လွယ်တာမက်တော့ အသေစောမှာပေါ့
သတင်းစာ များ၌ နာရေး ကြော်ငြာများ ကြည့်လျှင် အသက် ၅ဝ ဝန်းကျင် နှင့် သေဆုံးသူတွေ များနေကြောင်း တွေ့ရပါမည်။ ထိုသူများ မှာလည်း ဝန်ထမ်းများ နှင့် စီးပွားရေး လုပ်ငန်း လုပ်သူများ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ အလုပ်တာဝန် များစွာတာဝန်ယူ ထမ်းဆောင်နေရင်း သက်တမ်း မစေ့မီသေကြရသဖြင့်သတင်းစာ ပေါ်တွင် များစွာသော ဝမ်းနည်း ကြောင်း သဝဏ်လွှာများကို လည်းဖတ်ရှုနေကြရပါသည်။ အလုပ်တာဝန်များသူများ မှာ အလုပ်ပြီးအလုပ်ဆက်နေ သဖြင့် စားချိန် မမှန်၊ အိပ်ချိန် မမှန် အနားယူချိန်မရှိကြသည်ကများ ပါသည်။ စားဖို့အချိန်မပေးနိုင် သောအခါ လွယ်ကူစာ များကို သာ နေ့စဉ်စားသုံးကြသဖြင့် ရောဂါရခြင်း၊ အသက်တို ရခြင်း ဖြစ်နိုင်သည်။
“လွယ်ကူစာ”ဆိုသည်မှာအ ချိန်တိုအတွင်း အချက်မပြုတ်ရ ဘဲ စားနိုင်သော အစာဖြစ်သည်။ ဈေးဝယ်ထွက်ရန်မလို၊ ရေနှင့် ဆေးကြောသန့်စင်ရန်မလို၊ မီးဖို ချောင်ဝင်ပြီး အလုပ်ရှုပ်စရာမလို ဘဲ လွယ်လွယ်ကူကူ ရေနွေး ဓာတ်ဘူး တစ်လုံးရှိရုံဖြင့်ရနိုင် သောအစာများဖြစ်သည်။ အရပ် စကား “သုံးမိနစ်ပဲစောင့်” ဆိုသော အစာမျိုးဖြစ်သည်။ ထို အစားအသောက်မျိုးတွင် အ လွယ်တကူ ရနိုင်သောအစာဖြစ် သဖြင့် “လွယ်ကူစာ”ဟု စာရေး သူက အမည်တပ်လိုက်ခြင်းဖြစ် ပါသည်။
အမှန်တော့ လွယ်ကူစာမှန် သမျှကိုရောင်းချသူများ၏ စီးပွား ရေးကို ထိခိုက်စေလို၍မဟုတ် ပါ။ အမှုမဲ့၊ အမှတ်မဲ့စားသောက် နေသူများတွင် ရရှိနိုင်သောဘေး အန္တရာယ်ဆိုးကျိုးများကိုကျန်းမာ ရေးရှုထောင့်မှအမြင်ဖြင့်တင်ပြ ရန်တာဝန်ရှိသည်ထင်၍ရေးသား တင်ပြရခြင်းဖြစ်ပါသည်။ အမှန်တော့ လွယ်ကူစာ မှန်သမျှကို တီထွင်ထုတ်လုပ်သူ များမှာမြန်မာပြည်မှမဟုတ်။အိမ် နီးချင်းနိုင်ငံများမှဖြစ်သည်။
သူတို့ နိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်ပြီး ချက်ပြုတ်စားသောက်ရန် အချိန် မပေးနိုင်သဖြင့်အလွယ်တကူဝယ် ပြီးချက်ပြုတ်ရန် အချိန်မကုန် အောင် အသင့်ပြုလုပ် ထားသော အစာထုပ်များ ရယ်ဒီမိတ်အစာ များဖြစ်သည်။ ဈေးကွက် စီးပွား ရေးမှတဆင့် ၎င်းရယ် ဒီမိတ်အစာ များသည် မြန်မာနိုင်ငံသို့နယ်စပ် တံခါးပေါက်များမှ ဝင်ရောက်လာ ခြင်းဖြစ်သည်။ အတုယူလွယ်ကြ သည့် မြန်မာနိုင်ငံသားများအဖို့ ယခုအခါ ၎င်းရယ်ဒီမိတ်အစာများ သည်မရှိမဖြစ်အစာများဖြစ်နေပြီ။
ဘယ်မြို့၊ ဘယ်နေရာကို မဆို ကျေးလက်တောရွာများအထိပါ ပျံ့နှံ့ရောက်ရှိနေသွားပြီး တွင်တွင် ကျယ်ကျယ် စားသောက်သုံးစွဲ နေကြပြီဖြစ်လေသည်။ မြန်မာတွင် လည်း “မသိုးစာ” ဟုခေါ်သည့်ထမခြောက်(ထမင်း ခြောက်)၊အညာမုန့်ဆီကြော်၊စလူ ဖက်နှင့်ထုပ်သောစလူမုန့်၊အညာ သားကျောကုန်း၊မုန့်ပေါက်ပေါက် စသည့် အစာများရှိပါသည်။
သို့ သော် ယခုအခါ ၎င်းရိုးရာအစာ များသည် တောရွာများမှာပင် နေရာမရကြတော့ပြီ။ တိုးတက် ခြင်းလား၊ ဆုတ်ယုတ်ခြင်းလား မပြောနိုင်တော့ပါ။ ရယ်ဒီမိတ်ခေါ် လွယ်ကူစာ များကြောင့် ရောဂါဖြစ်ခဲ့ရသော၊ ခွဲစိတ်ခံခဲ့ရသော စာရေးသူ၏ သမီးငယ်အကြောင်း ပြောပြလို ပါသည်။ စာရေးသူ၏သမီးသည် ကွန်ပျူတာ တက္ကသိုလ် ကျောင်း သူတစ်ဦးဖြစ်သည်။ သူသည် ဆယ်တန်းကျောင်းသူဘဝက ဘော်ဒါဆောင် စာသင်ဝိုင်း တစ်ခုသို့ ပို့ထားခဲ့ရာမှ စပြီး လွယ်ကူစာ ရယ်ဒီမိတ်များ စားသောအကျင့် ဖြစ်ခဲ့ပါသည်။ ဘော်ဒါဆောင်တို့မည်သည် စာကိုသာအဓိကထားသင်သည်။
နံနက်၊ ညနေ ထမင်းနှစ်ချိန် ကျွေး သော်လည်း စာသင်ချိန်ကြားမှ အပြေးအလွှားစားရသဖြင့် ထင် သလောက်မဝင်၊ မစားနိုင်။ ည ကျပြန်တော့လည်း (၁၀)နာရီအ ထိ စာကျက် ရသဖြင့် အိပ်ချိန်မှာ အလွန်နည်းသည်။ ဘော်ဒါဆောင်တွင်မအိပ်ဘဲ စာကျက်နိုင်အောင် “ကော်ဖီမစ်” သောက်သည့်အကျင့် ရလာခဲ့ပါ သည်။ ဗိုက်ဆာလျှင် အဆာခံနိုင် အောင် ရယ်ဒီမိတ်ခေါက်ဆွဲ ခြောက်ထုပ်ကိုဝါးစားပြီး ရေနှင့် မျှောချသည်။ ဤအကျင့်များမှာ ဆယ်တန်းအောင်ဖို့ စာကိုမဲနေ သည့်အရွယ်က စခဲ့ခြင်း ဖြစ်လေသည်။
ဆယ်တန်း အောင်ပြီးသော အခါလည်း ထိုအကျင့်များမှာ စွဲ ခဲ့ပြီး ခေါက်ဆွဲခြောက်ထုပ် ကြိုက် လာသည်။ကော်ဖီမစ်စွဲနေသည်။ ခေါက်ဆွဲခြောက်ကို ရေနွေးနှင့် ပြုတ်ပြီး ကြက်ဥ တစ်လုံးဖောက် ထည့်စားသည်။ အိမ်ထမင်း၊ ဟင်းကို ခံတွင်းမတွေ့တော့ ဟု ဆိုသည်။ ကော်ဖီမစ်နှစ်ထုပ်ပူး ဖျော်ထား၊ အအေးခံပြီး အဖုံးပါ သောမတ်ခွက်တွင် ထည့်ထား ကာ မကြာခဏ တစွတ်စွတ်နှင့် သောက်သည့် အကျင့်ပါသွားပြီး တားမရ တော့ပါ။ ထိုအကျင့်မှာ ယခုဘွဲ့ရသည့်အချိန်ထိလေးနှစ် ကြာခဲ့ပြီဖြစ်သည်။ စာရေးသူတို့ မိသားစုတွင် နံနက်အိပ်ယာထသောအခါ ပဲ ပြုတ်နှင့် ထမင်းကြော် စားလေ့ရှိ သည်။
လက်ဖက်ရည်၊ ကော်ဖီ လည်းသောက်ပါသည်။ စာရေး သူတို့ သောက်သော ကော်ဖီမှာ ကော်ဖီစေ့ကို ကြိတ်ထားသော ကော်ဖီမှုန့်ကို နို့ဆီနှင့်ဖျော်၍ သောက်ခြင်း ဖြစ်သည်။ သမီး ဖြစ်သူမှာ ထိုသို့မကြိုက်၊ ကော်ဖီ မစ်အထုပ်ကို ရေနွေးနှင့် ဖျော် သောက်ခြင်းဖြစ်သည်။ ထမင်း ကိုလည်း ရယ်ဒီမိတ်ကြက်အူ ချောင်း၊ ငါးအူချောင်း၊ အာလူး ကြော်စသည်တို့နှင့်စားလေ့ရှိ သည်။
တစ်ခါတစ်ရံထမင်းမစား၊ ခေါက်ဆွဲခြောက်၊ ကြာဇံထုပ်တို့ ကိုပြုတ်သောက်လေ့ ရှိသည်။ ရယ်ဒီမိတ်လွယ်ကူစာများ ၏ အရသာမှာ အိမ်မှချက်သော အစာများ ထက်သာသည်။ မွှေး ကြိုင်အောင်၊ အရသာရှိအောင်၊ အချို၊ အချဉ်၊ အစပ်စုံအောင် ဓာတုဗေဒပစ္စည်းများဖြင့်ပြုလုပ် ထားသည်။ မသိုးအောင်လည်း ဓာတုဗေဒဆေး သုံးသည်။ ခေါက် ဆွဲခြောက်ဆိုလျှင် ပြုတ်လိုက် သည့်အခါ ခေါက်ဆွဲအမျှင်များ မကပ်အောင် ဖယောင်းထည့် သည်။
ငါးအူချောင်း၊ ကြက်အူ ချောင်းအချို့မှာ မသိုးအောင်၊ ကြာရှည်ခံအောင်ယမ်းစိမ်းအသုံး ပြုသည်။အချို့၌ လူသေကောင် တွင်ထိုးသည့်ဖော်မလင်ပင်ပါရှိ သည်ဟုပြောကြသည်။ ဓာတုဗေဒပစ္စည်းအမျိုးမျိုး နှင့် ယမ်းစိမ်း၊ ဖယောင်း၊ ဖော်မ လင်စသည်များမှာ လူ၏အစာ အိမ်မှတဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိသောအခါ ခန္ဓာကိုယ်မှ တုန့်ပြန်မှုများဖြစ်လာသည်။ အ စာအိမ်လမ်းကြောင်းရောဂါများ၊ ကင်ဆာ၊ အကျိတ်အဖုများဖြစ် လေ့ရှိသည်။
ထိုထက်ပိုဆိုးသည် မှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု များပါ နောက်ဆက်တွဲဖြစ်လာ သည်။ စိတ်မြန်ခြင်း၊ အားမရဖြစ် ခြင်း၊ အားငယ်ခြင်း၊ တွေဝေခြင်း၊ ညအိပ်မပျော်ခြင်း၊ မှတ်ဉာဏ်မ ကောင်းခြင်း၊ သတိမေ့လျော့ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက် ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ လက် ဆစ် ခြေဆစ်များကိုက်ခဲခြင်း၊ မျက်စေ့အမြင်မကြည်လင်ခြင်း၊ ဆံပင်ကျွတ်ခြင်းစသည်များဖြစ် လာတော့သည်။
စာရေးသူ၏သမီးငယ်တွင် လွန်ခဲ့သောလပိုင်းက ဘယ်ဖက် ရင်သားအောက်တွင်အကျိတ်ငယ် တစ်ခုစမ်းမိဟုဆိုသည်။ စောင့် ကြည့်နေရာမှ တစ်လအတွင်း၌ ဆီးစေ့ခန့်မှ ဆီးဖြူသီးခန့် အထိ ကြီးထားလာသဖြင့် ခွဲစိတ်ဆရာ ဝန်ကြီးတစ်ဦးနှင့်ပြရပါသည်။ ခွဲစိတ်အထူးကုဆရာဝန်ကြီး မှစမ်းသပ်ကြည့်ပြီး ယခုခေတ် မိန်းကလေးငယ်များတွင် ဓာတု ဗေဒဆိုးဆေးပါသော အစားအ သောက်နှင့်အလှကုန်များကြောင့် ရင်သားအကျိတ်ဖြစ်ခြင်းပို၍များ လာကြောင်းပြောပါသည်။
အချိန် စောင့်နေလျှင် ကင်ဆာ ဖြစ်မည် စိုးသဖြင် အမြန်ခွဲလိုက်ခြင်းသည် အကောင်းဆုံးဟု အကြံပေးသည်။ စာရေးသူတို့မိသားစုသည် မတတ်နိုင်သော်လည်း သမီးငယ် ၏ ထိုအကျိတ်ခွဲရန်အတွက် ဓာတ်ခွဲခန်း စစ်ဆေးမှုများပြုလုပ် ရသည်။
ပြင်ပဆေးရုံ ခွဲခန်းရက် ချိန်းများယူရသည်။ ဆရာဝန်နှင့် အကြိမ်ကြိမ်တွေ့၍ တိုင်ပင်ရ သည်။ နောက်ဆုံး ခွဲစိတ်မှုပြု သည့်နေ့အထိ ရင်တမမ နှင့် ဆောင်ရွက်ခဲ့ကြရပါသည်။ ခွဲ စိတ်ပြီးသောအခါ ရရှိလာသည့် ဆီးဖြူသီးခန့်အလုံးကိုအိတ်ဖြင့် ထည့်ယူပြီး Biopsy ခေါ်အသားစ ဓာတ်ခွဲခြင်း ပြုလုပ်သောအခါ လည်း အဖြေကို ရင်တမမနှင့် စောင့်နေရပါသည်။တော်ပါသေးသည်။ အသား စ ဓာတ်ခွဲစမ်းသပ်မှု၏အဖြေမှာ ရိုးရိုးအကျိတ်ဖြစ်သည်ဆို၍ ကင် ဆာဆဲလ်သာ ဖြစ်ခဲ့မည် ဆိုလျှင် ဓာတ်ခွဲပညာရှင် result ထွက်လာ တော့မှသာဟင်းချနိုင်ပါတော့ သည်။
အကယ်၍များ ကင်ဆာ ဆဲလ်သာဖြစ်ခဲ့မည် ဆိုလျှင် ဟူ သော အတွေးသည် မိသားစု အတွင်း ရက်ပေါင်းများစွာ ဝင် ရောက်စိုးမိုးနေခဲ့ရပါသည်။ ကင် ဆာဆိုသည်မှာ ကမ္ဘာ ပေါ်တွင် ယနေ့ အထိလူသတ်သမားနံပါတ်(၁)နေရာ ယူထားဆဲဖြစ်နေပါသေးသည်။ လွန်ခဲ့သောလပိုင်းက ကမ္ဘာ ပေါ်တွင် အချမ်းသာဆုံးစာရင်း ဝင်လည်းဖြစ်၊ apple ကုမ္ပဏီပိုင်ရှင် လည်းဖြစ်သူ၊ iPhone တီထွင် သူလည်းဖြစ်သူ Steve George သည်ကင်ဆာရောဂါနှင့်ကွယ်လွန် ခဲ့သည်ကိုဖတ်ရှုရသည်။
အလွန် ခေတ်မီ တိုးတက်သော အမေရိကန် နှင့်အင်္ဂလန်နှစ်နိုင်ငံတို့တွင်နေထိုင် သူပင်ကင်ဆာရောဂါကို မကုသ နိုင်။ အရွယ်က ကောင်းတုန်း အောင်မြင် ချမ်းသာ နေတုန်းမှာ ကင်ဆာနှင့် ကွယ်လွန် ရရှာသည်။ အလွန်ကြောက်စရာကောင်းသော ရောဂါဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်၊ ဆင်းရဲသား သာမန် လူတန်းစားမှာ ဆေးဖိုး မတတ်နိုင် လျှင် မည်သို့ ကုသမည်နည်းဟု တွေးမိပါသည်။
စာရေးသူ၏ သမီးလေးသည် ကံကောင်း၍ ကင်ဆာအ ကျိတ် မဟုတ်ခဲ့ ရသော်လည်း အကျိတ် ဖြစ်ရခြင်းမှာ သူကြိုက် တတ်သော “လွယ်ကူစာ”များ ကြောင့်ဖြစ်သည် ဟုပင် ယူဆပါ သည်။ ယနေ့ကျောင်းသား လူ ငယ်များ၊ အင်တာနက်ခေတ်နှင့် အမီလိုက်နေသောလူငယ်များ၊ လူလတ်တန်းစားများ၊ ဆင်းရဲ သားများအားလုံးမှာ နေ့စဉ်အ လွယ်လမ်းလိုက်ပြီး လွယ်လွယ် ရသောအစာများကို လွယ်လွယ် ရသောအစာများကိုစားသောက် နေကြသည်မှာရာဂါဝယ်စားသကဲ့ သို့ဖြစ်နေကြသည်။
အချိန်မပေး နိုင်၊ အချိန်ကုန်မခံနိုင်သော အ ကြောင်းပြချက်ဖြင့် လွယ်ကူစာ စားနေရခြင်းကြောင့်ရရှိလာမည့် အန္တရာယ်ကိုကားလွယ်ကူစွာဖြေ ရှင်းနိုင်ကြမည် မဟုတ်ပါ။ တိုင်းရင်းဆေးပညာတွင် ရောဂါရောက်ကြောင်းလေးပါး တွင် ကံ၊စိတ်၊ဥတု၊အာဟာရ ဟု ဖော်ပြထားသည်။ ထိုအကြောင်း လေးပါးတွင် ကံကြောင့်၊ စိတ် ကြောင့်၊ ဥတုကြောင့်မဟုတ်ဘဲ အာဟာရကြောင့်ရောဂါရခြင်း ကယခုခေတ်တွင်ပို၍များသည်။
မသင့်တော်သော အာဟာရကို မှီဝဲစားသောက်ခြင်းသည်အဆိပ် ကို စားသုံးနေခြင်းနှင့်တူသဖြင့် သဘာဝနည်းလမ်းမကျသော “လွယ်ကူစာ”များကိုဆင်ခြင်စား သောက်ကြဖို့ လိုကြောင့်နှင့် လွယ် ကူစာအစားများလျှင် ရောဂါရ၍ အသက်တိုနိုင်ကြောင်းအသိပေး တင်ပြ လိုက်ရပါသည်။
12 comments
pazflor
May 31, 2012 at 9:25 pm
ကျေးဇူးပါဘဲအကိုရေ။ ကိုယ်တိုင်လည်းသတိထားဆင်ခြင်ဦးမှ။
Ch@vez
May 31, 2012 at 10:09 pm
သွားလေသူဂျီးက ပါပြန်ဘီ …
အရီးလတ်တို့
ဖက်တီးကတ်တို့ရေ …
လာဂျပါဦး …
အနှီလူဂျီးအကြောင်း ပြောကြရအောင်…
စကားမစပ်
လွယ်ကူစာ စားတာကို ရှုံ့ချတာကိုတော့ လက်မအကြီးကြီး
ထောင်သွားပါကြောင်း စာရေးသူရေ…
မဟာရာဇာ အံစာတုံး
May 31, 2012 at 10:13 pm
လွယ်ကူစာ
ဘယ်သူလာပြီး လဂါးကျွေးကျွေးပါ
မစားသင့်ကြောင်းရယ်ပါ …
ချစ်တတ်သူဂျီးရဲ့ ချစ်ခြင်းစေတနာ
မျှယူသွားဂျောင်းရယ်ပါ …
kotun winlatt
May 31, 2012 at 10:17 pm
ဟုတ်ပါ့..ဟုတ်ပါ့..
လွယ်ကူစာကို လွယ်ကူစွာ မစားးသင့်ပါဂျောင်းးးး
ထပ်မံ ထောက်ခံအက်ပါသှ်…။
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 11:23 pm
အဲဒါတော့ အမှန်ဘဲဗျ။ကျနော်တို ့ကျောင်းသားဘဝကနေ ခုချိန်ထိ လဘက်ရည်စွဲတဲ့ပြဿနာ ခုထိဖြတ်မရ
တော့ဘူး။အိပ်ချင်ပြေသောက်မိတာ ခုထိ အချိန်ထိုင်ဖြုန်းကောင်းတုန်း။လဘက်ရည်ဆိုင်ထိုင်တဲ့ဒုက္ခပေါ့။
Lwin Aung
June 1, 2012 at 9:11 am
It is right. At the Japan’s worker life, I had a pain in my stomach because of ready made noodle told by Japan doctor.
Thel Nu Aye
June 1, 2012 at 9:17 am
အလွယ်စာစားတဲ့ အကျင့်ကလဲ ကျွန်မတို့လဲ မနဲဆင်ချင်နေရတယ်။ အချိန်ကုန်သက်သာတာကနေ အပျင်းထူသွားကြတာ။ မကောင်းမှန်းသိပေမဲ့ လူသက်သာနေတော့ စားဖြစ်နေတာ။
windtalker
June 1, 2012 at 9:55 am
ပထမဆုံး စာသင်ကျောင်းတွေက မုန့်သည်တွေ ကို လွယ်ဒီမိတ် အန်တရယ် အကြောင်းရှင်းပြပြီး တားဆီးကာကွယ်ရမယ်ဗျို့။
kyeemite
June 1, 2012 at 10:06 am
ဟုတ်တယ်ဗျာ..အိမ်က ကလေးနှစ်ကောင်လည်း
ဒီအကြောင်းလေးပေးဖတ်ရအုံးမယ်..သူတို့လည်း
မကြာခဏ ထမင်းအစား ခေါက်ဆွဲပြုတ် သောက်လေ့ရှိတယ်..
တခါတရံဆိုရင်တော့ ပြသနာမရှိပေမဲ့ စွဲလမ်းပြီး
အလွန်အကျွံစားလာရင်တော့ ဒုက္ခရောက်နိုင်တယ်..
ရွာထဲကဆရာဝန်တွေ နဲနဲဝင်ဆွေးနွေးပေးကြပါအုံးဗျာ..
ဒီကိစ္စ လူတိုင်းရင်ဆိုင်နေကြရတာမို့ပါ..
the best
June 1, 2012 at 11:51 am
ဒီလိုအသိတွေ ကျယ်ကျယ်ပြန် ့ပြန် ့ သိအောင်လုပ်သင့်ပါတယ်။
တခြားအန္တရယ်ဖြစ်စေတဲ့အကြောင်းအရာတွေပါ ဝိုင်းဆွေးနွေးကြရအောင်ဗျာ။
ပေါင်မုန် ့ကို ရ ရက် ကျော်တောင် ရက်လွန်နေ ့စွဲတပ်ထားတယ်။
တချို ့နယ်ပို ့တဲ့စားသောက်ကုန်တွေ နယ်ကိုစောရောက်တဲ့အခါ
ထုတ်တဲ့နေ ့စွဲက နောက် တစ်နေ ့ နေ ့စွဲဖြစ်နေတယ်။
စားသုံးဖို ့မသင့်တဲ့ဆိုး ဆေးသုံးထားတဲ့ အစားအသောက်တွေကိုလည်း
ဥပဒေနဲ ့အရေးယူမှုအားနည်းနေတယ်။
ဆေးဝါးတွေလည်းဒီလိုပဲ။
သတင်းစာကနေ ကြေငြာတဲ့အန္တရယ်ရှိတယ်ဆိုတဲ့ ဆေး နဲ ့ထုတ်လုပ်သူတွေ
နောက်နှစ်သတင်းစာမှာ ဒီအတိုင်းပြန်ပါလာတယ်။
ဒါဟာ ဆေးဝါးနဲ ့အစားအသောက် ကွပ်ကဲတဲ့နိုင်ငံတော်အဖွဲ ့အစည်းရဲ့ တာဝန်ရှိသူတွေ
လုံးဝ အလုပ်မလုပ်တတ်တာလား။
အဂတိလိုက်စားပြီး လူစိတ်ကင်းမဲ့နေတာလား။
ဆေးဝါးနဲ ့အစားအသောက် ဥပဒေရဲ့ ပြစ်ဒဏ်နည်းပြီး
ငွေနဲ ့ပေါက်ရှင်းလို ့ရနေသ၍ အသေစောတဲ့ သူ တွေပေါများနေအုံးမှာပဲ။
လိုအပ်ရင် ရောင်းတဲ့ဆိုင်တွေ နဲ ့ ကုန်တိုက်တွေပါ ထိထိရောက်ရောက် အရေးယူ သင့်တယ်။
သူတို ့က ထုတ်လုပ်သူတွေနဲ ့တိုက်ရိုက် ထိတွေ ့နေတဲ့သူတွေလေ။
ရောင်းတဲ့ဆိုင်တွေ ၊ကုန်တိုက်တွေ နဲ ့စူပါမတ်ကက်တွေ အနေနဲ ့
မိမိတို ့ဆိုင်မှရောင်းချသော ဆေးဝါးနဲ ့အစားအသောက်တွေ
ဆိုးဆေးတွေနဲ ့တခြားအန္တရယ်ဖြစ်စေတဲ့ ဆေးဝါးနဲ ့အစားအသောက်တွေ
မရောင်းဖြစ်အောင် ထုတ်လုပ်သူတွေကိုသေချာအာမခံစာချုပ်လုပ်ထားသင့်တယ်။
ဒီလို ဝန်ဆောင်မှုပေးရင် စားသုံးသူတွေရဲ့ ယုံကြည်မှုပိုရလာမှာပါ။
သတင်းစာကနေ ကြေငြာတဲ့အန္တရယ်ရှိတယ်ဆိုတဲ့ ဆေး နဲ ့ထုတ်လုပ်သူမှာ
“ထုတ်လုပ်သူမသိ”ဆိုတာဟာ ဆေးဝါးနဲ ့အစားအသောက်
ကွပ်ကဲတဲ့နိုင်ငံတော်အဖွဲ ့အစည်းရဲ့ တာဝန်မဲ့ လုပ်ဆောင်ချက်ပဲ။
သိအောင်လုပ်ချင်ရင် အလွယ်လေးပါ။ ထိထိရောက်ရောက် အရေးယူပေးပါ။
ဘယ်လို ဆေးဝါးနဲ ့အစားအသောက် အပေါ်သံသယရှိတယ်ဆိုတာ အကြံပေးနိုင်ဖို ့
ဖုန်း (သို ့)အစီအစဉ်တွေ လူထုကို အသိပေးစေချင်ပါတယ်။
အရောင်းဆိုင်တိုင်းမှာ မြင်သာအောင် ရေးကပ်ထားစေချင်ပါတယ်။
eipu
June 1, 2012 at 1:27 pm
ဆင်ဆင်ခြင်ခြင်နဲ့စားပါ့မယ်
mgwalone
June 1, 2012 at 2:44 pm
ဒီဆောင်းပါးက 31, May ထုတ်တဲ့ Shade ဂျာနယ်ထဲက ဆရာ ကြည်လွင်မြင့် (မုဒြာ) ရဲ ့ “လွယ်ကူစာ စားလျင် အသက်တိုမည် ” ဆိုတဲ့ ဆောင်းပါးနဲ့အတူတူပဲ။ဒိပို့စ် ရေးသူက ဆရာ ကြည်လွင်မြင့် ကိုယ်တိုင်ပါလား သိပါရစေ။