မဖဲဝါ ရဲ့ဒေါသ (ဇာတ်သိမ်း)
သူတို့နောက်ကနေ တစ်စုံတစ်ယောက်လိုက်လာတယ်လို့ခံစားခဲ့ကြရပေမဲ့ အိမ်ကို
လည်းရောက်ရော အရက်မူးလာကြတာကတစ်ကြောင်း၊ လူငယ်လည်းလူငယ်ပီပီ
နာမ်လောကကို အယုံအကြည်ရှိလှတာမဟုတ်ပဲ စနောက်ခေါ်ခဲ့ကြတာမို့ စိတ်
ထဲသိပ်မထားမိတာကြောင့်တစ်ကြောင်း တို့ကြောင့် ထိုကိစ္စကိုသူတို့သူငယ်ချင်းနှစ်
ယောက် မေ့မေ့ပျောက်ပျောက်ပဲနေခဲ့ကြပါတယ်။
ထူးထူးဆန်းဆန်း သူတို့ဒီအခေါက်သစ်ကုန်ပို့တဲ့အခါ ဘာအန္တရာယ်မှမတွေ့ပဲ
အေးအေးချမ်းချမ်းနဲ့ အဆင်ပြေအောင်မြင်ပြီး အမြတ်အစွန်း တော်တော် လေးရ
လိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ သူတို့ဂတိပေးခဲ့တဲ့
ကိစ္စကို လူငယ်ပီပီပါးစပ်ဆော့ပြီးပြောခဲ့မိတာကြောင့်တစ်ကြောင်း ၊ ခုလိုအန္တရာယ်
ကင်းစွာအဆင်ပြေခဲ့ကြပေမဲ့ မိမိကံကြောင့်လို့ယုံကြည်ချက်ထားကြတာကြောင့်တစ်
ကြောင်းနဲ့ ပြီးတော့ မဖဲဝါကို ဂတိပေးခဲ့ကြတုန်းကလည်း နှစ်ယောက်လုံးမူးနေကြတာ
ကြောင့်ကောင်းကောင်းသတိမရကြတော့တာကြောင့် နှစ်ယောက်သားပျော်ပျော်ပါးပါး
နဲ့ ကတိပေးတောင်းဆိုခဲ့ကြတာကို မေ့လျှော့နေခဲ့ကြပါတယ်။
ဒီလိုနဲ့မေ့မေ့လျော့လျော့နေလာလိုက်ကြတာ တစ်နေ့ကိုကြီးကျော်တို့ အိမ်ကို…ကိုကြီး
ကျော်ရဲ့ အဒေါ်တစ်ယောက်အလည်လာရောက်ခဲ့ပါတယ်။ အဲဒီအဒေါ်ရောက်လာပြီးကို
ကြီးကျော်လည်း အဒေါ်ကိုနှုက်ဆက်ကာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့
ထွက်လာခဲ့ ကြပါတယ်။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေစုပြီးပြောဆိုရယ်
မောနေချိန်မှာ ကိုကြီးကျော်ရဲ့ညီအငယ်ဆုံးလေး ဆိုင်ကိုလိုက်လာပါတယ်။
”ကိုကြီး..ကိုကြီး..အမေကချက်ချင်းပြန်လာခဲ့ပါတဲ့”
”ဟေ….ဘာကိစ္စမို့လို့လဲ..ကွ”
”မသိဘူး…အမေက ချက်ချင်းလာခဲ့ပါတဲ့….အော်…မေ့လို့..ကိုကြီးသူငယ်ချင်းကိုဖိုးပြည့်
ကြီးကို လည်းခေါ်လာခဲ့တဲ့”
ညီငယ်၏ အလောတစ်ကြီးလာရောက်ခေါ်ငင်မှုကြောင့် ကိုကြီးကျော်ရင်ထဲထိတ်ကနဲ့
တော့လန့်သွားပါတယ်။ အဆင်ပြေစွာပဲ သူငယ်ချင်းဖိုးပြည့်ကလည်း သူနဲ့တူတူလက်
ဖက်ရည်သောက်နေတာကြောင့် သူငယ်ချင်းကိုခေါ်ပြီး စက်ဘီးကိုဆွဲထုတ်ကာ ညီငယ်
နောက်ကို လိုက်လာခဲ့ကြပါတယ်။
သူတို့ အိမ်ဝင်းရှေ့ကိုရောက်ချိန်မှာတော့ အိမ်ထဲမှာစုရုံးစုရုံးနဲ့မို့ ကိုကြီးကျော်လည်း
တော်တော်လေး လန့်သွားပြီးအိမ်ပေါ်ကိုအပြေး တက်လာခဲ့ပါတယ်။ အိမ်ပေါ်ကိုရောက်
ချိန်မှာတော့ လူအုပ်ကြီးရဲ့အလယ်မှာ ကိုကြီးကျော်ရဲ့ အဒေါ်ဟာ ရှုတ်ပွနေတဲ့ဆံပင်တွေ
နဲ့ မျက်လုံးကြီးကအဆမတန်ပြူးကျယ်နေလျက်က မျက်နှာကြီးကလည်းကြောက်စရာ
ကောင်းလောက်အောင်နီရဲနေစွာဖြင့် ကိုကြီးကျော်တို့သူငယ်ချင်းနှစ်ယောက်ကို တွေ့
တွေ့ချင်း လက်ညှိးထိုးကာ အော်ပါတော့တယ်။
”နင်..နင်..နင် တို့နှစ်ယောက်..ငါ့ကိုဂတိပေးပြီး.ညာတယ်..နင်တို့ညာတယ်..”
ရုတ်တရက် လက်ညှိးထိုးကာ ပြောလိုက်တာကြောင့် ကိုကြီးကျော်တို့သူငယ်ချင်းနှစ်
ယောက်လည်း ဘာမှနားမလည်ပဲ ကြောင်တောင်တောင်နဲ့ရပ်နေခဲ့ကြပါတယ်။ ဒါပေ
မဲ့ ကိုကြီးကျော်ရဲ့အဒေါ်ဆီမှာ ဝင်ရောက်ပူးကပ်နေတဲ့ မမြင်ရတဲ့လောကသားကဆက်
ပြီးပြောလာပါတယ်။
“နင်တို့…ငါ့ကို ဘယ်သူလည်းသိကြလား…ငါမဖဲဝါပဲ…နင်တို့..ကတိမတည်ဘူး …ငါကူ
ညီရင်…အရက်အကောင်းစားတစ်ပုလင်းနဲ့…ကြက်တစ်ကောင်ဆက်မယ်ဆို…ငါနင်တို့
နောက်ကို ..လိုက်ပြီးကူညီနေခဲ့တာ..ခုတော့…ငါမကျေနပ်ဘူး…နင်တို့ငါ့ပိုင်နက်ထဲကို
ဘယ်တော့လာမလဲလို့..ငါကြည့်နေတာ…နင်တို့ကံကောင်းတယ်…ငါ့ပိုင်နက်ထဲမလာ
ကြလို့….ငါ့ပိုင်နက်မှာ ..နင်တို့အသိပဲ…ဟင်း..ဟင်း”
လို့ဒေါသတစ်ကြီးနဲ့ အော်ဟစ်နေခဲ့ပါတယ်။ ဒီတော့မှ သူငယ်ချင်းနှစ်ယောက်လည်း
သူတို့မူးမူးနဲ့ သချင်္ု ိင်းထဲဝင်ကာ အော်ဟစ်ကတိပေး နောက်ပြောင်ခဲ့ကြတာကို သတိရ
ကြပြီး အကြီးအကျယ်ကြောက်ရွံ့သွားကြပါတယ် ။ ကိုကြီးကျော်ရဲ့အမေကလည်း ကို
ကြီးကျော်တို့ကို တိုးတိုးတိတ်တိတ်မေးပြီး အကြောင်းစုံသိရမှ ရင်ဘက်ကိုဖိကာ အဆို
ပါ မဖဲဝါဝင်ပူးနေသူ ကိုကြီးကျော်တို့အဒေါ်ကို စိတ်ကျေနပ်အောင်လုပ်ပေးပါမည့် အ
ကြောင်းနဲ့ အမိုက်အမဲလေးတွေမို့ ဗွေမယူပါရန်အတန်တန်တောင်း ပန်ရရှာပါတယ်။
တစ်နာရီလောက် ကိုကြီးကျော်တို့သူငယ်ချင်းနှစ်ယောက်ကော ၊ ကိုကြီးကျော်ရဲ့အမေ
ကော နောက်ပြီးသတင်းကြားလို့အပြေးရောက်လာသော ကိုဖိုးပြည့်အမေပါ တောင်းပန်
လိုက်မှ နောက်နေ့ညနေ နေဝင်ခါနီး ခြောက်နာရီအချိန်လောက်မှာ ကိုကြီးကျော်တို့ က
တိပြုခဲ့ကြတဲ့ သချင်္ု ိင်းမှာကြက်ပြုတ်တစ်ကောင်နဲ့ အရက်တစ်ပုလင်းလာရောက်ဆက်
ဖို့ ကတိတူညီမှုရပြီး မဖဲဝါနတ်လည်း ကိုကြီးကျော်အဒေါ်ကိုယ်က ခွါသွားပါတယ်။
ကိုကြီးကျော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အမေနှစ်ယောက်ရဲ့ပြစ်တင်ကြိမ်း
မောင်းမှုကို နားနဲ့အဆန့်အောင်ခံကြရပြီး နောင်မဆင်မခြင်နောက်နောက်ပြောင်ပြောင်
နဲ့ မမြင်နိုင်တဲ့ပရလောကသားတွေကို ဂတိမပေးတော့ပါဘူးဆိုတဲ့ဂတိကို အမေနှစ်
ယောက်ကို ပေးကြရပါတယ်။ ပြောသာပြောရတာပါတဲ့ အမေတွေကို ဂတိမပေးတောင်
ဒီတစ်ခေါက်နဲ့တင် နောင်ကျင်သွားတာမို့ ဒီလိုကိစ္စနောင်စိတ်တောင်မကူးမိကြတော့ပါ
ဘူးလို့ ကိုကြီးကျော်က ပြောရှာပါတယ်။
နောက်တစ်နေ့ ညနေမှာတော့ ကြက်ပြုတ်တစ်ကောင်နဲ့ အာမီရမ်တစ်ပုလင်းကို ဂတိအ
တိုင်း ညနေခြောက်နာရီမှာ ကိုကြီးကျော်တို့သူငယ်ချင်းနှစ်ယောက်ရယ် ၊ ကိုကြီးကျော်
တို့အမေ အကူအညီတောင်းထားတဲ့ လူသုံးဦးရယ်ဟာ ဇကောလေးပေါ်တင်ပြီးသွား
ရောက်ချထားကြပါတယ်။ ချထားပြီး ပြန်ထွက်လာမှ ကိုကြီးကျော်ရဲ့သူငယ်ချင်းက …
“မဖဲဝါဆိုတာ…ဘယ်လိုပုံလဲ…ကြည့်ချင်တယ်ကွာ…လာ..ငါတို့ပြန်ချောင်းရအောင်”
လို့ အကြံပြုလာပါတယ်။ ငါးဦးလုံးက လည်းသဘောတူ ကြတာကြောင့် သူတို့တွေ
နောက်ကြောင်းပြန်လှဲ့လာကြပြီး မိမိတို့ချထားခဲ့ကြတဲ့ ဇကောကိုမြင်နိုင်လောက်တဲ့
နေရာကနေ ချောင်းကြည့်မိလိုက်တော့ တော်တော်ကြီးမားပြီး ဒီသချင်္ု ိင်းမှာ သူတို့
တစ်ခါမှ မမြင်ဘူးတဲ့ ခွေးနက်ကြီးတစ်ကောင်ဟာ သူတို့ချထားခဲ့တဲ့ကြက်ပြုတ်ကို ကိုက်
ဖဲ့ စားသောက်နေရင်း သူတို့ချောင်းကြည့်နေတဲ့ဘက်ကို နီရဲနေတဲ့ မျက်လုံးတွေနဲ့
စူးစုူးစိုက်စိုက်ပြန်ကြည့်ကာ မန်ဖီလိုက်တာကြောင့် ကြောက်ကြောက်နဲ့ ငါးဦးသား
အပြေးလေးပြန်လာခဲ့ကြပါတော့တယ်။ ကဲယုံတာမယုံတာ သဘောအတိုင်းပါနော်။
အဖြစ်ကတော့ တကယ်ဖြစ်ခဲ့တာပါ။
အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေလို့…..ဆုတောင်းရင်း
မေဖလားဝါး။
19 comments
မောင်ပေ
June 9, 2012 at 9:22 pm
နတ်နဲ ့နဂါး မလှည့်စားနဲ ့ဆိုတာ ကို လက်ခံပါတယ် ။ သူ ့ဒေသ နဲ ့သူ ့၊ ထုံးတမ်းအစဉ်အလာလေးတွေ ရှိတယ်ဆိုတာကိုလဲ လက်ခံပါတယ် ဗျာ ။
ster
June 9, 2012 at 10:20 pm
အရေးအသားကြောင်. ထင်တယ်၊ ဖတ်ရတာ စိတ်ဝင်စားဖို. ကောင်းပါတယ်။ မဖဲဝါ ဆိုတာတော. တခါမှ မကြားဖူးဘူး။
may flowers
June 9, 2012 at 10:45 pm
ကိုပေရေ အားပေးဖတ်ရှုတဲ့အတွက်ကျေးဇူးပါနော်။
မဖဲဝါဆိုတာ သချင်္ု ိင်းစောင့်တဲ့ နတ်နံမည်ပါ ster ရေ။
မဟာရာဇာ အံစာတုံး
June 10, 2012 at 12:04 pm
သင်္ချိုင်းစောင့်တဲ့နတ်က
ဘယ်လိုလုပ် ခွေးနက်ကြီး ဖြစ်နေရတာတုံးဟင် .. 😀
နောက်တာပါ ..
အဲ့ဒီလို လောကသားတွေကလည်း
မယုံဘူးလို့ အတင်းငြင်းလို့ မရပြန်ဘူးဗျ ..
ဒီရွာထဲမှာ ဂလိုအဖြစ်တွေကို ဘုကလန့်တိုက်တာတော့
သဂျီးပဲ ရှိဒယ် … 😀
water-melon
June 10, 2012 at 10:46 am
အရင်တုန်းက မဖဲဝါအကြောင်းရေးတဲ့ စာအုပ်ဖတ်ဘူးတယ်
နာမည်က မေ့နေပြီ
ကြောင်ကြီး
June 10, 2012 at 11:50 am
အဲဒီခွေးကြီးက အရက်ကြတော့ ဘယ်လိုသောက်မလဲ သိဝူးနော်…။ သဂျီးနှမြောနေမှာစိုးလို့ ကိုယ်စားမေးတာဘာ… မယုံလို့ဟုတ်ဖူး..။ မေဖလားဝါးဂလေးကို ယုန်ပီးသား…. 😳
Davit
June 11, 2012 at 11:45 am
အာ….အရက်ကျတော့ ကိုဗိုက်ရောင်ဆောင်ပြီး ကစ်လိုက်မှာပေါ့ ဦးကြောင်ရဲ့…..ဒါများ……. 🙂
စိန်ဗိုက်ဗိုက်
June 11, 2012 at 11:54 am
ဂလု.ဂလု…
မောင်ကောင်း ကို
June 10, 2012 at 11:53 am
မဖဲဝါဆိုတာ ကံမကောင်းတဲ့ မိန်းမ ၊သံသရာထဲက ခပ်ညံ့ညံ့ သတ္တဝါပါ ၊စာရေးဆရာက သူ့ကိုပါဝါအကြီးဆုံးလိုလို သထားတာ။ဘာနတ်မှမဟုတ်သလို အောက်တန်းစားအကောင်ပလောင်အဆင့်ပဲရှိပါတယ်။ အဲ …ဗဟုသုတနည်းသူူပေသီးများတော့ယုံကြပေါ့ဗျာ။
may flowers
June 10, 2012 at 11:58 am
ဟုတ်ပ..ဦးကြောင်ကြီးရယ်။ အရက်ကိုဘယ်လို သောက်လဲဆိုတာ မေဖလားဝါးလဲ သိချင်သား။
.ကြောက်ကြောက်နဲ့ပြန်ပြေး……လာတာဆိုတော့ကာ….သူတို့ကိုယ်တိုင်လဲ
…ဘယ်လိုသောက်လဲ…….မမြင်လိုက်ဘူးလေ။
may flowers
June 10, 2012 at 12:14 pm
ကိုကောင်းကိုရေ ဘာမှပိုကွန့်ထားတာမပါပါဘူးရှင် ။တကယ်ဖြစ်ခဲ့တာလေးကို တင်ပြရေးသားထားတာပါ။
မယုံလို့လည်း ရပါတယ်။ မဖဲဝါက သချင်္ု ိင်းစောင့်တဲ့ နတ်စိမ်းပါ။ လူတွေထက်အောက်ကျတာတော့
အသေအချာပါပဲ။ ကိုယ့်ဘာသာမယုံပေမဲ့ ဗဟုသုတနည်းသူပေသီးများလို့ သုံးပြီးမပြောသင့်ပါဘူးနော်။
အားပေးဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။
Hnin Phyu
June 10, 2012 at 10:13 pm
မဖဲဝါအကြောင်းရေးထားတာစိတ်ဝင်စားစရာပဲ။ မဖဲဝါအကြောင်းကတော့ကျမအဘိုး၊အဘွားတွေရဲ့အိပ်ရာဝင်ပုံပြင်ပါ။ ကျမငယ်ငယ်ကအရမ်းကြောက်ခဲ့ရတာပေါ့။
သားဦး၊မြေးဦး
June 10, 2012 at 10:46 pm
အမလေးကြောက်စရာကြီးပါလား။မေဖလားဝါးရေ ကျနော်တို ့
ဆီဖက်မှာလဲ မူးမူးနဲ ့နာနာဘာဝဘာညာအော်ခေါ်နေကြတာ
မြင်ဖူး၊ကြားဖူးတယ်။ရောက်မလာလို ့သာ။နို ့မဟုတ်ရင်ဖြင့်—-
mayjuly
June 11, 2012 at 12:32 pm
ငယ်ငယ်ကဆိုရင် နတ်ကနားပွဲကိုသွားကြည့်ရင် မဖဲဝါ ပူးတဲ့ အချိန်ပဲ ကြည့်တယ်။
ဘာလို့လဲ ဆိုတော့ သူက တစ်ကယ်ဝင်တယ်လို့ လူကြီးတွေက ပြောဖူးတယ် …
တကယ်လည်း ဝင်ပူးတယ်လို့ ထင်တယ်…နတ်ကနား သိမ်း ခါ နီး ဆိုရင် မဖဲဝါ ဝင်ပူးပီ …
အချိန်ကတော့ ညဉ့်နက်ပိုင်းမှ ဝင်ပူးတာများတယ်…
အသားစိမ်း တွေစားပီး သချင်္ိုင်း ရှိတဲ့ဘက်ကိုပြေးတော့တာပဲ .. နတ်ကတော်တွေက အတင်းလိုက်စွဲရတယ်…
အရမ်းကြည့်လို့ကောင်းတယ်..
နတ်စိမ်းတွေဆိုတာကတော့ ယုံကြည်သူမယုံကြည်သူ တော့ ရှိတာပေါ့
ဒါပေမယ့် မကိုးကွယ်ထိုက်တဲ့ အရာထဲမှာပါတယ်လို့ထင်တာပဲ …
Mလုလင်
June 11, 2012 at 12:44 pm
ရန်ကုန် မှာ လုပ်ဖြစ်ရင် ဘယ်ကိုပြေးမယ် မသိ .. ဟိုး မြောက်ဥကလာ ထိပြေးမလားပဲ ….. တောက်စ် ………. ဓာတ်ပုံ လာရိုက်ချင်လိုက်တာ .. mood တွေ ကတော့ ရှယ်ပဲ နေမှာ။
mayjuly
June 11, 2012 at 12:57 pm
ဒီ ကင်မလာမင်းကတော့ လုပ်ပီ …
သူလဲ နီးရာပြေးမှာပေါ ကွ … 😀
may flowers
June 11, 2012 at 12:46 pm
ဟုတ်တာပေါ့ mayjuly ရယ်။ နတ်စိမ်းတွေက လူတွေထက်နိမ့်ပြီး မကိုးကွယ်ထိုက်တာအမှန်ပါ။
ဒါပေမဲ့ မရှိဘူးလို့လည်း မယုံကြည်လို့မရပြန်ဘူးလေ ။ များသောအားဖြင့် အဲဒီနတ်စိမ်းတွေရဲ့ ရာဇဝင်
ကို ကြည့်လိုက်ရင် သူတစ်ပါးသတ်လို့သေခဲ့ရတဲ့ အစိမ်းသေတွေများပါတယ်။ သူတို့ကိုလည်း ကိုယ်က
ဘာမှသွားမပက်သက်ရင် မနှောက်ယှက်ရင် မနောက်ပြောင်ရင် တော့ဘာမှမလုပ်နိုင်ကြပါဘူး…..။
Azzurri
June 11, 2012 at 1:12 pm
သိဘူး ဘယ်က ဖဲဝါလဲ
ထားပဲ သိတယ်
အာ ဟိ
ဒက်ဂလောက်
မိုးတိမ်
June 11, 2012 at 3:55 pm
အခေါင်းကြီးရွက်ထားပြီး သေဆုံးမယ့်သူ အိမ်ရှေ ့လာချထားတတ်တယ်ဆိုလားဗျာ။
ငယ်ငယ်ကတော့ တော်တော်ကြောက်ခဲ့တာပေါ့။