လူသားချင်းစာနာထောက်ထားကြရာဝယ်…

လူသားလို့ဆိုလိုက်ကတည်းက အသားအရောင်၊ လူမျိုး၊ ဘာသာ၊ တစ်ခုမှမပတ်သက်သော ဖြူဖြူ၊ မဲမဲ၊ နူနူ၊ ရွဲရွဲ ပုခုံနှစ်ဖက်ကြားမှာ ခေါင်းထွက်လာသော လူသားမျိုးနွယ်အားလုံးနှင့်ပတ်သက်ပေးတော့သည်…

ကျွန်ုပ်တို့ မန်းဂေဇက်စုပေါင်းအလှူ နှစ်ကြိမ်တိတိပြုလုပ်ခဲ့ကြသည်… ပထမဆုံးအကြိမ်တုန်းက နာရေးကူညီမှု အသင်းတွင်ဖြစ်၏… ဘယ်လိုသေသေ… ဘယ်လူသေသေ… ဘယ်နားသေသေ… ကူညီပေးမည့် တိုင်းသိပြည်သိ နိုင်ငံတကာသိအသင်းအဖွဲ့တွင် ကျွန်ုပ်တို့၏ချွေးနဲစာလေးများကို ဖဲ့ကာအလှူကို ပီတိအပြည့် လှူဒါန်းခဲ့သည်…

ဒုတိယအကြိမ် ပန်းတနော်၊ အစုကြီးကျေးရွာရှိ လူသားမှန်လျှင်ဆေးကုသခွင့်ရသော ဆေးရုံအားပံ့ပိုးရန် အတွက် ကျွန်ုပ်တို့ထပ်မံကြိုးစားခဲ့ကြပြန်သည်… ထိုသည်ကား လူသားချင်းစာနာထောက်ထားမှုဆိုသည့် ခေါင်းစဉ်အောက်မှ မန်းဂေဇက်၏ ရွာသူရွာသား ကြီးငယ်မရွေး၏ ကြိုးပမ်းချက်များတည်း…

မကြာသောအချိန်ကလေးကမှ မန်းဂေဇက်ကို လူမျိုးရေလှုံ့ဆော်သောဆိုဒ်တစ်ခုအဖြစ် မီဒီယာတစ်ခုမှပြောဆို စွပ်စွဲသောအခါ ရွာချစ်ရွာသူရွာသားများမှ စိတ်မကောင်းကြီးစွာဖြစ်မိသေးသည်… သဂျီးကတော့ ကျိတ်ဝမ်းသာ နေမည်လားမပြောတတ်…

အတွေးချော်သည်ပဲပြောပြော… အတွေးခေါင်သည်ပဲဆိုဆို ဘာကြောင့်မန်းဂေဇက်ကို ဒီလိုစွပ်စွဲရသနည်း အကြောင်းရှာရပြန်တော့… မွန်လူမျိုးကြီးအဘဖောကိုပဲ ခေါင်းစဉ်တပ်ရပေလိမ့်မည်… အစွယ်လိုသူမိဘုရား ပေါ့… ဆွေးနွေးပွဲကို ပွဲဆူသည်အထိရွာစည်းကမ်းအပျက်ခံပြီး လိုချင်တဲ့ Climax အထိဆွဲတင်သွားသူကတော့ ရွာပိုင်သဂျီးဦးခိုင်… အသွားစေခိုင်းသူမင်းဧကရာဇ်… လေးပြစ်သူကျွန်တော်မျိုးတွေကဖြင့် အထောက်အထား ပြေးရှာ… စကားလုံးတွေစဉ်းစားရင်း ရင်မောခဲ့စိတ်တိုခဲ့ရတာတွေဖြင့် မနေ့ကလိုပဲအတွေးထဲရှိနေပါသေး…

ရခိုင်ဒေသပြသနာတက်တဲ့အခါကျတော့လဲ… ရခိုင်ပြည်သားတို့အပါအဝင်နဲ့ အမြင်မတူသူတွေကြား တစ်လှည့် စီဆဲဖို့ မန်းဂေဇက်ကသတ်ကွင်းကြီးဖြစ်ခဲ့ရသေးပြန်ရော… ဒီကြားထဲအစွပ်စွဲခံထားရတော့ မန်းဂဇက်အတွက် ငြိမ်းချမ်းရေးဆုတောင်းလေးတွေတောင်းပေးခဲ့မိပါသေးတယ်…

အခုတော့ တတိယမြောက်ရွာအလှူအတွက် အလှူတွေကောက်ခံတော့ စတင်မတည်သူက အစွယ်လိုသူ မိဘုရားကြီးကိုယ်တိုင်ဖြစ်နေပြီး… လေးပြစ်သူတွေကတော့ မမောနိုင်မပန်းနိုင်ပစ်ရပေဦးမယ်…

ဒီနေရာမှာ တစ်ချက်လောက်စဉ်းစားကြည့်စေလိုပါတယ်… (အဘဖောရဲ့စကားလုံးလေးခဏငှားလို့ပေါ့…)

အခုလိုအချိန်မှာ ရခိုင်သွေးချင်းတွေအတွက်လို့ခေါင်းစဉ်တပ်ပြီး အလှူတစ်ခုကို ဖြစ်မြောက်အောင်ကြိုးစားကြ တော့ဖြင့် လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်ခွဲခြားမှုမရှိတဲ့ ကျွန်တော်တို့မန်းဂေဇက်က အတိအလင်း တစ်ဖက်ကို ပြောင်းရပ်လိုက်ပြီလား… လူမျိုးရေးကိုခွဲခြားမှုကို လက်ခံလိုက်ပြီလား…

အလှူရဲ့လှုပ်ရှားသူတွေမှာ ကျွန်တော်လေးစားရတဲ့ စာရေးသူတွေတော်တော်များများပါပါတယ်… ကျွန်တော့ထက် အသက်ရော၊ ဝါရောကြီးတဲ့သူတွေအများကြီးပါ… သူတို့စိတ်ထဲမှာ ဖြူစင်တဲ့လူသားချင်း စာနာထောက်ထားမှုဆိုတာရှိနေရင်တောင်၊ အလှူကိုစတင်အကောင်အထည်ဖော်သူဟာ အဘဖောဖြစ်နေတာ ကြောင့် အများအမြင်မှာ လူမျိုးရေးရောယှက်သောအလှူတစ်ခုဖြစ်ကောင်းဖြစ်နေမှာပါ…

ကိုထူးဆန်းရဲ့ ရခိုင်သွေးချင်းတို့အတွက်လက်ဆောင်ဟာ ရခိုင်လူမျိုးသွေးချင်းတွေပဲပါတာမို့ မြန်မာနိုင်ငံသား အန္ဒိယနွယ်ဖွား ရခိုင်ပြည်နယ်နေသူတွေမပါတာမို့ နိုင်ငံရေးနဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ အလှူတစ်ခုဖြစ်မှန်း မသိဖြစ်နေပါပြီ…

ဒါဆိုရင် မန်းဂေဇက်အနေနဲ့ နိုင်ငံရေး၊ လူမျိုးရေးအသွင်ကို အတိအလင်းကူးပြောင်းပြီး နိုင်ငံရေး၊ လူမျိုးရေး လုပ်မယ့် Web-Site တစ်ခုအဖြစ်ဆက်လက်ရပ်တည်မယ်လို့ ဆုံးဖြတ်ကြရင်တော့ အခုအချိန်မှာ  ဝမ်းမြောက် ဝမ်းသာဆက်လက်လျှောက်လှမ်းရုံပါပဲ… တကယ်လို့ အဲဒီလိုမျိုးပုံစံမဖြစ်ချင်ဘူးဆိုရင်ဖြင့် ရွာသူရွာသားအားလုံး သေချာပြန်လည်စဉ်းစားဖို့လိုအပ်နေပါတယ်…

ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး ဖြစ်ရပါ့မယ်… ရခိုင်ဒေသကိုသာပြန်လည်တည်ဆောက်ဖို့ကူညီရပါမယ်… မန်းဂေဇက်ဟာ သမာဓိရှိရှိအလည် မှာပဲရပ်တည်မယ်ဆိုရင် အလှူနဲ့ပတ်သက်တဲ့ကော်မန့်အရေးအသားနဲ့ ခေါင်းစဉ်တွေမှာ လူမျိုးရေးဘက် မတိမ်းတဲ့ စာသားမျိုး… ခေါင်းစဉ်မျိုးကိုသေချာသတိထားသုံးနှုန်းရပါလိမ့်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင်ဖြင့် ကျွန်တော်တို့ခဲခဲ့သမျှ ရေထဲကြပြီး မန်းဂေဇက်ရဲ့ ရာဇဝင်ဟာရိုင်းပါလိမ့်မယ်… ဒီအခြေအနေဟာ မန်းဂေဇက်အတွက်အတွေးချော်စရာအနေအထားဖြစ်နိုင်တာမို့ တာဝန်ရှိသူများ အတွေးမချော်ရလေအောင်ဖြင့် စီစဉ်ပေးစေချင်ပါတယ်…

ဂေဇက်အတွက်စိုးရိမ်နေသူ-

ကြောင်ဝတုတ်

96 comments

  • ကြောင်ဝတုတ်

    June 12, 2012 at 3:48 pm

    ဒီပိုစ့်မှာ အဘဖောနဲ့ သဂျီးကို ဦးစဉ်တပ်ရေးသားထားပေမယ့်…
    အဲဒီအချိန်တုန်းက အဘဖောနဲ့ သဂျီးဘာကိုဆိုလိုသလဲဆိုတာ ကျွန်တော်နားလည်ထားပြီးသားပါ…
    ပုဂ္ဂလိကတိုက်ခိုက်မှုမဟုတ်ဘူးဆိုတာတော့ ထပ်ပြောပါရစေ…
    ဂေဇက်အတွက် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်ဖို့ ထောက်ပြခြင်းသာဖြစ်ပါတယ်…

    ဂေဇက်ကိုချစ်တဲ့-
    ကြောင်ဝတုတ်

    • သားဦး၊မြေးဦး

      June 13, 2012 at 8:11 pm

      (၈)ချောင်းမြောက် လက်မလေးထောင်သွားပါတယ် ကိုဝတုတ်ရေ။

      “”ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး ဖြစ်ရပါ့မယ်… ရခိုင်ဒေသကိုသာပြန်လည်တည်ဆောက်ဖို့ကူညီရပါမယ်… မန်းဂေဇက်ဟာ သမာဓိရှိရှိအလည် မှာပဲရပ်တည်မယ်ဆိုရင် အလှူနဲ့ပတ်သက်တဲ့ကော်မန့်အရေးအသားနဲ့ ခေါင်းစဉ်တွေမှာ လူမျိုးရေးဘက် မတိမ်းတဲ့ စာသားမျိုး… ခေါင်းစဉ်မျိုးကိုသေချာသတိထားသုံးနှုန်းရပါလိမ့်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင်ဖြင့် ကျွန်တော်တို့ခဲခဲ့သမျှ ရေထဲကြပြီး မန်းဂေဇက်ရဲ့ ရာဇဝင်ဟာရိုင်းပါလိမ့်မယ်… ဒီအခြေအနေဟာ မန်းဂေဇက်အတွက်အတွေးချော်စရာအနေအထားဖြစ်နိုင်တာမို့ တာဝန်ရှိသူများ အတွေးမချော်ရလေအောင်ဖြင့် စီစဉ်ပေးစေချင်ပါတယ်…””

  • water-melon

    June 12, 2012 at 3:59 pm

    ကျွန်တော်တို့ အနေနဲ့တော့
    လူမျိုးရေးတော့ မခွဲခြားလိုပါဘူး
    ဒါပေမဲ့ စော်ကားလာရင်တော့ နောက်တော့မဆုတ်ဘူး
    ကိုဖတ်ရေ
    သိပ်နားမလည်လို့
    မဝင်ပါတော့ပါဘူး
    အောက်က ကွန့်မန့်တွေကိုဘဲ နားစွင့်တော့မယ်

  • Shwe Tike Soe

    June 12, 2012 at 4:01 pm

    ကိုဖက် ခင်ဗျားလို အတွေးမျိုးနဲ. ဟိုးရှေးတုန်းက ကနောင်မင်းသားကြီးခေတ်မှာ ရှိခဲ့ဘူးပါတယ်…..
    အမျှော်အမြင်ကြီးတဲ့ ကနောင်မင်းသားကြီးက အင်္ဂလိပ်တွေ ရေကြောင်းက လာမယ်ဆိုလို. ကာကွယ်ဖို. အတွက် ရေမြှုပ်မိုင်းတွေ တီထွင်နေတယ်လေ….. အောင်မြင်တော့ စမ်းသပ်ရော… ရေသတ္တဝါတွေဘက်က လိုက်တွေးပေးလိုက်တော့………..
    ဟော ကျွန်တော်တို.နိုင်ငံ သူများလက်အောက်ရောက်သွားပါပေါ့လား ဗျာ…………..
    အဲဒီတော့ အကန်.လေးတွေနဲ. တွေးတောပြီး ကိုယ့်အလုပ်ကို လုပ်ကြရင် မကောင်းလားဗျာ……………

    ဒါပါပဲ……… ခွင့်လွှတ်ပါ…

    • ကြောင်ဝတုတ်

      June 12, 2012 at 4:12 pm

      ကျေးဇူးတင်ပါတယ် ကိုတိုက်-
      ကိုတိုက်အမြင် ကျွန်တော်ကတော့ သာသနာပိုင်ဆရာတော်ကြီးပေါ့ဗျာ…
      အမြင်တစ်ခုကို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…
      တစ်ရက်လောက်တွေ့ကြဦးမယ်ဗျို့… မတွေ့တာကြာပေါ့…

      ခင်တဲ့-
      ကြောင်ဝတုတ်

    • komingalar

      June 13, 2012 at 12:29 pm

      ကျွန်တော်အကြံထပ်ပေးကြည့်မယ်ဗျာ
      ခေါင်းစဉ်ကိုဒီလိုလေးဆိုရင်ရော…
      ” ရခိုင်ပြည်နယ်မှ ဒုက်ခသည်များအတွက်အလှုငွေ “

  • etone

    June 12, 2012 at 4:06 pm

    ကိုဖတ်ကတ် ……..
    ဗီဇပေါ်ပြီ… ဗီဇပေါ်ပြီ …… ဒါကြောင့်မို့ . တော်က .. တော့် အမျိုးတွေ ဘက်က နာသကိုး .. ခွိခွိ …. ။ 😀 ကျုပ်ဟိုကောင်မလေးကိစ္စချက်တင်မှာပြောတော့ …. တော်ကပြောတယ် … နင်ဒီလောက်မုန်းနေတာ နင်သေလို့နောက်ဘဝဆိုတာ ရှိလျှင် အဲ့ဒါတွေ ဗိုက်ထဲ မဝင်စားဘူးပြောနိုင်လားတဲ့ … ဟင့် … အဲ့တုန်းက သဘောရိုးမှတ်ပါတယ် …. ။

    ကြည့်ရင်း ………….. ကြည့်ရင်း ပိုတူလာတယ် ……. ဒါကြောင့်သူက ဝက်သားမစားတာကိုး…… ။
    ဝက်သားမစားတဲ့ကြောင်…… ဟွန့် 👿

    • etone

      June 12, 2012 at 4:10 pm

      နောက်တာပါတော်……….. မှားတာရှိလျှင် ဝန္ဒာမိပါ ….. ။
      တော်ကြာသူစိတ်ဆိုးပြီး ခြေစောင့်လိုက်မှ .. ကျုပ်တို့ ကမာ္ဘကြီ း ချိုင့်ဝင်သွားပြီး ငလျင်တွေ လှုပ်နေပါဦးမယ် … ဟိဟိ 😛
      %%%%%%%%%%%%%%%

      ကိုဖတ်ရေ .. ပြောချင်တာတွေ ရှိပေမယ့် ….. မပြောသင့်တာမျိုးလို့ ထင်လို့ ရေငုံနှုတ်ပိတ်ပြီး သူများဆွေးနွေးတာကိုပဲ …ဖတ်ပါတော့မယ် ….. ။

    • ကြောင်ဝတုတ်

      June 12, 2012 at 4:10 pm

      ဒီကြောင်… ဝက်သားမစားဘူးလို့ ဘယ်သူပြောလဲ…
      တစ်ရက်တစ်လေလောက် ဝက်သားဒုတ်ထိုးဆိုင်ခေါ်ပြီး ကျွေးကြည့်ပါလားကွယ်…

      ဝက်သားဒုတ်ထိုးစားချင်နေသူ-
      ကြောင်ဝတုတ်

      • water-melon

        June 12, 2012 at 4:14 pm

        အူးလေး ဒုတ်ထိုးစားချင်ရင်
        မန်းလေးလာခဲ့ ၃၄ လမ်းက တွတ်ပီလိုက်ပို့မယ်
        အဟီ ပြောရင်းနဲ့စားချင်လာပြီ

  • ညီလေး ဝတုတ်
    အခုဝိုင်းဝန်းကူညီကြမယ့် အစီအစဉ်လေးမှာ ပါဝင်ဖို့လဲ ဖိတ်ခေါ်ပါတယ်.
    အကိုအယူအဆကတော့ ရခိုင်မြေမှာနေသူ ဒုက္ခရောက်နေသူတွေအားလုံးအတွက်
    တတ်စွမ်းသမျှလေးလုပ်ပေးတယ်လို့ စိတ်ထဲမှာ ခံယူပါတယ်။
    မောင်ဖြူ မောင်နီ ဘယ်သူ ဘယ်ဝါ မရွေးဘူးလို့ သတ်မှတ်ထားပါ၏။

  • kai

    June 12, 2012 at 4:21 pm

    အင်မတန်ကောင်းတဲ့.. ဆွေးနွေးချက်ပါ..
    ရွာသူားတွေရဲ့.. ပြန်စာတွေ.. တလေးတစားနဲ့.. စောင့်ဖတ်နေပါတယ်..

    ဒါဆို..
    ကျုပ်လည်း ဘာဆက်လုပ်ရမလည်း.. သိသာမြင်သာမှာမို့ပါ.. 🙂

    • Mလုလင်

      June 12, 2012 at 11:15 pm

      လူသားချင်း စာနာထောက်ထားစွာဖြင့် .. double black တို့ဘာတို့ ဝယ်ဝယ် သောက်နေတဲ့ သူကြီး ကကော … ဘယ်လောက် လှူမယ် စိတ်ကူးပါသလဲ .. လို့ တော့ သိချင်သားဗျ။

  • mipukay

    June 12, 2012 at 4:36 pm

    Mr. Fat Cat,
    You are absolutely correct. Everybody should be think like Mr. Fat Cat for our beloved MANDALAY GAZETTE.
    For me, still trying to be.
    😛

  • Ma Ei

    June 12, 2012 at 4:46 pm

    ရခိုင်မြေမှာ အမှန်တစ်ကယ်အကူအညီလိုအပ်နေသူ
    အားလုံးအတွက် MG မိသားစုရဲ့အလှူသည်
    အုတ်တစ်ချပ် သဲတစ်ပွင့်စာ အကူအညီသာဖြစ်ပါတယ်…
    နောက်ကွယ်က အထောက်အပံ့တွေနဲ့ ရမ်းကားသူများကို
    ကူညီဘို့ရာလိုအပ်မည်မထင်ပါ…ဒါကြောင့်
    အတွေးချော်မနေပါနဲ့ ကြောင်ဝတုတ်ရေ…

  • Shwe Ei

    June 12, 2012 at 4:49 pm

    သများတို့ကတော့ စေတနာ၃ဒန်ပြဌာန်းပြီးလှူတာပါဘဲ။ အကြမ်းဖက်သမားများကလွဲလို့ လတ်တလော ဒွတ်ခရောက်နေသူမည်သူမဆို(Muslim or Islam or Buddhist) ကိုကူညီချင်ပါတယ်။ ဂေဇက်မှာ ရန်ဖြစ်ကြတယ်ဆိုတာကလဲ အဲလိုဖြစ်သွားအောင်ကို သက်သက်မဲ့ ဝင်မွှေသူတွေရှိလို့ပါ။ ရွာသူား တွေကပင်ကိုစိတ်ရင်းကောင်းပြီးသားပါဘဲ။ အကြောင်းမဲ့ရန်လိုတာမျိုးဖြစ်ခဲပါတယ်။ဆိုတော့ လှူမယ်ပေါ့နော်။ ဒါပါဘဲပေါ့နော် 😀

    • ကြောင်ဝတုတ်

      June 12, 2012 at 4:59 pm

      ညီမလေးရွှေအိရေ-
      ကျွန်တော်ပြောချင်တာလဲ အဲဒီပါပဲဗျာ…
      အရင်တုန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်မွှေခဲ့သလိုမျိုး အခုအလှူကိစ္စမှာလဲ ဝင်မွှေခံရနိုင်ပါတယ်…
      အဲဒီလိုဝင်မွှေခံရရင်ဖြင့် MG က စိတ်ရင်းနဲ့လှူတဲ့အလှူရှင်တွေအတွက်
      စေတနာတွေအနာတရဖြစ်မှာကိုမလိုလားလို့ ကြိုတင်ပြီး ဆင်ခြင်သင့်တာ ပြင်ဆင်သင့်တာကိုပြောမိတာပါ…
      ကျွန်တော်အတွေးချော်နေတယ်ဆိုတာထက် MG အတွက် စိတ်ပူပြီး ဆင်ချင်သင့်တာကိုပြောတာပါနော်…

      ရွာသား-
      ကြောင်ဝတုတ်

  • amatmin

    June 12, 2012 at 4:59 pm

    မူလအခြေချနေထိုင်သူတွေအပေါ်ရမ်းကားတဲ့..
    ကျူးကျော်သူလို့သိသာထင်ရှားသူတွေအပေါ်ကို..
    သဘောတွေ သိပ်ကောင်းမပြနိုင်ရင် ကွန်ဆာဗေးတစ်ဖြစ်မှာလား ဟင်င်..

    မန်းဂေဇက်ရဲ့ရာဇဝင်မရိုင်းဖို့.ပြင်သင့်တာပြင်ရအောင်ဆိုရင်..
    အမျိုးသားအကျိုးစီးပွားကို..အပျက်ခံပီးတော့ကို ကြားနေပါတယ်ဆိုတဲ့ ..
    မီဒီယာတခု လောက်ဥပမာပေးပါလားဗျာ….
    ကြားဖူးအောင်ပေါ့…

    ပြီးတော့ လစ်ဘရယ်တို့တိုင်းပြည်တွေမှာလည်း အဲ့ဂလို မျိုးကြုံလာရင်..
    ဘယ်လို လုပ်သွားတယ်သိချင် သား ..

    • ကြောင်ဝတုတ်

      June 12, 2012 at 5:21 pm

      ကိုအမတ်မင်းရေ-
      မူလအခြေချနေထိုင်သူတွေအပေါ်ရမ်းကားတဲ့ ကျူးကျော်သူတွေကို သဘောကောင်းပြမှ လူသားချင်းစာနာထောက်ထားတယ်လို့ခေါ်တယ်ဆိုတာကို ကျွန်တော်ပြောတာမဟုတ်မှန်း
      သဘောပေါက်သင့်ပါတယ်…
      ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံကထုတ်ပေးထားတဲ့မှတ်ပုံတင်နဲ့ မုစလင်ဘာသာဝင်အန္ဒိယနွယ်ဖွားတွေ ဒုနဲ့ဒေးရှိခဲ့တာ ကျွန်တော်တို့မမွေးခင်အချိန်ကတည်းကပါ…
      သူတို့နဲ့အတူ မူလရခိုင်မျိုးနွယ်စုတွေလဲ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ခဲ့ပါတယ်…

      အဲဒီတော့ကာ-
      ဘယ်သူ့ကြောင့် ပျက်စီးပျက်စီး… ပျက်စီးသွားတဲ့ ရခိုင်ဒေသကိုပြန်လည်ထူထောင်ရေးအတွက်
      ကူညီပေးတဲ့ MG ပဲဖြစ်စေချင်ပါတယ်… ကျွန်တော်တို့ကူညီပေးတဲ့အထဲမှာ ရခိုင်ပဲဖြစ်ဖြစ် တရားဝင်မြန်မာနိုင်ငံသားအန္ဒိယနွယ်ဖွား မုစလင်ဘာသာဝင်ပဲဖြစ်ဖြစ် ဒုက္ခရောက်သူကို လူသားချင်းစာနာထောက်ထားပြီး ကူညီရမှာပါ…
      ပြီးခဲ့တဲ့ ပိုစ့်တွေနဲ့ ကော်မန့်တွေမှာ ရခိုင်လူမျိုးအသားပေးထားတဲ့ အရေးအသားမျိုးတွေတွေ့နေရတာမို့
      နောက်ပိုင်း အဲဒီလိုအရေးအသားတွေနဲ့ ကော်မန့်တွေကိုဖြင့် ကျွန်တော်တို့ ဆင်ခြင်သင့်ကြောင်း ထပ်မံအကြံပြုပါတယ်…
      အခုလုပ်နေတာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပရဟိတလုပ်ငန်းဖြစ်နေတဲ့အတွက်
      နိုင်ငံရေး၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့အရေးအသားမျိုးကို တတ်နိုင်သမျှရှောင်ရပါတော့မယ်…
      ကျွန်တော်ဆိုလိုချင်တာ အဲဒါအကြောင်းအရာပါ ကိုအမတ်မင်းရေ-
      လူမျိုးရေးကိစ္စနဲ့ ကျူးကျော်ခံရတဲ့တိုင်းပြည်ကိစ္စကိုတော့ နောက်တစ်နေ့ဆွေးနွေးကြတာပေါ့…

      ရွာသားငရှုပ်-
      ကြောင်ဝတုတ်

      • အဂျစ်

        June 12, 2012 at 7:41 pm

        လူတယောက်မကောင်းယုံနဲ့ လူတစုမကောင်းဘူး ၊လူတစုမကောင်ယုံ့နဲ့ လူအများစုမကောင်းဘူး ဆိုတဲ့ သဘောထားမျိုး မကောင်းမှန်း သိပေမဲ့ မပြင်နိုင်သေးပါကြောင်း ၊ ကြောတယ်ထင်လို့ ကတော့…emm , လေးစားသွားပါကြောင်းx2 အကို FC ခင်ဗျာ

    • amatmin

      June 12, 2012 at 6:13 pm

      ဒါနဲ့ တခုမေ့ခဲ့လို့ဗျ..
      ကျနော်ကခံနေရတဲ့ရခိုင်တွေအတွက်
      ဆိုတဲ့ စိတ်ရင်းနဲ့လှူမယ်စဉ်းစားတဲ့အတွက်..
      ရခိုင်ကိုကျုပ်တို့ဝိုင်းလှူလိုက်မိကြလို့ ဂေဇက်ကြီး အရောင်တွေစွန်းထင်းခဲ့ရတယ်လို့
      အပြစ်ပြောခံရင်လည်း ..ပြောသလောက်ခံလိုက်မဗျာ..
      မောင်းထုတ်တော့လည်းထွက်သွားရတာပေါ့ ..နော်
      ပြီးတော့ မြန်မာပြည်သူနဲ့ တိုင်းရင်းသားတွေ တက်ညီလက်ညီဖို့
      ဖင်ပြဲအောင်အော်နေခဲ့တဲ့ ဆိုဒ်က.
      အခုမှ ကြားနေရင်ကောင်းမလားပြန်စဉ်းစားနေရင်တော့..အဟက် ဟက်
      နောက်တခုခင်ဗျားပြောသလို စာနာစိတ်တွေ ကျုပ်တို့မြန်မာတိုင်းရှိလာနေရင်
      တချိန်ကျရင်ရွှေတိဂုံဘုရားက.ရွှေတွေကိုဒင်းတို့ဘင်္ဂါလီမတွေ ညွှတ်နေအောင် ဝတ်ထားတာ တွေ့နေရလိမ့်မယ်..

  • MaMa

    June 12, 2012 at 5:24 pm

    ကြောင်ဝတုတ် ပြောတာ ကောင်းပါတယ်။
    လူတိုင်း အလေးအနက်ထား စဉ်းစားသင့်ပါတယ်။
    ကိုယ်တိုင်လည်း စိတ်ထဲမှာ ရှုပ်ထွေးနေလို့ သေသေချာချာ မဆုံးဖြတ်နိုင်ဖြစ်နေချိန်မှာ တည့်မတ်ပေးလိုက်သလိုပါပဲ။

    လူသားချင်း စာနာထောက်ထားမှု၊ တန်းတူညီမျှမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး မတ်မတ်သွားသူတိုင်းကို တပြေးညီ ဆက်ဆံသင့်ပါတယ်။

    ဒါပေမယ့် ဟိုဘက်ပိုစ့်မှာ အီတုံးပြောတာကို ထောက်ခံပြီး ပြန်ကုဒ်ပေးလိုက်ပါတယ်။

    ရခိုင်မွတ်စလင်ဖြစ်စေဦးတော့ …. သူလည်း တိမ်းရှောင်ရသူအဖြစ်နဲ့ …. ရခိုင်များနဲ့ အတူရှိနေလျှင်တော့ .. အခွင့်ရေး တန်းတူရပါလိမ့်မယ် … ။
    ရခိုင်လိုမရှောင်တိမ်းပဲ …….. မွတ်စလင်တွေလို မီးဒုတ်ကိုင် ရမ်းကားနေလျှင်တော့ ….. အခြေနေချင်းမှ မတူတော့ပဲ ……. တန်းတူအခွင့်ရေးမရနိုင်ပဲ ……. လူထုမေတ္တာပဲ ခံယူရလိမ့်မယ် 🙁

  • MaMa

    June 12, 2012 at 5:46 pm

    နောက်တခု ပြောချင်တာက ဟိုးးးး တုန်းက မြစ်ဝကျွန်းပေါ်မှာ ကရင်-ဗမာ အရေးအခင်း ဖြစ်ခဲ့ဖူးတယ်။
    ကရင်မိသားစုက ဗမာမိသားစုကို အိမ်ထဲမှာဖွက်ပေးပြီး အသက်ကယ်ပေးခဲ့တာတွေ ရှိခဲ့ကြတယ်။ တွေ့ခဲ့ဖူးတယ်။
    အိမ်နီးချင်းတွေ တသက်လုံးခင်ခင်မင်မင် နေလာကြတာဆိုတော့ အရေးအခင်းက သူတို့နဲ့ မဆိုင်သလိုပဲ။ 🙂

  • Oo Oo

    June 12, 2012 at 5:54 pm

    ဒီပို့စ်ရဲ့ ဆိုလိုရင်းသဘောကို ကျနော်လက်မခံနိုင်ပါဘူး
    အခုကိစ္စမှာ..လူသားချင်းစာနာထောက်ထားမှု ဆိုတဲ့စကားလုးံလှလှလေးနဲ့မကိုင်ပေါက်ပါနဲ့ဗျာ
    ဒီလိုရှိပါတယ် ကိုကြောင်ဝတုတ်
    အခုရခိုင်ပြည်နယ်မှာဖြစ်နေတာက ကျနော်တို့ရဲ့တိုင်းရင်းသားညီအကိုမောင်နှမတွေဖြစ်တဲ့
    ရခိုင်လူမျိုးကို တစိမ်းဘင်္ဂါလီလူမျိုးစုတွေကအကြမ်းဖက်ဆော်ကား တိုက်ခိုက်နေကြတာပါ။ ရခိုင်လူမျိုးတွေက သွားပြီးအနိုင်ကျင့်
    နေတာမဟုတ်ပါဘူး
    ကျနော်တို့တိုင်းရင်းသားတွေဟာ ဘင်္ဂါလီတွေအပေါ် လူသားချင်းစာနာထောက်ထားတတ်ခဲ့လိုလည်း အခုလိုပြန်အဆော်ကားခံနေရ
    တာပါ..
    ရိုးရိုးရှင်းရှင်း ဥပမာတစ်ခုပေးရရင်..
    သင့်ရဲ့မိသားစုဝင်ထဲက နှမတစ်ယောက်ကို တစိမ်းရမ်းကားသူတစ်ယောက်ကဝင်ဆော်ကားနေတာမြင်ရင်
    သင်အနေနဲ့ လူသားချင်းစာနာစိတ်နဲ့ သူ့ခမျာမောနေရှာမှာပဲဆိုပြီး ရေခပ်တိုက်နိုင်ပါ့မလား..
    ဒီလိုသဘောထားပြီးကျနော်လုံးဝမလုပ်နိုင်တာတော့သေချာပါတယ်
    အခုဖြစ်နေတဲ့ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်မှုကို အဲ့ဒီမှာရှိနေတဲ့မှုစလင်ဘာသာရေးခေါင်းဆောင် အစွန်းရောက်တွေအစပြုမြှောက်
    ပေးခဲ့တာမဟုတ်ပါဘူးလို့ ဘယ်သူငြင်းချက်ထုတ်နိုင်လဲ..မဖြစ်အောင်ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ထွက်ပြီးထိန်းသိမ်းတာ
    မျိုးလဲမတွေ့မိပါလား…
    ကျနော်ဟာ လူသားဆန်မှု ကိုအစဉ်တစ်စိုက်လေးစားခဲ့သူပါ..ဒါပေမယ့် ကိုယ့်ကိုရိုက်သတ်မယ့် လူမဆန်သူတွေအပေါ်မှာတော့
    လူသားဆန်စွာ ပြုံးပြပြီးမှလည်စင်းပေးဖို့အထိတော့ သဘောထားမကြီးနိုင်တာအမှန်ပါပဲ..
    လုပ်နိုင်တဲ့လူတွေကိုတော့လေးစားပါတယ်…ဒါပေမယ့် ကျနော်ပါဝင်ဖို့ရာဆန္ဒမရှိတော့လို့
    လေးစားခဲ့ရပါသော ဂေဇက်အဖွဲ့သား အားလုံးကိုဒီနေရာကနေဲ့နှုတ်ဆက်ခဲ့ပါတယ်

    • အရီး Khin Latt

      June 12, 2012 at 6:57 pm

      ဦးဦး ရယ်
      ဒီ Post မှာ မပါလဲ နေပါ။
      ရွာထဲ က ထွက် စရာ မလိုပါဘူးဟယ်။
      မတူရာ ကို ဝေဖန်ပြရင်လဲ အကျိုးရှိပါတယ်။
      ဆက်ပြီး မတူညီသော အတွေးတွေ နဲ့ အားဖြည့်ပါဦး။ 🙂

    • shwe kyi

      June 12, 2012 at 7:02 pm

      ဦးဦး ရေနေပါဦး လွတ်လပ်စွာသဘောထားကွဲလွဲကြရင်း အပြုသဘောဆောင်ပြီး
      ဆွေးနွေးရအောင်ပါ။ လူဆိုတာဒီလိုပဲလေ အမြင်ချင်းမတူတဲ့ကြားကအမှန်တရားကို
      ထုတ်ယူရအောင်ပါ။ ဦးကြောင်ပြောတာက ငြိမ်းချမ်းရေးအမြင်ပါ။ ဘာကြောင့်ညာကြောင့်
      ရယ်လို့ဟုတ်ဟန်မတူပါဘူး။ ဦးဦးရဲ့ခံစားချက်ကိုနားလည်ပါတယ်။ ကိုယ်ချင်းလည်းစာ
      တယ်။ ရွှေကြည်ကိုယ်တိုင်လည်း အခုအထိအသည်းနာတုန်းပါ။ ရွာထဲကတော့ ထွက်မသွားပါနဲ့ဦး။

      • Oo Oo

        June 12, 2012 at 8:56 pm

        အရီး Khin Latt နဲ့ shwe kyi တို့ကို ကျေးဇူးပါ..
        လူချင်းမသိဖူးကြပေမယ့် လေးစားထိုက်သူအားလုံးကို ကျနော်လေးစားပြီးသားပါ
        ကျနော်ရွာထဲမှာ ဝင်မန့်ဖူးတာတွေထဲမှာ တခါတလေအသုံးအနှုန်းရင့်သီးတာတွေရှိခဲ့ရင်လဲ
        သက်ဆိုင်သူအားလုံးကို တောင်းပန်ပါတယ်..နောင်လဲအားရင်အားသလိုဝင်ဖတ်ပါမယ်
        ကျေးဇူးပါ

        • Shwe Tike Soe

          June 12, 2012 at 10:54 pm

          ဦးဦး ခင်ဗျား ဒီကိစ္စလေးနဲတော့ ဦးဦး စိတ်ထဲမထားပါနဲ.ဗျာ… ကျန်တဲ့သူတွေလဲရှိပါသေးတယ်..ဦးဦးလို မှန်ကန်တဲ့ အတွေနဲ. အမြင်ရဲရင့်သူတစ်ယောက် ဆုံးရှုံးမှာတော့ မလိုလားပါဘူးခင်ဗျာ.. ကျေးဇူးပြုပြီး ပဲဖြစ်ဖြစ် ကျွန်တော်တို.အတွက် ရွာထဲက မထွက်သွားပါနဲ.လို အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ…

          လေးစားစွာဖြင့်
          ရွှေတိုက်စိုး

  • marblecommet

    June 12, 2012 at 6:01 pm

    ရခိုင်ကိုတော့ ဘက်ပေါင်းစုံက အလှူငွေတွေ
    ထည့်ဝင်နေကြတာတွေကို တွေ့နေရပါပြီ
    ကျွန်တော်တို့ ရွာသားတွေကလည်း အလှူအတွက်
    လှုပ်ရှားနေကြတာကိုတွေ့ရလို့ လေးစားမိပါတယ်ဗျာ

  • blackchaw

    June 12, 2012 at 6:07 pm

    အင်း ဟိုဘက်ပို့စ်က ကွန်းမန့်ကို ဒီဘက် သယ်ယူခွင့်ပြုပါ ဖက်တီးကက်ရေ။

    blackchaw says:

    မနေနိုင်မထိုင်နိုင် နည်းနည်း ဝင်ပွားခွင့်ပြုပါခင်ဗျာ…။
    ဒီ ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင် အစီအစဉ်မှာ
    ကျွန်တော် ပါဝင်ခဲ့တဲ့ ရည်ရွယ်ချက်ကလေး ပြောချင်တာပါ။
    အခုဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတဲ့ ကိစ္စက
    ကျွန်တော်တို့ ကိစ္စမဟုတ်ပါဘူး။ တရားဥပဒေ က အဖြူအမည်း သည်းကွဲအောင်
    စီရင်ပါလိမ့်မယ်။
    မှားတာတွေ မှန်တာတွေထက် အပြစ်မရှိပဲ ဒုက္ခ ရောက်နေကြရရှာတဲ့
    ကျွန်တော်တို့ရဲ့ ညီကိုမောင်နှမ တိုင်းရင်းသားတွေ…။
    အထူးသဖြင့် ကျောင်းတက်ရမယ့်အချိန်မှာ မိခင်လက်ကိုဆွဲပြီး ပြေးနေလွှားနေရရှာတဲ့
    ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ကလေးငယ်တွေကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် တင်ပေးဖို့
    တတ်နိုင်သလောက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ဝင် ကူညီချင်တဲ့ သဘောပါ။
    ဘယ်လူမျိုးကိုမုန်းလို့ ဘယ်ဘာသာကို သောက်မြင်ကတ်လို့ ဆိုတဲ့
    အတွေးအခေါ်တွေ မပါပါဘူး။
    လိုအပ်နေတယ် ထင်လို့ ရှင်းပြတာပါ။
    ဒီအလှူကို ဝိုင်းကြဝန်းကြမယ့်သူတွေလည်း ကျွန်တော်နဲ့ ရည်ရွယ်ချက်တူကြတယ်လို့
    ယူဆပါတယ်။
    အဲဒါလေးပါဗျာ….။

    ဆိုတော့……။
    ကိုယ့် ရင်ထဲက သဘောထားအမြင်ကို ပွင့်လင်းမြင်သာအောင် ပြောခဲ့ပြီးပြီလို့ ထင်ပါတယ်။
    အခုကိုယ်တို့လုပ်နေတာ ပိုက်ဆံတွေပိုနေလို့ အားနေယားနေလို့ လုပ်နေကြတာမဟုတ်ပါ။
    အလှူငွေကလည်း ဘယ်လောက်ရမယ် ဆိုတာလည်း သိနိုင်သေးတာမျိုးမဟုတ်ပါ။
    ဒုက္ခရောက်နေတဲ့ လူတိုင်းကို ကယ်တင်နိုင်လောက်အောင် ကိုယ်တို့က တန်ခိုးရှင်တွေမဟုတ်ကြပါ။
    ကိုယ်နိုင်သလောက်လေးနဲ့ ကိုယ့်မိသားစုဝင်တွေကို အရင်ကယ်တင်ရပါမယ်။
    နောင်… ဒီထက် ပို တတ်နိုင်လာတဲ့အခါ … အားလုံးကို ကူညီနိုင်ခဲ့ရင်တော့ တစ်မျိုးပေါ့။
    ဟုတ်ပါပြီ။
    အခုက ကိုယ့်မိသားစုထဲက ကိုယ့်အစ်ကိုတစ်ယောက် အပြင်မှာရန်ဖြစ်လာတယ်။
    မှန်တာမှားတာ တရားဥပဒေက ဆုံးဖြတ်လိမ့်မယ်။
    ဒဏ်ရာရလာခဲ့ရင် သူ့ကို ဆေးရုံပို့တန်ပို့ ဆေးခန်းပို့တန်ပို့ ဆေးကုရပါမယ်။
    သူက မှားခဲ့တယ်ဆိုရင် တရားဥပဒေက အရေးယူပါလိမ့်မယ်။
    ကိုယ့်အစ်ကိုက ပြန်ရိုက်လို့ ဒဏ်ရာရသွားတဲ့လူကိုတော့ ဆေးကုပေးဖို့ ကိုယ့်မှာ တာဝန်ရှိတယ်လို့ မယူဆပါဘူး။
    နှစ်ဦးနှစ်ဘက် ရန်ဖြစ်ကြတာကိုး…။
    သူ့မိသားစုတွေက ဆေးကုပေးပါလိမ့်မယ်။
    အခု ကိုယ့်အစ်ကိုကို ဆေးကုပေးဖို့လုပ်တာ မတရားဘူးထင်တယ်ဆိုပြီး သေသွားတဲ့အထိ ထိုင်ကြည့်နေရ
    မယ့်သဘောလား ဖက်တီးကက်ရေ။
    ကိုယ့်အစ်ကိုကို ဆေးခန်းပို့ပြီး ကယ်တင်ဖို့ ဘယ်သူ့ဆီမှာ ခွင့်တောင်းနေရဦးမှာလဲ…။
    အဲဒါလေး…။

  • အရီး Khin Latt

    June 12, 2012 at 6:55 pm

    ဝင်အာချောင်ကြည့်လိုက်ဦးမယ်။

    ဒင်းက ပလိုဂရမ်မာ ဆိုတော့ စက်နဲ့ စကားပြောရပါတယ်။
    အဲဒီနောက် လူတွေကို စကားပြောရင် စက် ကို ပြောသလို ပြော နေသမို့ လွဲလွဲလေး သဘော ဆောင်သလား? (အထင် – မူရင်း အဘပု)
    ကျွန်မ ဖတ်ရ သလောက် သူ့စာကို နားလည်သမျှ အချုပ် ကတော့
    အလှူ ကို လူမျိုး ဘာသာ မခွဲခြားဘဲ လှူဖို့ တိုက်တွန်းတာပါ။

    သူ့ကြည့်ရတာ ကထူးဆန်း ရဲ့ အမည် မှာ “ရခိုင် သွေးချင်းများ” ဆိုတော့ အဲဒီမှာ နေတဲ့ ဗမာ၊ ကရင်၊ ကယား မပါမှာ စိုးလို့နေမှာပါ။
    ဒါပေမဲ့ ကြောင်ဝ လေး ရဲ့ အမည်မှာလဲ “လူသားချင်းစာနာ” ဆိုတဲ့ စကား ကလဲ ရာဇဝတ်အိုး ဒုတ်နဲ့ထိုး ဖြစ်သွားတာလို့ ထင်ပါတယ်။
    (သူ့မှာ ပွိုင့်များ အတော် စုမိသွားသည်။ – ဤကား စကားချပ် ;-))

    ဆိုတော့
    Bottom Line ကတော့ “ဒုက္ခရောက်သူ တွေကို လှူဖို့ ” ဆိုတာ အတူတူပါဘဲ။
    အဲဒီဒုက္ခရောက်သူ တွေ ဆိုတာ ကတော့ ဘယ်သူတွေ ဆိုတာ အဓိပ္ပါယ်ဖွင့် ဖို့ ခက်ပါမယ်။
    သဘောက ပျက်သွားတဲ့ ကျောင်းတစ်ကျောင်း ကို ပြန်ပြင်ရာမှာ ဒီ ငွေတွေ သုံးမယ် ဆိုပါတော့။
    ဒီကျောင်းမှာ ဘယ်လို လူမျိုး ဘာသာ ခလေး တွေ ဘဲတက်ရမယ်။ ဘယ်လိုလူ တွေကတော့ မတက်ရဘူး။
    ရေတွင်း လှူမယ်။
    ဘယ်လို လူတွေ ဘဲ ဒါကို သုံးရမယ်၊ ဘယ်သူ တွေကို တော့ သုံးခွင့် မပေးဘူး။
    လို့ သတ်မှတ်ပြီး လှူချင်တယ် ဆိုရင်တော့ အတော်လေး ခက်ပါတယ်။

    ဒီတော့
    လှူဖို့ ကတော့ ရခိုင်ဒေသ ဘယ်မှာလှူလှူ (ဒါမှ မဟုတ် ကျေးရွာ တစ်ရွာမှာ သတ်မှတ် လှူ) ရမှာပါဘဲ။
    အဲဒီ မှာ ဘယ် သူတွေ ပြန်လာနေမယ် ဆိုတာ ကတော့ ကျွန်မတို့ အလုပ် မဟုတ်ပါဘူး။
    တရားဝင် နေထိုင်ခွင့် ရှိသူတွေ ပြန်လာမှာပါဘဲ။
    အကြမ်းဖက်ခဲ့ တဲ့သူတွေ၊ တရားမဝင် ခိုးဝင် နေထိုင်တဲ့ လူတွေ မပါအောင် တာဝန်ယူဖို့ က လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့ သမိုင်းပေး တာဝန်ပါ။
    နယ်စပ်က နေ တရား မဝင် ဝင်ချင်တိုင်း ဝင်လို့ မရပါဘူး။
    တားမြစ်ရပါမယ်။
    ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်ပါဘူး။
    အဲဒါကို လူ့အခွင့်အရေးချိုးဖောက်တာ ဆိုရင် မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။
    နိုင်ငံကြီးတိုင်း လုပ်ပါတယ်။
    သူတို့ ကို အရင် အပြစ်တင်ပါ။
    အော်ဇီ မှာ ဆို လူတင်မ က တစ်ခြားဇီဝ (အပင်) တွေ ကိုတောင် နိုင်ငံထဲ အလွယ်တစ်ကူ ပေးမသွင်းပါဘူး။
    ကိုယ့်ပြည်ရဲ့ ချမှတ်ထားတဲ့ မူဝါဒ ကို ကာကွယ်ဖို့ ရာ တာဝန်ရှိပါတယ်။
    အဲဒါကို လူ့အခွင့်အရေး ဆိုတာနဲ့ မရောကြစေလိုပါ။

    ဒီတော့ ဂေဇက် အဖွဲ့သားများ ဒုက္ခရောက်နေသော လူများ ကို စေတနာ ၃တန်ပြဌာန်းပြီး လှူကြပါ။
    ဘယ်သူသုံး မယ် ဆိုတာတော့ ဘယ်သူမှ မသိနိုင်/ မပြောနိုင်ပါဘူး။
    ကိုယ်လှူတာ ကို တကဲ့အကျိုးရှိရှိ နေရာမှာ ပေးပြီး သုံးနိုင်ဖို့ ဘဲ လိုပါတယ်။
    ဒါပေမဲ့ လှူကြပါ။
    တကဲ့ ဒုက္ခရောက်သူတွေ အတွက် မြက်တစ်ပင်မက အားရှိပါမှာ။
    ထမင်းဆာလို့ ငိုနေတဲ့ ကလေးတွေ နဲ့ အားပြတ်ပြီး လဲ နေတဲ့ အဖိုးအို/အဖွားအိုတွေ လို့သာ တွေးလိုက်ကြပါ။
    အလှူမှာ လူမျိုး/ဘာသာ မထည့်လိုက်ကြပါနဲ့။

    အစိုးရ တာဝန်ရှိသူများ ကလဲ ဒီ အချိန်မှာ အခွင့်အရေးကောင်း တစ်ရပ် အနေနဲ့ တရားဝင် နေထိုင်ခွင့် ရှိသူများ ကို သာ ကိုယ့်နယ်မြေပိုင်နက် ကျေးရွာ တွေ မှာ ပြန်လည်နေထိုင်ခွင့် ပေးနိုင်ဖို့ စနစ်တကျ လုပ်သင့်ပါတယ်။
    ဒီနေရာမှာ တရားဝင် နေထိုင်ခွင့် ရသူတွေမှာ (တနည်း မှတ်ပုံတင် “အမှန်” ရှိသူများ) တစ်ခြားဘာသာ ကိုးကွယ်သူများ ပါနိုင်ပါတယ်။
    ပါပါစေ။
    ဒီမိုကရေစီ နိုင်ငံမှာ ဘာသာ ရေး လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။
    ဒါပေမဲ့ ဘာသာ ကို အကြောင်းပြပြီး လူတွေကို မတရား နှိပ်စက်ရင်၊ သတ်ဖြတ်ရင် အဲဒီ မတရားမှုတွေ ကနေ ကာကွယ်ပေးမဲ့ မျှတ ခိုင်ခန့် ကောင်းမွန်တဲ့ ဥပဒေကောင်း တွေ ရှိနေရပါမယ်။
    ဒါဆိုရင် ကျွန်မ တို့ ဘာကို မှ မလုံမခြုံ ဖြစ်နေစရာ မလိုပါဘူး။
    ဒီတော့ ဒီကိစ္စမှာ နိုင်ငံတော် ပိုင်းအရ ဥပဒေကောင်း စိုးမိုးရေး၊ တရားမျှတရေး ကို ရှေ့တန်းထားပြင်ဆင်ဖို့ သင့်ပါပြီ။
    ဘယ်လို ပြင်မလဲ ဆိုရင် – ကျွန်မ မသိပါဘူး။
    ကျွန်မ ဘော်လုံး မကန်တတ်ပါဘူး။
    ဒါပေမဲ့ ပွဲကြည့်စင်ကနေ ဟိုလို လုပ်ပါလား။ ဒီလို လုပ်ပါလား အော်တတ်ပါတယ်။ 😀

    တစ်ခုရှိသေးတယ်။ –
    ကိုယ့်အိမ်ထဲကို ဘလိုင်းကြီးဝင်လာပြီး ရန်မူလာရင် ဓားနဲ့ ထိုးပစ် ဖို့လဲ ကျွန်မ သွေးမကြောင်ဘူး။ 😉

    • MaMa

      June 12, 2012 at 7:14 pm

      ထောက်ခံ*10000000000000000000000000000000 ပါ။ 🙂

  • ဦးဦးပါလေရာ

    June 12, 2012 at 7:20 pm

    ကြည့်ရတာ ဘယ်သူမှ သိပ်မပြောသေးခင် ဝင်ပြောလိုက်ဦးမှပဲ…..

    (( kai says:
    အင်မတန်ကောင်းတဲ့.. ဆွေးနွေးချက်ပါ..
    ရွာသူားတွေရဲ့.. ပြန်စာတွေ.. တလေးတစားနဲ့.. စောင့်ဖတ်နေပါတယ်..
    ဒါဆို..
    ကျုပ်လည်း ဘာဆက်လုပ်ရမလည်း.. သိသာမြင်သာမှာမို့ပါ.. ))

    ကျွန်တော့်အမြင်တော့ သူကြီးမင်း(ခမျာ) ရွေးစရာ နှစ်ခုရှိပါတယ်…။

    ၁- သူကြီးဖြစ်စေချင်တဲ့ အလှူခေါင်းစဉ်ကို သူကြီးကိုယ်တိုင်ပြဌာန်းဘို့ပါ…။
    အကယ်၍ အဲဒီခေါင်းစဉ်ကို လက်ရှိ အလှူငွေကောက်ခံတဲ့အဖွဲ့သားတွေထဲက လက်မခံနိုင်တဲ့သူရှိရင် အဖွဲ့မှ နှုတ်ထွက်ပါလိမ့်မယ်..။ လက်ခံနိုင်သူက ဆက်လုပ်ပါလိမ့်မယ်။ လက်ရှိလှူထားတာ လူနည်းပါသေးတယ်။ အလှူရှင်တွေရဲ့ သဘောထားကို တိုက်ရိုက်မေးပြီး – သဘောမကျလျှင် ငွေပြန်အမ်းရုံပါပဲ…။

    ၂- အခုအလှူငွေကောက်တဲ့ကိစ္စကို ဆိုက်နာမည်ခံပြီး လုပ်ခွင့်မပြုကြောင်း ဗြောင်ပြောပါ…။
    အဲဒါဆို လက်ရှိအလှူငွေတွေ ပြန်အမ်းပြီး – အဖွဲ့ကိုဖျက်သိမ်းပါမယ်။

    အလှူငွေတွေမတက်ခင် အမြန်ဆုံးဖြတ်ပေးပါ သူကြီးခင်ဗျား…။

    ဒီစာသားတွေကို (တမင်)ကျွန်တော့်သဘောသက်သက်နဲ့ ရေးပါတယ်…။

    • အရီး Khin Latt

      June 12, 2012 at 7:26 pm

      ဟိဟိ
      သူကြီး ပယ်နတီ ဖမ်းရတော့ မယ်။
      ဂိုးဧရိယာထဲ ဒိုက်ထိုးလိုက်တယ်ပေါ့လေ။ ကိုပါ။ 😀 jk

      • ဦးဦးပါလေရာ

        June 12, 2012 at 9:14 pm

        😀

        မဟုတ်ပါဘူး မခင်လတ်ရယ်…
        အခုက လုပ်လက်စတန်းလန်းကြီးဆိုတော့ ရှင်းအောင်လုပ်ထားချင်လို့ပါ…
        သူကြီးမင်း အားနာနေမှာဆိုးလို့ ရေလာအောင် မြောင်းပေးလိုက်တာပါ…
        သူက ကျုပ်ကိုတောင် ကျေးဇူးတွေ တင်နေဦးမှာ… 😀 😀

        • Azzurri

          June 12, 2012 at 9:47 pm

          တနေ့သေကြရမည်
          မသေခင် လုပ်ချင်တာ လုပ်ကြ

          🙂

    • htoosan

      June 12, 2012 at 9:07 pm

      ဦးပါရေ .. ကျွန်တော်တို့ တွေ့ခဲ့စဉ်က ကိုရွှေတိုက်စိုးပြောခဲ့တာလေး

      (၁)..သူ့စကားလုံးအတိအကျ ပြန်မပြောတတ်ပေမဲ့ ကျွန်တော်နားလည်ခဲ့သလောက်.. ဘယ်လိုတွေဖြစ်ပါစေ၊ ဘာတွေဖြစ်ပါစေ ၊ စိတ်မကောင်းစရာဖြစ်ခဲ့လည်း မြိုသိပ်ပြီး ကျွန်တော်တို့ အောင်မြင်အောင်လုပ်ကြမယ်တဲ့။
      (၂) သူကြီးကလည်း ခွင့်ပြုချက် ပြန်ရုတ်သိမ်းမဲ့ လူစားမျိုးမဟုတ်ပါဘူး။
      (၃) လှုတဲ့သူတွေရဲ့ သဘောထားက လည်း အစကတည်းက စိတ်ပြတ်ပြီး သားဆိုတာ ယုံကြည်ပြီးသားပါ ။
      (၄) သူကြီးဆိုလိုချင်တာက ဒီအလှုထက် လူတွေရဲ့ အယူအဆ ဆွေးနွေးတာကို လိုချင်တာလို့ထင်ပါသည် ။
      (၅) ရှေ့သို့ဆက်လက်ချီတက်ကြတာပေါ့။

      ဒါက ဒီအလှုကိစ္စပါ။

      သူကြီးဆီက ၁ဝ ရမယ်ထင်တယ် ။ ဟုတ်လားဟင် ….. 😀
      အောက်ကျမှ ကျွန်တော့် သဘောထားရေးပြီး ကြောင်ဝတုတ် ကို နှစ်ကျပ်ပေးလိုက်ဦးမယ်။

    • ရွာစားကျော်

      June 12, 2012 at 9:11 pm

      အလှူမှာ ပါဝင်ချင်လို့ဖုန်းဆက်ထားတဲ့သူနဲ့ ဘယ်မှာတွေ့မလဲ ချိန်းမလို့လုပ်နေတာ
      စောင့်ကြည့်ရအုံးမယ်ထင်တယ်.. ဟူးးးးးး

      တလက်စတည်း..
      မသဲနုအေးရဲ့ ဘယ်သူလိမ်နေတာလဲ (ဖြေပေးကြပါ) ပို့စ်နဲ့ ပက်သက်ပြီးတော့လည်း..
      သဂျီးသဘောထားကို ပွင့်ပွင့်လင်းလင်း သိချင်ပါသည်.. ဖြေပေးပါ :8

    • kai

      June 13, 2012 at 12:03 am

      ဒီမိုကရေစီရွာပါကွယ်..။
      ရွာသူားတွေအများစုက သဘောတူရင်.. ကျုပ်ကသဘောမတူစရာမရှိပါ..။

      တခုပဲ…
      ကျုပ်ကိုတော့.. သူကြီးရာထူးကဆွဲမချပါနဲ့ဦး..

      အခုက..
      ကြားထဲက.. ကျုပ်ပါအလုပ်ပြုတ်ကိန်းမြင်နေပြီ…. :mrgreen:

      • အရီး Khin Latt

        June 13, 2012 at 3:07 am

        ဒီမိုကရေစီ သူကြီး ဆိုတော့ တစ်ချိန်လုံး သွားဖြီးပြနေရရှာတယ်။ 😉
        ဒွတ်ခ၊ ဒွတ်ခ (မူရင်း – သဲနု)

        • ကြောင်ဝတုတ်

          June 13, 2012 at 11:27 am

          ဒီမိုသဂျီးမို့ တစ်ချိန်လုံးသွားဖြီးနေရတာထက်… ဟိုဟာရဲ့ဟိုဟာလို ဟိုဘက်ပြေးကပ်… ဒီဘက်ပြေးကပ်မလုပ်ရင် ပြီးတာပါပဲဗျာ…
          သဂျီးရေ… ပယ်နတီကို ပိုင်ပိုင်ဖမ်းဖို့လိုသဗျနော်…
          မဟုတ်ရင် ခင်ဗျားကို ရာထူးချပြီး အရံခုံထိုင်ခိုင်းလိုက်မယ်…

          မန်နေဂျာ-
          ကြောင်ဝတုတ်

  • ဦးဦးပါလေရာ

    June 12, 2012 at 7:26 pm

    စာဖတ်သူတွေ အလွယ်တကူ စဉ်းစားလို့ရအောင် ဟိုဘက်ပိုစ့်က ကျုပ်ကွန်မင့်ကို ကူးထည့်ပေးပါရစေ………

    . . . . . . . . . . .

    အဲလိုကွက်ရှင်တွေ တက်တယ်လား…. 🙂

    အဖွဲ့ကိုယ်စား မဖြေဝံ့ပါဘူး..။ အဖွဲ့သားတွေ တစ်ခါမှတောင်မဆုံရသေးပါဘူး..။
    (ပြောထားတယ်နော်… အဖွဲ့သားဆိုတာ ရန်ကုန်၁၀+မန္တလေး၁ – – ဒီထဲက ဆူး နဲ့ etone ကို အရင်လုပ်ခဲ့သူတွေမို့ မအားရင်/အဆင်မပြေတာရှိရင်တော့ ချွင်းချက်ပေးပါတယ်။ )

    ဒီတော့ လောလောဆယ် ကိုယ့် အတွေး ၊ ကိုယ့်အမြင်၊ ကိုယ့် အိုင်ဒီယာသပ်သပ်လေးကိုပဲ ချပြပါရစေ…။

    ဒါကို ကြိုတွေးပြီးသား ကြိုစဉ်းစားပြီးသားဆိုတာလေးတော့ အမှန်အတိုင်းပြောချင်ပါတယ်။

    ဒီအလှူငွေတွေကို ကောက်ခံအပြီးမှာ ကိုယ်တိုင် ကိုယ်ကျ သစ်၊ သံ၊သွပ်တွေဝယ်ပြီး သွားရောက်ကူညီဘို့ မရည်ရွယ်ထားပါဘူး..။
    ရခိုင်ဒေသက အကြမ်းဖက်မှု့ဒါဏ်ကိုခံစားခဲ့ရသော မြန်မာနိုင်ငံသား တွေကို ကူညီထောက်ပံ့ဘို့/ပြန်လည်ထူထောင်ပေးဘို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တခုခုကတဆင့်ပဲ လှူဒါန်း ကူညီမှာ ဖြစ်ပါတယ်။
    အဲသလို လှူဒါန်းရာမှာလဲ
    ဒါ ရခို်င်လူမျိုးတွေအတွက်သက်သက်ပါလို့
    ဒါ ဗုဒ္ဓဘာသာဝင်တွေအတွက်သက်သက်ပါလို့
    ကန့်သတ်ပြဌာန်းပြီး လှူဒါန်းမှာမဟုတ်ပါဘူး..။
    လှူဒါန်းလိုက်တဲ့ အဖွဲ့အစည်းက သူ့ဆုံးဖြတ်ချက်အတိုင်း အသုံးပြုဖို့သာ
    … ဖြစ်ပါတယ်။

    ဘယ်အဖွဲ့အစည်းမှလဲ အဲသလို အမြင်ကျဉ်းမြောင်းစွာဖြင့် ကန့်သတ်ပြီး ကူညီထောက်ပံ့မယ် မထင်ပါဘူး။
    ဘေးဒုက္ခရောက်နေတဲ့ လူ (လူ) အားလုံးကို အလျှင်းသင့်သလို ကူညီထောက်ပံ့ကြမှာပါ..။

    ကျုပ်တို့အဖွဲ့ဟာ အဲသလိုရည်ရွယ်ချက်နဲ့စုစည်းကြတာပါ…..

    (…လို့ ထင်တာပဲ….. 😛 )

    • shwe kyi

      June 12, 2012 at 7:40 pm

      ထောက်ခံပါတယ်။

  • shwe kyi

    June 12, 2012 at 7:35 pm

    ဦးကြောင်ရေ ဒီလိုပါ ရွှေကြည်ကတော့လေ မလုံခြုံဘူးတော့ဘူးလို့ခံစားနေရတဲ့ ရွှေကြည်တို့ရဲ့အမျိုး
    ရခိုင်ဒေသကလူတွေအတွက် တတပ်တအားပေါ့လေ အားပေးတဲ့သဘောရေ။ အရေးကြီးရင်သွေးနီးပါတယ်ဆိုတာကိုလည်းပြချင်တာ။ ကျန်တာကတော့ ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ရွာတွေအမြန်ပြန်တည်
    ဆောက်နိုင်ဘို့ နေရာတကျရှိစေချင်တာပါ။ အမျိုးထိတော့မချိအောင်နာရပါတယ်။
    ပြည်ထောင်စုဆိုတဲ့ ခေါင်းစဉ်အောက်မှာတိုင်းရင်းသားတွေဘယ်လောက်ချစ်ကြလည်းဆိုတာ
    ဘယ်လောက်သွေးစည်းလည်းဆိုတာပြချင်တာပဲ။ အခုအခြေအနေမှာ ခေါင်းဆောင်ပိုင်းက ထိလွယ်ရှလွယ်ပြသနာကို ဖြေရှင်းနေရလို့ချိန်ဆနေတဲ့ အချိန်မှာ ဒေသခံတွေက ခေါင်းဆောင်ပိုင်းကို အမြင်မကြည်ဖြစ်အားငယ်နေတဲ့အချိန်မှာအားလုံးကိုကိုယ်ချင်းစာဖေးမရင်း ဖျောင်းဖျရင်း ငြိမ်းချမ်းရေးကို
    ဖော်ဆောင်နိုင်အောင် ကူညီဖို့တိုင်းရင်းသားတာဝန်တရပ်အနေနဲ့ခံယူထားပါတယ်။ ဒါဟာမိသားစုဝင်
    အမျိုးချင်းစာနာထောက်ထားမှုလို့ပဲ မြင်ပါတယ်။
    ကျန်တဲ့ အလှူအတွက်ကတော့ အရီးလတ်နဲ့ တသဘောတည်းရှိကြောင်းပါ။

  • amatmin

    June 12, 2012 at 7:52 pm

    အပေါ်ကမှာကျနော်မန့်တဲ့အထဲမှာ ဘက်တဘက်ကိုပါတဲ့ပုံစံ
    ဖြစ်နေကောင်းခဲ့မယ်ဗျ…
    အမှန်ကတော့ ဝိုင်းကူညီမယ်ဆိုပီး စဉ်းစားတုန်းက ဘက်ရယ်မပါပါဘူး..
    အိုးအိမ်ပျက်စီးဆုံးရှုံးသူများအတွက် ဝိုင်းကူပေးချင်တာပါ..
    ပျက်စီးမှုတွေကိုပြန်ကြည့်တော့လည်း
    ရခိုင်လူမျိုးကပဲ အဖျက်ခံ ပျက်စီးခံနေရသမို့..
    ကျနော်ကတော့ ရခိုင်အတွက်ဆိုတဲ့စကားကို..သုံးမိပြောမိခဲ့တယ်ဗျာ..
    နောက်တခုက လိုအပ်လို့ဘက်ရွေးရမယ်ဆိုရင်
    ရခိုင်ဘက်ကရှိနေမယ့်
    ကျနော့သဘောထားကိုလည်း အပေါ်မှာပြောခဲ့သေးတယ်..
    ဆိုတော့ ဒီအလှူကိုလုပ်မဲ့ကိစ္စက
    ဘက်ကင်းမှ.ကြားနေမှကို ဖြစ်မယ်ဆိုရင် ..
    လူသားချင်းစာနာမှုခေါင်းစဉ်တပ်ကူညီရင်တောင်
    ရခိုင်လူမျိုးကိုပဲ ပြေးမြင်နေတတ်မဲ့
    ကျနော်ကတော့ နောက်လိုက်လုပ်ဖို့တောင်
    အဆင်မပြေလောက်တော့ဘူးထင်ပ ဗျာ…..

  • ရွာစားကျော်

    June 12, 2012 at 8:58 pm

    ကိုကြောင်ဝတုတ် ထောက်ပြထားတော့လည်း စိတ်ရှင်းအောင် ပြောလို့ရသွားတာပေါ့လေ.. ကောင်းတယ်
    ကျနော် တဦးတည်းသဘောကတော့..
    ရိုဟင်ဂျာအရေးအခင်းကြောင့် အတိဒုက္ခရောက်ရတဲ့ ရခိုင်ပြည်နယ်က လူအမျိုး ကျနော်တို့ (မြန်မာပြည်ထောင်စုသားအဖြစ် ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ခဲ့၊ နေထိုင်ဆဲ၊ နေထိုင်လတ္တံ့သော) . သွေးချင်းများကို တတ်နိုင်သမျှ ကူညီရန် ဆိုတဲ့ စိတ်နဲ့ လုပ်ချင်တာပါ.. ဘာသာလည်း မခွဲဘူး.. လူမျိုးလည်း မခွဲဘူး.. နိဗ္ဗာန်န ပစ္စယော ဟောတုပဲ..
    အေး သေချာတာ တခုပဲ.. သူတို့ကိုသူတို့ မတရားခံနေရတဲ့ ရိုဟင်ဂျာလူမျိုးပါဆိုတဲ့ ဘင်္ဂါလီကုလားစုတ်တွေ ကိုတော့ စေတနာကို မရှိဘူး..
    ဘက်လိုက်တယ်ပြောပြော.. လူသားချင်းစာနာထောက်ထားရာ မရောက်ဘူးပြောပြော ဆိုချင်ရာ ပြောချင်ရာသာ ပြောပေတော့ဗျို့.. မရဘူးဆိုလည်း ဘေးထွက်ထိုင်ယုံပေါ့ဗျာ

  • Lwin Aung

    June 12, 2012 at 9:13 pm

    It is right about Ko Ywarsarkyaw and Ko Oo Oo discussions.

  • Shwe Tike Soe

    June 12, 2012 at 9:15 pm

    ကျုပ်တစ်ခုပြောပါရစေ ဘယ်သူတွေ ဘာပြောပြော ကျုပ်တို. သွေးချင်းရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်နေတာ တတ်နိုင်သလောက်တော့ ကူညီပေးရမှာပဲ ဗျာ… ဘက်လိုက်တယ်ပဲဆိုဆို ခင်ဗျားတို.က.. အခုလို တိုင်းရင်းသားတွေထဲမှာ ခင်ဗျားတို. အဖေ၊အမေတွေ ညီအစ်ကိုမောင်နှမတွေ မှ မပါတာ ဘာအရေးလဲအဲဒီလိုလေး ပို.စ်လေးတင်ပြီး ပြောနိုင်တာပေါ့ဗျာ….. ဒီလောက် ရင်နာစရာ ပြသနာကြားမှာ ဘက်မလိုက်ပဲ ကိုယ်လူမျိုးဘက်ကနေ ရပ်တည်တာ အလှူလုပ်တာဘာဖြစ်လဲဗျာ….
    ဒီကိစ္စပြောစရာကိုမလိုတဲ့ကိစ္စပါ…. ဒီလို ပါးစပ်နဲ.ပြောပြီး သောက်လုပ်လုပ်နေကြတဲ့ကောင်တွေကြောင့် ကျုပ်တို.နိုင် ငံကို ×င်ချချသွားတာ…………….. ခံလိုက်ကြပါအုံး…. ဘက်မလိုက်ပဲအလှူလုပ်ကြရအောင်… အခုပို.စ်တင်တဲ့သူ ပို.စ်တင်သူကို ထောက်ခံတဲ့သူရော ကြိုက်သလောက်သဘောထားကွဲလွဲခွင့်ရှိတယ်ဆိုပေမယ့် ကိုယ့်သွေးချင်းတွေကို လှူဖို.လုပ်တာ ဘာများစဉ်းစားစရာရှိလဲဗျာ…….. ကိုဖက်ကပ် ကိုတစ်ခုတော့ပြောမယ်… သကြီးမျက်နှာရဖို.လောက်နဲ. တော့ ခင်ဗျား အဲဒီလောက် ရေးစရာမလိုပါဘူးဗျ..ဟဟဟဟဟဟဟဟဟဟဟဟ..

    ဗျို.သကြီး အခုအလှူကို ခင်ဗျား မထောက်ခံလဲ ကျုပ်တို.ဆက်လုပ်မှာပဲ… ဒါပဲ…ခင်ဗျားမကျေနပ်လို. ရွာမှာလက်မခံလဲ သိပ်တော့ဝမ်းမနည်းပါဘူး…………. မန်းလေးဂေဇတ် နာမည်နဲ. မလှူဘူးဗျာ…

    လှူမယ့်သူတွေ စိတ်ချလက်ချသာလှူကြပါ ရသလောက်ပဲလှူမယ်… ၁၀ဝ ကျပ်ရလဲ ၁၀ဝကျပ်ပဲလှူမယ်.. ဒါ ကျုပ်တို.တိုင်းရင်းသားတွေအတွက်ပဲ… စာဖတ်သူတွေထဲက အလှူဖြစ်ပမလားလို. ဖုန်းဆက်မေးကြလို. စာဖတ်သူတွေလဲ စိတ်ချပါ လှူသလောက်ငွေနဲ.ဖြစ်မြောက်အောင် လှူပါမယ်…

    • ကြောင်ဝတုတ်

      June 12, 2012 at 9:45 pm

      စွဲချက်တွေက ပျင်းထန်လှချည်လား ကိုရွှေတိုက်ရယ်…

      ခေါင်းဆောင်လုပ်မယ့်လူတစ်ယောက်က အဲဒီလောက်တော့ လက်လွတ်စပယ်မပြောသင့်ဘူးလားလို့…

      • Shwe Tike Soe

        June 12, 2012 at 10:13 pm

        ကျုပ်က ခေါင်းဆောင်လို. ဘယ်သူပြောတာလဲ.. ကျုပ်တို.အခုလုပ်တာ ဘယ်သူမှခေါင်းဆောင်မပါဘူး…. အကုန် စိတ်ဓာတ်နဲ. နားလည်မှူနဲ. အတူတူ လုပ်နေကြတာ..
        ဒါတွေပြောလဲ ခင်ဗျားနားလည်မှာမှမဟုတ်တာ…

    • zat

      June 12, 2012 at 10:53 pm

      ခုဘင်္ဂါလီကုလားတွေလဲအလူငွေကောက်သည်ကြားသည် ဥပမာရွှေလီဘက်မှာပေါ့
      သူတို့ကကောရခိုင်လူမျိုးတွေကိုကောလှူပါ့လား
      အဓိတစ်ခုကိုဘဲကိုကြောင်ဝတုတ်ပြောပြပေးပါဗျာ

      ခုမှcommentစပေးဖူးတာမို့မှားတာရှိရင်sorryပါ

  • မောင်ပေ

    June 12, 2012 at 9:18 pm

    ကျုပ်ကတော့ မည်သို ့မည်ပုံ လှူကြသည် ဖြစ်စေ
    ကျုပ်တို ့မန်းတလေးဂေဇက် ဝက်ဆိုက် မန်ဘာဝင်တွေနဲ ့အခြားစေတနာရှင် တွေဟာ သဒ္ဒါတရား ထက်သန် စွာနဲ ့၊ လှူတန်းကြတယ် ဆိုတဲ့ အသံကြားရရင်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ် ။
    ဒါဟာ မြန်မာ/ဗမာ့ စိတ်ဓါတ် နဲ ့မြန်မာ/ဗမာ လူမျိုးတွေ ဆိုတာ အားလုံးသိကြရမှာပါ ။

  • ကြောင်ဝတုတ်

    June 12, 2012 at 9:24 pm

    ကဲ… အထက်က ကျွန်တော့်သူငယ်ချင်းကြီး ကိုရွှေတိုက်စိုးပြောသွားသလို အကန့်လေးတွေခွဲကြည့်ရအောင်ဗျာနော်…

    အရင်ဆုံး ကျွန်တော်တို့ လုပ်ပေးချင်တာက ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အဓိကရုန်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့သူတွေကို ကျွန်တော်တို့တတ်နိုင်သမျှ ချွေးနည်းစာထဲကဖဲ့လှူချင်တယ်… ဒါက အလှူကိစ္စ၊ ပရဟိကကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုကိစ္စပါ…

    နောက်တစ်ခုက ဘင်္ဂါလီလူမျိုးတွေက ကျွန်တော်တို့ မြန်မာ့မြေပေါ်လာပြီး ကိုယ့်နိုင်ငံမှာ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ လူတွေကို အတိဒုက္ခရောက်အောင် ဖျက်လိုဖျက်စီးလုပ်တဲ့လူတွေကို ကျုပ်တို့ မုန်းရမယ်… အဲဒီလိုအဖြစ်မျိုးမဖြစ်ရလေအောင် ကျုပ်တို့ကြိုးစားကာကွယ်ရမယ်…
    အဲဒါက နိုင်ငံရေး၊ အမျိုးသားရေး၊ မြန်မာနိုင်ငံသားတိုင်းရဲ့အရေးပါ…

    ထပ်ပြောချင်တာက ကျွန်တော်ရေးထားတဲ့ပိုစ့်ထဲမှာ ကျွန်တော်အဲဒီနှစ်ခုကို ရောမထားဘူးဆိုတာ စာဖတ်သူများသတိထားမိပါရဲ့လား…
    နောက်တစ်ခုက အလှူကိစ္စမှာ ဘာသာရေး၊ လူမျိုးရေးတွေတွဲပါနေတာကို ကျွန်တော်က ခွဲထုတ်ပေးချင်တာပါ…
    ဘာဖြစ်လို့လဲဆိုတော့ အလှူအတွက် ကျွန်တော်တို့ရည်ရွယ်တာ ဒုက္ခသည်တွေပါ…
    တကယ်အတိဒုက္ခရောက်နေကြတဲ့အထဲမှာ ရခိုင်လူမျိုးတွေပါမယ်… မုစလင်ဘာသာကိုးကွယ်သူ အနိ္ဒယနွယ်ဖွားတွေပါမယ်… အဲဒီအပြင်တခြား တိုင်းရင်းသားတွေလဲ ပါနိုင်တာပဲ… ဒုက္ခသည်ဖြစ်တာခြင်းအတူတူ ရခိုင်ဒုက္ခသည်ကိုပဲ လှူမယ်လို့လုပ်လို့မရပါဘူး…
    အဲဒီအတွက် ကိုထူးဆန်းရေးပြီး… သဂျီးစတစ်ကီးလုပ်ပေးထားတဲ့အလှူပိုစ့်ရဲ့ခေါင်းစဉ်ဟာ ရခိုင်သွေးချင်းများဆိုတာထက် ရခိုင်ဒေသရှိဒုက္ခရောက်နေသူများလို့ ခေါင်းစဉ်တပ်တာဟာ ပိုပြီးသင့်တော်မယ်လို့ ပြောချင်တာပါ…

    စေတနာဖြင့်-
    ကြောင်ဝတုတ်

    • Shwe Tike Soe

      June 12, 2012 at 10:24 pm

      သွေးရူးသွေးတန်းစကားတွေ မပြောပါနဲ.လားဗျာ… ခင်ဗျားအခုထိ မလျော့သေးပါလား…… ဒီခေါင်းစဉ်ကြောင့် ခင်ဗျားဒီပို.စ်ကိုတင်တယ်ဆိုရင် ခင်ဗျားကို ကျွန်တော် တော်တော်လေး အံ့ဩတယ်ဗျာ…..
      ဘယ်ခေါင်းစဉ်တပ်တပ် အခုလို အမြင်မျိုးကြီးက ကျွန်တော်တို. ဗုဒ္ဓဘာသာ အယူအဆနဲ.ပြောရင် ခင်ဗျား သူများအလှူလုပ်တာကို လိုက်ပိတ်ပင်သလိုဖြစ်နေတယ်… ရှင်းရှင်းပြောရရင် ခင်ဗျား ပိတ္တာဖြစ်မှန်းမသိဖြစ်နေတယ်ဆိုတာလဲ သတိလေးထားအုံးနော..

      အခုဒီမှာတင်ပဲ ခင်ဗျားလဲ နားလိုက်တော့ နော်.. ငရဲကြီးပါတယ်ဗျာ….
      ခင်ဗျား အပေါ်က ဦးဦးပါလေရာ သူကြီးကို မေးထားတဲ့ မေးခွန်းလေးတွေလဲ အတူတူ ဖြေကြည့်လေ… သူကြီးက ဦးဦးပါလေရာကို ဖြေသလို ခင်ဗျားလဲ ကျွန်တော့်ကို ဖြေပေးနော်….

      ခင်ဗျား သဘောအတိုင်းဖြစ်စေရမယ်…
      ကျုပ်ကပဲ လျော့ပေးလိုက်မယ်… ခင်ဗျားကိုနောက်မပြောတော့ဘူး.. ဒါကျုပ်တို.အလှူလုပ်တာ
      မကူညီချင်နေ မနှောက်ယှက်ပါနဲ.
      ကိုဖက်ကပ် တစ်ယောက်ထဲရဲ.အတွေးဖြစ်ပါစေလို. ကျွန်တော်ဆုတောင်းနေပါတယ်…

      • အရီး Khin Latt

        June 13, 2012 at 3:06 am

        ကြောင်ဝ နဲ့ မောင်တိုက်
        ဒီ Post ထဲ မှာ မတူတဲ့ အတွေးတွေကို ကြိုက်သလို ငြင်း၊ ကြိုက်သလို ဗျင်း၊ ကိစ္စမရှိ။
        အပြင်မှာ တွေ့ရင် လက်ချင်း ဆွဲပြီး နှုတ်ဆက်ဖို့မမေ့ နဲ့၊ ပခုံးဖက်ပြီး ရီလိုက်ကြဖို့ သတိရ။ 🙂

        မဟုတ်ရင်တော့
        အိမ်ထောင်ပြုဖို့ မစဉ်းစားကြ လေနဲ့ဦး မောင်ရင်တို့။ 😀
        သဘောက ပျော်ရွှင်စရာကောင်း တဲ့ အိမ်ထောင်ရေးဆိုတာ အငြင်းအခုန် မကင်းဘူး။
        ပြင်းပြင်းထန်ထန် ငြင်း၊ ဒေါသတကြီး နဲ့ငြင်း ဒါပေမဲ့ လှလှပပ ပြန်ပိတ်တတ်ရတယ်။

        ပလုတ်တုတ်၊
        အရီးပြောလိုက်ခါမှ မောင်တိုက်က အငြင်းကောင်း တဲ့ ကြောင်ဝ လေးနောက် အရှိန်လွန်ပြီး ပါသွားဦးမယ်။
        အုပ်ထိန်းသူရေ။ စောဒီး နော်။ 😉

        • Shwe Tike Soe

          June 13, 2012 at 8:58 am

          ဟုတ်ကဲ့ အရီးလတ် ကျွန်တော် နားလည်ပါတယ်.. ကိုဖက်ကိုလဲ စိတ်ဆိုးပြီးမခေါ်နိုင်မပြောနိုင် ဖြစ်စရာမှမလိုတာ အတွေးအမြင်မတူ တဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမိတ်ဆွေ တွေပါ ခင်ဗျာ….

  • ko win

    June 12, 2012 at 9:31 pm

    ဟ….ဟ…..မျက်လုံးပြူးစရာတွေပါလား။ဦးလေးတို့၊ ကိုကြီးတို့ရေ……စကားလုံး၊ စကားရပ်တွေကြားမှာ ညပ်နေကြတယ်လို့ ကျွန်တော်ထင်မိပါတယ်။ (အထင်မှားသွားလျှင်၊ စကားမှားသွားလျှင် တောင်းပန်ပါတယ်။)
    ဒီMGရွာသူားတို့ရဲ့ အလှူဒါနတွေဟာ မေတ္တာ၊ စေတနာစိတ်တွေအပေါ်မှာ အခြေခံပြီးပေါ်ပေါက်လာတယ်လို့ ကျွန်တော်တော့ ယုံကြည်မိပါတယ်။ လူသားချင်းစာနာတယ်ဆိုတာ မေတ္တာတရားမခေါင်းပါးဘူးဆိုတာကို သက်သေခံတယ်လို့ ကျွန်တော်တော့မြင်မိတာပါဘဲ။
    မေတ္တာဘယ်လောက်ထားနိုင်သည် ဆိုစေဦးတော့ ကျွန်တော်တို့အများစုဟာ ပုထုဇဉ်သာလျှင်ဖြစ်တာမို့ အရိယာသူတော်ကောင်းတို့လို စိတ်မထားနိုင်တာကို ဝန်ခံပါတယ်။
    ယခုချိန်မှာ အားနည်းနေတဲ့၊ အားငယ်နေတဲ့ ကျွန်တော်တို့အမျိုးတွေကို ထမင်းတစ်နပ်စာမရလျှင်တောင်မှ တစ်လုတ်စာဖြစ်ဖြစ်၊ ရေတစ်ခွက်ဖြစ်ဖြစ် အားဖြည့်ပေးတာပါ။ ဒါဟာ သူတို့ကို ဘယ်အမျိုးကမှ မျက်ကွယ်မပြုထားဘူးဆိုတာ သိစေလိုက်တာပါဘဲ။လှစ်လှူမရှုထားဘူးဆိုတာသိရင် အမျုိုတွေရဲ့ အားငယ်နေတဲ့စိတ်တွေ နည်းနည်းလောက်ဖြစ်ဖြစ် လျော့ပါးသွားကြမှာပါ။
    ဒီအချိန်မှာ ကျွန်တော်တို့အမျိုးတွေက ပိုအရေးကြီးပါတယ်။ သူစိမ်းတွေအရေး နောက်မှဆက်တွေးကြတာပေါ့။
    မှတ်ချက်။ ။ ရန်ဖြစ်လို့ ခေါင်းကွဲလာတဲ့ ကျွန်တော့်ညီဘက်က သစ္စာရှိရှိနဲ့ရပ်တည်တဲ့ ကျွန်တော့်ညီရဲ့သူငယ်ချင်းကို ကျွန်တော်ကိုယ်တိုင်က ကြည့်ရရ၊ မရရ အထူးကိုကျေးဇူးတင်နေမှာပါ။

  • Azzurri

    June 12, 2012 at 9:49 pm

    To fly, we have to have resistance.
    Maya Lin
    🙂

  • minn zaw

    June 12, 2012 at 9:58 pm

    ကိုကြောင်ကြီးရေ
    အကိုဆွေးနွေးတာလဲ ကောင်းပါတယ်။ အခုကိစ္စက ဒုက္ခရောက်နေတာကရခိုင်တွေပါ။
    ခံရတာလဲ ရခိုင်တွေပါပဲ။ ကျွန်တော်တို့ တိုင်းရင်းသားတွေက အရမ်းသနားတတ်ကြပါတယ်။
    ကုလားအရမ်းမုန်းတတ်တဲ့ မန္တလေးက ရဟန်းတွေဆိုရင် ကုလားရွာတရွာလုံး မီးလောင်တော့
    အဲဒီ ရဟန်းတော်တွေကပဲ မီးသွားသတ်ပေးကြတာပါ။ အဲဒီလိုအဖြစ်မျိုးတွေ အများကြီးပါ။
    အခု ရိုဟင်ဂျာတွေက တကယ်တော့ မြန်မာ့အရိပ်ခိုနေတဲ့ ဒုက္ခသည်တွေပါ။
    သူတို့ စော်ကားလို့ ရခိုင်တွေခံရတယ်။ အခုဆိုရင် စစ်သားကိုတောင်ပြန်ပစ်နေပါပြီ။
    လူသားချင်းဆိုတဲ့နေရာမှာ အတိုင်းအတာ တစ်ခုတော့ ရှိမယ်ထင်ပါတယ်။
    လူမဆန်တဲ့သူကို လူသားချင်းစာနာပေးနိုင်လောက်အောင် ကျွန်တော်ကတော့ ရဟန္တာမဟုတ်တဲ့အတွက်
    မစာနာနိုင်ပါဘူး။ ကိုကြောင်ကြီးရေ အကိုပြောတာလဲ ကောင်းပါတယ်။
    ကျွန်တော့် အမြင်ကတော့ အခုအစီအစဉ်က လူမျိုးရေး ပြဿနာကိုအခြေခံပြီး ကူညီရမှာမို့
    ဘက်လိုက်မှုတော့မကင်းနိုင်ပါဘူး။ ဥပမာတစ်ခုဗျာ။ ကိုယ့်ခန္ဓာကို ခြင်လာကိုက်ပြီ ဆိုပါစို့
    အဒီခြင်ကို မရိုက်မိကြဘူးလား။ တကယ်ဆို သူလဲ ကမ္ဘာသူား ပဲလေ။ သူ့မှာ
    နေပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူ့ကိုယ်အာဟာရ အတွက် သူတပါးသွေးကိုစုတ်ရတယ်။
    ကဲ သွေးစုတ်တော့ မရိုက်မိဘူးလား။ သူ့ဟာသူနေပေါ့။ သူများသွေးကိုမစုတ်နဲ့ပေါ့။
    ရိုက်မိတဲ့သူက ကမ္ဘာသူားပဲလေလို့ တွေးမိပါသလား။ လူသားချင်းစာနာပါတယ်ဆိုရင်
    အခြေအနေ အပေါ်မှာလဲ သုံးသတ်ကြည့်ပါအုံး။ အခုကိစ္စ မှာမှ လူသားချင်းစာနာပါ
    ရခိုင်တဘက်ထဲ ပဲ မကြည့်ပါနဲ့ ဆိုရင် ကျွန်တော်တို့တွေ ကိုယ်ကိုလာကိုက်တဲ့ခြင်ကို
    အနာခံ အယားခံပြီး မေတ္တာသုတ် ထိုင်ရွတ်နေနိုင်အောင် ခြင်ဆေးခွေ ခြင်ထောင် ခငြ်နိုင်ဆေး
    မသုံးဖြစ်အောင် သွေးလွန်တုပ်ကွေးအဖြစ်ခံပြီး ကျင့်ကြပါအုံးစို့။
    ပြီးမှ သွားကူကြတာပေါ့ဗျာ။
    ကျေးဇူးတင်ပါတယ်။

  • jewel

    June 12, 2012 at 10:08 pm

    အရီးပြောတာကိုထောက်ခံပါတယ် အလှူကဘယ်သူ့ကိုဆက်သွယ်ရမှာလဲကူညီကြပါဦး

  • may flowers

    June 12, 2012 at 11:04 pm

    ရိုဟင်ဂျာတော့ စေတနာမရှိတာအမှန်ပဲ….ဒီထက်လဲပိုမပြောတတ်တော့လို့………ဘေးကပဲထိုင်ကြည့်

    နေတော့မယ်ဗျို့။

  • htoosan

    June 12, 2012 at 11:18 pm

    တရားဟောမဲ့ ဘကြီးပုတို့ ကိုဇောက်ထိုးတို့ ကို သတိရမိသား … 😀

    ကိုကြောင်ဝတုတ်ရေ ..
    အခုလို သတိပေးတာ ကျေးကျေးပါ ။

    (၁) တစ်ခု ကတော့စေခိုင်းသူက ကိုကြောင်ဝတုတ် အတွေးမှာ ဘဖော ဖြစ်ရင်ဖြစ်ပါလိမ့်မယ် ။ကျွန်တော်တို့ အတွေးမှာတော့ဒီကိစ္စမှာ မစေခိုင်းလည်း လေးပြစ်ချင်နေသူများပါ ။

    (၂) မတူသော အတွေးများပေါ့နော် ။ ကိုကြောင်ဝတုတ်က ရခိုင်ဒေသရှိဒုက္ခရောက်နေသူများလို့ လို့ဖြစ်သင့်တယ်လို့ပြောတဲ့ အချိန်မတိုင်မီမှာ ကယ်ဆယ်ရေး၊ ဒုက္ခသယ် ၊ အလှု ၊ ထောက်ပံ့ရေး မသုံးသင့် ဘူးလို့ ပြောသူများလည်း ရှိခဲ့ပါတယ် ။
    အဲ့ဒီ့အချိန်မှာ ခြောက်ယောက်သော ကျွန်တော်တို့ တစ်ယောက်တစ်ခုစီချရေးကြပြီး တစ်ခုကို အများသဘောတူ ရွေးချယ်လို့တင်ခဲ့ပါတယ် ။ ဘာသာရေးမနွယ်အောင် အတတ်နိုင်ဆုံးသတိထားကြမယ်လို့ တိုင်ပင်ခဲ့ကြပါတယ် ။

    အစွန်းရောက် အကြမ်းဖက်သူများ လက်ချက်ကြောင့် ကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့ ရခိုင်ဒေသ နေ မြန်မာပြည်ဖွား သွေးချင်း တို့နဲ့ ကျွန်တော်တို့ တစ်တွေ တစ်သွေးထဲ တသားထဲ ရှိနေပါတယ်

    လို့ကျွန်တော် ရေးခဲ့ပါသည်။
    နောက်

    ဘယ်မှာဘယ်လို လှုကြမည်ဆိုသည်ကိုတော့ ယခု ဆုံးဖြတ်ချက်မချနိုင်သေးပါဘူး ။ ဘယ်သူ့ကို ပေးအပ်လူဒါန်းမယ်ဆိုတာ ဒီကြားထဲမှာ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ပေါ်မှာ မူတည်ပြီး အထိရောက်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားကြရန် စဉ်းစားထားကြပါသည်။ အားလုံးရင်ထဲ က အတိုင်းကျွန်တော်တို့ အထိရောက်ဆုံးနဲ့ သက်ဆိုင်သူထံတိုက်ရိုက်ရောက်တာဖြစ်စေချင်တဲ့ဆန္ဒတွေရှိနေပါတယ် ကြိုးစားပါ့မယ် ဆိုတာလည်း အသိပေးပါရစေ။

    ရခိုင်သွေးချင်းများ လို့ ရေးတာ အစွန်းရောက်တယ်လို့ ပြောရင်လည်း ခံပါ့မယ် ။ နဂို စဖြစ်တည်လာကထဲက တိုင်းရင်းသားများနဲ့ တစ်သွေးတည်း တသားထဲ ရှိပါသည် ဆိုတာကို ပြချင်နေတာလည်း ပါတယ်လေ ။

    နောက် တစ်ခါတစ်လေကျရင် လေသင့်ရာ ဖြစ်သင့်ရာ ယိမ်းတတ်ပါသည်။

    ကျွန်တော်တို့သူကြီးလည်း ကြံ့ဖွံ့ နဲ့ NLD , NLD ဘက်ယိမ်းတာဘဲလေ .. 😀

  • htoosan

    June 12, 2012 at 11:23 pm

    နောက်ထပ် နှစ်ကျပ် သူကြီ အိတ်ကပ်က နိုက်လို့ ကိုကြောင်ဝတုတ်ထံပေးလိုက်ပါဦးမည် ။

    ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားပါမည်။ လှုလိုသူများ
    http://myanmargazette.net/129178/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle/comment-page-1#comment-213644 တွင် ဝင်ရောက်ဖတ်ရှု ဆက်သွယ်လှုဒါန်းနိုင်ပါသည်။

  • ငါ့ညီဖက်တီးလေးရော ငါ့ညီမ မိတိုက်ရော ငြင်းရတာမောသွားပြီ။
    ရော့ ဘီယာတစ်ခွက်စီ အာခြောက်တာစိုသွားအောင်သောက်လိုက်
    ဂွတ်……………ဂွတ်…………………ဂွတ်………….
    ကဲ ခဏလေးနား အမောပြေသွားအောင်။
    (1) မန်းလေးဂေဇက်က ရွာသူားတွေက တတ်နိုင်သလောက်လှူမယ်။
    သေချာပေါက်လှူကြမယ်။. နည်းတာ များတာ အဓိက မကျဘူး။
    မန်းဂေဇက်က လူတွေ လေနဲ့ ဘဲ ငြင်းနေတယ်ပြောနေတာကိုချေဖျက်တဲ့ အနေနဲ့လှူမယ်။
    စေတနာပါပါ နဲ့လှူမယ်………………………….
    (2)အကိုတို့ လှူတဲ့အခါမှာ လူမျိုး ဘာသာ မောင်ဖြူမောင်နီ မခွဲခြားဘူး။
    (သို့သော် အဝေးကလာပြီး မီးရှို့တဲ့လူ မပါဘူး)
    (3) အခုအလှူမှာ နိုင်ငံရေးအမြင်မပါဘူး။
    မှန်သလား မှားသလား မပါဘူး။
    ကြားနေသလား အလည်ခေါင်ရပ်သလား ဆိုတဲ့မေးခွန်းမပါဘူူး။
    အခက်အခဲဖြစ်သွားတဲ့ ကိုယ့်မြေပေါ်မှာ အမြဲနေခဲ့တဲ့ ယာယီဒုက္ခရောက်သွားသူကို တတ်နို်င်သလောက်ကူမယ်။
    ဒီအချက်တွေကို ကြိုက်လို့ အကိုက မန်းလေးအတွက်အလှူငွေကောက်ပေးဘို့ လက်ခံလိုက်တယ်။
    အရှင်းဆုံးပြောရင်
    ဒီအလှူအတွက် ဘယ်ခေါင်းစဉ်တပ်တပ် မတပ်ဘဲလှူလှူ အရေးကြီးတာက လိုအပ်နေသူလက်ထဲကို
    လှူတဲ့ငွေရောက်သွားဘို့ ရတဲ့လှူ စိတ်ထဲမှာ ငါတို့ အထီးမကျန်ဘူးဆိုတဲ့ အတွေးလေးရသွားစေဘို့ လိုတယ်။
    နောက် အခုအလှူမှာ သူကြီး ဆုံးဖြတ်ချက်မလိုဘူး။
    ရွာသားတွေစိတ်ထဲပေါ်လာတာလေး ထပြောတာလေးကို နှစ်သက်တဲ့ရွာသူရွာသားများက ဝိုင်းဝန်းပြီး
    ကူကြမှာ၊။
    ညီလေး ဖက်ဖက် ရဲ့ ပိုစ်လေးက ဒီအလှူနဲ့ လာမပါတ်သက်ရင် သိပ်ကောင်းတဲ့ပိုစ်လေးဖြစ်သွားမှာ။
    ညီမလေးမိတို်က်ကလဲ အဲလောက်ကြမ်းကြမ်းကြီးမပြောနဲ့
    မင်းတို့ငါတို့က ဖုန်းကင် အတူ ဖဲ့စားလာတဲ့ကောင်တွေဆိုတာ မမေ့ရဘူးလေကွာ.
    အယူအဆ တူတာ မတူတာ ဘေးဖယ်ထား။
    ဖက်ကက်တို အမတ်မင်းတို့ မိတိုက်တို့ ငါတို့ ကိုချောတို့ လုလင်တို့ က ဖုန်းကင်အတူစားသူတွေလဲ
    အယူမတူလဲ အပြင်မှာချစ်ကြတဲ့ ဘော်ဘော်တော့။
    အော်……………….ဘီယာ မဝဘူးလား။
    ရော့ နောက်တစ်ခွက်ထပ်ချလိုက် ……………အာမပူအောင် ဖုန်းကင်လေး တစ်ဖဲ့စားလိုက်
    ဟ နှစ်ကောင်စလုံးပါးစပ်ဟ ငါခွံ့ကြွေးမယ်။
    အေးဒီလို ချစ်ချစ်ခင်ခင်နေမှပေါ့ ဟ
    ငါ့လခွီးတဲ့မှဘဲ ကလေးတွေကြနေတာပဲ ဇွတ်ငြင်းနေလိုက်ကြတာ။
    ဟိုကောင် အမတ်မင်းနဲ့လုလင် လာမျှော်မနေနဲ့ ရော့ သောက် တစ်ခွက်စီ
    ကိုချော ခွက်မြှောက် ကမ်းပေ့လုပ်မယ်
    အိုကေ……………………….

  • Mလုလင်

    June 13, 2012 at 12:20 am

    ကို FattyCat ရေ .. အဲ့ဒီ့ ခေါင်းစဉ် က ခြောက် ယောက်ထဲ ဝိုင်း ထားကြတာဗျို ့ ….။ ဟိုစကားလုံး မထည့်သင့် ..ဒီစကားလုံး မထည့်ချင် …. အရမ်းရှည်မှာလဲ ဆိုး …နဲ့ ခန့်မှန်းရသလောက် ကန့်သတ်ချက်တွေ ကို ကြည့်ပြီးလုပ်ခဲ့ကြတာပါပဲ။ ဒါမျိုးအတွေ့အကြုံ ဆိုတာကလဲ … အခုမှ ကြုံကြတာကိုးဗျ (ကျွန်တော့စိတ်ထင်)။ ကို FattyCat မှာ အတွေ့အကြုံ နဲ့ အကြံဉာဏ်ကောင်းများ ရှိမှာ သေချာပါတယ်ဗျာ .. အဲ့ဒီတော့ အလှူ အတွက် ဖုန်းကို ဆက်ပြီး ရှိတာ(အကြံဉာဏ်) ပေးပါဗျာ … နော့ … အုတ်တချပ် သဲတစ်ပွင့် ပေါ့ဗျာ။

  • ahnyartamar

    June 13, 2012 at 12:27 am

    ညီလေးဖက်ရေ…အခြေအနေတခုရဲ့အပေါ်မှာ အမြင်တို့၊ အယူအဆတို့ဆိုတာ ဘယ်သောအခါမှ အားလုံး ၁၀၀% မတူညီနိုင်ပါဘူး။ မိသားစုတခုထဲမှာတောင် အမြင်တို့၊ အယူအဆတို့ ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် မိသားစုအတွင်းမှာ အမြင်တို့၊ အယူအဆတို့ မတူညီပေမယ့် သေသည်အထိ မိသားစုပါပဲ။ အခု ကိစ္စမှာလည်း ပတ်ဝန်းကျင်ပယောဂကြောင့် ညီလေးဖက် အရောင်ပြောင်းတယ်လို့ထင်ပါတယ်။ ပါးရိုက်လို့ နားကိုက်တယ်ဆိုပေမယ့် သမိုင်းအထောက်အထားတွေအပြည့်နဲ့ နေလာခဲ့တဲ့ ငါတို့ သွေးချင်းညီအစ်ကိုတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဖက်က ရဲရဲကြီးရပ်ပေးပါလားကွာ။ လိုအပ်နေတဲ့သူတွေကိုကူညီတာပါ။ သေချာတာကတော့ ရခိုင်မို့ ကူညီတာမဟုတ်ပါဘူး၊ တကယ်ကို အကူအညီလိုအပ်နေတယ်ဆိုတာ အားလုံးအသိမို့ တတ်နိုင်တဲ့ဝန်ကို၊ မျှထမ်းကျတဲ့သဘောပါ။ ညီလေးဖက်ကိုလဲ ပါဝင်ကူညီဖို့ မေတ္တာရပ်ခံချင်ပါတယ်။
    လေးစားစွာဖြင့်….
    အညာတမာ။

  • ဦးဦးပါလေရာ

    June 13, 2012 at 12:59 am

    အခုပဲ သူကြီးမင်းရဲ့ ကွန်မင့်ကို ဖတ်ရပြီးတဲ့နောက် …..

    သူကြီးမင်းကို ကျေးဇူးတင်ပါတယ် ဆိုတာလေး ပြောပါရစေ..။

    နောက်…
    ရှင်းချင်တာလေး….

    ဒီအလှူကို ခေါင်းစဉ်ရွေးဘို့ အဆိုတင်ခဲ့တုန်းက ကျုပ်ပေးတဲ့ခေါင်းစဉ်က

    ( ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး အလှူ ) ပါ..

    ဒါပေမယ့် ဒီခေါင်းစဉ်မှာ ကျုပ်ကိုယ်တိုင်မကြိုက်တဲ့ ၂ ချက် ပါနေတယ်…။

    (ဒေသ) ဆိုတဲ့စကားဟာ တကယ်တော့ ပြည်/ပြည်နယ် ဆိုတဲ့ နယ်မြေသတ်မှတ်ပိုင်းခြားတဲ့စကားလုံးကို မသုံးချင်လို့ စဉ်းစားမိတဲ့ စကားလုံးပါ။ ဒါတောင်မှ ဒီလို (ရခိုင်လူမျိုးတွေကို ပစ်ထားတယ် ) လို့ ဝိုင်းပြောနေ ရေးနေကြတဲ့အချိန်မှာ၊ သွေးထိုးနေကြတဲ့အချိန်မှာ ဒီ(ဒေသ) ဆိုတဲ့ နယ်မြေခွဲခြားရာရောက်တဲ့ စကားလုံးကို မသုံးချင်သေးပါဘူး..။

    နောက်တခုက အလှူဆိုတဲ့စကား…။ အလှူဆိုတာကိုသုံးတာက ကိုယ့်ထက်မြင့်တာကို ပေးလှူတာမျိုးမဟုတ်ရင် ကိုယ့်ထက်နိမ့်တာကို ပေးကမ်းတာမျိုး ဆန် ပါတယ်။(ဆန်ပါတယ်-လို့ပဲပြောတာပါ)။ ကျုပ်တို့က မြန်မာနိုင်ငံသား သွေးချင်းတွေနဲ့ပတ်သက်ပြီး ကိုုယ်နဲ့တန်းတူအဖြစ်ပဲ ပေါ်လွင်အောင်သုံးနှုံးချင်တာမို့ အလှူ ဆိုတဲ့စကားကိုလဲ ခေါင်းစီးမှာ ရှောင်ချင်ပါတယ်။

    အဲဒီတော့ ကျုပ်တို့က ခေါင်းစဉ်ရွေးမှားတယ်ဆိုရင်တောင် အတွေးခေါင်ပြီးမှားတာပါ…။
    ပစ်စလက်ခတ် နမော်နမဲ့ တဇွတ်ထိုး ကိုယ်သန်ရာ တဖက်စောင်းနင်း ပေးခဲ့တာမျိုး မဟုတ်ပါဘူး ဆိုတာ ရှင်းလင်းချင်ပါတယ်…။

    သို့သော်…

    အနှစ်သာရကတော့ –

    ဒီအလှူက
    ရခိုင်ဒေသက အကြမ်းဖက်မှု့ဒါဏ်ကိုခံစားခဲ့ရသော မြန်မာနိုင်ငံသား တွေကို ကူညီထောက်ပံ့ဘို့/ပြန်လည်ထူထောင်ပေးဘို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တခုခု…
    …ကတဆင့် လှူမှာဆိုတော့ အဲဒီအဖွဲ့အစည်းက စီမံတဲ့အတိုင်း
    ဘေးဒုက္ခရောက်နေတဲ့ လူ(လူ) တွေကို ကူညီရာမှာ ပါသွားမှာပါနော….။

  • ဦးဦးပါလေရာ

    June 13, 2012 at 1:14 am

    နောက်ပြီးတော့….
    အခုလိုအချိန်မျိုးမှာ နာကျည်းလွန်းလို့သာ ပါးစပ်က ပြောချင်ရာပြောမယ်…
    တကယ့်တကယ်က ကျုပ်တို့ မြန်မာတိုင်းရင်းသားတွေဆိုတာက ဒုက္ခရောက်နေသူတွေကို မှတ်ပုံတင်စစ်ပြီးမှ ကူညီတတ်တဲ့လူမျိုးလို့များ ထင်ကြသလား…. ??

  • kai

    June 13, 2012 at 1:24 am

    ဘာပဲဖြစ်ဖြစ်..

    “ငါ့လက်ကလွတ်. ဗြွတ် အလှူ” မျိုးမဟုတ်လို့.. သာဓုခေါ်ပါတယ်..။

    ဒီသတင်းကိုလည်း.. အခုထွက်မဲ့ ပုံနှိပ်သတင်းစာမှာ.. ထည့်ပေးပါမယ်..
    ကမ္ဘာတည်သရွေ့ တည်စေသတည်း.. :mrgreen:
    ( နောင်ဂျိန်ဖြစ်နေတဲ့.. ကာလသားတွေပုံ.. ကာတွန်းရရင်ကောင်းမှာ.. အဲဒါပါထည့်ပေးလိုက်ချင်တာ.. ) 🙂
    မြေးတွေရမှ.. ပုံပြပြီး..ရီကြရမယ်..။

  • surmi

    June 13, 2012 at 1:35 am

    ရော. …ရခိုင်တစ်လုပ်စား
    ရော. …..ရိုဟင်ဂျာတစ်လုပ်စား ……ဒီလိုတော.မလုပ်နိုင်သေးဘူး ။
    ရပ်တည်ရမဲ.ဘက်ကတော.ရှိမှာပေါ. ။
    တကယ်တော. ကြားနေဆိုရင်လည်း ၊ စိတ်ထဲကတော. တစ်ဘက်ဘက် ပါနေမှာပဲ
    မေတ္တာတွေ ဥပေက္ခာတွေ စီးဖျန်းနေဖို. ဆိုတာ ရဟန္တာမှမဟုတ်ဘဲ …..။
    ခေါင်းစဉ်ကို သဘောတရားရေးရာတွေနဲ. ခွဲချမ်းစိတ်ဖြာနေရင် ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်သွားမယ် ။
    နောက်ပြီး လူသားချင်းစာနာကြတယ်ဆိုတာကလည်း …၊ တကယ်စာနာကြလို.လား …….ကျုပ်တို.မြန်မာ
    ပြည်မှာ စစ်တပ် အုပ်ချုပ်တော. ကုလသမဂ္ဂဆိုတဲ.ကောင်တွေက ဘာများအကူညီပေးလို.လဲ ။
    အစိုးရကို သောက်မြင်ကပ်တာနဲ. ပြည်သူတွေ ဘာဖြစ်ဖြစ်ဆိုပြီး ပစ်ထားတာမဟုတ်လား ။။
    ဒီတော. ……ကျုပ်သဘော ပြောရရင် လှူချင်ရင်လှူ ၊ မလှူချင်ရင်နေ ပေါ. ။
    ကိုယ်.သဘောနဲ.ကိုယ်ပါ ။

  • YE YINT HLAING

    June 13, 2012 at 6:17 am

    ပင်ပန်:လို.စောစောနားမယ်တွေး ခဲ့ တာ။။ အခူ့ ကိုယ်နာမယ်စယင်း မပါ သေးတာကတကြောင်းကိုကြောင်ဝစာဖတ်မိဋာကတကြောင်း စိက်ကပိုပင်ပန်းသွားတယ်။ နောက်နာရီလောက်ဆိုရင်တော့ရန်ဂုံ မှာမိုးလင်းပီ။ ဖုန်းမေးဖို။စောင့်ရင်းဘားဂလစ် နဲ့ကျိုစားရေးလိုက်တယ် အမဆီကိုအသေအချာဖုန်းဆက်အကြောင်းကြားထားခဲ့တယ်ကိုရွှေတိုက်စိုးနဲ့ကိုအမတ်မင်းဖုန်းနံပတ်နှခုလုံးလည်းပေးလိုက်တယ်ဘာလိုနောက်ကျနေလည်းမသိ။စိတ်တိုနေမိတယ် အမကိုရော ကိုဖက်ကက်ကိုရော ဟင်း။။။။။။ကောင်းတာလုပ်တာတောင်စိတ်မချမ်းသာရပါလားနော်။။။။.

    • amatmin

      June 13, 2012 at 8:30 am

      ကိုရဲရင့်လှိုင်ရေ..
      ကိုရင့်အမ နဲ့အဆက်အသွယ်ရပါတယ်ဗျ..
      အလှူငွေလက်ထဲရောက်ပီးမှ ပို့စ်ထဲမှာဖော်ပြပေးမလို့ပါ..
      ထောက်ကြန့်မှာ နေတဲ့ ကိုရင့်အမကလည်း ကလေးကျောင်းတဖက်နဲ့မို့ .
      ရန်ကုန်မြို့ထဲကိုလာရင်အဆင်မပြေဘူးဆိုလို့ မင်္ဂလာဒုံလောက်အထိချိန်းပီး သွားယူဖို့
      စဉ်းစားထားပါတယ်.အခုပိတ်ရက်မှာ လက်ခံမယ်လို့ပြောထားပါတယ်..
      တဆက်တည်း မမေဖလားဝါး ရဲ့အမနဲ့လည်း
      အဆက်အသွယ်ရထားပါတယ် ဆိုတာလေး ပြောလိုက်ပါမယ်နော်..
      အလှူငွေကိုတော့ လက်ခံရပီးမှပဲ ကိုထူးဆန်းက ဖော်ပြပေးပါလိမ့်မယ်..

      ကျေးဇူးတင်စွာဖြင့်..

Leave a Reply