတော့ဘူး … ရေမရတဲ့အခါ စမ်းချောင်းတွေ ၊ အင်းအိုင်တွေထဲ ဆင်းချိုးလို့ ရတာမျိုးလည်း မဟုတ်တော့ … မိသားစုများတဲ့ အိမ်ဆို .. အိမ်သာသုံးဖို့ ရေကအစ ဒုက္ခရောက်ကြရတယ် … ။ အဲ့ဒုက္ခက စိတ်ညစ်စရာကြီး … ။ 🙁
ဒါနဲ့ ..ဒင်းတို့ကို ဆန္ဒပြဖို့အတွက် ဖယောင်းတိုင် တယောက်တတိုင်စီ ထွန်းလာရတာ နှမျောစရာ…
.. တစ်တိုင်ကို သုံးပိုင်းပိုင်းထွန်းပြီး လက်မပူအောင် အိမ်က ပုဂံပြားအသေးတစ်ချပ်ပေါ်တင်ထွန်းပြီး … သရော်သင့်တယ်…. ။
ခတ်မှီ ဖွင့်ဖြိုး တိုးတက်သော နိုင်သံတော်သစ်ဆီ … ဖယောင်းတိုင်ကိုင်ပြီး ချီတက် ဖို့များ စိတ်ကူးလေသလား သမ္မဒဂျီးရယ် .. အဟိ 😆
ကိုရင်မောင်
May 21, 2012 at 9:37 am
ဒီလိုဆန္ဒဖေါ်ထုတ်တာအားပေးတယ်ဟေ့….
ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရဲရတယ်
အရှက်မရှိတဲ့ဝန်ကြီး ထွက်ပေးသင့်ပြီ…..
Mon Kit
May 21, 2012 at 9:44 am
ဇော်မင်းက ရှက်ကြော မရှိဘူးကွဲ့…
မွေးထဲက ချက်ကြော နဲ့ ရှက်ကြော မှားဖြတ်လာဒါ….
🙁
htoosan
May 21, 2012 at 9:56 am
ဆီလို စန်ဒ ပြလယ်နော် ။။ ဝ အားကြီး ဝမ်းစာလယ် ။ ဝ ရေအားနော် ပြန်လုပ်ခွင့် ရမယ်။ ရှဲ ရှဲ ။ လောလောဆယ် ဝ စူငယ်ချင်း ဖရောင်းနော် ရောင်းကောင်းလယ်။
Ma Ei
May 21, 2012 at 9:57 am
အောင်မြင်ပါစေ…
အားပေးပါတယ်…
the best
May 21, 2012 at 10:15 am
ပြည်သူတွေ မီးပျက်လို ့ဖယောင်းတိုင်ပဲ အားကိုးနေရတဲ့ အချိန်မှာ
ဖယောင်းတိုင်ထွန်းတာအစား နည်းလမ်းတစ်ခုခုတော့ ရွေးသင့်ပါတယ်။
ဆန္ဒပြ ဦးဆောင်သူတွေ စဉ်းစားပါ။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ဒီလျှပ်စစ်မီးကိစ္စကို ဦးဆောင်ပြီး
လျှပ်စစ် မီးအမြန်ရအောင် ပညာရှင်တွေ စုစည်းဆွေးနွေးဖို ့လိုနေပါပြီ။
ဝန်ထမ်းတွေက အညှိုးခံရမှာ စိုးလို ့ပါရဲမှာ မဟုတ်ဘူး။
Khin Kha
May 21, 2012 at 1:42 pm
ဟိုးရှေးရှေးခေတ်တုံးကပေါ့ကွယ့် လူတွေဟာညအလင်းရောင်ရဖို့ ဆီမီးခွက်ကလေးတွေနဲ့ နေခဲ့ကြရတယ်တဲ့။အဲဒီနောက် လူသားတွေတီထွင်မှု့နဲ့ ဖယောင်းတုံးကြီးတွေကို အသုံးပြုမီးထွန်းခဲ့ကြပြန်တယ်၊ အဲဒီကနေ ဖယောင်းတိုင်ထုတ်လာကြပြီး ဖယောင်းတိုင်လေးတွေနဲ့ မီးထွန်းနေကြတယ်ကွယ် လို့သားကိုပုံပြောနေတုံး—သားကနားထောင်ရင်းကြားဖြတ်မေးလိုက်တယ်။ အဲဒါက
ဖေဖေ ဖယောင်းတိုင်းနဲ့မီးထွန်းကြတယ်ဆိုတော့ သားတို့အခုနေတဲ့ခေတ်ကိုရောက်လာပြီပေါ့နော်တဲ့။
အဲဒါသားကို မဟုတ်ဘူးအခုဖေဖေတို့၊သားတို့ရောက်နေတဲ့ခေတ်က ခေတ်မှီဖွံဖြိုးတိုးတက်နေတဲ့ ဒီမိုကရေစီခေတ်သားရယ် ဖယောင်းတိုင်းတွေထွန်းပြီးနေတဲ့ခေတ်က အတော်ကိုကြာခဲ့တဲ့ ခေတ်ပါသားရယ် လို့ရှင်းပြတာ၊ သားကဘယ်လိုမှလက်မခံဘူး၊ ဖေဖေညာတယ် ဖေဖေညာတယ်လို့ဘဲ နားပိတ်ပြီးအော်နေလေရဲ့။
ကူညီပါအုံး ကလေးကိုဘယ်လိုရှင်းပြရမလဲဟင်—-။
အိမ်မှာကလည်း ညတိုင်း လျှပ်စစ်မီးမလာလို့ ဖယောင်းတိုင်းတွေထွန်းပြီး နေနေရတာက အတော်ကြာနေပြီလေ။
myanmarcitizen
May 21, 2012 at 1:45 pm
ကိုယ်လိုချင်တာကို ရဲရဲတောင်းဆိုတဲ့မန္တလေး သူ/သားတွေကိုလေးစားပါတယ်။ အောင်မြင်ပါစေဗျာ။
kai
May 21, 2012 at 1:52 pm
ယနေ့.. မန္တလေးမြို့မှာ ယနေ့ညနေပိုင်းမှ ပြုလုပ်သော လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒထုတ်ဖေါ်ပွဲ…
နောက်တပါတ်ကြာသော်… ရန်ကုန်မြို့မှာ ယနေ့ညနေပိုင်းမှ ပြုလုပ်သော လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒထုတ်ဖေါ်ပွဲ…
နောက်၂ပါတ်… မန္တလေးမြို့မှာ ယနေ့ညနေပိုင်းမှ ပြုလုပ်သော လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒထုတ်ဖေါ်ပွဲ…
နောက်၁လ… ရန်ကုန်မြို့မှာ ယနေ့ညနေပိုင်းမှ ပြုလုပ်သော လျှပ်စစ်မီးပုံမှန်ရရှိရေး ဆန္ဒထုတ်ဖေါ်ပွဲ…
.. တနေ့သောအခါ… မန္တလေးမြို့သူားများနှင့်.. ရန်ကုန်မြို့သူားများ.. ????ပွဲ…။
အတိသဉ္ဖာ နာဂရချစ်သူ
May 21, 2012 at 1:58 pm
ခုလိုမျိုး. မိမိဆန္ဒကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုလာကြတာကို
ကြိုဆိုပါကြောင်း နှင့် အများပြည်သူတို ့၏လိုအပ်ချက်များ အမြန်ဆုံး
ပြည့်ဝပါစေကြောင်း ဆုတောင်းလျှက်
ကိုပေါက်(မန္တလေး)
May 21, 2012 at 2:17 pm
တောင်းသာတောင်းတယ် ဘယ်တော့မှမရဘူးဖြစ်မှာကိုလဲ စိုးရိမ်မိပါ၏။
သော်ကြီး
May 21, 2012 at 2:52 pm
နယ်မြို့နယ်လေးတွေမှာပါ လျှပ်စစ်မီးပုံမှန်ရရှိရန်အတွက် ထပ်မံပြုလုပ်ရန်လိုအပ်ပါကြောင်း။
Lwin Aung
May 21, 2012 at 5:46 pm
လျှပ်စစ်ဝန်ကြီးဆိုတာ တစ်ယောက်တည်းပါ ငါ့တို့က အများကြီး အများနဲ့တစ်ယောက်မှာ တစ်ယောက်ကနိုင်တာ ဘယ်မှာရှိဖူးလို့လဲ မှန်မယ်ထင်ရင် ဘယ်တော့မှ နောက်မဆုတ်ဘူးကွ
Gipsy
May 21, 2012 at 6:40 pm
သင့်မြတ်လျော်ကန်တဲ့ လမ်းပါ… လူကြံရင် ပန်းကန်တောင် ဇွန်းဖြစ်သတဲ့…
ကြည့်ရတာ အားရလိုက်တာ… အောင်မြင်ပါစေ…
အောင်မြင်သွားတယ်လို့ လဲ ကြားမိပါတယ်…။
windtalker
May 21, 2012 at 8:12 pm
21.5.2012 တနင်္လာညနေ ရ နာရီခန် ့အချိန်မှာ ၂၆ လမ်း ဆွမ်းဟော်တယ် ရှေ ့မှာ ဆက်လက် ဆန္ဒပြနေတာ ကို တွေ ့ခဲ့ရပါတယ် ။ မိုးလေးက ဖွဲဖွဲ ရွာနေပါတယ် ။
အတိသဉ္ဖာ နာဂရချစ်သူ
May 21, 2012 at 11:25 pm
ကိုပေရေ. တချိန်က အဲဒီဆွမ်းဟော်တယ်က မမစန္ဒာကိုတောင် သွားသတိရမိတယ်။
မဆီမဆိုင်။ကျနော်တို ့ဆီက မီတာခတွေလျှော့ပေးဖို ့တောင်းဆိုရမယ်ဗျာ။တစ်ယူနစ်
(၄၈၀)ကျပ်ပေးနေရတဲ့ ကျနော်တို ့မြို ့သူားတွေ အဖြစ်ကို ကြည့်လှည့်ပါအုံး။
မောင်သုည
May 23, 2012 at 2:36 pm
ဆရာညီပုလေးနဲ့ဆရာမင်းထက်ငြိမ်းချမ်းတို့အား SBမှခေါ်ယူစစ်ဆေးလျှက်ရှိပါသည်။နောက်ဆက်တွဲသတင်းများကိုလည်းဆက်လက်ဖေါ်ပြပေးပါမည်။