“ခမ်းဟွမ်………………… …အပိုင်းသုံ့း…..” (အသစ်တစ်ဖန်………………………….)
“ခမ်းဟွမ်………………… ……..”
(အသစ်တစ်ဖန်………………………….)
သင်္ကြန်တွင်းအလုပ်တွေပိတ်တော့ ကျနော့် မန်းလေးကို ပြန်လာခဲ့ပါတယ်။
ဒီပိတ်ရက်ကရှည်တော့အဝေးရောက်သားသမီးများအိမ်ပြန်ချိန်လို့ဆိုရင်လဲရနိုင်ပါတယ်။
မတွေ့တာကြာတဲ့သူငယ်ချင်းတွေအကုန်ပြန်ဆုံပါတယ်။
ရွှေလီဖက်ရောက်နေတယ်ဆိုတဲ့“ငြိမ်းမ”တစ်ယောက်ကလွဲလို့ပေါ့။
သင်္ကြန်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးလည်လိုက်ပတ်လိုက်။
လက်ဖက်ရည်ဆိုင်ထိုင်လိုက် နဲ့ပေါ့။
သူတို့နဲ့မသွားဘဲအိမ်မှာတစ်ယောက်ထဲရှိနေတဲ့အချိန်အခါမျိုးမှာဖြစ်ဖြစ်
သူနဲ့သွားခဲ့လာခဲ့ဘူးတဲ့နေရာကိုရောက်ရင်ဘဲဖြစ်ဖြစ် ဘေဘေးကို သတိရမိပါတယ်။
အထူးသဖြင့် မနက် မနက် ကန်တော်ကြီးမှာ လမ်းလျောက်တဲ့အခါမှာပေါ့။
သူငယ်ချင်းတွေပြန်ဆုံပေမယ့်လဲ ဘေဘေး သတင်းကတော့ အစအနကိုမရပါဘူး။
သူဘယ်ရောက်သွားတယ်ဆိုတာ တိတိကျကျသိသူမရှိ။
သူအိမ်ထောင်မကျဘူးဆိုတာကတော့ သေချာသလောက်။
ဘယ်သူ့ဆီကို မှ ဘေဘေးရဲ့ မင်္ဂလာဆောင်ဖိတ်စာမရောက်လို့ပါ။
ကိုယ်စိတ်ကိုယ်ဒီလိုဘဲဖြေသိမ့်ရတာပေါ့နော်။
ကျနော်သူတို့အိမ်ဘက်ပါတ်ကြည့်တော့လဲအရိပ်အယောင်တောင်မမြင်ရ၊။
မိပန်ကတော့
“နင်တောင်ကြီးရောက်ပြီးတစ်လ နှစ်လ လဲနေရော ခမ်း ကိုလဲ ငါတို့မတွေ့တော့ဘူး”
လို့ပြောပါတယ်။။
ဒီလိုနဲ့ဘဲပိတ်ရက်ကုန်တော့ တောင်ကြီးကိုပြန်ခဲ့ရပါတယ်။
တောင်ကြီးရောက်ပြီးလို့ သိပ်မကြာခင်မှာဘဲ ကျယ်ဂေါင်မှာရှိတဲ့ ရုံးကိုသွားဘို့ဖြစ်လာပြန်ပါတယ်။
တစ်ခါမှမရောက်ဘူးတဲ့အရပ်မို့လို တကယ်ဘဲသွားခြင်လှပါတယ်။
ဇွန်လဆန်းမှာတော့ တောင်ပိုင်းရှမ်းပြည်ကနေမြောက်ပိုင်းရှမ်းပြည်ကို ထွက်ခဲ့ပါတယ်။
မူဆယ်မှာ ကျနော်တို့ရုံးအဖွဲ့က ကျနော်ကို လာကြိုနေကြပါတယ်။
မြန်မာပြည်ဘက်က လ-၀-က မှာယာယီလည်ပါတ်ခွင့်လက်မှတ်လုပ်။
ကဒ်အစိမ်းလေးတစ်ခုုထုတ်ပေးပါတယ်။
တစ်ပါတ်စာနေခွင့်အတွက်သင့်ငွေ ကျပ်တစ်ထောင်။
ဒါပေမယ့် ရွှေလီထဲမှာလည်လို့တော့ရမယ် ညအိပ်လို့တော့မရ။
တစ်ပါတ်ပြည့်ရင်တော့ မူဆယ်ဘက်ပြန်ထွက်။
ထပ်နေချင်သေးတယ်ဆိုရင်တော့ လက်မှတ်အသစ်ပြန်လုပ်ပေါ့။
လက်မှတ်လုပ်ရတာလွယ်ပါတယ် မှတ်ပုံတင်ရှိရင်အခက်အခဲမရှိ။
ကျနော်ရောက်တော့ အဖွဲ့တွေနဲ့အတူကျယ်ဂေါင်ထဲဝင်ခဲ့ကြပါတယ်။
နန်းတော်ဂိတ်ဆိုတဲ့ခမ်းနားလှတဲ့အဆောက်အဦးကြီးထဲကို်ဝင် ဖော်ရွေမူ့ကင်းတဲ့
တရုပ်လူဝင်မူ့ကြီးကြပ်ရေးဝန်ထမ်းတွေရှေ့မှာ လက်မှတ်ပြ။
ပြီးရင်တော့ အထဲဝင် ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ နို်င်ငံခြားရောက်ပြီပေါ့။
ကျယ်ဂေါင်ထဲရောက်တော့ကျနော်တည်းရမယ့် ဟိုတယ်ကိုလိုက်ပို့ပေးကြပါတယ်။
ကျနော်တို့ရုံးနဲ့လဲနီး ညဘက်လမ်းလျောက်ထွက်ချင်ရင်လဲ ညဈေးတန်းလေးနဲ့နီး၊
“မနောကွင်း”ဆိုတဲ့ အပန်းဖြေအားကစားကွင်းလေးနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့
“စန်းဟွမ်ဟိုတယ်”မှာ တည်းဘို့လုပ်ပေးထားတာပါ.။
ကျနော်ဒီကိုလာရတာက ဂိုဒေါင်တွေမှာပစ္စည်းအထားအသိုတွေကို စနစ်ကျအောင်စီစဉ်ပေးရတာပါ။
ကျနော်တစ်နေကုန်အလုပ် လုပ်ဘို့မလိုပါဘူး။
ပုံစံတစ်ခုချပေးပြီးရင် ကျန်တဲ့သူတွေက လုပ်သွားတယ်ဆိုတော့ ကျနော်မှာအ ချိန်ပိုတွေထွက်လာပါတယ်။
ကျနောကလဲ အလုပ်ပြီးရင် ရုံးက ဘက်ထရီဆိုင်ကယ်တစ်စီးယူပြီးရွှေလီဘက်ထွက်လည်ပါတယ်။
ရွှေလီဘက်ထွက်လည ်ရတယ်ဆိုတာ ကျယ်ဂေါင်က တကယ့်ကို ကျဉ်းကျဉ်းလေးမို့ သွားစရာလဲသိပ်မရှိပါဘူး။
ကျယ်ဂေါင်ဆိုတာ တကယ်ပြောရရင် ကျနော်တို့ မန်းလေးက ရပ်ကွက်ကြီး တစ်ကွက်စာလောက်ဘဲရှိတာပါ။
ဒါပေမယ့် စိမ်းလန်းတဲ့သစ်ပင်တွေနဲ့ အေးချမ်းနေတဲ့လမ်းကလေးတွေ၊
သန့်ရှင်းသပ်ရပ်နေတဲ့အမိူက်မရှိတဲ့လမ်းမတွေ၊
ဖုံမူန့်ကင်းစင်တဲ့သန့်ရှင်းတဲ့တောင်ပေါ်လေကို ရူရ
ကြည့်လေရာရာမှာ မြင့်မားတဲ့အဆောက်အဦတွေကြောင့် နေချင့်စဖွယ်။
နှစ်ရက်မြောက်တဲ့နေမှာ ကျယ်ဂေါင်ဘက်မှာ ကျနော်သွားစရာနေရာမကျန်။
အဲတော့ ရွှေလီဘက်ကို ခြေဦးတည့်ရာလျောက်သွားပါတော့တယ်။
ကျနော်တည်းတဲ့ဟိုတယ်ရှေ့ကလမ်းမကြီးကအရှေ့အနောက်တန်းနေတဲ့လမ်းမကြီး။
အနောက်တည့်တည့် လေးပြလောက်သွားလိုက်ရင် ရွှေလီမြစ်ကူးတံတားကိုရောက်ပါတယ်။
ရွှေလီကလဲ မြစ်လို့သာအမည်ခံထားပါတယ် လက်တွေ့မှာတော့ချောင်းသာသာဘဲရေရှိပါတော့တယ်။
ဟိုအထက်ကလာတဲ့ရေကလည်းနည်းပါတယ်ဆိုမှတံတားမြောက်ဘက်ခြမ်း မြစ်အလည်ခေါင်မှာ မြေတွေဖို့လို့ဂေါက်ကွင်းတည်ထားပါတယ်။
ဟိုတောင်ဘက်ခြမ်းမှာတော့ မြစ်အလည်မှာလဲ ကုန်းမြင့်လိုနေရာလေးမှာအိမ်တွေရှိပါတယ်။
အဲဒီနေရာလေးရောက်တော့မြစ်က ဟိုဘက်ဒီဘက်နှစ်ခြမ်းကွဲလို့သွားတော့ ရေလဲအစီးနည်းသွားပြန်ပါတယ်။
ဒီရွှေလီမြို့ကလဲ ကျနော်တို့မန်းလေးမြို့လို့ပါဘဲ တောင်တွေဝိုင်းထားတဲ့မြို့လေးတစ်မြိုပါဘဲ။
ရွှေလီတံတားကိုကူးပြီးတာနဲ့ရွှေလီမြို့ထဲကိုရောက်ပါတယ်။
တံတားအဝင်နားမှတော့ ဖြတ်သမျှလူကားမှန်သမျှကို CCTV ကင်မရာနဲ့ ရိုက်ထားတာပါ။
တစ်ခါတစ်လေ အဲဒီနားကနေ စစ်ဆေးရေးတွေလုပ်တတ်ပါတယ်။
ကျနော်ဒီကိုရောက်ပြီး လေးရက်မြောက်နေ့မှာ တနင်္ဂနွေနေ့ဆိုတော့ အလုပ်ပိတ်ပါတယ်။
အဲဒီနေ့ကတော့ ကျနော်လဲ ရွှေလီတံတားကနေ အနောက်ဘက်တည့်တည့်လမ်းမကြီးအတိုင်းလိုက်သွားလိုက်တာ
ရွှေလီရဲ့စည်ကားတဲ့ မြို့လည်ခေါင်ကိုရောက်သွားပါတယ်။
လမ်းမပေါ်မှာဂုံးကျော်တံတားတစ်ခု။
မေးကြည့်တော့ဆေးရုံဂုံးကျော်တံတားလို့ပြောပါတယ်။
ဒီနားမှာ ပုံစားတဲ့ထမင်းဆိုင်ရှိတယ်ဈေးလဲသက်သာစားလို့လဲကောင်းတယ်လို့ရုံးကကလေးတွေပြောလိုက်တာကို
သတိရမိပါတယ်။
အဲဒါနဲ့ဘဲ ထမင်းဆိုင်ကိုဟိုကြည့်ဒီကြည့်နဲ့ရှာလိုက်တော့ သူတို့ပြောတဲ့ပုံစံနဲညီတဲ့ထမင်းဆိုင်လေးကို လမ်းအနောက်ဘက်
ခြမ်းမှာတွေ့လိုက်ရပါတယ်။
အဲဒါနဲ့ဆိုင်ကယ်ကိုပလက်ဖောင်းပေါ်မှာထား ပြီးထမင်းဝင်စားပါတယ်။
အဲဒီဆိုင်လေးက ဟင်းတွေစုံမှစုံ။
အသုတ်လဲရ အကြော်လဲရ အချက်လဲရဆိုတော့အဆင်ပြေလှပါတယ်။
ချခင်းထားတဲ့ဟင်းတွေကြိုက်သလောက်ထဲ့။
ပြီးမှာထည့်ထားတဲ့ဟင်းကိုမူတည်ပြီးဈေးဖြတ်ပါတယ.်။
7ကျပ်ကနေ အမြင့်ဆုံး15ကျပ်ပေါ့။
ပိုက်ဆံကတော့ ဟင်းထည့်ပြီးတာနဲ့တစ်ခါတည်းရှင်းရပါတယ်။
သူတို့ဆိုင်ရဲ့တောင်ဘက်ကအခန်းထဲမှာတော့ ထမင်းထို်င်စားဘို့ခုံလေးတွေချထားပါတယ်။
ဆိုင်အနောက်ဘက်ထဲမှာတော့ ပွက်ပွက်ဆူနေတဲ့ဟင်းရည်အိုးကြီးရှိပါတယ်။
ကိုယ်ကြိုက်သလောက်ခပ်သောက်။
နောက်ပြီးမွှေးနေတဲ့လက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းအိုးလဲရှိပါတယ်။.
ခုံကတော့ လေးငါးခုံဘဲရှိတော့ အဆင်ပြေသလိုထိုင်ပေါ့။
ကျနော်လဲထမင်းဟင်းတွေထည့် လို့လွတ်နေတဲ့ခုံတစ်ခုံမှာဝင်ထိုင်ပါတယ်။
ဘိုက်ဆာဆာနဲ့ထမင်းငုံ့စားနေတုန်းမှာကျနော်ရှေ့မှာလူဝင်ထိုင်တာတွေ့လိုက်ရပါတယ်။
စားရင်းလှမ်းကြည့်တော့ ဖြူဖွေးနေတဲ့ မိန်းကလေးခြေထောက်လေးနှစ်စုံ။
ကျနော်ကတော့မော့မကြည့်ဘဲ ထမင်းဘဲဆက်စားနေပါတယ်။
ခဏနေတော့ ကျနော်ပန်းကန်ထဲက ကြက်သားကြော်တုံးကို
တူလေးတစ်စုံက ဆွဲယူသွားတာကို တွေ့လိုက်ရပါတယ်။
ပန်းကန်များမှား ယူမိသလားလို့ မော့အကြည့်
ကျနော်ကို ခွံ့ကျွေးတော့မယ်ပုံစံနဲ့တူကိုင်ထားတဲ့လက်ပိုင်ရှင်က ပြုံးလို့ကျနော်ကိုကြည့်နေပါတယ်။
မျက်မှန်အောက်က မျက်ဝန်းအစုံမှာတော့ လဲ့နေအောင်ဥနေတဲ့မျက်ရည်တွေနဲ့ပေါ့။
အံ့ဩလွန်းလို့ လက်ထဲကကိုင်ထားတဲ့တူတောင်ပြုတ်ကျသွားမတတ်။
“ဘေဘေး……………….”
“ကိုကိုး ငေါ ကိုမှတ်မိသေးသားဘဲ”
ကျနော်မှာပြောစရာစကားတွေမဲ့လို့ဆွံ့အ။
သူဘေးမှာထိုင်နေသူကတော့ ကျနော်သူငယ်ချင်းအရင်းကြီး “ငြိမ်းမ”
“ငါတို့ကဈေးဝယ်ထွက်လာတာ။
အအေးသောက်မယ်ဆို်ပြီးဒီဆိုင်ထဲဝင်လိုက်တော့ နင့်ကိုလဲမြင်ရော
အတော်လေးကို အံ့ဩသွားတာလေ။
အဲဒါနဲ့နင့်ကို စ ချင်တာနဲ့တိတ်တိတ်လေးဝင်ထိုင်လို်က်ကြတာ”
“နင်တို့ကဘယ်လိုလုပ်ပြီး……………………”
“အဲဒါတွေနောက်မှပြော နင်အခုဘာနဲ့လာတာလဲ”
“ဘက်ထရီဆိုင်ကယ်နဲ့လေ”
“ဒါဆို ခမ်း ငရဲနဲ့နေခဲ့တော့ ငါလမ်းလျောက်ပြီးပြန်နှင့်မယ်၊
ညနေကျရင်တော့ ထမင်းအတူစားမယ်။
မမနှင်းကိုလဲခေါ်ခဲ့မယ်လေ၊ နင်တို့အေးဆေး အလွမ်းသယ်ပြီးရင် ငါဆီဖုန်းဆက်လိုက်”
ပြောပြောဆိုဆို ငြိမ်းမက ထပြန်သွားပါတယ်။
ကျနော်ကတော့ မဆိုစလောက်ကလေးပိန်သွားတဲ့ “ဘေဘေး” မျက်နှာလေးကို ကြည့်မဝ။
အေးတဲ့အရပ်ဒေသမှာအနေကြာလု့ိလားမသိ အသားလေးက ပိုဝင်းပြီးစိုလက်။
သူ့အရပ်သူ့ဒေသအတိုင်း ဘောင်းဘီတိုလေးနဲ့ဆိုတော့ သူ့ကြည့်ရမှာစိတ်မရဲသလို။
“ကိုကိုး ပြီးအောင်စားလေ…………………”
“တော်ပြီ ဆက်မစားချင်တော့ဘူး”
“ဒါဆိုသွားကြစို……….ဆိုင်ကယ်သော့ပေး ဘေဘေးမောင်းမယ် ကိုကိုးနောက်ကထိုင်”
ဒါနဲ့ဘဲ သူခေါ်ရာနောက်ကို ကျနော်လိုက်ခဲ့ရပါတယ်။
ထမင်းဆိုင်ကနေထွက်လမ်းမကြီးအတိုင်းမြောက်ဘက်သွား။
လမ်းပေါ်မှာကိုယ်ပိုင်ကားတွေ တက္ကဆီတွေ ဆိုင်ကယ်တွေဆို်က်ကားတွေရှုပ်ယှက်ခပ်။
ယာဉ်စည်းကမ်းကတော့ လိုက်နာတာသိပ်မတွေ့ မောင်းချင်သလိုမောင်းကြပုံက မန်းလေးနဲ့သိပ်မကွာ။
မီးပွိုင့်ရောက်တော့ အရှေ့ဘက်ပြန်တက်။
လမ်းဘယ်ဘက်ဘေးမှာ တို်က်တန်းအရှည်ကြီးအောက်မှာဆိုင်ခန်းလေးတွေ။
အဝင်မုဒ်ဦးကတော့ ခမ်းခမ်းနားနား။
မေးကြည့်တော့ “ခွဖုန်းဈေး”ပါတဲ့။
ကျနော်က သူ့နောက်ကလိုက်ရင်းဟိုငေးဒီငေး။
စကားကတော့ မပြောဖြစ်။
ခဏနေတော့ သူက ဆိုင်ကယ်ကို ဘယ်ဘက်ချိုးကွေ့ပြီး ပန်းခြံလေးတစ်ခုနားမှာရပ်လိုက်ပါတယ်။
ပန်းခြံလေးထဲမှာ အချွန်အတက်တွေနဲ့ နန်းဆောင်ပုံဆောက်ထားတဲ့ အထဲမှာ ထိုင်စရာခုံလေးတွေ။
ထောင်ထားတဲ့ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တော့ “တယ်လုံနိုင်ငံတကာကျောက်မျက်စင်တာ”လို့မြန်မာလို
ရော တရုပ်လိုပါရေးထားတာတွေ့ရပါတယ်။
ဆက်ဖတ်လိုက်တော့
”တရုပ်မြန်မာရေစက်သည် ကျောက်စိမ်းကဲ့သို့တန်ဖိုးရှိသည်”
“အဖိုးတန်သောဆွေမျိုးပေါက်ဖောက်ရင်းနှီးချစ်ခင်မူ့”ဆိုပြီးမြန်မာစာနဲ့ရေးထားတဲ့စာတွေကိုဖတ်ရပါတယ်။
ဒါနဲ့ဘဲ နန်းဆောင်လေးတစ်ခုထဲမှာဝင်ထိုင်ဖြစ်ပါတယ်။
“ ကိုးကိုး တကယ်ကို နေနိုင်တာဘဲနော်…………….”လို့ပြောရင်းမျက်ရည်တွေကျလာပါတယ်။
“ဘေဘေးက ရော ကိုယ်ကို ဘာလို့အဆက်ဖြတ်ရတာလဲဟင်”
“ကိုကိုး မသိဘူးနော် အဲလို သူတို့အလိုအတိုင်းမနေရင် ဘေဘေးကို ဇွတ်ပေးစားကြမှာလေ”
“ဒါဆိုရင်ဖုန်းဆက်တော့ ဟိုလူနဲ့တွဲသွားတွဲလာလုပ်နေတာတွေဘာလို့ ကို်ယ့်ကို မပြောတာလဲ”
“အော် ကိုကိုးရယ် သူတို့က ငေါ ကိုဖုန်းပေးမကိုင်ဘူးလေ၊
ပြောပြန်ရင်လဲ ဘေးနားမှာ တစ်ယောက်မဟုတ်တစ်ယောက်ရှိတယ်၊
ကိုကိုး ဆီက ဖုန်းလာတာကို စကားရှည်ရှည်ပြောမိရင် ဝိုင်းဆူကြတာကို
ကြာတော့ ဒဏ်မခံနိုင်တော့ဘူး ကိုကိုးရာ”လို့ပြောရင်း မျက်ရည်တွေကျလာပါတယ်။
သူ့မျက်ရည်တွေကို မြင်လိုက်မှ”ဘေဘေး” အပေါ်ကျနော်တစ်ဖက်သတ် စိတ်ဆိုးမိတာမှားတယ်ဆိုတာသိလိုက်ပါတယ်။
“ငေါ ကိုးကိုးအကြောင်းကို သူများတွေဆီမှာအမြဲမေးနေပါတယ်။
ငေါ သာကိုးကိုး ကိုတကယ်မချစ်ဘူးဆိုရင် အိမ်ကပေးစားမယ်ဆိုတာ ကိုကိုး ကိုဘာလို့ပြန်ပြောမပြမလဲနော်။
တကယ့်ကို ချစ်တာပါ ကိုကိုးရယ်”လို့ပြောရင်း ငိုပါတော့တယ်။
သူငိုတာမြင်တော့ကျနော်လဲစိတ်ဆင်းရဲပါတယ်။
နောက်မှ သူကဆက်ပြီး
“ငေါမှာ အကြံတွေထုတ်ရတာပေါ့။
လူလစ်ရင် ငြိမ်းမနဲ့ တိုင်ပင်ရတာအမော။
အရေးထဲမှ ငြိမ်းမ ကရွှေလီကိုပြောင်းသွား။
ကိုကိုးကလဲ အဆက်အသွယ်ဖြတ်ပြီး တောင်ကြီးထွက်သွား
ငေါတစ်ယောက်ထဲ တကယ်ကိုရူးချင်ခဲ့တာလေ။
ကိုကိုး ကို အရမ်းသတိရ တော့ ငိုရင်းနဲ့ အိပ်ပျော်သွားတဲ့ညတွေအများကြီး။
ညည ဆို တစ်ရေးနိုးမှာသိပ်ကြောက်တာ ပြန်အိပ်မရတော့ဘူးလေ”
ပြောနေရင်းကနေ စိတ်ပြေသွားတယ်ထင်ပါတဲ့ သူ့မျက်နှာလေးက ပြန်ပြုံးလို့လာပါတယ်။
“နောက်တော့ အကြံထုတ်ရတော့တာပေါ့။
ငေါနဲ့လက်ထပ်မယ့်သူကိုလဲ သူတို့အကြိုက် လက်ခံချင်ယောင်ဆောင်ပြီး
အလိုက်အထိုက်နေပြတာပေါ့။
အဲဒါကို ကိုကိုးက တစ်ဖက်သတ်အထင်လွဲပြန်တော့ စိတ်ညစ်ရပြန်ရော။”
“နောက်တော့ရော ဆက်ပါအုံး”
“တစ်ရက်မှာတော့ အဲဒီလူကို ငေါက မချစ်နိုင်တဲ့အကြောင်း
ငေါမှာ ကိုကိုးရှိတဲ့အကြောင်း၊ငေါနဲု့ကိုကိုး
ချစ်နေတာအတော်ကြာတဲ့အကြောင်း အိတ်သွန်ဖာမှောက်ပြောပြလိုက်တာ၊
ဘာပေါက်သွားလဲတော့ မသိဘူးအဲဒီလူက လက်မထပ်ချင်တော့ပါဘူးဆိုပြန်ရုပ်သိမ်းသွားရော”
“နောက်ဒီကိုဘယ်လိုရောက်လာရတာလဲ”
“ဦးလေးတို့က သူတို့နဲ့စီစဉ်တာကို မလိုက်နာတော့ စိတ်ဆိုးတယ်လေ၊
နောက်သူတို့အရိပ်ခိုနေရတာလဲ မနေချင်တော့ဘူး။
ကိုကိုးကလဲ ဘယ်ရောက်လို့ရောက်မှန်းမသိ။
တောင်ကြီးရုံးဖုန်းနံပါတ်ရလို့ဆက်တော့လဲ မိုဘိုင်းထွက်သွားတယ်ဆိုတော့လွဲ၊
အဲဒါနဲ့ဘဲအမေ့ဆီပြန်နေလိုက်တော့တာ။
အဲလိုနေရင်းတစ်ရက် ငြိမ်းမနဲ ့မူဆယ်မှာပြန်တွေ့ကြရော၊
မမနှင်းဒီရောက်နေတဲ့အကြောင်းရယ် သူတို့အလုပ်မှာ တရုပ်စာရောမြန်မာစာပါကျွမ်းကျင်တဲ့လူ
လိုတယ်ဆိုတာနဲ့သူတို့ဆီအလုပ်ဝင်နေတာကြာပေါ့။”
သူနဲ့ကျနော်ရှေးဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြတာပေါ့။
သူရဲ့ကိုယ်ကလေးကို ကျနော်ရင်ခွင်ထဲ မှာထည့်ပြီးဖက်ထားရတာ နွေးထွေးတဲ့သွေးတွေ
အပြန်အလှန်စီးဝင်နေသလိုပါဘဲ။
ကျနော်တို့စကားပြောကောင်းနေတုန်း ဖုန်းဝင်လာပါတယ်။
ရုံးကလှမ်းဆက်တာ ကျနော်သွားတာကြာလှပြီ ပြန်မလာတော့ တစ်ခုခုဖြစ်နေသလားပေါ့။
“ရွှေလီထဲမှာ သူငယ်ချင်းဟောင်းတွေ တွေ့နေတာ စိတ်မပူနဲ့။
ထမင်းစားလဲမစောင့်နဲ့ ဒီမှာဘဲစားလိုက်တော့မယ်”လို့အကြောင်းပြန်။
သူနဲ့ဆက်စကားတွေပြောနေမိတာ အတော်လေးကြာပါတယ်။
မှောင်ရီပျုးိစ အချိန်ရောက်တော့ ငြိမ်း မဆီက ဖုန်းဝင်လာပါတယ်။
ဘယ်ရောက်နေလဲပေါ့။
အဲဒါနဲ့သူက ဆေးရုံးနားမှာဆုံကြမယ်ဆိုပြီး ချိန်းပါတယ်။
ကျနော်တို့လဲထိုင်နေရာကနေ ချိန်းထားတဲ့နေရာကို သွား။
လမ်းမှာ ငြိမ်းမတို့ မမနှင်းတို့နဲ့ဆုံပြီး ထမင်းအတူသွားစားကြပါတယ်။
စားရင်းသောက်ရင်းရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ အတော်လေးမိုးချုပ်မှလမ်းခွဲဖြစ်ပါတယ်။
ကျနော်က သူတို့အိမ်ဝင်ပို့ပြီး တစ်ယောက်ထဲပြန်လာ။
အတော်ကို စိတ်ချမ်းသာခဲ့ရတဲ့နေ့ပါ။
ကျနော်ဟိုတယ်ပြန်ရောက်လို့ ရေချိုးပြီးစအချိန်ဖုန်းဝင်လာပါတယ်။
ကျနော်သိပ်ချစ်ရတဲ့ “ဘေဘေး”ဆီကလာတာပါ။
ကျနော်တို့အကြာကြီးစကားတွေပြောလို့မကုန်နိုင်အောင်။
ညအတော်မိုးချုပ်တာတောင်ပြေလို့မဝ ဟန်းဖုန်းက ဘက်ထရီတွေကုန်မှ
စကားပြောတာရပ်ကြပါတယ်။
သူနဲ့ကျနော်တစ်ယောက်ကိုတစ်ယောက်တကယ်ချစ်ခဲ့ကြတာလဲအမှန်။
ကျနော်က ဘာမဆိုပွင့်ပွင့်လင်းလင်းနဲ့တိုင်ပင်စေချင်တယ်။
သူကတော့ ဖွင့်မပြောဘဲသူအကြံအစည်ကို ကျိတ်ပြီးအကောင်အထည်ဖော်။
ဒီနေရာမှာသူနဲ့ကျနော် အယူအဆတွေကွဲတော့လမ်းခွဲလေးတစ်ခုမှာ တစ်လမ်းစီသွားသလိုဖြစ်လာတာပေါ့။
အခုတော့ပြန်ဆုံကြပြီလေ။
ကျနော်တို့အသက်အရွယ် လဲ မငယ်တော့ဘူး။
သူငယ်ချင်းတွေတော်တော်များများက တည်ငြိ်မ်တဲ့အိမ်ထောင်သည်ဘဝမှာ အခြေကျ။
သားတွေသမီးတွေနဲ့စည်စည်ကားကား။
ကျနော်နဲ့ဘေးဘေးလဲ ဘဝတစ်ခုကိုထူထောင်ဘို့ တိုင်ပင်ရတော့မယ်။
“လက်ထပ်ကြစို့”ဆိုတဲ့စကားလေးကို ဘယ်လိုများပြောရင်ကောင်းမလဲလို့စဉ်းစားရင်းကျနော်အိပ်ပျော်သွားပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
(6-7-2012)
22 comments
mamanoyar
July 7, 2012 at 10:32 am
လေးပေါက်
ထမင်းဆိုင်မှာပြန်တွေ့တဲ့ ပုံစံလေးက
တစ်မျိုးပဲ ခံစားလို့ကောင်းတယ်
နောက်အပိုင်းမျှော်နေပါတယ်ရှင့်
TTNU
July 7, 2012 at 10:37 am
ကိုပေါက်ရေ…
နေရာ(၁)ကိုယူလိုက်ပြီ။
အရေးအသားကတော့ နွဲ့အိနေတာပါလား ကိုယ့်လူရေ။
“သူငိုတာမြင်တော့ကျနော်လဲစိတ်ဆင်းရဲပါတယ်”
စာဖတ်သူတောင် ငိုချင်လာပြီ။ 😥
တစ်ရှူးရှာပြီးပြန်လာဖတ်မယ်နော်။
မာမီ။
TTNU
July 7, 2012 at 10:41 am
ဟောဗျ… ငါရေးနေတုန်းက ဘယ်သူမှမရှိသေးဘူးဗျ။
စက်ရိုက်တာနှေးလို့နေမှာ။ 😈
Shwe Tike Soe
July 7, 2012 at 11:06 am
ကောင်းနေပီ လေးပေါက်ရေ…… ထမင်းစားနေတုံး ကိုယ်ချစ်ရတဲ့ကောင်မလေး မတွေ.တာကြာလို. ဆုံးရှုံးသွားပီ ထင်လိုက်ရတဲ့ နှလုံးသားလေး တစ်စုံကို အမှတ်မထင်ပြန်တွေ.လိုက်ရတော့ ဝမ်းသာလိုက်မယ့်ဖြစ်ခြင်း……… တကယ်ကို ထပ်တူခံစားလိုက်ရတာပဲဗျာ…….
ဘေးဘေးဆိုတဲ့ကောင်မလေးကလဲ တော်တော့်ကို သစ္စာရှိတာပဲနော်.. ကျွန်တော် အုပ်ထိန်းသူကျနေတာပဲ..ခိခိခိခိ………
လေးပေါက် သူတို.နှစ်ယောက်ကို ခွဲမပြစ်ပါနဲ.နော်…. ကလောင်ရှင်ကြီး…
Nyein Nyein
July 7, 2012 at 11:10 am
လေးပေါက်ရေ………. ဖတ်လို့အရမ်းကောင်းတာပဲ။ သူတို့နှစ်ယောက်ပြန်ဆုံပြီး ပျော်သွားတာကို ကိုယ်ပါလိုက်ပျော်နေတာ။ 😀
နောက်အပို်င်းကို စောင့်နေတယ်နော်………………………..
မွန်မွန်
July 7, 2012 at 11:12 am
ပြောပါတယ်…သူပြောင်းလဲသွားတာ အကြောင်းတစ်ခုခု ရှိမှာပါလို့… 🙂
ဖူးစာမှန်လို့ ပြန်ဆုံတယ်ပေါ့…
လက်ထပ်ခွင့်တောင်းမယ့် ပုံစံကို စောင့်နေမယ်နော်… လေးပေါက်…
aye.kk
July 7, 2012 at 11:35 am
ကိုပေါက်…
ချစ်သူတိုင်းညားကြပါစေဆုတောင်းရင်း…
ရင်တုံစွာနဲ ့အပိုင်း(၄)ကိုမျှော်ပါရစေ…။။
မောင်ပေ
July 7, 2012 at 11:41 am
အချစ်ကြီးသူ၂ယောက်ရဲ့ဇာတ်သိမ်းခန်းကို
ရင်တမမနဲ့မျှော်ရတော့မှာပါ ကလား
shwe kyi
July 7, 2012 at 1:27 pm
သူတို့နှစ်ဦးရဲ့ အပျော်တွေစီးကူးပြီးကြည်နူးရပါတယ်။
ဆက်ပါဦးလေးပေါက်ရ။
surmi
July 7, 2012 at 1:56 pm
jဒါမျိုးတွေမဖတ်ရတာကြာပြီ ။ဖတ်ပြီးတော ့အတိတ်ကိုပြန်ရောက်သွားတယ်
စာဖတ်သူကိုဆွဲခေါ်ပြီးပို ့လိုက်သလိုဘဲ
ခရီးသွားရင်းစာတစ်ပုဒ် ရခဲ ့တာပဲနော်။တစ်နေ ့တော ့အစ်ကို ့လို ဖြစ်ချင်ပါသေးတယ်
ညလေး
July 7, 2012 at 4:27 pm
တွေ.ပုံလေးက…..သိပ်ချစ်ဖို.ကောင်းတယ်…..အဟိဟိ
“ဘေဘေး”ကနောက်တောက်တောက်ချစ်စရာလေးနော်…..
မျက်လုံးတော်တော်စားတဲ့ကောင်မလေးလို.ထင်မိတယ်…….
သများတွေအလွမ်းသည်ကြတာ…..
“လက်ထပ်ကြစို.”.ဟူးမောထှာ……..
အဖြေက=??????
ဘာများလဲနော်…
မျော်နေပါတယ်…“ကိုကိုး”ရယ်…….
ကိုပေါက်(မန္တလေး)
July 7, 2012 at 4:41 pm
ဥစ္စာရင်းးမှန်လို့ကတော့ ပြန်ရမှာပါ
ခမ်းမမမမမမမမမမမမမမမမ်ရယ်
ဇွဲမာန်(အင်းဝ)
July 7, 2012 at 7:12 pm
ဖတ်သွားတယ်နော် ကောင်းတယ် နောက်ဆက်ကိုမျှော်နေလျှက်…….
MaMa
July 7, 2012 at 7:20 pm
ကြည့်ရတာ ရွှေလီသွားရင်း ရခဲ့တဲ့ ဇာတ်လမ်းဖြစ်မယ်။
ကိုယ်တိုင်ရေး အတ္ထုပ္ပတိလေး ရေးဖို့ မရှိဘူးလား။ 😛
ကိုပေါက်(မန္တလေး)
July 7, 2012 at 10:08 pm
ဒီတစ်ခါလာရင် မမကို မဒမ်ပေါ်က်ကိုဗျုးပြီးရေးလိုက်ရင်ပိုကောင်းမယ်နော်။
အရီးခင်လတ်
July 8, 2012 at 6:14 am
ကိုပေါက်ကြီး
ဇာတ်လမ်းလေးက ချစ်စရာလေး။
“ငယ်ချစ်ဟောင်း နဲ့ နှစ်ပေါင်းများစွာ” လား။
အရင်ဇာတ်လမ်း ၂ခု ကို ဘယ်လို မျက်စိရှမ်းသွားသည် မသိ။
အခုမှ ပြန်ဖတ်နေရတယ်။
ကိုယ်တွေ့ဇာတ်လမ်း ဟုတ်/မဟုတ် အတွက် စုံထောက်လုပ်နေပါ၏။
အချုပ်ပြောရရင် တကယ်ဘဲဖတ်လို့ကောင်းလှပါသည် ခင်ဗျား။
ဇာတ်လမ်းတွဲ များ ကို ဆက်မျှော်နေပါသည်။ 🙂
ဒါထက်
{ ခဏနေတော့ ကျနော်ပန်းကန်ထဲက ကြက်သားကြော်တုံးကို တူလေးတစ်စုံက ဆွဲယူသွားတာကို တွေ့လိုက်ရပါတယ်။}
အောင်မငေး .. တော်သေး … မတော်လို့ ပြုတ်ကျ သွားရင် ရင်ကျိုး ရချည်ရဲ့။ 😛
ကိုပေါက်(မန္တလေး)
July 8, 2012 at 8:50 am
ကိုလတ်ကြီး
အခုရက် ကျနော်တစ်ရက်ကို ပိုစ်တစ်ခု နေ့တိုင်းမှန်မှန်တင်နေပါသည်။
ဇာတ်သိမ်းက အပိုင်းလေးမှာသိမ်းပါမည်။
မကြာမီလာမည်မျော်ပါ။
နကြ်ဖြန်မနက် ကိုလတ်အတွက် မန္တလေးမြီးရှည်ပို့လိုက်ပါမည်.။
ကြောင်ကြီး
July 8, 2012 at 9:05 am
ကိုကိုးနဲ့ ဘေဘေး
ပျိုခိုးလို့ ရွှေပေး
ယိုထိုးဖို့ ငွေလေး
ပိုဖြိုးစို့ ဟေဟေး….
ကိုပေါက်(မန္တလေး)
July 9, 2012 at 4:36 pm
ဟေဟေးးးးးးးးးးးး
ဘေဘေးးးးးးးးးးးးးးးး
ရွှေပေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မနေသေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ချစ်သူနဲ့မှတဲ့……………………………………………………….
aye.kk
July 9, 2012 at 4:41 pm
ကိုပေါက်….
မြီးရှည်စားချင်ပါ၏…
အပိုင်းလေးကိုလည်း….
မမျှော်လင့်ရဲရဲနဲ ့မြန်မြန်လေးဖတ် ချင်ပါ၏…။။
ကိုပေါက်(မန္တလေး)
July 9, 2012 at 4:46 pm
မမအေးရေ
မြီးရှည်က ဒီနေ့မနက်ကျွေးထားပါတယ်။
အဝစားပါ။
နှစ်ပွဲတောင်ခုံပေါ်တင်ပေးထားတာ။
မဝရင်ကျန်ပါသေးတယ်။
အပိုင်းလေးကလည်း ရေးနေပါ၏။
ဘယ်လိုဇာတ်သိမ်းမလဲဆိုတာကတော့ လိပ်ပြာလေးရဲ့ သဘောအတိုင်းဖြစ်သွားမှာပါ မမအေးရေ
Khaing Khaing
July 10, 2012 at 3:38 pm
ပြေးပီဗျို့ ဇာတ်သိမ်းပိုင်းကို …….. ပြန်ပေါင်းထုပ်ပီပေါ့ …….