မန်းဂဇက် ချစ်သူများ စာပေဆု

black chawJuly 5, 20121min75797

ဘလက်ချော မြွေဖမ်းမလို့ဗျ..။
ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး ဟိုလျှောက်ဖတ်ဒီလျှောက်ဖတ် ဟိုလျှောက်ရေး ဒီလျှောက်ရေး အဆင်လေးပြေနေတာကို
မနေတတ် မထိုင်တတ် နဲ့ အစတစ်ခုဆွဲထုတ်ဦးမလို့ ပါဗျာ။
ကဲ မပြောမပြီး မတီးမမြည်တဲ့။
ပြောမှပြီးမှာ မို့ ပြောခွင့်ပြုတော့ ကျောင်းအစ်မရယ်။
ဒီလိုရှိပါတယ် လူကြီးမင်းများခင်ဗျာ…။
ပြီးခဲ့တဲ့ ဇွန်လအတွင်း ပို့စ်တင်ခဲ့သူတွေထဲက
PERSON Of THE MONTH အဖြစ် ဖက်တီးကက် ကို ကျွန်တော် ရွေးခဲ့တာ အားလုံး အသိပါ။
ကျွန်တော်တစ်ယောက်တည်း ရွေးနေလို့တော့ ရွာသူရွာသားတွေအနေနဲ့ ရော
အရွေးခြယ်ခံ ပို့စ်တင်သူအနေနဲ့ရော ဖီလင်လာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူးခင်ဗျာ…။
အဲဒီအတွက် ကျွန်တော်တို့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပါမယ်။
အဖွဲ့ဝင်တွေအားလုံး တက်လာသမျှ ပို့စ်တွေကို ဖတ်ကြပါမယ်။
လကုန်ရက် ရောက်လာတဲ့အခါ အဖွဲ့ဝင် တစ်ယောက်ကို
အကြိုက်ဆုံးပို့စ် အနည်းဆုံး ၃ ပို့စ် ရွေးပေးရပါမယ်။
အဖွဲ့ဝင်တွေအားလုံး တစ်ယောက်ခြင်းစီရွေးထားတဲ့ အကြိုက်ဆုံးပို့စ်တွေကို
စုပေါင်းပြီး ပြန်ဖတ်ကြပါမယ်။
အဲဒီထဲက အကြိုက်ဆုံး ပို့စ်တစ်ပုဒ်ကို ရွေးထုတ်ပြီး ဆုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
ဒီအဖွဲ့ထဲပါမယ့် လူတွေအနေနဲ့ ဆု မရနိုင်ဘူးဆိုတာ ကိုတော့ ကြိုပြောထားပါရစေ။
အဓိကရည်ရွယ်ချက်က ဗြဲလရမ်းကြီးဖြစ်နေတဲ့ ပို့စ် တွေကို
စံနစ်တကျ စုစည်းပေးချင်တဲ့ စေတနာပါ။
တချို့လတွေမှာ သိတ်ကြိုက်တဲ့ ပို့စ် တစ်ပုဒ်မက ထွက်လာနို်င်ပါသေးတယ်။
အဲဒီလို ဆိုရင်တော့ တစ်မျိုးစဉ်းစားကြမယ်ပေါ့။
ဒီလိုရွေးခြယ်ရာမှာ ကာတွန်းပို့စ်တွေ၊ ဓါတ်ပုံပို့စ်တွေ တော့ မပါပါဘူးခင်ဗျာ။
ဘာစည်းမျဉ်းစည်းကမ်းမှလည်း မရှိပါဘူး။
ရွာထဲကို တင်တဲ့ ပို့စ်မှန်သမျှ အကုန်ဖတ်ကြမှာ ဖြစ်ပါတယ်။
ဆုရတဲ့ ပို့စ်တင်သူကို အမှတ်တရ ဖြစ်စေမယ့် တစ်ခုခု ပေးနိုင်အောင် ကြိုးစားနေပါတယ်။
ကဲ လောလောဆယ် တစ်လအတွင်း အကောင်းဆုံးပို့စ် ရွေးခြယ်ပေးမယ့်
ဆုရွေးခြယ်ရေးအဖွဲ့ဝင် စာရင်းကို ဖေါ်ပြပေးပါမယ်။ တချို့လူတွေကို
သဘောတူညီချက်မတောင်းရသေးပဲ ထည့်သွင်းထားတာဖြစ်တဲ့အတွက်
ကွန်းမန့်ကပဲ ဖတ်ပေးမယ် မဖတ်ပေးဘူး ဆိုတာ အကြောင်းပြန်ပေးကြပါခင်ဗျာ။
ဆုရွေးခြယ်ရေးအတွက် ဝိုင်းကြဝန်းကြမယ့် ရွာသူားတွကတော့
၁။ Foreign Resident
၂။ ဦးဦး ပါလေရာ
၃။ ကိုပေါက် (မန်းန္တလး)
၄။ ကိုကြီးမိုက်
၅။ ကိုထူးဆန်း
၆။ ကိုနိုဇိုးမိ
၇။ ကိုလင်းဝေ
၈။ ကိုအင်ဇာဂီ
၉။ ဘလက်ချော

၁၀။ အရီးခင်လတ်
၁၁။ မပဒုမ္မာ
၁၂။ မမ
၁၃။ ဝေဝေ

တို့ဖြစ်ပါတယ်ခင်ဗျာ။ ဒီအထဲတော့ သူကြီး ကလည်း ကူညီပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲခင်ဗျာ။
တတ်နိုင်သလောက် လူငယ်တွေ မပါအောင် ရွေးထားတာပါ။
လူငယ်တွေဆီကနေ ပို့စ်ကောင်းကောင်းလေးတွေ မျှော်လင့်လို့ပါ။
ဆိုတော့ တစ်လအတွင်း အကောင်းဆုံး ပို့စ် ဆု ကို ဒီလ ဇူလိုင်လကစပြီး
အဖွဲ့နဲ့ ရွေးခြယ်သွားပါမယ်။
ဆုနာမည်ကို ကျွန်တော် အကြမ်းရွေးထားတာက မန်းဂဇက် ချစ်သူများ စာပေဆု ဖြစ်ပါတယ်။
ရွာသူရွာသားတွေအနေနဲ့လည်း ဝိုင်း စဉ်းစားပေးကြစေချင်ပါတယ်။
ကဲ ဆွေးနွေးပေးကြပါဦး။
လေးစားခင်မင်တဲ့
ဘလက်…။
၅-၇-၂၀၁၂

97 comments

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 5, 2012 at 4:44 pm

    ဟင် … ဦးဗိုက်ပါဘူးလား … အနော် BE ကြိုတိုက်ထားမလို့ … ဟီးဟီး

  • amatmin

    July 5, 2012 at 4:49 pm

    မန်းဂေဇက် ချစ်သူများ စာပေဆုဆိုတော့ ..
    ချစ်သူမများတဲ့ ကျနော်ပါလို့ရတော့ဘူးပေါ့..နော် 🙂
    ရေးနိုင်.တွေးနိုင်.သူတွေအတွက်
    အခွင့်အရေးမို့..
    ရေပေးတုန်း..ခပ်ယူကြပါကုန်လော့…
    ဒါနဲ့ အဖွဲ့ထဲမှာပါတဲ့ (၁၃)ယောက်လုံး
    ခေါင်းငြိမ့်ထဲ့လိုက်ရင်.
    ဒီလကနေ စတင်ပီပေါ့နော်..

  • ko win

    July 5, 2012 at 4:56 pm

    အကောင်းဆုံး ကွန်မန့်ဆုကော ပါဘူးလားဟင်။

    • ဦးဦးပါလေရာ

      July 5, 2012 at 6:23 pm

      အကြိုက်ဆုံးကွန်မင့်ရွေးမယ်ဆိုရင်တော့ ဒီအဖွဲ့နဲ့ ရွေးလို့မဖြစ်ပါဘူး ကိုဝင်းရေ..။
      ဒီအဖွဲ့ထဲမှာ ကွန်မင့်အရမ်းကောင်းတဲ့သူ အနည်းဆုံး လေးယောက်ပါနေပါတယ်။

      ကြုံလို့ပြောရရင် ဒီဆိုက်ထဲမှာ ကွန်မင့်တော်တော်ကောင်းသူတချို့ကို ကျုပ်သတိထားမိပါတယ်..။
      ပိုစ့်ကို သေသေချာချာဖတ်တယ်၊ ရင်ဘတ်နဲ့ဖတ်တယ်၊ ခေါင်းနဲ့စဉ်းစားတယ်၊ အားထည့်ပြီးရေးတယ်၊ လျှပ်တပျက်တုန့်ပြန်နိုင်တဲ့ဉာဏ်ကြီးတယ်..
      စတဲ့အရည်အချင်းတွေကြောင့် ကွန်မင့်တွေက ပိုစ့်ကို သယ်သွား တွန်းတင်သွားတာ အများကြီးပါ..။

      ကွန်မင့်ကိုအကြိုက်ဆုံးရွေးရမှာတော့ တော်တော်ခက်မှာပါ..
      ဥပမာပေါ့ဗျာ-
      သစ်သီးခြင်းတခုထဲက အကြိုက်ဆုံးသစ်သီးကို ချက်ချင်းကောက်ရွေးနိုင်ပေမယ့်..
      ပန်းခြင်းတခုထဲက အကြိုက်ဆုံးပန်းတပွင့်ကို ချက်ချင်းကောက်ရွေးဘို့ မလွယ်ပါဘူး..

      • ko win

        July 6, 2012 at 10:21 pm

        ဟုတ်သားပဲနော်။ သေသေချာချာ မတွေးဘဲ မေးလိုက်မိလို့ တောင်းပန်ပါတယ် ဦးဦးပါလေရာနဲ့ ဘဘလက်ချောတို့ရေ။ သည်လိုရှင်းပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • blackchaw

    July 5, 2012 at 4:58 pm

    အကောင်းဆုံးကွန်းမန့် ဆုက ရွေးချင်ပါတယ် ကိုဝင်းရေ..။
    ဒီတစ်ခုကို အရင် အစပြုလိုက်ပါရစေဦး…။
    စိတ်ဝင်စားတာ ကျေးဇူးပါဗျာ။

  • ko win

    July 5, 2012 at 5:03 pm

    အဆင်ပြေစွာ အောင်မြင်ပါစေသတည်း။

  • မွန်မွန်

    July 5, 2012 at 5:19 pm

    အပီအပြင်ကို ထောက်ခံပါတယ် ဦးလေး…
    ကိုယ်လည်း ကြိုးစားချင်စိတ်ရှိမယ်။ သူများရေးတာတွေကိုလည်း အတုယူတတ်လာမယ်။
    မွန်မွန်လည်း လက်သွေးကြည့်မယ်နော်… 🙂

  • Foreign Resident

    July 5, 2012 at 5:20 pm

    ရွေးတာက ဟုတ်ပါပြီ ၊ ဆု က ဘာပေးမှာလည်း ။

    ရွေးပေးတဲ့သူ ဆိုပြီး အဘ ကို ထိပ်ဆုံးမှာ တပ်ထားတော့လည်း ၊
    အဘ မ လည်း ဆုအတွက်ပါ တာဝန် ရှိနေပြီပေါ့လေ ။
    ရပါတယ် ၊ အဘ အလှည့်ကျတော့လည်း မနွဲ့ရစတမ်းပေါ့လေ ။

    ဒါပေမယ့် ရေရှည် လုပ်မယ် ဆိုရင် ၊ ဝန်မပိစေချင်ဘူး ။
    အဘ အတွက်ပြောတာ မဟုတ်ဘူး ။
    တခြားသူတွေ အတွက်ပြောတာ ။
    အဘ အတွက်က လစဉ် တစ်သောင်းလောက် ၊
    MG အတွက် ပုံမှန်လှူသွားလည်း ဘာပြဿနာမှ မရှိဘူး ။

    ကို Black ကပဲ စဉ်းစားထားတာလေး ပြောပါအုန်း ။
    ရွေးမယ့်သူထဲမှာ သူကြီးကိုလည်း ထည့်ကြပါအုန်းကွယ် ။

    • ဦးဦးပါလေရာ

      July 5, 2012 at 5:29 pm

      သူကြီးက သူ့ဖါသာ အလိုက်တသိလာလေဗျာ…
      ဥပမာ- လစဉ် ရွေးချယ်ခံရသူကို ပွိုင့် ဘယ်လောက်ပေးမယ်တို့
      ကွန်နက်ရှင်ကို ရင်ဆိုင်လှော်ခတ်ပြီး ပင်ပန်းဆင်းရဲစွာ ကြိုးစားဖတ်ပေးတဲ့
      မန်းဂေဇက်ချစ်သူတွေကို တော့ ပွိုင့်ဘယ်လောက်ပေးမယ်တို့ ….. 😀

      လိုချင်လို့ ပြောတာဟုတ်ပါဘူး….
      ကျုပ်တို့သူကြီး သူများမကဲ့ရဲ့အောင်ပါ…
      စေတနာတွေ …. စေတနာတွေ ….. 😀 😀 😀

      • ကြောင်ဝတုတ်

        July 6, 2012 at 9:08 am

        ဦးဦးပါလေရာပြောတာကို ကျွန်တော်ထောက်ခံပါတယ်ဗျာ…

        ဥပမာ လစဉ်ရွေးချယ်ခံရသူကို ပွိုင့်တစ်သိန်းဖြင့်တစ်သိန်း ပွိုင့်နှစ်သိန်းဖြင့်နှစ်သိန်း ပေးမယ်ဆိုတာမျိုး
        သူကြီးအနေနဲ့ စဉ်းစားပေးရင်ဖြင့်….

        ကြောင်ဝတုတ်

  • ဦးဦးပါလေရာ

    July 5, 2012 at 5:23 pm

    ပွင့်ပွင့်လင်းလင်းပြောရရင်
    ဆူး၊ ဗိုက်ကလေး၊ Etone၊ အမတ်မင်း စတဲ့ လူငယ်တွေကို
    သူတို့ပိုစ့်တွေကို မရွေးရမှာစိုးလို့ ဖတ်မယ့်စာရင်းထဲ မထည့်ဘို့ စဉ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။

  • blackchaw

    July 5, 2012 at 5:27 pm

    သူကြီးကို မရိုမသေ မလေးမစားလုပ်တာ လုံးဝမဟုတ်ဘူးဆိုတာတော့ ပြောရဲပါတယ်ဗျာ။
    သူကြီး စိတ်ဝင်စားမယ် မဝင်စားဘူးဆိုတာ မသေချာလို့ မရဲတရဲနဲ့

    ဒီအထဲတော့ သူကြီး ကလည်း ကူညီပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲခင်ဗျာ။

    လို့ ရေးထားပါတယ်ဗျာ။
    ကိုရဲစည်တို့ ရသစာပေဆုအတွက် သူကြီးကတစ်ပုဒ်ရွေးပြီး
    ပွိုင့်ငါးထောင်ပေးမယ်လို့ ကွန်းမန့်က ဝင်ပြောထားတာလည်း ဖတ်ရပါတယ်။
    အဲဒီတော့ သူကြီး စိတ်ဝင်စားရင် ကွန်းမန့်နဲ့ ကွန်ထရိုးပေးလို့လည်း ရပါတယ်။
    သူကြီးကို အပူမကပ်တဲ့ သဘောပါ။
    ဆုကတော့ ငွေထက် အမှတ်တရတစ်ခုခု ပေးနိုင်အောင် ကြိုးစားနေပါတယ်ဗျာ။

  • ဦးဦးပါလေရာ

    July 5, 2012 at 5:34 pm

    ဒါကတော့ ဒီဆိုက်ရဲ့ အရည်အသွေးကို ထိန်းပေးချင်တဲ့ ကိုချောကြီးနဲ့တကွ စာချစ်သူများရဲ့ စေတနာပါ…။
    ဒီဆိုက် အခုတလော ဘယ်လိုဖြစ်နေတယ်ဆိုတာ အားလုံးအသိပါနော…။

    (ဒီနည်းနဲ့မရရင် ဦးပါလေရာမှာတော့ နောက်တနည်းရှိသေးတယ်…။ ဟွင်း… ဟွင်း…. 😀 )

    • htoosan

      July 5, 2012 at 10:59 pm

      ဦးဦးပါလေရာ အခုလိုခြိမ်းခြောက်တာ နှစ်ခါရှိပြီနော်…. 😀 😀

      ဘဘဘလက်ရေ ..
      ဘဘဘလက်တို့ ဘယ်လိုတွေးထားလို့လဲတော့ မသိဘူး ပေါ့ ။ စည်းမျဉ်းစည်းကမ်းမရှိဘူးဆိုတာတော့ မဖြစ်သင့်ဘူးထင်ပါတယ် ။ နောက်မှ စည်းကမ်းတွေ လိုက်သတ်မှတ်ရရင်လည်း မကောင်းပါဘူး ။ စည်းကမ်းလေးတွေတော့ အရင် ထုတ်သင့်ပါသည် ။ ကျွန်တော့် အဖြင်ပါ။
      ခုရှုပ်မှ နောင်ရှင်းဖြစ်ရန်ဖြစ်ပါသည် ။
      (၁) အနည်းဆုံး ကိုယ်တိုင်ရေး ဖြစ်ရန်တော့လိုမည်ဟုထင်ပါသည်.။
      (၂) ကိုယ်တိုင်ရေးဖြစ်သော်လည်း အခြားဆိုဒ်တွင်တင်ထားပြီးသားလာတင် လျှင်ကော လက်ခံမှာလား ။
      (၃) မှီထား ကိုးထားရင် မှီထားကိုးထားတာကိုဖော်ပြရန် လိုအပ်မှု့ (ဘာသာပြန် ၊ သုတ အစရှိသည်တို့ အတွက်)
      …etc.. etc… ပေါ့နော် ။
      ဘဘဘလက်တို့ ဦးဦးပါလေရာတို့လည်း စဉ်းစားထားပြီးသားတော့ဖြစ်မှာပါ ။
      ဘယ်သူ့ကိုမှ ဆုမပေးတဲ့ လလည်း ရှိမယ် ထင်ပါသည်။
      နုတ်ထွက်ခွင့် ပြုတယ်ဆိုရင်တော့ အဖွဲ့ထဲ ကြိုးစားပါဝင်ကြည့်ပါမည်။ အပြည့်အဝ တာဝန်မထမ်းဆောင်နိုင်မှာသာ စိုးရိမ်ပါသည်။ :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 5, 2012 at 5:38 pm

    ပိုစ့်အပ်ပါတယ်ခင်ဗျ
    ဒီပိုစ့်နဲ့ ပြိုင်ပွဲဝင်ပါတယ်ခင်ဗျ ဆုရဘို့မျှော်လင့်ထားဘာဒယ်ခမျ
    ………………………….
    ပို့စ်အမည် = ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    စာရေးဆြာ = မိုက်ကယ်ဂျော်နီအောင်ပု
    …………………………….
    သဂျီးမင်း ဦးခိုင် ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    သဂျီးမင်း ဦးခိုင်ဂဒေါ် ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ဘဂျီး သင်္ဘောကပ္ပတိန်အရာရှိ Foreign Resident ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ဦးဦး ပါလေရာ ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ကိုပေါက် (မန်းတလေး) ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ကိုကြီးမိုက် ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ကိုထူးဆန်း ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ကိုနိုဇိုးမိ ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ကိုလင်းဝေ ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ကိုအင်ဇာဂီ ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ဘလက်ချော ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    အရီးခင်လတ် ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    မပဒုမ္မာ ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    မမ ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    မဝေဝေ ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ
    ဂေဇက်ရွာထဲက ညီလေး ညီမလေး ကိုကို မမ ဦးဦးဒေါ်ဒေါ် ဖိုးဖိုးဖွားဖွား အားလုံး
    ကျမ္မာပါစေ ချမ်းသာပါစေ လမ်းဖြာပါစေ ဝမ်းသာပါစေ။
    ပြီးပါပြီ။

    • စိန်ဗိုက်ဗိုက်

      July 5, 2012 at 5:43 pm

      အူးလေးက ဉာဏ်ကောင်းတယ်နော်..
      ဂိန်..ဂိန်..

      • ဝမ်းတွင်းရူး

        July 5, 2012 at 5:50 pm

        အူးဗိုက်က ဗျစ်ဗျစ်ပြီးတော့ ဂိန် ဂိန်ဖက်
        လှည့်ပြန်ပီပေါ့။
        ကိုဘလက်ရေ. ကြိုးစားဖျစ်ညှစ်ရေးပါမည်။

    • MaMa

      July 5, 2012 at 10:33 pm

      ဒီသူငယ်သိတ်တယ်။
      ကြီးပွားဦးမယ်။ 😀

    • padonmar

      July 6, 2012 at 7:11 pm

      လန်းဖြာပါစေ ဖြစ်ရမည်။
      သတ်ပုံမှားသောကြောင့် တစ်မှတ်လျှော့ပါသည်။

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 5:42 pm

    ရှိုဒေါ့..
    သုတ.ရသ..ဘာညာသာရကာ အစုံပလုံ ဖတ်ပြီး ကိုယ်ကြိုက်တာကို ရွေးပေးကြမယ်ထင်တယ်နော်..
    ဘီအီးတစ်အိုး ဆုချမယ်ရှို ..ပျော်ရှရာကြီး..ဂိန်..ဂိန်..
    ကျော်လဲ ရှုုရချင်တယ်…ဘယ်လိုရေးရင် ရှုုပေးမှာရဲဟင်..ဂိန်..တိန်…..
    ဘိုပဲ ရေးရေး ရအောင် ရေးနိုင်မယ်လဲ မထင်..ဂိန်.တိန်.ကိန်..

    ရွေးချယ်ပေးမဲ့ ပုဂ္ဂိုလ်တွေကတော့ သူ ့နေရာနဲ ့သူ အနေအထားရှိသူများဖြစ်လို ့
    ကျော်တော့ ထခုန်ပြီး လက်ခုပ်တီး အားပေးထောက်ခံကြိုဆို..မြှောက်ပေးပါတယ်..ဂိန်..တိန်.ကိန်..

  • ဦးဦးပါလေရာ

    July 5, 2012 at 5:55 pm

    တနေ့ကတင်ပဲ ကိုရဲစည်က ရသစာပေဆုလေး ရွေးမယ်ပြောထားတော့
    အခုကိစ္စကို အဲဒါနဲ့ အပြိုင်ဖြစ်နေမလားလို့ မန်ဘာတယောက်က ဖုံးနဲ့မေးပါတယ်..။
    အဲဒါ ကိုဘလက်ချော ကိုယ်စား ဖြေပေးပါရစေ..

    အပြိုင်မဖြစ်ပါဘူး ခင်ဗျား…
    မန်းဂေဇက်ချစ်သူများ စာပေဆု က
    တစ်လအတွင်း တင်လာသမျှ ပိုစ့်အားလုံးထဲက ဓါတ်ပုံနဲ့ ကာတွန်းမှအပ ဘယ်ပိုစ့်ကိုမဆို အကြုံးဝင်ပါတယ်။
    ရသစာပေဆု ရထားတဲ့ပိုစ့်လဲ အကြုံးဝင်ပါတယ်။
    အဲဒါလဲ ဖတ်မယ့်လူတွေက ပိုစ့်အားလုံးအကုန် ဖတ်နိုင်ရမယ် မဆိုလိုပါဘူး..။
    ကိုယ်ဖတ်မိသလောက်ထဲက ကြိုက်တဲ့ပိုစ့်လေးသုံးခုရွေးပြီးလက်တို့..
    ပြန်ဖလှယ်ဖတ်ကြ ၊ ရွေးကြ မှာပါ။

    ဒါကြောင့် “ ဒီလူတွေရွေးတာ အကောင်းဆုံး ” လို့ မုချ မဆိုလိုပါဘူး…။
    “ ဒီလူတွေရဲ့ အကြိုက်ဆုံး ” လို့သာ ဆိုလိုပါတယ်..။

    ဒါကြောင့် ဒီရွေးချယ်မှု့ရဲ့ ကိုချောပေးထားတဲ့ မူလအမည်က
    “မန်ဂေဇက်ချစ်သူများအကြိုက် ” ….လို့ ဖြစ်ပါတယ်။

  • snow white

    July 5, 2012 at 6:00 pm

    မန်းဂဇက် ချစ်သူများ စာပေဆု ဆုနာမည်လေးပေးထားတာလည်းကောင်းပါတယ် အားပေးပါတယ် အောင်မြင်ပါစေနော် ဆုရမယ့်သူလည်းမျှော်လင့်နေပါတယ်နော်။။။။

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 6:10 pm

    ဆုရွေးချယ်မဲ့ ပုဂ္ဂိုလ်များ ဝမ်းဆွေ ့ဝမ်းဆွေ ့..ဝမ်းဝမ်းဆွေ ့..
    ချင်းဆွေ ့ချင်းစွေ ့ ချင်းချင်းစွေ ့ ပါဟု အုဗိုက်မှ ဆုတောင်းမေတ္တာ ပို ့သလိုက်ပါတယ်ခင်ဗျား..
    😀

    • ဦးဦးပါလေရာ

      July 5, 2012 at 6:30 pm

      ဟဲ့..
      မေတ္တာချည်းစွတ်ပို့မနေနဲ့
      နင်လဲ ပိုစ့်လေးဘာလေးရေးဦး…..။ 😀

      • စိန်ဗိုက်ဗိုက်

        July 5, 2012 at 6:34 pm

        ငါ..
        သွက်သွက်သောက်မှဖြစ်မယ်..
        ဟိုလူကြီးက လက်မြန်တော့..
        ငါ့အတွက် မကျန်ပဲနေမယ်..
        ခွက်ရေများ ကိုယ့်အတွက်ကျန်မှာ..
        ဂလု..ဂလု..ဂလု..
        The End.

  • ဦးဦးပါလေရာ

    July 5, 2012 at 6:46 pm

    ဆုကိစ္စလေးတော့ နဲနဲ အာချောင်လိုက်ပါရစေ..
    အခုဖတ်မယ့် ရွေးမယ့် လူတွေပဲ မနည်းပါဘူး…
    တယောက်တစ်ထောင်ပဲထားဦး တစ်သောင်းတော့ ရမှာပေါ့နော…

    ပြီးတော့ ဆု တန်ဘိုးကလဲ အရေးမကြီးလှဘူးထင်ပါတယ်..။
    မိမိရဲ့ပိုစ့်ကို အသိအမှတ်ပြုခံရခြင်းက ဆုထက် အဆများစွာ ပိုမိုပါတယ်။

    ဆုကို ငွေသားထက် အမှတ်တရပစ္စည်းတခုခု ပေးနိုင်ရင် ပိုကောင်းမယ်လို့လဲထင်ပါတယ်….။
    မပဒုမ္မာလဲ အဲဒီသဘောမျိုး ပြောဘူးပါတယ်…။
    ပြီးတော့ရွေးပြီးပြီးချင်း ဆုပေးဘို့ အရေးတကြီးလဲမလိုလှဘူးထင်တယ်။
    ဥပမာ တနှစ်တခါ တွေ့ဆုံပွဲလုပ်ပြီး အဲဒီမှာမှ ဆုရသူတွေကို ပေးရင်လဲ ရတာပါပဲ..။

    မန်းဂေဇက်အဖွဲ့ဝင်တွေဟာ အွန်လိုင်းမှာ မျက်နှာဖုံးစွပ်ရေးနေရာက
    ကိုနိဂိမိ၇ရ လူရှေ့ထွက်ပြရာကစလို့
    လူလုံးပြပြီး စုဝေးတွေ့ဆုံဖြစ်ကြတာ
    လှုပ်ရှားမှု့လေးတွေလုပ်ဖြစ်ကြတာ အရှိန်ရနေပါပြီ..။
    (အဲဒါမတိုင်ခင်ကတော့ ဆရာကြီးတယောက် ကိုယ့်လက်မောင်းကိုယ် ဓါတ်ပုံရိုက်ပြတာ အများဆုံးပဲ.. 😀 )

    ကျုပ်က ဒီဆိုက်ထဲမှာ ဘာမှမဟုတ်လို့ ကိုယ်တိုင်မပြောရဲပေမယ့်
    ဩဇာရှိသူတယောက်ယောက်ကတဆင့် ပြောချင်တာလေးရှိနေပါတယ်..။
    မန်းဂေဇက်အဖွဲ့ဝင်တွေ တနှစ်တခါလောက် တွေ့ဆုံပွဲလေး လုပ်ကြရအောင် ဆိုတာမျိုးပေါ့..။

  • ရာဇဝင်လူဆိုး

    July 5, 2012 at 6:55 pm

    ကျနော့်ကို တရွာလုံးမေ့နေကြတယ်ပေါ့ ..။ လွန်ခဲ့တဲ့ ၂ ရက်ကမှ ဆက်သွယ်မှုဧရိယာပြင်ပကနေ ပြန်ရောက်ပါတယ်.. ။ ပို့စ် အဟောင်းတွေပြန်ဖတ်တော့ အလှူတွေလဲလွတ်၊ ဘောပွဲတွေလဲလွတ်၊စာရေးတာလဲလွတ်၊ အကုန်လွတ်နေတဲ့သူ ဖြစ်နေပါကရောလား..။ ကိုဘလက် အတွေး အရမ်းကောင်းတယ် အကို။ မန်ဘာတွေ ဦးနှောက်ကိုညှစ်ပြီး ရေးချင်စိတ်ကို လှုံ့ဆော်ပေးသလိုပါပဲ …လူငယ်တွေလဲ စာပေဘက်မှာ ပိုပြီးကြိုးစားချင်၊ အကြိုးပြုချင်လာပါလိမ့်မယ်။ (တကယ်စာပေ ချစ်စိတ်ရှိမယ်ဆိုရင်။) ဆုကိုတော့ သူကြီးကို ဝန်မပိစေချင်ရင် ပွိုင့်တိုးတာမျိုး ဖြစ်စေချင်ပြီး..။ အရွေးချယ်ခံရတဲ့ မန်ဘာကိုတော့ ..ငွေမဟုတ်ပဲ အမှတ်တရ ဆုတံဆိပ် တစ်ခုခုရွေးချယ်ရေးအဖွဲ့က ပေးရင် ပိုပြီးကောင်းမယ်ထင်ပါအိ..။ (လိုအပ်ရင် မန်ဘာတွေနဲ့ တိုင်ပင်ပြီး စီစဉ်ကြရန် အကြံပေးပါသည်)

  • AKKO

    July 5, 2012 at 7:16 pm

    ဒီအစီစဉ်ကို ပြုလုပ်ခြင်းအားဖြင့် ဂေဇက်ကိုပိုပြီး စွဲဆောင်မှုဖြစ်စေမယ်လို့ထင်ပါတယ် ။
    အရမ်းကောင်းတဲ့ အိုင်ဒီယာပါပဲ ။

  • မောင်ပေ

    July 5, 2012 at 7:44 pm

    မူတူးတစ်ယောက်၏မှတ်တမ်းကို
    အသောက်အစားဓါတ်ပုံမှတ်တမ်းလေးနဲ ့တစ်ကွ
    တင်ပြရအုန်းမှာပေါ့ ( တင်ပြ ဟု ဆိုသည်မှာ မည်သူ ့တင်ပါးကိုမှ ပြမည်ဟု မဆိုလိုပါ)

  • မောင်ပေ

    July 5, 2012 at 7:46 pm

    မတူညီတဲ့ အတွေးလေး တစ်ခု ရလာလို ့
    အပေါ်ကစာပါအတိုင်း ပို ့စ်များကို ဝိုင်းဖတ်ပြီးခဲ့လို ့ရှိရင်
    တစ်လ တစ်ခါအတွက် ပို ့စ်တစ်ခုခု ကိုပေါ့
    “ မန်းဂေဇက် စာဖတ်သူများ ၏ ချင်ပေါင်းဆု ” ဆိုတာလေးကိုပါ
    တစ်လက်စထဲ ရွေးစေလိုပါတယ် လူကြီးမင်းတို ့

  • ကိုရင်မောင်

    July 5, 2012 at 7:53 pm

    ကျနော်လဲဒီအစီအစဉ်ကိုအားပေးပါတယ်…
    မန်းလေးဂဇက်ထဲ အနှစ်သာရနဲ့ပြည့်စုံတဲ့
    ပို့စ်တွေများလာမှာပါ…
    ကြိုဆိုပါတယ်……….

  • padonmar

    July 5, 2012 at 8:07 pm

    ဓာတ်ပုံပို့စ် ဆိုတဲ့နေရာမှာ ဓာတ်ပုံသက်သက် မဟုတ်ဘဲ အကြောင်းအရာကို အထောက်အကူပြုမယ့် ဓာတ်ပုံလေးတွေပါတာကို ချွင်းချက်ထားပြီး ထည့်စဉ်းစားပေးသင့်ပါတယ်။
    ………………..
    ဆုအတွက်ကတော့ သက်ကြီးဝါကြီးတွေက စိုက်ထုတ်ပေးရမှာပေါ့။:D
    ……….
    တီချာကြီးကော ရွေးချယ်ရေးအဖွဲ့ထဲမထည့်ဘူးလားကိုဘလက်ရဲ့။
    ဝေဝေ့ကိုတော့ ငယ်သေးလို့ ဆုယူရမယ့်ထဲ ပါချင်ပါပါစေ။
    မောင်ဂီကတော့ ငယ်ပေမယ့် သူ့ကို ဖယ်ထားမှ သူများနေရာရမယ်။
    ……..
    ဆုပေးပွဲလေးကို “လ” အားလုံးပေါင်းပြီး နောက်နှစ် ဇန်နဝါရီလ မှာ လုပ်ကြရအောင်။

    • Inz@ghi

      July 6, 2012 at 8:46 am

      အင် …
      သများကို ဖယ်ထားတယ်ပေါ့ ….
      စိတ်ထိခိယက်သွားဘီ …
      😳
      အိ …အိ … ရှိုက်သံများ …
      (အရီးလတ် ဆီမှ ..ဓါတ်ပြန်ကူးပါသည်..)

  • blackchaw

    July 5, 2012 at 8:11 pm

    ကျေးဇူးတင်ပါတယ် ကိုရင်မောင်ရေ။
    ကျန်တဲ့ ရွာသူရွာသားတွေအနေနဲ့လည်း
    အခုအစီအစဉ်လေးကို အကောင်းမြင်စိတ်လေးနဲ့ ကြည့်ပေးဖို့
    တောင်းဆိုပါတယ်။
    နားလည်မှု လွဲမှာစိုးလို့ ရှင်းပြချင်ပါသေးတယ်။
    ဥပမာ – မန္တလေးသူ ပုချ် တို့၊ ဆူးတို့၊ အီတုန်းတို့၊ စိန်ဗိုက်ဗိုက်တို့၊ ကြောင်ဝတုတ်တို့ စသည်ဖြင့်
    ရေးတတ်တွေးတတ်သူတွေဘာလို့ မပါတာလဲလို့ မေးကောင်းမေးနိုင်ပါတယ်။
    ဟုတ်ကဲ့ သူတို့ကို တန်ဘိုးထားလို့ပါခင်ဗျာ။
    ကျွန်တော်နဲ့ ကိုပါလေရာတို့ သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်ထားတာပါ။
    ပို့စ်ကောင်းကောင်းတင်နိုင်တာနဲ့ ရောထွေးမသွားဖို့ တောင်းဆိုတာပါ။
    ဆိုတော့…။
    ဒီဆုကို တန်ဘိုးထားဂုဏ်ယူရသော ဂုဏ်သိက္ခာရှိတဲ့ ဆုတစ်ဆုဖြစ်အောင်
    ကျွန်တော်တို့ ကြိုးစားပါမည်။
    ဘက်လိုက်မှု ကင်းအောင် ကျွန်တော်တို့ ကြိုးစားပါမည် လို့
    ကျွန်တော် ကတိပေးနိုင်ပါတယ်။
    နောက်ထပ်ပြောနိုင်တာက
    ရသစာပေဆုရွေးခြယ်ပေးမယ့် ကိုရဲစည်တို့လည်း ဆက်လုပ်စေချင်ပါတယ်။
    ဒါ ကျွန်တော်တို့ စီစဉ်နေကြတာ ကြာနေပါပြီ။
    အခုမှ ထ အကောင်အထည်ဖေါ်ဖြစ်သွားတာပါ။
    အားလုံး ဝိုင်းကြဝန်းကြစေချင်ပါတယ်ခင်ဗျား။
    လေးစားခင်မင်တဲ့
    ဘလက်…။

  • blackchaw

    July 5, 2012 at 8:18 pm

    အစ်မပဒုမ္မာခင်ဗျား…။
    တီချယ်ကြီးကို ပါစေချင်တာပေါ့ခင်ဗျာ။
    ိပို ပြည်စုံသွားတာပေါ့။
    ဒါပေမယ့် တီချယ်ကြီးကို အမေတစ်ယောက်လို
    ကိုယ်ချင်းစာစိတ်နဲ့ ပင်ပန်းမှာစိုးလို့ ချန်လိုက်တာပါ။
    တကယ်လို့သာ တီချယ်ကြီးက ဖတ်ပေးမယ်ဆိုရင်…
    အတိုင်းထက်အလွန်ပါပဲ အစ်မရေ။
    မဝေဝေ အနေနဲ့ အသက်ငယ်တယ်ဆိုပေမယ့်
    ရွေးခြယ်ရေးအဖွဲ့မှာ ပါသင့်တယ်လို့ ယူဆလို့ပါ။
    ပါတာ မပါတာကတော့ မဝေဝေ ရဲ့ ဆန္ဒပါ ခင်ဗျာ။
    လေးစားခင်မင်တဲ့
    ဘလက်…။

    • weiwei

      July 5, 2012 at 10:33 pm

      ပါဝင်နိုင်ပါတယ် ကိုဘလက်ရေ …
      လူကြီးအရာထားတယ်ဆိုတော့ ဝမ်းသာရတာပေါ့ (တကယ်လဲ လူကြီးစာရင်း ဝင်နေပါပြီလေ ..)
      အခုတလော ပို့စ်အားလုံး မဖတ်ဖြစ်ပေမယ့် အနဲဆုံးတစ်ဝက်လောက်တော့ ဖတ်ဖြစ်ပါတယ် …
      မန်းဂေဇက်ကို သံယောဇဉ်ရှိပြီးသားမို့ တိုးတက်ရာတိုးတက်ကြောင်းဆိုရင် ပါဝင်အားဖြည့်ပေးဖို့ အသင့်ပါပဲ …

  • ဦးဦးပါလေရာ

    July 5, 2012 at 8:22 pm

    မပဒုမ္မာရေ-
    ကိုဘလက်နောက်ကျနေမှာစိုးလို့ ကိုဘလက်အစား ဖြေပါရစေ
    တီချာကြီးကို ကနဦးစဉ်းစားကတည်းက ပါပါတယ်…။
    ပြီးမှ တီချာကြီးရဲ့ အချိန်လေးတွေကို ဖဲ့ယူရမှာ အားနာလို့ ဖယ်လိုက်ကြတာပါ။

    ဓါတ်ပုံပိုစ့် ဆိုတာမှာ ဓါတ်ပုံချည်းသက်သက်အသားပေးတဲ့ ပိုစ့်မျိုးကိုဆိုလိုတာပါ။
    ရွာထဲမှာ ဓါတ်ပုံပြပွဲရှိနေပြီးသားမို့ အဲဒါကို သက်ရောက်မှု့ရှိမှာမို့ပါ…။
    အကြောင်းအရာကို အထောက်အကူပြုမယ့် ဓာတ်ပုံလေးတွေပါတာကို ဓါတ်ပုံပိုစ့်လို့ မသတ်မှတ်ပါဘူးခင်ဗျာ..။

  • Inz@ghi

    July 5, 2012 at 8:50 pm

    ချောတဲ့ စကီလေးဒွေ ရေးသမျှ ဒိုင်ခံရွေးဖို့
    ဂဒိပေးပါအိ..
    😀

    • MaMa

      July 5, 2012 at 10:42 pm

      ထောက်ခံပါတယ် ကိုဘလက်ရေ။
      ကိုယ်နိုင်သလောက်တော့ ဝိုင်းရတာပေ့ါ။
      စာဖတ်ပြီး ရွေးတာရော။
      ဆုပေးဖို့အတွက် ရှယ်ယာထည့်တာရော။ 😀
      သဂျီးကလည်း အရင်တခါပိုစ့်မှာ ဆုရသူကို ပွိုင့် ၅၀၀ဝ တိုးပေးမယ်ဆိုလား…..
      သဂျီးရေ-ကွန်ဖမ်းလုပ်ပါဗျို့………
      တီချယ်ကြီးကိုတော့ တာဝန်အနေနဲ့ မဟုတ်ပဲ…
      အကြံပေးအနေနဲ့ ကြုံရင် ကြုံသလို ကောင်းတယ်လို့ထင်တာကို ပြောပေးဖို့ တောင်းဆိုချင်ပါတယ်။
      အဖွဲ့အစည်းတခုမှာ နာယက သဘောမျိုးပေ့ါ။ :mrgreen:

    • pooch

      July 5, 2012 at 11:38 pm

      ဇာတိကတော့ ပြလာပြီ။ ရွာသူညီမလေးတွေ သတိထားနိုင်မှ တော်ကာကျမယ်။
      ရွာထိပ်မှာ ဖားကြီးတကောင် စောင့်ကြောင့်ထိုင်နေတယ်လို့ :mrgreen:

  • မောင်ပေ

    July 6, 2012 at 12:04 am

    နဲနဲလောက်
    တိုးတိုးလေး
    မေးခွန်းလေး မေးပါရစေ
    ရေးချင်သလိုရေး
    ဂေဇက်စည်းကမ်းတော့လိုက်နာပါ ဆိုတဲ့
    ရွာကြီးဟာ
    စစ်တပ်ဖြစ်တော့မှာပါကလား
    နဲနဲလောက်ပဲ ဖြစ်ဖြစ် စဉ်းစားပေးကြပါဦး
    ကိုကြောင်ကြီး
    ကိုအောင်ပု
    ကိုပေါက် ဦးပါ
    အန်တီမမ
    ဒေါက်တာ မမာ
    ကိုထူးဆန်း
    ကိုကြီးမိုက်
    ကိုဘီလူး
    ပေါက်ဖော်
    77
    ဆရာမကြီး
    မပု
    ကိုနေ
    ကိုသစ်မင်း
    ကိုနေးချား
    ဘိုနိုဇိုမိ

    • ကြောင်ဝတုတ်

      July 6, 2012 at 9:25 am

      ကိုပေရေ…

      ကိုပေပြောလိုက်တော့မှ ရွာကြီးကို စစ်တပ်က အာဏာသိမ်းလိုက်သလိုများ ကိုပေခံစားမိလားလို့…
      ကိုပေ့ရဲ့ ကော်မန့်လေးကို နည်းနည်းရှင်းပါဦးလေ… ကျွန်တော်လိုက်မမီတော့ဘူးဗျ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • မောင်ပေ

        July 6, 2012 at 1:48 pm

        ရာထူးတွေ ပါဝါတွေ အာဏာတွေ
        အနံ ့အသက်တွေ ရလာလို ့ပါ အကိုရေ

        • ကြောင်ဝတုတ်

          July 6, 2012 at 2:01 pm

          ဟုတ်လားအစ်ကို…
          ကျွန်တော်လဲရနေတာကြာပြီဗျ…
          ဘယ်နားက အနံ့ထွက်နေလဲလို့တော့ ကျွန်တော်ရှာကြည့်သေးတယ်…
          ထွက်တဲ့နေရာကိုတော့ ခပ်သိသိဖြစ်လာပြီဗျာ… ပြောဘူးအသေသတ်…

          ကြောင်ဝတုတ်

  • အရီးခင်လတ်

    July 6, 2012 at 2:55 am

    ကဘချော ရေ

    အင်မတန် ကောင်း တဲ့ အစီအစဉ်ပါ။
    ရွာ အတွက် တိုးတက်ရေး ကဏ္ဍ တစ်ခုမှာ ပါလို့ ရလို့ ဝမ်းသာပါတယ်။

    အတွေးလေး တစ်ခုပါ။
    ရွာထဲမှာ စာဖတ်ဝါသနာပါ တဲ့ သူ တစ်ချို့ လဲ အကဲဖြတ် ချင် ဖြတ် လို့ ရအောင်လို့ အကဲဖြတ်ဒိုင် ဗော်လန်တီယာ လုပ်ချင် သူများရှိနေခဲ့ရင် လဲ ဖိတ်ခေါ် သင့် သလားလို့ပါ။
    လူများလေ ကောင်းလေပါဘဲ မဟုတ်လား။
    အကြံဉာဏ်ကောင်း ပိုရတာပေါ့။ 🙂

  • Foreign Resident

    July 6, 2012 at 3:54 am

    အဘ အမြင်လေး တစ်ခု တင်ပြပါရစေ ။

    ဒိုင်အဖွဲ့ထဲက လူတွေ ရေးတာတွေလဲ ၊
    ရွေးတဲ့အထဲ ထည့်မှဖြစ်မယ် ထင်တယ် ။
    ကိုယ့် Post တော့ ကိုယ် မဲမပေးနှင့်ပေါ့ ။
    ဒါမှမဟုတ်ရင် ၊ ဒိုင် ဦးရေ ကို လျှော့ မှဖြစ်မယ် ။

    နို့မို့ဆိုရင် ရွေးစရာ ကောင်းကောင်း မရှိရင် ၊
    တစ်လ ကနေ နှစ်လ သုံးလ ကြာရင် အူလည်လည် ဖြစ်သွားမယ် ။

    Any how,
    အဘ ကတော့ ရွေးတဲ့ လ တိုင်းအတွက် ၊
    လစဉ် တစ်သောင်း လှူပါ့မယ်ကွယ် ။

    • အရီးခင်လတ်

      July 6, 2012 at 4:55 am

      ကျွန်မ ကို ဒိုင် ကနေ ဖြုတ် ရင်တော့ အသိဘဲ။ 👿

      😆

  • kai

    July 6, 2012 at 4:31 am

    ကျုပ်ကတော့.. နှစ်ချုပ်လိုက်တဲ့.. အခါမှ..လစဉ် ရွေးထားတာတွေပြန်ဖတ်ပြီး.. အကောင်းဆုံးကို.. သတင်းစာထဲ ထည့်ပေးပါ့မယ်..
    ဆိုတော့..
    အဲဒီအတွက်.. စာမူခ ဒေါ်လာ၂ဝ ချီးမြှင့်မယ်ဖြစ်ကြောင်း..။ 🙂

  • ကြောင်ကြီး

    July 6, 2012 at 9:10 am

    အမှန်မဒေါ့ မိန်းမ ယောက်ျား ဒိုင်လူဂျီးအရေအတွက် အချိုးအစား မျှတသင့်ဒယ်။ လွှတ်တော်ထဲမှာတောင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အရေအတွက် အနည်းဆုံး ၃၅% ပါဖို့ စဉ်းစားနေဂျဗီ မဟုတ်လား။ နှောက်တာ ဟုတ်ဖူးနော် စေတဏှာနဲ့ ပေါဒါ…။ မိုးစက်နဲ့ ပုရှ်ဂလေး ဦးကြောင်ကြီးကို ပါရမီဝိုင်းဖြည့်ပေးဂျဗာကွယ် 😳

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 6, 2012 at 9:20 am

      ဟုတ်တယ်ဆယာကြောင်ဂျီး
      လိင်တူချစ်သူတစ်ယောက်လည်းပါသင့်တယ်

  • htet way

    July 6, 2012 at 9:12 am

    ဥပမာ – မန္တလေးသူ ပုချ် တို့၊ ဆူးတို့၊ အီတုန်းတို့၊ စိန်ဗိုက်ဗိုက်တို့၊ ကြောင်ဝတုတ်တို့ စသည်ဖြင့်
    ရေးတတ်တွေးတတ်သူတွေဘာလို့ မပါတာလဲလို့ မေးကောင်းမေးနိုင်ပါတယ်။
    ဟုတ်ကဲ့ သူတို့ကို တန်ဘိုးထားလို့ပါခင်ဗျာ။
    ကျွန်တော်နဲ့ ကိုပါလေရာတို့ သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်ထားတာပါ။
    ပို့စ်ကောင်းကောင်းတင်နိုင်တာနဲ့ ရောထွေးမသွားဖို့ တောင်းဆိုတာပါ။
    ဆိုတော့…။
    ဒီဆုကို တန်ဘိုးထားဂုဏ်ယူရသော ဂုဏ်သိက္ခာရှိတဲ့ ဆုတစ်ဆုဖြစ်အောင်
    ကျွန်တော်တို့ ကြိုးစားပါမည်။
    ဘက်လိုက်မှု ကင်းအောင် ကျွန်တော်တို့ ကြိုးစားပါမည် လို့။

    ဒီစိတ်ဓါတ်နဲ့ ဒီလို တွေးခဲ့ အကောင် ထည်ဖေါ် သူတွေကို လေးစားပါတယ်။
    ဒါမှ လည်း မန်းဂေဇက်က စာကောင်းတွေရှိမှာပေါ့ ။ အင်း အခါကောင်းမှ စာမရေးနိုင်တာ နာသဗျား

    • ကြောင်ဝတုတ်

      July 6, 2012 at 2:35 pm

      ဆရာထက်ဝေးရယ်…
      ကျွန်တော့ကိုဖြင့် ခေါင်းကျိန်းတဲ့အထဲတော့ဆွဲမထည့်ပါနဲ့ဗျာ…ဟိ
      ကျွန်တော်လဲ ဆုထပ်ရအောင်ကြိုးစားဦးမယ်လေ…ဟိဟိ
      ဖလားနှစ်ကြိမ်ရ ကြောင်ဝတုတ်ဖြစ်အောင်… အဇူရီဖလားမရလို့ ငါရအောင်ယူမယ်… ရေဖလား…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ဇောက် ထိုး

    July 6, 2012 at 9:18 am

    ပိုက်ဆံရတော့မယ်… ပိုက်ဆံရတော့မယ်…. ဒေါ်လာရတော့မယ်…ဟေ့..ဒေါ်လာရတော့မယ်…

    ထင်ဘူး…ထင်ဘူး…..လုံးဝထင်ဘူး… အားရ ပါးရ ပြောလိုက်ပါမယ်…ထင်ဘူး..ထင်ဘူး…

    မျှော်လင့်ချက်တွေ… ရင်မှာပိုက်လျှက်…စိတ်ကူးယဉ်အိပ်မက်ထဲ..မက်နေသလိုပျော်….ဂေဇက်ရွာက ဆုပေးမှာတဲ့ ဆုပေးအဖွဲစီစဉ်လို့နော်…..

  • mamanoyar

    July 6, 2012 at 9:25 am

    အခုလို အကောင်းဆုံးပိုစ့်ကို ဆုပေးမယ်ဆိုတဲ့
    အစီအစဉ်ကို အရမ်းစိတ်ဝင်စားပါတယ်ရှင်
    ရတဲ့သူအတွက်လဲ ဂုဏ်ယူရသလို နောက်ထပ်
    စာကောင်းပေကောင်းတွေ အများကြီး ထွက်လာနိုင်မယ့်
    အစီအစဉ်လဲ ဖြစ်ပါတယ်။ ဆုပိုင်ရှင်ကို ရင်ခုန်စောင့်မျှော်ရင်း
    ကြိုဆိုနေပါတယ်ရှင်

  • etone

    July 6, 2012 at 9:49 am

    လေးဘလက်ရေ … ဒီလို အစီစဉ်လေးက ကောင်းပါတယ် ၊ ဒါပေမယ့်လေ … အခုမှစမ်းရေးကြည့်မယ့်လူတွေ လက်များ တွန့်သွားမလားပဲ …
    နောက်ပြီး အရင်က ရေးနေသူတွေလည်း … စိတ်ကူးရှိနေလျှင်တောင်မှ ခေါင်းထဲက ထွက်သလောက် တပုဒ်နှစ်ပုဒ်သုံးလေးပုဒ်ဖြစ်သွားတာဆိုတော့ …….အခုဆို အာရုံရတိုင်းရေးရမှာအပုဒ်များသွား မလားဆိုပြီး ၊ လက်ကမရဲတော့သမလိုများ ဖြစ်သွားမလားစိုးရိမ်မိတယ် ။
    အခုမှ စလုပ်တဲ့ အစီစဉ်မို့ နေသားမကျသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ် … ။

  • kyeemite

    July 6, 2012 at 9:54 am

    ကိုဘလက်ရေ…ဒိုင်ထဲထည့်ထားတော့လည်း
    ဖတ်ပေးရွေးပေး ရမှာပေါ့ဗျာ..
    ဒါပေမဲ့..ကိုFR ပြောတဲ့ ..

    ဒိုင်အဖွဲ့ထဲက လူတွေ ရေးတာတွေလဲ ၊
    ရွေးတဲ့အထဲ ထည့်မှဖြစ်မယ် ထင်တယ် ။
    ကိုယ့် Post တော့ ကိုယ် မဲမပေးနှင့်ပေါ့ ။
    ဒါမှမဟုတ်ရင် ၊ ဒိုင် ဦးရေ ကို လျှော့ မှဖြစ်မယ် ။

    ဆိုတာလေးလည်းစဉ်းစားဘို့ကောင်းတယ်ဗျ…
    နောက်တစ်ချက်ကတော့..ကိုထူးဆန်းပြောတဲ့..စည်းကမ်းချက်ကိစ္စပါ..
    အနိမ့်ဆုံးစည်းကမ်းချက်လေးတော့ ..ထည့်ထားသင့်ပါတယ်
    သူများအကြံပြုချက်ကို ထောက်ခံပေးတာပါ..
    လေးစားစွာဖြင့်….

  • Moe Z

    July 6, 2012 at 10:02 am

    ပရိသတ်လုပ်ပေးဖို့တာဝန်ယူပါတယ်
    ဆုရတဲ့သူကလည်း မုန့်ကျွေးဖို့တာဝန်ယူပါ 😆

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 6, 2012 at 10:46 am

    ဆီးစစ်ရေးအဖွဲ့ချုပ်ထဲက ထိတ်တန်းပုဂ္ဂိုလ်ကြီးတွေလည်း ဆုရသူစာရင်းထဲပါဝင်သင့်ပါတယ်
    ဒီနေရာမှာ မျက်နှာပူစရာတစ်ခုကို ခုကတည်းက ဓာတ်ဆီလောင်းပြီးမီးရှို့ဘာဒယ်
    နာမည်တပ်လိုက်ရင် ပုဂ္ဂိုလ်စွဲမဖြစ်စေလို၍ ဘလိုင်းပြောပါတယ်
    ဒီဆိုဒ်ထဲမှာ အချို့သူတွေစာရေးတာ တော်တော်ကောင်းပါတယ် ကောင်းတာမကောင်းတာထက်
    စာရေးဆရာ ဆိုတဲ့ အမည်တွေရှိထားပုံရပါတယ်
    ဒီလိုပြိုင်ပွဲတွေမှာ စာရေးဆရာကြီးတွေရဲ့ ပိုစ့်တွေအရွေးမခံရရင်တော့ သူတို့အနေနှင့်
    အိမ်သာရှေ့မှာ ဝမ်းချုပ်သလို အိမ်သာမရှိတဲ့နေရာမှာ ချီးပန်းသလို ဝေဒနာမျိုးခံစားနိုင်တဲ့အတွက်
    သူတို့လက်ရှောင်သွားရင် အလာဂါးဖတ်ရတဲ့ ကျုပ်တို့စာဖတ်သူတွေ နစ်နာပါတယ်
    ( ဒါ့ကြောင့် စာရေးဆရာကြီးတွေအနေနှင့် ခုကတည်းက သဘောထားကြီးထားဘို့ မေတ္တာရပ်ခံပါတယ် )
    ဘယ်သူဘာပြောပြော ဂေဇက်ထဲက စာတွေကိုဖတ်ရတာဟာ အပြင်မှာ စာရွက်ကိုင်ပြီးဖတ်ရတဲ့
    သတင်းစာတွေ စာစောင်တွေ မဂ္ဂဇင်းတွေ ဘာညာသာရကာတွေကို ဖတ်ရတာထက်
    အမျိုးမည်ပြောရန်ခက်ခဲသော ရဿကိုရည်ညွှန်းရန်ခက်ခဲသော ဝေဒနာလားဖီလင်လား
    မသိပါ သော အရသာကိုရရှိစေပါတယ်လို့ မြှောက်ပြောပါတယ် ( ကွိကွိ )

    • စိန်ဗိုက်ဗိုက်

      July 6, 2012 at 10:50 am

      ဟုတ်တယ်..ဟုတ်တယ်..
      မာမီဂျော်တကီအောင်ပု ပေါတာဟုတ်တယ်..

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 6, 2012 at 10:54 am

        သဒိပေးဘာဒယ်
        ဆာရေးစရာ
        မိုက်ကယ်ဂျော်နီအောင်ပု လို့ ရိုသေစွာပြောပါ။
        ပုံ
        ဆာရေးစရာ
        မိုက်ကယ်ဂျော်နီအောင်ပု

Leave a Reply