ပြေးလမ်းတစ်ခုပေါ်က ရက်စက်သော ကံကြမ္မာ (ညီမလေး ဖတ်ဖို့ )
ညီမလေးရေ
မိုးက သည်းသည်းမည်းမည်းရွာနေတယ် မေလ လယ်ပေမယ့် မိုးက တစ်နာရီလောက် ပင်လယ် တစ်ခု မှောက်ချ လိုက်သလို ရွာ ချလိုက်တာ ဓနိ မိုး အိမ်လေးတွေ မိုး ယိုလို့ တစ်ချို့ဆို ဓနိဟောင်းလေးတွေ
ကေက်လို့ ပေါ့ အကိုကတော့ လမ်းဘေး လက်ဖက်ရည် ဆိုင်လေးမှာ မိုးကို ငေးလို့ အတွေး နယ်ချဲ့မိတယ်။ ဆရာ သစ္စာနီ ကဗျာ ထဲက လို မိုးကလွဲလို့ အားလုံးနဲ့ လွဲခဲ့ပေါ့ ဆိုသလို လွဲချော် ခြင်းတွေနဲ့ ပေါ့ ညီမလေးရယ်။
အကို က မိုးရေထဲပြေးနေတဲ့ ကလေးတွေကို ကြည့်လို့ ။ကလေးတစ်ယောက်က အိတ်တစ်လုံး လွယ်ပြီး မိုးရေထဲ အဆောင်းမပါဘဲ လျှောက်နေတယ် လက်ထဲမှာ လည်း တုတ် တစ်ချောင်းနဲ့ ရေသန့်ဗူး တွေ့တော့ အားရဝမ်းသာ ကောက်ထည့်လိုက် ဒန်စလေးတွေ့တော့ ကောက်ထည့်လိုက် ဒီကလေးက သူရှိမှ ခုနှစ်နှစ် အရွယ်ပေါ့ ညီမလေး ။ အကို မျက်ရည် ဝဲမိပါတယ် အကို့ သား လေးသာ ဆို။
ညီမလေးရေ အသိဉာဏ် ဦးဆောင်တဲ့ လူတစ်ယောက် ဖြစ်ဖို့ တစ်ယောက်နဲ့ တ်ယောက် မိတ်ဆွေ ရင်းခြာ ဖြစ်ဖို့ ဆို တာ သိပ်မလွယ်လှပါဘူး။ အကို ကတော့ ကံကောင်းထောက်မစွာ မိတ်ဆွေ စစ်တွေ အနည်း ငယ်ရခဲ့တယ်လေ။ ဒီထဲမှာ အာရပ် ပုံပြင်ထဲက ကုလား အုတ်ို ခေါင်းတိုးပြီး ကိုယ်ဝင် နိုင်အောင် အား ထုတ်သူတွေလည်း ကြုံ ခဲ့ရတယ်။ အကို့ ရဲ့ အရှိန် အဝါလေးကို ယူပြီး နေရာယူ ကြတဲ့ လူတွေ တွေ့ခဲ့တယ် ။
မိတ်ဆွေတစ်ယောက်ပေါ့ တပည့်တစ်ယောက်ဆို ပိုမှန် မယ် ဒီလူငယ်လေးက စာရေးဆရာဖြစ်ချင်ရှာတယ် ။တကယ်တော့ စာရေးဆရာဆိုတဲ့ လူတွေဟာ ရိုးသားကြပါတယ်ကွယ်။အကို က ရေးနည်းတွေ သင်ပြ
ဖတ်ညွှန်းတွေပြ ဥပဒေတွေ သင်ပေးနဲ့ အချိန်တော်တေ်ာယူပြီး ပြုစုခဲ့တယ်။ သို့သော် ညီမလေးရေ ကိုယ်စိုက်တဲ့ ပန်းက အဆိပ်ပန်း ဖြစ်ခဲ့တယ်။ သတင်းစာ ဆရာ၊ စာရေးဆရာ ဆိုတဲ့ ကဒ်ကို ပြ တောရွာတွေမှာ
လယ်သမားတွေ ဆီက လယ်ယာမြေ ကိစ္စတွေ မကြေလည်မှုတွေ ကိုမေး တိုင်တဲ့ နေရာမှာ ဝင်ပါ ငွေရယူနဲ့ အကိုကတော့ စိုက်ခဲ့တဲ့ ပန်းလေးဟာ အဆိပ်ပွင့် ပွင့်ခဲ့တယ်ကွယ်။အကို ရှက်လိုက်တာလေ။ ညီမလေးရေ စာဝတ်နေရေးကြောင့်လား လောဘကြောင့်လား အဆိပ်ပန်းလေးကို အကို နှမျောမိပါတယ်။
ဒီလိုနဲ့ အကို မြင်ကွင်း ထဲကို အမျိုးသမီး တစ်ယောက်ရောက်လာတယ် မိုးရေတွေ ကြားထဲ ဘာကိစ္စအရေးကြီးတယ် မသိဘူး ထီးလေး မလုံ့တစ်လုံနဲ့ ။ ညီမလေးရေ သူမကအကို့ကို နုတ်ဆက်ပါတယ် ရန်ကုန်ရောက်နေတယ်တဲ့ အထည် ချုပ် စက်ရုံ တစ်ခုမှာ လုပ်နေတယ်လို့ ပြောပါတယ် ။ သူဝတ်စား ထားတာတွေ ကြည့်ပြီး အကို သဘောပေါက်လိုက်ပါတယ်။ ရန်ကုန် မှာ ဘဝရပ်တည် ဖို့ ခက်ခဲတယ်ဆိုတာ ညီမလေးလည်း သိမှာပါလေ။ အိမ်ကို တစ်လ တစ်သိန်းကျော် ပြန်ပို့နိုင်တယ် ဆိုကတည်းက အထည် ချုပ် စက်ရုံ မဟုတ်နိုင်ပါဘူးကွယ်။ဒါနဲ့ အကိုစိတ်ကူးထဲ ရန်ကုန်ကို အရဲစွန့် အလုပ် သွားလုပ်တဲ့ ကလေးမလေး
တစ်ယောက်ကို မြင်ယောင် မိပြန်ပါတယ် ။
သူနာမည်က ဇာခြည် လင်းလဲ့ ။ရန်ကုန်မှာ ဆေးဝါး ကျွမ်းကျင် သင်တန်း သွားတက်တယ် နောက်တော့ ဆေး ခန်းတစ်ခုမှာ သူနာပြု အကူ ရတယ် တစ်လ ငါးသောင်း လောက် လစာရတယ်လေ။
အဆောင်မှာ နေကြ ချက်ပြုတ် စားကြနဲ့ ညီမလေးရယ် ငွေ ငါးသောင်းဆိုတာ ဘာသုံးလို့ရနိုင်မှာလဲ။ နောက်တော့ အဆောင်က သူငယ်ချင်းမတစ်ယောက်ဆီမှာ ပိုက်ဆံချေးသုံး မိန်းကလေးဆိုတော့ လှချင်ရှာတယ်လေ
အဝတ်တွ အဆန်းအပြားတွေ ဝတ်ချင်ရှာတယ်။ဟို အမျိုး သမီးကလည်း လိုသလောက်ပိုက်ဆံ ထုတ်ချေးတာပဲကွယ် နောက်ဆုံး ငွေ ဆယ်သိန်းလောက်ရှိတော့ အတင်းတောင်းတော့တာပဲ ။ ညည်း ငါ့ လို နေချင်ရင်
ငါအလုပ် လုပ်ပါလား ဆိုပြီး မက်လုံးပေး စည်းရုံးတာပေါ့ ။ သူက ဘာလုပ်လည်း ဆိုတော့ အနိပ်ခန်းတွေမှာ လုပ်တာပါ အနိပ်ခန်းဆိုတာကတော့ အကိုလည်း တခါမှ မရောက် ဖူးသလို သွားဖို့ ဆိုတာ လည်း လုံးဝ မရှိပါဘူး။ တစ်ဆက်ရှင်း နှစ်ထောင့်ငါးရာ လောက်ရတယ် တဲ့ ။ ဒါက ဟန်ပြ ပါပဲ သူဋ္ဌေးတစ်ယောက်လောက်လာရင် အပိုင် ကိုင်ထားလိုက် သူတို့ အခေါ်ကတော့ ဖားတဲ့ ကွယ် ညည်းရုပ်နဲ့ သူတို့ နဲ့ တစ်နာရီလောက် နေလိုက်ရင် လို သလောက်တောင်းလို့ရတယ် ဘာညာ စည်းရုံးတာနဲ့ ဇာခြည် လင်းလဲ့လည်း အညံ့ ခံလိုက်ရရှာ တယ်ကွယ်။
ညီမလေးရေ ..နောက်… ဘဝတွေ နွမ်းကြေ ခဲ့ရသူတွေအကြောင်း အကို တွေးမိရင်း ကြေကွဲ ခဲ့ရပါတယ်။တခါတလေတော့ အိမ်ဖေါ်တွေ ဘဝပျက်သလို အိမ်ဖေါ်တွေကပဲ ရိုးသားတဲ့ အိမ်ရှင်တွေကို ဒုက္ခပေး
ခဲ့ကြတယ်လေ။တလောက အိမ်ဖေါ် အလုပ် လိုချင်လို ့ အကို့ အသိတစ်ယောက်ကို ရန်ကုန်က အကူ အညီတောင်းယ်ကွယ်။ သူကလည်း တကယ် လုပ်ချင်တဲ့ အသက် ၁၈နှစ်လောက် ကောင်မလေးကို ရန်ကုန် ကို မိဘတွေ သလောတူညီမှုနဲ့ ပို့ပေးတယ် ။ကောင်မလေး အိမ်ကိုတော့ သုံးလစာ ငွေ ကြိုတင်ပေးခဲ့ရတယ်။ ကောင်မလေး ကရန်ကုန် အိမ်မှာ နှစ်ရက်လောက်နေပြီး ပြန်လာတယ်။အကို့ အသိအိမ်ကို လာပြီး ကလေးမလေးက မပျော်လို့ ပြန်လာတာ မဟုတ်ဘူး။ နိပ်စက်တာတဲ့ ညနေစာ ထမင်းမကျွေး ဘူး အခု ဗိုက်အောင့်ရောဂါ ရနေတယ် ဆိုပြီး ကြိုတင်ပေးငွေ မရတဲ့ အပြင် ထပ်ပေရမလို ပြောတော့ မိတ်ဆွေက အကိုဆီရောက်လာတယ်
ဘယ်လိုရှင်းရမလဲပေါ့ ။ သူ့ အသိအိမ်ကလည်း ကြိုတင် လစာတွေ ပြန်တောင်းနေတယ် ။ဒီမှာ အကို ကပြောလိုက်ပါတယ် ညိမလေးရယ်
“ မင်း သတိထားရမှာက တစ်ချို့က အလုပ် လုပ်ချင်တာ မဟုတ်ဘူး ရန်ကုန်ကို ရောက်ဖူးချင်တာ အသွားကို ကားခ မကုန်ဘူး စားစရိတ်မကုန်ဘူး
နေစရာမပူရဘူး နောက် တော့ ပြန်ာတာပဲ ကြိုတင် လစာလည်းရ ရန်ကုန်လည်းရောက်ဖူးတယ် ဒါကို မင်းက ပြဿနာလုပ်ရင် ကျမကို လူကုန်ကူး
တာပါ တာချီလိတ် ပို့မယ်လုပ်လို့ အတင်း ပြန်ပြေးလာတာ ဘာညာနဲ့ ရဲကို တိုင်ရင် ဒီထက် အဆပေါင်းများစွာငွေကုန် အလုပ်ရှုပ် အခိုက် မသင့်ရင်
ထောင်ကျနိုင်တယ်ကိုယ့်လူ လို့ ပြောလိုက်ရတယ်။”
ညီမလေးရေ ဒီထက် ကြမ်းတဲ့ အိမ်ဖေါ်ကတော့ အိမ်ရှင်ကို ရိတိတိလုပ် ရေလာမြောင်းပေးလုပ်ပြီး ကိုယ်ကျင့်တရားမကောင်းတဲ့ အိမ်ရှင်က သူရဲ့ ထောင်ချောက်ထဲ ပါရင်တော့ လျှော်ပေတော့ သူညှိ နှိုင်း
သလို ပေးပေတော့ မဟုတ်လို့ကတော့ ၃၇၆/၅၁၁ နဲ့ ရဲ စခန်းရောက်ပြီသာမှတ်ပေတော့ ။ ဒါက အိမ်ဖေါ်ရဲ့ လုပ်စားချက်တွေပါ ညီမလေး။ ဒါပေမယ့် ညီမလေးရယ် လောက ထဲမှာ တကယ် အလုပ်လုပ်ချင်တဲ့
ကြိုးစားတဲ့ အမျိုးသမီး အမျိုး သားတွေရှိနေပါတယ်။ ရိုးသားတဲ့ ဖြူစင်တဲ့ အလုပ်သမားကောင်တွေက ပိုများနေပါတယ်။သူတို့ရဲ့ မပြေ လည်မှုကို ဖြေရှင်းဖို့ နည်း လမ်းရှာတဲ့နေရာမှာ ချွေး စက်တွေ ရိုးသားမှု လက်တွေနဲ့
လောက ကိုရဲဝင့်ချင်သူတွေရှိတယ် ညီမလေးရယ်။ဒါပေမယ့် အဲ့ ဒီ ရိုးသားသူတွေကို အနိုင်ပိုင်း ပြီး ကိုယ်ကျိုးရှာ ချင်သူတွေကြောင့် သူတို့ ဘဝလေးတွေ ညှိုးနွမ်းခဲ့ရတယ် ။ အနိပ်ခန်းကိုရောက် တစ်နာရီ နိပ်မှ ငါးရာရ
နောက် အနိပ်ခန်ူးတွေပိတ်လို့ မလုပ်ရရင် လမ်းပေါ်ထွက် ကြုံရာ လူနဲ့ လိုက်ပြီး လိင်ပျော်ပါးမှုတွေနဲ့ ပန်းကောင်း အညွန့်ကျိုး ခဲ့ရတယ်။
ညီမလေးရေ အကို ဆူးလေနားမှာ မိတ်ဆွေတစ်ယောက်ကို လာစောင့်ရင်း ကလေးမလေးတစ်ယောက်က မဝံ့မရဲ လာပြောပါတယ်။ ကျမကိုခေါ်ပါတဲ့ ။ အကို ဒေါသ ထွက်မိတယ် ညီမလေး နောက်
သတိပြန် ကပ်ပြီး သူမကို မေးမိတယ် မင်း က ငါ့ကို အပျော်ရှာတတ်တဲ့ လူလို့ ထင်နေတာလား ငါ့ပုံစံက ဒီပုံမျိုးပေါက်နေလား မေးမိပါတယ်။ အကိုရှက် လည်း ရှက် မိတယ် ညီမလေးရယ် ။ အကိုရဲ့ ဘဝအရွယ်
ရောက်ကတည်းက သက်မွေး ဝမ်းကြောင်းမှု ဟာ ကျူရှင်ဆရာ ဆေးဆရာ ဘဝလေ။ ဒီတော့ အကိုက စားတာနေတာ ထိုင်တာကစ သတိရှိနေရပါတယ်။ ဒါလည်း ကိုယ်ရည်သွေးပြောနေတာ မဟုတ်ပါဘူး
ဒီမှာပဲ ကလေးမလေးက ဒီ သဘော မဟုတ်ပါဘူး မနက်စာရော ညစာပါ မစားရသေးလို့ပါ အချိန်က ည၉နာရီကျော်နေပါပြီ။ အကိုငွေ ၅၀၀ဝတန်တစ်ရွက်ပေးလိုက်ပါတယ်။ ကလေးမလေး စားချင်ရာ စားပါကွယ်
နောက် ဒီဘဝမျိုးက လွတ်အောင်ကြိုးစားပါလို့ ပဲပြောမိပါတယ် ကလေးမလေးက ကျေးဇူးတင်ကြောင်း နုတ်က ပြောပြီး မျက်ရည်တွေဝဲလို့ ထွက်သွားတယ်။
ညီမလေးရေ ဘဝတွေ နွမ်းကြွေ သွားရတဲ့ သူတွေအတွက် အကို စိတ်မကောင်းပါဘူး ။ လက်ဖက်ရည် ဆိုင်က စာပွဲထိုးလေး တစ်ယောက် အော်ဟစ် ဆူပူခံရတာတွေ လမ်းဘေး ပလပ်စတစ်ကောက်တဲ့ ကလေး
အော်ငေါက်ခံ မောင်းထုတ်ခံရတာတွေ သူတို့ရှာနေကြတယ် ဆာနေကြတယ် ညီမလေး။ ကန်စွန်းရွက် သည်မလေးကို တန်ရာတန်ကြေးထက် ဈေး ပို ဆစ်ဝယ်တာတွေ အကိုတို့ ပတ်ဝန်းကျင်မှာ တွေ့ရရင်
ရင်နာမိပါတယ်။ နောက် ပိုက်ဆံ အစုတ်ကိုမှရွေးပြီး ကွမ်းယာ သည် နဲ့ ဆိုက်ကားသမားကိုပေးတာ ဒီလို စာနာမှုမရှိကြတာကို အံဩမိပါရဲ့ ။ အကိုကတော့ တောင်းစားတဲ့ သူကို ပေးရင်တောင် ပိုက်ဆံ အသစ်လေး
အကောင်းလေးကိုရွေးပေး တတ်မိတယ်ကွယ်။
ညီမလေးရေ ဘဝမနွမ်းဖို့အားထုတ်တဲ့ နေရာမှာ ဉာဏ် ဦးဆောင်ပါကွယ်။နောက် အားနည်သူတွေကို လည်း ဖေးကူပါလို့ အကိုပြောချင်ပါတယ်။ ဖြစ်တည်မှုလှပပြီး အိပ်မက်ဆိုးတွေ မခြောက်လှန့်နိုင်အောင်
တို့တွေ အားထုတ်လို့ အနာဂတ်လမ်းကို လျှောက်ကြပါစို့လို့ အကို ဆန္ဒပြု လိုက်ရပါတယ်။
59 comments
အတိသဉ္ဖာ နာဂရချစ်သူ
May 22, 2012 at 12:42 pm
“”” နောက် ပိုက်ဆံ အစုတ်ကိုမှရွေးပြီး ကွမ်းယာ သည် နဲ့ ဆိုက်ကားသမားကိုပေးတာ ဒီလို စာနာမှုမရှိကြတာကို အံဩမိပါရဲ့ ။
အကိုကတော့ တောင်းစားတဲ့ သူကို ပေးရင်တောင် ပိုက်ဆံ အသစ်လေးအကောင်းလေးကိုရွေးပေး တတ်မိတယ်ကွယ်။
ညီမလေးရေ ဘဝမနွမ်းဖို့အားထုတ်တဲ့ နေရာမှာ ဉာဏ် ဦးဆောင်ပါကွယ်။နောက် အားနည်သူတွေကို လည်း ဖေးကူပါလို့
အကိုပြောချင်ပါတယ်။ ဖြစ်တည်မှုလှပပြီး အိပ်မက်ဆိုးတွေ မခြောက်လှန့်နိုင်အောင်တို့တွေ အားထုတ်လို့ အနာဂတ်လမ်းကို
လျှောက်ကြပါစို့လို့ အကို ဆန္ဒပြု လိုက်ရပါတယ်။”””
—————————
ဆရာထက်ရေ ညီမလေးလဲ ဖတ်ပါစေ။ဖတ်တဲ့တိုင်းလေးလဲ သိပြီး လိုက်တာ ကျင့်ကြံနိုင်ပါစေလို ့ဆုတောင်းပေးလျှက် ကျနော်
သဘောကျတဲ ့ပိုင်းလေးကို ကူးပြီး မန် ့လိုက်ပါတယ်။
ထုံးဘဲဥ
May 22, 2012 at 12:44 pm
တစ်ကယ်ကောင်းမွန်တဲ့ ပို့စ်လေးပါ လက်မထောင်ပြီးအားပေးသွားပါတယ်
htet way
May 22, 2012 at 12:46 pm
ခုလို အားပေးတဲ့ ဆရာနှစ်ယောက်ကို လေးစားပါတယ်
ကျွန်တော်လည်း ကိုယ်တွေ့လေးတွေရေးလိုက်တာပါ။
အရင့်ရောင်
May 22, 2012 at 1:14 pm
၃၇၆ / ၅၁၁ က
ကိုထက် လက်တွေ့လားဗျ
ထင်ရဘူးနော်
ဟီးးးးးးးး
ချတာနော်
ချိတ်ချိုးနဲ့နော်
ချိတ်ချိုးရင်
ဟိုဟာဖစ်တက်တယ် ဆိုတော့က……
ချိုးနဲ့နော်
ဟိဟိ
အရင့်ရောင်
May 22, 2012 at 1:21 pm
ဖြစ်တည်မှုလှပပြီး အိပ်မက်ဆိုးတေ
ွ မခြောက်လှန့်နိုင်အောင်
တို့တွေ အားထုတ်လို့
အနာဂတ်လမ်းကို
လျှောက်ကြပါစို့ ……….လို့
အကို ဆန္ဒပြု လိုက်ရပါတယ်။
အရမ်းကောင်းပါတယ် ဆရာထက်
ဗဟုသုတ ပေါ့ နော်
လိုက်နာသင့်ပါတယ်
ပိုက်ဆံအစုပ်ကိုလည်း မပေးမိအောင်နေပါမယ်နော်
ဒါပေမယ့်
တစ်ချို့တစ်ချို့သော ကွမ်းယာ ဆိုင်တွေက ဟြေပေါက် အတော်ဆိုးတယ်ဗျ
အဲလိုဆိုင်မျိုးဆိုရင်တော့
မစုတ်တဲ့ ပိုက်ဆံတောင် ဖျဲ ပေးသင့်တယ်
ဟီးးးးးးးးးးးးး
တိုတွေ့ တွေကိုလည်း ပြန်မန့်တွားပါ၏
လက်မ နှစ်ချောင်းလုံး ထောင်သွားပါဒယ်…….
mocho
May 22, 2012 at 1:27 pm
ဆရာ ထက်ရေ
မိန်းကလေးတွေ စပွန်စာယူတာ၊ ကိပန်င် လုပ်တာ ၊ ကိုယ့်ကိုကိုယ် တန်ဖိုး မထားတာ ၊ တွေဟာ တချို့ ယောက်ျားတွေ ကြောင့် လို့ထင်တယ်။ ကျမ အပြစ်တင်တဲ့ ယောက်ျားတွေ က သူတို့ကို ငွေ နဲ့ ဖျက်စီးတဲ့ ယောက်ျားတွေ ကိုပြောတာမဟုတ်ဘူး။ သူတို့ကို တင့်တောင့်တင့် တယ် လက်ထပ် ယူကြတဲ့ ယောက်ျားတွေ ကို ပြောတာ။ ကျမ အဲလိုပြောတော့ နားရှုပ်သွားမယ် ထင်တယ်။ ပြန်ရှင်းပြပါ့မယ်။
အဲဒီ မိန်းကလေးတွေက ငွေနောက်လိုက် ၊ ပျက်စီးချင်သလို ပျက်စီးပြီး အချိန်တန်တော့လည်း ယူတဲ့လူက ယူတာပဲဆိုတော့ လက်ရှိကာလ မှာ လှလှ ပပ ဝတ်ရစားရ ပြီးရောဆိုပြီးကိုယ့်ကိုကိုယ် တန် ဖိုး မထား ပဲ ဖြစ်ချင်တိုင်း ဖြစ် ကြတာပဲ။ မင်းသမီးတွေ ကိုယ်တိုင် က ဥပမာလို ဖြစ်နေတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း အများကြီး တွေ့နေရတယ်။ စပွန်စာတွေနဲ့ရှုပ်ယှက်ခက်နေတဲ့ မိန်းကလေးတွေ အချိန် တန်တော့လည်း လင်ကောင်း သားကောင်း တွေရလို့။ တ ခြား မိန်းကလေးတွေ အတွက်က အတုယူစရာတွေ ဖြစ်လို့။ အဲဒီလို အချစ်ကို ကိုးကွယ်တာလား ၊ သူရဲကောင်း လုပ်ချင်တာလား မသိတဲ့ သူကောင့်သားတွေ ရှိနေ လို့မိန်းကလေးတွေ ပိုပြီး အရဲ ကိုးနေတာလို့ထင်တယ်။ ဒါက ကျမ အမြင်ပါ။
Ch@vez
May 22, 2012 at 1:36 pm
အဲ…
ငွေနဲ့ဖျက်ဆီးတော့လည်း လူယုတ်မာဂျီး ဖြစ်…
အချစ်ရဲ့ တရဲဂေါင်း လုပ်ပြန်တော့လည်း
ဟောဒီပုခုံး ရယ်. ..ဒီဘလားဘလားရယ် ဖြစ်…
ဘယ်ဟာမှ မသက်သာပါလား…
တော်ဘာဘီအေ…
ဖုန်းဂျီး ဝတ်တာဘဲ ကောင်းပါတယ်ဆို ဝတ်ပြန်တော့လည်း…
လူ့သမိုင်းပေးတာဝန် မကျေပြွန်ဘူး ဖြစ်ဦးမယ်…
အဲ့သတော့ သများတို့က ယောက်ျားပဲ ရှာယူကြရတော့မှာလား ဟင်င်င်င်င်
pan pan
May 22, 2012 at 11:04 pm
ကောင်းတယ်
ယောက်ျားပဲယူတော့
ခုတောင် သများ..သများဖြစ်နေဘီမလား
ကျင့်သားရအောင်လုပ်ထား
ယောက်ျားရရင် ဓါတ်ပုံရိုက်ပီး ရှာကျွေး
may flowers
May 22, 2012 at 1:33 pm
ညီမလေးတွေ လည်းရတဲ့လစာနဲ့လောက်ငှအောင်သုံးနိုင်ကြပါစေ သုံးတတ်ကြပါစေ၊ ရှိတာလေးနဲ့
လှအောင်ဝတ်နိုင်ကြပါစေ ဝတ်တတ်ကြပါစေ ဆုတောင်ရင်း….အားပေးသွားပါတယ် ဆရာထက်ရေ။
windtalker
May 22, 2012 at 1:41 pm
“အကိုကတော့ တောင်းစားတဲ့ သူကို ပေးရင်တောင် ပိုက်ဆံ အသစ်လေး
အကောင်းလေးကိုရွေးပေး တတ်မိတယ်ကွယ်။”
လေးစားပါတယ် ဆရာထက်ရေ ။
ပြန်ရယူလိုစိတ်အလျင်းကင်းမဲ့သော ကောင်းမှုတွေ ပေးဆပ်ခြင်းတွေ အများကြီး လုပ်ကြပါစို ့။
Ma Ei
May 22, 2012 at 1:43 pm
မိမိကိုယ်ကိုယ် တန်ဘိုးထားတတ်ကြပါစေ…လို့
ဆုတောင်းပေးရင်း ဆရာထက် Post လေးကို
အားပေးလိုက်ပါတယ်…
kyeemite
May 22, 2012 at 1:53 pm
အမှန်ပါဘဲ ဆြာထက်ဝေးရေ..ပါတ်ဝင်းကျင်မှာ အဲလိုဩချရလောက်အောင်
အံ့ဩစရာတွေတွေ့နေရပါရဲ့…
etone
May 22, 2012 at 5:01 pm
ဆရာထက်ရေ.. ဒီနေ့ တော့ အကြမ်းလောက်ပဲ ဖတ်သွားပါတယ် .. မနက်ဖြန်မှ .. ကော့မန် ့ပြန်ရေးပါဦးမယ်နော် ….။
Wow
May 22, 2012 at 5:22 pm
အင်း ဇတ်နာအောင်တော့ အတော်ရေးထားတာပဲ။ ဒါပေမဲ့ သူများကိစ္စကို အဲဒီလောက်(ဆရာ့စာမှာဖေါ်ပြသလောက်) အချိန်ပေးစဉ်းစား ဖြစ်ရဲ့လားလို့။ ကိုယ်ချင်းမစာလို့ မဟုတ်ပါဘူး။ ကိုယ်တိုင်လဲ အဲလိုဘွတွေကိုမြင်ရင် စိတ်မကောင်းပါဘူး ဒါပေမဲ့ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရသေးတော့ ၊ ကိုယ်တတ်နိုင်ရင်ကူညီလိုက်ပြီး၊ သိပ်အချိန်အကြာကြီးပေးပြီးတော့ မတွေးဖြစ်တာပါ။
ဟီး…ဟီး နဲနဲ အားနေလို့ သူများကို ကန့်လန့်တိုက်ကြည့်တာ…
ဒါပေမဲ့ အမှန်အတိုင်းပြောရရင် မခံစားတတ်ဘူးပဲဆိုဆို.. တအားဇတ်နာတဲ့ စာတွေဆိုမကြိုက်ဖူး…
စိတ်မဆိုးဂျေးနော်…
😛
ဦးဦးပါလေရာ
May 22, 2012 at 5:43 pm
ဆရာထက်ရေ-
ကျုပ်ရေးမယ့်ကွန်မင့်က ခင်ဗျားပိုစ့်နဲ့ ဦးတည်ချက်လွဲနေမလားပဲ…..။
အိ်မ်ဖေါ်က စ ပြောရရင်
ကျုပ်ကတော့ မြန်မာပြည်တွင်းက အိမ်ဖေါ်တွေကို တော်တော့ကို စိတ်ကုန်နေတာကြာပါပြီ..။
နိုင်ငံခြားသားကို အလွယ်တကူ အလုပ်ခန့်ခွင့်ရှိတဲ့နေ့ မြန်မြန်ရောက်ပါစေလို့ပဲ ဆုတောင်းမိတယ်။
အဲဒါဆို တရုတ်ကဖြစ်ဖြစ်/ အိန္ဒိယကဖြစ်ဖြစ်/ အင်ဒိုကဖြစ်ဖြစ် အိမ်ဖေါ်ခေါ်သုံးချင်တယ်။
သူများနိုင်ငံက ပေးသလောက်ထက်မနည်းပဲ ပေးပြီးတော့ပေါ့…….
ကျုပ်ပြောတော့ ရီစရာလိုလို- ဒါပေမယ့် အဲလို ခံစားချက်ရှိနေသူတွေအများကြီး…။
အိမ်ဖေါ်တွေအကြောင်း အများကြီးပြောနိုင်ပါတယ်..။
အခု တယောက် အကြောင်းပြောပြဦးမယ်..။
ရန်ကုန်ကိုခေါ်လာတော့ ဘာမှမလုပ်တတ်၊ မလုပ်ဖူးဘူး တဲ့ ..။
ထားတော့… သင်ပေးတော့လဲ တခုမှ (တခုမှ) တတ်အောင်သင်လို့မရဘူး
မတတ်ချင်ယောင်ဆောင်တယ်..။
ဘယ်လိုနေထိုင်ရမယ်လို့ပြောတာကို လုံးဝမနာခံဘူး..။
ထင်သလိုနေတယ်…။
အဆိုးဆုံးက သူ့ကိုစကားပြောရင် ကြားသလားမကြားသလားတောင် ဝေခွဲရခက်တယ်..။
နားလဲမထောင်ဘူး မော့လဲမကြည့်ဘူး ခေါင်းမညိတ် ခေါင်းမခါဘူး ဘာမှမတုန့်ပြန်ဘူး…။
လနဲနဲကြာတော့ ပြန်ချင်တယ်ဆိုလို့ ပြန်ပို့လိုက်တယ်..။
သူ့ရွာရောက်ပြီး တပတ်လောက်မှာ မာဆတ်တခုကို အဆက်အသွယ်ရှာပြီးလိုက်သွားတယ်။
နှစ်လအကြာမှာ ရွာပြန်လည်တော့ လုံးဝကိုမမှတ်မိစရာ
အရမ်းကို သွက်လက်၊ အရမ်းကို ပြုံးရွှင်၊ အရမ်းကို တက်ကြွနေတာ…
ခြောက်လအကြာမှာ သူ့ရွာကအိမ်ကို တိုက်ခံဆောက်ပစ်တယ်။
တနှစ်အကြာမှာ သူ့ကိုအားကျလို့ရယ် မကြာမကြာရွာပြန်ပြီး ဆွယ်တရားဟောလို့ရယ်ကြောင့်
အဲဒီရွာသူဆယ်ယောက်လောက် သူ့ကိုအကြောင်းပြုပြီး ဖါ ဖြစ်သွားတယ်။
အဲဒါကတော့ အိမ်ဖေါ်တယောက်အကြောင်းပါ..။
လိုအပ်ရင် ငါးဆယ် သို့မဟုတ် တစ်ရာ အကြောင်းလဲ ပြောပြနိုင်ပါတယ်…။
ဦးဦးပါလေရာ
May 22, 2012 at 5:54 pm
ဆရာထက်ရေ-
ရန်ကုန်ကို ခြေချမယ့် မိန်းမပျိုလေးတွေအတွက်က စိတ်မအေးစရာပါ..။
လောလောဆယ် ကျုပ်လဲ နယ်ကတူမတယောက်ကို ခေါ်ထားပြီး အကူသူနာပြုသင်တန်းတက်ခိုင်းထားမိပြီး၊ ကိုယ့်အတတ်နဲ့ကိုယ်စူးပြီး ခေါင်းစားနေတယ်။
အဲဒါလေး တနေ့ သင်တန်းတွေ ပြီးဆုံး အလုပ်လုပ်နိုင်သွားလို့ အဆောင်မှာနေရင်
လူစုံစုံ အပေါင်းအသင်းစုံစုံနဲ့တွေ့ပြီးနောက်ပိုင်း
တသက်လုံး ကောင်းကောင်းမွန်မွန်မှ လုပ်စားပါ့မလားဆိုတာ စိတ်မအေးဘူး..။
ဒီခေတ်မိန်းကလေးတချို့(တချို့ကိုပဲပြောတာ)ဟာ
ပျင်းတယ်၊ ဝိရိယနဲတယ်၊ အပင်ပန်းခံအလုပ်လုပ်စားဘို့စိတ်မပါဘူး
အရှက်အကြောက်လဲနဲတယ် ၊ ကိုယ့်ဘဝကိုတန်ဘိုးထားမှု့လဲနဲတယ်။
အလွယ်လိုက်ချင်တယ်၊ အချောင်ရချင်တယ်၊
အဲဒီတော့ သူတို့နဲ့ တန်တဲ့အတန်းကို ရောက်သွားတယ်..။
ခက်တာက သူတို့ကိုအားကျလို့ သူတို့ဆွယ်တာမခံနိုင်လို့
သူတို့ထောင်ပေးတဲ့ ထောင်ခြောက်ထဲမိသွားလို့
အမျိုးကောင်းသမီးလေးတွေပါ အများအပြား ပျက်စီးကုန်တယ်။
ဒီလိုတွက်ရင် နယ်မှာပဲ မိဘမျက်စေ့အောက်မှာနေတာကမှ တော်ဦးမယ်…။
htet way
May 22, 2012 at 6:04 pm
ဆရာ ဦးဦး ခင်ဗျာ
အိမ်ဖေါ် အကြောင်း ပြောပြတာ ကျေးဇူးပါ။ အိမ်ဖေါ်တွေရိုင်းတာ လုပ်စားတာ
ခံမပြော နားမထောင်တာ ကျွန်တော် အသိအိမ်တွေက နေတဆင့် သိရှိခဲ့ရပါတယ်။
စောစောက ကောင်မလေး မျိုးတွေ မျိုး နယ်ကလူတွေ မဖြစ်ရအောင် ကျွန်တော်တို့
ဉာဏ်ရည် မြင့် အောင်ဆောင်ရွက်သလို အစိုးရကလည်း ဆောင်ရွက် ရပါမယ်။
ဒီလို ကျယ်ကျယ် ပြန့်ပြန့်ပြောပြတဲ့ ဆရာ့ကို လေးစားမိပါတယ်။
htet way
May 22, 2012 at 6:21 pm
ဆရာမောင်သာချိုက လပွတ္တာ မြို့ကို သွားတော့ တောင်းရမ်း စားသောက်နေတဲ့
အဘွားအို တစ်ယောက်ကို သတိတရ မေး ခဲ့ပါတယ်။
Wowရေ.. အကိုက ဇာတ်နာအောင်ရေးထားတာ မဟုတ်ပါဘူးကွယ်
အစစ်တရားတွေကိုရေးတာပါ မင်းလေးက ဘဝညခင်း ညခားနေလို့သာ နိမ့်ကျနေတဲ့ ဘဝတွေကို
မကြည့်မိတာလို့ အကိုပြောပါရစေ။
ညီမလေး ဖတ်ဖို့ မှာ တကယ့် အစစ်တရားတွေကို အကို ခြယ်မှုန်းခဲ့တာပါ
နောက် အချိန်ပေး စဉ်းစားရဲ့ လားဆိုတော့ …. အကိုရင်ထဲမှာ ရှိနေတာပါ
ဘယ်နေရာပဲရောက်ရောက် စာနာမှုနဲ့ ကြည့်ဖြစ်ခဲ့ပါတယ်။
စိတ်မဆိုးပါဘူး ကွယ်….. ကိုယ့်စာကို အားပေးတာ ဝေဖန်တာ သဘောကျပါတယ်
ဝေဖန်မှ အမှန်ရောက်မယ်လေ ။ ဆရာမလေး ရွှင်လန်းပါစေ
Wow
May 23, 2012 at 10:43 am
ဆရာထက်ဝေးရေ မကြည့်မိတာမဟုတ်ပါဘူး။ လူဆိုတာ အလွာစုံရှိတတ်ပါတယ်။ မြတ်စွာဘုရား လက်ထက်ကတောင် သီရိမာလို ပြည့်တန်ဆာမတွေ ရှိခဲ့သေးတာပဲ။ ရသစာပေအနေနဲ့ ဆရာ့စာက ဖတ်လို့ကောင်းပါတယ်။ ဒါပေမဲ့ ကျမ ဆိုလိုတာက ဆရာ့စာမှာ….
————————–
” ညီမလေးရေ အကို ဆူးလေနားမှာ မိတ်ဆွေတစ်ယောက်ကို လာစောင့်ရင်း ကလေးမလေးတစ်ယောက်က မဝံ့မရဲ လာပြောပါတယ်။ ကျမကိုခေါ်ပါတဲ့ ။ အကို ဒေါသ ထွက်မိတယ် ညီမလေး နောက်
သတိပြန် ကပ်ပြီး သူမကို မေးမိတယ် မင်း က ငါ့ကို အပျော်ရှာတတ်တဲ့ လူလို့ ထင်နေတာလား ငါ့ပုံစံက ဒီပုံမျိုးပေါက်နေလား မေးမိပါတယ်။ အကိုရှက် လည်း ရှက် မိတယ် ညီမလေးရယ် ။ အကိုရဲ့ ဘဝအရွယ်
ရောက်ကတည်းက သက်မွေး ဝမ်းကြောင်းမှု ဟာ ကျူရှင်ဆရာ ဆေးဆရာ ဘဝလေ။ ဒီတော့ အကိုက စားတာနေတာ ထိုင်တာကစ သတိရှိနေရပါတယ်။ ဒါလည်း ကိုယ်ရည်သွေးပြောနေတာ မဟုတ်ပါဘူး
ဒီမှာပဲ ကလေးမလေးက ဒီ သဘော မဟုတ်ပါဘူး မနက်စာရော ညစာပါ မစားရသေးလို့ပါ အချိန်က ည၉နာရီကျော်နေပါပြီ။ အကိုငွေ ၅၀၀ဝတန်တစ်ရွက်ပေးလိုက်ပါတယ်။ ကလေးမလေး စားချင်ရာ စားပါကွယ်
နောက် ဒီဘဝမျိုးက လွတ်အောင်ကြိုးစားပါလို့ ပဲပြောမိပါတယ် ကလေးမလေးက ကျေးဇူးတင်ကြောင်း နုတ်က ပြောပြီး မျက်ရည်တွေဝဲလို့ ထွက်သွားတယ်။ ”
—————————-
ဖတ်လို့ကောင်းအောင်၊ ဇတ်နာအောင်ရေးထားတာလားလို့ပါ။ အပြင်မှာ အဲလိုလုပ်စားတဲ့ကောင်မလေးတွေ၊ စပွန်စာမမတွေအပါအဝင် တွေ့ရသလောက်က အတော် အကြောတင်းပါတယ်။ ငါ့ကိုသာလာပြောနေတာ နင်တို့က ငါ့လောက်သုံးနိုင်လား၊ နေနိုင်လား ဆိုတဲ့ အချိုးတွေပါ။
ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တာကိုယ်လုပ်ပါပဲ။ လူဆိုတာ ကိုယ့်ဘဝကိုယ် ရွေးချယ်၊ ကိုယ်စိုက်တဲ့ အပင်ရဲ့ အသီး ကိုယ်စားရမှာပါ။
ဒါနဲ့ ဆရာပြောတဲ့…. “မင်းလေးက ဘဝညခင်း ညခားနေလို့သာ” ချိုဒါ ဘာလဲဟင်င်င်…..
လေးစားလျှက်
Wow
htet way
May 22, 2012 at 6:33 pm
ဆရာမလေး mocho
မိန်းကလေး အတော်များများက အချစ်ဆိုတာ ကို သေချာ နားမလည် သလို
ဘဝ အကြောင်း လည်း သူတို့ မသိကြပါဘူး။ ကဲကြ လှချင်ကြ နောက် လူပျင်းတွေနဲ့ ညားကြ
အများစုပါ။
သေချာတာ ကတောမှန်ကန်ရဲရင့်သူတွေကတော့အရှက် တရားမရှိသူတွေအပေါ် အချစ်သူရဲကောင်း လုပ်မှာ မဟုတ်ပါဘူး။ရိုးသားရဲရင့်တဲ့ မှန်ကန်မှု သစ္စာတရားကို အသက်နဲ့ ထပ်တူ မြတ်နိုးမယ့်
သူရဲကောင်းတွေ လုပ်ချင်မှာပါ ။
ဆရာမလေး ထောက်ပြတာ အနုပညာရှင် အသိုင်း အဝိုင်း မှာ များပါတယ်။ ဒီလို ထောက်ပြတာ
ကိုလေးစားမိပါတယ်။
ဆရာမလေး မေဖလားဝါး ၊ ဆရာ ကျီးမိုက် ဆရာwindtalkerဆရာမ Ma Ei ဆရာ အရင့်ရောင်
ဆရာဂီဆရာမ etoneတို့ကို အထူး ကျေးဇူး တင်ပါကြောင်း …..။
ညလေး
May 22, 2012 at 10:45 pm
ကလေးမလေးက ဒီ သဘော မဟုတ်ပါဘူး မနက်စာရော ညစာပါ မစားရသေးလို့ပါ အချိန်က ည၉နာရီကျော်နေပါပြီ။………..
ဪသွားချင်ဦး………
လှချင်ဦး……
ဝတ်ချင်ဦး…….(ကောင်မလေးတွေ)
အားပေးသွားပါတယ် ဆရာထက်ဝေ……
အရမ်းကောင်းမွန်ပြည့်စုံတဲ.ပိုစ့်လေးကိုဖတ်လိုက်ရလို.ကျေးဇူးတင်ရင်း…..
etone
May 23, 2012 at 11:04 am
ဆရာထက်က မနက်စာစားတယ် ၊ ညစားစားတယ်ဆိုတာ … သာမန်အတိုင်းပဲ ..ရိုးရိုးလေးတွေးလိုက်တာကိုး … ဟီးဟီး … 😀
flamingo
May 23, 2012 at 7:24 pm
ဒေါ်အိတုံဆိုလိုတာကိုကျွန်တော်သိနေတယ်နော်…ဟဲဟဲ
ကိုပေါက်(မန္တလေး)
May 22, 2012 at 11:07 pm
(သူနာမည်က ဇာခြည် လင်းလဲ့ ။ရန်ကုန်မှာ ဆေးဝါး ကျွမ်းကျင် သင်တန်း သွားတက်တယ် နောက်တော့ ဆေး ခန်းတစ်ခုမှာ သူနာပြု အကူ ရတယ် တစ်လ ငါးသောင်း လောက် လစာရတယ်လေ။
အဆောင်မှာ နေကြ ချက်ပြုတ် စားကြနဲ့ ညီမလေးရယ် ငွေ ငါးသောင်းဆိုတာ ဘာသုံးလို့ရနိုင်မှာလဲ။ နောက်တော့ အဆောင်က သူငယ်ချင်းမတစ်ယောက်ဆီမှာ ပိုက်ဆံချေးသုံး မိန်းကလေးဆိုတော့ လှချင်ရှာတယ်လေ
အဝတ်တွ အဆန်းအပြားတွေ ဝတ်ချင်ရှာတယ်။ဟို အမျိုး သမီးကလည်း လိုသလောက်ပိုက်ဆံ ထုတ်ချေးတာပဲကွယ် နောက်ဆုံး ငွေ ဆယ်သိန်းလောက်ရှိတော့ အတင်းတောင်းတော့တာပဲ ။ ညည်း ငါ့ လို နေချင်ရင်
ငါအလုပ် လုပ်ပါလား ဆိုပြီး မက်လုံးပေး စည်းရုံးတာပေါ့ ။ သူက ဘာလုပ်လည်း ဆိုတော့ အနိပ်ခန်းတွေမှာ လုပ်တာပါ)
ိကိုထက်ဝေး ရေ ဒီထဲကပါတဲ့မိန်းကလေးမျိုးက ငွေဆယ်သိန်းထိရောက်အောင် သူများဆီကချေးငှားသုံးတဲ့အထိအလှမက်လို့ ဘဝပျက်တာကတော့ သနားစရာမရှိပါ။
ကျနော်လုပ်ငန်းခွင်မှာနယ်ကလာ အခြေခံလစာခြောက်သောင်းလောက်နဲ့ အလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ကလေးမလေးတွေ ရိုးသားစွာ ဘဝကိုရုန်းကန်နေသူတွေရှိပါတယ်။
ဒီတစ်ယောက်ကတော့ အသိဉာဏ်နည်းလို့ဖြစ်သွားတာ စိတ်ဓါတ်မခို်င်မာလို့ဖြစ်သွားတာနေမှာပါ။
ကျန်တဲ့သူများအတွက်ကတော့ ကိုယ်ချင်းစာမိပါ၏။
သူတို့လေးတွေဘဝမြင့်အောင် ဝိုင်းဝန်းစဉ်းစားကူညီသင့်ပါ၏။
လောကမှာအနိမ့်ဆုံးလိုအပ်ချက်ကတော့ လူတိုင်းကိုယ်ချင်းစာတရားရင်ထဲမှာ ကိန်းအောင်းနေဘို့ပါဘဲ။
pan pan
May 22, 2012 at 11:44 pm
နွမ်းကြေနေတာတောင် သဘောကျလို့လားမသိ
ပျော်နေတဲ့လူတွေတောင် တွေ့မိတယ်
အိမ်နားက တစ်ယောက်ကတော့ အသက်ပါပေးလိုက်ရတယ်
မတန်လိုက်ပုံများ
လူလေးကလည်း လှလှပပလေး
အရွယ်ကောင်းလေးကို
Shwe Tike Soe
May 23, 2012 at 9:01 am
ကောင်းလိုက်တဲ့ ပို.စ်လေးပါပဲ ကိုထက်ဝေးရယ်…. အားပေးသွားပါတယ်….
ဒီလို ဘဝ တွေ ဖြစ်လာအောင် ဘယ်သူတွေ ဘာတွေက တွန်းအားပေးနေတာလဲ ဆိုတာ မစဉ်းစားတတ်အောင်ပဲ… အခု ပိုက်ဆံအရဆုံး အလုပ်ဆိုရင် မိန်းကလေးတွေက ဒါပဲ စဉ်းစားကြတော့တာပါပဲဗျာ.. စိတ်မကောင်းစရာပါ..
အထည်ချုပ်မှာ လုပ်ရင်လဲ လစာ မဖြစ်စလောက်လေးနဲ. စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဘဝ တွေဖြစ်နေတော့လဲ… အင်းးးးးးးးးး
ဒါမျိုးတွေ တွေ.ရမြင်ရကြားရ ဖတ်ရတော့ ကိုယ့်ကိုကိုယ့် ငါဘာကောင်မှမဟုတ်သေးပါလားဆိုတာ သိလိုက်ရပါတယ်…. ဘာမှလုပ်မပေးနိုင်ပဲ ဒီအတိုင်းကြည့်နေရလို.လေ………………….
amatmin
May 23, 2012 at 9:40 am
ဆရာထက်ရေ..
လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေခံကျကျ အကြောင်းအရာ တွေမို့..
လက်မထောင် အားပေးသွားပါတယ်ဗျ…
ပြောရရင်တော့ ကျနော့မိဘတွေနယ်ဘက်က မိန်းကလေးငယ် တချို့လည်း..
ရန်ကုန်မြေကိုလာပြီး အထည်ချုပ်.အအေးခန်းစက်ရုံ.တွေမှာ.ခြောက်သောင်းပတ်ဝန်းကျင်လစာနဲ့..
ရပ်တည်နေကြပါတယ်..ပျက်တဲ့သူလည်း ပျက်ကုန်တာပေါ့ဗျာ..
ဘယ်သူမပြုမိမိမှု ဆိုပေမဲ့.အခြေခံစားဝတ်နေရေးတောင် မပြည့်စုံနိုင်မှတော့လည်း.
ဒီလိုဘဝတွေ ရောက်ကြရတာ မဆန်းပါဘူး..ဘာကြောင့်ဖြစ်တယ် ဆိုတာလည်းသိပြီးသားတွေမို့.
ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာတာနဲ့ တချိန်တည်းပူလောင်နေတဲ့ ဘဝတွေ
အေးချမ်းလာနိုင်ဖို့.မျှော်လင့်ရတာပဲ..
ကွမ်းယာသည်.ဆိုက်ကားသမားအပါအဝင် လူတိုင်းကိုယ်စီအပေါ်စာနာမှုထားခဲ့ရင်..
တူသောအကျိုးကောင်းကို ရမယ်လို့လည်း ယုံကြည်ရင်း..
လူတိုင်းအိမ်မက်တွေ လှကြပါစေလို့ ဆန္ဒပြုပါတယ်ဗျ..
ကြောင်ကြီး
May 23, 2012 at 9:46 am
ခက်တယ်ဗျာ…မိန်းမဒွေဂလည်း မိန်းမဒွေဘဲ လိမ်မာဂျဘူး… (ရေဗူရဂိုပေါဒါ..ရွာထဲဂဟာဒွေပါဗူး)။ စိတ်ဓာတ်မခိုင်၊ အလွယ်လိုက်လို့ ဖြစ်ကုန်ဒါ တွေ့ဘာများဒေါ့ စိတ်ပျက်လာဒယ်။ ဖြစ်သွားဒဲ့ဘဝဒွေဂို ကဲ့ရဲဖို့ မသင့်ဘာဘူး၊ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်ဘာ၊ ကိုယ်လည်းတချိန်မဖြစ်လို့ မပြောနိုင်..ကံဆိုဒါရှိသေးဒယ်။ သို့သော် ဘောကြီးပေးပြီး တန်းတူထားပေးဗျန်ဒေါ့လည်း ရိုးသားစွာရုန်းကန်နေဒဲ့ သမီးလေးတွေဂို အသိအမှတ် မပြုရာရောက်တယ်။ အမြီးကျက်အမြီးစား မောင်ဂီလိုကောင်မျိုးဒွေ လောကမှာ အများသားလား..။ 🙄
ပြောလိုက်အုံးမယ် မိုးဇက်ဂလေးသာ အတော်ဇုံး…။ 😉
ပုရှ်ဂလေး စိတ်မဆိုးနဲ့နော်..လိမ္မာသားနဲ့…။
water-melon
May 23, 2012 at 9:56 am
ဆရာထက်ဝေးရေ
ဘယ်လိုပြောရမလဲ
ကျွန်တော် ရင်နာနာနဲ့ဖတ်သွားပါတယ်
မရှိဆင်းရဲသားဆို နှိမ်ချင်တဲ့လူတွေ
နှမချင်းအမချင်း ကိုယ်ချင်းမစာနာတဲ့လူတွေရှိနေလို့ မြန်မာအမျိုးသမီးတွေပန်းကောင်း အညွှန့်ကျိုးနေတာ
htet way
May 23, 2012 at 11:06 am
ဆရာကိုပေါက်(မန္တလေး)
ိကိုထက်ဝေး ရေ ဒီထဲကပါတဲ့မိန်းကလေးမျိုးက ငွေဆယ်သိန်းထိရောက်အောင် သူများဆီကချေးငှားသုံးတဲ့အထိအလှမက်လို့ ဘဝပျက်တာကတော့ သနားစရာမရှိပါ။
ဆရာ ကိုပေါက် ခင်ဗျား
ဒီကလေးမလေးက တစ်ကို ၅ သောင်း၊ ရပြီး လို လို့ ယူသုံး မလောက် ငှတော့ သုံးရင်းစွဲရင်းနဲ့
ကြွေး တက်လာတာ များတာပါ။ ကျွန်တော်ရဲ့ အရေး အသား ညံ့ ဖျင်းမှုသာ ဖြစ်ပါတယ်။
ကလေးမလေးရဲ့ စိတ်ဓါတ် ကြံ့ ခိုင်မှု အားနည်းတာလည်းပါ တယ် ဆိုတာ လက်ခံပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။
ဗိုက်ကလေး
May 23, 2012 at 11:18 am
ညီမလေးရေ
ဘယ်လိုပဲဖစ်ဖစ် ဗေးကလိုက်လို ကောင်တွေကိုရှောင်နော်..
ပြီးဒေါ့..
ဆရာထက်ရေ..
ညီလေးဖတ်ဖို ့ဆိုပြီးရေးဘာဦး..
တားတားဒို ့က အငုံးလေးတွေ..ဘားဆိုဘားမှ တိဘူးရယ်..မတော် အညွန် ့ချိုးခံရမှ ဒူးနဲ ့ မျက်ရည် သုတ်နေရဦးမယ်..
ရေးပေးနော်..အူးလေး..
မျက်နှာမလိုက်နဲ ့
ညှင်း..ညှင်း..
ahnyartamar
May 23, 2012 at 11:25 am
စားဝတ်နေရေးကို လူလုံးလှအောင် ကြိုးစား လုံးပန်းရင်းနဲ့ စနစ်ဆိုးတွေရဲ့အောက်မှာ ရုန်းကန်ရင်း မြန်မာအမျိုးသမီးတွေ မြင်းကောင်းခွာလိပ် ဖြစ်နေရတာလို့ထင်ပါတယ် ဆရာထက်ရေ……
htet way
May 23, 2012 at 11:26 am
ဆရာ မလေးWowရေ
ဘဝခြင်း ခြားနားနေလို့
“မင်းလေးက ဘဝညခင်း ညခားနေလို့သာ”
အကို့ရဲ့ စာရိုက် တာ အားနည်း ချက်ပါ။
နောက်တစ်ခုက ဆူးလေ ပန်းဆိုးတန်းတွေမှာ ညီမ ပြောတဲ့ အကြောတင်းတာတွေ မဟုတ်ပဘဲ
လမ်းပေါ်မှာ နေရာမရှိလို့ ဖြစ်သလို လုပ်စားတာတွေ ရှိနေတတ်တယ် လို့ အကို စာတွေမှာ
ဖတ်ရပါတယ်။ အကို တွေ့တာက နေရာ မရှိ စပွန်စာမရှိတဲ့ ကောင်မလေး ဖြစ်နေမယ် ထင်ပါတယ်။
ခုလို မေးတာ ကျေးဇူးတင်ပါတယ်။
etone
May 23, 2012 at 11:56 am
ဆရာထက်ရေ .. မိုးရေထဲ ဖျားမှာ နာမှာ မကြောက်ပဲ …ဝမ်းစာဖြည့်ဖို့ အမှိုက်ကောက်နေရတဲ့ ကလေးတွေကို တွေ့ခဲ့ဖူးပါတယ် ။ လူတွေမိုးအေးအေးမှာ ကွေးလို့ကောင်းချိန် ၊ အရိပ်အမြုံမှာ ခိုလှုံပြီး ဘေးကင်းစွာရှိနေချိန် သူတို့ခမျာ မျော့မကြောက် မြွေမကြောက်နဲ့ …ခြုံတိုးရှာကြရတယ် ။ ကျွန်မကတော့ ဗုဒ္ဓဘာသာမို့ ကံကံဧ။် အကျိုးလို့ပဲ လက်ခံထားပါတယ် .. သန္ဓေတည်စဉ်ကတည်းကိုက ကိုယ့်ဝမ်းကိုယ်ရှာစားဖို့ ကံကြမ္မာပါလာခဲ့တယ်လို့ပဲတွေးမိတယ် ။ ကလေးတွေ သနားစရာကောင်းလောက်အောင် အလုပ်လုပ်ရတာမြင်လို့ စိတ်မကောင်းဖြစ်မိပေမယ့် ….. ရလျှင် ရသလို ခိုးမယ် ဆိုတဲ့ ကလေးတွေလည်း ရှိလို့ …ဒင်းတို့ကိုတော့ စေတနာပျက်မိပါတယ် ။ မသုံးတော့တဲ့ အဝတ်ဟောင်းလေးတွေ ပေးဝတ်တာမျိုး ၊ သောက်ပြီးသား ရေသန့်ဗူးတွေပြန်ပေးတာမျိုးထက်ပိုပြီးတော့ .. မကူညီဖြစ်သေးဘူး ။
ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်တဲ့ ဖြစ်ရပ်မျိုး ၊ ကြုံရတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ကို … လူသားချင်းမို့ စာနာကိုယ်ချင်းစာစိတ်ဖြစ်မိပါတယ် ဆရာထက်ရေ … ။ ကိုယ့် စေတနာ ကိုယ်အကျိုးပေးပါလိမ့်မယ်လို ့ပဲပြောပြီး အားပေးချင်ပါတယ် ။
နယ်က မိဘတွေကိုတော့ လူကြားကောင်းအောင် အလုပ်တစ်ခုဗန်းပြပြီး .. ရန်ကုန်ရောက်တော့ အဆင်ပြေသလို နေထိုင်ရတဲ့ ဘဝတွေတွေလည်း ရှိတယ် ။ ဘဝရပ်တည်ရေးအတွက် ငွေရှာတာခြင်း အတူတူ … ဒီအလုပ်က ပိုက်ဆံပိုလွယ်တာကိုး ။ တစ်ချို့လည်း ပျော်ပြီး ဒီဘဝမှာပဲ လုပ်စားနေကြတဲ့ လူရှိသလို … လုံလောက်တဲ့ အရင်းနှီးရတဲ့အခါ … ရွာပြန် တပိုင်တနိုင်လုပ်ငန်းလေးပြန်လုပ်ကြတဲ့ လူတွေလည်း ရှိပါတယ် … ။
ဇာခြည်လင်းလဲ့လို အမျိုးသမီးမျိုးအတွက်ကတော့ …ဖြစ်ချင်တာထက် ၊ ဖြစ်သင့်တာကို ဦးစားပေးတွေးရမယ်ထင်တယ် … ။ ကျောင်းလာမတတ်ခင်ကတည်းကိုက … ကိုယ့်အတိုင်းနဲ့ကိုယ့်အထွာကို ကြိုသိရမှာပါ … ။ မိဘရဲ ့ ပံ့ပိုးမှုမပါပဲ ..တကိုယ်တည်းစွန့်ခွာရပ်တည်ဖို့ ကြိုးစားတဲ့ မိန်းကလေးတစ်ချို့ .. ဒီလို နည်းတွေ လိုက်ကုန်ကြပါတယ် … ။ ကြိုတင်ကြံစည်ပြင်ဆင်ထားခြင်းမရှိလို့ပါပဲ … ။ ငွေချေးငှားတတ်သူ တစ်ချို့က … အကြွေးယူခြင်းကို … သာမန်ကာလျှံကောက်လောက်ပဲ သဘောထားတာ တွေ့ခဲ့ဖူးတယ် … လက်တစ်လောအခြေနေကိုပဲ တွေးပြီး ..ရေရှည်မတွေးခဲ့လို့ အကြွေးလည်ပင်းတစ်ရတာလေ … ။ လျှာပေါ်မြက်ပေါက်ပါစေ ကောင်းရောင်းကောင်းဝယ်လုပ်ပြီး ရှာစားမယ်ဆိုတဲ့ .. မိန်းမများအတွက်လည်း နေရာတွေရှိနေတာကြောင့် … သူ ့ဘဝသူ ကွန်ထရိုးမလုပ်နိုင်လို့ ဒီလမ်းလိုက်ရတယ်လို့ ထင်ပါတယ် …။
ဆရာထက်ရေ .. အိမ်ဖော်တွေ .. အဲ့လိုကလိမ်ကျတာ ခံလိုက်ရတာ နာတာမရှိဘူး … ။ အရင်က အိမ်မှာ အဒေါ်တွေက ဝန်ထမ်းမို့ ကလေးဘုစုကရုလေးတွေထိန်းဖို့ …အိမ်ဖော်တပြိုင်နက် နှစ်ယောက်နဲ့ .. အလီလီပြောင်းခဲ့ဖူးတယ် .. များသောအားဖြင့် ခိုးတတ်တဲ့အကျင့် ၊ ဖုန်းခိုးဆက်တဲ့အကျင့် ၊ လမ်းသလားချင်တဲ့အကျင့်တွေရှိတာကြောင့် … အိမ်ဖော်မမြဲခဲ့ဘူး ။ အခုလို နှစ်ရက်နဲ့ ပြန်သွားမယ့် အိမ်ဖော်တော့မတွေ့ဖူးဘူး … အိမ်ဖော်တွေပြောင်းခဲ့ရပေါင်းများလို့ ….နောကျေသွားတာက … စာချုပ်လုပ်တာပါပဲ .. အိမ်မှာမို့ တရားမဝင်ဘူးဆိုတာ သိပေမယ့် .. အဟန့်တားဖြစ်အောင် လုပ်ထားတာပါ … ဒါ့ပြင် ပထမသုံးလစာ အရင်ပေးပြီး ကျန်သုံးလစာကို ခြောက်လစလုံး အလုပ်လုပ်ပြီးမှ ပေးမယ်လို့ … ကြိုပြောထားပါတယ် ။ စရောက်တဲ့ နေ့ကတည်းက ကြိုက်လျှင် လုပ်မကြိုက်လျှင် မလုပ်နဲ့ တခါတည်းပွဲစားနဲ ့ပြန်လို့လည်း ပြောထားတယ် … ။ အိမ်ဖော်ဆိုပေမယ့် အိမ်အလုပ်ကလည်း မလုပ်တတ် ၊ လုပ်တာလည်း စိတ်တိုင်းမကျတော့ကိုယ်တိုင် ပင်ပန်းခဲ့ရတယ် … ကလေးထိန်းဖို့လောက်သာ … ငှားခဲ့ရပြီး ၊ အိမ်သားတွေ စားသလို တန်းတူကျွေး ၊ အဝတ်ဆင်တဲ့အပြင် သွားသမျှ ခေါ်ခဲ့တယ် … ညီမတစ်ယောက်က … ဘန်ကောက်ဆေးရုံမှာ ခဏတာဝန်ကျတော့ … အိမ်ဖော်ကိုတောင် ဘန်ကောက်ခေါ်သွားခဲ့ရတဲ့ အထိပါပဲ … ။ အိမ်ဖော်ကို အပိုင်ကြံတဲ့ အိမ်ရှင်တွေကိုတော့ .. လုံးဝကန့်ကွက်ရွံ ရှာ မိပါတယ် ။ ပြောရလျှင် ကိုယ့်လက်အောက်ငယ်သားကို …စည်းမခြားပဲ တဏှာထတာလောက် မုန်းစရာမရှိဘူး ။
ဆူးလေနားမှာ တန်ဖိုးနိမ့် ကြက်တွေကို .. ခဏခဏ မြင်နေရပါတယ် ။ စပွန်ဆာရလောက်အောင် ဥပဓိရုပ်ခံလည်း မရှိတဲ့အပြင် တကိုယ်ရည်သန့် ရှင်းမှု အားလည်း နည်းတာကြောင့် မျက်နှာ မမြင်ရခင်ကတည်းက အောက်သိုးသိုး ချွေးနံ ့က အရင်ရနေတတ်တာမျိုးပါ … အခြေခံလူတန်းစားအမျိုးသားတချို့ စားသုံးတဲ့ ကြက်အမျိုးစားပေါ့ …. သနားအောင်ပြောတတ်တာကတော့ .. သူတို့ရဲ့ မွေးရာပါ ပါရမီများလားလို့တောင် ထင်မိပါတယ် .. ။ ကိုယ်က တတ်နိုင်သလောက် ကူညီခဲ့တဲ့ ဆရာထက်စေတနာကို လေးစားပါတယ် ။ ဒါပေမယ့် … အဲ့ဒီမိန်းကလေးတွေ ငါးထောင်ရပြီးလို့ ပြန်သွားမှာမဟုတ်ဘူး ..နောက်တစ်ယောက်နားကို ချဉ်းကပ်ဦးမှာပါပဲ … ။ ပြီးခဲ့တဲ့ လက ဆေးခန်းပိတ်ပြီးအပြန် ညဘက် ဆယ်နာရီလောက်ပေါ ့ .. ဆူးလေကနေ … ပန်းဆိုးတန်းအိမ်ကို လမ်းလျှောက်တုန်း … ဆိုက်ကားသမားနဲ့ ကြက်ကလေး ..ရန်ဖြစ်နေလေရဲ့ .. သူတို့ စကား အသ ွားလာကိုကြည့်တော့မှ လင်မယားမှန်းသိတယ် …ဆိုက်ကားနင်းတဲ့ ငွေက မဖြစ်စလောက်မို့ … နင်အိမ်အလုပ်ပဲ လုပ်ပါဆို … ၊ အခုလို နင်လိုက်လာတော့ ငါအရှက်ကွဲတယ် ။ ယောကျာ်းရှိလျှင် ဈေးကျပါပြီ စသဖြင့် တွန်းလား ထိုးလား လမ်းမှာ လုပ်နေကြတာ မြင်ခဲ့ရပါတယ် … ။
ဪ … ဘဝတွေ .. ဘဝတွေ … ရုန်းကန်နေရတာ ခြေကုန်လက်ပမ်းကျလုလု … ဂျွမ်းထိုးမှောက်ခုံဖြစ်လုလုပါပဲ … ။ ကျွန်မတို့မှာ ပိုင်ဆိုင်တာ … ဒီစိတ်ပဲရှိတာပါ .. ကိုယ့်စိတ်ကိုယ်တောင် …သေချာ မကိုင်တွယ် မမောင်းနှင်နိုင်ဘူးဆိုလျှင် … ဘဝရထားကြီးရဲ့ လမ်းဘယ်လိုများ ဖြောင့်တန်းပါလိမ့်မလဲ လေ … ။
ဆိုက်ကားသမားတွေ ၊ သူတောင်းစားတွေကို ပေးတဲ့ ပိုက်ဆံ …. အကောင်းပေးတဲ့ဆိုတဲ့ စိတ်လေးကို လေးစားမိပါတယ် ။
ကျွန်မလည်း သူတို့လို လူမျိုး ခေါင်းရွက်ဗျက်ထိုးတွေမှာ ဈေးဝယ်ရလျှင်တော့ တတ်နိုင်သမျှ ကောင်းတာပေးတယ် … သူတို ့ပြန်သုံးလို ့မရတဲ့အခါ နစ်နာမှာ စိုးလို့ပါ .. ။ ဒါပေမယ့် ဆရာထက်ရေ .. ဘက်စ်ကားစီးလျှင်တော့… သူတို့ အမ်းတဲ့ ပိုက်ဆံပဲ သူတို့ကို ပြန်ပေးပါတယ် .. အဲ့ပိုက်ဆံက ထရိတ်မတ်တပ်ထားသလားမှတ်ရတယ် … ကားစီးတဲ့အခါတစ်ခုပဲ သုံးလို့ရလို့ပါ .. ဟိဟိ :)ကိုယ်တိုင်ကတော့ ဘာမှ မဟုတ်ပေမယ့် …ကိုယ့်ထက်ပိုပြီး ကာယအားသုံး ပိုက်ဆံရှာနေရတဲ့ လူတွေအပေါ်မှာ စာနာစိတ်ဖြစ်မိတာတော့အမှန်ပဲ … ။ လူကြားကောင်းအောင် ၊ ဇာတ်နာအောင် ရေးတာမျိုး ဟုတ်မဟုတ်ဆိုတာကတော့ … ကိုယ်ချင်းစာစိတ်ရှိသူတွေ ၊ ကိုယ်တိုင်ကြုံဖူးသူတွေ သိတယ် ..အတ္တကြီးသူတွေ .. ကိုယ့်ဘက်ကိုယ်ရက်သူတွေကတော့ … ဒါမျိုးတွေ .. နားမလည်လောက်ဘူး ။ တစ်ဘို့ထဲကြည့်တဲ့ လူတွေများလာလျှင် … ကမာ္ဘကြီး နေချင်စရာကောင်းတော့မှာ မဟုတ်ဘူး … စာနာမှုတွေကင်းပြီး ခုတ်ဖြတ်ဖို့ပဲ ကြိုးစားနေကြလိမ့်မယ် … ။ 🙄
htet way
May 23, 2012 at 12:17 pm
အခုလိုကျယ်ကျယ်ပြန့်ပြန့်လေးဆွေးနွေးပေးတာလေးစားပါတယ်
ကျွန်တော်ကစေတနာနဲ့ဘဲကိုယ်ချင်းစာပြီးပေးလိုက်တာပါ
အဲဒီဘက်ကလူတွေအကြောင်းကိုအခုလိုသိရတာဗဟုသုတရပါတယ်
ကျွန်တော်နယ်ဘက်ကဆိုတော့ရန်ကုန်အကြောင်းတွေသိပ်မသိရပါဘူူး
ကျေးဇူးတင်ပါတယ်…ဆရာမ
အလင်းဆက်
May 23, 2012 at 3:13 pm
သိပ်ကောင်းတဲ ့စာသားတွေပဲ.။
ညီမလေး တင် မဟုတ်ပဲ… ညီလေးလဲ.ဖတ်သွားပါတယ်ဗျ။
kai
May 23, 2012 at 3:19 pm
စနစ်ကြောင့်ဖြစ်လာတာတွေ မဟုတ်ပါ..
တဦး.. တဦးချင်းစီတို့ရဲ့.. ကိုယ်ကျင့်တရားနဲ့ဆိုင်ပါလိမ့်မယ်..
ဆိုတော့…
ဓလေ့၊ ထုံးစံ..အတွေးအခေါ်.. ဘာသာရေးကနေ..အထွေထွေ..တော်လှန်ရေး.. ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ထင်ပါကြောင်း…
ကိုရင်စည်သူ
May 23, 2012 at 4:35 pm
အဲ့လို ညီမလေးတွေကို မြင်ရရင် ကိုရင့်စိတ်ထဲ သိပ်မချိချင်ဘူးရယ်..
ခုတလော ပန်းဆိုးတန်း ကားဂိတ်မှာ မြင်မြင်များနေတဲ့ ညီမလေးတွေပုံလေးတောင်
တင်ပြီး ဂေဇက်ဈေးသည် ဓါတ်ပုံထဲတင်မလားလို့တောင် ချိန်နေမိသေးတယ်။
အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ မဟုတ်တဲ့ အတွေးအခေါ်တွေကို
ဖျက်ပစ်သင့်နေပါပြီ ညီမလေးတို့ရယ်..
ကိုထက်ဝေရဲ့ အိုင်ကျူတွေ အရေးအသားတွေ မြင့်မြင့်လာပြီလို့ ထင်တယ်ဗျာ…။
ရွှေမြို့တော်မှာ လက်ဖက်ရည်တိုက်၊ ပူတင်းကျွေး.. ဟေးဟေး.. 😀 😀 😀
Thit Sar Lin
May 23, 2012 at 4:54 pm
အင်း….ဘဝပေးကံအခြေအနေတွေကြောင့်ပဲလား…..
အခုခေတ်မှာပဲ ကိုယ်ကျင့်တရားတွေခေါင်းပါးနေတာလား…မပြောတတ်တော့ပါဘူး
htet way
May 23, 2012 at 5:04 pm
သူကြီးမင်း ခင်ဗျား
ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေရဲ့ ကဗျာ စာသားလေး စိတ်မှာ စွဲမိပါတယ်
“ အရင်းစစ်သော် ၊စနစ်ကို ပင် ၊ အပြစ်တင်သည်……….
ကျွန်တော်က တော့ စနစ်ဆိုး ထဲက အဖြစ်လို့ပဲ ဆိုချင်ပါတယ်။
ကိုယ်ကျင့်တရားနဲ့လည်း ဆိုင်ပါတယ်။လစာ ၅သောင်းရတဲ့ ဘဝမှာ တစ်လစာ ထမင်းစားလို့
မလောက်ငှပါဘူး။ကျွန်တော် ယုဇန ဥယာဉ်မြို့တော်မှာ ဆေးကု သွားဖို့ လမ်း ၄ဝ ကနေ
တက္ကစီလို ကားလေးတွေ စီးရတာ ၅၀ဝပေးရပါတယ် ခေါင်း ခန်း လိုနေရာက ၇၀ဝပါ
အသွား အပြန် တစ်ထောင်ဆို ……။ရန်ကုန်မှာ ဘယ်လိုပဲခြွေတာနေပါစေ မရပါဘူး
“ ဓလေ့၊ ထုံးစံ..အတွေးအခေါ်..ဘာသာရေးကနေ..အထွေထွေ..တော်လှန်ရေး.
. ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ထင်ပါကြောင်း…”
သူကြီး မင်းရဲ့ စကား ကို အငြင်း ပြုရရင် ဓလေ့ ၊ သိပ် ချစ်စရာ ဓလေ့ပါပြင်စရာ မလိုပါဘူး
အတွေးအခေါ် တိုးတက်ရန် အစဉ် သဖြင့် ကြိုးစားရပါမယ်။
ဘာသာရေး လည်း တော်လှန်စရာ မလိုပါဘူး
စနစ် ကို ပဲတော်လှန်ရမယ်လို့ ဆိုချင်ပါတယ်။ စနစ်မှန် ရင် အားလုံး မှန် သွားမယ်လို့
ကျွန်တော်ရဲ့ မမှီမကမ်း ဉာဏ်လေးနဲ့ မဝံ့ မရဲ ပြောဆို လိုက်ပါတယ်။စီးပွားရေး တွေ အဆင်ပြေနေရင် ကိုယ်ကျင့်တရား ကိုလည်း ထိန်းနိုင်မယ်လို့ ထင်ပါတယ် ( တစ်ချို့ကို ဆိုခြင်း)
သူကြီး မင်း ကျန်းမာရွှင်လန်းပါစေ။
လေးစား စွာ ဖြင့်
ထက်ဝေး
kai
May 23, 2012 at 11:20 pm
တရက်ကလေးတင် မီးပျက်တဲ့ကိစ္စမှာ.. ဒေါ်အောင်ဆန်းစုကြည်ကလည်း.. စနစ်ကြောင့်လို့ပြောတယ်..
နိုင်ငံရေးစနစ်ကို ပြောတာတော့ မဟုတ်တာသေချာပါတယ်..။
ဆိုတော့..
မြန်မာတွေ နို်င်ငံတကာမှာ ၃သန်းကျော်လောက်နေကြတယ်… အဲဒီလိုဆိုတော့.. နို်င်ငံရေးစနစ်အစုံအောက် မြန်မာတွေနေကြတာပေါ့..။ မြန်မာဟာ.. မြန်မာပါပဲ..။
ကျုပ်မှာ..little မြန်မာမိုဒယ်လေးတွေရှိပါတယ်..
ထားပါတော့.. ဒီနေရာမှာ.. လွတ်လပ်စွာသဘောကွဲလွဲပြီး ..ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းလေးနဲ့ပဲ.. အဆုံးသတ်မယ်ဗျာ..
Bu Gyi
May 23, 2012 at 5:38 pm
အားလုံးဆွေးနွေးသွားကြတာ ကောင်းပါတယ်..ကျွန်တော်ကတော့အရေးအသားမကောင်းတာရယ်
ဗဟုသုတမရှိတာရယ်ကြောင့် သူများရေးတာဘဲဖတ်ပြီး အားပေးလျှက်………(ဘုကြီး)
htet way
May 23, 2012 at 5:40 pm
ကိုရင်စည်သူ
ဒီလောက်လည်းမဟုတ်ပါဘူး ဆရာရယ်
ဆရာကပန်းဆိုးတန်းကိုရောက်တယ်လား
ကျွန်တော် ရဲ့ အင်တာနက် ဇာတ်လမ်းက ဂျာနယ်မှာပါမယ်
ခင်ဗျား အကြံပေးတာကို စောင့်တာ မတွေ့လိုက်ရဘူး
တခါလောက် ဆုံချင်တယ်ဗျာ အခုတလော ကျွန်တော် ရန်ကုန် မရောက်ဖြစ်ဘူး
htet way
May 23, 2012 at 5:55 pm
ဆရာ ahnyartamar ညီလေး ဗိုက်ကလေးဆရာလေး အလင်းဆက်ညီမလေး ပန်ပန်
သူငယ်ချင်း အမတ်မင်း နဲ့ ရွှေတိုက်စိုး ဆရာကြောင်ကြီး ဆရာမ ညလေး ညီလေး ဖရဲ
နဲ့ ဖတ်ရှု့ အားပေးသူရော ၊ ဝေဖန်သူတွေကိုပါ ကျွန်တော်က ကျေးဇူးတင်ရှိပါတယ်
Thit Sar Lin
May 23, 2012 at 8:08 pm
အင်း………..ဆရာထက်ရေ
ဘယ်လိုပြောလို့ပြောရမှန်းတောင်မသိတော့ဘူး…..အခုနောက်ပိုင်း တော်တော်များများက
ပိုက်ဆံကြောင့်ပဲ ကိုယ်ကျင့်တရားတွေ ပျက်စီးလာကြပြီလေ…
ဒီမှာက ဘွဲ့ရရင်တောင်ဘဝအာမခံချက်မှမရှိတာ……………
တခြားနိုင်ငံအားကိုးမိတာလဲမပြောနဲ့လေ…..
ပိုက်ဆံမျက်နှာကိုကြည့်တော့ စွယ်တဲ့လူတွေကလည်းစွယ်ပြီလေ……
ဘယ်သူ့ကိုအပြစ်ပြောရမလဲမသိတော့ဘူး…..
aung nainglin
May 23, 2012 at 9:22 pm
ဆရာ သစ္စာ လင်းရေ
ပိုက်ဆံ မရှိရင် မျက်နှာ ငယ် ဆိုသလို မပြေလည်တော့ လိမ်သလိုဖြစ်တယ် ။
ဒီငွေပဲ ဆွေမျိုး မရှိတာ
သို့သော်ပေါ့လေ……ကိုယ်ကျင့်တရားကတော့ ဖြူစင်အောင်နေကြရမှာပဲ
အခုလို အားပေးတာ ကျေးဇူး တင်ပါတယ်။