Comment ပေးတဲ့အခါ …

Comment ပေးတဲ့အခါ ...

 

Comment ဆိုတဲ့ စကားလုံးကို Dictionary ထဲမှာ ကြည့်လိုက်တော့ Noun အနေနဲ့ “ထင်မြင်ချက်၊ သုံးသပ်ချက်” လို့ တွေ့ရပြီး Verb အနေနဲ့ ကတော့ “ထင်မြင်ချက်ပေးသည်၊ မှတ်ချက်ပေးသည်၊ ဝေဖန်သည်” လို့ တွေ့ရပါတယ်။

ပို့စ်တစ်ခု တင်လိုက်တဲ့အခါ ပို့စ်တင်တဲ့လူတွေက သူ့ပို့စ်ကို ပေးမယ့် ထင်မြင်ချက်၊ မှတ်ချက်၊ ဝေဖန်ချက်တွေကို မျှော်လင့်မိတာတော့ အမှန်ပါပဲ။ ကွန်မန့်တွေထဲမှာ ကောင်းတဲ့ မှတ်ချက်လေးများ တွေ့ရပြီဆိုရင် အားရှိသွားပြီး ထပ်ရေးဖို့ ခွန်အားတွေ တိုးရပါတယ်။ ဆိုးတဲ့ မှတ်ချက်တွေ တွေ့ရမယ်ဆိုရင်တော့ စိတ်ပျက်မိမှာ အမှန်ပါပဲ။ လူကိုးဗျ …။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ ဝေဖန်ချက်၊ မှတ်ချက်တွေကိုတော့ ကြိုဆိုလျက်ပါပဲ။ ဒါက ပို့စ်ပိုင်ရှင်ဘက်ကို ကျနော့်အနေနဲ့ ကြည့်ကြည့်တာပါ။

ကွန်မန့်ပေးတဲ့လူ ဘက်က ကြည့်ကြည့်တဲ့အခါ … ပို့စ်တွေကို လိုက်ဖတ်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်ကို ကလစ်နှိပ်ပြီး လိုက်ဖတ်တယ်။ နောက်ပြီး ကွန်မန့်များတဲ့ ပို့စ်တွေကိုလည်း လိုက်ဖတ်တယ်။ ပြီးရင် ပို့စ်ကို ကွန်မန့်ပေးတယ်။ ကွန်မန့်ပေးတဲ့အခါ ပို့စ်ကို ရည်ရွယ်ပြီး ပေးတာ ရှိသလို၊ ကွန်မန့်ပေးတဲ့လူကို Reply လုပ်တာလည်း ရှိပါတယ်။ Reply လုပ်တဲ့အခါ ပို့စ်ရဲ့ အကြောင်းအရာနဲ့ ဆိုင်ချင်မှလည်း ဆိုင်မယ်။ ဆိုင်ချင်လည်း ဆိုင်မယ်ပေါ့ဗျာ။ မဆိုင်တာက ပိုများပါတယ်။ ဥပမာ – ကျနော် ရွာထဲ လည်နေတုန်း မောင်ပေ၊ ငဗိုက်၊ ဗြဲသီးတို့ရဲ့ ကွန်မန့်တွေ တွေ့တဲ့အခါ Reply လုပ်ပြီး ကပ်ဖဲ့သွားတတ်တယ်။ ပို့စ်နဲ့ မဆိုင်ဘဲ မန့်တာကို ပြောတာပါ။

( ကပ်ဖဲ့တာနဲ့ ပတ်သက်ပြီး ငဗိုက် ပြောခဲ့တဲ့ စကားကို အမှတ်ရမိတယ်ဗျ။ သူက ပြောဖူးတယ်။ ကွန်မန့်တစ်ခု ပေးပြီးရင် အငြိမ်နှပ်နေလို့ မရဘူးတဲ့။ ပြန်ပြန်ပြီး ကြည့်ရသေးတယ်တဲ့။ သူ့ကို လိုက်လိုက်ပြီး ဖဲ့တတ်လို့တဲ့လေ။ ဟုတ်ပါတယ်။ ကျနော်ဆို ကွန်မန့်တွေထဲမှာ မောင်ပေ၊ ငဗိုက်၊ ဗြဲသီးတို့ ကွန်မန့်တွေ တွေ့ပြီဆို လိုက်လိုက်ပြီး ကြည့်ရတယ်ဗျ။ မတော် ကိုယ့်ကို ဆော်ထားမှဖြင့် …။ ဤကား စကားချပ် …။ )

တကယ်တော့ ဒီပို့စ်က Comment ပေးတာနဲ့ ပတ်သက်ပြီး ကျနော် သိထားတဲ့ အချက်လေးတွေကို ပြောချင်တာပါ။ သိတယ်ဆိုတာ သိတာကိုပဲ ပြောတာပါ။ ထားပါ …။ အောက်က အချက်တွေပါပဲ။

  • ကိုယ်တကယ် စိတ်ဝင်စားတဲ့ ပို့စ်ကို ဖတ်ပါ။
  • ကိုယ်မှ တကယ် စိတ်မဝင်စားရင် ကွန်မန့်ပေးဖို့ မလုပ်ပါနဲ့။
  • ” ပုံလေးတွေက လှလိုက်တာ၊ အားပေးသွားပါတယ်၊ ” ” ကောင်းမွန်တဲ့ ပို့စ်တစ်ခုပါ ” စတဲ့ အဖြစ် ခပ်တိုတို အဖြစ်ကွန်မန့်တွေကို ပို့စ်ပိုင်ရှင် အများစုက သဘောမကျကြပါဘူး။ အဖြစ်ကွန်မန့်ကို အဖြစ်ကွန်မန့်အဖြစ်သာ သဘောထားကြပါတယ်။ ဒါကြောင့် အဖြစ်ကွန်မန့် မပေးပါနဲ့။
  • ပို့စ်တင်သူ အများစုဟာ သူတို့ပို့စ်မှာ ထင်မြင်ချက်ပေးတာ၊ ဆွေးနွေးတာမျိုးတွေကို သဘောကျတတ်ပါတယ်။
  • Comment စပေးတဲ့အခါ ပို့စ်ရေးသားသူရဲ့ ကြိုးစားအားထုတ်မှုကို လေးစားတဲ့၊ ချီးကျူးတဲ့ စကားလုံးတွေနဲ့ စတာဟာ အကောင်းဆုံးပါပဲ။ ဒါဟာ ပို့စ်ပိုင်ရှင်ကို ထပ်ရေးဖို့ အားပေး ပေးလိုက်သလိုပါပဲ။
  • ရိုးသားပါ။ ဟုတ်ပါတယ် comment ပေးတဲ့အခါမှာ ရိုးသားစွာ မှတ်ချက်ပြုရပါမယ်။ post ရဲ့ တနေရာရာမှာ စာလုံးပေါင်း မှားနေတာ ဒါမှမဟုတ် တစ်ခုခု မှားနေတာကို တွေ့ပါလျက်နဲ့ “very nice post” လို့ comment ပေးလိုက်တာဟာ မရိုးသားရာ ကျပါတယ်။ post တင်ထားတဲ့ သူတွေဟာ သူတို့ရဲ့ အမှားတွေကို comment တွေထဲမှာ ရှာလေ့ရှိကြပါတယ်။ ဒါကြောင့် မှားနေရင် အမှားကို ထောက်ပြပေးပါ။
  • ပို့စ်တစ်ခုကို ကွန်မန့်ပေးပြီးရင်လည်း ပစ်မထားပါနဲ့။ သူများတွေ ဘာပြောသလဲ။ ပို့စ်ပိုင်ရှင်ကရော ဘာပြန်ပြောလဲဆိုတာ ပြန်ကြည့်ပါ။ ကိုယ်နဲ့ အမြင်မတူရင် ပြန်လည် ဆွေးနွေးပါ။
  • ( ဖြည့်စွက် ။     ။ ပို့စ်ထဲမှာ မကျေနပ်တာ၊ ပို့စ်ရဲ့ ကွန်မန့်တွေထဲမှာ မကျေနပ်တာ တွေ့တဲ့အခါ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းမျိုးကို မသုံးမိအောင် သတိထားပါ။ အတတ်နိုင်ဆုံး ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေကို ရွေးပြီးသုံးပါ။ ထိုအသုံးအနှုန်းများကို မသုံးတတ်ပါက မျက်စိမှိတ်ပြီး မသိသလို နေလိုက်တာက အကောင်းဆုံးပါ။ )

အင်တာနက်ပေါ်မှာ ဟိုဖတ်ဒီဖတ် လျောက်ဖတ်နေရင်းနဲ့ အထက်က အချက်လေးတွေကို တွေ့တာနဲ့ သဘောကျမိလို့ ဒီနေရာမှာ တင်လိုက်တာပါ။ ထုံးစံအတိုင်း ဒီပို့စ်ကလည်း ဘာရယ် မဟုတ်ပါဘူး။ ကျနော် တွေ့မိတာလေးတွေကို ရွာကြီးထဲ ပြန်ရှဲတာပါ။

အမှန်တော့ နေ့တွက်လေးကိုက်သွားအောင် မရှိရှိတာကို ပို့စ်လုပ်ပြီး တင်လိုက်တာ 😀 … အဲ့ဒီလို မဟုတ်ပါဘူးလို့ …
တကယ်တော့ ရွာထဲ လျောက်ဖတ်ပြီး ဗဟုသုတ ယူနေတာက သဂျီး ပိုက်ပိုက်ထက် ပိုပြီး အဖိုးတန်ပါတယ် … ဟုတ်တယ်ဟုတ် …
အဲ … ဒီရွာကြီးကို ဖန်တီးထားတာက ဘယ်သူတုန်း .. သဂျီးပဲ …
ဒီတော့ ဗဟုသုတတွေ ရတဲ့ ပို့စ်တွေကို ဖတ်နိုင်ဖို့ ပြုလုပ်ပေးထားတာကလည်း သဂျီးပဲ ..
အဲ့ဒီတော့ သဂျီးကို ပြန်ပြီး ကျေးဇူး တင်ရဦးမယ် …
အဲ … ဒါလည်း ဟုတ်သေးပါဘူး …
သဂျီးကို ကျေးဇူး မတင်ရအောင် စဉ်းစားဦးမှ ..
ဟုတ်ပြီ .. ဒီလိုမျိုး ဖတ်နိုင်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ရမယ် …
ဆရာ၊ ဆရာမတွေဆိုတော့ ကျောင်း ..
အင်း .. ဒီကျောင်းကို တက်နိုင်အောင် ထားပေးခဲ့တဲ့ အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်ရမယ် …
ပြီးတော့ မျက်စိ …
ဟုတ်တယ် .. ကောင်းကောင်း အလုပ်လုပ်နေတဲ့ မျက်စိကိုလည်း ကျေးဇူးတင်ရဦးမယ် .. သူကောင်းလို့ မြင်ရတွေ့ရ ဖတ်ရတာ …
ဒီထက် .. ဒီထက် … မျက်စိကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ထိန်းသိမ်းထားနိုင်တဲ့ ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီး ကျေးဇူးတင်ရဦးမယ် … 😀
အင်း .. ဦးပေါ်ဦး လျှောက်ထုံးထဲကလို ကျေးဇူးရှင် ဘယ်သူတုံး ဆိုသလို ဖြစ်နေပြန်ပါပြီ …
တော်ပြီဗျာ .. ရှုပ်တယ် .. ဒါဗြဲ …
😀 😀

ပျော်စေချင်တဲ့ …
အံစာတုံး

138 comments

  • အရီး Khin Latt

    June 6, 2012 at 9:44 pm

    ဒီလို မျိုး အကြောင်းလေး ကို ရေးလို့ အင်မတန် ကျေးဇူးတင်ပါတယ် မာန်အောင် (မောင်အံ) ရယ်။
    Post တွေ က ” နေ့မြင်” “ည နောက်ရောက်” ဆိုတော့ တစ်ခါတစ်ခါ နေ့လည် မှာ ဖတ်ထားပြီး မှတ်ချက်ပေးဖို့ စဉ်းစားထား။
    ညရောက်တော့ အသစ်တွေ့တာ ဖတ်ပြီး နေ့လည် ကဟာ ကို မပေးဖြစ်တော့။
    ဒီလို နဲ့ အချိန် ကလဲ မရ နဲ့ ကိုယ်မှတ်ချက် မပေးဖြစ်ခဲ့တာ တွေ အတွက် စိတ်မကောင်းဖြစ်ရပါတယ်။
    အမှန်တော့ အားလုံး ကို ကြိုးစားဖတ်ပါတယ်။
    မနေ့က စပြီး ခေါင်းစဉ်ကြည့်ပြီး တစ်ချို့ ကို လုံးဝဝင်မဖတ်ပါ။
    အသစ် တွေ ဆိုရင် ကြိုးစားတော့ ဖတ်ပါတယ်။
    ဒါပေမဲ့ ကိုယ်အားသန် တဲ့ အကြောင်း မဟုတ်ရင် မှန့်ချက်ပေးဖို့ ခက်တာမို့ မပေးဖြစ်တာ စိတ်မရှိကြပါနဲ့။
    ပြသနာက – တစ်ခါတစ်လေ နောက်ချင်ရင် တစ်ကြောင်းလောက် နဲ့ ဖြစ်သွားတတ်တယ်။
    အမှန်တော့ အဓိပ္ပါယ်တော့ မရှိဘူး။
    နောက် အရီး လဲ ဆင်ခြင်ဖို့ ကြိုးစားပါ့မယ်။
    ဒီနေ့ ကတော့ အလုပ်မှာ ကျောင်းပိတ်ရက်မို့ ဂလေရိုက်နေနိုင်လို့ အချိန်ပေး ရိုက်နေတာပါ။
    ပုံမှန်ဆို ညမှ မှတ်ချက်ပေးနိုင်တော့ အားလုံး ကို အများကြီး ကျကျနန မရေးနိုင်။
    အားလုံး ကိုလဲ အားပေးချင်။ အဲဒါ နဲ့ အားပေးသွားတယ် တွေ ဖြစ်ကုန်တာ။
    နောက်ဆို အားလုံး ကို ကြိုးစားဖတ်ပြီး အားပေးပါ့မယ်။
    ကိုယ် မဆွေးနိုင် တဲ့ ခေါင်းစဉ် (သို့) အချိန် မရှိ လို့ မှတ်ချက် များ မပေးနိုင်ရင် နားလည် ပေးကြပါလို့။
    အလွန်ကောင်း တဲ့ Post လေးမို့ လက်သီးလက်မောင်းတန်း အားပေးသွားပါတယ်။
    (အမှန်က စာရိုက်နေရင်း လက်ညောင်းလာလို့ :lol:)

  • ahnyartamar

    June 6, 2012 at 10:00 pm

    ခြောက်မျက်နှာရေ…မြန်မာစာကို လက်ညိုးနဲ့ တချောင်းထိုးရိုက်နေရတော့ တခါတလေ အများကြီးဆွေးနွေးချင်ပေမယ့် တိုတိုနဲ့ လိုရင်းကိုပဲ မန့်ခဲ့ရတာပါ။ ကြိုးစားပါမယ်ဗျို့…..။

  • မောင်ပေ

    June 6, 2012 at 10:10 pm

    လာပြန်ပြီ
    ဒီကိတ်စ ကို တော့ ကန် ့ကွက်တယ်
    အူးဗိုက်ကြီး နဲ ့ကျုပ် နဲ ့၊ ခင်ဗျားလဲ ပါတယ်
    တက်သမျှ ပို ့စ် ဒိုင်ခံ ကွန်မင့်နေကြတဲ့ဟာကို
    အခုမှ မုန်လာဥ မလုပ်နဲ ့။ ဒါဘဲဗျာ
    ရင်ပူတယ်
    ဘီယာဆိုင်ဂိုးဘီ
    ဘူးဘူးဗျရော… ဟိုက် ဆိုင်ကယ်အိတ်ဇောထဲက ဆီချေးတွေ အူးဗိုက်ကြီး မျက်ခွက် သွားစင်ပြီ
    လစ်မှ

    • Shwe Tike Soe

      June 7, 2012 at 9:23 am

      ဟိတ်လူ နေအုံးလေ ကျွန်တော်လဲ လိုက်မယ်… ဘယ်ဆိုင်သွားမလဲ… ဟဲဟဲဟဲ.. သများလဲ ရင်ပူနေလို… အတူတူသွားမှာပေါ့ဗျာ… ကပေနှယ့်

      • water-melon

        June 7, 2012 at 11:44 am

        ဟဲ့ဟဲ့ နာကိုလည်း စောင့်အုန်း
        ဂျာပုမရဲ့
        အရင်တခါလို အင်ဂျင်ဝိုင်ကို အပေါက်မှားမထဲ့နဲ့နော်
        အဟီ
        လာထား ၁၀

  • သားဦး၊မြေးဦး

    June 6, 2012 at 11:35 pm

    အရီးခင်လတ်ရေ. မာန်အောင်ဆိုတာ ရမ်းဗြဲကျွန်းပေါ်က မြို ့ပါ။
    ကိုကြီးအံရေ အမှားရှာပြီး ထောက်ပြဝေဖန်ပေးချင်ပေမယ့် ကျနော်
    က စာသင်သားလေးပါ။လေ့လာသူပါ။ဆရာကြီးကရှာကြ၊ပြင်ပေး
    ကြမှာပေါ့။

  • pooch

    June 7, 2012 at 12:27 am

    ဟုတ်ကဲ့ပါ ကိုအံစာတုံးချင့် ။ နောက်ဆို သေချာသတိထား ဖတ်ပြီး ကွန်းမန့် ပေးပါ့မယ် ။ 😀
    အခုတလော စာတွေ ဖတ်ရင်း မျက်လုံးတွေ ဝါးဝါးလာလို့ တချို့စာတွေ ကျော်ဖတ်မိတယ်။ ပိုစ့်တိုင်းလည်း ကွန်းမန့် မပေးမိဘူး။

    • water-melon

      June 7, 2012 at 11:46 am

      ဒါကြောင့်ပြောတာပေါ့
      အသက်လေးဆယ်ကျော်ပြီ ဖြစ်တဲ့ အန်တီပု
      မျက်မှန်တပ်တော့
      လာထား ၁၀

      • pooch

        June 7, 2012 at 1:39 pm

        လာမဲ့နှစ်မှာ ၆ဝ ပြည့်မှာပါကွယ် ။ သားသားဖရဲ မှန်းတာ လိုနေပါသေးတယ် ။ ဆံပင်တွေ တခေါင်းလုံးဖြူနေပြီ ဖြစ်သလို သွားတွေလည်း မရှိတော့ပါဘူးကွယ်။
        လာထား ၁ဝ ။ ဟဲ ဟဲ…. :mrgreen:

      • Shwe Tike Soe

        June 7, 2012 at 2:01 pm

        ဟ ဘာလဲ ဟ မျက်မှန်တလက် ဘယ်လောက်များမှတ်နေလဲ နင်တတ်ပေးပါလား…
        လာထား ၁၀

        • Mလုလင်

          June 7, 2012 at 11:46 pm

          သူများတက် ပေးလို့ .. မတော် မျက်လုံး ထိုးမိ ရင် ဘယ်လို လုပ်မလဲဗျ …။

  • surmi

    June 7, 2012 at 12:50 am

    ဒီလိုမျိုးလေးရေးထားတာ သဘောကျပါတယ် ။သတိထားစရာပါ …
    လွန်ခဲ.တဲ. တစ်နှစ်လောက်ကလဲ ကိုပေတို. ကိုပေါက်တို. က ကွန်မန်.နဲ.ပါတ်သက်ပြီး သတိထား
    စရာလေးတွေ ရေးခဲ.ကြဖူးတယ် ……
    တစ်ချို.ပိုစ်တွေက Reply လုပ်ဖို. လိုပါတယ် …..ကျုပ်ဆိုရင် ပို.စ်တင်ပြီးရင် Reply လုပ်နိုင်ဘို.
    အချိန်နဲလွန်းလို. အားနာပြီးပို.စ်တောင်မတင်ဖြစ်ဘူး …..

  • weiwei

    June 7, 2012 at 8:24 am

    အခုတလော ဒုက္ခပေးနေတာကမျက်စိဆိုတော့ …
    အသက်ရလာတော့ အနီးကြည့် ဒုက္ခပေးလာလို့ ပို့စ်တွေအားလုံးကို မဖတ်နိုင်တော့ဘူး …
    ကွန်မန့်တွေပေးချင်ပေမယ့်လည်း အချိန်က ဒုက္ခပေးပြန်ရော ….
    မျက်စိကောင်းပြီး အချိန်တွေပိုနေရင် သိပ်ကောင်းမှာပဲလို့ တွေးမိရင်း …
    ဘာကိုကျေးဇူးတင်ရမလဲလို့ စဉ်းစားရင်း …. 😛

  • ကြောင်ကြီး

    June 7, 2012 at 8:27 am

    ဒီလောက်တောင် သောက်ကြီးသောက်ကျယ် နိုင်မှတော့ မင်းပို့စ်ကို ကွန်းမန့်မပေးဘူးကွာ.. ဘာလုပ်ချင်သလဲ… 😡

    • water-melon

      June 7, 2012 at 11:53 am

      ဟုတ်တယ် အူးကြောင်
      ကျောလိုက်ကျောလိုက်
      အဲတောင်မကို
      လာထား ၁၀

      • Shwe Tike Soe

        June 7, 2012 at 2:03 pm

        ဟုတ်တယ် ဦးကြောင်ကြီးကို
        ထောက်ခံပြီး ဖရဲသီးကို
        ပင့်ရိုက်တယ်…
        လာထား ၁၀

  • Thel Nu Aye

    June 7, 2012 at 8:58 am

    အင်းဆင်ခြင်စရာလေးတွေပေါ့။ အင်းခြောက်မျက်နှာရေညီးပြောမှပဲ စာကြောင်းများအောင်တော်တော် စဉ်းစားနေရတယ်ဟေ့။ တခါတလေလဲ ဘာမန့်ရမှန်းမသိလို့ မမန့်ဖြစ်ပါဘူး။ တခါတလေတော့လဲ နဲနဲနောက်တာပါ။ ခွင့်ပြုပါ ခွင့်လွှတ်ပါ ။ ဟီဟိ

    • Moe Z

      June 7, 2012 at 9:36 am

      ခွင့်ပြုတယ် ခွင့်လွှတ်တယ် ..
      လာထားတစ်ဆယ် 😆

      • amatmin

        June 7, 2012 at 9:51 am

        အပေါ်မှာ မိုးစက် မန့်ထားသလို..
        လာထားတဆယ် ဆိုတာ ပိုက်ဆံရဖို့ကို ပြောလိုရင်း..
        မဟုတ်ဘဲ သဂျီးကို ကြည်စယ်တယ်ဆိုတာလေး
        ဝင်ရှင်းပြပါရစေ.ဗျ..
        အဟိ..လာထားတစ်ဆယ် 🙂

        • Azzurri

          June 7, 2012 at 9:53 am

          ကိုမတ် ဖြည့်စွက်တာကို လေးလေးနက်နက် ခိုင်မာစွာ
          နားလည် သဘောပေါက်ကြောင်း ..ထပ်လောင်း အသိပေးလိုပါရဲ့…
          အိုဘယ့် ..တစ်ဆယ်..
          😀

        • ဦးဦးပါလေရာ

          June 7, 2012 at 11:00 am

          ကျုပ်လဲ တသဘောထဲပဲရှိပါတယ်…
          တစ်ဆယ်….:D

        • Shwe Tike Soe

          June 7, 2012 at 2:05 pm

          ဟုတ်တယ် ချစ်လို.ကြည်စယ်
          တစ်ဆယ်ရမယ် ဘာဖြစ်လဲ ဘာဖြစ်လဲ…
          လာထား ၁၀

    • Thel Nu Aye

      June 7, 2012 at 10:24 am

      အောင်မယ်လေးစီးပွားဖြစ်နေလိုက်ကြတာ။ ဒီကလဲ ဘယ်မလဲတဆယ်။

      • မဟာရာဇာ အံစာတုံး

        June 7, 2012 at 12:54 pm

        အနော့်လည်း ချန်မထားကြနဲ့ဦးလေ ..
        အနော်လည်း လိုက်မယ် ..
        လိုက်မယ် …
        လာထား အနော့်ကိုလည်း တစ်ဆယ် .. 😀

        • Thel Nu Aye

          June 7, 2012 at 2:37 pm

          ဟဲ့ ခြောက်မျက်နှာ ရှည်ရှည်မန့်လေ။ ပိုစ့်ပိုင်ရှင်ကျေနပ်အောင်။ ဟဲဟဲ ဒီနေ့တော့ နာနေ့တွက်တယ်ကိုက်နေပါလား။ အင်း နောက်ထပ် ၁၀

  • MTY

    June 7, 2012 at 9:35 am

    ဒီလိုလေးတွေလဲရေးပေးအုံးမှဗျို့
    Comment ပေးတာကိုတချိုကဆဲရမဲ့နေရာလို့များထင်နေလားဘဲ။
    ဒီ Post ကိုလဲထောက်ခံတယ်ဗျီု့။လက်မလေးလဲပါတယ်

  • Fond belief Land

    June 7, 2012 at 9:42 am

    ခပ်ကြောင်ကြောင်…ကြောင်အစုတ်ပလုတ်။

    • ကြောင်ဝတုတ်

      June 7, 2012 at 1:06 pm

      ကြောင်ကြီးဆို ကြောင်ကြီးပြောပါ…
      ကြောင်အစုတ်ပလုပ်ဆိုတာ့ ရွာထဲမှာ တခြားကြောင်တွေရှိသေးတယ်….အာဟိ

      လာခဲ့တစ်ဆယ်…

      ဂိုဏ်းချုပ်ကြီး-
      ကြောင်ဝတုတ်

      • Shwe Tike Soe

        June 7, 2012 at 2:07 pm

        ဟုတ်သားပဲဗျာ… ကြောင်ခွဲပြီး ပြောမှပေါ့… ကိုကြောင်ဝတုတ် မခံနဲ.
        ပြန်ပြော…
        ဘယ်နှယ့်ဗျာ… ဒီကြောင်လေးတစ်ကောင်ပဲ ဂဲနဲဝိုင်းထုနေတာ
        ဘာဖြစ်ဖြစ် လာထား ၁၀

        • Thel Nu Aye

          June 7, 2012 at 2:47 pm

          အဲကြောင်ကပစ်မလွဲဖြစ်နေတာကိုး။

  • amatmin

    June 7, 2012 at 9:53 am

    ဘိုအံရေ..
    ခင်ဗျားပို့စ်ဖတ်ပြီး ကွန်မန့်ပေးတတ်အောင် လုပ်အုန်းမဗျာ..
    ငွေတဆယ်ကိုထိုက်တန်စွာရရှိဖို့ ..
    ပိုကြိုးစား.အားထုတ်.တွေးတော.သုံးသပ်.ရေးမှတ် ရမပေါ့လေ.. 😛

  • စိန်ဗိုက်ကလေး

    June 7, 2012 at 9:55 am

    ကို အူးလေး ရာဇာအံ ဓါးငမြောက် ခင်ဗျား..
    အစိကို အစိတိုင်း ရေးပြတာ ကောင်းဘာဒယ်..
    များဒို ့ကလဲ အစိကို အစိတိုင်းပဲ ပြောချင်ကြဒါဘာ..
    မှန်ရင် မှန်တယ်..မှားရင် မှားတယ်..
    နားလည်ရင် ဝင်ဖောဒယ်..မလည်ရင် ဝင်မဖောဘူး..
    ဂလောက်ပါဘဲ..
    တစ်ခါတလေ မကြီးမငယ်နဲ ့ တငယ်ပြန်ပြီး လိုက်လိုက်နောက်နေဒါတော့ ခွလွှတ်ပါခင်ဗျား.
    အားလုံး..ပျော်စေ ပျက်စေ ကလက်စေ သဘောပါ..
    ကွန်းမန် ့ပြဿနာကတော့ ရှင်းလိုက်မယ်ဆို စိန်ဗိုက်ကလေးတို ့ ထိပ်ဆုံးက စမ်းကမ်းဖောက်နေသမို ့..
    ရှေ ့မျက်နှာနောက်ထားပြီး ဝင်အားပေးခဲ့ပါတယ်..
    ခွလွှတ်တော်မူပါ အူးလေးရာဇာအံ ဓါးငမြောက်ခင်ဗျား.

  • MaMa

    June 7, 2012 at 10:00 am

    အဖျက်အမှောင့်လို့ ယူဆတဲ့ (အမဲရောင်) ပိုစ့်မျိုးတွေဆိုရင် အပြန်အလှန် တိုက်ခိုက် ဆဲဆို ပြောဆိုနေကြမယ့်အစား ကွန်မန့်မပေးပဲနေတာက ပိုကောင်းမယ်ထင်တယ်။
    အရင်က တင်သမျှပိုစ့်တွေ အကုန်ဖတ်၊ ဖတ်သမျှ အားလုံးလိုလို ကွန်မန့် ပေးဖြစ်ပေမယ့်…
    ခုနောက်ပိုင်း အချို့ပိုစ့်တွေဆို ရေးသူကြည့်ပြီး ဖွင့်တောင်မကြည့်ဖြစ်တော့ဘူး။
    ကွန်မန့်လည်း မပေးဖြစ်ဘူး။
    ဒါပေမယ့် အချို့ အရမ်းကောင်းတဲ့ (ဥပမာ- တိမ်ယံသစ္စာ လိုမျိုး) ပိုစ့်တွေ ကိုလည်း
    ကွန်နက်ရှင် ညံ့ဖျင်းမှုကြောင့် ကွန်မန့် မပေးနိုင်ပြန်ဘူး။ 🙁
    PS-
    ကိုယ်တင်တဲ့ ပိုစ့်မှာကျတော့လည်း ကွန်မန့်လေးတွေ မျှော်မိပြန်ရော။ 😀

  • water-melon

    June 7, 2012 at 10:03 am

    စိတ်ထဲရှိတာကို ပြောမယ်နော်
    စိတ်မဆိုးကြေး
    ငါတို့ ကွန့်မန့်ပေးနေတယ်ဆို
    သူကြီးပိုက်ဆံကိုလိုချင်တပ်မက်နေလို့မဟုတ်ဘူး
    ပို့စ်တင်လို့ ပွိုင့်မပေးချင်နေရတယ်
    ဒီဂေဇတ်ထဲက ရွာသူားတွေကို အရမ်းခင်တယ်
    အဲလို ကွန့်မန့်ပေးတာနဲ့ တွက်ကပ်နေရင်
    ဘယ်သူကိုမှ မမန့်တော့ဘူး
    လေပါတယ်အေ

    • Thel Nu Aye

      June 7, 2012 at 10:28 am

      ဒီလိုတော့လဲဖြဲဒီး က မှန်သွားပြန်ရေ။ အော်ပေးမိပြန်ပြီတကြောင်းထဲ။

    • Shwe Tike Soe

      June 7, 2012 at 2:11 pm

      ဒါ
      မှ
      ဒို.

      ရဲ

      ကွ
      အရင်တစ်ခေါက်ကလဲ ဘူလဲတိဘူး ကောမန်.တိုတာ မမေးဖို. ပို.စ်တင်သေးတယ်ထင်တယ်… အဲဒီတုန်းကလဲ တားတားတို. ဝင်အမုန်းခံသေးတယ်.. အခုတော့ ပြောတော့ပါဘူးအေ…
      လိုချင်လို.ပဲ ပေးပေး ပေးလို.ပဲရရ တိုတိုရှည်ရှည်
      လာထား ၁၀

  • mayjuly

    June 7, 2012 at 10:31 am

    ဦးလေး အံဇာ ကတော လုပ်ပီ…
    အပေါ်ပိုင်းလေးကို ဖတ်ပီးတော့ ဦးလေးကို လေးစားနေရာက..
    အောက်လဲရောက်ရော ငါး လျော်ရမလိုဖစ်နေပီ..အဲလေ မှားလို့
    အောက်ပိုက်းလဲရောက်ရော အဖျားကြီးက ဘာလို့ ရှုးတွားရတာတုံးးးးး
    ဟီးးး စိတ်ထဲရှိတဲ့အတိုင်းပြောတာပါ..စိတ်ဆိုးပါနဲ့ ….

    ဟုတ်ပါတယ် တချို့ ကွန်မန့်တွေက ပိုစ်နဲ့မဆိုင်တဲ့ကွန်မန့်တွေတွေ့ရတယ် ….
    ကိုယ်ကိုယ်တိုင်လဲအပါအဝင်ပေါ့ …စချင် နောက်ချင် ရင်းနှီးတဲ့သဘောလေးတွေ ပြတဲ့သဘောဖြစ်မှာပါ …
    ဥမပါ .ဗိုက်ကလေးပဲကြည့် သူများကွန်မန့်ဆို Reply လုပ်ပြီး ကပ်ဖဲ့သွားတတ်တယ်….:D

    • စိန်ဗိုက်ကလေး

      June 7, 2012 at 10:49 am

      ကျေးဇူးပြု၍ ဥမပါ .ဗိုက်ကလေးပဲကြည့် အစား
      ဥပမာ..ဗိုက်ကလေးပဲကြည့် ဟူ၍ ပြင်ဆင်ဖတ်ရှုကြပါကုန်

      • mayjuly

        June 7, 2012 at 10:55 am

        ဟားးဟားးးးတကယ်ကို လွဲသွားတယ် ဦးဗိုက်ရေ ..ချောတီးပါ ဗျာ … 😀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 7, 2012 at 10:52 am

    တန်းထချရာကြီးတိုနှုတ်ချက်….
    မင်းကုလားပါချရာကြီး…..
    ဂန်ဖလားအူးခမောက်ကြီးပြောတာထောက်ခံတယ်ဗျို့…….
    သို့သော်….တစ်ခါတစ်လေလေး……တကယ့်ကိုမကြာခဏဖြစ်တဲ့တစ်ခါတစ်လေလေး….
    အဟိသူကြီးဆီကငွေတစ်ဆယ်ယူရင်းနဲ့……
    ဒါကတော့ဒီလိုရှိပါတယ်….တစ်ခါတစ်လေကျရင်စကားဆိုတာ
    တိုတိုတုတ်တုတ်ပြောတာကစကားများများပြောတာထက်ထိရောက်ပါတယ်…..
    ဥပမာဗျာ…..ဦးဖုန်းကျော်ကြီးရဲ့ပို့စ်ကတစ်ချို့ကွန်မန်းများဟာမကြားဝံ့မနာသာပြောတာတွေရှိပါတယ်…
    ဒါတွေကိုများများစားစားပြောနေလဲကျွဲပါးစောင်းတီးဖြစ်နေမယ်…(ရွာထဲကိုအရည်အချင်းမရှိရင်
    မပြောရင်လဲမဖြစ်ပြန်ဘူး….အဲတော့တိုတိုတုတ်တုတ်ပြောတာတွေလဲ
    တစ်ခါတစ်လေလိုအပ်ပါဂျောင်းလေး……
    ဟဲဟဲကိုအံဇာရေ…ကျွန်တော်တို့တရားခွင်ဖိုက်တာတွေပြောတဲ့စကားလေးအတိုင်းဆို…
    ဘာရယ်မဟုတ်ဘူးCross Questionတက်ကြည့်တာ….
    http://myanmargazette.net/128026/creative-writing/modern-critics-professionalsamateurs-judge
    ဒီမှာကျွန်တော်မန့်ထားတာဒီသဘောရည်ရွယ်ပါတယ်……

  • nozomi

    June 7, 2012 at 10:55 am

    ကောင်းပါတယ် အားပေးသွားပါတယ် နော

    အင်း ဒီလိုဆိုတော့လဲ မရဘူးတဲ့

    ဟိုလူ ကြီးလို လက်မထောင်ပါတယ် ပါ ထည့်ပြောရမှာလား

    မသိဘူး ဗျာ

    ကောင်း လို့ ကောင်းတယ် ပြောတယ် ဗျာ
    ကြိုက်လို့ အားပေးတယ် ဗျာ
    အားနေလို့ လက်မ ထောင်တယ် ဗျာ
    ကဲ ဘာပြောဦးမလဲ
    လောလောဆယ် ၁ဝ ယူမယ်
    မကြိုက်ရင်ထပ်ပြော နောက်ထပ် ၁ဝ ထပ်ယူဦးမယ်

    😀 😀 😀

    • Shwe Tike Soe

      June 7, 2012 at 2:15 pm

      ဟုတ်တယ်ဦးနို
      ထပ်ပြောထပ်ပြော
      ကောင်းလို.ကောင်းတယ်ပြော တာ ပြောသာပြော
      အားလို.လက်မထောင်တာ ထောင်သာထောင် … (လက်မ)
      လောလောဆယ် ၁ဝ ယူမယ် ယူသာယူ… သများလဲယူမယ်နော်.. ဟိဟိ

  • ဦးဦးပါလေရာ

    June 7, 2012 at 11:02 am

    စာရိုက်လို့ကောင်းတဲ့ ကွန်ပျူတာနဲ့မှ ပြန်လာဦးမယ်…
    ကျုပ်ကိုစောင့်ကြဦး……

    • စိန်ဗိုက်ကလေး

      June 7, 2012 at 11:13 am

      အခေါက်ရေများမှ ကိုယ့်အတွက် ကျန်မှာ
      လက်နှေးရင်တော့ ခွက်ဆေးရမယ်..
      ကျုပ်တို ့ကတော့ သုံးကြောင်း ဆွဲပြီးသွားပြီ

      သဂျီးတင်းပြီး ဖျက်မယ်ဆိုရင်တော့ သုံးကြောင်းစာ ခြောက်ဆယ် နုတ်ခံရမယ်

    • amatmin

      June 7, 2012 at 11:15 am

      ဟုတ် ဦးပါ..
      စောင့်နေပါ့မယ်..
      မြန်မြန်လေးတော့မန့်ပေးပါ..
      အဟိ..လူကြီးက စောင့်ခိုင်းထားတာ ..
      ဘယ်သူမှ ပြန်မဖြေလို့..အားလုံးကိုယ်စားဖြေလိုက်ပါ၏.. 🙂
      လာထား.. $ 😛

    • water-melon

      June 7, 2012 at 11:42 am

      ရတယ် ဦးပါ
      သားသားစောင့်နေမယ်နော်
      မြန်မြန်လာခဲ့ နောက်ကျရင် ပန်းကန်ဆေးရမယ်
      လာထား ၁၀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 7, 2012 at 11:12 am

    ကွန်မန့်မန့်ထားတာလဲပေါ်ဘူးတော့…
    ဘယ်လိုများဖြစ်သဒုံး….

    • Moe Z

      June 7, 2012 at 11:25 am

      အာ .. အတော်နောက်တာပဲ ..

      ရှမ်းပြည်သား (တောင်ပိုင်း) says:

      ကွန်မန့်မန့်ထားတာလဲပေါ်ဘူးတော့…
      ဘယ်လိုများဖြစ်သဒုံး….

      ဒါကွန်မန့်မဟုတ်လို့ ဘာတုန်း :mrgreen:
      အဟိ .. တစ်ဆယ် အဂန်း!

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 7, 2012 at 11:30 am

    ပြန်ရေးမယ်….ကွန်နက်ရှင်ကစုတ်တာလား..သူကြီးဆာဖာဖုန်တက်တာလားမသိ
    တန်းထ..ချရာကြီးတိုနှုတ်ချက်…
    မင်းကုလားပါချရာကြီး…..
    ဂန်ဖလားဒေါ်ခမောက်ကြီးပြောတာထောက်ခံပါတယ်ဗျို့….
    တစ်ချို့ကွန်မန်းတွေကရေးချင်သလိုရေးဆဲချင်သလိုဆဲတယ်….ဒါကြောင့်
    စာဖတ်ပရိတ်သတ်ကိုစော်ကားရာရောက်ပါတယ်….
    ဒါပေမယ့်တစ်ချို့တွေကတော့အားပေးတဲ့စကားခင်ရာမင်ရာပြောင်ပြောင်နောက်နောက်
    စကြတဲ့အနေနဲ့တိုတိုတုတ်တုတ်ရေးတတ်ကြပါတယ်…
    ဒီလိုကွန်မန်းမျိုးတော့ချွင်းချက်ပေးသင့်ပါတယ်….
    တစ်ခါတစ်လေကြတော့လဲတိုတိုတုတ်တုတ်နဲ့စကားတစ်ခွန်းဟာ
    အဒိတ်ဘယ်အများကြီးကိုဆောင်ပါတယ်..
    ဥပမာပြရရင်ဦးဖုန်းကျော်ကြီးရေးတဲ့ ကုလား(သူကြီးမပြောင်းပေးခင်တုန်းက?ကုလား)
    ဆိုတဲ့ပို့စ်မှာ ကျွန်တော်ပြန်မန့်ထားတဲ့ကွန်မန်းလေးရှိပါတယ်…..
    တစ်ချို့များဟာမကြားဝံ့မနာသာနဲ့ကွန်မန်းတွေပေးလာတဲ့အခါမှာ….
    ကျွန်တော်တို့ရွာကြီးဟာစာဖတ်ပရိတ်သတ်များပြီး မြန်မာနိုင်ငံရဲ့ပထမဆုံးသော
    မီဒီယာတစ်ခုဖြစ်တဲ့အတွက်မန်းလေးဂေဇက်ဆိုတဲ့ဝဘ်ဆိုဒ်ဟာလဲ….
    တော်ယုံနဲ့ပြောချင်ရာပြောလို့မရတဲ့နေရာဆိုတာအားလုံးသဘောပေါက်သင့်ပါတယ်…
    ဒီအခါမှာရှည်ရှည်ဝေးဝေးပြောနေရင်လဲကျွဲပါးစောင်းတီးသလိုပြန်အထွန့်တက်တဲ့သူတွေရှိပါတယ်…
    အဲဒီတော့ပြောရင်လဲလက်မခံမပြောလို့လဲမဖြစ်တဲ့လူတွေကို…
    များများပြောစရာမလိုပဲ……ကိုယ့်ဂုဏ်သိက္ခာကိုနိမ့်ချမထားဖို့တစ်ခွန်းထဲနဲ့ထိရောက်မယ့်
    စကားမျိုးကွန်မန်းမျိုးပေးသင့်ပါတယ်…..ဒါကြောင့်ကိုအံဇာကိုတစ်ဝက်ထောက်ခံပြီး..
    တစ်ဝက်မထောက်ခံပါဘူး……
    အဟဲ…ကျွန်တော်တို့တရားခွင်ကဖိုက်တာတွေစကားအရဆိုရင်..
    ကိုအံဇာကြီးကိုCross Questionပြန်မေးကြည့်တာ….
    ဆိုတော့ကား……..ဝါးလုံးနဲ့တော့သိမ်းမရိုက်ပါနဲ့ဗျာ…….လောက်လွှဲနဲ့တစ်ချက်စီပစ်ပါ….

  • water-melon

    June 7, 2012 at 11:41 am

    ဟဲ့ ဟဲ့ ဘာတွေဖစ်နေတာလဲ
    သတင်းထူးဆို နာကိုပေးအုန်း
    လာထား ၁ဝ
    အဟီ

  • nozomi

    June 7, 2012 at 12:32 pm

    လာထား ၁ဝ တွေ များနေလို့
    သူကြီးက ဒီပို့စ် မှာ မန့်တဲ့သူတွေကို
    သူက ၁ဝ မပေးတော့ပဲ
    ကွန်မန့် တစ်ခု ၁ဝ ပြန်ဖြတ်ပါမယ်တဲ့

    သူကြီး ရော့ ၁၀

    • water-melon

      June 7, 2012 at 12:53 pm

      ဂယ်လား တိုတိုနိုနို
      ပေးချင်းပေးမပေးချင်နေ ၁၀
      အံဇာရေ
      ညည်းပြောတဲ့အတိုင်း မလုပ်နိုင်ဘူးအေ့ 😆

      • မဟာရာဇာ အံစာတုံး

        June 7, 2012 at 1:01 pm

        စာကို သေချာဖတ် ဖရဲမရဲ့ …
        နာက တွေ့တာကို ဗဟုသုတ အနေနဲ့ တင်လိုက်တာ ..
        လုပ်ပါမယ်လို့ ဘူဂ အာမခံထားလို့လည်း ..
        ညည်းဒို့ သိဒဲ့အတိုင်း နာကရော ဘာမို့လို့လဲ ..
        ဆိုင်ဆိုင် မဆိုင်ဆိုင် ..
        ရွှတ်နောက်နောက် လျောက်မန့်နေတဲ့အကောင် …
        ခုဟာဂလည်း ဂလိုလေး မန့်ရင်တော့ ကောင်းတယ်လို့ ပြောဒါ ..
        ဒါဗြဲ ..
        ကွန်မန့်ဒွေ အားလုံး လျောက်ဖတ်လိုက်ဒါ ..
        လာထား တစ်ဆယ်တွေက များနေဒယ် …
        တကယ်ဘဲ စိတ်လေဒယ် …
        😀

  • ဦးဦးပါလေရာ

    June 7, 2012 at 1:16 pm

    မန်းဂေဇက်မှာတင်တဲ့ ပိုစ့်တွေဟာ အရောင်အသွေးလဲစုံ၊ ရသလဲစုံပြီး တကယ်ကောင်းမွန်ပါတယ်။
    ဒါပေမယ့် မန်းဂေဇက်ရဲ့ အဓိကဆွဲဆောင်မှု့က ပိုစ့်တွေချည်းမဟုတ်ပါဘူး..။
    ကွန်မင့်တွေပါ…..။
    တခြားဘယ်ဆိုက်မှာမှ လုံးဝမတွေ့နိုင်တဲ့-
    ချစ်စရာ ပျော်စရာ
    စိတ်ဝင်စားစရာ လေးစားစရာ သိမှတ်စရာကောင်းလှတဲ့
    ကွန်မင့်မျိုးစုံပါ…။

    ပိုစ့်တွေကောင်းတာက စာရေးသူက အရေးကောင်း အတွေးကောင်း အားထုတ်မှု့ကောင်းတာကို ညွှန်ပြပါတယ်..။
    ကွန်မင့်တွေကောင်းတာကတော့..
    ရွာသားတွေ ချစ်ခင်တာ စည်းလုံးတာ ညီညွတ်တာ
    ပွင့်လင်းလွတ်လပ်တာ ပညာပြည့်တာတွေကို ဖေါ်ညွှန်းပါတယ်…။

    ကျုပ်ကိုရွာထဲစရောက်အောင် ဆွဲဆောင်တာ ကွန်မင့်တွေပါ
    တိတိကျကျပြောရရင် သူကြီးရယ်၊ ကိုကြောင်ကြီးရယ်၊ ကိုအောင်ပုရယ်၊ ဆူးရယ်၊ မမ ရယ် – အဲဒီငါးယောက်ရဲ့ကွန်မင့်တွေကိုဖတ်ပြီး
    ဒီရွာရဲ့ အရည်အသွေးကို ကြိုက်လွန်းလို့ ကိုယ့်ထက်သာတဲ့သူတွေကြားမှာ ကျင်လည်ကြည့်မလို့ ရွာထဲဝင်ခဲ့တာပါ…။

    ပြီးတော့ – တစတစ ရွာက ပိုစည်ပင်လာတယ်..။
    တကယ့် လူတော်တွေ များလာတယ်..။
    နာမည်တွေထုတ်ပြောရရင် (မသိတဲ့သူက) ဖါးတယ်ထင်မှာစိုးလို့ တယောက်နှစ်ယောက်ပဲ ဥပမာပေးချင်ပါတယ်…။

    ဒီရွာက လူတော်တွေထဲမှာ –
    အသက်ထက် အသိဉာဏ်က အများကြီးမြင့်နေတဲ့ လူငယ်တယောက်ပါတယ်…။ တလောက ဓါတ်ပုံကြည့်ပြီးမှ ဒီအရွယ်လေးပါလားလို့သိရပြီး ကျုပ်ဖြင့်အံ့ဩအားကျလိုက်တာ…။

    ပြီးတော့-
    စကားလုံးတွေကို အပိုအလိုမရှိသုံးနိုင်သလို
    ခိုင်မာတဲ့ယုံကြည်မှု့နဲ့ မြင့်မားတဲ့အတွေးအခေါ်ရှိပြီး
    အားနဲ့မာန်နဲ့ ပြတ်ပြတ်သားသား ခွဲခြမ်းစိတ်ဖြာဝေဖန်နိုင်သူတဦးရှိတယ်။

    အခြားတဦးကတော့ သူများပိုစ့်ကို ပြန်လှန်ဆွေးနွေးတာမို့သာ ကွန်မင့်လို့ပြောရတယ်-
    သူ့ကွန်မင့်ရှည်ကြီးတိုင်းက ပိုစ့်ကောင်းကောင်းတပုဒ်စီဖြစ်နေတတ်တယ်။
    တမင်ကိုစောင့်ဖတ်ပြီး လေးလေးစားစားမှတ်သားရတဲ့သူဖြစ်ပါတယ်။

    နောက်တယောက်ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု့အပြည့်နဲ့ မတူတဲ့အမြင်တွေကို ချပေးတတ်တယ်။ လက်ညှိုးထိုးပြတတ်တယ်။ လိုတာတွေကို ဖြည့်ပေးထောက်ပြတတ်တယ်။

    နောက်တဦးက…
    နောက်တဦးက….
    နောက်တဦးက…….
    နောက်တဦးက………
    အဲသလို အဲသလို ပန်းပွင့်ရောင်စုံတွေ သန်သန်စွမ်းစွမ်း လန်းလန်းဆန်းဆန်း ဖူးပွင့်ဝေဆာနေတဲ့ ပန်းခင်းကြီးနဲ့တူတဲ့ မန်းဂေဇက်ပါပဲ….။

    (အဲဒီထဲမှာ ဆေးရိုးသည်နဲ့တူတဲ့ စမ်းချောင်းသား အဘိုးကြီးတယောက်လဲ ကန့်လန့်ကြီး ပါနေတယ်။ သူဝင်ရှုပ်မှာတော့ ပိုစ့်တင်သူတွေ ကြောက်ကြပုံရပါတယ်…. 😀 )

    • မဟာရာဇာ အံစာတုံး

      June 7, 2012 at 1:24 pm

      ဟုတ်ပါတယ် ဦးပါခင်ဗျာ ..
      ဦးပါ ပြောသလိုပဲ မန်းဂေဇက်ရဲ့ အဓိက ဆွဲဆောင်မှုတွေက ပို့စ်ချည်း မဟုတ်ပါဘူး ..
      ကွန်မန့်တွေကလည်း အဓိက အခန်းကဏ္ဍက ပါပါတယ် ..
      ကျနော်တို့ ရွာထဲက ကွန်မန့်တွေကို ဖတ်မိသူတိုင်း ..
      ဒီရွာကြီး စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင် ရှိကြတယ်ဆိုတာ မှတ်ချက်ပြုလိမ့်မယ်လို့ ထင်ပါတယ် ..
      ကွန်မန့်အတွက် ကျေးဇူးပါနော့ …

      • စိန်ဗိုက်ကလေး

        June 7, 2012 at 1:27 pm

        အုပါချည်ပဲ Best Comment ရွေးမနေနဲ ့
        နာ့လဲရွေးကြဦးဟ
        အရက်ပုလင်းနဲ ့ကောက်ထုလိုက်ရ

        • မဟာရာဇာ အံစာတုံး

          June 7, 2012 at 1:33 pm

          ဟဲ့ ..
          နင့်တစ်လုံး ဘယ်ပျောက်သွားပြန်တုန်း ..
          နင့်မလဲ အဲ့တစ်လုံးက ပေါ်လိုက် ပျောက်လိုက်နဲ့ ..
          ဒါနဲ့ နင့်နာမည်ကို ဂလိုပေးပါလား .. ပိုပြည့်စုံသွားအောင် ..
          ပေါက်စိန်ဗိုက် ဆိုပြီး … 😀

        • Moe Z

          June 7, 2012 at 1:34 pm

          ရွေးပေးမယ် BC တော့မဟုတ် BJ (best joker) 😆

        • pooch

          June 7, 2012 at 1:43 pm

          ချဉ်ဖတ်က ရွေးလိုက်ပါပြီတဲ့ ။ နောက်တခါ ဝစ်လစ်စလစ် ကိုယ်ဟန်ပြဖို့ အတွက်ပါတဲ့။
          BB ( Best body ) အနေနဲ့ပါတဲ့။ 😀

          လာထား တစ်ဆယ် … :mrgreen:

        • Azzurri

          June 7, 2012 at 1:52 pm

          ဟာဂျာ ..
          သိတဲ့လူဒွေ တားကြပါဦး …
          အော်ဂလီ ဆန်လာဘီ..
          ဘယ့်နှယ့် အာပျိုဂျီးဒွေ
          သုံးတဲ့ အခရိုနာမ် ဒွေ ……
          ရှော့ခ် ရှိလား မသိ မရှိလား မသိ…
          ဂယ်ပဲ…
          မျက်စိထဲ အဲ့ဒါဒွေပဲ ပြေးပြေးမြင်လာလို့ …

          ချဉ်ထှာအေ…
          🙁
          လာထား ၁၀

        • Foreign Resident

          June 7, 2012 at 1:58 pm

          အုပါ ကိုပဲ Best Comment ရွေးမှာပေါ့ကွယ် ။
          ဦးပါ မှာက အုပါ တာကိုး ။
          ကိုဗိုက်ကလေးမှာက ဥ မှမပါတာ ။
          ခုနလေးတင်ကပဲ may july ကပြောထားတယ်လေ ။

          mayjuly says:
          ဥမပါ ဗိုက်ကလေးပဲကြည့် တဲ့ ။

          နောက်တာနော် ။ 😛

        • ချစ်ရင်ထူးနှစ်

          June 7, 2012 at 10:44 pm

          အရက်ပုလင်းဆိုလို့ ..
          တို့ရွာရဲ့သူကြီး သောက်တဲ့ဆေးက တော်တော်စွမ်းတယ်နော် ..
          ဘယ်လောက်အထိ စွမ်းလဲဆိုရင် ဆေးကုန်သွားလို့ လွတ်ပစ်လိုက်တာတောင် ..
          ပုလင်းအခွံက ထောင်လျက်သား ကျတယ် ..
          😀
          ဦးခိုင် ကို ပြောခြင်း မဟုတ်ပါ..
          လာထား ၁ဝ ..

      • ပေါက်စိန်ဗိုက်

        June 7, 2012 at 1:38 pm

        ဝုတ်ကဲ့

        သဂျီးတော့ တင်းနေလောက်ဘီ
        နားချ ဖြောင်းဖျ စည်းကမ်းပြတဲ့ ပို ့စ်မှ ဗိုက်ကလေး မွှေနေလို ့ 😆

        • မဟာရာဇာ အံစာတုံး

          June 7, 2012 at 1:48 pm

          အု .. အုလေး .. ပေါက်စိန်ဗိုက် ..
          အလဲ့ .. လန်းသွားပီ … 😀
          နာဂလည်း သူများတွေဒါ ပြောပြီး ..
          ကိုယ်တိုင်ကျ ဘာမှဟုတ်ဘူး ..
          ဘာဖစ်လဲ … ပို့စ်ထဲမှာ ပြောပြီးသားပဲ … 😀
          အခု ဖီးလ်သိပ်မလာလို့ ဖီးလ်လာတဲ့နေမှ အမှန်အကန်ဒွေ မန့်တော့မယ် ..

          အုလေး ပေါက်စိန်ဗိုက် ဂလည်း အနော်တို့ကလည်း
          ရွာကြီး စည်ကားနေအောင် လုပ်နေဒဲ့လူဒွေပဲ ..
          သဂျီးက ဘာဖစ်လို့ တင်းရမှာတုံး ..
          ဇာတ်တစ်ခုမှာ လူရွှင်တော်မပါရင် ရသ ဘယ်လိုလုပ် မြောက်မှာတုံးနော့ …

        • amatmin

          June 7, 2012 at 1:48 pm

          ကိုဗိုက်ကလေးရယ်..
          မွှေတယ်မထင်ပါနဲ့ဗျ..
          ခင်ဗျားက ရှေ့ကနေ အဲ့ဂလိုပြောလိုက်တော့ ..
          ကျုပ်တို့က ဘယ်လိုဆက်မန့်ရဲတော့ မလဲဗျ.. 🙁
          တော်ပီဗျာ..မမန့်တော့ပါဘူး ..
          ငွေတစ်ဆယ် ယူပြီး တခြားပို့စ်တွေ လစ်တော့မယ်. 😛

  • blackchaw

    June 7, 2012 at 1:45 pm

    အရင်ဆုံး လက်မတစ်ချောင်း ထောင်လိုက်တယ်။
    ပြီးမှ ပြန်လာဦးမယ်
    အံစာတုုံးရယ်…။
    :mrgreen:

  • blackchaw

    June 7, 2012 at 1:49 pm

    ၆ ချောင်းမြောက်လက်မက ကျုပ်လက်မပါဗျို့။
    ကျုပ်ကတော့ ကွန်းမန့်တွေပဲ လိုက်လိုက်ဖတ်နေတတ်ပါတယ်….။
    နောက်လည်း ဆက်ဖတ်နေပါဦးမယ်…။
    ကွန်းမန့်တွေဖတ်ပြီး လေးစားနေတဲ့လူတွေလည်း ရှိပါတယ်။
    :mrgreen:

    • မဟာရာဇာ အံစာတုံး

      June 7, 2012 at 1:57 pm

      ဟုတ်ကဲ့ပါ ဦးဘလက်ကြီး ခင်ဗျာ ..
      ခုလို လာရောက် အားပေးသွားတာ
      ကျေးကျေးပါ ခင်ဗျာ ..
      ဒါနဲ့ ဦးဘလက်ကြီး လေးစားရတဲ့ ကွန်မန့်တွေထဲမှာ
      အရီးလတ်ကွန်မန့်တော့ ပါလိမ့်မယ် ထင်သဗျို့ .. အထင် ..

      ________

      အောက်က ဦးဇောက်ထိုးခင်ဗျာ ..

      ကျုပ်တို့ တိုတိုဗိုက်က …
      ဝိသေသတွေ ထည့်ချင်လို့ ထည့်တာ ဟုတ်ဘူးဗျ ..
      သူ့ကလောင်တွေကို ကျုပ်မီသမျှ ပြောရရင် ..
      ပထမဆုံး ပေါက်ဖော်၊ နောက်တော့ စိန်ပေါက်ပေါက် အခု နောက်ဆုံး ဗိုက်ကလေး ဖြစ်လာတာပဲ …
      အဲ့ဒါမို့ ပေါက်စိန်ဗိုက် ဖြစ်သွားကြောင်းရယ်ပါလို့ … 😀

    • Azzurri

      June 7, 2012 at 1:59 pm

      ဟိုရာဇဝင်ထဲက …
      မွန်ပညာရှိ ကြံစုပ်နည်း နဲ့ပေါ့လေ…
      😛

      လာထား ၁၀

      • amatmin

        June 7, 2012 at 2:15 pm

        မွန်ပညာရှိကြီး ဆိုတာ
        အဘယ်သူများလဲဗျ..ဟင်..
        အရင်းအဖျား ခွဲသူကြီးလား ဗျ..
        သိရင်ပြောပေးကြပါအုန်း..
        မေးသူတဆယ်..ဖြေသူတစ်ဆယ်နော် .. 🙂

        • Azzurri

          June 7, 2012 at 2:17 pm

          ဟုတ်တယ်ဗျို့ …
          အဲ့လူဂျီးဘဲ …
          နာမည် မေ့နေလို့ …
          အသူဒုန်း ဟင်…
          လာထား၁၀
          :mrgreen:

        • အရီး Khin Latt

          June 7, 2012 at 3:34 pm

          မွန်ပညာရှိ အမတ်ကြီး သီဟပတေ့

        • အရီး Khin Latt

          June 7, 2012 at 3:36 pm

          ပြောဖို့ ကျန်ခဲ့လို့။
          ၁ဝ လိုချင်လို့ ဟုတ်ဘူး။
          ကလေး တွေ သိအောင်လို့။
          ရှင်းပြတာ။ (ဟိဟိ)

        • အရီး Khin Latt

          June 7, 2012 at 3:37 pm

          အပေါ်က ဟာက ၁ဝ လိုချင်တာ မဟုတ်ကြောင်း ထပ်ဆင့် ရှင်းပြတာ။ 😉

      • Khaing Khaing

        June 8, 2012 at 3:35 pm

        အရီးလတ်ပြောတဲ့ မွန်ပညာရှိက သမီးအဘိုးလေ ……. ကြုံတုန်းကြွားတာပါ ……. ၁ဝ လိုချင်လို့ မဟုတ်ပါ …..

        • Azzurri

          June 8, 2012 at 3:37 pm

          ဟုတ်လား ..
          သည်လို မြေးမျိုး မွေးလာမယ် ဆိုတာ
          သိမသွားရှာတာ အနှီပညာရှိကြီး လွှတ် ကံကောင်းတော့ သကိုး ….
          အဟတ်…
          :mrgreen:

  • ဇောက် ထိုး

    June 7, 2012 at 1:49 pm

    ဦးဗိုက်ရှေ့က ဝိသေသတွေ အတော်များလာသလားပဲ။ စိန်။။ ပေါက်စိန်။။ ဘီယာတို့။ အရက်တို့.တော့ မတွေ့မိသေးဘူး။
    ကိုရာဇာကြီးရဲ့ ပို့စ်လေးကို အရမ်းသဘောကြတယ်။ စာရေးသူတွေဗိုက်ထဲ ဝင်ကြည့်ရေးသလိုပဲ။ ပို့စ်တင်တူ အမှန်အလိုချင်ဆုံးအရာကတော့ နွေးထွေးတဲ့ ဆွေးနွေးတင်ပြမှုပါပဲ။ အားလုံးကတော့ ကိုရာဇာ တင်ပြတဲ့အတိုင်းပါပဲ။

  • မဟာရာဇာ အံစာတုံး

    June 7, 2012 at 2:15 pm

    ဒီဂမှာ ..
    သူရို့ လုပ်ဒါနဲ့ ..
    ချက်တောင် ချက်လာပီ ..
    မန့်ရဲတော့ဘူး ..
    ဒီတော့ လစ်ပီဗျာ …
    _________

    ကျနော့်ရဲ့ ပို့စ်မှာ လာရောက် တစ်ဆယ်ယူ .. အဲ .. လာရောက် အားပေးကြပါကုန်သော …
    အရီးလတ်၊ ဦးညာ၊ မောင်ပေ၊ ကတိုက်စိုး၊ ဗြဲဒီး၊ ကိုနာဂ၊ အမပုချ်၊ ကိုဆာမိ၊ မဝေဝေ၊ အုကြောင်ဂျီး၊ မသဲနုအေး၊ မိုးဇက်၊ အမတ်မင်း၊ တိုဂီ၊ ဦးပါ၊ MTY ၊ Fond belief Land ၊ ကိုကြောင်ဝတုတ်၊ ငဗိုက်၊ နိုဇိုမီ၊ ဦးဘလက်ကြီး၊ ဦးဇောက်ထိုး၊ မိုးဇက်၊ အဘဖော တို့အား …
    အထူးကျေးဇူးတင်ရှိပါကြောင်း ….

    ပျော်စေချင်တဲ့ ….
    အံစာတုံး

    • မဟာရာဇာ အံစာတုံး

      June 7, 2012 at 2:18 pm

      တစ်ယောက်ကျန်ခဲ့လို့ …
      ငဗိုက်မှာ ဥမပါဟု ပြောသော
      mayjuly ကိုလည်း လာရောက်အားပေးတာ ကျေးဇူးပါနော့ ..

      • mayjuly

        June 7, 2012 at 2:26 pm

        အဲ တူ ဥမပါ တာ မီး တိဘူေးနာ ်…
        မီးက မှားရေးထှာ ..:D
        လာထား (၁၀) .. သူများပြောလို့ပြောကြည့်တာ ..ဟိဟိ

      • Thel Nu Aye

        June 7, 2012 at 2:53 pm

        ကျန်ခဲ့တာလား။ ညီးခွဲခွဲပြီး ၁ဝ ယူနေတာမသိမှတ်လို့။

      • Mလုလင်

        June 7, 2012 at 11:48 pm

        ဘိုးဘိုးအံ .. အနော် ကျန်သေးတယ်လေဗျာ ..

    • Moe Z

      June 7, 2012 at 2:29 pm

      မိုးဇက်က ဘာလို့ ၂ယောက်ဖြစ်သွားတာလဲဟင် :mrgreen:

      • Thel Nu Aye

        June 8, 2012 at 10:09 am

        အဘတန်ခိုးနဲ့နှစ်ဆတိုးသွားကြောင်းပါ။ အင်း ၁၀

  • ခက်သဗျာ။
    လွတ်လွတ်လပ်လပ်နေချင်လို့ မှ အထိန်းအချုပ်နည်းတယ်
    တနည်းပြောရင် အယ်ဒီတာဆိုသူက ဝင်ဆရာမလုပ်တဲ့ အင်တာနက်ဝင်ပါတယ်ဆိုမှ
    ဟိုလိုရေးပါ ဒီလိုရေးပါ ဟိုလိုမတင်နဲ ဒီလိုမတင်နဲ့လာလုပ်နေပြန်ပါပြီ.
    ကိုယ်နှစ်သက်သလိုမန်းကြပါစေ။
    လွတ်လပ်စွာစိတ်ထဲရှိသလိုရေးသားကြပါစေ။
    သူများကို အသားလွတ်ဆဲတာ၊
    မဟုူတ်တဲ့အကြောင်းအရာကို ရေးပြီးရန်တိုက်ပေးတာ
    သူများအကျိုးပျက်စီးအောင်ရေးတာကလွဲရင် လွတ်လွတ်လပ်ရေးပါ မန်းပါစေဗျာ။

    နောက်တစ်ချက်ထပ်ပြောချင်ပါသေးတယ်။
    မှန်ပါတယ် သူကြီး ထောင်ထားလို့ ဒီဆိုက်ပေါ်လာတာ။
    ဒီဆိုက်ပေါ်လာလို့လဲ စာရေးသူတွေက ဝင်ရေးကြတာ။
    တစ်ခါလာလဲ သူကြီးကျေးဇူး တစ်ခါလာလဲ သူှကြီးကျေးဇူး။
    အမွှန်းတင်လွန်းအားကြီးတယ်။
    သိတတ်ပါတယ်ဗျ ကျုပ်တို့ကလဲ သူများကျေးဇူးသိတတ်တဲ့လူတွေပါ။

    ကိုယ်လွတ်လွတ်လပ်လပ်ရေးလို့ရတဲ့ နေရာလေး ရှိလို့စာရေးနေ ဓါတ်ပုံတင်နေရတာကိုကျေးဇူးတင်ပါတယ်။

    မေးခွန်းတစ်ခုမေးမယ်ဗျာ
    စာရေးသူ စာဖတ်သူ ဓါတ်ပုံတင်တဲ့လူ ဓါတ်ပုံကြိုက်တဲ့လူ မရှိရင် ဆိုဒ်တစ်ဆိုဒ်ဖြစ်လာနိုင်မလားဆိုတာပါ။
    အင်တာနက်မှာဆိုက်ပေါင်းများစွာ ရှိတယ် ဝါသနာပါလို့ ထောင်ထားတဲ့သူတွေရှိတယ်။
    ဝင်ရေးသူ ဖတ်သူမရှိလို့ရပ်သွားတဲ့ဆိုက်တွေအများကြီး။
    စရေးသူတွေဖက်ကလဲ ပိုက်ဆံမပေးဘဲရေးရတာမှန်ပါတယ်။
    ဒါပေမယ့် စာတပုဒ်ဖြစ်လာအောင် တွေးရ အချိန်ပေးပြီးရေးရ
    ပြီးရင်မကောင်းတဲ့ကော်နက်ရှင်ကို အံတုပြီးစောင့်တင်ရ။.
    ဓါတ်ပုံတစ်ပုံလေး ရအောင် ရိုက်ရ။
    (ကင်မရာငှားသုံးရင်တောင် ဓါတ်ခဲက အလကားမရဘူး)
    ပုံလေးဖြစ်လာပြန်တော ့ တင်ဘို့ပြင်ဆင်ရနဲ့အချိန် ငွေ ရင်းရတာပါဘဲ။
    တစ်ခါလာသူကြီးကျေးဇူးကျေးဇူးဘဲပြောနေတော့ စာရေးနေသူ စာဖတ်နေသူက သူကြီးတောင် ညတိုင်း ဥိးချအိပ်ရမလိုဖြစ်နေပြီ။

    အရှင်းဆုံးပြောရရင် လွတ်လပ်စွာ ရေးကြ မန်း ကြ လွတ်လပ်စွာကွဲလွဲကြ လွတ်လပ်စွာ ငြင်းဲကြရအောင်ပါ။
    ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ တွေကို မညွှန်ကြားကြပါနဲ့တော့။
    တော်လောက်ပါပြီ။
    အဲလိုမှ မဟုတ်ရင်လဲ မန်းလေးဂေဇက်မှာ အယ်ဒီတာ တစ်ယောက်သာခန့်လိုက်ပေတော့။

    အခုလို တိုက်ရိုက်မတင်နဲ့ အယ်ဒီတာဆီကနေ ပိုစ်တွေရော ကော်မင်းရောသူ့ဆီက တစ်ဆင့်လာခိုင်း။.
    ဒါဆိုကောင်းမှ တည်မှ ခန့်မှ ဆိုသူများရဲ့ စိတ်ကြိုက်သန့်သန့်လေးတွေဘဲတက်လာမယ်။
    မကောင်းဘူးလား။

    • kotun winlatt

      June 7, 2012 at 2:53 pm

      ထောက်ခံတယ်ဗျ…လေးပေါက်ပြောတာတွေကို…
      ဟိုလိုလုပ်ပါလားးးးဒီလိုလုပ်ပါလားးး လာမညွှန်ကြားကြပါနဲ့..
      တော်လောက်ပါပြီ…
      ဂွတ်သဟ..ဂွတ်သဟ…
      လက်မတွေထောင်ပီးး အားပေးသွားတယ်လေးးပေါက်ရေ…။

    • Thel Nu Aye

      June 8, 2012 at 11:32 am

      လေးပေါက်ပြောတာလဲမှန်ပါတယ်။

    • Khaing Khaing

      June 8, 2012 at 3:40 pm

      လေးပေါက်ကြိုက်တယ်ဗျို့ …….. လေးပေါက်ရေးတဲ့ ကော်မန့်လေးကို အပြည့်အဝထောက်ခံပါ တယ် …….. “အရှင်းဆုံးပြောရရင် လွတ်လပ်စွာ ရေးကြ မန်း ကြ လွတ်လပ်စွာကွဲလွဲကြ လွတ်လပ်စွာ ငြင်းဲကြရအောင်ပါ။
      ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ တွေကို မညွှန်ကြားကြပါနဲ့တော့။
      တော်လောက်ပါပြီ။
      အဲလိုမှ မဟုတ်ရင်လဲ မန်းလေးဂေဇက်မှာ အယ်ဒီတာ တစ်ယောက်သာခန့်လိုက်ပေတော့။”

      သမီးလည်း မလွတ်မလပ်ခံစားနေရပါကြောင်း …… ထပ်လောင်းအတည်ပြု ထောက်ခံအပ်ပါသည် ……

      ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်ရှင်များဆိုင်ရာ မဟုတ်မခံလွှတ်တော်ကိုယ်စား လှယ်လောင်း
      ဒေါ်Khaing Khaing

  • kyeemite

    June 7, 2012 at 2:42 pm

    ဟေ့…ကြီးမိုက်တဲ့ကွ..တစ်မိုက်ထဲရှိတယ်
    နှစ်မိုက်ရှိရင် စုံတွဲသီချင်းဆိုပစ်မယ်…
    မန့်ချင်သလိုမန့်တယ်ကွာ..ဘာဖြစ်သေးလဲ..

    ဟာ..ကိုကြီးမိုက်ကလည်းဗျာ..အဲလိုမပြောပါနဲ့
    အဲလေ..အဲလိုမန့်ပါနဲ့ဗျာ…၆မျက်နှာက အကောင်းပြောတာပါ..
    လာလာ ဘီယာသွားဆွဲရအောင်နော်..
    ခင်တဲ့..
    ကြီးလိမ္မာ။

    • ကြောင်ဝတုတ်

      June 7, 2012 at 2:57 pm

      လေးလေးလိမ်….. အဲဒီနာမည်ကြီးက မကောင်းပါဘူးဗျာ….
      လေးမိုက်ပဲကောင်းပါတယ်….

      ကိုအံက အကောင်းပြောတာပါ…
      ဘီယာသွားဆွဲမယ်လေ….

      လေးမိုက်နှင့်အတူထွက်သွားသူ-
      ကြောင်ဝတုတ်

  • ကြောင်ဝတုတ်

    June 7, 2012 at 2:53 pm

    ဟာ…….
    ဟင်…….
    ဟယ်……

    မနက်ကကြည့်တုန်းကတောင် အဲဒီလောက်မများသေးပါဘူး….
    ငါမအားတုန်း သူများတွေအနည်းဆုံး (၃၀)စီလောက်ရကုန်ပြီ….
    သမဆိုင်မှာတန်းစီသလို ဝင်စီလိုက်ဦးမှ…..

    လာထား တစ်ဆယ်….

    တန်းဝင်စီသူ
    ကြောင်ဝတုတ်

  • kotun winlatt

    June 7, 2012 at 2:57 pm

    အလိုလေးလေးးးးး
    ကြည့်ဇမ်းးးးကြည့်ဇမ်းးးး
    ကိုဖက်တို့ ဈေးကွက်စီးပွားရေးမြင်တတ်ပုံများ…
    ဘယ်လိုတဲ့..လာထား ၁ဝဒဲ့…
    လာထားးးး၁ဝဆိုပါလားးးး
    လာထားးးး၁၀..ဪ…လာထားးးး၁ဝဒဲ့လားးးကွယ်….

    • ကြောင်ဝတုတ်

      June 7, 2012 at 3:00 pm

      ကိုထွန်းဝင်းလတ်ရေ-
      ရောဂါတက်နေတာ DSLR ဝယ်ချင်လို့အခု… မတတ်နိုင်ဘူးဗျာ
      မူးစုပဲစုစုရမှာပဲ….

      လာထား…တစ်ဆယ်….

      ပိုက်ဆံစုနေသူ-
      ကြောင်ဝတုတ်

      • Mလုလင်

        June 7, 2012 at 11:49 pm

        ဒါမျိုးက လက်ထဲ ရောက် လာမှ ငြိမ်သွားတတ်တာ မျိုး ဆိုတော့ ….

  • Shwe Ei

    June 7, 2012 at 3:08 pm

    အူးလေးအံစာတုံး အူးလေးအံစာတုံး ပို့စ်၂ခု၃ခုမှာ ကွန်မန့်၁ခုထဲကို copy/paste လုပ်ပြီးတင်နေတဲ့လူရှိဒယ်ဂျ။ အဲဒါလေး ကြောပေးပါအုံး။
    မသိချင်ယောင်ဆောင်ပြီး ပြန်အိပ်လိုက်အုံးမယ် ခွီး ခလော 😉

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 7, 2012 at 3:16 pm

    မေ့သွားလို့ဗျို့လက်မထောင်သွားတယ်ပြောဖို့…ယူမယ်တစ်ဆယ်….

    • Mလုလင်

      June 7, 2012 at 11:51 pm

      လက်မ ထောင်တယ် ပြောဖို့ များ မန့် ရတယ်လို့ဗျာ … လာထား .. လာထား ..

      • ဦးဦးကောလ ဟာလ

        June 8, 2012 at 11:22 am

        ရသလောက်လေးဆာလုရေ……ယူဦးမယ်ယူဦးမယ်….

  • Rose Minn

    June 7, 2012 at 3:17 pm

    ဟိတ်မျက်နှာ ခြောက်ဖက်နဲ့ လူကြီးသူကြတော့ မရှိရှိတာတင်တယ်ဆိုပြီးပိုက်ဆံယူတယ်။ သများတွေ ကျတော့ ဟိုလိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့ နဲ့ ပြောတယ်။ မရဘူး။ ပြောစရာရှိပြောလိုက်ပြီ။ သူများတွေလဲယူတယ်တို့လည်း ယူမယ်။ ဒါဗျဲ။ လာထား တစ်ဆယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 7, 2012 at 3:17 pm

    မေ့လို့မေ့လို့ရချောင်းမြောက်လက်မနော်………
    အင်းဒါနဲ့ဆိုဒီနေ့တစ်ရာပြည့်ပြီ……

  • manawphyulay

    June 7, 2012 at 3:30 pm

    ဖြည့်စွက် ။ ။ ပို့စ်ထဲမှာ မကျေနပ်တာ၊ ပို့စ်ရဲ့ ကွန်မန့်တွေထဲမှာ မကျေနပ်တာ တွေ့တဲ့အခါ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းမျိုးကို မသုံးမိအောင် သတိထားပါ။ အတတ်နိုင်ဆုံး ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေကို ရွေးပြီးသုံးပါ။ ထိုအသုံးအနှုန်းများကို မသုံးတတ်ပါက မျက်စိမှိတ်ပြီး မသိသလို နေလိုက်တာက အကောင်းဆုံးပါ။

    ဒီလိုနေလာခဲ့တာ အတော်ကြာပါပြီ။ အားလုံးကို လေးစားတယ် ခင်မင်တယ်။ သံယောဇဉ်ဖြစ်တယ်။ ဖတ်တဲ့ပိုစ့်တွေကိုတော့ အတော့်ကို သဘောကျရင် ကော့မန့်ပေးပါတယ်။ ပိုစ့်တိုင်းတော့ ကော့မန့်မပေးပါဘူး။ ပေးဖို့လည်း အချိန်မရှိပါဘူး။ နောက်တစ်ချက် ဖတ်ဖို့အချိန်ကလည်း မလောက်တာလည်း ပါပါတယ်။ ဒါကြောင့် စိတ်ထဲရှိတာကို ချပြခွင့်တော့ ပေးသင့်ပါတယ်လေ…

  • may flowers

    June 7, 2012 at 3:42 pm

    ဒီဆိုက်က သူကြီးဆီက ငွေတွေသဲ့ယူနေပါတယ်ဗျို့။ သဂျီးဒီတိုင်းကြည့်နေတော့မှာလား…….

    ဒါနဲ့ပဲ သဂျိီးမွဲလိမ့်မယ်……..ပေး..၁ဝ ။ ဟိ။

  • သူကြီးမမွဲပါဘူးကွဲ့၊
    မျက်စေ့လည်လေဆွမ်းဆန်ရလေဆိုသလို
    ဝင်ပြီးကြည့်သူများလေလေ သူကြီးက ကြော်ငြာခတွေရလေပါဘဲ။

    အမှတ်တွေသာ ပေးတယ် ရတယ်ဆိုဖြစ်နေတာပါ တစ်သိန်းမပြည့်မခြင်း ဒီအမှတ်တွေက ကိန်းသေတွေပါ
    ဒီတော့ သူကြီး ကုန်မှာကို တွေးမပူပါနဲ့တော့အေ။

  • Gipsy

    June 7, 2012 at 4:50 pm

    ဟိုက်ရား… သူတို့တွေ တစ်ဆယ် အလီလီ ယူနေကြပါပေါ့လား…
    သဂျီး ပိုက်ပိုက်အိပ် က လဲ သုံးရွေ့မကုန် လှုူရွေ့ မခန်းတဲ့ အိပ်ကြီးပါလား..
    ကျုုပ်လဲ တစ်ချယ်ပေးဂျာ ….။

Leave a Reply