ဘားလားတံတားမှာ တစ်ညတာ
ဘားလားတံတားလို့ပြောလိုက်တာနဲ့ အခြာက်အလှန့်အလွန်ကြမ်းပြီး သရဲအလွန်
ခြောက်ကြောင်းကို ကိုသာချိုတို့တစ်နယ်လုံး ၊ တစ်မြို့လုံးသိကြသည်။ အနှီဘာလား
တံတာနားက ညဘက်ဆိုရင်တော့လူတစ်ယောက်ထဲ ဘယ်တော့မှဖြတ်မသွားလိုက်
လေနှင့်။ အခြာက်မခံရရင် ပြောချင်တာသာပြောဆိုပြီး လောင်းဝံ့သူက ဒီနယ်တစ်ခုလုံး
ကလူတွေပါပဲ။ ဒါပေမဲ့ နေ့လည်နေ့ခင်းဘက်တွေမှာတော့ ဒီတံတားကတော်တော်စည်
ပါတယ်။ မစည်ခံနိုင်ရိုးလား ဒီဘားလားတံတားအနီးမှာပဲ တစ်နယ်လုံးရဲ့အားထားရာ
မြို့မဈေးကြီးကတည်ရှိနေတာမဟုတ်လား။ ပြီးတော့ ဒီနားအနီးတစ်ဝိုက်ကရွာလေးတွေ
ကလည်း မိမိတို့စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်လေးတို့ ချောင်ကြားမြောင်းကြားက
ရှာဖွေလို့ရလာတဲ့ ငါးလေးပုဇွန်လေးတို့ကို မြို့ကိုလာရောင်းချင်သပဆို အနှီတံတားကြီး
ပေါ်ကပဲဖြတ်သန်းလာကြရတာပဲကို။ ဒါပေမဲ့ တစ်ယောက်စ ၊ နှစ်ယောက်စတော့မလာ
ရဲကြပါဘူး။ အနဲလေး လူစုပြီးလေး၊ ငါး၊ ခြောက်ယောက်လောက်ပေါင်းပြီးလာကြတာပါ။
မနက်စောစောလူလုံးမကွဲတစ်ကွဲ အချိန်လောက်ဆိုရင်ပြောပါတယ်။
ဒီတံတာက နံမည်ကြီးတာလည်းမပြောနဲ့ ဒီတံတားနားမှာ မှောက်လိုက်ကြတဲ့ကား၊ သေ
လိုက်ကြတဲ့လူတွေ နဲမှမနဲပဲ။ ကားသမားတွေကတော့ပြောကြပါတယ် ဒီတံတားနားက
ကတ္တရာလမ်းက မညီပဲတစ်ဖက်ကို စောင်းနေပြီး ဒီနားရောက်ရင်အထှာသိတဲ့ ကားဆ
ရာတွေက သတိထားမောင်းလို့အဆင်ပြေပေမဲ့ အကြောင်းမသိပဲ သတိမေ့လျှော့ပြီး
မောင်းမိတဲ့ကားတွေကတော့ ခဏခဏတိမ်းမှောက်တတ်ပါတယ်။ များသောအားဖြင့်မိုး
တွင်း လမ်းချော်နေချိန်တွေမှာတော့ ဒီတံတားအနီးမမှောက်ဘူးဆိုတောင် အနဲလေး
တစ်နှစ်ကို တစ်စီးလောက်တော့မှောက်ပါတယ်တဲ့။ လူတွေကလည်းသေလိုက်တာမှ
နှစ်တိုင်း။ ဒီလောက်တောင်သတင်းမွှေးတဲ့ ဘားလားတံတားကလည်းသရဲခြောက်တယ်
ဆိုတဲ့ ဂုဏ်လေးပါထပ်ဖြည့်လိုက်တော့ ညဘက်ဆိုရင်ဘယ်သတ္တိရှင်မှ တစ်ဦးတည်း
တစ်ယောက်ထဲ မသွားရဲ၊ မသွားဝံ့ကြတာ ဆန်းတော့လည်းဆန်းလှတဲ့သတင်းတော့
မဟုတ်ပါဘူးလေ။ တစ်ခါကလည်း လေ့လာရေးထွက်ခဲ့တစ်ကားတစ်စီး ဒီတံတားနားမှာ
တိမ်းမှောက်ပြီး ကားပါမီးလောက်ပြီးသေလိုက်ကြတဲ့လူတွေဆိုတာ မြင်မကောင်း
လောက်အောင်ပါပဲ။ အယောက် ၂ဝ ဦးထက်တောင်ကျော်ပါသေးတယ်။ ဒါတောင်ဆေး
ရုံကို သယ်သွားပြီး ဟိုရောက်မှသေတဲ့သူတွေလည်းမနဲပါဘူး။
အနှီသတင်းကြီးတဲ့ ဘားလားတံတားပေါ်ကို ညဘက်မဖြတ်ချင်ပါပဲ ဖြတ်သန်းသွားဖို့အ
ကြောင်း တစ်နေ့ကိုသာချို ဖြစ်လာပါတယ်။ ဖြစ်ပုံက နေ့လည်၂ နာရီလောက်က ဒီမြို့နဲ့
သုံးမိုင်သာသာလောက်သာဝေးတဲ့ ရွာက ကိုသာချို့အမတစ်ယောက် နေမကောင်းလို့မြို့
ကဆေးရုံကို လာပြရင်း ကိုသာချိုတို့အိမ်ကို ဝင်လာပါတယ်။ ကိုသာချိုကလည်း အမကို
လိုက်ပို့ရင်း မရောက်တာတစ်လလောက်ကြာနေတဲ့ ရွာကိုလည်း သွားချင်တာကြောင့်
အမနဲ့တူမကို မိမိဆိုက်ကားလေးပေါ်တင်ပြီးလိုက်ပို့ပေးရင်း မရောက်တာကြာပြီဖြစ်
တဲ့ ယောက်ဖတွေ သူငယ်ချင်းတွေနဲ့ လေကန်ကြပြီး ထုံးစံအတိုင်းအရက်ဝိုင်းလေးပါ
ဖြစ်လာကြပါတယ်။ ရောက်စကတော့ ခဏပဲလို့ရည်ရွယ်ထားပေမဲ့ ထုံးစံတိုင်း အပေါင်း
အသင်းနဲ့တွေ့ချိန်မှာတော့ အရာအားလုံးကိုမေ့ကာ ပျော်ပျော်ပါးပါးသောက်ကြ၊ စားကြ
ရင်း အချိန်ကုန်မှန်းမသိပဲ ကုန်သွားပါတယ် ။ သတိရလို့နာရီကို လှမ်းကြည့်မိတော့
ညရှစ်နာရီ ၊။ အပေါင်းအသင်းသူငယ်ချင်းတွေက မပြန်ဖို့ ၊ ညအိပ်ဖို့ တားကြပေမဲ့
ကိုသာချိုကတော့ ဇွတ်အတင်းပြန်လာခဲ့ပါတယ်။ မပြန်လာလို့လည်းမရဘူးလေ ဒီနေ့
တစ်နေ့ခင်းလုံး ဆိုက်ကားမထွက်နိုင်ပဲ ဝင်ငွေနဲနေရတဲ့အထဲ မနက်စောစောဈေးကြို
ပါမလိုက်ရရင် အိမ်ကမိန်းမဆူပူတာကို ကျိန်းသေခံရမဲ့အပြင် ကိုသာချို့ဖောက်သည်
ဈေးသည်တွေကိုလည်း အကျိုးအကြောင်းမပြောခဲ့ရတာကြောင့် မပြန်လို့ဘယ်လိုမှမရ
ပါ။ ဒီဖောက်သည်ပျက်သွားပါက နောက်ဖောက်သည်အသစ်တစ်ယောက်ရဖို့က
မလွယ်ကူတာကြောင့်လည်း ပါတာပေါ့လေ။
ဒီလိုနဲ့ အရက်လေးထွေထွေနဲ့ ကိုသာချိုဆိုက်ကားကိုပုံမှန်ပဲနင်းလာလိုက်တာ ဘားလား
တံတားနားရောက်ချိန်မှာတော့ ကိုးနာရီထိုးလုနေပါပြီ။ ဘာလားတံတားကို အဝေးက
လှမ်းမြင်ရချိန်မှာတော့ ကိုသာချိုနဲနဲတော့ရွံ့သွားပါသေးတယ်။ ဒါပေမဲ့ မဖြတ်ရင်လည်း
မဖြစ်တဲ့အနေအထားမို့ အားတင်းပြီးဇွတ်နင်းမလို့ဟန်ပြင်လိုက်ချိန်မှာပဲ တံတားနားမ
ရောက်ခင် ၅ ကိုက်လောက်အကွာလောက်မှာ မဲမဲအရိပ်နှစ်ခုလိုလိုတွေ့တာကြောင့် ကို
သာချိုကြက်သီးမွေးတွေထ သွားပါတယ်။ ဒါပေမဲ့ အနားနီးလာတဲ့အချိန်မှာပဲ အမျိုးသမီး
နှစ်ယောက်မှန်း သိလိုက်တာကြောင့်ကိုသာချိုပြုံးလိုက်မိပါတယ်။ ပြုံးမှာပေါ့ ဒီလိုအချိန်
ထွက်တဲ့ မိန်းကလေးနှစ်ယောက်၊ ပြီးတော့လူပျက်တဲ့အနှီတံတားအနီးမှာ ဆိုတော့ကာ
ညငှက်မလေးတွေ ဖြစ်ဖို့သေချာသလောက်မို့ပါ။ အဲလိုမိန်းခလေးမျိုးတွေကို လိုက်ပို့ပေး
ရရင်တော့ ကိုသာချိုတို့လိုဆိုက်ကားသမားတွေ မျိုးမျိုးမျက်မျက်ရတတ်ကြပါတယ်။ ငွေ
လည်းရမဲ့အပြင် နံမည်ကြီးဘားလားတံတားကိုလဲ အဖော်တွေနဲ့ဖြတ်ရမှာဆိုတော့ ကို
သာချိုကြိတ်ပြီးဝမ်းသာသွားတာမဆန်းလှပါဘူး။
”ညီမတို့…ဘယ်ကိုပို့ပေးရမှာလဲ”
”အဝေးပြေးဂိတ်ကိုပါ..အကို”
”တစ်ယောက် ၅၀ဝ ညီမ”
အမှန်တော့ ဒီအချိန်ကိုသာချိုတို့မြို့က ဘယ်အဝေးပြေးကားမှမထွက်တော့ပါဘူး။ ဒါပေ
မဲ့ ဒီကလေးမလေးတွေဖောက်သည်ကို အဝေးပြေးဂိတ်မှာချိန်းထားတယ်ထင်တယ်ဆို
တဲ့အတွေးနဲ့ ကိုသာချိုလည်းဘာမှမမေးပဲဈေးကိုသာပြောလိုက်ပါတယ်။ အမှန်ကနေ့
လည်နေ့ခင်းဆိုရင် ဒီခရီးဟာ ၂၀ဝ လောက်သာတန်တဲ့ခရီးပေမဲ့ ကိုသာချိုကပိုပိုသာ
သာလေး တောင်းလိုက်တာပါ။ အမျိုးသမီးလေးနှစ်ယောက်ကလည်း ဘာမှပြန်မပြောပဲ
ဆိုက်ကားပေါ်ကို တက်လိုက်ကြပါတယ်။ ကိုသာချိုလည်းလေလေးတစ်ချွန်ချွန်နဲ့ ဆိုက်
ကားကို နင်းထွက်လာခဲ့ပါတော့တယ်။
လမ်းတစ်လျှောက်လုံးမှာ ကိုသာချို့နှာခေါင်းမှာ မီးလောင်တဲ့ညှော်နံ့ကြီးလိုလိုနံလာပေမဲ့
ဆိုက်ကားပေါ်မှာလည်း အဖော်ပါလာတာကတစ်ကြောင်း၊ လူကလည်းနဲနဲလေးထွေနေ
တာကြောင့် သိပ်လည်းဂရုမစိုက်မိပဲ အဝေးပြေးကားဂိတ်ရောက်အောင်သာ အမြန်နင်း
လာခဲ့လိုက်ပါတယ်။ အဝေးပြေးကားဂိတ်နားရောက်တော့ အရှေ့မှာထိုင်နေတဲ့ အမျိုးသ
မီးလေးက ကိုသာချို့ကိုငွေတစ်ထောင်တန်တစ်ရွက်ကို် လှမ်းပေးလိုက်ပါတယ်။ ကို
သာချိုလည်းငွေကိုလှမ်းယူပြီး လမ်းဘေးမီးရောင်နဲ့ကြည့်လိုက်ချိန်မှာတော့ ငွေတစ်
ထောင်တန်ရဲ့ အနားသားလေးဟာ အနဲငယ်မီးကျွမ်းနေတာကြောင့် ထိုငွေကိုဆိုက်ကား
ကိုလက်တစ်ဖက်က ထိမ်းရင်း လက်တစ်ဖက်နဲ့ပြန်ပေးကာ..
”ညီမ…ဒီပိုက်ဆံလေး..လဲပေးပါလား..မီးကျွမ်းနေလို့”
လို့ ဆိုက်ကားကိုထိန်းနင်းနေရတာကြောင့် ထိုအမျိုးသမီးကို မကြည့်မိပဲပြန်ပေးရင်း
ပြောလိုက်ပါတယ်။ ထိုအမျိုးသမီးက..
”ငွေတင်မဟုတ်ဘူး..ကျွန်မတို့လည်း..မီးကျွမ်းနေတာပဲ…အကိုကြီးရယ်”
လို့ပြန်ပြောလိုက်မှ ထိုအမျိုးသမီးဘက်ကိုရုတ်တရက်လှမ်းကြည့်လိုက်မှ…အလားလား။
ကိုသာချိုတွေ့လိုက်တာက တစ်ကိုယ်လုံးရုပ်ပျက်ဆင်းပျက်မီးလောင်ထားတဲ့ ၊ မဲတူးနေ
သောခန္တာကိုယ်နှစ်ခုက ကိုသာချို့ဆိုက်ကားပေါ်မှာအခန့်သား…။
” အောင်မလေး…ကယ်ကြပါအုံးဗျ…သရဲ..သရဲ”
တိတ်ဆိတ်နေတဲ့ ညအမှောင်ကိုဖြတ်ပြီး ကိုသာချို့အော်သံက ကျယ်လောင်စူးရှစွာပေါ်
ထွက်လာပါတော့တယ်။ အနီးအနားက အိမ်တွေထွက်ကြည့်ကြချိန်မှာတော့ ဆိုက်ကား
ဘေးမှာ အကြောက်လွန်ပြီးတက်နေတဲ့ ကိုသာချို့ကိုသာတွေ့ကြပါတယ်။ ဒါနဲ့ ရပ်ကွက်
က ကိုသာချို့အမျိုးသမီးကိုအကြောင်းကြားကာ ဝိုင်းဝန်းပြုစုလုပ်ကိုင်ပေးမှ ကိုသာချိုသ
တိပြန်လည်လာပါတယ်။ သတိရကာစမှာ အကြောက်ကြီးပြီးဘာစကားမှ မပြောနိုင်ပါ
ဘူး။ ဒီလိုနဲ့ လန့်ဖျား ဖျားကာကိုသာချိုတစ်ယောက် တစ်ပတ်လောက်အိပ်ယာထဲလဲခဲ့
ရရှာပါတယ်။ နောင်များတော့ကိုသာချို့ကို အနှီတံတားနားညဘက်မပြောနဲ့ နေ့ခင်း
ဘက်တောင်အဖော်မရှိပဲ ဖြတ်ခိုင်းလို့မရတော့ပါဘူး။ အဖော်တောင် သူသိတဲ့အဖော်မှ
အတူတူသွားတာဖြစ်ပြီး မသိရင်တော့ဘယ်လောက်ရရကိုသာချိုမလိုက်တော့ပါဘူး။
မှက်ချက်။ ။ တကယ့်အဖြစ်လေးကို ဇတ်လမ်းထွင်ပြီး
ပိုစ့်အဖြစ်ပြန်လည်တင်ပြထားခြင်းဖြစ်ပါတယ်။
12 comments
ထုံးဘဲဥ
June 1, 2012 at 4:43 pm
အဲ့ဒီတရဲမဒွေဂို ဒါ့ပုံရိုက်ပြီး တဂျီးဆီဂို ပို့လိုက်ရရင်ထောဘီ
ဒါ့ပုံတွားရိုက်ရအောင် ဘူဒွေလိုက်မယဲ
ster
June 1, 2012 at 5:01 pm
သရဲဆိုတာ မကြုံဖူးပေမယ်. ဖတ်လို.ကောင်းပါတယ်။ ဒါနဲ. ဘားလားတံတားဆိုတာ ဘယ်နေရာမှာလဲဗျ။
Mon Kit
June 1, 2012 at 5:03 pm
ဘားလားတံတားက ဘယ်ဒေသမှာရှိတာလဲဟင်????
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
June 1, 2012 at 5:11 pm
သူရဲ ခြောက်ခံရသူ အတော်များများ(အားလုံးနီးပါး)ထွေထွေလေးဖြစ်နေကြတာတော့
တိုက်ဆိုင်လွန်းပါ၏။
မေဖလားဝါးလေးရေ. ကိုသာချိုဆိုလို ့ ဆရာမောင်သာချိုလားလို ့၊ဆိုက်ကားဆရာ
ကိုသာချိုဖြစ်နေတော့။ဟီးးးးးးး
may flowers
June 1, 2012 at 5:42 pm
အဖြစ်အပျက်လေးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းလေးပေမဲ့ မြို့ ၊ ရွာ ၊ လူ နဲ့ တံတား နံမည်တွေက
စာရေးသူရဲ့ စိတ်ကူးတွေသာပါ။ တကယ့်အဖြစ်အပျက်လေးကို အခြေခံပြီးစိတ်ကူးယဉ်ရေးဖွဲ့ထားတာမို့
ဘားလားတံတားလဲ ဘယ်ဒေသရယ်လို့မဟုတ်ပါဘူး။ စာရေးသူရဲ့ စိတ်ကူးထဲမှာပါပဲ..အဟဲ။
windtalker
June 1, 2012 at 7:33 pm
မေပန်းလေးရေးပြတဲ့ ကိုသာချို ့အကြောင်း ကို ဖတ်ရတော့ ၊ ဂေဇက်ရွာ က ဗိုက်ကြီး ရဲ ့အဖြစ်လေး ကို လဲ သတိရမိသွားတယ်ကွဲ ့။ သူလဲ အခြောက်ခံ ခဲ့ရဖူးတယ်ကလား ။ အဘားအဘားနဲ ့ရ ရက်လောက် အရက်မသောက်နိုင်လောက်အောင် ဖြစ်သွားခဲ့တာ ။
water-melon
June 1, 2012 at 7:49 pm
သများတို့တော့ ခုထိမခြောက်ခံဘူးသေးဘူး
ခြောက်ခံရရင် ရှူးရှူးတွေထွက်ပြီး
လန့်သေလိမ့်မယ်
သရဲတော့ တော်တော်ကြောက်တယ်
may flowers
June 1, 2012 at 8:16 pm
ဟုတ်တယ် အဲဒီဆိုက်ကားဆရာလည်းတော်တော်လေးကို ကုယူရတယ်ကြားပါတယ်။ သရဲက ဝေးဝေးက
ခြောက်တာမဟုတ်ပဲ ကိုယ်နဲ့အလွန်နီးကပ်တဲ့ ကိုယ်နင်းလာတဲ့ဆိုက်ကားပေါ်ကိုပါလာတာ ဆိုတော့ကာ
အဲဒီဆိုက်ကားဆရာမို့သာပေါ့ မေဖလားဝါးသာဆို…..ခုချိန်ဒီလိုစာတွေတောင်ရေးနိုင်လောက်မယ်မထင်
ဘူး။ အမလေး…ရေးရတာတောင်ကြောက်ကြောက်နဲ့………..။
ဓါးငမိုး
June 1, 2012 at 9:44 pm
အေးဗျာ ..
ဖတ်ရင်းနဲ့ ကျုပ်တောင် နည်းနည်း ကြောက်မိသွားပါရဲ့ …
ဒါပေမယ့်လို့လည်း လက်တွေ့ ကျုပ်နဲ့ တွေ့ရင်တော့ ဒီသရဲမတွေ မလွယ်ပါဘူး …
မီးလောင် ဒဏ်ရာအပြင် ဓါးဒဏ်ရာပါ အပိုပါသွားဦးမယ် …
water-melon
June 1, 2012 at 10:13 pm
ငမိုးရေနောက်ဆို TOYO ဘက်ထရီဘဲသုံးတော့အေ
မှားလို့
သရဲမတွေ့ချင်လား
လာခဲ့
တလုပ်သရဲတွေရောရှိတယ်
အကုန်ရှိတယ်
လူ ဟား
June 1, 2012 at 11:31 pm
တွေ့လိုက်ချင်စမ်းပါဘိတော့ .. ဒီသရဲတွေနယ်… လူမှန်းသိကတည်းက ကြားလိုက်တဲ့ သရဲအကြောင်း သဘက်အကြောင်း .. ခုထိကို မတွေ့ဖူးသေးတာဗျာ…
kyeemite
June 2, 2012 at 10:35 am
ဘားလားချောင်းကိုဖြတ်ဖေါက်ထားတဲ့
ဘားလားတံတားဆိုတာ..လှည်ူကူးမြို့ လယ်ကောင်က
ဈေးကြီးနားမှာရှိတာပါ..