Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူသားချင်းစာနာထောက်ထားကြရာဝယ်…

လူသားလို့ဆိုလိုက်ကတည်းက အသားအရောင်၊ လူမျိုး၊ ဘာသာ၊ တစ်ခုမှမပတ်သက်သော ဖြူဖြူ၊ မဲမဲ၊ နူနူ၊ ရွဲရွဲ ပုခုံနှစ်ဖက်ကြားမှာ ခေါင်းထွက်လာသော လူသားမျိုးနွယ်အားလုံးနှင့်ပတ်သက်ပေးတော့သည်…

ကျွန်ုပ်တို့ မန်းဂေဇက်စုပေါင်းအလှူ နှစ်ကြိမ်တိတိပြုလုပ်ခဲ့ကြသည်… ပထမဆုံးအကြိမ်တုန်းက နာရေးကူညီမှု အသင်းတွင်ဖြစ်၏… ဘယ်လိုသေသေ… ဘယ်လူသေသေ… ဘယ်နားသေသေ… ကူညီပေးမည့် တိုင်းသိပြည်သိ နိုင်ငံတကာသိအသင်းအဖွဲ့တွင် ကျွန်ုပ်တို့၏ချွေးနဲစာလေးများကို ဖဲ့ကာအလှူကို ပီတိအပြည့် လှူဒါန်းခဲ့သည်…

ဒုတိယအကြိမ် ပန်းတနော်၊ အစုကြီးကျေးရွာရှိ လူသားမှန်လျှင်ဆေးကုသခွင့်ရသော ဆေးရုံအားပံ့ပိုးရန် အတွက် ကျွန်ုပ်တို့ထပ်မံကြိုးစားခဲ့ကြပြန်သည်… ထိုသည်ကား လူသားချင်းစာနာထောက်ထားမှုဆိုသည့် ခေါင်းစဉ်အောက်မှ မန်းဂေဇက်၏ ရွာသူရွာသား ကြီးငယ်မရွေး၏ ကြိုးပမ်းချက်များတည်း…

မကြာသောအချိန်ကလေးကမှ မန်းဂေဇက်ကို လူမျိုးရေလှုံ့ဆော်သောဆိုဒ်တစ်ခုအဖြစ် မီဒီယာတစ်ခုမှပြောဆို စွပ်စွဲသောအခါ ရွာချစ်ရွာသူရွာသားများမှ စိတ်မကောင်းကြီးစွာဖြစ်မိသေးသည်… သဂျီးကတော့ ကျိတ်ဝမ်းသာ နေမည်လားမပြောတတ်…

အတွေးချော်သည်ပဲပြောပြော… အတွေးခေါင်သည်ပဲဆိုဆို ဘာကြောင့်မန်းဂေဇက်ကို ဒီလိုစွပ်စွဲရသနည်း အကြောင်းရှာရပြန်တော့… မွန်လူမျိုးကြီးအဘဖောကိုပဲ ခေါင်းစဉ်တပ်ရပေလိမ့်မည်… အစွယ်လိုသူမိဘုရား ပေါ့… ဆွေးနွေးပွဲကို ပွဲဆူသည်အထိရွာစည်းကမ်းအပျက်ခံပြီး လိုချင်တဲ့ Climax အထိဆွဲတင်သွားသူကတော့ ရွာပိုင်သဂျီးဦးခိုင်… အသွားစေခိုင်းသူမင်းဧကရာဇ်… လေးပြစ်သူကျွန်တော်မျိုးတွေကဖြင့် အထောက်အထား ပြေးရှာ… စကားလုံးတွေစဉ်းစားရင်း ရင်မောခဲ့စိတ်တိုခဲ့ရတာတွေဖြင့် မနေ့ကလိုပဲအတွေးထဲရှိနေပါသေး…

ရခိုင်ဒေသပြသနာတက်တဲ့အခါကျတော့လဲ… ရခိုင်ပြည်သားတို့အပါအဝင်နဲ့ အမြင်မတူသူတွေကြား တစ်လှည့် စီဆဲဖို့ မန်းဂေဇက်ကသတ်ကွင်းကြီးဖြစ်ခဲ့ရသေးပြန်ရော… ဒီကြားထဲအစွပ်စွဲခံထားရတော့ မန်းဂဇက်အတွက် ငြိမ်းချမ်းရေးဆုတောင်းလေးတွေတောင်းပေးခဲ့မိပါသေးတယ်…

အခုတော့ တတိယမြောက်ရွာအလှူအတွက် အလှူတွေကောက်ခံတော့ စတင်မတည်သူက အစွယ်လိုသူ မိဘုရားကြီးကိုယ်တိုင်ဖြစ်နေပြီး… လေးပြစ်သူတွေကတော့ မမောနိုင်မပန်းနိုင်ပစ်ရပေဦးမယ်…

ဒီနေရာမှာ တစ်ချက်လောက်စဉ်းစားကြည့်စေလိုပါတယ်… (အဘဖောရဲ့စကားလုံးလေးခဏငှားလို့ပေါ့…)

အခုလိုအချိန်မှာ ရခိုင်သွေးချင်းတွေအတွက်လို့ခေါင်းစဉ်တပ်ပြီး အလှူတစ်ခုကို ဖြစ်မြောက်အောင်ကြိုးစားကြ တော့ဖြင့် လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်ခွဲခြားမှုမရှိတဲ့ ကျွန်တော်တို့မန်းဂေဇက်က အတိအလင်း တစ်ဖက်ကို ပြောင်းရပ်လိုက်ပြီလား… လူမျိုးရေးကိုခွဲခြားမှုကို လက်ခံလိုက်ပြီလား…

အလှူရဲ့လှုပ်ရှားသူတွေမှာ ကျွန်တော်လေးစားရတဲ့ စာရေးသူတွေတော်တော်များများပါပါတယ်… ကျွန်တော့ထက် အသက်ရော၊ ဝါရောကြီးတဲ့သူတွေအများကြီးပါ… သူတို့စိတ်ထဲမှာ ဖြူစင်တဲ့လူသားချင်း စာနာထောက်ထားမှုဆိုတာရှိနေရင်တောင်၊ အလှူကိုစတင်အကောင်အထည်ဖော်သူဟာ အဘဖောဖြစ်နေတာ ကြောင့် အများအမြင်မှာ လူမျိုးရေးရောယှက်သောအလှူတစ်ခုဖြစ်ကောင်းဖြစ်နေမှာပါ…

ကိုထူးဆန်းရဲ့ ရခိုင်သွေးချင်းတို့အတွက်လက်ဆောင်ဟာ ရခိုင်လူမျိုးသွေးချင်းတွေပဲပါတာမို့ မြန်မာနိုင်ငံသား အန္ဒိယနွယ်ဖွား ရခိုင်ပြည်နယ်နေသူတွေမပါတာမို့ နိုင်ငံရေးနဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ အလှူတစ်ခုဖြစ်မှန်း မသိဖြစ်နေပါပြီ…

ဒါဆိုရင် မန်းဂေဇက်အနေနဲ့ နိုင်ငံရေး၊ လူမျိုးရေးအသွင်ကို အတိအလင်းကူးပြောင်းပြီး နိုင်ငံရေး၊ လူမျိုးရေး လုပ်မယ့် Web-Site တစ်ခုအဖြစ်ဆက်လက်ရပ်တည်မယ်လို့ ဆုံးဖြတ်ကြရင်တော့ အခုအချိန်မှာ  ဝမ်းမြောက် ဝမ်းသာဆက်လက်လျှောက်လှမ်းရုံပါပဲ… တကယ်လို့ အဲဒီလိုမျိုးပုံစံမဖြစ်ချင်ဘူးဆိုရင်ဖြင့် ရွာသူရွာသားအားလုံး သေချာပြန်လည်စဉ်းစားဖို့လိုအပ်နေပါတယ်…

ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး ဖြစ်ရပါ့မယ်… ရခိုင်ဒေသကိုသာပြန်လည်တည်ဆောက်ဖို့ကူညီရပါမယ်… မန်းဂေဇက်ဟာ သမာဓိရှိရှိအလည် မှာပဲရပ်တည်မယ်ဆိုရင် အလှူနဲ့ပတ်သက်တဲ့ကော်မန့်အရေးအသားနဲ့ ခေါင်းစဉ်တွေမှာ လူမျိုးရေးဘက် မတိမ်းတဲ့ စာသားမျိုး… ခေါင်းစဉ်မျိုးကိုသေချာသတိထားသုံးနှုန်းရပါလိမ့်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင်ဖြင့် ကျွန်တော်တို့ခဲခဲ့သမျှ ရေထဲကြပြီး မန်းဂေဇက်ရဲ့ ရာဇဝင်ဟာရိုင်းပါလိမ့်မယ်… ဒီအခြေအနေဟာ မန်းဂေဇက်အတွက်အတွေးချော်စရာအနေအထားဖြစ်နိုင်တာမို့ တာဝန်ရှိသူများ အတွေးမချော်ရလေအောင်ဖြင့် စီစဉ်ပေးစေချင်ပါတယ်…

ဂေဇက်အတွက်စိုးရိမ်နေသူ-

ကြောင်ဝတုတ်

96 comments

  • YE YINT HLAING

    June 13, 2012 at 6:50 am

    ကိုဖုန်းကျော်ကိုသဘောကျတယ်။။။။လူတွေနဲ့အမြင်မတူတဲ့အတွေးဖြစ်ချင်ဖြစ်မယ်တမင်ရွာဆူအောင်ဆွပေးတာမျိုးလည်းဖြစ်ချင်ဖြစ်မယ်။။။။ဒါပေမဲ့သူ့စိတ်ရင်းကိုစာအမြဲတမ်းဖတ်သူတွေမြင်လိုရတယ်။။သူက ဆရာကြီးလုပ်ချင်လို တောင်ရေးမြောက်ရေးရေးတာမဟုက်ဘူးစိတ်ထဲရှိ ရှိတဲ့အတိုင်းရေးထဲ့လိုက်တာ။။။။ဒါလည်းရိုးသားမှူ့တခုမို့ အချိန်တန်လူလက်ခံတယ်။။.အဓိက က လူများများနဲ့ထိတွေ.ဆက်ဆံ ရာ ရိုးသားမှူ့ရှိဖို့လိုတယ် စိတ်စေတနာမှန်ဖို့လိုတယ်။။။ခွင့်လွတ်ပါ ကိုဖုန်းကျော်။။။။အကို့ ကို ဝေဖန်ရေးသားမိတာ။။။.

  • hnin phyu

    June 13, 2012 at 7:05 am

    အရေးကြီးရင်သွေးနီးရမှာပဲ။ ဥပမာ ကနီးရက်နဲ့ဝေးနေတာကိုး.
    ဘင်ဂလီတွေကိုကြည့်လိုက်ပါ။ ကလေး မိန်းမ အကုန်တတ်နိုင်တဲ့ဘက်ကနေသူတို့လူမျိုးအချင်းချင်းရိုင်းပင်းကျတာ. နမူနာယူတတ်စရာပါ။
    ဘယ်သူတွေဘယ်လိုတွေးတွေး. တက်လာတဲ့သတင်းတွေမှာရခိုင်တွေအနာတရခံစားရတာတွေ သေတဲ့ဟာတွေဖတ်လိုက်ရရင် အရမ်းခံပြင်းတယ်။
    Ko Shwe Tike Soe ရဲ့ အတွေးနဲ့ တသားထဲပါ။.ဒီနေ့ပဲ ဦးပေါက်ကို ဖုန်းဆက်ပြီး အလှူငွေ ထည် ့ပါမယ်။.

  • Foreign Resident

    June 13, 2012 at 7:30 am

    ကိုကြောင်ဝတုတ် ရေ ။
    အဘရဲ့ Post ” စဉ်းစားကြစေလိုပါတယ် ( ၂၈ )
    ( လူသားချင်းစာနာထောက်ထားကြရာဝယ် ) ” မှာ
    အကြောင်းပြန်ထားပါတယ်ကွယ် ။
    အားပေးပါအုန်း ။

  • YE YINT HLAING

    June 13, 2012 at 8:47 am

    ကိုကြောင်ဝတုတ် ဝေးနေသည်။
    ကူ၍တွန်းပေးကြပါ။
    လေးလွန်း၍မတွန်းနိုင်ဘူးလား။
    ပြိုင်တူတွန်း လျှင်တည့်နိုင်ပါသည်။

    • ကြောင်ဝတုတ်

      June 13, 2012 at 10:31 am

      ကိုရဲရင့်လှိုင်ရေ…
      ကျွန်တော်မဝေးပါဘူးဗျာ… နီးနီးလေးမှာ နေ့ခင်းကြောင်တောင် မီးအိမ်တစ်လုံးထွန်းပြီး နေနေပါတယ်…

      ဖန်မီးအိမ်နှင့် ကြောင်ဝတုတ်

  • YE YINT HLAING

    June 13, 2012 at 8:55 am

    ကျေးဇူးပါ အကို အမတ်မင်း ! ဒါဆို စိတ်ချမ်းသာသွားပြီ။အိပ် တော့မယ်ဗျာ။ ဂွဒ်မော်နင်း !

  • ကြည်ဆောင်း

    June 13, 2012 at 9:53 am

    မြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးမို့ ကြည်ဆောင်းလဲ ခံစားနားလည်သလောက် ဝင်ဆွေးနွေးလိုက်အုံးမယ်။
    ကိုယ့်အိမ်ထဲကိုအတင်းဝင် ကိုယ့်မိသားစုဝင် တွေကို လူတစ်ယောက်က ဓါးနဲ့ဝင်ခုတ်၊ ဒုတ်နဲ့ ရိုက် လို့ မိသားစုဝင် တစ်ချို့ ဒါဏ်ရာ ရသွားတယ်ဘဲ ဆိုပါစို့။ ဓါးနဲ့ခုတ်တဲ့သူလဲ အဖမ်းခံလိုက်ရတယ်ဘဲဆိုကြပါစို့ ။ ဒါဏ်ရာရတဲ့ ကိုယ့်မိသားစုဝင်ကို ဆေးရုံပို့ ၊ ဆေးကု လုပ်ပေးနိုင်ပေမဲ့ ကိုယ့်မိသားစုဝင်ကို ဓါးနဲ့ဝင်ခုတ်၊ ဒုတ်နဲ့ ရိုက် တဲ့သူကိုတော့ သူလဲအဖမ်းခံလိုက်ရတာဘဲ ၊ ဒုက္ခရောက်ရရှာတာဘဲ ဆိုပြီး ထောင်ဝင်စာ သွားတွေ့ ဆေးလိပ်ပေး ၊ စားစရာကျွေးတော့ ကြည်ဆောင်းတို့ မလုပ်နိုင်ပါဘူး ။ ကြည်ဆောင်းလိုဘဲ တစ်ခြားမိသားစုဝင်တွေလဲ လုပ်နိုင်မယ် မထင်မိပါဘူး ။ စိတ်အံချော်နေတဲ့ သူမျိုးတော့ မသိနို်င်ဘူးပေါ့လေ။
    လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့။

  • mocho

    June 13, 2012 at 11:02 am

    ကူကယ်ရာမဲ့ နေတာ က ကိုယ့် သွေးချင်းတွေ ပါ။ ကိုယ့် သွေးချင်း ရခိုင် တိုင်းရင်း သားတွေ ကို ကိုယ်တွေ မှ မကူ ညီရင် ဘယ် တိုင်းပြည် က လာ ကူညီမှာလဲ။ သူတို့ ဘင်္ဂါလီတွေက ကျောထောက်နောက် ခံ တောင့် ပါတယ်။ ခုလက်ရှိ ကိုသတင်းပြောင်းပြန် တွေ နဲ့ နိုင်ငံ တကာ ရဲ့ ဂရု ဏာကို ရနေကြတဲ့ သူတွေပါ။ နဂိုတည်းက ကို မြန်မာ ပြည်မှာ စားစရာမရှိအောင် ဆင်းရဲ့ တဲ့ သူတို့ ဘာသာဝင်၊ သူတို့ လူမျိုး မတွေ့ ဘူးပါဘူး ။ စားစရာမရှိအောင် ဆင်းရဲတဲ့ သူတွေ က ကိုယ့် ဘာသာဝင်တွေ နဲ့ ကိုယ့် တိုင်းရင်းသားတွေပဲ များပါတယ်။ ကျမကိုယ် တိုင် လူမျိုး ထက်စာရင် စိတ်ဓါတ်က အဓိက ကျတယ် လို့ ရေး ခဲ့ ဖူးပါတယ်။ ဒါပေမယ့် ခု ရခိုင် ပြည်ရဲ့ အဖြစ်အပျက် တွေ မှာတော့ကိုယ့်ရဲ့ အုတ်တချပ် သဲတပွင့် ဟာ ကိုယ့် သွေးချင်း တွေ အတွက် ပဲဖြစ်စေချင်တယ်။

  • komingalar

    June 13, 2012 at 11:54 am

    post မှာ point တက်အောင်များတမင်အကွက်ဆင်ရော့သလား
    ကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားမိပါတယ်
    ဒါပေမဲ့လှုသင့်လို့လှုရတာဘဲ
    လှုမယ်လို့ဆုံးဖြတ်ပြီးသားဖြစ်နေလို့လှုကိုလှုမယ်
    ထပ်ပြောပါမယ် ” ဖြစ်အောင်ကိုလှုမယ် ”
    တချို့ရွာသားတွေ တွေဝေကုန်ပြီလား စိတ်မကောင်းစရာပါ
    ဒါကြောင့်နောက်တောင်ကျနေပြီလားလို့ကျွန်တော်ပြောတာပေါ့
    ကျွန်တော်ဒီရွာထဲဝင်ပြီးစတင်တဲ့ post မှာထဲက ဒီရိုဟင်ဂျာဆိုတာကိုလက်မခံတာထည့်ကြော်ငြာထားပြီးသားပါ
    လူမှု့ရေးပါတယ်ဆိုရင်ပြောပြချင်ပါတယ်
    ကျွန်တော့်ကြိုက်နေတဲ့ကောင်မလေးကိုဖြတ်သုတ်သွားတာ ရခိုင်ကောင်ပါ ငယ်ဘဝကပေါ့လေ
    ဒီနေ့အထိမွတ်ဆလင်လူမျိုးနဲ့လက်တွဲပြီးအလုပ်လုပ်နေတုံးပါ
    လူကောင်းတွေလဲရှိပါသေးတယ်
    ကျွန်တော့်အယူအဆအနေနဲ့ ကျွန်တော်မုန့်တခုရလာတယ်ဆိုရင်
    ကျွန်တော်ခင်တဲ့ ကျွန်တော့်အပေါ်ကောင်းတဲ့ မွတ်ဆလင်ကုလားလူမျိုးဆိုလဲ ကျွန်တော်ခွဲဝေကျွေးမှာပါ
    အဲတာသူတို့ဘာသာစဉ်းစားပြီးခွဲဝေရမဲ့ကိစ္စပါ
    အခုဒီအလှုငွေလေးကလဲဘာမှရှိတာမဟုတ်ပါဘူး
    အိမ်တဆောင်အတွက်တောင်မလောက်ငပါဘူး
    အစားအသောက်အတွက်လောက်ဘဲရမယ်ထင်ပါတယ်
    ကျွန်တော်တယောက်ထဲအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့မွတ်ဆလင်လူမျိုးတွေအတွက်ဆိုရင်လဲလှုပေးမှာပါ
    ကျွန်တော်တို့အများစုကမချမ်းသာကြပါဘူး
    မနဲဖြစ်အောင်လုပ်နေကြရတာပါ
    ဒီတော့ ……

  • ရဲစည်

    June 13, 2012 at 12:02 pm

    ရေး(၃)စပ်တယ်တဲ့ တပ်စကားပေါ့ အမှုအခင်းကို ဆိုလိုတာ
    ဒီမှာတော့ အရေး(၃)ရေးစပ်သွားတယ်
    အဲနောက်တစ်ရေး ထပ်စပ်သွားတယ်…….
    ဒီနေရာမှာ သမဒ အကြံပေးဂျီးရဲ့ စကားငှားသုံးရရင်
    ” အခုလို ပြင်းထန်စွာရှိနေတဲ့ ကွန်းမင့်စကားလေးတွေကို အားလုံးဘဲ ရင်ထဲမှာ ခဏပြန်သိမ်းထားကြပါ မကြာခင် အားလုံး အဆင်ပြေသွားပါလိမ့်”

    ပီးမှပြန်လာမယ်

    ငြိမ်းချမ်းရေးနိူဗယ်ဆုရှင်
    အယာတိုလာ ဗလာဒီမာ ဇာကရီယာ

  • ကိုရင်မောင်

    June 13, 2012 at 12:04 pm

    ရခိုင်နယ်မှာ ခုဖြစ်နေတဲ့ အရေးအခင်းက လူများစု ရိုဟင်ဂျာမွတ်ဆလင်ကတဖက်
    လူနည်းစု နယ်ခံဗုဒ္ဓဘာသာရခိုင် ကတဖက် ကျန်တဲ့လူမျိုး ဟင်ဒူဘာသာကိုးကွယ်တဲ့အိန္ဒိယလူမျိုး ရခိုင်မွတ်ဆလင်က ကြားနေ
    ဖြစ်နေတယ်လို့ထင်တယ်… တမျိုးကြီးဘဲနော်(ဧည့်သည်အစော်ကားခံရတဲ့အိမ်ရှင်ကလူနည်းစု)
    ကျုပ်တို့တိုင်းရင်းသားရခိုင်လူမျိုးတွေကနည်းစုဖြစ်နေရရှာတယ်
    အတိုက်ခိုက်ခံရတော့လဲကျုပ်တို့ တိုင်းရင်းသားရခိုင်တွေဘဲခံနေရတယ်
    ဒီတော့ ဒုက္ခရာက်တဲ့သူတွေကူညီဘို့ရာမှာ ဘက်ကတော့ရှိမှာပါ ကျုပ်တို့ကတော့ကိုယ့်လူမျိုးဘက်ကိုဘဲ
    စိတ်အားထက်သန်တယ် တကယ်လဲဒုက္ခရောက်နေကြရှာသူတွေပါ….
    ရိုဟင်ဂျာ မွတ်ဆလင်တွေလဲအတိဒုက္ခရာက်နေသူတွေ(သူများအိမ်ယာတွေဖျက်ဆီးပြီးပြေးစရာမြေမရှိသူတွေ)ရှိမှာပါ သူတို့အတွက်ကဒေါ်လာသန်းချီပြီးကူညီမဲ့
    ပြည်ပကဆရာကြီးတွေရှိပါတယ် UN ရဲ့ဒုက္ခသည်စခန်းတွေလဲရှိနေတယ်လေ..
    သူတို့အတွက်တွေးပူနေစရာမလိုပါဘူး …
    ကိုယ့်လူမျိုးရခိုင်တိုင်းရင်းသားတွေကိုဘဲကူညီကြစမ်းပါအုံး….
    ခုတင်ထားတဲ့အမည်နဲ့ ရည်ရွယ်ချက် ကောင်းပါတယ်
    ကျနော်လဲလှူမှာပါ လူကြုံရှာနေပါတယ်…

  • komingalar

    June 13, 2012 at 12:33 pm

    ကျွန်တော်အကြံထပ်ပေးကြည့်မယ်ဗျာ
    ခေါင်းစဉ်ကိုဒီလိုလေးဆိုရင်ရော…
    ” ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအတွက်အလှုငွေ “

  • Thu Wai

    June 13, 2012 at 1:01 pm

    ထိုင်းစစ်တပ်က ရိုဟင်ဂျာဆို ထိုင်းမြေကို ခြေထောက်နဲ့တောင် အနင်းမခံဘူး…..***(အဲဒီအချိန်က ပြည်ပနိုင်ငံအချို့က လူ့အခွင့်အရေးချိုးဖောက်တယ် ဘာညာစွပ်စွဲတော့…ထိုင်းရေတပ်ဗိုလ်ချုပ်ကြီးက စွပ်စွဲတဲ့နိုင်ငံက ဒီရိုဟင်ဂျာတွေကို လက်ခံမလား…လက်ခံမယ်ဆိုရင် ကျနော်ကိုယ်တိုင် သင်္ဘောနဲ့တင်လာပြီး လာပို့ပေးလိုက်မယ်လို့ ပြောလိုက်တာ…အကုန်အသံပိတ်သွားပါတယ်…
    FB ကနေကူးထားတာပါ ကဲ ဘယ်သူ့ အိမ်ပေါ်ခေါ်ထားချင်လဲ ပြော လိပ်စာနဲ့ ဖုန်းနံပါတ်သာပေးလိုက်ပါ။
    အိမ်အရောက်လာပို့ပေးမယ်

  • may flowers

    June 13, 2012 at 2:50 pm

    ကိုThu Wai ရေ…အစိမ်းပေးပြီးထောက်ခံသွားပါတယ်နော်။

    • ကိုရင်မောင်

      June 13, 2012 at 7:34 pm

      Thu Wai ရေ အရမ်းကြိုက်တဲ့ကော်မန်းဘဲဗျို…ကျုပ်လဲ
      စိမ်းပေးလိုက်ပါတယ်

  • chityimhtoo

    June 13, 2012 at 3:19 pm

    အဆိပ်ပင်တော့ရေမလောင်းနိုင်ဘူး..ပခုံး၂ဖက်ခေါင်းပေါက်တာချင်းတူတူ တစ်ခြားလူတွေက လူလူချင်း
    ဒုက္ခမပေးဘူး၊ရခိုင်တွေကိုဘဲအလှူငွေထည့်နိုင်မယ်။ဆဲချင်သလိုဆဲကျ ..အားမရရင် ခုန်ပြီးဆဲ..
    လှိမ့်ပြီးဆဲ..အလူးအလဲဆဲ

  • SkyHeart WinKo

    June 13, 2012 at 6:36 pm

    လူသားချင်းစာနာထောက်ထားပြီး ကူညီကြမယ်ဆိုလျှင် တွေးခေါ်ပြောဆိုနေတာထက်
    ဦးကျော်သူကဲ့သို့ လူသားများအတွက် လုပ်စရာတွေအများကြီပါ လက်တွေဘဲလိုပါတယ်။
    Welcome to Sky Heart 0950 82808

  • SkyHeart WinKo

    June 13, 2012 at 6:36 pm

    လူသားချင်းစာနာထောက်ထားပြီး ကူညီကြမယ်ဆိုလျှင် တွေးခေါ်ပြောဆိုနေတာထက်
    ဦးကျော်သူကဲ့သို့ လူသားများအတွက် လုပ်စရာတွေအများကြီးပါ လက်တွေဘဲလိုပါတယ်။
    Welcome to Sky Heart 0950 82808

  • ဆူး

    June 13, 2012 at 7:35 pm

    ဒီတလော အင်တာနက် ပျက်တာနဲ့ လောကကြီးနဲ့ အဆက်ဖြတ်ထားသလို ဖြစ်နေတယ်။ သတင်းတချို့ နဲ့ ဒီပိုစ်လေးကို အရင်ဆုံး ဖတ်မိတာပါ။
    ကြောင်ဝတုတ်ရဲ့ အတွေးကို တခု မေးချင်ပါတယ်။
    လစဉ် ရှာဖွေလို့ ရတဲ့ ပိုက်ဆံ ကို ဘယ်လို အသုံးချ သလဲ.. လစဉ် လူမျိုးရေး ဘာသာရေး ကင်းစွာနဲ့ ရတဲ့ ပိုက်ဆံ တွေထဲက အလှူအတန်း ကို % ဘယ်လောက် လှူပါသလဲ။
    အရင်ဆုံး လှူတဲ့ သူကတော့ မိသားစုဝင်တွေပဲ ဖြစ်မယ် ထင်တယ်။
    မိသားစု နဲ့မှ ပိုမှ လျှံမှ ရှာဖွေလို့ ရတဲ့ ပိုက်ဆံ အစွန်းထွက်လောက်တော့ တခြားသောသူတွေ ဥပမာ လမ်းဘေး တောင်းစားတဲ့ သူတောင်းစားလည်း ဖြစ်ချင်ဖြစ်မယ် စေတနာ ရှိရင် လှူမယ်ထင်ပါတယ်။

    ဘက်မလိုက်ပဲ ပြောရရင်တော့ ငါရှာတာ ငါ့ အတွက်ပေါ့ ငါ့မိသားစု အတွက်ပေါ့လို့ ပြောမယ် ထင်တယ်နော်။

    ရိုးရှင်းပါတယ်။ ငါဆိုတဲ့ ငါ့ရဲ့ နောက်က အတွဲလိုက် အတွက် ဦးစားပေးသလိုပါပဲ။
    ဆူး တို့ရဲ့ တမြေထဲမှာ နေပြီး တရေထဲ သောက်ပြီး တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက်ကို ပထမ ဦးစားပေးပါမယ်။ ပုခုံး နှစ်ဖက်ကြားမှာ ခေါင်းပေါက်ပါတယ်။ သို့သော်.. သို့သော်.. သို့သော်..

    အလှူ အတွက် ဆူး ကို လည်း ဆက်သွယ်လာတာရှိပါတယ်။ အလှူငွေကို ဆူး ဆီက နေတဆင့်လည်း ဆက်သွယ်ပြီး လှူဒါန်းနိုင်တယ် ဆိုတဲ့ အကြောင်း အသိပေးချင်ပါတယ်။

    ဆူး ရဲ့ အမြင်ကို ပြောရမယ် ဆိုရင်တော့ ရခိုင်တိုင်းရင်းသားများက နှစ်ရှည်လများ မြန်မာနိုင်ငံကို တံတိုင်းသဖွယ် ကာရံပေးထားတာပါ။ သူတို့ ကာရံပေးထားတဲ့ တံတိုင်းကို ဖြိုဖျက်ပြီး ဝင်လာဖို့ ကြိုးစားနေတာလို့ မြင်မိပါတယ်။ မနေ့က ဒီဗွီဘီ မှာ ရခိုင်ပါတီ တခုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ စကားတခွန်း တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။
    ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေ စောင့်ရှောက်ထိန်းသိမ်းပေးထားတဲ့ အနောက်တံခါးကြီး ကျိုးသွားပြီ။
    ဆူး တို့ရဲ့ မောင်နှမ တွေ ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေ အားငယ် မနေရရအောင် ဝိုင်းဝန်းပြီး ဝိုင်းရံ ပေးသင့်တယ်။
    လူသားဆန်ဆန် တွေးပါတယ်။
    လူမျိုးရေး စိတ်ဓါတ် နဲ့ အရေးကြီးရင် သွေးနီးသင့်ပါတယ်။
    အားနည်းနေတဲ့ ရခိုင်တိုင်းရင်းသားများကို ပံ့ပိုးပေးဖို့ပဲ မျှော်လင့်ပါတယ်။

  • ရဲစည်

    June 14, 2012 at 12:00 am

    မဆူးရဲ့ မျှတတဲ့ အတွေးအမြင်လေးကို ထောက်လဲ ထောက်ခံပါတယ်။လေးစားမိပါတယ် ….
    ဘက်လိုက်တာတွေ မလိုက်တာတွေ ကြားနေတာတွေ ခုချိန်မှာ မလိုတော့ဘူး အခုချိန်ဖြစ်နေတာက ကျနော်တို့ တိုင်းရင်းသားတွေ ဒုက္ခရောက်နေတယ် ဒါကို ကူညီရမယ် ရှင်းရှင်းလေးဘဲ အဲဒါကို ဘာစကားလုံးတွေနဲ့မှ တန်ဆာဆင်စရာ မလိုဘူး…………………
    ဒါကျနော်တို့ရဲ့ စေတနာ ဒီစေတနာ ရောင်ပြန်ဟပ်စရာ မလိုဘူး ကျနော်တို့ ဒီနေ့ ပြုမူသမျှ ပြောဆိုသမျှသည် သူတို့အတွက်ဘဲ…
    သူတို့လည်း ဒီအချိန်မှာ ခံစားနားလည်လိမ့်မယ်လို့ ထင်ပါတယ်..

    ရခိုင်မုန့်တီကြိုက်သူ
    ငနီတူခြောက်ကြိုက်သူ
    ငပလီကို နှစ်သက်သူ
    တနင်္ဂနွေနေ့တိုင်း စစ်တွေရဲ့ ပျော်စရာများ/ပျော်ရွှင်ခဲ့သော နေ့ရက်များကို မက်မောသူ
    ရခိုင်မှလာသော ပုစွန်ခြောက်ကို ရှောက်သီးသုပ်ဖြင့် မိန်ရည်ရှက်ရေ စားတတ်သူ
    ရန်ကုန်ရောက်တိုင်း ရာမောင်သားကို အားပေးသူ
    (မှတ်ချက် တစ်ခုမှတော့ အလကားမရဘူး အဟီး 🙂 တခါတလေ အတည်ပြောလဲ ဖောက်တတ်တယ် သည်းခံဂျဘာ 🙂 )

  • ရဲစည်

    June 14, 2012 at 12:37 am

    ဪ ဒီပိုစ့်နဲ့တော့ ဘာမှမဆိုင်ဘူး
    ကိုယ်တွေ့ကြုံခဲ့တာလေး ပြန်စပ်ဟပ်ကြည့်တာ
    စစ်တွေမှာ……
    ရခိုင်အမျိူးသမီးတွေ ဈေးသွားရင် ကုလားလေး/ကုလားမလေးတွေက(ရိုဟင်ဂျာ ဟုတ်မဟုတ်တော့ မသိ) ဈေးခြင်းတောင်းဆွဲပီး နောက်ကလိုက်ရတယ်
    ရခိုင်အမျိုးသားတွေ ကုန်မထမ်းဘူး/ စစ်တွေမှာ ပြည်တွင်းက ကုမ္ပဏီရုံးခွဲတွေရှိတယ် တခြားရခိုင်ပြည်နယ် အတွင်းပစ္စည်းပို့ရင် ဥပမာ လှေဆိပ်ကနေ ဈေးထဲအဆုံး အမောင်ချေတို့က ထမ်းလည်းမပို့ဘူး လှည်းနဲ့လဲ တွန်းမပို့ဘူး ဆိုင်ကယ်နဲ့လဲ မပို့ဘူး အဲတော့ စစ်တွေက စားသောက်ကုန် ကုမ္ပဏီတစ်ခုမှာ ဂျပန်ဆိုတဲ့(နာမည်ပြောင်)၇၈၆တယောက်ရှိတယ် မှတ်ပုံတင်လုပ်တုန်း ၁သိန်းခွဲပေးထားတယ်ပြောတယ် ဒါတောင်ရုံးက ဘရန်ချ့် မန်နေဂျာ မောင်မောင်ချေက ရီကွန်းမန်းပေးထားလို့ ဆက်ပြောမယ် မန်နေဂျာလစာက ရသောင်းခွဲ(နေ၊စား ငြိမ်း)ကော်မရှင်ပါရင် ၁သိန်းကျော် ဟုတ်ပီ အဲ ဂျပန်က လစာမရှိဘူး ဒါပေမဲ့ ရောင်းသမျှ ပစ္စည်းအရေအတွက်ကို သူက ဒိုင်ခံပို့တာ ခပ်ရိုင်းရိုင်းပြောရရင် ကူလီလုပ်တာ ၁ပကင်ကို ၁၈၅ကျပ်နှုန်း ဟိုရမ်းဗြဲတို့ မာန်အောင်တို့ လှေဆိပ်တွေကျ ၂၅ဝနှုန်း ဒေသသတ်မှတ်ဈေး ဆိုတော့ကျ သူ့တလဝင်ငွေက သုံးသိန်းကျော်တယ်…….
    ရုံးဝန်ထမ်း မောင်မောင်ချေတို့ တရုတ်ဆိုင်ကယ်ကို ၈သိန်းခွဲ အင်စတော်မင်နဲ့ မကျေသရွေ့ အိမ်မယူရ ဖြစ်နေချိန်မျာ ဂျပန်က ၉သိန်းခွဲပေးပီး တိတ်တိတ် ဝယ်လိုက်ပီ …….ဆိုတော့ ဒါလွန်ခဲ့တဲ့ ၃နှစ်က ကြုံခဲ့ရတာ

    သဂျီးစကား ငှားသုံးလိုက်မယ် စနစ်ကြောင့်လား….အနိစ္စလား……….(ဖွတ်)
    ဒီနေ့ ဒီလိုတွေ ဖြစ်လာတာ ဟိုယခင်ကတည်းက မဟာလူမျိုးကြီးဝါဒဆိုတဲ့ တလွဲဆံပင်ကောင်းကြောင့်…..ခုတော့
    နောက်လ ရခိုင်သွားရအုန်းမယ် ပညာရှိမဟုတ်တော့ တွေးကြည့်ယုံနဲ့ မသိနိူင်ဘူး ပြေးကြည့်ပီးမှ ဆက်ပြောမယ်
    ကိုကြောင်ဝတုတ်ရေ လူသားချင်းစာနာတယ်ဆိုတာ ဖြစ်ပြီးမှဗျ သွေးချင်းဆိုတာလဲ သေကောင်ပေါင်းလဲမှ

    အဲဒီတော့….. 🙁 🙁
    ကိုယ်ကဘယ်မှ မရွေ့ဘဲ လေတိုက်တာတွေကို ချဉ်တဲ့ အတ္တဘော

    ရဲစည်

  • ဆူး

    June 15, 2012 at 9:57 am

    ဆူး ရဲ့ အတွေ့ အကြုံလေး တခုလောက် ပြောပြချင်တယ်။
    ဆူး ငယ်ငယ်က ကုလားတန်းမှာ နေတာ ဆိုတော့ ကုလားတွေ ကြားထဲမှာ သူတို့နဲ့လည်း ခင်မင်ရင်းနှီးနေတာ ဆိုတော့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။
    ဥပမာ ဆီးဂိမ်းကဲ့သို့သော ဘောလုံးပွဲတွေမှာ မြန်မာတွေ နိုင်ငံတကာနဲ့ လှည့်ကန်တဲ့ အခါ မြန်မာကို အစဉ်တစိုက် အားပေးကြတာ မြန်မာနိုင်ငံသားတိုင်းရဲ့တာဝန်တခုပေါ့။
    မြန်မာနဲ့ မလေးကဲ့သို့သော နိုင်ငံတွေ နဲ့ ကန်မယ် ဆိုရင်တော့ သူတို့ ပြောတဲ့ စကားတခု ရှိတယ်။
    ဟယ်.. မြန်မာလည်း အားပေးချင်တယ်။ မြန်မာနဲ့ ကန်မှာ မူဆလင်နိုင်ငံ ဖြစ်နေတော့ ကိုယ့်မူဆလင် အချင်းချင်းလည်း အားပေးချင်တယ်။ ဒို့ကတော့ မြန်မာပဲ ဟေ့ လို့ ခပ်တည်တည် နဲ့ ပြောလိုက်ရင်တော့ ငါတော့ ဒီတခါ မလေးပဲ အားပေးမယ် ဟယ် ဆိုပြီး ပြောလာတယ်။

    ္လူလူမျိုးရေး ပဋိပက္ခဆောင်တဲ့ စကား မဟုတ်ပေမဲ့ အသေး အဖွဲ့ ကိစ္စလေးတွေမှာတောင် သူတို့တွေက ဘာသာဝင် အချင်းချင်းဆို သိပ်ချစ်တတ် မေတ္တာထားတတ်ကြတယ်။ ဂရုပြုတဲ့ စိတ်ရှိကြတယ်။ ဒီတော့ သူများတွေ သွေးစည်းမှု ကို မနာလို မဖြစ်ပေမဲ့ ကိုယ်တွေတော့ သွေးစည်းမှု မရှိခဲ့တာ ကြာလှပါပြီ။
    ညီညွတ်သင့်တယ် ထင်တယ်။

    လဲနေသူကို ထူပေးသင့်ပါတယ်။
    ထူပေးတဲ့ အခါမှာတော့ ရုတ်တရက်ကြည့်ရင် အားနည်း ပေမဲ့ သေချာ ဆန်းစစ်ကြည့်ပါ.. ဘယ်သူတွေက သွေးမစည်းလို့ ဒီလို အမျိုးတွေ အများအပြား ပြန့်ပွားနေလဲ ဆိုတာ သိလာပါလိမ့်မယ်။

Leave a Reply