Professional နှင့် Personal
“ အလုပ်ထွက်စာပါအစ်ကို…”
ကျွန်တော်မော့ကြည့်လိုက်မိသည်… မွန်မွန်ဆိုသောမိန်းခလေးတစ်ယောက်…
ကျွန်တော့်ထက် တစ်နှစ်မျှသာငယ်သော်လဲ အလုပ်ရာထူးအရတလေးတစား “အစ်ကို”ဟု သူခေါ်လေ့ခေါ်ထရှိသည်…
“ ဘာလို့အလုပ်ထွက်ချင်ရတာလဲ… မွန်မွန်…”
“ ညီမဆက်မလုပ်ချင်တော့ဘူး… ရုံးထဲကလူတွေကိုလဲညီမရင်မဆိုင်ချင်တော့ဘူး…”
“ ရုံးကလူတွေက မွန်မွန့်ကို ဘာပြောလို့လဲ… မွန်မွန်အလုပ်မှာအဆင်ပြေနေသားနဲ့…”
မွန်မွန်ငြိမ်ကျသွားသည်… ထို့နောက်…
“ အားလုံးနဲ့ညီမအဆင်ပြေပါတယ်… ဒါပေမယ့်ဟိုနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး… ညီမအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့လို့ပါအစ်ကို…”
ကျွန်တော်နားလည်လိုက်ပါပြီ… သူ့အလုပ်ထွက်စာကိုလက်ခံထားပြီး… နောက်ထပ်(၃)ရက်ခန့် စဉ်းစားစေလိုကြောင်းနဲ့ အကယ်၍အလုပ်မထွက်လိုသေးလျှင် ပြန်လာနိုင်သေးကြောင်းပြောပြီပြီး မွန်မွန်ကို အိမ်သို့ပြန်စေပါသည်…
အခန်းအတွင်းမှထွက်သွားသော မွန်မွန်ကိုကြည့်နေရင်း ကျွန်တော့်စိတ်ထဲတွင် မည်သည့်အခါမှပြန်မလာသောထွက်သွားခြင်းကို ခံစားမိလိုက်ပါသည်….
လွန်ခဲ့သော ဆယ်နှစ်ခန့်ကအဖြစ်အပျက် အကျိုးအကြောင်းတိုက်ဆိုင်သဖြင့် ဒီနေ့ကျွန်တော်တွေးလိုက်မိ၏…
အဲဒီနေ့က မွန်မွန်ဘာကြောင့်အလုပ်ထွက်သွားခဲ့သလဲ…
အဲဒီနေ့မတိုင်ခင် (၃)ရက်လောက်က မွန်မွန်ရုံးကနေခွင့်ယူခဲ့သည်… အကြောင်းကား ချစ်သူနှင့်လျှောက်လည်ရန်… ခွင့်တိုင်ခဲ့တဲ့ပုံစံကလဲ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်ယူပါရစေတဲ့… ဒီနေရာမှာ သူမရပိုင်ခွင့်ကို တရားဝင်တောင်းခံခြင်းပင်ဖြစ်သောကြောင့် မပေးနိုင်စရာအကြောင်းမရှိခဲ့ပါ…
မွန်မွန်မှာ အားနည်းချက်တစ်ခုရှိပါသည်… အကြောင်းကားကြောက်တတ်ခြင်း… စိတ်အလွန်ပူတတ်ခြင်းပင်…
သူလေးစားရမည့်သူ၊ အထက်အရာရှိတစ်ဦးတစ်ယောက်အနားတွင်ရှိလျှင် အလုပ်ကိုစိတ်ဖြောင့်ဖြောင့်ဖြင့်မလုပ်တတ်ခြင်း…
မွန်မွန်ခွင့်ယူသွားသည့်နေ့တွင် အလုပ်မှသူဌေး၏အစ်မဖြစ်သူနှင့် ဗိုလ်ချုပ်ဈေးထဲတွင်ဆုံခဲ့သည်… မွန်မွန်ခွင့်နှင့်လာမှန်းလဲသိခဲ့သည်…
နောက်တစ်နေ့… ရုံးလာတော့ မွန်မွန်အနားတွင် သူဌေး၏အစ်မဖြစ်သူအနားရှိနေသဖြင့် အလွဲလွဲအချော်ချော်ဖြစ်လေ့ဖြစ်ထရှိသော မွန်မွန်စပြီးအလွဲကြီးလွဲပါတော့သည်…
အဲဒီနေရာမှာ… သူဌေးအစ်မဖြစ်သူက ရည်းစားနဲ့ကြ… ပလူးပလဲလုပ်တတ်ပြီး အလုပ်ကျတော့ သေချာဂရုတစိုက်မလုပ်ကြောင်း လူအများရှေ့မှာအပြောခံခဲ့ရသည်ဟု အကျိုးအကြောင်းသိရှိရသော်လည်း နောက်ကျသွားချေပြီ…
အလုပ်ကြိုးစားသော… အထက်အရာရှိကိုရိုသေလေးစားတတ်သော မွန်မွန်တစ်ယောက် အလုပ်တွင်မရှိတော့ချေ…
ဝန်ထမ်းကောင်းဖြစ်နိုင်သောသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေသည်…
ကျွန်တော့်စိတ်ထဲစဉ်းစားအဖြေထုတ်မိသည်ကား… သူဌေးအစ်မဖြစ်သူပြောသောစကားမှာ…
မွန်မွန်ရည်းစားနှင့်လျှောက်လည်ခြင်းသည် သူ့ကိုယ်ရေးကိုယ်တာ (Personal)၊ ရုံးအလုပ်သည် သူ၏ (Professional)…
သူဌေးအစ်မတစ်ယောက်အနေနှင့်လဲ Professional Field ထဲကို Personal ဆွဲထည့်ပြီး ပြောဆိုခဲ့ခြင်းကား မည်သူ့အမှားနည်း…
စည်းကျော်ခဲ့သူကို မွန်မွန်ဟု ယနေ့အထိ ကျွန်တော်မသတ်မှတ်ခဲ့ပါ…
xxxxxxxxxxxxxxx
လွန်ခဲ့သော (၅)နှစ်ကျော်ခန့်က ကျွန်တော်အလုပ်လုပ်ခဲ့ဖူးသော ရုံးတစ်ရုံးတွင်…
စာရင်းကိုင်အမျိုးသမီးတစ်ယောက်နှင့် စီမံ (Admin) မှ အမျိုးသမီးတစ်ယောက်
တစ်ယောက်နှင့်တစ်ယောက်မတည့်ကြပါ… မျက်နှာချင်းမဆိုင်ချင်လောက်အောင် မုန်းတီးကြသည်…
အဲဒီအတွက် တစ်ယောက်နှင့်တစ်ယောက်အလုပ်ကိစ္စပင် မပြောပါ…ထို့ကြောင့် အလုပ်နှောင့်နှေးမှုမကြာခဏဖြစ်လေ့ရှိပါသည်…
သူတို့နှစ်ယောက်ကြားတွင် ရင်ကြားစေ့သူ (ကြားပွဲစား) မရှိပဲအလုပ်လုပ်မရပါ…
ဒါဆိုရင် သူတို့နှစ်ယောက်ဟာ Personal Feeling ကို Professional Field ထဲသို့ သယ်ဆောင်လာခြင်းအားဖြင့် အလုပ်ကိုထိခိုက်စေပါတော့သည်…
ထိုသူနှစ်ယောက်နှင့် ပတ်သက်ပြီး ဂိုဏ်းဂဏများကွဲကာ… ဝန်ထမ်းများအကြား စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်လာသဖြင့်
နှစ်ဦးစလုံးတာဝန်မှရပ်စဲရသည်အထိဖြစ်ခဲ့ရပါသည်…
သူတို့နှစ်ယောက်လုံးအား စိတ်ဓာတ်နိမ့်ကျသူ… စိတ်ဓာတ်ခွန်အားမပြည့်ဝသူအဖြစ် ကျွန်တော်သတ်မှတ်ခဲ့သည်…
xxxxxxxxxxxxx
လွန်ခဲ့သည့် (၃)လခန့်က ကျွန်တော်နှင့်ဌာနအတူတူအလုပ်လုပ်နေသော နိုင်ငံခြားသူတစ်ယောက်ကို မျက်နှာခြင်းဆိုင်ရန်ဖြစ်ခဲ့ဖူးသည်…
အကြောင်းအရင်းကား ကျွန်တော်နှင့်တိုက်ရိုက်သက်ဆိုင်သောအလုပ်တစ်ခုအတွက်
Email တွင် CC ခံ မပို့သည့်ကိစ္စနှင့် ပတ်သက်ပြီး တစ်ဆင့်မြင့်ရာထူးလက်ကိုင်ရှိသူ နိုင်ငံခြားသူတစ်ယောက်အား
ပိုးဇိုးပက်စက်ပြောခဲ့ဖူးသည်…
နောက်ဆုံး Department Head နိုင်ငံခြားသားကိုယ်တိုင် ကြားဝင်တောင်းပန်မှ ပြီးဆုံးသွားသည်အထိပြသနာကြီးခဲ့သည်…
သို့သော်… ကျွန်တော်တို့ ဘီယာအတူတူသောက်ရင်း စကားတွေအများကြီးပြောဖြစ်ခဲ့ ကြသည်…
ကျွန်တော်တို့ ဆေးလိပ်အတူဖွာရင်း မိသားစုတွေအကြောင်း ဖလှယ်ခဲ့ဖူးသည်…
ကျွန်တော်တို့ ကော်ဖီအတူဖျော်ရင်း အမိနိုင်ငံတော်လှပကြောင်း ကြွားလုံးထုတ်ခဲ့ဖူးသည်…
မကြာမီအချိန်တွင်သူ့နိုင်ငံသို့သူ ပြန်သွားတော့မည်…
ကျွန်တော်တို့ရင်ထဲတွင် ဘာအာဃာတမှမရှိဘဲ နှုတ်ဆက်ခွဲခွာကြရဦးမည်…
ပြန်စဉ်းစားကြည့်ရင်ဖြင့်-
ကျွန်တော်တို့ Professional Field ထဲသို့ Personal Feel ကိုဆွဲသွင်းမလာကြခြင်းဖြစ်ပေသည်…
အချုပ်အားဖြင့်ဆိုရသော်…
ကျွန်တော်တို့ ဘယ်လောက်အထိ Personal နဲ့ Professional ကိုခွဲခြား မြင်ကြပါသလဲ…
လူတစ်ယောက်ကောင်းတာ…ဆိုးတာ သူ့ Personal ပါ… သူအလုပ်တော်တာ သူ့ Professional ပါ…
Professional နဲ့ မပတ်သက်သော Personal ကိုဆွဲထည့်လာလျှင်
ဆွဲထည့်လာသောသူတို့၏ သဘောထားသေးသိမ်ခြင်းဟုပင် အတိအလင်းခေါင်းစဉ်တပ်ရပေမည်…
အနီးစပ်ဆုံးဥပမာပြောပါ့မယ်… ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကိုလက်ထပ်တာ သူ့ Personal ပါ…
နိုင်ငံတော်အတွက် သူလုပ်ပေးခဲ့သော၊ သူအနစ်နာခံပေးခဲ့သော အရာအားလုံးသည် သူ့ Professional ပါ…
ဒါလေးကိုကွဲပြားအောင်ခွဲခြားထားနိုင်ဖို့… ယခုအချိန်တွင်လိုနေပြီထင်ပါသည်…
ကြောင်ဝတုတ်အပြင်မှာအရက်သမားတာတေလန်အောင်ဆိုးပေနေပါစေ…
သူရေးသောစာသည် လူတစ်ဦးတစ်ယောက်အပေါ်အကျိုးဖြစ်ထွန်းမည်ဆိုလျှင် သူ၏ Personal ဖြစ်သော အပေအတေအရက်သမားတစ်ယောက်ဘဝကိုမေ့ပြီး…
သူပြုဖူးသော အကျိုးဖြစ်ထွန်းမှု Professional ကိုလေးစားပေးပါ…
အရက်သမားတစ်ယောက်ရေးတဲ့စာများကွာ… ဘာလေးစားစရာရှိလဲဟူသော အတွေးမျိုးဖြင့် Personal ကို
Professional ဖြင့်ရောထွေးမသွားစေလိုသောကြောင့် ဒီစာကိုရေးပါသည်…
ဒီအတွေးဟာဖြင့် သိပ်ပြီးလစ်ဘရယ်ဆန်လှသည်ဆိုလျှင်ဖြင့်…
ကြောင်ဝတုတ်
၂၀၁၂၊ ဇွန်လ
72 comments
သကြားလုုံးကြော်
June 21, 2012 at 4:01 am
မှန်ပါ့။ အပြည့်အဝထောက်ခံပါတယ်။ မြန်မာပြည်က သဌေးများအားလုုံးကစပြီးအလေးအနက်စဉ်းစားသင့်တဲ့အချက်ပါ။ ဒီလောက် Human Rights ရွတ်နေတဲ့နိုုင်ငံမှာကိုု။
ကျွန်မအဖေ စူပါ ဘော့စ် ဆိုုရင် personal and professional ခွဲဖိုု့နေနေသာသာ သူ ့အလုုပ်သမားအကြီးအငယ်တွေအားလုုံးရဲ့ နေ ့ရောညရော weekday ရော weekend ရော အိပ်ချိန်ရော နိုုးချိန်ရော သူပိုုင်တယ်လိုု ့ထင်နေပါတယ်။ အီ ခရီးမနီးပါ။
(အက်ခရာအီ မရေးတတ်ပါ။ ဘယ်လိုုမှရိုုက်မရပါ)
htoosan
June 21, 2012 at 7:14 am
ဤ ရိုက်ဖို့ ပထမ ` ~ ကို နှိပ် ။ ပြီးရင် T ကိုနိုပ် ပါ ။
၍ ဆိုလည်း `~ ပြီး I ကိုနှိပ်။
၌ ဆို လည်း `~ ပြီး Y ကိုနှိပ်။
YE YINT HLAING
June 21, 2012 at 4:23 am
Personal and Professional ကို ခွဲပြပြီး ထင်သာမြင်သာ အောင် သတိပေးလိုက်တဲ့ ပို့(စ)့လေးပဲဗျို့ ! တခါတရံ အိမ်နဲ့ပတ်သက်တဲ့ ခံစားမှူ့ ကို အလုပ်ထဲထိသယ် ၊ အလုပ်ထဲ ကခံစားမှူ့ ကို အိမ်ကလူ တွေနဲ့ဆက်ရော ၊၊၊၊၊ ဒီတော့ အိမ်ကလူ တွေ ကော အလုပ် က လူတွေ ပါ ကို့ကို နားမလည် နိုင် ဖြစ်ကုန်ရော၊ ဆင်ခြင် ရမဲ့ သတိ လေးပါဗျို့ !
ကျေးဇူးတင်နေတဲ့
ရဲရင့်
ဇောက် ထိုး
June 21, 2012 at 7:05 am
ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီ ရရှိရေးဆိုပြီး တောင်းဆိုခဲ့ကြပါသည်။ သို့သော် တကယ့်လက်တွေ့မှာတော့ တောင်းဆိုသူတွေကိုယ်တိုင်က ဒီမိုကရေစီကို အရာအားလုံးကြိုက်ကြမည် မထင်ပါ။ ဥပမာ.. လူ့အခွင့်အရေး.. ကိုယ်သာရချင်သည်။ တချို့ကို မရစေချင်ကြဘူး။ စာပေလွတ်လပ် ခွင့် ဆင်ဆာကိုဖျက်စေချင်သည်။ လွပ်လပ်စွာရေးသားစေလိုကြသည်။ သို့သော် ဘာသာရေး ကိုလွပ်လပ်ခွင့် မရှိစေချင်ကြဘူး။ ကိုယ့်ဘာသာကို မဝေဘန်စေချင်ကြဘူး။ ဒါမျိုးတွေ အများကြီးပါ။
ကျွန်တော် မန်းဂေဇက်ကို ရောက်တာ မကြာခဲ့သေးပါ။ ဝင်ပြောကြည့်ပါသည်။ မန်းဂေဇက်သူားများသည် ပညာရှင်များဖြစ်သည်.. အဆင့်အတန်းမြင့်ကြသည်ဟု ခံယူမိပါသည်။ ဗဟုသုတလဲ ပြည့်စုံကြပါသည်။
သို့သော်..ကျွန်တော် စာရေးကြည့်တဲ့အခါမှာ ကျွန်တော်မျှော်လင့်တာက ဒီစာဟာ ဘာအကြောင်းကြောင့် မှားနေပါတယ်။ ဘယ်လို လူ့ကောင်းကျိုးကို ထိခိုက်နိုင်ပါတယ်။ ဘယ်စာပေနဲ့ ဘယ်လိုကြောင့်မညီပါဘူး စသဖြင့် တစ်ဦးနဲ့တစ်ဦး ဝေဘန်ထောက်ပြညွှန်ပြတာကို လိုလားပါသည်။
သို့သော် တချို့သူတွေက ဘာအကြောင်းမှမပြဘဲ ဆဲ.. ကြသည်။ မဆဲကြဖို့ အမြဲနိုးဆော်နေရသည်။
နောက် ဘယ်ဂိုဏ်းသား… ညာဂိုဏ်းသားနဲ့ ဘာမှ စာလိုပြောတာမျိုးမရှိဘဲ … အကြောင်းအကျိုးဝေဘန် ပြတာမျိုး မရှိဘဲ. … တင်ပြသူကို ပုတ်ချသည်။
ရိုးသားစွာ ပြောရလျှင် ကျွန်တော် ဘယ်ဂိုဏ်းသားမှ မဟုတ်ပါဘူး။
ဆဲတယ်ဆိုတာ ပညာမလိုပါဘူး။ အဆဲခံရသူရဲ့ အဆင့်အတန်းကို ဖော်ပြတာလဲ မဟုတ်ပါဘူး။ ဆဲသူရဲ့ အဆင့်အတန်းကိုသာ ဖော်ပြတာပါ။
အဆဲခံရသူရဲ့ စိတ်ဓာတ်ကိုဖော်ပြတာလဲ မဟုတ်ပါဘူး။ ဆဲသူရဲ့ စိတ်ဓာတ်ကိုသာ ဖော်ပြတာပါ။
ကျွန်တော်ဟာ ဒေဝဒတ်တပည့်ဖြစ်ချင်ဖြစ်နေပါစေ.. ဒေဝဒတ်တပည့်ဖြစ်ရုံနဲ့ ကျွန်တော်ကို မဆဲသင့်သေး ပါဘူး။ ကျွန်တော်ရဲ့ လုပ်ရပ်… ကျွန်တော်ရဲ့ အပြော.. တွေက သတ်တာတွေ.. ဆဲတာတွေလုပ်လာရင်.. အရေးယူဖို့ပါပဲ။
ဘုရားတပည့်ပဲ ဖြစ်ဖြစ်… ဒေဝဒတ်ရဲ့ တပည့်ပဲ ဖြစ်ဖြစ်.. သူတို့ရဲ့ လုပ်ရပ်ကိုကြည့်ပြီး အရေးယူကြရမှာပါ။
ခရစ်ယာန်ကပဲဖြစ်ဖြစ်…. ဟိန္ဒူကပဲဖြစ်ဖြစ်… အဲဒီလို ဘာသာမတူယုံနဲ့ အရေးယူကြရတာ မဟုတ်ပါဘူး။ လူရဲ့ လုပ်ရပ်… လူ့ရဲ့ အပြောတွေကြောင့်သာ အရေးယူရမှာပါ။
နောက်ဆုံး အချုပ်တင်ပြချင်တာကတော့.. “လူ” ရဲ့အလုပ်နဲ့ အပြောတွေ အဆိုးအကောင်းတွေကိုပဲ ဝေဘန်ကြရမှာပါ။ အရေးယူတာမျိုး.. ဂုဏ်ပြုတာမျိုးတွေလုပ်ကြရမှာလို့ မြင်မိပါတယ်။
htoosan
June 21, 2012 at 7:22 am
လစ်ဘရယ်ဆန်အောင်ကို တိုက်တွန်းရမှာပါ..
ရဲစည်
June 21, 2012 at 8:40 am
တိုးတက်ထွန်းကားတော်မူသော
ဖွံ့ဖြိုးစည်ပင်တော်မူသော
မျိုးရိုးကြီးကျယ် မြင့်မြတ်တော်မူသော
အမိနိူင်ငံတော်ကြီးတွင် ဤကျပ်မပြည့်သော ကိစ္စများ မကြာမကြာ ဖြစ်ပေါ်တတ်လေသည်။
စဉ်းစား၍ ဆင်ခြင်ကြပါကုန်…….
လစ်ဘရယ်အချင်းချင်း တွန်းပေးပါတယ်ဗျို့
ဘားရပ် အိုမဲမှား ( ကွန်-ဆို-ဒီမို လစ်ပတန်ဝါဒီ )
Azzurri
June 21, 2012 at 8:46 am
၂ခုခွဲပြောတော့လည်း ၂ခါခွဲမန့်တယ်ပေါ့ဗျာ …
ပါဆင်နယ်ကျတဲ့ အကြောင်းက စကြစို့ …
ပါဆင်နယ်ပိုင်း ကြုံဖူးတာ တခုပါ …
မိသားစု ကန်ပနီ တဲ့ … ဘယ်သူထွင်တဲ့ စကားလုံးလဲတော့မသိဘူး..
လှတော့လှရဲ့ …အဲ ..မလှတာက သူဌေးလုပ်သူက
စာရေးမ ကို ဟင်းကူချက် ခိုင်းပြီး ဒရိုက်ဘာကို
ကလေးကျောင်း အကြိုအပို့ လုပ်ခိုင်းတာပဲ …
ဟဲ့ ဘယ်သူ တခါတည်း စားသွား ..(ညစာ) …
ဟုတ်ကဲ့ ရှင့်/ ခဗျ …
သူဌေးကလည်း သိတယ်… သူ အလုပ်တာဝန်အပြင် ပိုခိုင်း တာအတွက်
သူ ပြန်ပေးတာ .. (ရိုင်းရိုင်းပြောရရင် အိမ်ဖော် ထပ်မငှားချင်လို့ .. အိမ်သုံး
ဒရိုက်ဘာ မငှားချင်လို့ ဝန်ထမ်းကို ကိုယ်ရေးကိုယ်တာ ခိုင်းတာ ..)
စာရေးမ/ ဒရိုက်ဘာ ကလည်း သိတယ်… သည်လောက် ပိုလုပ်ပေးလိုက်လို့
တနပ် သက်သာ နည်းလား ..လူကြီးမျက်နှာသာရ နည်းလား ဆိုတာ …
ဒါကို ဝင်း-ဝင်း တို့ ကိုယ့်အရပ် ကိုယ့်ဇာတ် တို့တော့
ပြောလို့ ရပေမယ့် အဲ့သလောက် ပီးလား ဆို မပြီး တာရှိလာတယ်…
ခိုင်း ကောင်းတဲ့(ကျွေးလည်း ကျွေးရတဲ့) စာရေးမ/ ဒရိုက်ဘာ ရှိသလို…..
ဟင်းမချက်တတ်သော၊ မိသားစု အတွက် အချိန်ပေးရသော၊ အလုပ်ချိန်ပြင်ပ
အခြား ကိစ္စတွေ ရှိသော စာရေးမ/ ဒရိုက်ဘာ တွေ ရှိနေသေးတာမို့ …
ရတယ် ..မစားဘူး မလုပ်လည်း မလုပ်နိုင်ဘူး ဆိုသူတွေ ရှိတဲ့ အနေအထားမှာ ..
မျက်နှာသာ ပေးမှု ကွာခြားတာ ..အခွင့်အရေးခံစားမှု ဦးစားပေး စာရင်း
ရှေ့နောက်စီ ကွာခြားတာ .. အလုပ်ခွင်မှာ လူရင်း လူဖျား ကွဲပြားတာ တွေ
တပုံတခေါင်း ဖြစ်ဖြစ်လာတော့ … မလုပ်သင့်တဲ့ ကိစ္စလို့ပဲ မြင်မိတယ်…။
Azzurri
June 21, 2012 at 8:47 am
ပရော်ဖက်ရှင်နယ် ကျမှု နဲ့ ပါတ်သတ်ရင်တော့ ..ပရော်ဖက်ရှင်နယ် ကျမှု
ဘက်က မန့်ကြည့်ပါမယ်… ပြောရရင် အမှန်တကယ် ကြုံဖူးတာလေး တခုပါ
ကိုရီးယားကားလို ၄ပွင့်လောက်ဆိုင်တဲ့ …အချစ်ဇာတ်လမ်းလေး ….
ဖြစ်ပုံက သည်လို … ကန်ပနီတွေမှာ ဘတ်ဂျက်ရီးယား ကို ၄လပိုင်းက စဆွဲလေ့ရှိရဲ့..
၁နှစ်ကို ၃လ တကြိမ်စီ နဲ့ ၄ပိုင်းခွဲပီး ကွာတားတွေ သတ်မှတ်တယ်… အရေးအပါဆုံးက
တတိယ ကွာတား ဖြစ်တတ်ရဲ့ … (ရောင်းကုန် ပေါ်မူတည်လို့) … သိတဲ့အတိုင်း
ဒီဇင်ဘာ ရှော့ပင်း ပိရိရက် ကြောင့်ပါ…။ အထက်က ရောင်းအားတက်ဖို့ ဖိအားပေးတတ်တဲ့
ကာလ ဆိုပါတော့ ….။ အဲ့သည့်မှာ ဆေးလ်စ် က ချန်နယ် စတပ်ဖင်း စ လုပ်တယ်…။
ထိုးထည့်တယ်ပေါ့ဗျာ …။ ယူထား …နောက်နှစ် တက်မှာ …ရတယ် …နောက်မှရှင်း …။
အဆင်မပြေရင် ပြန်ပို့လိုက် …သည်လို လက်သုံးစကားတွေနဲ့ …။
ဒီဇင်ဘာ စာရင်းချုပ်တော့ ဆေးလ်စ် တွေကြား အနှီဆေးလ်စ် ၁နှစ်တာ ရောင်းအား
အကောင်းဆုံး အနေနဲ့ …မျက်နှာရ …ဆုတွေဘာတွေရ … သည်ထိဟုတ်တုန်း..
အဲ … ဇန်နဝါရီလည်းရောက်ရော ..ကမာ္ဘတန်း ကုန်ကြမ်းဈေး ပြုတ်ကျသွားလို့ ..
ကုန်ချောဈေး ပါလိုက်ကျသွားတယ်…။ အဲ့သည်မှာ ကြွေးရောင်းထားသမျှတွေ အကုန်
ပြန်လာပေး မယူတော့ပါဘူး ငြင်း ….။ ပြဿနာတွေ တက်ပေါ့ဗျာ… အဲ့သည့်မှာ
ချန်နယ် စတပ်ဖင်း မှန်း သိတဲ့ …ဖိုင်းနန့်စ် ဘက် က ထ ကွိုင်ရှာတယ်…။
သူတို့ ဘက်က ဂဏန်းတွေနဲ့ နပန်းလုံး ရင်း …ခု ပရောဖစ် ..ခု ဒီဖီဆစ် ပြန်ပြောင်း
တွက်ချက်ရတော့သကိုး …။
အပ္ပါး မန်းနေ့ချ်မန့်ကတော့ ကုန်ကြမ်းဈေး ရုတ်တရက် ကျလို့ ဖြစ်ရှာတာပါပဲလေ ဆိုပီး
ဘာမှ မပြောဘူး (သိချင်လည်း သိလိမ့်မယ်) ဒါပေသိ မပြောဘူး …။ အဲ့လိုနဲ့
စတပ်ဖင်း လုပ်ထားတာတွေ အကုန် ပြန်ရောက်လာပြီးသကာလ ကုန်ချောဈေး
ပြန် မာလာတယ်…။ အကြောင်းပြချက်က ကုန်ချော ကျတယ် ကျတယ်ဟ .. ဆိုပီး
အဝယ် မလိုက်ရင်းကနေ ဈေးကွက် တခုလုံး ပစ္စည်းပြတ်သလိုဖြစ်သွားတော့ …
ဝယ်ဟ ဝယ်ဟ ဆိုပြီး ဝရုန်းသုန်းကား စွတ်ဝယ် စွတ်လှောင်တဲ့အချိန် …။
အဲ့သည့်မှာ ဆေးလ်စ် က သိက္ခာပြန်ဆယ်မဟဲ့ ဆိုပီး ပြန်ကြိုးစား ရောင်းတယ်….။
အဲ … ဈေးကွက်မှာက ဘရန်းသိက္ခာက အကျကြီးကျနေပြီ …ဘာကြောင့်လဲဆို..
စွတ် တွန်းပို့ ထိုးထည့် ခဲ့တာ ကိုး … ။ ဘယ်သူမှ အထင်မကြီးတော့ … ။ အယုံအကြည်
လည်း မရှိတော့ …။ သည်ဇာတ်လမ်း သည်အချိန်မှာ တတိယမြောက်ဇာတ်ကောင်
ဖြစ်တဲ့ မားကတ္တင်း က ဝင်ပါတော့တယ်…။ ဖစ်စကယ်လ်ရီးယား ချုပ်ဖို့ ၃လပဲ
လိုတော့တဲ့အချိန်မှာ ..စထွစ်ဒဂျီ ပိုင်း ပေါ်လစီ ပိုင်းအရ ..ထောက်တယ် ဆိုပါတော့ ..။
အဲ့သည်မှာ ဆေးလ်စ် ရဲ့ ပရော်ဖက်ရှင်နယ် မဆန်တာ စ တော့တယ်…။ စတုတ္ထနဲ့
နောက်ဆုံး ဇာတ်ကောင် ဖြစ်တဲ့ ..ပရိုဒတ်ရှင်း ကို လှည့် ရမ်းတာပါပဲ …။ သူ့ကို ဒုက္ခ
ရောက်အောင်လုပ်တယ်…ပေါ့…။ ရောင်းမကောင်းတာကို ဒဲ့ ဝန်မခံဘဲ အကြောင်းပြချက်က … ဝယ်လက်က များများလိုချင်တာ … သည်လောက် ကွမ်တတီ
နဲ့ဆို မယူဘူး … ဒါ့ကြောင့် ပရိုဒတ်ရှင်း ၂ဆ မြှင့်ပေးပါ. … ဂိုထောင်တွင်း သိုလှောင်မှု
ဘယ်လောက် ဖြစ်မှ ရောင်းကောင်းမယ် … ဈေးတက်တုန်း ပစ္စည်းလက်ဝယ် များများရှိမှ
ဒါကိုပြပြီး ပစ္စည်းပြတ်ဖို့ မပူရဘူး ဆိုပီး ရောင်းပန်းလှမယ် လို့ ….ဆိုလာတတယ်…
ခက်တာက ပရိုဒတ်ရှင်း က မြှင့်မပေးနိုင်ဘူး …သူ့မှာလည်း သူ့ အခက်အခဲနဲ့သူ…
ဇန်နဝါရီ နဲ့ ဧပြီ ကြား ဆိုတာ မီးပျက်တတ်သလို .. သယ်ယူပို့ဆောင်ရေးနဲ့
ဂိုထောင် အနေအထား ကလည်း အကန့်အသတ် ရှိလေတော့ …ဆေးလ်စ် ပြောသလို
လိုက်လုပ် မပေးနိုင်ဘူး …။ နောက်ဆုံး စာရင်းချုပ်တော့ … ဘရန်း မကောင်းတော့လို့
ရောင်းမကောင်းတာကို ပစ္စည်းမများလို့(မရှိလို့) မရောင်းရကြောင်း မဟုတ်မဟတ် ပြောပြီး
ထွက်ပေါက်ရှာတယ်… ထွက်ပေါက်တွေ့သွားပါတယ်…။ ပရိုဒတ်ရှင်း ဟက်ဒ် ထွက်စာ
တင်သွားတယ်..။ ဆိုတော့ … ဘယ်လိုမှ မလုပ်သင့်တဲ့ ..ပရို မပီတဲ့ ချန်နယ် စတပ်ဖင်း
လုပ်တယ်… မှားတော့ ကွိုင်တက်တယ် ကွိုင်တက်တော့ မဟုတ်မဟတ်ပြောပြီး တခြားလူလွှဲချတယ်…. အဖွဲ့အစည်း အနေနဲ့ ၁။ ဘရန်းပုံရိပ်ကောင်း ဆုံးရှုံးတယ်
၂။ ပရိုဒတ်ရှင်း ဟက်ဒ် လို ဝန်ထမ်းကောင်းဆုံးရှုံးတယ်…။
အနိစ္စ…။
😀
ပုံ
အကျိရဲ့ စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောက်ျား..
အဇူဂီ
Azzurri
June 21, 2012 at 12:24 pm
စကားမစပ်
၃ခုမြောက် သော ဟို အချောင်း က ကျနော့် အချောင်းနော..
လက်မ ပြောပါတယ်..
Thel Nu Aye
June 21, 2012 at 9:38 am
Professional အရေးအသားမို့ လက်မထောင်ပြီးအားပေးသွားပါတယ်။ လုပ်ငန်းခွင်ပဲဝင်ဝင်၊ လူမှု့ပါတ်ဝန်းကျင်မှာပဲ ဆက်ဆံဆက်ဆံ လိုအပ်တာမို့ ကူးယူသွားပါတယ်။ ဘရာဗိုပါဖက်ဖက်ကက်ရေ။
king zawgyi
June 21, 2012 at 10:01 am
personal နဲ professional က အလုပ်မှာ အမြဲ conflict ဖြစ်လေ့ဖြစ်ထ ရှိတယ်ဗျ
ကိုလုပ်တဲ့ အဖွဲအစည်းရဲ့ management strategy က ဘယ်လောက်စနစ်ကျလည်း
ဘယ်လောက် လိုက်နာကျင့်သုံးလည်း ဘယ်လို follow up လုပ်လည်း ဆိုတာပေါ်မူတည်မယ်ထင်တယ်ဗျာ
ကျွန်တော် အထင်သီးသန့်ပါ။
လူသားတွေဆိုတာ ပုထုဇဉ်တွေပဲလေဗျာ
အဲဒီလိုလူတွေ ပတ်သက်ဆက်ဆံနေရတဲ့ ဝန်းကျင်မှာ
အဲဒီလို အဖြစ်မျိုးတွေက ဘယ်တော့မှ ပျောက်မသွားဘူးဗျ
ရုံးတွေမှာ သူဌေး မိန်းမ၊ တူမ၊ တူ၊ မယားငယ်၊ အီစီကလီတွေ ရှိနေရင် ပိုဆိုးသေးတယ်ဗျာ
အဲဒီတော့ဗျာ ဘယ်သူတရာပျက်ပျက် ကိုယ်ကမပျက်ပဲ
ကိုယ်ကြောင့် တစ်ခြားသူတွေစိတ်ထဲမှာ အဲလိုမခံစားရအောင် နေမယ် ပြောဆိုဆက်ဆံမယ်ဆို
ကိုယ်နဲ့ ပတ်သက်တဲ့ ဝန်းကျင်တိုင်ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ team work တွေ ရှိနေမှာပါ.
အဲဒါကိုလုပ်ဖို့ကလည်း ခက်တယ်ဗျာ အချိန်လိုတယ်. သတိလိုတယ်…
အလုပ်အပေါ် ကိုယ်ပါတနာအပေါ်မှာ ကောင်းမွန်တဲ့ attitude ရှိဖို့လိုတယ်ဗျ..
ပြောမယ်ဆိုရင် အများကြီးပေါ့ဗျာ …ရပ်လိုက်တော့မယ် အကိုတို့ အမတို့ …မောသွားပြီဗျာ… 🙂
မမ အညာသူ
June 21, 2012 at 10:26 am
မှန်ပါတယ်……..
personal နဲ့ professional ကိုခွဲခြားသိဖို့လိုအပ်ပါတယ်…….
ဒါမှသာတို.နိုင်ငံကြီးတိုးတက်မှာလေ…….
စိန်ဗိုက်ဗိုက်
June 21, 2012 at 11:01 am
အူးကြောင်ဝတုတ်ရေ..
တစ်ကယ်ခွဲခြားတတ်ဖို ့က လွယ်ပါဘူးဗျာ..
ကျနော်က စိတ်ဆတ်တယ်ဗျ..
အကြွေးတော့ မဆပ်ဘူး..
ဒါကြောင့်ပါ..အဲလေ…ကွဲပြား ခွဲခြားနိုင်အောင် လုပ်ကြည့်ပါဦးမယ်ဗျာ..
လုပ်မယ်လို ့ပြောဒါဟုတ်ဘူးနော်..ကြိုးစားကြည့်မယ်လို ့ပြောဒါ..
etone
June 21, 2012 at 11:08 am
ကိုကြောင်ဝတုတ်ရေ …
အလုပ်ခွင်အတော်များများမှာ ပါဆယ်နယ်လ်တွေရောယှက်နေတာ … မြန်မာနိုင်ငံရဲ ့ အစိုးရအလုပ် ၊ ကုမ္ပဏီအလုပ်တိုင်းလိုလိုမှာပါပဲ …. ။ အလုပ်ခွင်မှာ အလုပ်နဲ့ ပတ်သတ်တာတွေကိုပဲ မပြောပဲ … ပါဆယ်နယ်လ်တွေကိုပါ ထည့်ပြောတဲ့အခါ … ပုဂိ္ဂုလ်ရေးရာ အမြင်တွေ ၊ အပြောတွေ တိုက်ခိုက်မှုတွေနဲ့ ရောလာပြီး …နောက်ပိုင်း အလုပ်ခွင်တွင်း အဆင်မပြေတာတွေ ဖြစ်ကုန်ရော … ။
အလုပ်ခွင်အတွင်း အထက်အောက်ဆက်ဆံရေးမှာ အမြဲ တမ်းပြသနာ ရှိတာ အဲ့ဒီပရိုစိတ်နဲ့ ပါဆယ်နယ်လ်စိတ် မကွဲပြားလို့ပဲ …… ။ အသိခေါက်ခက် အဝင်နက်တဲ့လူတွေကို ….. ဒီပို့စ်လေး ဖတ်မိစေချင်လိုက်တာ …….. ။
ကြောင်ဝတုတ်
June 21, 2012 at 2:44 pm
ညီမလေးအိတုန်းရေ…
အုပ်ချုပ်ရေးရဲ့အစိတ်အပိုင်းတစ်ခုမှာ HR Management ဆိုတာပါလာပါတယ်…
အဲဒီအခါမှာ HR ပိုင်းအုပ်ချုပ်သူက ဘယ်ဘက်မှရပ်လို့မဖြစ်ပါဘူး…
အလယ်မှာနေရမှာပါ… မဟုတ်ရင် ရထားတဲ့အာဏာကို အလွဲသုံးစားပြုမိဖို ၉၀% ကျိန်းသေပါတယ်… အင်္ဂလိပ်လိုပြောရရင် Power Abuse ပေါ့နော်…
HR အနေနဲ့ ဒီလိုကိစ္စတွေမှာ ရုံးတွင်းဂိုဏ်းဂဏကွဲပြားမှုတွေကိုခဏခဏတွေ့ရပါတယ်…
ဥပမာ- အိတုန်းလိုလားသူနဲ့ ရွှေတိုက်လိုလားသူတွေကွဲပြားသွားကြပြီး လုပ်ငန်းတစ်ခုလုံးကိုပါ ထိခိုက်သွားတာမျိုးလဲ ကြုံဖူးပါတယ်…
တကယ်တော့ အများနဲ့ပူပေါင်းလုပ်ရတဲ့ (Teamwork) ရှိရတဲ့ လုပ်ငန်းတွေအတွက်
အများနဲ့ ပူးပေါင်းနိုင်မှ Personal တွေကို လျော့ချနိုင်မှအောင်မြင်မှာပါ…
ပါဝင်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်…
ကြောင်ဝတုတ်
San Hla Gyi
June 23, 2012 at 10:39 pm
ကိုကြောင်ဝတုတ်ရေ
ခင်ဗျားပို့စ်ကို ကျနော် သဘောကျလို့ လာပြီးကွန်မန့်ပေးလိုက်ပါတယ်။ အင်း ကျနော့် အမြင်ကတော့ လူတော်တော်များများ မှာခွဲဖို့ခက်တယ်ဗျ။ ကျနော်ကိုယ်တိုင်လည်း ကြုံဖူးတယ်။ ကျနော် ပြောကြည့်မယ်ဗျာ။ Personal and Professional ကိုတတ်နိုင်သလောက် ခွဲကြည့်ဖို့ပေါ့။ ကျနော့် အမြင်ပေါ့ဗျာ။ ဥပမာ ဆရာဝန်တယောက် ဆိုပါတော့။ အရုပ်ဆိုး အကျည်းတန် ဘာသာမဲ့ ဘာညာပေါ့ဗျာ။ ဒါတွေက သူ့ရဲ့ personal တွေဗျ။ ဒါပေမယ့် သူဟာ ဆေးကုရာမှာ တော်တယ် လူနာအပေါ် တာဝန်ယူတယ်ဆိုရင် ဒါက professional ပီသတာပဲဗျ။ အဲဒီနေရာမှာ သွားပြီး သူ့ရဲ့ အခြားချွတ်ယွင်းချက် တွေကိုပြောလို့ မရတော့ဘူးဗျ။ အေး ဒါပေမယ့် ဆေးကုရာမှာ တာဝန်မယူဘူး ပြီးစလွယ် လုပ်လို့ ဝေဖန်ခံရရင်တော့ အဲဒါ personal တိုက်ခိုက်တာ မဟုတ်တော့ဘူးဗျ။ အဲဒီလိုပဲ စာရေးဆရာတယောက် သို့မဟုတ် စာရေးသူတဦးဟာ သူ့ဘာသာသူ ဘယ်နိုင်ငံမှာနေနေ ဘာတွေလုပ်လုပ် အဲဒါသူ့ personal ပဲဗျ။ အဲဒါကို ပြောလို့ မရဘူး။ ဒါပေမယ့် သူ့စာထဲမှာ ရှေ့စကား နောက်စကား မညီတာတွေ သူများကို ပုတ်ခတ်တာတွေ အချက်အလက်မှားတာတွေကို သူများက ဝေဖန်ရင်တော့ အဲဒါ personal တိုက်ခိုက်မှု မဟုတ်တော့ဘူးဗျ။ သူ့ရဲ့ မူဝါဒအမှား ဖြစ်သွားပြီဗျ။
ကျနော်ဟာ ဒါကြောင့် ကျနော်ရေးတဲ့ စာတွေထဲမှာ ကျနော်ရဲ့ ပုဂိ္ဂုလ်ရေး အချက်အလက်တွေကို ပြောလေ့ မရှိဘူး။ ကျနော်ရေးတဲ့စာကို ဖတ်နေတဲ့ မိတ်ဆွေတွေနဲ့လည်း ဒါတွေက မပက်သက်ပါဘူး။ ကျနော့် ကိုယ်ရေးကိုယ်တာတွေကို ပြောရင်လည်း မှန်ချင်မှ မှန်လိမ့်မယ်။ ရယ်စရာလုပ်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အခြား အကြောင်းအရာတွေကိုတော့ တတ်နိုင်သမျှ အမှန်တွေကိုပဲ ရေးဖို့ကြိုးစားပါတယ်။ ကျင့်ဝတ်သိက္ခာ Ethics ကသိပ်ကျယ်ပြန့်တယ်ဗျ။
ဒါပေမယ့် အခုပြောတာတွေဟာ ကျနော့် ယုံကြည်ချက်ပဲ။ ကျနော် အဲဒီလိုပဲ မြင်တယ်။ အဲဒီတော့ စာရေးသူတယောက် အမှားတွေရေးနေတာ တွေ့ရင်လည်း ဝေဖန်သင့်ရင် ဝေဖန်ပါတယ်။ အဲဒါကတော့ လုံးဝပါစင်နယ် မဟုတ်ပါဘူး။
ကြောင်ဝတုတ်
June 24, 2012 at 7:43 am
မှန်ပါတယ်ကိုစံလှကြီးရေ…
ဝေဖန်တယ်ဆိုတဲ့နေရာမှာ ပုဂ္ဂိုဟ်ရေးမဖက်သောဝေဖန်မှုမျိုးကို ကျွန်တော်ကိုယ်တိုင်လဲ အလွန်ကြိုဆိုပါတယ်…
တကယ်ဆွေးနွေးကြမယ်… ပိုကောင်းတဲ့အတွေးအမြင်တွေထွက်လာမယ်… ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကို ပိုအကျိုးပြုနိုင်မယ့် ဝေဖန်ချက်မျိုးပါ…
အကြောင်းမယ့် နင်ဘယ်သူလဲ ငါဘယ်သူလဲဆဲနေတာမျိုးကိုတော့ဖြင့် လက်မခံနိုင်ပါဘူးကိုစံလှကြီးရေ…
San Hla Gyi
June 24, 2012 at 9:54 am
အင်း ကိုကြောင်ဝတုတ်ရေ
ခင်ဗျားပြောတာ တကယ်ကောင်းပါတယ်။ ဒါနဲ့ Fatty Cat နဲ့ ကြောင်ဝတုတ်က တယောက်စီလား။ တယောက်ထဲပဲလား။ ကျနော်လဲ အမှန်တော့ သူများကို ဝေဖန်ဖူးတယ်ဗျ။ အဲဒါကလဲ ကျနော့်ကို စဝေဖန်ပြီး ဝေဖန်တာတွေကလဲ လွဲနေတယ်လို့ သေသေချာချာကို ယုံကြည်တယ်။ ဆဲတော့ မဆဲဖူးပါဘူး။ ဒါပေမယ့် တခါတလေ ဝေဖန်တာကလဲ ဆဲတာထက် အခံရခက်တာ ရှိတယ်။ အဲဒီလိုင်းက ခွဲရသိပ်ခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ လူတယောက်ရဲ့ လုပ်ရပ်အမှားတွေကို ဝေဖန်တာနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အသွင်မျိုး ဖြစ်သွားတတ်တယ်။ အမှန်တော့ လုပ်ရပ်အမှားပါ။
“လူ” နဲ့ “မူ” ကတခါတလေ ခွဲရသိပ်ခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ မူကို အကောင်အထည် ဖော်နေတတ်တာ လူတွေကိုး။
ကြောင်ဝတုတ်
June 24, 2012 at 10:08 am
အစ်ကိုရေ တစ်ယောက်ထဲပါဗျာ
မြန်မာဗားရှင်းနဲ့ အင်္ဂလိပ်ဗားရှင်းပဲကွာတာပါ
အဟီး
မွန်မွန်
June 21, 2012 at 11:15 am
မနက်မိုးလင်းလို့ ရုံးတက်ပါတယ်ဆိုကတည်းက အထက်လူကြီးမျက်နှာက သုန်မှုန်လို့၊ အိမ်မှာပဲ ဘာဖြစ်လာတာလဲ… ဘာကိုပဲ အလိုမကျတာလဲ… လဲပေါင်းများစွာနဲ့ သူ့မျက်နှာကြည့်နေရတယ်။ အမှားတစ်ခုတွေ့တာနဲ့ ဘယ်သူလုပ်တာလဲဆိုတာ အရင်မကြည့်ဘဲနဲ့ တွေ့တဲ့နာမည်ကို ကြုံးအော်တယ်…personal ကို ရုံးကိုသယ်လာတော့ မနက်ခင်းရဲ့အဖွင့်က မလှတော့ဘူး။ စိတ်ကြည်ကြည်နဲ့ အလုပ်လုပ်မယ့်နေရာမှာ စိတ်က ထင့်သွားရော…
မိမိကြောင့် လက်အောက်ငယ်သား စိတ်မညစ်ပါစေနှင့်…. 🙂
ကြောင်ဝတုတ်
June 21, 2012 at 1:55 pm
မွန်မွန်ဆိုတဲ့နာမည်ကို အမှတ်တမဲ့သုံးလိုက်မိပါတယ်…
တိုက်ဆိုင်မှုကို ခွင့်လွှတ်ပါနော်…
ကြောင်ဝတုတ်
မွန်မွန်
June 21, 2012 at 2:32 pm
ဟုတ်…မွန်မွန်ကလည်း ဒီထဲက မွန်မွန်မဟုတ်ဘူးဆိုတာ ပြောမလို့ပါ..မေ့သွားလို့ 🙂
mamanoyar
June 21, 2012 at 11:49 am
မှန်ပါတယ်ရှင်
nature
June 21, 2012 at 11:59 am
သူကြီးပြောသလိုပြောရရင် ရန် ငါ စည်း ဆိုတာလိုမျိုးထင်ပါ့။
မောင်ပေ
June 21, 2012 at 12:28 pm
အမှန်က အချစ်ကြောင့်ဗျ
တစ်ယောက်ကို တစ်ယောက် ချစ်နေကြမယ်ဆိုရင်
ဘာရှော့မှ ရှိတော့မှာ မဟုတ်ဘူး။
Ma Ei
June 21, 2012 at 12:51 pm
တချို့လူကြီးတွေက အလုပ်မှာ
မိသားစုစိတ်ဓာတ်ထားကြ
ညီအကိုမောင်နှမလိုနေကြ
ဆိုပြီးပြောကြတယ်…
တချို့မိသားစု ညီအကိုမောင်နှမတွေ
တစ်သက်လုံး မခေါ်မပြောနိုင်နေကြတာတွေရှိတယ်…
လုပ်ငန်းခွင်မှာတော့ ချစ်လို့ ခင်လို့ အလုပ်လာလုပ်ပေးသူမရှိ သလို
မုန်းလို့ ကြည့်မရလို့ အတူနေ ဝန်ထမ်းချင်း မခေါ်မပြောလို့ မရဘူးလေ…
ဒါကြောင့် လုပ်သင့်တာက…
ခင်တာချစ်တာက သတ်သတ်…
မုန်းတာကြည့်မရတာက လဲ သတ်သတ်…
အလုပ်က အလုပ်မို့ …
တူတူ အလုပ်လုပ်…ပြောသင့်တာပြော….
ဟုတ်တယ်ဟုတ်…
pan pan
June 21, 2012 at 12:54 pm
ဒါကတော့ ခွဲသင့်တာပေ့ါ
မခွဲရင် အကုန်ဟတ်တက်ကွဲကုန်မှာကိုး
ဒါနဲ့ မဆီမဆိုင် ထပ်ကလိုင်လိုက်ဦးမယ်
ခုတလော လစ်ဘရယ်ဆိုတဲ့စကားကို နားမဆန့်အောင်ကြားနေရတယ်နော်
အကုန်လစ်ဘရယ်ဖြစ်တော့လည်း ကောင်းတာပါပဲ
ကိုကြောင်ဝတုတ်နဲ့ ကိုရွှေတိုက်စိုးတို့တောင် လစ်ဘရယ်ဖြစ်လို့ အပြင်မှာတောင်ဖုန်းကင်တူတူစားကြသေးတာပဲနော
ကြောင်ဝတုတ်
June 21, 2012 at 1:48 pm
ညီမလေးပန်ပန်ရေ…
လစ်ဘရယ်ဆိုတဲ့စကားကို နားနဲ့မဆန့်အောင်ကြားနေရတယ်ဆိုတာကလဲ အချိန်အခါတိုက်ဆိုင်နေလို့ပါ… အခုအချိန်မှာ ဘယ်သူကလစ်ဘရယ်…
ဘယ်သူက ကွန်ဆာဗေးတစ်ဆိုတာ ကွဲကွဲပြားပြားသိရတဲ့အချိန်ဖြစ်နေလို့…
လစ်ဘရယ်ဆိုတဲ့စကားကို ခဏခဏကြားနေရတာပါ…
ရှေးရိုးစွဲမဟုတ်ဘဲ…ကောင်းသောပြုပြင်ပြောင်းလဲရေးနှင့် ဘက်မလိုက်ရေးကိုလိုလားသူလို့ ဘာသာပြန်ရင်ဖြင့် လစ်ဘရယ်ဆိုတာ မကောင်းသောဘက်ကိုဦးတည်နေသူမဟုတ်ဘူးဆိုတာ သိသာထင်ရှားသည်မို့ လစ်ဘရယ်ဖြစ်ရတာ ရှက်စရာမဟုတ်ပါဘူးနော်…
ဒါပေမယ့် လစ်ဘရယ်ဖြစ်ရင် အသဲတော့နဲနဲမာရတယ်…
ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ကွန်ဆာဗေးတစ်ဦးရေပိုများနေတာကိုးကွယ်…အာဟိ
လစ်ဘရယ်
ကြောင်ဝတုတ်
ko khin kha
June 21, 2012 at 1:05 pm
Personal နဲ့ Professional ရောထွေးဆောင်ရွက်တာနဲ့ပတ်သက်ပြီး စကားလေးတစ်ခုရှိတယ်လေ။
လူကိုခင်ရင် မူကိုပြင်တယ် တဲ့။
manawphyulay
June 21, 2012 at 3:21 pm
အင်း အမှန်တရားတွေ ပြောသွားတာပဲ။
တော်တော်များများက မခွဲခြားတတ်တာ ဘာကြောင့်လဲမသိဘူးနော်။ အလုပ်ခွင်နဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို မခွဲခြားပဲ တစ်သဘောထဲမြင်နေကြတာတော့ အတော့်ကို အံ့ဩဖို့ ကောင်းလှပါတယ်။ ခံရတဲ့သူလည်း မစားသာပါဘူးလေ။ ဘယ်လိုပဲ အကောင်းမြင်အောင် အလုပ်ကြိုးစား ကြိုးစား မကောင်းမြင်စိတ်က ကြီးစိုးနေကြတာ များတယ်။ ဒီလိုလုပ်ငန်းရှင်တွေလည်း ဒုနဲ့ ဒေးရှိသေးတယ်ဆိုတာ ပြောချင်ပါသေးတယ်။
pooch
June 21, 2012 at 3:33 pm
လစ်ဘရယ် ဆိုလို့ပါ။
ဆိုင်လားမဆိုင်လားတော့ သိဘူး။ 😆
တခါက ကြည့်ဖူးတဲ့ ကြော်ငြာလေး သတိရတယ်။
ရှေ့က ဆရာက အားပေါင်အာရင်းသန်သန်နဲ့ ” Change ” ဆိုတဲ့ အပြောင်းအလဲဘယ်လောက်ထိ အရေးတကြီး လိုအပ်နေကြောင်း ကမာ္ဘကြီး တခုလုံး “Change” (အပြောင်းအလဲ) ဖြစ်မှ ရှေ့ဆက်ရတော့မယ်လို့ အကျယ်တဝင့်နဲ့ ပြောတယ်။
သူ့ လက်ချာလည်း ပြီး ရော စားပွဲမှာ ထိုင်နေတဲ့ သူတွေအားလုံး ကို မေးတယ် ။
ကဲ…… မင်းတို့မှာရော ဘာ ” Change” တွေ (အပြောင်းအလဲတွေ) ရှိလည်း ဆိုပြီး ။
အဲ့ဒီမှာ နားထောင်နေတဲ့ သူတွေ အားလုံးက သူတို့ အိတ်ကပ်ထဲက ” Change ” ( အကြွေစေ့တွေ ) အားလုံးကို ဝမ်းသာအားရနဲ့ အားတက်သရော ထုတ်ပြီး ပေးကြတယ်တဲ့။ 😆
အိုဘားမားကတော့ Change ဆိုတဲ့ စကားတခွန်းကြောင့် သမ္မတ ဖြစ်လာတယ် ပြောကြတယ်။
ဒီမှာလည်း ပြောင်းပါတယ် ပေါ်လစီတွေ ၈ လအတွင်းမှာ ၆ ခါလောက်
( ကားနဲ့ ပတ်သတ်တဲ့ ပေါ်လစီ)
ဟိုပြီးခဲ့တဲ့ လတွေ တုန်းက ကမာ္ဘနဲ့ချီပြီး နာမည်ကြီးတဲ့နံပါတ်တစ် စီးပွားရေး ပညာရှင်ကြီး လာတုန်းက ပြောသွားတာကတော့ rich nation , poor people တဲ့။
poor people တွေ (အစစအရာရာပညာအစ လူနေမှုအဆုံး နောက်ကျနေတဲ့) တိုင်းပြည်ကို ဆွဲတင်ရာမှာ rich people တွေသုံးတဲ့ ပေါ်လစီတွေက တိုက်ရိုက်တန်းသုံးရင် သိပ်ပြီး အံမဝင်တတ်ဘူးရှင့်။
လစ်ဘရယ်တွေ သိပ်မုန်းတဲ့ စကားကိုပဲ ထပ်ပြောမယ်။ သူ့အရပ်နဲ့ သူ့ဇာတ်မှာ အလယ်အလတ်နည်းကနေ စပြီး တဆင့်ချင်း အထက်ကို ဆွဲတင်လိုက်ရင် တော့ အစစအရာရာမြင့်လာမယ် ထင်ရတာပဲ။ ပညာတတ်လာရင် အလိုလိုပြောင်းလဲလာပါလိမ့်မယ်။
ခုချိန်မှာတော့ အကြွေစေ့တွေပဲ ထုတ်ပေးခံရလိမ့်မယ်။ 😆
profession and personal ဆိုလို့ပါ။
ကိုယ်တင် မကွဲတာလားလို့ ။ သူတို့လည်း မကွဲဘူးရှင့်။
တိုက်ဂါးဝုဒ် ဆိုလား ဘာဆိုလား သူ့ဟာသူ လိင်မှုကိစ္စ ရှုပ်တာကို စာချုပ်ထားတဲ့ ကြော်ငြာရှင်တွေ က ဖျက်သိမ်းဖူးတယ်။
ကလင်တန်ကြီး မော်နီကာကို ဟိုကိုင်ဒီကိုင် ကိုင်တာကို လွှတ်တော်ထဲထိ ပူညံပူညံလုပ်ဖူးတယ်ရှင့်။
တခါက နည်းပြလက်ချက်နဲ့ ဘက်ခမ်း နဖူးပေါက်တာ သူ့မိခင် ကလပ်အသင်းကို စွန့်သွားဖူးတယ်ရှင့်။
သိပ်မကြာခင်က မီရှယ်အို်ဘားမားရယ် အမေရိကန်ကလေးတွေအဝလွန်နေတဲ့ အတွက် junk food လိုဟာမျိုးတွေ ရှောင်ဖို့ ကျောင်းတွေ သွားပြီ ဆော်ဩပါသတဲ့လေ။ သူကျတော့ အိမ်ဖြူတော်မှာ ပွဲတခုအတွက် အစားအသောက်တွေ ပြင်ဆင်ရာမှာ junk food ပါလို့ အဝေဖန်ခံရတယ် ပြောတယ်။
ဆိုတော့ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတာတော့ တမျိုးပဲလားလို့ပါ။
work environment နဲ့ personal ( လုပ်ငန်းခွင်နဲ့ ကိုယ်ရေးကိုယ်တာ) ခွဲသိရမှကတော့ အလုပ်ရှင် အလုပ်သမားတိုင်းရဲ့ မသိမဖြစ်သိကိုသိရမဲ့ နီတိ တခုရှင့်။
ဒါပေမဲ့ လုပ်ငန်းခွင်မှာ professional and personal ခွဲခြားရမယ် ဆိုတာတော့ မကြားဖူးဘူးရှင့်။ 😆
professional တယောက်ရဲ့ personal image အရေးမကြီးဘူးလို့ ပြောတတ်တဲ့ လူတွေအကြောင်းကြုံရင် ပြောချင်သေးတယ် ။
ကျမကရယ် ဝါးလုံးခေါင်းထဲ လသာနေလို့ထင်ပါရဲ့ ။ မျက်စိက မှုန်သလို နားကလည်း ထိုင်းပါတယ်။ ကျပ်ကလည်း ပြည့်တာ မဟုတ်ဖူးရယ် ။ ဟိုပြောဒီပြော လျှောက်ပြောတတ်တာ ခွင့်လွှတ်ပါရှင်။ 😆
ပုံ/
ကျပ်မပြည့်သူ
ကြောင်ဝတုတ်
June 21, 2012 at 8:42 pm
တန်ဖိုးရှိတဲ့ ကော်မန့်တစ်ခုမို့ ပုချ်ရေ ကျွန်တော်သေချာပြန်ပါ့မယ်
အခုတော့ ကားပေါ်မှာ ဖုန်းနဲ့မို့ အကြွေးမှတ်ထားပေးပါဗျာ
မယ်ပုချ်အား အကြွေးတင်နေသူ
ကြောင်ဝတုတ်
ကြောင်ဝတုတ်
June 22, 2012 at 4:30 pm
မမပုချ်ရေ-
ကျွန်တော်သည်လစ်ဘရယ်လို့ဆိုကြရဝယ်…
အကုန်လုံး Change လုပ်မယ်လို့မဆိုလိုပါဘူး…
ဥပမာ ကိုယ့်နိုင်ငံနဲ့မကိုက်ညီသေးတဲ့ ဥပဒေတွေ အတွေးအခေါ်တွေကို အတင်းလစ်ဘရယ်ဖြစ်ဖို့ ဆွဲငြှိမှာမဟုတ်သလို ကွန်ဆာဗေးတစ်တွေရဲ့ အရိုးစွဲနေတဲ့အတွေးအခေါ်အယူအဆတွေကိုဖြင့် တကယ့်လက်တွေ့အနေအထားမှာ အသုံးမတည့်တော့သလို၊ အကျိုးမဖြစ်ထွန်းတဲ့အပြင် အကျိုးယုတ်မယ်လို့ထင်ရင်ဖြင့် ပြုပြင်ဖို့အတွက် အားမနာတမ်းပြောတတ်တဲ့ လစ်ဘရယ်တစ်ယောက်အဖြစ် ကျွန်တော်ခံယူထားတာပါ… ထပ်ပြောရရင်ဖြင့် မျက်ကမ်းမျိုးချစ် မဟုတ်သလို… မျက်ကမ်းလစ်ဘရယ်တစ်ယောက်လဲမဟုတ်ပါဘူးနော်…
နောက်တစ်ခုက ပညာတတ်လာရင် အလိုလိုပြောင်းလဲလာမယ်ဆိုတဲ့စကားလေးကို ကျွန်တော်ကြိုက်ပါတယ်… ဒါပေမယ့် ဘယ်တော့လောက်များဖြစ်မလဲဆိုတာကိုတော့ဖြင့် မမပုချ်ရော ကျွန်တော်ရော မူသေမပြောနိုင်တဲ့ကိစ္စပါ…
အရင်ကတည်းက ကျွန်တော်ခံယူထားတာတစ်ခုရှိပါတယ်… ကိုယ့်ပတ်ဝန်းကျင်ကလူတစ်ယောက်အပေါ်မှာ ကောင်းသောစကားတစ်ခွန်းပြောပေးနိုင်လို့ သူ့ဘဝအတွက်အကျိုးရှိမယ်… သူ့အမြင်သစ်တစ်ခုပွင့်လင်းလာမယ်ဆိုရင် ထိုသူကနေတဆင့် အခြားလူတစ်ယောက်ဆီကို ပြောဖြစ်မယ်ဆိုရင်… တစ်ဆင့်စကားနဲ့တတ်နိုင်သလောက် အကျိုးပြုမှုကို ကျွန်တော်အရင်ဆုံးစဉ်းစားပါတယ်နော်…
နေရိပ်အလာကိုဖြင့် နေပူကမစောင့်နိုင်ပါဘူးဗျာ… နေရိပ်ထဲကိုတော့ရှိတဲ့အင်အားနဲ့
သွားရမှာဖြစ်ပါတယ်….
နောက်တစ်ခုက ကျွန်တော်သုံးထားတဲ့ Professional & Personal ဆိုတဲ့စကားလေး အကြောင်းကိုလဲ ရှင်းပြချင်ပါတယ်ခင်ဗျာ…
ဒီလိုပါ… Personal ကို Working Environment ထဲမှာမရောပါနဲ့ဆိုတဲ့ပုံစံကတော့ဖြင့်
ပြောလေ့ပြောထရှိသည်ပေါ့… ဒါပေမယ့် P&P ဆိုတဲ့ပုံစံလေးလဲဖြစ်… မှတ်မိလွယ်အောင်လဲ ရေးလိုက်တာပါ… မျက်စိထဲမှာမြင်အောင်လဲပါတာပေါ့…
မမပုချ်ပြောထားသလိုမျိုးပေါ့နော်…
အကြွေစေ့တွေထုတ်ပေးမခံရအောင်နဲ့ ခေါင်းစဉ်လေးလှအောင်ရွေးလိုက်တာလဲပါပါတယ်…
တချိန်ကပါလီမန်ထဲမှာ မော်နီကာကိစ္စနဲ့အပြောခံရဖူးတဲ့ ကလင်တန်ဟာအခုအချိန်မှာ ဟောပြောပွဲတွေနဲ့ သူ့စကားတွေနဲ့သူ့အတွေးအခေါ်တွေကို ပိုက်ဆံပေးနားထောင်နေသူတွေ ဒုနဲ့ဒေးပါ…
အဲဒီလိုပါပဲ…
တိုက်ဂါးဝုဒ်တို့… ဘက်ခမ်းတို့လဲ သူ့ Professional အပိုင်းမှာ အခုချိန်အထိ နေရာတစ်နေရာနဲ့ ပိုင်ပိုင်နိုင်နိုင်ရပ်တည်နိုင်သူတွေချည်းပါပဲ…
မြန်မာနိုင်ငံစာရေးဆရာတွေထဲမှာ ခေါင်းမထောင်နိုင်အောင်အရက်သောက်တတ်သော ဆရာဦးသုမောင်၊ မိန်းမရှုပ်သည်ဟုနာမည်ကြီးသော ပါးချိုင့်လေးနှင့် ဆရာသော်တာဆွေ သူတို့ရဲ့ Personal အပိုင်းထက် သူတို့ရဲ့စာပေတွေဟာဖြင့် ကျွန်တော်တို့လိုစာဖတ်ပရိတ်သတ်တွေကြားထဲမှာ ကြာရှည်ရပ်တည်နိုင်တာပါပဲ…
ကျွန်တော်ဒီစာကိုဘာကြောင့်ရေးသလဲဆိုတာထပ်ပြောပါဦးမယ်…
ရွာထဲမှာ ကျွန်တော်တို့ ပိုစ့်တွေရေးကြပါတယ်…
ရသပါမယ်… ဟာသပါမယ်… ဘဝအတွေ့အကြုံတွေပါမယ်… အတွေးအခေါ်စာပေတွေပါမယ်.. နိုင်ငံရေး၊ ဘာသာရေးတွေပါပါမယ်…
အဲဒီနေရာမှာ ဂေဇက်ဝင်တွေအနေနဲ့ အတွေးအခေါ်တွေကို လွတ်လပ်စွာကွဲလွဲပြီး၊ အချက်အလက်တွေစုဆောင်းဆွေးနွေးကြသူများရှိသလို…
မဆိုင်တဲ့ Personal တွေကိုဦးတည်ပြီး မိုးမွှန်အောင်ဆဲထားတဲ့အကြောင်းအရာတွေလဲ မမပုချ်မြင်မယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ…
မယုံရင်ဖြင့် အခုတလောရခိုင်အကြောင်းအရာတွေမှာအများဆုံးပေါ့…
အဲဒီလိုအနေအထားမှာ ကျွန်တော်တို့လို ဂေဇက်ကိုမိသားစုလိုသဘောထားတဲ့ဂေဇက်ဝင်တွေ အနေနဲ့ရှေ့ဆောင်လမ်းပြလုပ်ပြီး ထိန်းမတ်ပေးရပါမယ်…
အဲဒီလို ထိန်းမတ်ပေးဖို့လဲ ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ ရင်ဘတ်ကြီးနဲ့ခံယူမိပါတယ်…
အဲဒီအတွက် ဒီစာကိုရေးမိတယ်ဆိုတာ ဝန်ခံပါတယ်နော်…
မမပုချ်ကို ဝါးလုံးခေါင်းထဲလသာနေတယ်… မျက်စိမှုန်နားထိုင်းကျပ်မပြည့်လို့မပြောပါဘူးဗျာ…
အတွေးအခေါ်ကောင်းတစ်ခုနဲ့ ကျွန်တော့်ပိုစ့်မှာလာပြီးဆွေးနွေးတဲ့အတွက်တောင်
ကျေးဇူးအထူးတင်ရပါသေးတယ်…
အရီးလတ်စကားနဲ့ပြန်ပြောရရင် စက်တွေနဲ့အမြဲနေတဲ့ကျွန်တော် တစ်ခါတစ်လေလူတော်တော်များများနားလည်အောင်စကားမပြောတတ်ရင်ဖြင့် ခွင့်လွှတ်စေချင်ပါတယ်…
နောက်တစ်ခုကပုချ်ရေ…
ဘောလုံးပွဲမှာ အကြွေစေ့နဲ့ပစ်ရင် ပွဲကြည့်ခွင့်တစ်သက်တာပိတ်ပင်ခံရတယ်တဲ့…
မမပုချ်လဲ ကျွန်တော့်ကို အကြွေစေ့နဲ့မပစ်ဘူးထင်ပါတယ်… နောက်တာပါနော်…
တကယ်တော့ ကျွန်တော်က မမပုချ်ရဲ့အကြွေစေ့ကိုလန့်နေသူပါ…
အကြွေစေ့ကိုကြောက်တတ်သူ
ကြောင်ဝတုတ်
pooch
June 22, 2012 at 5:27 pm
“ကျွန်တော်သည်လစ်ဘရယ်လို့ဆိုကြရဝယ်…
အကုန်လုံး Change လုပ်မယ်လို့မဆိုလိုပါဘူး…
ဥပမာ ကိုယ့်နိုင်ငံနဲ့မကိုက်ညီသေးတဲ့ ဥပဒေတွေ အတွေးအခေါ်တွေကို အတင်းလစ်ဘရယ်ဖြစ်ဖို့ ဆွဲငြှိမှာမဟုတ်သလို ကွန်ဆာဗေးတစ်တွေရဲ့ အရိုးစွဲနေတဲ့အတွေးအခေါ်အယူအဆတွေကိုဖြင့် တကယ့်လက်တွေ့အနေအထားမှာ အသုံးမတည့်တော့သလို၊ အကျိုးမဖြစ်ထွန်းတဲ့အပြင် အကျိုးယုတ်မယ်လို့ထင်ရင်ဖြင့် ပြုပြင်ဖို့အတွက် အားမနာတမ်းပြောတတ်တဲ့ လစ်ဘရယ်တစ်ယောက်အဖြစ် ကျွန်တော်ခံယူထားတာပါ… ထပ်ပြောရရင်ဖြင့် မျက်ကမ်းမျိုးချစ် မဟုတ်သလို… မျက်ကန်းလစ်ဘရယ်တစ်ယောက်လဲမဟုတ်ပါဘူးနော်…”
ဟီး…. လိုချင်တာ အဲ့ဒီခံဝန်ချက်ပါ။ ဆွလိုက်ရတာ မနည်း။ 😆
ကိုလစ်ဘရယ် ဝတုတ်ရေ လစ်ဘရယ်လို့ အမည်ခံပြီး နာမည်ကြီး လစ်ဘရယ် Gandhi ( ဂန္ဒီ ကြီး ) ကိုမေ့ထားသလားလို့ပါ။
ကြားဖူးတာလေးပါ ။ တခါက ဂန္ဒီကြီး ဆီကို မိခင်တယောက်က ကလေးကိုခေါ်လာပြီး အချိုတွေစားပြီး ချောင်းဆိုးရင်ကြပ်ဖြစ်တာ ဆက်မစားအောင် ဆုံးမပေးပါလို့ ပြောတာ နောက်တပတ်နေမှ ပြန်လာခဲ့ဆိုပြီး မှာလိုက်တယ်တဲ့။ နောက်တပတ်ကျမှ ကလေးကို အချိုတွေ မစားဖို့ ဆုံးမပြီး ချော့မော့ ပြန်လွှတ်လိုက်တယ်တဲ့။ အကြောင်းက သူကိုယ်တိုင် အချိုစားနေလို့ အချိုဖြတ်ပြီးတဲ့ အခါမှ အဲ့ဒီဆုံးမစကားကို ပြောတာတဲ့။ ဆိုတော့ ရှင်ပြောတဲ့ personal image ဟာ အရေးမကြီးဘူးလို့ ပြောတဲ့ စကားကို ထောက်ချင်တာပါ။ ( သတိ … အကြွေစေ့နဲ့ ပစ်တာ မဟုတ်ပါ)
ဒါပေါ့ ခုခေတ်မှာ အားလုံးလိုလို က ငါပြောတဲ့အတိုင်းလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတာတွေချည်းပဲလေ။ လူတိုင်းက ဂန္ဒီလို ကျင့်ကြံနိုင်တဲ့သူမှ မဟုတ်တာ။ ဒါကြောင့်မို့ နှစ်ပေါင်းများစွာ သူ့အကြောင်းပြောမပြီးတာ။
ဒီခေတ်ထဲမှာ မရှိသလောက် ရှားပါးနေတာ( moral integrity ) အထက်တန်းကျတဲ့ စိတ်ယဉ်ကျေးမှုပါ။
စကားမစပ် ဘောလုံးပွဲမှာ အကြွေစေ့နဲ့ ပစ်ရင် ပွဲကြည့်ခွင့်ပိတ်တယ်ဆိုလို့ပါ။
ဒီမှာရေသန့်ဗူးနဲ့ ပေါက်တာတောင် မပိတ်ဖူး။ နောက်တာပါ ။ 😆
အရီး Khin Latt
June 22, 2012 at 7:42 pm
အခုမှ မောင်ဂီ ဟိုဘက်ကွင်းမှာ ပြောလိုက်တဲ့ “အကြွေစေ့” အကြောင်း ရှင်းတော့ တယ် Pooch ရေ။
ဒါထက် ကြောင်ဝလေး ပြောတဲ့
{{ “ဘောလုံးပွဲမှာ အကြွေစေ့နဲ့ပစ်ရင် ပွဲကြည့်ခွင့် တစ်သက်တာ ပိတ်ပင်ခံ ရတယ်တဲ့…”}}
စိတ်ဝင်စားစရာ အကောင်း သား။
အဲဒီ အကြွေစေ့ နဲ့ ပစ်တဲ့ သူကို သိနိုင်ဖို့ ဘယ်လို Record လုပ်ထားတာလဲ ဆိုတာ။ 🙄 😉
Azzurri
June 22, 2012 at 9:30 pm
မပုချ်ရာ …
ဟိုတခါလည်းပြောပြီးပြီ ..
ထပ်ပြောပါရစေ …
၁၉၇ဝပြည့်လွန်နောက်ပိုင်းမှ ဖွံ့ဖြိုးတိုုးတက်လာတဲ့
အယူအဆ တွေ ..အတွေးအခေါ်တွေ လုပ်ထုံးလုပ်နည်းတွေ ..
ကျင့်ကြံပုံ ကျင့်ကြံနည်းတွေ ရှိရဲ့ … (အဲ …. အိုင်တီ ဆိုတာ အဲ့နောက်မှ..
ထားဦး အိုင်တီကို ထည့်မပြောသေးဘူး …)
အနှီ ဂန်ဒီကြီး ….ဒါတွေဖတ်ဖြစ်ရင် ဖတ်ဖူးရင် …နှလုံးသွင်းရင် …
ဘယ်လို တွေးခေါ်မျှော်မြင်မယ် သိချင်သားဗျ. …
ခေတ် မတူတော့ သည်အတွေးက …ရီလေ့ဗန့် မဖြစ်ဘူး ဆိုတာနဲ့ ငြင်းပါရစေဗျား …
မပြောနိုင်ဘူးနော … သည်ဘက်ခေတ်သာ မွေးလာတဲ့ လူဆို …
ဒိုတီကို ပရိုမိုးရှင်းပေးနိုင်တဲ့ ကမာ္ဘတန်း မာကတ်တာ ဖြစ်ချင်ဖြစ်နေမှာ ….
တော်သေးဘီ
ခင်တဲ့….
Azzurri
June 22, 2012 at 9:21 pm
ဟုတ်တယ်. .. ဘာ ချိန်းရမှာလည်း …ဘာမှ ချိန်းဇယာ မလိုဘူး…
တို့ ပုမမ ပြောတာ … ဇွန်း ၂ချောင်းတပ်တဲ့ ရှယ် အမှန် ….
😀
ကိုယ့် အရပ် ကိုယ့်ဇာတ်သာအကောင်းဆုံး ….
ခုပဲကြည့် …
ကိုကာကိုလာ မက်ဒေါ်နယ် ဂျီအီး ကတ်တာပီလာ၊ ဆဲဗင်းအီလဲဗင်း ..
အေအွန် … ပရော့တာ အင်န် ဂမ်းဘဲလ် အေအန်အေ ဗီဇာ မာစတာ
လစ်ပတင်န် နဲ့ စတားဘာ့ဂ် တို့ဆိုတာ … ကမာ္ဘတန်း နာမယ်ကျော်တဲ့
အန်ဂျီအိုဒွေ … သူတို့ အခု လာကြမယ်တဲ့ …တော်ရေ့…
ထမင်းရေ ချောင်းစီး အလှူဂျီးတွေ ပေးကြမယ်တဲ့….
ပိုက်ပိုက်တွေ တပြွတ်ကြီး ပေးကြမှာတဲ့ …..
ဘာမှမလုပ်ဘဲကို အချီကြီး ချမ်းသာ ဦးမှာ …
ဘာပြုပြင်ပြောင်းလဲရေးလဲ ..လိုဝူး …ခုတောင် ပြောင်ပြောင်မြောက်မြောက်
အောင်မြင် ထင်ရှား ကျော်ကြား ထက်မြက်စွာ တောက်ကြွားနေပြီပဲဟာ …
ဘာဘာဘာမှ မကြားချင်ဝူး …ဟုတ်ပလား ..
အဲ …. ဘစ်ဇနက်မော်ဒယ်တို့ … စွက်ဒဂျီ တို့ ….ကေ့စ်စတာဒီတို့ဆိုတာတွေလည်း
နားမယောင်ကြပါနဲ့ ပိတ်သတ်ကြီး … အဲ့ဒါတွေက အင်္ဂ ါဂြိုလ်ပေါ်မှာ ဖြစ်တာတွေ
ရေးထားတာ ပါ … ဖိလစ်ကော့တလာ ဆိုတာ ဂျေကေရိုးလင်း အရင်ပေါ်တဲ့
ိစိတ်ကူးယဉ် စာရေးဆြာ ကြီးပါ ..ခွင့်လွှတ်လိုက်ပါ …. အသက်လည်းကြီးရှာပါဘီ …
အဲ့ထဲက မထှော် မနန်းတွေ လာပြောရင်တော့ … မျက်စိကိုမှိတ် ဖင်ကို ပိတ်ပြီး …
စန်ဒါ ပြ ပေးကြပါ … အနီကတ်လေးဒွေ ချီးမြှင့် လက်မလေးဒွေ အောက်စိုက်ရင်းနဲ့ပေါ့ …
ဘယ့်နှယ့် ပေါက်ကရ ပြောသူတွေများပြောပါတယ်ကွယ်. …ကိုယ့်အရပ်ကိုယ့်ဇာတ် ဂလောက်
ထွန်းတောက်နေတာ ..မနာလိုလို့ ပြောင်းပါ ပြောင်းပါ အသံပေးနေတာ ..မသိရင်ခက်မယ် ဟွန့် ….
ဒင်းတို့ အမှတ်မရှိတာများပြောပါတယ်…. ဒင်းတို့ကိုးကွယ်တဲ့
စတေးဖူးလစ်ရှ် စတေး ဟန်းဂရိ ဆိုတဲ့ လူဂျီးတောင် မဟုတ်တာတွေ အပြောများလို့
အရွယ်မတိုင်ခင် သေသေးတာရယ်… ဒါတောင် အမှတ်မရှိကြဘူး ….
အိုဘယ့် လစ်ဘရယ်…
အဟိ …
😀
ကြောင်ကြီး
June 22, 2012 at 10:15 am
စစ်တပ်နိုင်ငံရေးထဲမှာ ဝင်ရှုပ်နေဒါရော ဘယ်လိုသဘောရလဲဗျ…။ အဲဒါလေးလဲ သုံးသပ်ပေးဗာအုံး…
အရီး Khin Latt
June 22, 2012 at 3:08 pm
ကကြောင်
စစ်တပ် ရဲ့ Professional က အုပ်ချုပ်ရေးပိုင်း မဟုတ်ပါ။
တိုင်းပြည် နဲ့ ပြည်သူလူထု ကို ဘေးအန္တရာယ် အပေါင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။
ဒါကို “ငါတို့ မှ မကယ်ရင် တိုင်းပြည်ကြီး ချောက်ထဲ ကျ တော့ မကိုး” ဆိုတဲ့ ငါစွဲ၊ အာဏာစွဲ Personal များ ပါလာပါသည်။
အဲဒီ နောက်မှာ ကိုယ်ပိုင် ကြီးပွါးရေး အတွက် Personal များ ပါလာပါသည်။
အဲဒီ နောက်မှာ ငါ မပြုတ်ရေး Personal များ ပါလာပါသည်။
အဲဒီ နောက်မှာ ကိုယ့်ထက်သာသူ များ ကို အပုတ်ချရေး၊ ဖိနှိပ် ရေး Personal များပါလာပါသည်။
အားလုံး ကို သိမ်းကြုံး၍ ဝါးလုံးရှည် နှင့် မရမ်းလိုပါ။
အမှန်တရား အတွက် Personal Emotion မပါဘဲ ပြည်သူ့ အကျိုး ကို ဆောင်ရွက်မည့် စစ်တပ် အတွက် ကျွန်မတို့ အားလုံး အခုအချိန်မှာ မျှော်လင့်ချက်ကြီးစွာ ရှိနေပါသည်။
Professional စိတ် ဓာတ်ဖြင့် ပူးပေါင်းကူညီကြပါ လို့ လဲ ဦးညွှတ်ပြီး တောင်းပန်ပါတယ်။
အရီး Khin Latt
June 22, 2012 at 2:58 pm
ကြောင်ဝ လေး
မင်း ပြော တဲ့ Professional နှင့် Personal ကို အင်္ဂလန်အသင်းသားများ က လဲ ကောင်းကောင်း ကြီး နားလည် ပါတယ်တဲ့။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုတဲ့ အနေ နဲ့ ကို အီ နေတဲ့ သူတွေ ကို အိမ်ပြန်ပို့ မှာတဲ့ ဗျား။
ဒီတော့ မင်းတို့ လူတွေ ကို အထုတ်သာပြင်ခိုင်း ထား ပေတော့။ 😀
(တကယ်တော့ ပြောသာပြောရ တယ်၊ ခပ်လန့်လန့် ဘဲ။ စိတ်မချရပါ။ 😉 )
R Ga
June 22, 2012 at 4:30 pm
မိုက်တယ်ဗျာ..။ရေးထားတာကောင်းတယ်ဗျာ။ ဟုတ်ပ..ကျွန်တော်တို့တွေ အခုထိ မခွဲခြားတတ်သေးဘူး။… အမှန်ပြောရရင် ကျွန်တော်ကအစပေါ့..။
ခပ်မိုက်မိုက် ခပ်ချောချော ခပ်သဘောကောင်းကောင်း ခပ်ဖေါ်ဖေါ်ရွေရွေ ၊ကျွန်တော်နဲလည်းအဆင်ခပ်ပြေပြေ ကောင်မလေး ဆိုရင် သူအမှားလုပ်မိတောင် ကျွန်တော်က ညီမလေး ဒါက ဒီလိုရှိတယ်။ ဟိုဟာက ဟိုလိုရှိတယ်။ နောက်အမှားအလုပ်ပါနဲ့။စသဖြင့်။ သေချာနားလည်သဘောပေါက်အောင်ရှင်းပြတယ်ဗျ..။ အိမ်း အကျော့မတည့်။ အပေါက်အလမ်းအဆင်မပြေ။ ရုပ်ကခပ်မာမာနဲ့များဆိုရင်တော့….ဟင်းဟင်း..ဟ်ငူူးးဟင်း..ကျောတော့ဝူး…။
ကြောင်ဝတုတ်
June 22, 2012 at 4:50 pm
အဲလိုနဲ့ပဲ မိန်းမတစ်ယောက်ရခဲ့တယ်ဆိုပါတော…ဟီးဟီး
we R one
June 22, 2012 at 5:37 pm
အပြည့်အဝ ကြီး ကို သဘောကျ ထောက်ခံပါတယ်..။ ကျွန်မ တို့ရုံးမှာလည်း Personal ကို Professional ထဲ ခေါ်လာလို့ ကွဲနေလိုက်ကြတဲ့ ဂိုဏ်အသီးသီး စိတ်ပျက်စရာကောင်တယ်..။ ဘယ်နေ့ နပန်းလုံးကြမလဲ သတိထားနေရတယ်..။ ကြားထဲက နေရတဲ့သူလည်း တော်တော် ကို စိတ်ကသိကအောင် ဖြစ်ရတယ်
Azzurri
June 22, 2012 at 9:49 pm
မဆုံသင်းတုန်နဲ့ ကိုဖက်တီးကတ် ပြောတဲ့အထဲမှာ …
ဒီပါ့မန့် ကိစ္စတွေ ပါလာလို့ မန့်လိုက်ပါဦးမယ်. ..အဲ့ ကိစ္စကို ….
မသိတဲ့လူတွေ အထက်မှာ ကျုပ်ရေးထားတာတွေ ကို အရည်လည်စေဖို့လည်းပါပါတယ်…
သည်လို ဒုတိယ ကမာ္ဘစစ်ပြီးတယ် …. စစ်ပြန် ရာထူးကြီးတွေ အငြိမ်းစားရတယ်
စီးပွားရေးနယ်ပယ်ထဲ ..ခြေစုံပစ်ဝင်တယ်.. .အဲ … စစ်တပ်ထဲကလို တသွေးတသံ တမိန့်နဲ့ အုပ်ချုပ်တယ်…
လူဂျီးတွေဝင်လုပ်တယ်ပေါ့ … အဲ့မှာ အလုပ်ဆိုသည်မှာ အလုပ်သမားဆိုသည်မှာ ဘာညာ အတွေးအခေါ်တွေဝင်ရင်း
theory x, theory y တွေထွက်တယ်… (နောက်ပိုင်း သီအိုရီ Zထိ ….) ထားပါတော့
အနှစ်ချုပ်ရင် လူဟာလူမို့ လူလိုဆက်ဆံဖို့ဖြစ်လာတွေးခေါ်လာရင်းကနေ HR ဆိုတဲ့ ဘာသာရပ် မွေးလာတယ်…
အဲ ..သည်ဘက် ရောင်းတဲ့ဘက်မှာလည်း .. sell ice to Eskimo ခေတ်ရှိဖူးတယ်….
ဆိုလိုချင်တာ ..တော်ကီသာ ကြွယ် ပါစေ … ရောင်းရတယ် ရောင်းကောင်းတယ်ပေါ့ …
အနှီပုံပြင်ကို ငတုံးအတော်များများက သည်အခန်းထိ ပဲစဉ်းစားပြီးရပ်ထားကြတာများတယ်..
အဲ့ ဆက်စဉ်းစားရင် ..ငါတော့ သိပ်လိုက်ရပြီ နှိပ်လိုက်ရပြီ ဆိုပီး ကျေနပ်ပြီး ပြန်သွားတယ်..
မကြာခင် အက်စကီးမိုးက သူ ဂျင်းထည့်ခံရမှန်းသိသွားတယ် …
အဲ အဲ့သည့် ကန်ပနီ ကိုလုံးဝ ချဉ်သွားတယ် …လုံးဝ မဝယ်ဘူး …ရွာကိုလာရင်
ရိုက်ထုတ်မယ် ဆိုတာအထိ အက်စကီးမိုးက မုန်းသွားတယ်…
နောင်တချိန် မှန်ကန်တဲ့ ပစ္စည်း … အကောင်း … ကို
လာရောင်းတာတောင်မှ သည် ကန်ပနီဆို နိုးနိုးတို့
သည်ဘရန်းဆို မီးဒုတ်တို့ ကြုံလာရတယ်….
လိမ်ရောင်းတဲ့ ဆေးလ်စ် ကိုပြောပါတယ်…
တကယ်က မားကတ်တင်း နဲ့တိုင်ပင်ရမှာ…
ဘယ်သူ ဦးဆောင် ဘယ်သူနောက်လိုက် ဆိုတာတော့ ရောင်းကုန်အပေါ်မှာ
မူတည်ပြီး ကွာမှာဖြစ်ပေမယ့် ..မလိုပါဘူးကွာ ငါတို့သည်လိုပဲ
တသက်လုံး လုပ်စားနေတာပါ ဆိုပြီး ပြောနေ ငြင်းနေလို့ကတော့ …
အဲ ..မတူဘူးဆက်ပြောနေလို့ကတော့… အရင်အတိုင်းဆို ဘာမှမပြောပါဘူး ..
ခုလို ပွင့်လင်းလာစပြုတဲ့ အချိန်မှာတော့
အင်း လုံးဝ မထောက်ခံပါကြောင်း ….
ပြည်တွင်းက HR နဲ့ Marketing pro တွေကိုယ်စား ရေးပေးလိုက်ပါတယ်…
ရပ်ကွက်ထဲ လိုက် ပစ္စည်းမိတ်ဆက်နေသူချာတိတ်တွေကို ..မားကတ်တင်းလို့
ပြောခန့်တဲ့ သူဌေး အဝိဇာတွေကိုရော … မားကတ်တင်းဆိုတာနဲ့ …
သူများ ညာထားတဲ့ ဆေးလ်စ်ဖိုစ့်လောက်ကိုပဲ မြင်မိတဲ့ လူတွေကိုလည်း …ဒါဟာ
မှားယွင်းတယ်ပြောလိုပါတယ်..
ကြုံရင် ရေးပါဦးမယ် …
ဘဘဘလက်ရေးဖူးတာ သတိရပါတယ် …
ထူးထူးခြားခြား ဈေးရောင်းနည်းလေးများ တွေ့ရင် မားကတ်တင်း အော်ကြသူတွေ
အတွက်တော့ … အဲ့ဒါ မားကတ်တင်း လုံးဝ မဟုတ်သေးဘူး ဆိုတာလေး ပြောပြခဲ့ချင်ရဲ့…
blackchaw
June 23, 2012 at 3:50 am
ကြောင်ဝတုတ်ရေ…။
အံ့ဩစရာကောင်းတာက
အခုတလောညီလေးရဲ့ အတွေးအရေးလေးတွေက
တော်တော် သပ်သပ်ယပ်ယပ်နဲ့
(သဘောတူသူ မတူသူ ကွဲပြားချင်ကွဲပြားမှာ ဖြစ်ပေမယ့်)
လှပနေခဲ့တာပါပဲ။
အတွေးရဲရဲ အရေးရဲရဲ နဲ့
(တွေးရဲပေမယ့် ရေးရဲဦးမှလည်း ဖြစ်တာကိုး)
တွေးတတ်ရေးတတ်တာကို
(တွေးတတ်ပေမယ့် ရေးတတ်ဦးမှ ကိုး)
ထင်းထင်းကြီး ပေါ်လွင်လာတာ သိသာထင်ရှားနေပါတယ်…။
ပြီးတော့
ကွန်းမန့်ပေးလာသူတွေကို
ပြန်ဆွေးနွေးတာလေးတွေကလည်း
လှနေပါတယ် ဆိုတဲ့ အကြောင်း
အရင်ဆုံး ချီးကျူးဂုဏ်ပြုမှုကို လက်ခံပေးပါ ဗျာ…။
ဒီပို့စ်လေးက Editor’s Choice စာရင်းဝင်ခဲ့ပြီး
စတစ် ဖြစ်ခဲ့တာအတွက်လည်း ဂုဏ်ယူပါတယ်ဆိုတာလေးလည်း ပြောပါရစေ…။
နည်းနည်းလေး ဝင်ဆွေးနွေးချင်တာက
ပြီးပြည့်စုံသောသူဆိုတာ မရှိနိုင်ဘူးဆိုတာပါပဲ…။
ကျွန်တော် တစ်ခါက ရေးခဲ့ဘူးသလို
ကျောင်းစာမေးပွဲတွေမှာ စာမေးပွဲတွေရဲ့ အောင်မှတ်က
အမှတ် ၄ဝ ပါ။ (မြန်မာပြည်ကျောင်းတွေကို ဆိုလိုတာပါနော်)
၆၀% မှားခွင့်ပေးထားတယ်ဆိုတဲ့ သဘောပေါ့ဗျာ…။
နောက်တစ်ဆင့်တက်ရရင်
ဂုဏ်ထူးမှတ်ကလည်း ၇၅ မှတ် သို့မဟုတ် ၈ဝ မှတ်ပါ။
၂ဝ သို့မဟုတ် ၂၅ ရာခိုင်နှုန်း မှားသူကိုတောင် ဂုဏ်ထူးပေးတဲ့ သဘောပါ။
အဲဒီတော့
အလုပ်ထဲမှာ စီမံခန့်ခွဲနေကြသူတွေ အားလုံး သိကြမှာပါ။
လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေကို အကဲဖြတ်တဲ့အခါ
အမှတ်ပြည့်ရတဲ့လူ သို့မဟုတ် စိတ်ကြိုက်ဖြစ်တဲ့လူက
အင်မတန် နည်းပါတယ်။
ရှိတာလေးနဲ့ လှအောင်ဝတ်ကြရတဲ့ သဘောက ပိုပါတယ်…။
ဆိုတော့ ခွင့်လွှတ်နိုင်တဲ့အမှားနဲ့ ခွင့်မလွှတ်နိုင်တဲ့ အမှားဆိုပြီး
ခွဲခြားထားရပြန်ပါတယ်။
ခွင့်မလွှတ်နိုင်တဲ့ အမှားကျူးလွန်သူကိုတော့ မဖြစ်မနေလမ်းခွဲကြရတာပါပဲ…။
(အလုပ်က ထုတ်ပစ်ပေါ့ဗျာ)
ခွင့်လွှတ်နိုင်တဲ့ အမှားကျူးလွန်သူကို နောင်ဒီလိုမဖြစ်စေနဲ့ ဘာညာလောက်နဲ့
သတိပေးသင့်ပေးရပါတယ်…။ ကြီးတဲ့ အမှုငယ်စေ..၊ ငယ်တဲ့ အမှု ပပျောက်စေပေါ့ဗျာ…။
ဝန်ထမ်းကို လုံးဝမှားခွင့်မပေးဘူးဆိုတဲ့ ကုမ္ပဏီနဲ့ မန်နေဂျာတွေဟာ
အောင်မြင်ကြတာ ရှားတယ်လို့ … ကျွန်တော်ထင်ပါတယ်။ (အထင်…)
ဒါက တစ်ပိုင်းပေါ့ဗျာ…။
ခင်ဗျားရေးထားတဲ့ Professional နဲ့ Personal ဆိုတာမှာလည်း
ခွင့်လွှတ်သင့်တာနဲ့ ခွင့်မလွှတ်သင့်တာ ကို ခွဲသင့်တယ်လို့ ထင်မိပြန်ပါတယ်ဗျာ။
ဘယ်လို အရာကို ခွင့်လွှတ်ပြီး ဘယ်လိုအရာကို ခွင့်မလွှတ်ဘူးဆိုတာကတော့
တစ်ယောက်နဲ့ တစ်ယောက် စံနှုန်းခြင်းတူဖို့ မဖြစ်နိုင်တာကြောင့်
ညှိဖို့တော့ မကြိုးစားပါနဲ့ ညီလေးရေ…။
လေးစားမှုဖြင့်
ဘလက်…
(၂၃-၆-၂၀၁၂)
မနက် ၃ နာရီ ၄၅
(စာကြွင်း။ ။ ဒီကွန်းမန့်ကို အာရှတော်ဝင်ဆေးရုံပေါ်မှာ ရေးပါတယ်။
ဖုန်းနဲ့ အင်တာနက်သုံးနိုင်ဖို့ အကူအညီပေးတဲ့ ညီငယ်ရွှေတိုက်စိုး ကိုလည်း ကျေးဇူးတင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလထဲတော့ စာရေးနည်းနေဦးမှာပါပဲ ကြောင်ဝတုတ်ရေ…)
ကြောင်ဝတုတ်
June 24, 2012 at 7:54 am
ကျွန်တော့်အပေါ်မှာ အရေးတယူစိတ်ထားတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ် လေးဘလက်ရေ…
အရင်ဆုံးစာမေးပွဲကိစ္စကိုဆွေးနွေးပါ့မယ်…
ရွာထဲမှာ Professional နဲ့ပတ်သက်တဲ့စာမေးပွဲတွေကို ဖြေဖူးတဲ့လူတွေရှိကောင်းရှိမှာပါ…
အခုခေတ် နိုင်ငံတကာစံညွှန်းနဲ့စစ်တဲ့စာမေးပွဲတွေမှာ ၈၀% အထက်အမှတ်ရရှိမှသာ စာမေးပွဲအောင်မြင်နိုင်မယ်ဆိုတာကို သိသိသာသာပြောင်းလဲပြီးဖြစ်တယ်နော်…
နောက်တစ်ခုက စာမေးပွဲမှာ အမှတ်(၁၀၀) ဖိုးမေးတယ်ဆိုတဲ့ခေတ်လဲကုန်သွားပါပြီ…
အမှတ် (၁၀၀၀) ဖိုးမေးချင်မေးမယ်… ဒါပေမယ့် ဖြေသောသူသည် ဘယ်လောက်ရာခိုင်နှုန်းကို ဖြေနိုင်သလဲဆိုတဲ့အပေါ်မှာ အအောင် အရှုံး သတ်မှတ်တာပါ…
အဲဒါက ဘာလို့ပြောင်းလဲခဲ့လဲဆိုရင်… ဒါကျက်… ဒါဖြေစနစ်ကို ဖျက်သိမ်းပြီး၊ ဒါကိုဖတ်… ဘယ်လိုမြင်ဆိုတဲ့စနစ်ကိုကူးပြောင်းတဲ့အခါမှာ အမှတ်ပေးစနစ်ပြောင်းလဲသွားရတာပါ…
အဲဒီတော့ Professional တွေတော်တော်များများရဲ့ခေါင်းထဲမှာ ဘယ်လောက်ရာခိုင်နှုန်း အလုပ်အပေါ်သက်ရောက်မှုရှိလဲဆိုတဲ့အတွေး ဖြစ်လာတယ်ဆိုကြပါစို့နော်…
အမှတ်ရဖို့ထက်… အလုပ်ရဲ့သက်ရောက်မှုဘယ်လောက်ရလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် သင်ကြားပေးလိုက်တာပါ…
ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုမျိုးစနစ်တွေပြောင်းဖို့လိုနေပါပြီ… ဒါပေမယ့် ချက်ချင်းမလုပ်နိုင်သေးပါဘူး…
အချိန်တွေတော့ယူရပါဦးမယ်…
နောက်တစ်ခုက ခွင့်လွှတ်သင့်သောအမှားနဲ့ ခွင့်မလွှတ်သင့်သောအမှားပါ…
ဥပမာ… အလုပ်တစ်ခုမှာ ဝန်ထမ်းက ပစ္စည်းခိုးတာက ခွင့်မလွှတ်နိုင်သောအမှား
ဝန်ထမ်းက ခွင့်လိမ်ယူတာ ခွင့်လွှတ်နိုင်သောအမှားပါ…
သေချာစဉ်းစားကြည့်ရင်ဖြင့် အကြောင်းအချက်ကို သိနိုင်ပါတယ်နော်…
စာရေးသူတစ်ယောက်အနေနဲ့… ထပ်ပြောရရင် အနုပညာရှင်တစ်ယောက်အနေနဲ့
အမှားတွေလုပ်နိုင်ပါတယ်… သူလဲလူပေးဘဲကိုး…
ဒါပေမယ့် သူ့စာတွေက လူအများအကျိုးရှိမယ်ဆိုရင်ဖြင့် ခွင့်လွှတ်ပေးနိုင်သောအမှားကို ကျူးလွန်သူလို့ ကျွန်တော်ယူဆထားကြောင်းပါ…
ခင်မင်တဲ့-
ညီလေးကြောင်ဝတုတ်
Foreign Resident
June 24, 2012 at 9:12 am
ကိုကြောင်ဝတုတ်ရဲ့ Post ရော ။
ဂီဂီ ရဲ့ Comment တွေရော ကောင်းလှပါတယ် ။
ဒါနှင့် စကားမစပ် ကို Black ကြီးက နေမကောင်းဖြစ်နေလို့လား ။
” ဒီကွန်းမန့်ကို အာရှတော်ဝင်ဆေးရုံပေါ်မှာ ရေးပါတယ် “
ကြောင်ဝတုတ်
June 24, 2012 at 10:13 am
အဘဖောရေ အားပေးတဲ့အတွက်ကျေးဇူးပါ
လေးဘလက်က ကျန်းမာရေးဒေါင်ဒေါင်မြည်ပါ
ဆေးရုံသွားပြီး သမိုင်းပေးတာဝန်ထမ်းနေတာပါ
အာဟိ
ကြောင်ဝတုတ်
MaMa
June 23, 2012 at 7:12 am
ဒီပိုစ့်ကိုဝင်ဖတ်နေတာ ဒါပါနဲ့ဆို ၁၀၁ကြိမ်မြောက်တော့မယ် ထင်တယ်။ 😀
ကြောင်ဝတုတ်ရဲ့ အတွေးနဲ့အရေးကို လေးစားပါတယ်။
ဒီရွာထဲမှာ နေရင်း ဒီလို အသိပညာတွေ ရနိုင်လို့ ဒီရွာထဲမှာပဲ လည်နေတာ ဖြစ်ပါတယ်။
Professional နဲ့ Personal ကို ခွဲခြားနိုင်အောင်
ကွန်ဆာဗေးတစ် မှ လစ်ဘရယ်ဖြစ်အောင် ကြိုးစားနေသူ
MaMa
🙂
Khaing Khaing
June 23, 2012 at 9:39 am
ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တာတွေ အများကြီးရှိပါတယ် ……
ညီမအလုပ်က ကုမ္ပဏီအလုပ်ပါ အဝတ်အစားယူနီဖောင်းသတ်မှတ်ထားတာမရှိပါဘူး ဒါပေမယ့် အဝတ် အစားဝတ်တာကအစ မလွတ်လပ်ဘူး ကိုယ့်အလုပ်ကိုယ်တာဝန်ကျေအောင်လုပ်ချင်တယ် ကိုယ်ကြိုက်သလို ဝတ်ချင်သလိုဝတ်မယ် အလုပ်ကိုမထိခိုက်ဘူးလို့ထင်တယ် အပြင်မှာမကျေနပ်တာကို အလုပ်ကအတူလုပ်သူ ချင်း ထိခိုက်အောင် အမြင်မကြည်တာလည်းမဖြစ်သင့်ဘူးလို့လည်းထင်တယ် ………
တော်ပီကိုဖက်တင်ပြတဲ့ပို့စ်ကို ညီမအပြည့်အဝထောက်ခံအားပေးပါတယ် ကိုဖက်ကအပြင်မှာဘာပဲဖြစ်နေ ဖြစ်နေ ကိုဖက်ရဲ့စာအရေးအသားတင်ပြချက်တွေကိုတော့ ညီမသဘောပေါက်အားပေးလျှက်ပါ ပါစင်နယ် နဲ့ ပရောက်ဖက်ရှင်နယ် ခွဲခြားဆက်ဆံနေမယ့် သူငယ်ချင်း ခိုင်ခိုင်
ဟိန်း ဝင်း (ထားဝယ်သား)
June 23, 2012 at 10:36 am
ဒါတွေကတော့ အကုန်လုံးမှာ ရှိပါတယ် …. အားနည်းချက်က မြန်မာတွေက အားနာတတ်တယ် … ကူညီတတ်တယ် … အဲဒါကနေ ပြသနာက စတော့တာပဲ နည်းနည်းချင်းကနေ များများကြီးဖြစ်လာရော … ဒါတွေပြင်နိုင်ဖို့ဆိုတာ …. မြန်မာတစ်နိုင်ငံလုံး အသစ်ကပြန်စရင်ပေါ့ …
mocho
June 23, 2012 at 12:05 pm
ကိုဖတ်ကက်ရေ
အလွန်ကောင်းတဲ့ပိုစ့်လေးပါ။
မိသားစု တွေလို သဘောထား တယ် ဆိုတဲ့ လုပ်ငန်းရှင်တွေ ၊ဌာနဆိုင်ရာ အကြီးအကဲ တွေဟာ ဝန်ထမ်းတွေ ရဲ့personal ကို ၊ဝင်ရောက်စွက်ဖက်တာ ၊ထိပါးပြောဆိုတတ် တာမျိုးတွေ ဟာ ခံပြင်းစရာကောင်းပါတယ်။ တခါတလေကျပြန်တော့ဝန်ထမ်းမိသားစုတွေရဲ့သာရေးနာရေးကြုံလာရင် အဆိုပါ အထက် လူကြီးတွေ ရဲ့ ဖေးမ မှုဟာ ကာယကံရှင် ဝန်ထမ်း အတွက် ကောက်ရိုး တမျှင် ဖြစ်နေတတ် ပြန်တယ်။
ကျမ လုပ်ခဲ့ဖူးတဲ့ ဌာနက ညွှန်ချူပ် ဆိုရင်ဝန်ထမ်းတွေ ရဲ့ကိုယ်ရေးကိုယ်တာ ကို အလွန် စိတ်ဝင်စားပါတယ်။ အမျိုးသမီး ဝန်ထမ်း များတဲ့ ကျမတို့ ဌာန က နေပြည် တော် မှာ ဖြစ်လို့ ခင်ပွန်းသည် အတော်များများ အမြဲ လိုက်မနေနိုင်ပါဘူး။ သွားလိုက် ပြန်လိုက် ပဲ လုပ်နေကြပါတယ်။ ဘိုးတော်က ဘယ်သူ့ယောက်ျား ဘယ်နေ့လာပြီး ဘယ်နေ့ ပြန်တယ်ဆိုတာမျိုးကို စပ်စုပြီး သိနေတတ်ပါတယ်။ (နေပြည်တော်မှာက သက်ဆိုင်ရာ ဌာနအလိုက် တိုက်တွေက တစုတည်း ဆိုတော့သိဖို့ မခက်ပါဘူး) ။ဒါ့အပြင် ဘယ်သူ့ ရည်းစားက ဘယ်ဌာနက ဆိုတာအစ၊ ဘယ်သူ က ဘယ်သူ့ဆီက ပိုက်ဆံ ဘယ်လောက် ချီးထားတယ် ဆိုတာအလယ်၊ ဘယ်သူ့ သမီး လင်နောက် လိုက်သွားတယ် ဆိုတာ မျိုး အထိ သိနေတတ်တယ်။ ဝန်ထမ်းတယောက်ယောက် များ အမှားလုပ်မိရင် ”ညဉ်းစိတ်က ယောက်ျားပြန်တဲ့နောက် ပါသွားပြီ” လားစသည်ဖြင့်အလုပ်နဲ့ မဆိုင်တာတွေ ထည့်ပြီး ဆူပြော တတ်ပါတယ်။ တချို့ဆို ရှက်လို့ မျက်ရည်တောက်တောက် ကျပြီး ခေါင်းငုံ့ခံလာပါတယ်။ ကျမကတော့ အဲဒီလို personal ထိပါးပြီး ပြောရင် တခွန်းမကျန် ပြန်ပက်တာပါပဲ။
ဒါပေမယ့် ကောင်းကွက် တခုကရှိနေပြန်တယ်။ ကျမတို့ဌာနက ဝန်ထမ်းတွေ ဟာ အလုပ်နဲ့ပတ်သတ်ပြီး မြန်မာပြည် အနှံ့ခရီးထွက် ရတဲ့ အခါမျိုး ကျပြန်တော့ ဘယ်သူ က ကလေး ငယ်ရှိလို့ တာဝန်မပေးတာတို့ ၊ဘယ်သူက သက်ကြီး ရွယ်အို မိဘကိုစောင့် ရှောက်ရလို့ နီးနီးနားနား ပဲလွှတ်တာတို့။ ဒါ့အပြင် အရည်ချင်း မှီတဲ့ သူချင်း အတူတူ မှာ ဘယ်သူကတော့ ပိုပြီး ချို့ တဲ့ လို့နိုင်ငံ ခြား ခရီး စဉ်အတွက် ဦးစားပေးလိုက် တယ် ဆိုတာမျိုး ၊ကို တောင်းဆိုစရာ တောင်မလိုပဲ စီစဉ် ပေးတတ်ပြန်ရော။
အဲဒီတော့ ကျမ အမြင် ပြောရရင် personal နဲ့ professional က ရောထွေး ဖို့ မသင့်ပေမယ့်
တခါတရံ လူမှုရေး ရှုထောင့်ကကြည့် ရင် ခွဲခြားပစ်လိုက် လို့လည်း မရ ပြန်ဘူးလို့ထင်ပါတယ်။
mocho
June 23, 2012 at 12:11 pm
ပြောဖို့ ကျန်သွားလို့ကျမကတော့ လစ်ဘရယ်ဘက် ကိုယိမ်းတတ်လွန်း တော့မြန်မာပြည်မှာတုန်းက ဆိုရင် ဆွေမျိုးသားချင်း တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ နည်းနည်း အံလွဲ နေတတ်လို့ အလယ်အလတ် နေတတ်အောင်ကြိုး စား နေတဲ့ သူပါ။
စစ်ကဲ
June 23, 2012 at 1:17 pm
အရမ်းကောင်းပါတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ ကြက်သီးတောင်ထပါတယ်။
အလွန်ထောက်ခံပါတယ်။
စိန်ဗိုက်ဗိုက်
June 23, 2012 at 2:54 pm
လစ်ဘရယ်တွေ ကွန်ဆာဗေးတစ်တွေ ဆွဲယူနေခြင်းသည် မသိမသာ ကွန်ဆာဗေးတစ်ကျနေခြင်းဖြစ်ပြီး
အခြေအနေနှင့် အချိန်အခါကို ကြည့်၍ လုပ်ကိုင်တတ်သူသာ လစ်ဘရယ်အကျဆုံးဖြစ်၏
လစ်ဘရယ်အကျဆုံး ပုတ်ဂို ကိုပြပါဆိုရင် အုဗိုက် ပင်ဖြစ်၏ ။
ညှင်း..ညှင်း..
😀
စိန်ဗိုက်ဗိုက်
June 23, 2012 at 3:14 pm
ဒါပေါ့..ဒါပေ့ါ
ဘီအီးဆိုလဲ လာထား..
ဘီယာဆိုလဲ လာထား..
ထန်းရေဆိုလဲ လာထား
ဝီစကီဆိုလဲ လာထား..
ဘာမဆိုလာထား..မူးရင်ပြီးရော
ဆိုတော့
လစ်ဘရယ်အကျဆုံးပဲပေါ့
😀
kalink
June 23, 2012 at 4:01 pm
အရမ်းကောင်းပါတယ်.. ဘာနိမိတ်ပုံမှ သွယ်ဝိုက်မသုံးဘဲ..တည့်တည့်ကြီးကို မီးမှောင်းထိုးပြလို်က်တာ..
ကိုပေါက်(မန္တလေး)
June 23, 2012 at 6:24 pm
ဘိုဝတုတ်ရေ
လုပ်ငန်းတစ်ခုကိုဝိုင်းဝန်းဆောင်ရွက်ကြတဲ့အခါ လူပေါင်းများစွာနဲ့လုပ်ရတော့ စိတ်ထားပေါင်းများစွာပေါ့။
မှန်ပါတယ် လုပ်ငန်းနဲ့ကိုယ်ရေးကိုယ်တာ သီးသန့်စီရှိနေရမယ်ဆိုတာ ကတော့ မဖြစ်မနေလက်သင့်ခံရမယ့် အစိတ်အပိုင်းမှာ ပါတာပေါ့။
အရင် ခေတ်တွေက တစ်ဦးတစ်ယောက်ထဲလက်ထဲမှာ ဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိနေတဲ့ကာလ
(အထက်လူကြီး၊သူဌေးလူယုံတွေလက်ထဲမှာဆုံးဖြတ်ခွင့်ရှိနေတာမျိုး)မှာ
လူချစ်တော့ မူပစ် လူခင်တော့ မူပြင် လူမုန်းတော့ မူသုံးဆိုတဲ့စကားအတိုင်းကျင့်သုံးခဲ့ကြပါတယ်။
တစ်ခါတစ်ရံ လူမှူ့ရေး မကျေလည်တဲ့အခါမှာ” ဘောင်ထဲကနေဆော်မယ်”ဆိုတဲ့စကားလုံးကိုသုံးပြီး
အထက်ကလူက အောက်ကို ဖိတယ် အောက်ကလူကပြန်ဆောင့်တယ်။
အဲဒီမှာ လုပ်ငန်းက ကြားထဲက ပျက်စီးတော့တာပါဘဲ။
အမှန်ကတော့ ကိုယ်ရေးကိုယ်တာ ဘယ်လိုဘဲရှိရှိ အလုပ်ကို ဦးတည်ပြီးစဉ်းစားလို့ဆောင်ရွက်မယ်ဆိုရင်
ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ခွဲခြားပြီး ဖြစ်သင့်တာ လုပ်သင့်တာကို ဦးစားပေးတဲ့သဘောဆောင်ရင်
လုံးဝ အကောင်းဆုံးပါဘဲ။
ကျနော်တို့ အထူးသဖြင့်မန်းလေးလို နေရာမျိုးမှာတော့ ရှေးကတည်းက အရောင်းအဝယ်လုပ်ခဲ့ကြတဲ့ပုံစံက
ရှေးရိုးဆန်သလို မိသားစုလဲဆန်ပါတယ်။
အခုနောက်ပိုင်း ကုမ္မဏီခေတ်ရောက်တဲ့အတွက် ပုံစံဖွဲ့စည်းပုံပြောင်းပေမယ့် အတွင်းအနှစ်သာရက မပြောင်းပါဘူး။
အဲတော့ သူတို့မိသားစုုဝင်နဲ့ နှစ်ကြာတဲ့ဝန်ထမ်းကြားမှာ အလုပ်သဘောအရ ဆိုတာတင်မကဘူး သံယောဇဉ် ဆိုတာပါရှိလာတတ်ပြန်ပါတယ်။
တပည့်နေမကောင်းရင် ဆရာ က ဆေးရုံတင်ပေး ကုန်ကျစရိတ်တွေထုတ်ပေးတာတွေရှိတတ်တယ်။
တပည့် မင်္ဂလာဆောင်ရင် အကုန်တာဝန်ယူလုပ်ပေးတယ်။
မိသားစုအဆင်မပြေရင် ကူညီပေးတတ်တယ်။
ဒါက တကယ်ရှိတဲ့ အဖြစ်အပျက်တွေပါ။
ပွဲရုံလုပ်ငန်းတွေ အရောင်းအဝယ်လုပ်ငန်းအတော်များများမှာဒီလိုလေးတွေရှိပါတယ်။
အဲဒီမှာဘာတွေ့သလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကောင်းကြလို့ ဆိုတဲ့
အချက်လေးကို သွားတွေ့ပါတယ်။
အဲတော့ ဒါက လူမူ့ရေး နဲ့လုပ်ငန်းရောထွေးသွားတယ်ဆိုတဲ့သဘော။.
တစ်ကျပ်ပေးတစ်ကျပ်ယူဆိုပြီး တိကျတဲ့စနစ်နဲ့အလုပ်လုပ်ရင်တော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ
ပြောစရာမရှိတော့တာမှန်ပေမယ့် တစ်ကျပ်ရတဲ့လူ အခက်အခဲဖြစ်ရင်
လှည့်ကြည့်စရာမလိုဘူးဆိုတဲ့ ပုံစံသက်ရောက်သွားမှာပေါ့။
လုပ်ငန်းနဲ့ကိုယ်ရေးကိုယ်တာ သီးသန့်ဖြစ်သွားတဲ့သဘော။
အဲတော့ အချုို့သောနေရာဒီလိုအလုပ်နဲ့လူမူ့ရေးတွဲနေတာကတော့ ပြင်လို့ခက်ပါတယ်။
(ကြောင်ဝတုတ်အပြင်မှာအရက်သမားတာတေလန်အောင်ဆိုးပေနေပါစေ…
သူရေးသောစာသည် လူတစ်ဦးတစ်ယောက်အပေါ်အကျိုးဖြစ်ထွန်းမည်ဆိုလျှင် သူ၏ Personal ဖြစ်သော အပေအတေအရက်သမားတစ်ယောက်ဘဝကိုမေ့ပြီး…
သူပြုဖူးသော အကျိုးဖြစ်ထွန်းမှု Professional ကိုလေးစားပေးပါ…)
ဒါလေးကိုတော့ ညီလေးဝတုတ်နဲ့ပြောချင်ပါတယ်။
မှန်ပါတယ် သူ့ရေးတာ နည်းလမ်းကျတယ် ကောင်းတယ်ဆိုလက်ခံရမှာအမှန်ပါဘဲ။
လက်လဲလက်ခံသင့်ပါတယ်။
သို့သော်ကျနော်တို့ကလောဘကြီးတတ်ကြပါတယ်။
စာရေးသူမှန်သမျှကို စံပြနေရာထားလို့ လေးစားကြပါတယ်။
အဲတော့ လူနဲ့စာကို မခွဲနို်င်ဖြစ်သွားကြပါတယ်။
စာကောင်းရင် လူလဲကောင်းမှဆိုတဲ့စိတ်ကလေးရှိတာတော့ အမှန်ပါဘဲ.။
သော်တာဆွေ သုမောင် အရက်အလွန်ကြိုက်ကြောင်းသူုတို့ကိုယ်တိုင်ဝန်ခံသွားတာတိုင်းသိပြည်သိဖြစ်ပါတယ်။
ဒါပေမယ့်သူတို့စာတွေကို ကျနော်အပါအဝင် စာဖတ်သူများက သဘောကျ နှစ်ချိုက်ကြပါတယ်။
လက်လဲလက်ခံကြ အားပေးကြပါတယ်။
အဲဒါဘာကြောင့်လဲလို့ပြောရင် သူတို့က ရိုးသားစွာနေ ရိုးသားစွာ စာတွေရေးခဲ့ကြလို့ပါဘဲ။
သော်တာဆွေ ကျနော့်ဘဝဇာတ်ကြောင်းကို ကျနော်ကလေးဘဝ မဂ္ဂဇင်းထဲမှာဖတ်စက
ဒီလူကြီးဘာတွေလျောက်ရေးမှန်းမသိလို့ထင်ပေမယ့် နောင်အရွယ်ရလို့ပြန်ဖတ်ချိန်မှာ
တော့ သူရိုးသားမူ့ကို အသိအမှတ်မပြုလို့မရပါ။
ကျနော်တို့ မမှားအောင်သွယ်ဝိုက်သောနည်းနဲ့ပညာပေးသွားတာကို တွေ့ရလို့ပါ.။
သို့သော် သူတို့ရေးသောစာများသည် သူများကို တစ်ဖက်သတ်ဆရာမလုပ်သောစာများရေးခဲ့တာကြောင့်ဆိုတာကို သွားတွေ့ရပါတယ်
(ဆက်ရေးပါအုံးမည်)
padonmar
June 23, 2012 at 7:52 pm
လက်မထောင်ခဲ့တယ်။
အားလို့ အချိန်မီသေးရင် လာဖွမယ်။စိတ်ဝင်စားပါတယ်။
ကိုပေါက်(မန္တလေး)
June 23, 2012 at 10:58 pm
ဘိုဝတုတ်ရေ
တစ်ခေတ်တစ်ခါက တက်ကျမ်းတွေနဲ့ပါတ်သက်ပြီး ပြဿနာ ဖြစ်ခဲ့ဘူးတယ်။
ရေးတော့ တက်ကျမ်း ကြီးပွားရေးလမ်းညွှန်တွေ။
ရေးသူကိုယ်တိုင်က လူချမ်းသာမဟုတ်တာကို ထောက်ပြပြီး အငြင်းပွားကြတာပေါ့။
လိုက်နာသင့် မလိုက်နာသင့် မှန်တယ်မမှန်ဘူးပေါ။
ဘာကြောင့်ဒီလိုဖြစ်သလဲဆိုရင် လူတွေက တကယ်လုပ်နိုင်သူပြောတာဘဲယုံမယ်ဆိုတဲ့အချက်ကြောင့်ပါ။
သုမောင်တို့သော်တာဆွေတို့က တော့ သူတို့အရက်သမားပေမယ့် သူတို့မကင်းနိုင်တာကို
ခပ်ကင်းကင်းလေးရေးသွားကြတယ်။
အဲတော့ သူတို့ကို စာနဲ့လူခွဲမြင်ခွင့်ရသွားပါတယ်။
နောက် စာရေးသူ အတွေးအမြင်ဖြန့်ဝေသူဆိုတာကတော့ အပြောနဲ့အလုပ်ညီရပါမယ်။
ဥပမာ ကျနော်က အကျင့်စာရိတ္တမကောင်းဘဲနဲ့ သူများကို အကျင့်ကောင်းကောင်းနေကြပါ ပြောလို့ မရသလိုပေါ့။
ဒါက စာရေးသူနဲ့သူ့ကိုယ်ကျင့်တရား သိပ်ကွာလို့တော့မရဘူး။
ဒါကစာရေးတဲ့အပိုင်း။
ဘိုဝတုတ် ပြောတာလေးဆက်ရရင်
လုပ်ငန်းဆောင်ရွက်တာနဲ့ပါတ်သက်ရင်တော့ လူနဲ့အလုပ်ခွဲခြားမြင်ရမှာအသေအချာ။
အလုပ်တော်တယ် ………………….အရက်သောက်တတ်တယ်…………………ပြဿနာမဟုတ်။
အလုပ်တော်တယ် …………………….အရက်သောက်တယ်….မူးရင်အလုပ်ကလူကိုရစ်တယ် …..ပြဿနာရှိတယ်၊
အလုပ်တော်တယ်…………………မိန်းမပွေတယ်…………..အပြင်ကလူနဲ့ ……………ပြဿနာမရှိ။
အလုပ်တော်တယ် ………………..မိန်းမပွေတယ်……………ကိုယ်အထဲကလူနဲ့………ပြဿနာရှိတယ်။
အဲတော့ ကျနော်ပြောချင်တာက ပရိုရယ် ပါစင်နယ် ရယ်ကတော့ ခပ်ပါးပါးလေးတွဲနေတော့
တစ်ခါတစ်လေတော့ ညှိကျမှာဘဲ။
အထူးသဖြင့်ရောရောနှောနှောနေတတ်တဲ့ ကျနော်အပါအဝင်မြန်မာလူမျုးိတွေရဲ့စရိုက်အရ
မကြာခဏတော့ ပရိုနဲ့ပါစင် ညှိနေကြအုံးမယ်ထင်ပါတယ်၊
ဟိုနေ့က ပြောဖြစ်သလိုပေါ့။
ကျနော်တို့က နိုင်ငံတကာ ဆိုတာကို မှီဖို့အခုမှ စလိုက်နေရတာပါ။
မလိုက်နိုင်သေးနားမလည်သေးတာအမှန်ပါ။
အဲတော့ အသားကျွေးမယ်ဆိုရင် အတုံးလိုက်ကြီးတော့ ပေးလို့မရသေးဘူး။
တုံးတစ်ပြီးကျွေးရအုံးမယ်ထင်ပါတယ်။
စိတ်ရှည်ကြရအောင်ဗျာ။
ဒါကတော့ ကျနော်အမြင်ပါ။
မှန်ချင်မှလဲမှန်မယ်။
သဘောတူချင်မှလဲတူမယ်။
လူဆိုတာကိုယ်ကျင်လည်ရာ ဖြတ်သန်းခဲ့တာတွေနဲ့ ဆက်စပ်ပြီးမှ သူလက်ခံတဲ့ အတွေးပေါက်ဖွားလာတာကိုးဗျ။
နောက်တစ်ချက် လူလူခြျင်းသာ အပြန်အလှန်လေးစားမူ့ရှိတယ်ဆိုရင် ပြဿနာနည်းမယ်လို့လဲယူဆပါတယ်။
ဒါက ကျနော်မြင်တာလေးဝင်ပွားကြည့်တာပါ။
ahnyartamar
June 23, 2012 at 11:45 pm
ကျတော်တို့ရုံးနဲ့ တူနေပြီ။
ဒီလောက်ပါပဲ…တော်ကြာ ကိုယ်မန့်တာက Personal နဲ့ Professional ကို မကွဲမပြားဖြစ်နေမှဖြင့်………
ရဲစည်
June 24, 2012 at 6:55 am
၅၆ခုမြောက် ကွန်းမင့်နှင့် အနှစ်ချုပ်သော်……ဒန့် တန့်…..တန့်
အဲသည်မှာ ၂ပိုင်းထပ်ကွဲသွားတယ်…. ၂ပိုင်းဆိုဒေ့ါ ၁လုံးပေါ့…..ဟာ..ရှုပ်ကုန်ပီ။ 🙂 🙂
အဲသမှာ ဘာဖြစ်လာလဲ ဆိုတော့ ပရိုနဲ့ ပါစင်နယ်ကြား ဘယ်က ခွဲထုတ်လိုက်မှန်း မသိတဲ့ လစ်ဘရယ် ဆိုတာကြီး ပါလာတယ် အတော်ကို ထင်သာမြင်သာရှိပါတယ်။
ဘယ်သူက စလဲမေးရင် ကျုပ်ကစတယ်လို့ဘဲ ဖြေချင်တယ် ဒီပို့စ်စတက်လာတော့ ကျုပ်အထက်မှာ ကွန်းမင့် ၂ခုဘဲရှိတယ် အဲသည်မှာ ကျုပ်လဲ မူးမူးနဲ့ သောက်မှန်းကန်းလမ်းမသိ လစ်ဘရယ် အချင်းချင်းတွန်းပေးပါတယ်ဗျို့လို့ အော်ခဲ့မိလိုက်တယ်…..
အဲသည်မှာ အိုဗားမားတွေရော ဂန္ဒီတို့ပါမကျန် မြွေခြောက်ကိုက်ကုန်ရော ပြီးတော့ လစ်ဘရယ်တွေရော ကွန်ဆာဗေးတစ်တွေပါ
အကုန်ပါလာတယ်။
ဆိုတော့ ကျုပ်ကဘဲ အတော်တုံးပီး စာမဖတ်တတ်တာလား။ဆွေးနွေးသူတွေကဘဲ လမ်းချော်တာလား ဆိုတော့ ……………….
အဲဒီမှာ လစ်ဘရယ်တို့ သဘောအရ ပြောပြရရင်
“မဟုတ်ပါဘူး အားလုံး မျှချေရှိစွာဖြင့် ဝင်ရောက်ပါဝင် ပတ်သတ်ခြင်းဖြင့် အရာတိုင်းမှာ ဘေးနံနှစ်ဖက်ကို ဖြန့်ကြက်ထွက်သွားခြင်းက အစွန်းတဘက်မှာ ရပ်တည်၍နေခြင်းထက် မူဝါဒဆိုင်ရာ သဘောတရားတွေကို ပိုမိုထင်သာမြင်သာ ရှိစေပြီး အဆုံးဆိုတဲ့ တွေးခေါ်မှုနဲ့ အများကျင့်သုံးမှု နောက်ကွယ်က လျှို့ဝှက်တဲ့ အကြောင်းအခြင်းရာတွေကို သာလွန်မျှတစွာ ခွဲခြမ်းစိတ်ဖြာ၍ သာမာရိုးကျ မဆန်သော နည်းလမ်းဖြင့် ခွဲထွက်မှုကို ညင်သာစွာ ထင်ဟပ်စေပြီး အချိုးကျနတဲ့ လက်တွေ့ပေါင်းစပ်မှုတွေနဲ့ အတူ အများသဘောတူနိူင်ရေး မြင်သာထင်သာရှိစေကာ ငြိမ်းချမ်းမှုများစွာဖြင့် အတက် အကျအန မရှိစေဘဲ အကောင်းဆုံး ဖန်တီး………. ”
အဲလာ လစ်ဗရယ်ဘဲ 🙂
ဟိဟိ… ကျုပ်ရေးတဲ့ စာကြောင်း ကျုပ်တောင် သိပ်ဘာသာမပြန်နိူင်ဘူး
ဆိုတော့
လစ်ဗရယ်ဆိုတာ ချိန်ခွင်ဘဲ ခွေနေတတ်တယ် အကြောင်းအခြင်းအရာ တခုပေါ်လာရင်တော့ ဘက်မလိုက် မျှတမှုဆိုတာထက် အခြေအနေကို အမြန်ဆုံး သုံးသတ်ပီး အဖြေကို ထိန်းညှိပေးတယ်။ မှို့၁ပိဿာနဲ့ လဲ ၁ပိဿာကို လစ်ဗရယ်ချိန်ခွင်ကြီးက ဘယ်တော့မှ မစောင်းစေရဘူး… အဓိကက သူများမမြင်တာကို မြင်တာ သူများမသုံးသတ်တတ်တဲ့ ရှုထောင့်ကနေ သုံးသပ်တာ သူများထက် အချိန်ကိုစောလဲမစော နောက်လဲမကျ အဖြေထွက်စေတာ သူများမနေတဲ့နေရာကနေ ပါဝင်တတ်တာ လစ်ဗရယ်တွေရဲ့ ကနဦး အစလမ်းကြောင်းဘဲ အဆုံးကလဲ ဒီလမ်းကြောင်းဘဲ ….ဆိုတော့
ဒီနေ့ ကမာ္ဘကြီးကို တည့်မတ် ထိန်းကျောင်းနေတာ လစ်ဗရယ်ဆန်တဲ့ မူဝါဒတွေ အတွေးအခေါ်တွေ အများကြီးပါတယ် မယုံရင် အမေရိကတိုက်ကို ရေထဲမြှုပ်ကြည့်လိုက်ပါလား ကမာ္ဘကြီး တခြမ်းစောင်းမစောင်း သိသာသွားလိမ့်မယ် ဒါကြောင့်မို့ ဒီနေ့ ကမာ္ဘမှာ အသားအရောင် ကိုးကွယ်တဲ့ဘာသာ ပြောတဲ့စကားအသုံးအနှူံး စသဖြင့် ကွဲခြားသော်ငြား အဲလာတွေက တဘက်မှာ ပြန်ထိန်းညှိပေးနေတယ် ဆိုတာ မမေ့ကောင်းဘူး….
ဆိုတော့
ဆိုတော့
ပြောရင်တော့ အများကြီး ပြောစရာတွေ ရှိတယ် ဒါပေသိ ၂ကျပ်လဲပေးရသေးတယ် ခေါင်းလဲ စားသေးတယ်ဆိုတော့ တဘက်ကို ရောက်နေတယ် ထင်လို့ လစ်ဗရယ်ပီပီ ဘလိုင်းကြီး ဖြတ်ချလိုက်တယ် … ဆက်ရေးလဲ အလကားဘဲလေ ဆာဗာလေးတာဘဲ အဖတ်တင်မှာပေါ့ ….ဆိုတော့ အဲဒါ လစ်ဗရယ်ဘဲ 🙂
မှတ်သားလောက်စရာ ဥပမာပေးမယ် ..
အိမ်သာမှာ ပါစရာ အပေါက်၂ပေါက်နဲ့ ခြေထိုင်စရာ တုံး၂တုံးပါလာတာ လစ်ဗရယ် ဝါဒီတွေကြောင့် နောက်ပိုင်း ကွန်ဆာဗေးတစ်တွေကို လမ်းတခု ဖွင့်ပေးတဲ့ အနေနဲ့ ရေဆွဲချတဲ့ ပုံးကို နောက်မှာ ထားပေးလာတယ်…… 🙂
ကျုပ်တို့ မြန်းတဲ့မှာတော့ အခုထိဘေးမှာ ထားတုန်း အဲသည်ကတည်းက လွဲနေပီဆိုတာ သတိချပ်စေချင်တယ်
ကိုပေါက်နဲ့ အဇူရိကတော့ အေးဆေးမန့်သွားတယ် အိုင်ဒီယိုလိုဂျီ ဘေးဘက်ကပေါ့ ကျန်တဲ့သူတွေကိုလည်း မပြောလိုပါဘူး…
ပြောချင်တာက ကြုပ်ဝတောင်၊ ကြောင်ဝတုတ်
ဘာဂိုဏ်းဆိုလား အခန်းဆက် (၁၅)မှာ ငုတ်စိကြီး ရပ်ထားပီး နင်လူမိုက် လုပ်မနေနဲ့
ဗိုလ်ချုပ်အောင်ဆန်း အိမ်သာထဲမှာ တိုးတိုးလေး ရေရွတ်ဖူးတယ် ငါအခုလုပ်တဲ့ ကိစ္စသမိုင်းမှာ တွင်မကျန်ရစ်ရင် ဆက်မလုပ်တော့ဘူးတဲ့ မယုံတော့ မရှိနဲ့ ဂျီးနီးယက်စ် တော်တော်များများက နောက်ဆုံး သူတို့ရဲ့ ဖိုင်နယ် အသော်ရတီ ဒီဆီဇ်ရှင်တွေကြောင့် သူတို့လုပ်ခဲ့တာတွေ အရာထင် သမိုင်းတွင်ခဲ့တာ………………………………………ဆိုတော့ လစ်ဗရယ်ကို လျော့မတွက်ပါနဲ့ လစ်ဗရယ် ဖြစ်ဖို့ အတော်လေးကြိုးစားရမည် ဖြစ်ပါကြောင်း….
ကလူ၏သို့ မြှူ၏သို့
ကျုပ်သက်တမ်း တဝက်ကျိုးတဲ့နေ့ အမှတ်တရ