Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်လိုတောင်းတောင်း မပေးဘူး

Green RoseMay 25, 20121min109970

စာရေးမယ်ရေးမယ်နဲ့ အကြောင်းအရာတွေက ခံစားလိုက်ပျောက်သွားလိုက်ဖြစ်နေတာ။ တစ်ခုခုကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ ဖြတ်ကနဲပေါ်လာတဲ့ အတွေးလေး တစ်ခုကို စာအဖြစ်ပြန်ရေးပြဖို့ တော်တော်မလွယ် တာပါ။ တွေးမိတဲ့အချိန်က လမ်းပေါ်မှာ သွားလာနေရင်းမျိုး ဖြစ်ဖြစ်နေတာများတယ်။ နောက် အားသွားတဲ့အချိန် ကျပြန်တော့လည်း ခံစားချက်က ပေါ့သွားသလိုဖြစ်နေတော့ မရေးဖြစ်ပြန်ဘူး။ စာရေးနိုင်တဲ့သူတွေကို တကယ်အားကျတယ်။

အကြောင်းအရာ တော်တော်များများကို ခဏခဏ ပြန်မခံစားမိပေမယ့် အခုရေးမယ့် အကြောင်းအရာ ကတော့ နှစ်ရှည်လများ ရင်ထဲမှာ တစိုက်မတ်မတ် ခံစားလာမိ နေတာလေးတွေ ဖြစ်နေတယ်။

လမ်းပေါ်မှာတွေ့နေရတဲ့ အရွယ်စုံ ပုံစံစုံ တောင်းရမ်းစားသောက်နေသူတွေပါ။ Green Rose က အရင်တုန်းက တောင်းစားတဲ့သူကိုဆိုရင် သနားဖို့ပဲသိတာ။ တခြား ရှည်ရှည်ဝေးဝေး ဘာမှ မတွေးမိခဲ့ပါဘူး ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်မိခဲ့တာလေးက လမ်းဘေးမှာတောင်းစားနေတဲ့သူတွေအကုန်လုံးကို စုစည်းပြီး နေစရာ နေရာလေး ဖန်တီးပေးချင်တာ။ အလကားတော့မပေးနိုင်ဘူးလေ.. အလုပ်ရုံတစ်ခု ထူထောင်ပြီး စိတ်ဝင်စားရာ၊ ကျွမ်းကျင်ရာ လက်မှု၊ စက်မှု ပညာလေးတွေ သင်ပေးပြီး သူတို့ရဲ့ လုပ်အားခနဲ့ ပြန်ရပ်တည်နိုင်အောင် လုပ်ပေးချင်တာ။ သိက္ခာလေးတစ်ခုနဲ့ ရပ်တည်နိုင်ကြစေချင်တာ။ (ခုထိလည်း စိတ်ကူးနေမိဆဲပါ)

ဒါပေမယ့် အခုနောက်ပိုင်းသတိထားမိလာတာက တချို့သော တောင်းရမ်းစားသောက်နေသူတွေဟာ Green Rose တို့ရဲ့ ဂရုဏာကို လိမ်ယူနေတယ်ဆိုတာပါပဲ။

ပထမဆုံး သတိထားမိခဲ့တာက သားအဖ ၂ ယောက်ပါ။ အဲဒီ့အချိန်တုန်းက Green Rose လက်ထဲမှာ ငွေ ၃၀၀၀/- ပြည့်အောင်ကိုင်ဖို့တောင် မလွယ်ခဲ့တဲ့အချိန်ပါ။ တစ်ရက် Green Rose ကားဂိတ်မှာ ကားစောင့်နေတုန်း အဲဒီ့သားအဖ ၂ ယောက်နဲ့ တွေ့တာပါ။ အိမ်ပြန်စရာ လမ်းစရိတ်မကျန်တော့လို့ လမ်းစရိတ်လေးကူညီပါဆိုလို့ လက်ထဲမှာ ရှိတဲ့ငွေ ၁၀၀၀/- ကျော်ထဲက ကိုယ့်အတွက် လမ်းစရိတ်ချန်ပြီး ကျန်တာ ပေးခဲ့ပါတယ်။ နောက်တစ်ပါတ်လောက်ကြာတော့ အဲဒီ့သားအဖ Green Rose ကို မမှတ်မိပဲ နောက်တစ်ကြိမ်လာတောင်းတော့မှ လိမ်ပြီးတောင်းနေမှန်း သိခဲ့တာပါ။ အဲဒီ့တစ်ကြိမ်မှာတော့ မပေးခဲ့တော့ပါဘူူး။  နောက်ပိုင်း ကားခမကျန်တော့လို့ ဆိုပြီး လာတောင်းတဲ့လူတွေကို တွေ့တိုင်း ပိုက်ဆံမပေးပဲ စပယ်ယာကိုပြောပြီးစီးသွားပါလို့ အကြံပေးတတ်လာပါတယ်။ ဟုတ်တယ်လေ.. စပယ်ယာကိုပြောစီးရင် အဲဒီ့စပယ်ယာတစ်ယောက်ဆီမှာပဲ အကူအညီတောင်းရ သိက္ခာကျရမှာ။ အခုတော့ တွေ့သမျှလူဆီမှာ အကူအညီတောင်းနေရတာ။

နောက်တစ်ခါက ကလေးတွေပါ။ လမ်းဘေးဆိုင်မှာ မုန့်စားနေတာကို လာတောင်းတဲ့ခလေးတွေပါ။ အရင်တုန်းကတော့ Green Rose က တတ်နိုင်သရွေ့ မုန့်ဖိုးပေးပါတယ်။ နောက်ပိုင်းကျတော့ ခလေးတွေလက်ထဲကို ထည့်လိုက်တဲ့ငွေဟာ တစ်စုံတစ်ယောက်လက်ထဲကိုများ ရောက်သွားသလားလို့ သံသယတွေရှိလာလို့ တတ်နိုင်သရွေ့ မုန့်ဝယ်ကျွေးပါတယ်။ (ဆိုင်မှာတော့ ထိုင်စားဆိုပြီး ဝယ်ကျွေးတာမျိုးမလုပ်ပါဘူး။ သယ်သွားလို့ရမယ့် မုန့်မျိုးတွေပဲ ဝယ်ကျွေးတာပါ။) မုန့်ဝယ်ကျွေးရင်းနဲ့ နည်းနည်းပါးပါး မေးကြည့်မိတော့ အဲဒီ့အထဲက ခလေးတစ်ယောက်ကဖြေပါတယ်။ သူ့မှာ မိဘတွေမရှိတော့ပဲ အဘွားနဲ့ပဲနေရပြီး အဲဒီ့အဘွားက မျက်စိမမြင်ပါဘူးတဲ့။ မေးပြီးတော့ အခုထိ တစ်ချိန်လုံး ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိပါတယ်။ လိပ်စာလည်း မေးမထားမိ၊ အချိန်ယူပြီးလည်း လိုက်မကူညီနိုင်နဲ့ စိတ်ဆင်းရဲမိတာပဲရှိလို့ပါ။ တာဝန်တစ်ခု မကျေမိသလိုကို ခံစားနေရတာ။

နောက်ခလေးတစ်အုပ်စုကတော့ စာရွက်လေးတွေနဲ့ လိုက်အလှူခံတာပါ။ Green Rose ထပ်ပြီးစပ်စုမိပြန်ပါတယ်။ အဲဒီ့စာကို ဘယ်သူရိုက်ပေးတာလဲလို့မေးတော့ သမီးကိုယ်တိုင် ရိုက်တာပါလို့ဖြေပါတယ်။ လိမ်ပြီးတောင်းမှန်းသိပေမယ့် မုန့်တော့ ဝယ်ကျွေး ခဲ့ပါတယ်။

နောက်တစ်ခါကတော့ ကားပေါ်မှာ စာရွက်လိုက်ကမ်းတဲ့ ခလေးမလေးတစ်ယောက်ကို စာရွက်ပြန်မပေးပဲ အစ်မယူထားလို့ ရမလားဆိုပြီး တောင်းယူထားလိုက်တာပါ။ ငွေလည်းမပေးလိုက်ပါဘူး.. နောက်ပြီး အစ်မ ကူညီနိုင်တာရှိရင် ကူညီချင်လို့ လိပ်စာ  ပေးလို့ရမလားလို့ မေးကြည့်တော့ လိပ်စာတော့မရှိဘူး.. ဖုန်းနံပါတ်တော့ရှိတယ်ဆိုပြီး ပေးသွားပါတယ်။ အဲဒီ့အချိန်အထိ Green Rose က စုံစမ်းကြည့်လို့ တကယ်လိုအပ်တာမျိုးဆိုရင် ကူညီမလို့ပါ။ ဒါပေမယ့် ပြသနာက မြေနီကုန်းရောက်လို့ Green Rose ကားပေါ်က ဆင်းတော့မှ စတာပါ။ Green Rose ဆင်းတော့ အဲဒီ့ခလေးမက နောက်က လိုက်ဆင်းတယ်။ နောက်ပြီး ကားဂိတ်မှာ ရပ်နေတဲ့ လူတစ်ယောက်ဆီကို ပြေးသွားပြီး အဲဒီ့အစ်မက လိပ်စာတောင်းလို့ ဖုန်းနံပါတ်ပေးလိုက်တယ် လို့သွားပြောတာ။ သူက ပြေးပြီးဆင်းပြောတာ။ Green Rose က လမ်းဖြေးဖြေးလျှောက်တာဆိုတော့ အကုန်ကြားလိုက်ရတယ်။ လူကိုတော့ ဖြတ်ခနဲပဲ မြင်လိုက်ရပြီး နောက်ထပ်လှည့်မကြည့်ရဲတာနဲ့ မမှတ်မိလိုက်ဘူး။  သိတော့သိနေတယ်။ အဲဒီ့လို ခလေးတွေမှာ နောက်ကွယ်က ကြိုးကိုင် ခိုင်းစားနေတဲ့လူတွေရှိနေတယ်ဆိုတာကို။ (ကြည့်ရတာ စာရွက်တွေပျောက်ရင် အဆူတွေဘာတွေများခံရလားမသိဘူး) အဲဒီ့လူတွေကို ဘယ်လို လုပ်ရင်ကောင်းမလဲ။ ခလေးတွေက အခြေအနေအရ ဘာမှ မလုပ်တတ်လို့၊ လွယ်လို့ တောင်းစားတာဆိုရင် ကြည်ဖြူနိုင်ပေမယ့် အဲလို နောက်ကွယ်ကနေ ခလေးတွေရဲ့ အနာဂါတ်ကို ဖျက်ဆီးပြီး အမြတ်ထုတ်နေတဲ့လူတွေကိုတော့ မိဘအရင်းဆိုရင်တောင် ခွင့်မလွှတ်နိုင်ပါဘူး။ အခြေအနေပေးရင် အဲဒီ့ကိစ္စတွေကို ဖြေရှင်းနိုင်ချင်ပါတယ်။ (အကြံပေးကြပါ)

နောက်တစ်ခါက သင်္ကန်းဝတ်ပါ။ အဲဒီ့လမ်းထိပ် ကားဂိတ်နားမှာ ပထမ တစ်ရက်က Green Rose ကို ဖိနပ်ပြတ်နေလို့ ဆိုပြီး အလှူခံတာပါ။ မပေးခဲ့ပါဘူး။ နောက်တစ်ရက် အဲဒီ့နားမှာပဲ အမျိုးသမီးတစ်ယောက်ကို အဲဒီ့ သင်္ကန်းဝတ်ကပဲ ဖိနပ်ပြတ်နေတာကို ပြပြီး အလှူခံပါတယ်။ အဲဒီ့အမျိုးသမီးက တွယ်ချိတ်ပါပါတယ် ဘုရားဆိုပြီး တွယ်ချိတ်ထုတ်ပေးပါတယ်။ နောက်တစ်ရက် အဲဒီ့ သင်္ကန်းဝတ်က နေရာရွှေ့ပြီး အလှူခံပါတယ်.. ဒါပေမယ့် ဖြစ်ချင်တော့ Green Rose တို့ အိမ်လမ်းထိပ်ကို ရောက်လာတာပါ။ Green Rose ကိုမမှတ်မိပဲ ဖိနပ်ပြတ်နေလို့ ဆိုပြီး ထပ်အလှူခံပါတယ်။ Green Rose လည်း စိတ်ပေါက်ပေါက်နဲ့ အရှင်ဘုရား ဖိနပ်ပြတ်တာ တပည့်တော်နဲ့တွေ့တာ ၃ ခါရှိပါပြီလို့ ပြောခဲ့တယ်။ အဲဒီ့ သင်္ကန်းဝတ် နောက်ရက်အတော်ကြာတော့ Green Rose နဲ့ ဘုန်းကြီးကျောင်းတစ်ခု က လမ်းကျဉ်းလေးမှာ ဆုံပါတယ်။ Green Rose က မမှတ်မိပါဘူး.. ဘုန်းကြီးတွေ့လို့ လမ်းဖယ်ပေးမိတာကို ဖြတ်မသွားပဲ ဘေးကပ်ရပ်ပြီး ပြန်ဖယ်ပေးနေလို့ ကြည့်လိုက်မိမှ မှတ်မိသွားတာပါ။ မသိတဲ့လူတွေမြင်ရင်တော့ Green Rose ကို ဘယ်လိုများထင်မလဲမသိပါဘူး.. ဘုန်းကြီးကတောင် လမ်းဖယ်ပေးရတယ်ဆိုပြီးတော့…..

အဲဒီ့တော့ Green Rose ရဲ့ စိတ်ထဲမှာ လမ်းဘေးမှာ တောင်းစားနေတဲ့လူတွေကို ပေးကမ်းနေသရွေ့ ဒီလူတွေ တောင်းစား နေမှာပဲမို့ မပေးကမ်းရေး မဲဆွယ်ပွဲပဲလုပ်ရမလားစဉ်းစားမိပါတော့တယ်။  (Green Rose ကတော့ မပေးဖို့ ဆုံးဖြတ်ပြီး မပေးပဲနေနိုင်အောင် နေနေပေမယ့် တစ်ခါတစ်ခါ မနေနိုင်တော့ ပေးမိတာပါပဲ) ဘယ်သူမှ မပေးကမ်း ကြတော့ဘူးဆိုရင် ဒီလူတွေ တောင်းမစားပဲ အလုပ်တွေဘာတွေများ လုပ်များလုပ်ကြလေမလားလို့တွေးမိတယ်။

တစ်ကြိမ်မှာကတော့ Green Rose အလုပ်ကို အသွား ကားပေါ်မှာ တွေ့ကြုံခဲ့ရတာလေးပါ။ Green Rose ဘေးနားက လူ ထသွားတော့ ခလေးလေးတစ်ယောက်လာထိုင်ပါတယ်… တော်တော်ကြာတော့ အဲဒီ့ခလေးလေးက Green Rose ရဲ့လက်ကို လာတို့ပါတယ်.. လှည့်ကြည့်လိုက်တော့ Green Rose ရဲ့ အိတ်ထဲကနေ စွန်းထွက်နေတဲ့ ၂၀ဝ တန်ကို လက်ညှိုးထိုး ပြပါတယ်.. အမ ပိုက်ဆံထွက်ကျနေတယ်တဲ့…(သူမပြောပဲ ယူထားလိုက်ရင်တောင် Green Rose ဘယ်လိုမှမသိနိုင်ပါဘူး)   အဲဒီ့တော့မှ အဲဒီ့ခလေးကို ကြည့်လိုက်မိတော့ ဖိနပ်မပါပါဘူး.. အဝတ်အစားကလည်း တော်တော်ဟောင်းနွမ်းနေတာပါ.. လူကလည်း ညစ်ပတ် နေပေမယ့် အဲဒီ့ခလေးရဲ့ အကြည့်တွေ အရမ်းကို ကြည်စင်နေပါတယ်.. နည်းနည်းစကားပြောကြည့်တော့ သူကအဖွားနဲ့နေတယ်တဲ့၊ Green Rose သူ့ကို အိတ်ထဲမှာ ပါလာတဲ့ မုန့်တွေနဲ့ မုန့်ဖိုး တချို့ပေးလိုက်တော့ အရမ်းပျော်သွားပြီး သူ့အဖွားအတွက် ဆေးဝယ်ပေး ရမယ်လို့ပြောသွားတယ်။

ဒါပေမယ့် ခုထိစဉ်းစားနေမိတာက Green Rose အဲဒီ့လိုပေးလိုက်တာဟာ အဲဒီ့ခလေးကို ဖျက်ဆီးလိုက်သလိုများ ဖြစ်သွားမလား လို့ပါ။ ပြောတော့ပြောလိုက်ပါတယ်.. သူ့ရဲ့ ရိုးသားတဲ့စိတ်လေးကိုချစ်လို့ မုန့်ဖိုးပေးလိုက်တာလို့လေ။ ပေးသာ ပေးလိုက်တာ ယူမှယူပါ့မလား၊ စော်ကားသလိုများဖြစ်သွားမလားလို့လည်း စဉ်းစားနေခဲ့မိသေးတာ.. အဲဒါပဲနော် အမှန်ဆို အဲဒီ့ခလေးက အပြင်ပန်းအမြင်မှာ အထင်ကြီးစရာမရှိပေမယ့် သူ့ရဲ့ စိတ်ဓါတ်ကို လှမ်းမြင်လိုက်မိတော့ Green Rose မှာ သူ့ကို မုန့်လေးကျွေးမိ၊ မုန့်ဖိုးလေး ပေးမိတာတောင် အားတွေနာလို့။

အခုနောက်ပိုင်း Green Rose သတိထားမိလာတာက ရန်ကုန်မှာ၊ လမ်းပေါ်မှာ ပုံစံမျိုးစုံနဲ့ တောင်းရမ်းစားသောက်နေသူတွေ အရမ်းများလာသလိုပဲ။ အဲဒါကို မကိုင်တွယ်နိုင်ရင် ကြာရင် ပိုပိုဆိုးလာမယ်ထင်တယ်။ အထူးသဖြင့် ခလေးတွေနဲ့ သင်္ကန်းဝတ်တွေ။ ခလေးတွေက အနာဂါတ်အတွက် ပြုစုပေးဖို့ လိုအပ်ပြီး၊ သင်္ကန်းဝတ်တွေကိုတော့ ဘာသာ၊ သာသနာ အတွက် ထိန်းသိမ်း၊ တည့်မတ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

အလွယ်ဆုံးကနေစရရင်တော့ သင်္ကန်းဝတ်တွေပါ။ (အဲဒီ့ကိစ္စ ကိုထူးဆန်းရဲ့ ပို့စ် တစ်ခုမှာ အစဖေါ်ခဲ့ဖူးပါတယ်၊ အခုကတော့ MG ကရွာသူရွာသားတွေကို အဖေါ်ညှိတာပါ)

လမ်းမှာ အကြောင်းမျိုးစုံနဲ့ အလှူခံနေတဲ့သင်္ကန်းဝတ်တွေကို တွေ့ရင်

၁။  ကျောင်းတိုင်ယာရောက် လိုက်ပို့ပြီး အခြေအနေမှန်ကို လေ့လာ၊ တကယ် လိုအပ် ခက်ခဲတာဆိုရင် လှူ ။

၂။ ကျောင်းတိုင်ယာရောက်လိုက်ပို့ဖို့ ကျောင်းလိပ်စာ မပေးဘူးဆိုရင်တော့ ဒါလိမ်တာလို့ ယူဆလို့ရပါပြီ။ အဲဒါဆိုရင် ရဲစခန်း၊ (သို့) သံဃာ့အစည်းအရုံးလိုမျိုးကို ခေါ်သွားပြီးအပ်။ (လက်ကောခံပါ့မလားမသိဘူးနော်)

၃။ ကျန်းမာရေးချို့တဲ့လို့ ဆိုရင်တော့ သံဃာ့ဆေးရုံကို ပို့ပေး၊ လိုအပ်တဲ့ဆေးဝါး လှူ

လုပ်ကြည့်ကြမလားဟင်.. အကုန်လုံးစုစည်းပြီးလုပ်စရာမလိုပါဘူး။ Green Rose ကလည်း Green Rose ဖာသာ ကြုံကြိုက်တဲ့အခါ၊ အချိန်ပေးနိုင်တဲ့အခါ လုပ်မယ်။ ပြီးရင် MG မှာ ပြန်ပြီး Share လုပ်ပေးမယ်လေ.. ဘယ်နေ့ တုန်းက ဘယ်နေရာမှာ ဘယ်သင်္ကန်းဝတ်/ဘယ်ဘုန်းကြီးကို ဘယ်ကိုလိုက်ပို့ခဲ့တယ်၊ ဘယ်လိုကူညီခဲ့တယ် ဆိုတာလေ။ အဲလိုပဲ ရွာသူ/ ရွာသားတွေထဲက လည်း ကြုံရင် ကြုံသလို လုပ်ကြရင် နည်းနည်းတော့ အကျိုးရှိမယ်ထင်တာပဲ။

နောက်ခလေးတွေအတွက်ကတော့လည်း ဒီလိုပဲလေ.. ခလေးတွေကျတော့ ၂ ပိုင်းကွဲသွားပြီထင်တယ်။ သူတို့ဖာသာ တောင်းရမ်းနေတာရယ်၊ နောက်ကွယ်က သူများခိုင်းလို့ တောင်းရမ်းနေရတာရယ်။ သူတို့ဖာသာ အခက်အခဲရှိလို့ ဆိုရင် ကူညီလို့ ရနိုင်ပေမယ့် နောက်ကွယ်က ခိုင်းနေတဲ့လူတွေရှိတဲ့ ခလေးတွေကျရင်တော့ ပြသနာနည်းနည်း ရှိမယ်ထင်တယ်။ Green Rose တော့ အခုကစပြီး လုပ်နိုင်သရွေ့လုပ်ကြည့်ချင်တယ်။ လုပ်ဖို့လည်း သတ္တိရှိချင်တယ်။  လမ်းဘေးမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ နေပူ၊ မိုးရွာမရှောင် တောင်းရမ်းနေတဲ့ ခလေးတွေအရမ်းများလာနေတာကို ဒီတိုင်းကြီးကြည့်မနေချင်ဘူး။ ဝိုင်းဝန်းပြီးအကြံပေးကြပါဦး။

 

လေးစားလျှက်

(Green Rose)

70 comments

  • kai

    June 2, 2012 at 10:58 am

    ကျုပ်ကတော့.. “ငါ့လက်ကလွတ်..ဗြွတ်အလှူ”ကို ကြိုက်လည်းမကြိုက်.. အားလည်းမပေးပါ..
    ဆိုတော့..
    သူတောင်းစားပေးတာဖြစ်ဖြစ်.. အလှူလုပ်တာဖြစ်ဖြစ်… ကိုယ်ဘာလုပ်တယ်..သူဘာကောင်လည်း.. ဘယ်သူဘယ်လောက်အကျိုးရှိမလည်း.. တွက်ချက်လှူကြပေးကြစေလိုတာပါပဲ..

    “ကိုယ်”နဲ့မတိုင်းတာပဲ.. “သူ”နဲ့တိုင်းတာရင်တော့.. ဘုရားကြိုက်တဲ့အလှူလို့.. ယူဆမိပါတယ်..။

  • soe myint su kyi

    June 2, 2012 at 2:11 pm

    ဟုတ်တယ် Green Rose ရေ တို ့လည်းကြုံဘူးပါတယ်။ လမ်းဘေးမှာ မွေးကင်းစကလေးငယ်လေးတွေချီချီပြီးတောင်းစားနေတဲ့ အမျိုးသမီးတွေကိုလေ….နောက်မှတို ့သိရတာက အဲ့ကလေးလေးတွေက သူတို ့ကလေးတွေမဟုတ်ဘဲ ကလေးမိဘတွေရှီကနေပြီးတားကို နေ ့စားခနဲ ့ငှားထားတဲ့ ကလေးတွေတဲ့ … ကဲ …အဲ့တော့မခက်ပေဘူးလား ဒီလိုကလေးပေါက်စကလေးတွေကိုတောင်မှ ငှားစားနေကြတာဆိုတော့လေ ။
    အဲ့တော့ တို ့စဉ်းစားမိတာကတော့ ဒီ ကိစ္စကိုဖြေရှင်းဖို ့ဆိုတာတို ့တွေနဲ ့တွေပြီးမှာ မဟုတ်ပါဘူး ။ ဒီလို
    street children ဖြစ်နေတဲ့ကလေးတွေကို တာဝန်ရှိသူတွေက ထိန်းသိမ်းပေးပြီး ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေးဖို ့လိုအပ်တယ်လို ့ဘဲထင်ပါတယ် ။

  • soe myint su kyi

    June 2, 2012 at 2:24 pm

    ဟုတ်တယ် Green Rose ရေ တို ့လည်းကြုံဘူးပါတယ် ။ လမ်းဘေးမှာ ကလေးငယ်လေးတွေ ချီပြီးတော့ တောင်းတောင်းနေတဲ့ အမျိုးသမီးတွေလေ … တကယ်တမ်းကသူတို ့ချီထားတဲ့ကလေးတွေက သူတို ့ကလေးတွေမဟုတ်ဘူးတဲ့ ကလေးမိဘတွေကနေ ဒီကလေးတွေကို နေ ့စားခနဲ ့ငှားထားတာတဲ့…ကဲ…
    မဆိုးပေဘူးလား ဒီလိုကလေးလေးတွေကိုတောင်မှ ငှားစားတဲ့မိဘတွေက ရှိနေသေးတယ်လေ။တို ့အထင်ကတော့ ဒီလိုကိစ္စတွေက တို ့တစ်တွေနဲ ့တင်ဖြေရှင်းလို ့ရမှာ မဟုတ်ဘူး ။
    တာဝန်ရှိတဲ့သူတွေကနေပြီး ဒီလိုကလေးတွေကို ဝန်းဝိုင်းကာကွယ်စောင့်ရှောက်ပေးမှရမှာပါ ။ ဒါမှ ဒီလိုကလေးတွေကို ဗန်းပြပြီးတောင်းစားမဲ့လူတွေမရှိတော့မှာ။

  • naung naung

    June 2, 2012 at 3:01 pm

    အဆိပ်ပင်ရေမလောင်းပါနဲ့တဲ့ ……………အပြောခံခဲ့ရဘူးတယ်. တစ်ချိန်က ကျွန်တော်မန္တလေးမှာ အလုပ်လုပ်နေစဉ်အချိန်က ညဘက် စားသောက်ဆိုင်တဆိုင်မှာ ကျွန်တော်အထက်လူကြီးနှင့်အတူ သောက်စားနေတဲ့ အချိန် ဘေးကလာရပ်ပြီး ပိုက်ဆံတောင်းလို့ ကျွန်တော်လဲ သနားတာနဲ့ အဲဒီကလေးကို 200 တန်လေးတစ်ရွက်ထုတ်ပေးတော့ ကျွန်တော့်ဘေးက အထက်လူကြီးက ကျွန်တော့်လက်ကို လျှပ်တပြတ်ပုတ်ချပါတယ်။။ ကျွန်တော်လဲ အတော်ကိုအံ့ဩသွားပါတယ် ဒီလူကြီးဘာလုပ်တာလဲပေါ့စိတ်ထဲမှာတော့ ပြီးတော့မှသူက ပြောပါတယ် ခင်များအဲဒါအဆိပ်ပင်ကိုရေလောင်းနေတာနဲ့အတူတူဘဲတဲ့ လွယ်လွယ်ရမှန်းသိရင် ဘယ်တော့မှ အဲကလေးအလုပ်လုပ်စားမှာမဟုတ်တော့ဘူးတဲ့ ။ဒါကြောင့်ဘယ်တော့မှ လွယ်လွယ်မပေးပါနဲ့တဲ့ ။ခင်များစေတနာရှိတယ်ဆိုရင် သူကိုတခုခုလုပ်ခိုင်းလိုက်ပါတဲ့။ ကျွန်တော်ဥပမာပြမယ်ဆိုပြီး အဲကလေးကိုခေါ်ပါတယ် ပြီးတော့ ကလေးကိုပြောတယ် မင်းဟောဟိုမှာရပ်ထားတဲ့ ဦးကားကို သွားပြီးတော့ ဖုန်သုတ်ပေး ပြီးရင် မင်းကိုဦးမုန့်ဖို့ 1000 ပေးမယ်ဆိုပြီးပြောလိုက်ပါတယ် ။ကလေးလဲ ကားနားကိုသွားပြီး သူ့အင်္ကျီလေးချွတ်ပြီးတော့ ကားကိုဖုန်သုတ်ပေးရှာတယ် ။ခဏလောက်နေတော့ ကလေးက ကျွန်တော့်တို့စားပွဲဝိုင်းနားကိုပြန်လာပါတယ် ဦးသားဖုန်သုတ်ပြီးပါပြီတဲ့။အဲတော့ သူကလဲ သူပြောထားတဲ့အတိုင်း ငွေ 1000 ပေးလိုက်ပါတယ်။ ပြီးမှ ကျွန်တော့်ကိုပြောပါတယ် .အဲဒါဘဲတဲ့ ဒါဆိုရင် ခင်များလဲ ကူညီရာရောက်သလို ကလေးလဲ အလုပ်လုပ်ရင် ပိုက်ဆံရတယ်ဆိုတာသိသွားတဲ့အတွက် အမြဲတမ်းကြီးတောင်းစားနေမှာမဟုတ်တော့ဘူးတဲ့ သူကားကိုဖုန်သုတ်သွားတာ မပြောင်ပါဘူးတဲ့ သူလုပ်လဲမလုပ်တတ်ပါဘူးတဲ့ ဒါပေမဲ့ သူ့ကိုယုံကြည်မူ့လေး လမ်းညွှန်မူ့လေး ရသွားစေခြင်တာအဓိကပါတဲ့။ ဒါကြောင့် နောက်ကို အလွယ်မပေးပါနဲ့လို့ သူကဆုံးမခဲ့လေသတည်းပေါ့ဗျာ။။။ ထိုနေ့မှစရျွ်ကျွန်တော်လဲ ပေးကမ်းခြင်းအားတတ်နိူင်သလောက်ရှောင်ပါသည်။ လမ်းညွှန်မူ့သာများများလုပ်နိူင်အောင်ကြိုးစားပါသည်။ ကလေးများအတွက်ကိုသာဆိုလိုပါသည် အရွယ်ရောက်ပြီးသူများကတော့ အထက်ကပြောသလို မင်းတို့ပေးတဲ့အလုပ်က ငါတောင်းစားနေတာလောက်ဝင်ငွေမကောင်းလို့စိတ်မဝင်စားဘူးဆိုတာကိုတော့ ဘာနဲ့မှညွှန်ပြရျွ် မရနိူင်ပါကြောင်း…………………

  • ဆူး

    June 3, 2012 at 1:44 pm

    သင်္ကန်းဝတ် ဆိုတဲ့ အသုံး အနှုန်းကို သဘောကျမိတယ်။
    ဘုန်းကြီး ရဟန်း လို့ ခေါ်ဝေါ် သုံးနှုန်းဖို့ လုံးဝ ကို မသင့်တဲ့ သူတွေပါ။ သာသနာကို ညှိုးနွမ်းအောင် ပျက်စီးအောင် လုပ်နေတဲ့ လူအစစ်တွေပါ။

    လွန်ခဲ့တဲ့ ၆လလောက်တုန်းက သူငယ်ချင်းက ဆိုင်ကို လာလည်လို့ အပြင်ထွက်ပြီး လမ်းထိပ်မှာ မုန့်သွားစားကြတယ်။ မုန့်စားပြီး အပြန် လမ်းထိပ်မှာတင် သင်္ကန်းဝတ် တယောက်က ဖိနပ်ပြတ်သွားလို့ ဖိနပ်ဖိုးလေး ၃၀၀ဝ လောက် လှူပါတဲ့။ ဖိနပ် တကယ်လိုနေရင် အရှေ့မှာ သင်္ကန်းဆိုင်ရှိတယ် အဲဒီ ကို သွားကြမယ် တခါတည်း သင့်တော်တဲ့ ဆိုဒ်ကို လှူပေးလိုက်မယ်လို့ ပြောတော့ အဲဒီ ဘက်ကို မလျှောက်ချင်ဘူး လမ်းလည်းမသင့်ဘူး ဒီဘက်ကိုပဲ သွားမယ် ပြောတယ်။ ဆူး ကလည်း အဲဒီဘက်မှာ ဖိနပ် သီးသန့် ရောင်းတဲ့ ဆိုင်မရှိဘူး ဖိနပ် တကယ်လိုချင်ရင်တော့ သင်္ကန်းဆိုင်မှာ လိုချင်တဲ့ ဆိုဒ် နဲ့ ဝယ်လှူပေးမယ် အဲလို ပြောလိုက်တော့ နေပါစေတော့ ဒကာမ ရယ်ပြောလာတယ်..
    စိတ်ထဲလည်း ခပ်ချဉ်ချဉ်နဲ့ ပြောလိုက်တယ်.. ဦးဇင်း မလှူဘူးလို့ မပြောဘူး လိုအပ်ရင် တခါတည်း အဆင်ပြေအောင် လုပ်ပေးမယ် ပိုက်ဆံတော့ မပေးနိုင်ဘူး ကိုယ့်ဟာကို အလှူမခံလည်း မတတ်နိုင်ဘူး ပြောလိုက်တော့.. ဟုတ်ပါတယ်တဲ့.. ပြောပြီး ခပ်သုတ်သုတ်လေး ထွက်သွားတယ်။ သူငယ်ချင်းက ပြောတယ်.. အဲဒီ ဘုန်းကြီး အယောင်ဆောင်ကြီးကလည်း kangaroo ဖိနပ် အသစ်ကြီး ကြိုးပြတ်တာ သဲကြိုး အရင်းက မပြတ်ပဲ အလယ်က ထပ်ပိုင်းပြတ်တာ တခါပဲ မြင်ဖူးတယ်။ တခါမှ အဲလို မကြုံဘူးဘူး ဆိုပြီး လမ်းမှာ တပြစ်တောက်တောက် ပြောလာတယ်။

  • Green Rose

    June 3, 2012 at 1:47 pm

    မအိတုံရေ
    စိတ်ရှည်လက်ရှည် မန့်ထားပေးတာ ကျေးဇူးပါ။ မအိတုံပြောသလိုပဲ လွတ်လပ်စွာကွဲလွဲကြည့်မယ်လေ နော်။ Green Rose တို့တွေ လမ်းဘေးမှာပုံစံမျိုးစုံနဲ့ တောင်းနေတဲ့လူတွေကို လုံးဝ မပေးဖို့ Green Rose တို့တွေရဲ့ ဂရုဏာစိတ်၊ သနားစိတ်တွေကို မျိုချတတ်ဖို့ တိုက်ပွဲတစ်ခုဝင်ရ မယ်။ နောက်တစ်ခုက မအိတုံ ပြောတဲ့ ဘယ်လိုမှ မပေးမဖြစ်ပေးရတယ် ဆိုတာမျိုးတွေအတွက် Green Rose တို့တိုင်းပြည်ရဲ့အနာဂါတ် အတွက် Green Rose တို့ရဲ့ ကိုယ်ရေးကိုယ်တာသော်လည်းကောင်း လုပ်ငန်းနဲ့ဆိုင်ရင်လည်း အဲဒီ့ လုပ်ငန်းသော်လည်းကောင်း အနည်းနဲ့ အများအထိခိုက်ခံပြီး တိုက်ယူရပါ မယ်။ Green Rose လည်း အဲဒါမျိုးတွေ ကြုံနေရတာပါ။ တတ်နိုင်သရွေ့ သူတို့တွေကို ပြန်ရစ်ပါတယ်။ တတ်နိုင်သရွေ့ သူတို့တွေကို မပေးပဲနေပါတယ်။ လွယ်လွယ်ကူကူ ငါ့ကိစ္စပြီး ပြီးရောဆိုပြီး မပေးပါဘူး။ Green Rose အတွက် ကံကောင်း တာက တော်ရုံတန်ရုံ ပြသနာရှာခဲ့တာမျိုးကို Green Rose ရဲ့ လုပ်ငန်းရှင် သူဌေးက ခွင့်လွှတ် ပါတယ်။ ထိခိုက်စရာရှိရင် သူ့လုပ်ငန်း ထိခိုက်မှာပေမယ့် သူကိုယ်တိုင်က အဲလို အကျင့်ပျက်ဝန်ထမ်းတွေ ကို ရွံ့မုန်းတတ်တဲ့သူဖြစ်နေလို့ပါပဲ။ အခုတော့ ခေတ်လည်းပြောင်း စနစ်လည်းပြောင်းလဲနေပါပြီ။ Green Rose တို့တွေ လူညီဖို့ပဲလိုတယ်လို့ထင်ပါတယ်။

  • unclegyi1974

    June 3, 2012 at 11:17 pm

    နှင်းဆီစိမ်းကအစဆွဲလိုက်တာချည်ခင်ပြေပြီးအမယ်ဘုတ်သူ့ချည်ခင်ဖြစ်သွားတာ
    သူတောင်းစားမျိုးစုံအကြောင်းဝိုင်းရေးလိုက်ကြတာအတော်ပြည့်စုံသွားမှတ်တယ်
    ရေးလိုက်တာဘယ်လိုတောင်းတယ်ညာလိုတောင်းတယ်တောင်းနည်းမျိုးစုံ
    သူကြီးကလိုက်မှတ်ပြီးသင်တန်းဖွင့်စားလို့ရလောက်တယ်
    ဒီအထဲမှာမပါပဲတောင်းတော့တောင်းတာပဲဒါပေမဲ့လိမ်တောင်းတာတနည်းလိမ်တာ
    မန်းဂေဇက်ဖတ်သူတွေအတွက်တင်ပြလိုက်ပါတယ်
    ရန်ကုန်မှာလုပ်စားနေတာ
    ကျွန်တော့်အမအိမ်ကရန်ကုန်မှာထုံးစံအတိုင်တိုက်ခန်းအပေါ်ထပ်
    တနေ့ဘုန်းကြီးတပါးတံခါးလာခေါက်တယ်အရွယ်ကောင်းသပ်သပ်ရပ်ရပ်သင်ကန်း
    သေချာရုံထားတယ်ဥပဓိလည်းကောင်းတကယ့်ဘုန်းကြီးအလိမ်အညာပုံလုံးဝမရှိ
    သူ့ကိုယ်သူမိတ်ဆက်တယ်စာချတန်းဖြေဖို့လုပ်နေတာပါ
    စစ်ကိုင်းဗုဓ္ဒတက္ကသိုလ်ကပါအဆောင်နံပါတ်ဘယ်လောက်အခန်းနံပါတ်ဘယ်လောက်ကပါ
    ဆိုပြီးအလှူခံတယ်ဗျာ
    အမကလည်းလှူလိုက်ပါတယ်အမယ်သေချာဆုတောင်းပေးရေစက်ချပေးအကုန်ဖြစ်တယ်ဗျာ
    ဒါနဲ့နောက်တခေါက်လာတယ်စာအုပ်ဝယ်ဖို့ငွေဘယ်လောက်လိုလို့ဆိုပြီးအလှူ
    ခံပြန်ရောသောင်းနဲ့ချီပြီးအလှူခံတာအပီ
    အမကလည်းကျွန်တော့်ဆီဖုန်းဆက်ပြီးစစ်ကိုင်းသွားစုံစမ်းခိုင်းတာပေါ့
    တကယ်ဆိုလှူမယ်
    ကျွန်တော်လည်းသွားစုံစမ်းပေးရတာပ
    ဗုဓ္ဒတက္ကသိုလ်ရောက်တော့ဦးဇင်းလေးတွေအများကြီးတွေ့ပါလေရော
    ုဒီလိုဒီလိုအလှူလာခံလို့အဆောင်နံပါတ်အခန်းနံပါတ်ဟုတ်ပါသလားမေလိုက်တော့
    အဲဒီလူလူလိမ်တဲ့သူတို့ဆီလာမေးတာ၂ခါ၃ခါရှိပြီတဲ့
    ဗုဓ္ဒတက္ကသိုလ်မှာအဆောင်ပဲရှိတယ်အခန်းမရှိပါတဲ့
    ဗုဓ္ဒတက္ကသိုလ်ရောက်လာရင်ဘာမှမလိုဆွမ်းကွမ်းစာအုပ်အကုန်ပြည့်စုံအောင်ပေးထားတယ်
    ဒါနဲ့ပြန်လာပြီးအမကိုဖုန်းဆက်ပြောပြလိုက်ရတယ်
    အဲဒီကိုယ်တော်ယောင်ဆောင်ထားသူကဗုဓ္ဒတက္ကသိုလ်အကြောင်းအသံကြားနဲ့လုပ်စားနေတာ
    ရောက်တောင်မရောက်ဖူးဘူးဆိုတာသိသာတယ်
    ကလေးပြတောင်းတဲ့သူတွေထက်ကိုသာသနာကိုမျက်နှာဖုံတပ်ပြီးလုပ်စားတဲ့သူကပိုတောင်
    မျက်နှာပြောင်သေးတယ်
    အားလုံးသတိရှိစေဖို့မျှလိုက်ပါတယ်

    • Green Rose

      June 4, 2012 at 9:19 pm

      ဟုတ်ကဲ့ အန်ကယ်ရေ အဲလိုမျိုးတွေလည်း ကြားဖူးပါတယ်။
      အမှန်တော့ ထေရဝါဒ ရဟန်းတော်တွေဟာ တိုက်ပေါ်တက်ပြီး အလှူခံဖို့မပြောနဲ့ တံစက်မြိတ်အောက်တောင် မဝင်ရပါဘူး။ နောက်ဆို ကိုယ့်သာသနာကို ကိုယ်ဖျက်သလို ဖြစ်မယ့် အလှူမျိုးတွေ မလုပ်မိဖို့ သတိထားကြရင် Green Rose တို့တွေဟာ သာသနာသန့်ရှင်းရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြတဲ့ ဘာသာ၊သာသနာကို စာင့်ရှောက်သူတွေ ဖြစ်နိုင်ကြမှာပါ။ အဲဒီ့တော့ အဲလို အလှူခံတာမျိုးနဲ့ကြုံလို့ လှူချင်တယ်ဆိုရင် ကျောင်းလိပ်စာတောင်းထားလိုက်ပြီး သွားလှူလိုက်တာက အဆင်ပြေမယ်ထင်ပါတယ်။

  • Sai Moon

    June 4, 2012 at 5:30 pm

    တည်ငြိမ်ရင့်ကျက်သောလူ့ဘောင်သစ်တစ်ရပ်အကောင်အထည်ဖေါ်ဆောင်နိုင်ရန်ဝိုင်းဝန်းကူညီပါစို့..

Leave a Reply