နံကရိုင်းမယ်တော်၏ အညှိး(ဇာတ်သိမ်း)
နောက်ပိုင်းမှာတော့ဂါးကြီး၊ ဂါးလေးတို့ကိုဒီအတိုင်းလွှတ်ထားရင် အန္တရာယ်ရှိတာ
ကြောင့်တစ်ကြောင်း မိသေးကိုယ်တိုင်ကလည်း သူ့ယောက်ျားကို သတ်ခဲ့တဲ့ကျွဲ
တွေအဖြစ် မုန်းတီးမိတာက တစ်ကြောင်း တို့ကြောင့်အဲဒီ ကျွဲနှစ်ကောင်ကိုဖမ်းပြီးကိစ္စ
တုံးလုပ်ပစ်ကြမယ်လို့ဆုံးဖြတ် ခဲ့ကြပါတယ်။ ဒါပေမဲ့ ဂါးကြီး၊ ဂါးလေးကျွဲနှစ်ကောင်ကို
ဖမ်းဝံ့တဲ့သူလည်း မရှိတာကြောင့်သစ်တောကအရာရှိတွေကို အပ်ပြီးပစ်ခတ်ဖမ်းဆီး
ခိုင်းခဲ့ရပါတယ်။ ဂါးကြီးနဲ့ ဂါးလေးကိုပစ်ဖမ်းခဲ့တဲ့အချိန်တုံးက လိုက်ပါသွားခဲ့ကြတဲ့ရွာ
သားတွေရဲ့ပြောစကားအရ သူတို့အဖွဲ့တွေနဲ့သစ်တောကအရာရှိတွေဟာ တောထဲမှာအ
တော်ကြာကြာရှာတာတောင် ဂါးကြီးတို့ညီအကို နှစ်ကောင်ကိုမတွေ့ကြပါဘူးတဲ့။ အဲဒီ
ကျွဲဖမ်းအဖွဲ့နဲ့အတူလိုက်ပါသွားတဲ့ ဆယ့်ကိုးနှစ်သားအရွယ်ကိုသာဆောင့်သားကြီးလေး
ဟာ ဘယ်လိုမှရှာမတွေ့ပဲလက်လျော့ရတော့မလို ဖြစ်နေချိန်မှာအကြံပေါက်ပြီး ရတာမ
ရတာ နောက်ထားအခုအဲဒီကျွဲနှစ်ကောင်ကို ခေါ်ကြည့်လိုက်ဦးမယ်လို့ အကြံပေါက်ပြီး
”ဂါးကြီးရေ…ဂါးလေးရေ” လို့ခပ်ကျယ်ကျယ်လေး သုံးလေးခွန်းလောက်ဆက်အော်
လိုက်မှသာ သူတို့မထင်မှတ်ထားတဲ့ ရွှံ့အိုင်တွေထဲမှာဝပ်ပြီးငြိမ်သက်နေကြတဲ့ ကျွဲနှစ်
ကောင်ဟာအပြေးလေး သူ့သခင်ရဲ့သားခေါ်သံကြားရာဘက်ဆီကိုပြေးချလာပါတော့
တယ်။ အနီးနားကိုရောက်ချိန်မှ သူ့သခင်ရဲ့သားနားကမလှမ်းမကမ်းလောက်မှာ တွေ
တွေလေးရပ်ကြည့်နေတုံး သစ်တောအရာရှိတွေရဲ့သေနတ်ကျည်ဆံအောက်မှာ အ
သက်စွန့်သွားရရှာပါတယ်။
ကိုတင်ဆောင်လည်း ကျွဲနှစ်ကောင်လက်ချက်နဲ့ မရှုမလှသေခဲ့ပြီးပြီ။ ဂါးကြီး၊ ဂါးလေးတို့
ခင်မျာမှာလဲ လူအများရဲ့ကြောက်ရွံ့မှု ၊ လက်စားချေလိုမှုတွေကြောင့်အသက်ပေးခဲ့ ရှာခဲ့
ရပြီးပြီ ဒီလိုသာဘာမှမဖြစ်ပဲပြီးဆုံးသွားခဲ့မယ်ဆိုရင်တော့ အကြောင်းမဟုတ်လှပေမဲ့မ
ထင်မှတ်တဲ့ အကြောင်းရင်းတစ်ခုကတော့ အထင်မှတ်စွာဖြစ်ပေါ်လာခဲ့ပါတော့တယ်။
ဒီလိုပါ ကိုတင်ဆောင်ဆုံးပြီး သုံးလလောက်အကြာမှာတော့ တစ်နေ့သောညနေစောင်း
ငါးနာရီထိုးခါနီး အချိန်လောက်မှာ…. ကိုတင်ဆောင်ရဲ့ဒုတိယသမီးဖြူနှင်းလေးဟာသူ့အ
မေဒေါ်မိသေးနဲ့ အေးအေးလူလူထိုင်စကားပြောနေရင်း ရုတ်တရက်ဒေါ်မိသေးဘက် ကိုလှည့်လျှက် စူးစူးစိုက်စိုက်ကြီးဘာမှမပြောပဲ ကြည့်နေပါတယ်။ သမီးံဖြူနှင်းရဲ့အမူ အ
ရာကြောင့်ကော မျက်လုံးတွေရဲရဲတောက်ခါ ကြက်သီးထစရာကောင်းလောက်အောင်
စိုက်ကြည့်နေတဲ့ သမီးကြောင့်ဒေါ်မိသေးအရမ်းကိုလန့်သွားရှာပြီး သူ့ယောက္ခမကြီးကို
တုန်တုန်တုန်ယင်ယင်နဲ့လှမ်းအော်ခေါ်လိုက်မိရှာပါတယ်။ သူ့ယောက်ျားရဲ့အမေရောက်
လာချိန်ထိတိုင်တောင် ဖြူနှင်းလေးကသူ့အမေကို နီရဲပြူးကြောင်နေတဲ့ မျက်ဝန်းတွေနဲ့
စူးစိုက်လို့သာကြည့်နေပါတယ်။ ဒေါ်မိသေးယောက္ခမကတော့ လူကြီးလည်းလူကြီးဖြစ်
ပြန် အတွေ့အကြုံလည်းကြွယ်ဝသူဖြစ်ပြန်တော့ သူမမြေးဖြူနှင်းမှာ မမြင်ရတဲ့၊ မမြင်
နိုင်တဲ့ တစ်ကောင်ကောင်ပူးဝင်ကပ်တွယ်နေပြီဆိုတာချက်ချင်းပဲ သိလိုက်ပါတယ်။အဲဒါကြောင့်
“နင်ဘယ်ကလဲ…ဘယ်သူလဲ”
လို့မေးကြည့်တော့ ဖြူနှင်းလေးက ဒေါ်မိသေးယောက္ခမဘက်ကို လှည့်ကြည့်ပြီး
”နင်တို့…ငါ့ကို..ပစ်ထားကြတယ်..ငါ့ကိုမိုးထဲ..ရေထဲမှာ..ဒီအတိုင်းပစ်ထားကြတယ်”
လို့ အသံနက်နက်ကြီးနဲ့ ပြန်ပြောပါတယ်။ ဒေါ်မိသေးယောက္ခမက…
“ဘယ်သူလဲ..ဘယ်ကလဲ..ပြောမှအဆင်ပြေအောင်လုပ်ပေးပါ့မယ်”
လို့ရိုရိုသေသေပဲ ပြန်ပြောလိုက်တော့…..ဖြူနှင်းလေးမှာပူးဝင်ကပ်တွယ်နေသူက
“ငါက..နံကရိုင်းမယ်တော်ပဲ..နင်တို့..ငါ့ကို မိုးထဲလေထဲမှာ ပစ်ထားတာ..ငါနင်တို့
တစ်မိသားစုလုံးကို ..မကျေနပ်ဘူး…အထူးသဖြင့်..ဟိုတင်ဆောင်ဆိုတဲ့ကောင်ကို ..ငါ
အိမ်မက်ထဲမှာ ..ခဏခဏသတိပေးတာတောင်…မလှုတ်ဘူး…နင်တို့တွေမသေတာ
ကံကောင်းတယ်မှတ်…ငါလုပ်ချင်နေတာကြာပြီ..နင်တို့က..ကံကောင်းနေချိန်…ဘုန်း
မြင့်နေချိန်မို့…ငါဒီအတိုင်းကြည့်နေတာ..ကဲ…ခုဘာတတ်နိုင်သေးလဲ..တင်ဆောင်ကိုကျွဲ
နဲ့တိုက်သတ်လိုက်တာငါပဲ…အခုလည်း..နင်တို့ထဲက သားအကြီးကောင်ကို…ငါလုပ်မ
လို့စောင့်နေတာ….သူကကံကြီးနေလို့ ငါလုပ်လို့မရဘူး…ဒီနေ့ဒင်းကို ငါအသေသတ်
မယ်လို့”
ကြိမ်းမောင်း ပြောဆိုတော့ ဒေါ်မိသေးတို့တွေတော်တော်ကြီးကို ထိတ်လန့်သွားကြပါ
တယ်။ အမိုက်အမဲလေးမို့ ခွင့်လွှတ်စေချင်ကြောင်းနဲ့ အပြစ်မယူပဲခွင့်လွှတ်စေချင်
ကြောင်း၊ ဘယ်လိုလုပ်ပေးရင်ကျေနပ်နိုင်မှာလည်း ၊ ဆိုတဲ့အကြောင်းကိုတော်တော်
ကြာကြာတောင်းပန်တိုးရှိုးပြီးချိန်မှာတော့ ဒေါ်မိသေးတို့ယခုနေထိုင်ရာအဖီလေးတွင်း
မှာ နံကရိုင်းမယ်တော်ကို လက်ဖက်လေးနဲ့တောင်းပန်ပြီးယာယီကိုးကွယ်ရန် နောင်နှစ်
အဆင်ပြေချိန်မှသာ ကနားကြီးပေး၍တောင်းပန်ရန်တို့ကို ကျေလည်မှုရရှိသွားပြီး ဖြူ
နှင်းလေးကိုယ်မှ ကပ်ဝင်နေတဲ့နံကရိုင်းမယ်တော်လည်း ထွက်ခွာသွားပါတယ်။
ဒီလို နံကရိုင်းမယ်တော်ထွက်ခွာ သွားချိန်နဲ့တိုက်ဆိုင်စွာပဲ ရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့
မြို့ကျောင်းမှာ ကျောင်းတက်နေတဲ့ ဆယ်တန်းကျောင်းသားကိုတင်ဆောင့်သားအကြီး
ကောင်လေးဟာလည်း စုတ်ပြက်ပေရေပြီး တစ်ကိုယ်လုံးပွန်းရာဘလပွနဲ့ ပြန်ရောက်
လာပါတယ်။ ဒီမှာ နံကရိုင်းမယ်တော်ကြောင့်ရင်တုန်တာတောင်မပျောက်သေးတဲ့ ဒေါ်
မိနှင်းက သူ့သားရဲ့ပုံစံကြောင့်မျက်လုံးကြီးဝိုင်းစွာ ကြည့်နေပြီးအံ့ဩထိတ်လန့်စွာမေး
ပါတော့တယ်။ အဲဒီအချိန်ကလည်း ဒေါ်မိသေးရဲ့အိမ်မှာ ရွာ့ဘုရားပွဲထက်တောင်ပိုစည်
ကားပြီး ရွာရှိလူကုန်ကလေးရောလူကြီးပါမကျန်
ထမင်းစားနေရင်း တန်းလန်းကြီးတောင် လက်မဆေးပဲအပြေးလွှားရောက်နေကြတာ
ဆိုတော့ လူတွေကတော့ တောရွာကပေ၇၀၊ ၈ဝ လောက်ကျယ်ဝန်းတဲ့ခြံကြီးတောင်
ပြည့်နေတာပါပဲတဲ့။
ဒေါ်မိသေးသားက လည်းသူကြုံတွေခဲ့ရတဲ့ဖြစ်ကိုပြန်ပြောပြရှာပါတယ်။ ဒီလိုပါ ဒီနေ့
ကျောင်းဆင်းချိန်မှာ ထုံးစံတိုင်းသူတို့သူငယ်ချင်း (ရွာထဲမှာမြို့ကျောင်းတက်သူကဆယ်
ဦးထက်မပိုပါဘူး) တွေ ငါးမိုင်လောက်ဝေးတဲ့ကျောင်းကနေလမ်းလျှောက်ပြီး စကား
တစ်ပြောပြောနဲ့ပြန်လာတုံး လမ်းဘေးမှာမြက်စားနေတဲ့နွားတစ်ကောင်ဟာ ရုတ်တ
ရက်သူတို့ဆီကို ခေါင်းကိုငုံ့ပြီး ဝှေ့ရန်အနေအထားနဲ့ပြေးချလာပါတယ်တဲ့…သူတို့
သူငယ်ချင်းတွေလည်းကြောက်ကြောက်နဲ့ ခြေဦးတဲ့ရာ ပြေးကြပေမဲ့ ထူးဆန်းစွာပဲ
အဲဒီနွားဟာ သူတစ်ယောက်ထဲဆီကိုပဲ လိုက်ပြီးဝှေ့ပါတယ်။ အဲဒါနဲ့ သူလည်းကြောက်
ကြောက်နဲ့ ဝါးရုံပင်တွေပေါ်ကို တက်ပြေးခဲ့တဲ့အကြောင်းနဲ့ ထိုနွားဟာလည်းမကျေမနပ်
နဲ့ ယင်းဝါးရုံပင်ကိုလေး၊ငါး ချက်လောက် ဝှေ့ပြီးမှထွက်ခွာသွားကြောင်း ကိုပြောပြပါ
တယ်။
ဒီအကြောင်းအရာလေးဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးပါ။ ဒီလိုဖြစ်ပျက်ခဲ့
တာကို အဆိုပါဒေါ်မိသေး( နံမည် လွှဲထား) တို့ တစ်ရွာလုံးက သွားရောက်ကြည့်ရှုခဲ့ကြ
တာမို့ တစ်ရွာလုံးသောသူတွေသိကြပါတယ်။ အဲဒီအဖြစ်လေးကို ထိုရွာသူကျွှန်မ ရဲ့အ
သိတစ်ယောက်မှပြန်လည်ဖောက်သည်ချထားခြင်းကို ရွာသူရွာသားတွေအတွက်ပိုစ့်
အဖြစ်ပြန်လည်ရေးပြရခြင်းပါ။ ဒီအပိုင်းကို အတတ်နိုင်ဆုံး ချုပ်ရေးထားပါတယ်။
နောက်အပိုင်း တစ်ပိုင်းမခွဲချင်တော့တာကြောင့်ပါ။
အားလုံးပဲ ဝေဖန်အားပေးကြပါအုံးရှင်။
30 comments
Mon Kit
May 24, 2012 at 4:40 pm
ဇာတ်လမ်းအဖြစ်အပျက်က စိတ်ဝင်စားဖို့လည်းကောင်းတယ်….
စိတ်မကောင်းစရာလည်းဖြစ်ပါတယ်…
ရှေးလူကြီးတွေ ပြောတဲ့ စကားရှိခဲ့ပါတယ်…
“နတ် နဲ့ နဂါး မလှည့်စားနဲ့” တဲ့…
may flowers
May 24, 2012 at 4:56 pm
Mon Kit ရေဇာတ်လမ်းအစကနေအဆုံးထိတိုင်အောင် ဖတ်ပေးပြီး comment တွေလည်း
ဝင်ရေးပေးတဲ့အတွက် ကျေးဇူးပါနော်။ comment ဝင်ရေးတဲ့သူများများရှိမှ ရေးရတဲ့လူလည်း
အားရှိတာမို့လေ..အဟဲ။
San Hla Gyi
May 24, 2012 at 9:01 pm
မ may flowers ရေ
ကျနော်လည်း ဝင်ပြီး ရေးပေးလိုက်ပါတယ်။ ဒီလိုပါဗျ။ မ may fowers ကဒီလို ရေးလို့ နတ်ကစိတ်မဆိုး တဲ့အပြင် သဘောတွေကျပြီး မတောင်မစအုံးမယ် ထင်တယ်။ အရွှန်းဖောက်တာပါ။ ကျနော်ဆိုလိုချင်တာက သူလည်းသူ့ဘာသာနေ ကိုယ်လည်းကိုယ့်ဘာသာနေ ဆိုတဲ့သဘောပေါ့။ ဒီအောက်နတ်တွေက နတ်ပြည် ၆ ထပ်ကနတ်တွေ နဲ့မတူဘူးဗျ။ သူတို့က အဲဒီနတ်တွေလိုလဲ အဆင့်မမြင့်ဘူးပေါ့။ စတုမဟာရာဇ်နတ် အနွယ်ဝင်တွေဖြစ်ပြီး လူတွေနဲ့ နီးနီးနားနား နေကြတယ်။ အဲဒီတော့ ပြဿနာလေးတွေလည်း တတ်လေ့ရှိတယ်ပေါ့။ ဘုမ္မစိုးတို့ ရုက္ခစိုးတို့လည်း ဒီလိုနတ်တွေပဲဗျ။
မြန်မာဘုရင်တွေထဲက အနော်ရထာဟာ နတ်လှောင်ကျောင်းဆိုပြီး နတ်ရုပ်တွေကို သီးသန့် တနေရာထဲမှာ သိမ်းထားဖူးတယ်ဗျ။ ဒီဘက်ခေတ် မျက်စိနဲ့ ကြည့်ရင်တော့ တမျိုးဖြစ်ပေမယ့် ရာဇဝင်အရတော့ သူဟာတော်တော် ဘုန်းကြီးလို့ စိတ်မကျေနပ်တဲ့ နတ်တွေကိုတောင် ကြိမ်စကြာနဲ့ ရိုက်တာတွေ့ဖူးတယ်။(ပုံပြင်တော့ ဆန်သလိုပေါ့ဗျာ။) ဒါပေမယ့် ဒါဟာ ဦးကုလားရာဇဝင်ကြီး ထဲမှာရေးထားတာပါ။ နောက်တော့ အဲဒီလို ခံရဖူးတဲ့ နတ်က အငြိုးထားပြီး ဘုန်းနိမ့်ချိန်မှာ ကျွှဲယောင်ဆောင်ပြီး ခတ်လို့နတ်ရွာစံခဲ့ရတယ်။
ယုံတာ မယုံတာထက် အဲဒီလို ထူးထူးဆန်းဆန်း အကြောင်းလေးတွေကို စိတ်ဝင်စားတတ်တဲ့ မိတ်ဆွေများရှိလို့ ပြောပြတာပါ။ ကျနော်ကိုယ်တိုင်လည်း သူတို့ကို မကိုးကွယ်ပါဘူး။
windtalker
May 24, 2012 at 7:06 pm
စိတ်ဝင်စားစရာကောင်းတဲ့ ဖတ်လို ့ပျင်းစရာမကောင်းတဲ့ ဇါတ်လမ်းလေး တစ်ပုဒ်ပါ ။
ပြန်လဲဝေမျှပေးတဲ့ ဖူးလေး ကို ဗဲရီး တင့်ခရု ပါတယ် ။
Thel Nu Aye
May 24, 2012 at 7:26 pm
စိတ်ဝင်စားဖို့ကောင်းလွန်းလို့ မန်းဂေဇက်ဖွင့်တာနဲ့သူ့ကိုအရင်ရှာရတယ်။ တခါတည်းဆက်တိုက်တင်လို့ကျေးဇူးပါ။ ဒါမျိုးတွေကလဲ မယုံလို့မရတဲ့ ဖြစ်ရပ်တွေမို့ ဗဟုသုတရပါတယ်။
may flowers
May 24, 2012 at 9:25 pm
ကို San Hla Gyi ရေ ဝင်ရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဟုတ်ပါတယ် ကျွှန်မ
လည်း နတ်တွေကိုမကိုးကွယ်သင့်ဘူးထင်ပေမဲ့ စော်ကားတဲ့အပြုအမူတော့မလုပ်သင့်ဘူးထင်ပါတယ်။
ဖြစ်နိုင်ရင် သူလည်းသူ့ဘာသာ ကိုယ်လည်းကိုယ့်ဘာသာကိုယ်နေရင် အကောင်းဆုံးပါပဲ။ ဒိပိုစ့်ထဲမှာ
ရေးထားသလိုပေါ့ သူ့ကိုကိုးကွယ်တဲ့ သူတွေကိုတောင်မှ ကံမြင့်နေချိန်မှာ ဘာမှမလုပ်နိုင်ပဲ ဘုန်းကံနိမ့်
ချိန်မှာသာ ဒုက္ခပေးနိုင်တာမို့ကိုယ်တွေထက်နိမ့်တဲ့ ဘုံဘဝကလာသူတွေအဖြစ်ကျွန်မတို့ဘာသာဝင်တွေ
တော်တော်များများနားလည်ရင်သိပ်ကောင်းမှာပဲလို့ ကျွန်မလည်းထင်ပါတယ်။ အားပေးဖတ် ရှုပေးတဲ့အ
တွက်ကျေးဇူးပါ။
may flowers
May 24, 2012 at 9:29 pm
ကိုပေရေ ကျွန်မရေးတဲ့ပိုစ့်အပိုင်းအားလုံးကို စိတ်ရှည်ရှည်နဲ့ဖတ်ရှုအားပေးပြီး comment တွေရေးပေးတဲ့
အတွက် အားလည်းတက်ပြီး ကျေးဇူးလည်းတကယ်တင်ပါတယ်။ ကျေးဇူးပါနော်။
မThel Nu Aye ရေ အားပေးဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးပါနော်။
အတိသဉ္ဖာ နာဂရချစ်သူ
May 24, 2012 at 10:41 pm
ဇတ်သိမ်းခန်းကို ခုမှဖတ်ရတော့တယ်ဗျ။
တကယ်ကို စိတ်ဝင်စားစရာနဲ ့အဆုံးသတ်
သွားပါရော့လား
kai
May 24, 2012 at 10:50 pm
ကဲ.. ဒီနှစ်ထဲ.. ယူအက်စ်မှာ နတ်ပွဲလုပ်မဟေ့..
မြန်မာပြည်ထဲ.. မလှောင်ထားရင်.. ကျုပ်ကပဲ.. ယူအက်စ်မှာ.. အမြဲနေခွင့်ပေးပြီး.. ထားလိုက်တော့မယ်..။ နောက်တာမဟုတ်.. အတည်..
မနှစ်က.. တင်မောင်ဆန်းမင်းဝင်းလာတော့.. နတ်က,လိုက်တာ.. ရွှေပွဲလာလူတွေ..အကုန်ဝိုင်းလှူတာ..ဖလားတောင်လျှှံတယ်..။ အဲဒါနဲ့..ဒီနှစ်ဆက်ခေါ်တာဖြစ်ကြောင်း..
အတိသဉ္ဖာ နာဂရချစ်သူ
May 24, 2012 at 11:08 pm
သူကြီးနော် ပြည်တော်ပြန်ဝင်ရင် ရိုးရာနတ်ကိုင်နေမယ် သတိထား။
မဟုတ်တာ လျှောက်မပြောနဲ ့နော်
windtalker
May 25, 2012 at 1:15 pm
အော်…နာမည်သာကြည့်ပါတော့ ကိုကိုဇာရယ်
အူးကိုင် တဲ့ ။ ဟီဟိ
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 27, 2012 at 10:42 am
ဟုတ်ပ ဗျာ။ဒါနဲ ့ကိုပေလဲ နတ်ပွဲပေးရတော့မယ်
ပွဲလေးတွေ ကံထလာအောင်ပေါ့
may flowers
May 24, 2012 at 10:52 pm
စိတ်ဝင်စားစရာကောင်းတယ်ဆိုလို့ကျေးဇူးအထူးတင်ပါတယ် အတိသဉ္ဖာ နာဂရချစ်သူ ရယ်။
အပိုင်း -၁ ထဲကနေပြီး သီးခံ အားပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ..နော်။
may flowers
May 24, 2012 at 10:57 pm
တို့သဂျီးလည်း…နတ်ပွဲစားကနေပြီး….နတ်ကတော်ပြောင်းလုပ်တော့မယ်ထင်တယ်…ဟိ။
hein htet
May 24, 2012 at 11:14 pm
မယုံတော့မရှိနဲ ့..ကျူပ်သာဆို အော်ဆဲပစ်မှာ..ခုတောင် ဖတ်ရင်း ဒေါသဖြစ်တယ်…နေပါလား .ကိုယ့်ဖာသာ..ဒီလို သာ အမြဲအနိုင်ကျင့်နေရင်.သေရချည်ရဲ ့… နတ်တွေ ကို ကျောင်းထဲထည့်ပြီး ကြိမ်နဲ ့တီးတဲ ့အနော် ရထာကိုလေးစားတယ်.. ကံနိပ်မှ လုပ်ချင်တာလုပ်..ဒေါသထွက်နေရင်တော့ ..နတ်လည်း ဒီလိုလေးလုပ်ပေးမှ.
may flowers
May 24, 2012 at 11:22 pm
အဲဒါကြောင့်မို့..အစလုပ်ပြီးမကိုးကွယ်တာအကောင်းဆုံးပါပဲ။ တကယ်တော့ ကိုယ်လည်း ကိုယ့်ဘာ
သာကိုယ်နေပြီး သူလည်းသူ့ဘာသာသူနေရင် အကောင်းဆုံးပါပဲ။ ဒီကိစ္စကမတရားဘူးလို့တော့
ကျွန်မလည်း ထင်ပါတယ် ကို hein htet ရယ်။
Ch@vez
May 25, 2012 at 6:46 am
ကျုပ်ကိုးကွယ်တဲ့ နတ်တော့ ရှိတယ်…
အမြဲတော့ ကိုးကွယ်တာ မဟုတ်ဘူး …
ပင်လယ်ဘက်သွားမှ ….
ညဘက် မကိုးကွယ်ဘူး …
ဘီဘီ မော့နေလို့ … မသင့်တော်လို့…
မနက်ခင်းလည်း မကိုးကွယ်ဘူး ….
နေ့လည် နဲ့ ညနေဘက်တော့ ကိုးကွယ်လေ့ ရှိပါတယ်…
ဘာနတ်လဲ သိလား …
ကိုကိုးနတ်
😛
Ma Ei
May 25, 2012 at 9:07 am
စိတ်မကောင်းလိုက်တာ…
လူသတ်တဲ့ ဂါးကြီး၊ဂါးလေး တို့ကိုတော့ သတ်လိုက်ကြပြီး…
… … …
မိုက်ကယ်ဂျော်နီအောင်ပု
May 25, 2012 at 9:56 am
ဟင်းဟင်းဟင်း အဲ့သည်နွားတော့လား ဘုန်းကျော်တို့ 😀 ရိက္ခာပြတ်လာတဲ့
သဘုံစစ်ကြောင်းနဲ့ တွေ့လို့ဂဒေါ့လား အမဲသားဟင်းကိုလုံးလုံးဖြစ်မှာ
ကြုံလို့ပြောရရင်ဒေါ့ တော်တော်ဆိုးတဲ့အဲ့သည် ကျွဲဂေါင်းရုပ်ကြီး
နဂရိုင်းမာမီလား ဘာလား အဲ့သည်နတ်ကဆိုးတယ်သာပြောတယ်
နတ်ဂဒေါ်ခမျာ သူ့ကျွဲဂေါင်းကြီးကို သော့ခတ်ပြီးသိမ်းထားရရှာသကွယ်
ရှိဘာသေးတယ် ဘိုးဘိုးကြီးနတ်စင်တွေဘာတွေ တော်တော်နတ်ကြီးတယ်ဆိုဘဲ
သံဇဂါတော့ခတ်ထားရတယ်
မလိုသူတွေ မတရားပြုခံရမှာကြောက်လို့
ဘာရယ်ဟုတ်ပါဘူး နည်းနည်းပါးပါး ဖီလာဆန့်ကျင် အပျင်းပြေဘာ
mocho
May 25, 2012 at 9:59 am
အားလုံးပြီးမှ ပေါင်းပြီး မန့်လိုက်ပါတယ်။လျှို့ ဝှက်သည်းဖို ကြိုက်တဲ့ မိုချို အတွက် တော်တော်စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်အပျက် တခုပါပဲ။ may flowers ပြောသလိုပါပဲ၊ နတ်တွေကို အစလုပ်ပြီး မကိုးကွယ်တာပဲ ကောင်းပါတယ်။ မကိုးကွယ် ပေမယ့်မထီလေးစား စော်ကားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကုသိုလ် ကောင်းမှု လုပ်ပြီးတိုင်း အမျှတန်း ပေးဝေ တာမျိုးတော့ လုပ်ပေးသင့် ပါတယ်။
စကား စပ်ပြီးပြောရရင် နွား၊မြင်း စတဲ့ တိရိစာ္ဆန် တွေ ကို မယုံ သင့်၊ သတိလက်လွတ် မနေသင့်ပါဘူး၊ တောမှာ နေခဲ့ ဖူးတုံးက နွားဝှေ့၊ ကျွှဲခတ်၊မြင်းကန် ခံရတဲ့လူတွေမကြာခဏ ကြုံ ဖူးပါတယ်။ ကျွှဲတော့ မိုချို ကိုယ်တိုင် အရမ်း ကြောက်ပါတယ်၊ ကိုယ်သွားမယ့် နေရာ ကျွှဲ ရှိ နေရင် ဆက်မသွားတော့ ပါဘူး။
kyeemite
May 25, 2012 at 10:31 am
နတ်တွေ ရဲ့ ဘိုင်အိုဂရပ်ဖီကိုကြည့်
ဘယ်နတ်မှလူကောင်းမပါဘူး..မဟုတ်တရုတ်
လုပ်ခဲ့သူတွေချည့်ဘဲ..ဘာကိုးကွယ်စရာအကြောင်းရှိလဲ..
လူတွေရဲ့ လောဘက ဖန်တီးလို့ဖြစ်ပေါ်လာတဲ့နတ်တွေပါ..
သဘာဝနဲ့လဲဆန့်ကျင်နေတယ်…နှစ်ပေါင်းများစွာတည်မြဲနေကြလို့..
နောင်လာနောက်သားတွေကို အမွေဆက်မပေးသင့်ပါဘူး..
ရသမြောက် ဝတ္ထု တစ်ပုဒ်အဖြစ်သာခံစားဖတ်ရှု့သွားပါဂျောင်း…ဒေါ်ပန်းရေ..
Shwe Tike Soe
May 25, 2012 at 10:37 am
ဇာတ်လမ်းလေး စိတ်ဝင်စားစရာကောင်းပါတယ်… ယုံတာမယုံတာတပိုင်းပေါ့ ကိုယ်မမြင်နိုင်တဲ့အရာတွေ နားမလည်နိုင်သေးတာတွေ အများကြီး ရှိသေးတာကိုးးး
ကျွန်တော် မကောင်းဆိုးဝါးပူကပ်တာကို တစ်ခါကြုံဘူးတယ်… အသံကော ရုပ်ပါပြောင်းသွားတာဗျ…
အခုဒီပို.စ်လေးကို ဖတ်ရတာ ခံစားမှုရသ တစ်ခုတော့ရပါတယ်.. ကျေးဇူးပါနော… 😀
Phaung Phaung
May 25, 2012 at 10:49 am
အမလေး…ကြောက်စရာကောင်းလိုက်တာ။ ဒါကြောင့် နတ်တွေကို ဝေးဝေးကရှောင်တယ်။ မေမေ့လက်ထက်
တုန်းကတော့ နတ်ကိုစုံရောပဲ။ မေမေဆုံးပြီးနောက်ပိုင်း ဖေဖေကလည်းနားမလည်တော့ နတ်ကတော်ကို
တောင်းပန်ခိုင်းပြီး နတ်တော်တော်များများစွန့်လိုက်တယ်။ ဒါပေမယ့် တချို့ကျန်နေသေးတယ်။ ဖောင်းဖောင်း
ကတော့ အိမ်ထောင်ကျပြီး ကိုယ့်ဘာသာခွဲနေတဲ့အခါ ဘုရားတခုပဲကိုးကွယ်တော့တယ်။ နတ်တွေကို
ကြောက်လို့။
ဆူး
May 25, 2012 at 11:03 am
အစကနေ ပြန်ရှာဖတ်ခဲ့ရတယ်။
ဇတ်လမ်းကလေး ရေးထားတာ ကောင်းပါတယ်။
တခုတော့ စဉ်းစားမိတယ်.. သမီးလေးမှာ ဝင်ပူးတဲ့ အချိန် ကြိုးတုတ်ပြီး ရိုက်ပလိုက်.. တခါတည်း မှတ်သွားအောင်.. နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုပြီး ကတိတောင်းပြီး သစ္စာရေတိုက်..
အဲလို လုပ်ပလိုက်သင့်တယ်။
လာပြောတဲ့ အခါ ထိုင်ကတော့ပြီးတောင်းပန်တော့ အကွက်ထဲ ဝင်သွားတာပေါ့..
ကျွဲလောက်ကတော့ ဟင်းအိုးထဲမှာ ချက်ရင် မဆာလာနိုင်နိုင်ဆို အရမ်းစားကောင်းပဲ..
may flowers
May 25, 2012 at 1:55 pm
အော် ဆူးရယ် သမီးလေးကိုကြိုးတုတ်ပြီးရိုက်လိုက်လို့ ဟိုတစ်ခါစုန်းမဆိုပြီး…ဝိုင်းရိုက်သတ်လို့
သေသွားတဲ့ အမျိုးသမီးလိုဖြစ်သွားရင်အခက်နော်…..မရိုက်တာပဲကျေးဇူးတင်နေရမှာ။
ကို kyeemite ပြောတာကျွှန်မလည်းလက်ခံပါတယ်။ သူတို့တွေဘဝလည်းသူများသတ်လို့ အစိမ်းနတ်
တွေဖြစ်သွားတာက များတယ်လေ။
ကိုCh@vez ရေ ကိုကိုးနတ်တော့ကျွန်မလည်း ကြိုက်တယ်။ အသားတော့သိပ်မကြိုက်လှပါဘူး
သူ့အရည်ကိုပိုကြိုက်တယ်။
Phaung Phaung ရေ တော်သေးတာပေါ့ကွယ် မိဘတွေကိုးကွယ်ခဲ့တယ်ဆိုပေမဲ့ Phaung Phaungလက်
ထက်မှာ နတ်ကိုးကွယ်မှုတွေဆီကရုန်းထွက်နိုင်ခဲ့လို့။
ကို Shwe Tike Soe ရေအားပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါနော်။
ဝတ္ထုတစ်ပုဒ်အဖြစ်သက်မှတ်ပြီး ဝတ္ထုလိုတစ်ပုဒ်လိုခံစားသွားလို့လည်းရပါတယ် ကိုkyeemiteရေ။
ကျေးဇူးပါ။
လျို့ဝှက်သည်းဖိုကြိုက်တဲ့ mocho အတွက် နောက်ပိုစ့်တွေအများကြီးရေးပေးဦးမှာမို့ အားပေးပါအုံးနော်။
ကို မိုက်ကယ်ဂျော်နီအောင်ပု ရေဝင်ရောက်ဖတ်ရှုအားပေးသွားတဲ့အတွက် ကျေးဇူးနော်။
Ma Ei ဘာကိုဆိုလိုချင်တာလည်းဆိုတာသိနေတယ်လေ။ မေကိုယ်တိုင်လည်း ဒီအကြောင်းကို ကြားတုန်း
က ဒီလိုပဲခံစားတွေးတော မိပါသေးတယ်။
pooch
May 25, 2012 at 10:30 pm
အစအဆုံး ဖတ်သွားပါတယ်။ အားပေးသွားပါတယ်နော်။
soe myint su kyi
May 26, 2012 at 2:47 pm
အစအဆုံးကိုတစ်ထိုင်တည်းဖတ်ပြီးအားပေးသွားပါတယ် မမမေရေ ။ ဖတ်ရင်းနဲ ့နတ်ကရိုင်းမယ်တော်အပေါ်ကိုလည်း စိတ်တိုမိသလို ၊ ဂါးကြီး ဂါးလေးတို ့အပေါ်ကိုလည်းစိတ်မကောင်းဖြစ်မိပါတယ် ။ နတ်ဆိုတာမျိုးကလည်း လူတွေလိုဘဲလေ သူတို ့ကိုသွားပြီးမပက်သတ်မိခဲ့ရင်တော့ ကိုယ့်အပေါ်မှာ ချစ်တာလည်းမရှိသလို ၊ မုန်းတာတွေလည်းမရှိဘူးပေါ့လေ ။ ဒါကြောင့်မို ့သူ ့ဘာသာသူနေ ၊ ကိုယ့်ဘာသာကိုယ်နေတာကအကောင်းဆုံးပါဘဲ ။ စု အနေနဲ ့ကတော့ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးတာလျှင် ကိုးကွယ်ရာလို ့ဘဲထင်မိပါတယ် ။
may flowers
May 26, 2012 at 8:28 pm
အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးပါ စုရယ်။ ဟုတ်ပါတယ် မမလည်းစုပြောသလို အစလုပ်ပြီး
မကိုးကွယ်ကြပဲ ကိုယ့်ဘာသာနေကြရင်အကောင်းဆုံးလို့ပဲ ထင်ပါတယ်။
pooch ရေ အားပေးတဲ့အတွက်ကျေးဇူးပါနော်။
တညင်သား
May 27, 2012 at 8:49 am
ကျွန်တော်လဲ ဝင်ပွါးအုံးမယ်…:)
နတ်ကိုယုံကြည်သူအဖို့ အခုလို အိမ်မက်လာပေးရင် ပါးစပ်လေးပဲ စိုက်ပြီး တောင်းပန်လိုက် ပြီးတယ်(အသံထွက်စရာမလို)
မယုံကြည်ရင်လဲ အစမလုပ်ကြနဲ့…(ကန္နားစီး တညင်သား) ဟီးးးးး
အိမ်ဘေးနားက လင်မယားနှစ်ယောက် ရန်ဖြစ်ပြီဆိုရင် ကိုးကွယ်ထားတဲ့ နတ်ရုတ် တွေရော နတ်စင်တွေပါ အကုန်ကန်ချပြစ်တာ..
ပြန်တည့်တော့လဲ ကိုးကွယ်ကြပြန်တာပဲ မေးကြည့်တော့ ဒီလိုပဲ တောင်းပန်ရတာပါပဲတဲ့….
ကျွဲအကြောင်းပြောရရင်တော့ ဘေးကပုံလေးသာကြည့်တော့..
ကိုသာဆောင်က ကျွဲကို ချစ်လို့ နေ့ခင်း(ရေးထားသောအချိန်မမှတ်မိ) မခိုင်းဘူးလို့ ပြောတယ်..အမှန်တော့ ခိုင်းလို့ကိုမရတာ ဘာလို့လဲဆိုရင် ကျွဲက အပူဒဏ်ကို မခံနိင်ဘူး လှည်းတပ်ခိုင်းလက်စ တန်းလန်းကြီးဆိုရင်လဲ ရေလောင်းပေးရတယ်..မလုပ်လို့ကတော့ ရေကန် ရေမြောင်း ထဲကို လူရော လှည်းရော တန်းရောက်သွားမယ် …
နောက်တခုက အနီရောင် နဲ့လုံးဝ မတည့်ဘူး အနီရောင်ဝတ်ပြီးအနားသွားရင်လိုက်ခတ်ပါတယ် အမျိုးသမီးများ အပေါ်အောက် အနီရောင် ဝတ်ထားရင် ကျွဲအနီးနားမသွားသင့်ဘူး…
ငှက်ပျောပင် ငှက်ပျောတော တွေ့ရင်ခတ်ပါတယ် ဘာကြောင့်ရယ်တော့ အတိကျမသိပါဘူး
ခုနောက်ပိုင်းကျွဲတွေကတော့ နဲနဲယဉ်ပါးလာပါပြီ ငှက်ပျောပင် အောက်က မျက်တောင်စားနေတယ်…
ဘာလိုပဲဖြစ်ဖြစ် ဘုန်းကြီးနဲ့ အနီရောင်ဝတ်မဲ့ အမျိုးသမီးများ သတိထားသင့်တယ်….
ကျွဲနားမှာ ရပ်လိုက်မိတဲ့ ကား အနီရောင်ကို ဝင်ခတ်လို့ ကားရှေ့မှန်ကွဲဘူးတယ် အဲဒီလို အဲဒီလို….
နွားသိုး တွေက ခဏခဏ ဝှေ့တာကို မြင်ဘူးကြမှာပါ နွားသိုးနှစ်ကောင်ကို လူက ကိုင်ပြီးတိုက်ပေးလဲ ဝှေ့ပါတယ်…ကျွဲကတော့ နွားတွေလိုအားအားယားယား မခတ်ပါဘူး လူက ကိုင်ပြီး တိုက်ပေးလဲ မခတ်ပါဘူး ကျွဲနှစ်ကောင်ခတ်ပြီလားဆိုရင် တမိထဲဖွားလဲ ခတ်ပါတယ် တခြံထဲမှာရှိလဲ ခတ်ပါတယ် …နွားဝှေ့နေပြီဆိုရင်ကြည့်လို့ရပါတယ်လူကို အန္တရယ်မပြုပါဘူး ….
ကျွဲနှစ်ကောင် ခတ်ပြီ ဆိုရင်တော့အရမ်းကြည့်လို့ကောင်းပါတယ် ဒါပေမဲ့ လွတ်ရာကိုသာ ရှောင်ကြပါ ဗျို့…………
may flowers
May 27, 2012 at 9:42 am
ကိုတညင်သားရေး ပြောပြမှပဲ ကျွဲအကြောင်းတော်တော်သိရတော့တယ်။ ကျေးဇူးပါ ကျွဲဆရာ(အဲ)
ကိုတညင်သားရေ ကျွဲဗဟုသုတလေးတွေပြောပြတဲ့အတွက်…။