Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာဇာနည်နေ့အတွက်အမှတ်တရကဗျာ

SonnyJuly 16, 20121min129814

“ဗိုလ်ချုပ်အောင်ဆန်းသို့တိုင်တည်ချင်း”

အဖေ….

အဖေနှင့်အာဇာနည်များ

ခေါင်းချသွား  ကြာ။

 

နားတွေဆိတ်

မျက်စေ့ပိ်တ်

နှစ်အဆိပ် နီးပါး

မကြားရတဲ့

လွမ်းဥဩသံ

ဘဝဂ် ညံအောင်ပ

ကြားချင်လှ။

 

လာမည့်အာဇာနည်နေ့အမှတ်တရ…

ကိုမင်းနိုင်@Sonny.16 July 2012

14 comments

  • etone

    July 16, 2012 at 1:48 pm

    ကိုဆန်နီက…. အာဇာနည်နေ့အတွက် ကဗျာလေးတင်ပြီး …. အလေးပြုသလို …. ကျွန်မလည်း ကဗျာလေးဖတ်ပြီး အလေးပြုလိုက်ပါတယ်နော် ။

  • pooch

    July 16, 2012 at 1:56 pm

    အဲ့ဒီလွမ်းဥဩသံများ ကြားရလေမလားလို့ ဒီနှစ်အာဇာနည်နေ့မှာ မျှော်လင့်မိတယ်။

  • မောင်ပေ

    July 16, 2012 at 2:07 pm

    ဥဩသံ နားထောင်ရင်း
    နိုင်ငံ့အတွက်
    အသက်ပေးခဲ့ရတဲ့
    အာဇာနည်များကို
    အလေးပြုချင်ပါ၏

  • Gipsy

    July 16, 2012 at 2:07 pm

    ( ဗမာ့လွတ်လပ်ရေးအတွက် x x x တပ်မတော်ဖွဲ့ဖို့ x x x ဂျပန်ပြည်မှာကွယ် x x x တကယ်ပဲ အသက်နဲ့လဲလို့ x x x ဆင်းရဲဒုက္ခခံကာ x x x ကြံစည်တယ် x x x သူရဲကောင်းတဲ့ x x x ဗိုလ်အောင်ဆန်းနဲ့ x x x အာဇာနည်တွေရယ် x x x )

    ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကကွယ် x x x ဗိုလ်အောင်ဆန်းလို x x x သူရဲကောင်းတွေ မွေးရမယ် x x x ၊ ငါတို့ဗမာပြည်မယ် x x x မိဘတိုင်းကရယ် x x x အာဇာနည်အစစ်တွေကို x x x ရှိဖို့မွေးရမယ် x x x ၊ ဪ x x x ဘုရင့်နောင်နဲ့ x x x ရာဇဓိရာဇ်တို့လို x x x မင်းရဲကျော်စွာ x x x ပမာပုံနှယ် x x x အလောင်းဘုရားတို့လိုကွယ် x x x ဗမာတိုင်း x x x ဗမာမျိုး x x x အားကိုးလောက်ပေရဲ့ x x x မကြောက်တမ်း x x x မရွံ့တမ်း x x x ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ် x x x ၊

    (သံပြိုင်) { ရာဇဝင် x x x အထုပ္ပတ္တိလည်း x x x ရှိရမယ် x x x ၊ မော်ကွန်းလည်း x x x ထိုးလောက်တယ် x x x မြင့်မြတ်တဲ့ x x x ဗိုလ်အောင်ဆန်းရယ် x x x } (၂-ခေါက်)

    တိုင်းပြည်ကျိုး x x x စွန့်ခဲ့တယ် x x x များဇာနည်နွယ် x x x လွတ်လပ်ဖို့ x x x တို့များကို x x x ကျွန်တွင်းမှကယ် x x x ၊ တို့ဗမာ x x x စိုးမိုးဖို့ x x x မျှော်ကြရှာလို့ ပေါ်လာတယ် x x x ၊

    အာရှနိုင်ငံထူထောင်ရန်အတွက် x x x မျိုးရိုးမတိမ်အောင် x x x ကြံဆောင်လေတယ် x x x နေမျိုးသာကီ ဗမာပြည်လက်ရုံး x x x ကမ္ဘာ့နိုင်ငံလုံး x x x ထင်ပေါ်စေတယ် x x x ၊ စိတ်အားသန်သန် x x x မာန်ကိုမလျော့တယ် x x x ငါတို့လူမျိုး x x x တန်ခိုးရှိဖို့ x x x သူရဲကောင်းတွေ x x x ဂုဏ်ရည်ပြောင်တယ် x x x တကယ်ပင် x x x သတိုးမဟာဗန္ဓုလရဲ့ x x x အစွမ်းသတ္တိ x x x ရာဇဝင်ပြောင်တယ် x x x သားကောင်းများလို့ x x x ခေါ်ရလောက်ပေမယ် x x x ဥဒါန်းတွင်စေမယ် x x x ဗမာသူရဲကောင်း x x x အပေါင်းတွေရယ် x x x ၊
    ဗိုလ်ချုပ်အောင်ဆန်းသီချင်းလေးပါ ၊ အမှတ်တရ လေးပါ ။

    • snow white

      July 17, 2012 at 12:46 pm

      နဂိုဆို အဲ့သီချင်းစာသားကိုမမြင်ခဲ့ရပါဘူး အမေတို့ဆိုတာဘဲ နားထဲမှာ စွဲမြဲစွာနားထောင်ဖူးတယ်
      Gipsy ရေ ဒီလို စာသားကိုပါရေးပြီးcomment ပေးတော့ ခုမှ သီချင်းစာသားကိုကောင်းကောင်းမြင်ဖူးတော့တယ် ကျေးဇူးတင်တယ်နော် ။။။။။စနိုးလည်း အလေးပြုလို့ အာဇာနည်နေ့ကို ကြိုဆိုလျှက်ပါ။။

  • kyeemite

    July 16, 2012 at 2:18 pm

    အလေးပြုလျှက် အားပေးသွားပါတယ်ဆရာရေ..

  • Rose Minn

    July 16, 2012 at 3:01 pm

    တို့ ငယ်ငယ်က ဖတ်စာအုပ်ထဲက သီချင်း လေး။ အခုမှပဲ အသက်ဝင်တော့တယ်။ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုလျက်………….

  • ko khin kha

    July 16, 2012 at 3:45 pm

    အဲ့ဒီလွမ်းဥဩသံများ ကြားရလေမလားလို့ ဒီနှစ်အာဇာနည်နေ့မှာ မျှော်လင့်မိတယ်။

    မျှော်လေဝေးဝေး ဥဩသံလေး၊
    တိတ်ဆိတ်ခဲ့သည်မှာ နှစ်တွေကြာ၊
    မှန်းဆလို့တာ အလေးပြုပါ။

  • ကိုရင်မောင်

    July 16, 2012 at 6:05 pm

    ကျောင်းသားဘဝက ကိုယ်နေခဲ့တဲ့ဟင်္သာတမြို့ အာဇာနည် ပန်းခြံမှာ
    လွမ်းသူပန်းခွေချ အလေးပြုခဲ့ရတဲ့ ဇူလိုင်၁၉ ရက်နေ့များကို
    ပြန်လည် အမှတ်ရနေမိပါတယ်……
    အမှတ်ရစေမဲ့ ကဗျာလေးတင်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ် ko Sonny ရေ…….

  • shwe kyi

    July 16, 2012 at 6:18 pm

    တကယ်လို့ ဗိုလ်ချုပ်တို့သာမကျဆုံးခဲ့ရင်… ဆိုတဲ့အတွေးကို အာဇာနည်နေ့ရောက်တိုင်းတွေးမိတယ်။
    တွေးရင်းဦးစောကိုစိတ်နာတယ်။ အာဇာနည်နေ့ကို မှေးမှိန်စေတဲ့သူတွေကိုလည်းမုန်းခဲ့ရတာကြာပါပြီ။
    ဒီတနှစ်တော့ မျှော်လင့်မိပါပေါ့..။

  • TTNU

    July 16, 2012 at 10:42 pm

    (လွမ်းဥဩသံ ဘဝဂ် ညံအောင်ပ ကြားချင်လှ။)
    အဲဒီနေ့ (၁ဝး၃၇)နာရီမှာ အသင့်စောင့်နေပါ။
    ကြားရမည်ထင်ပါသည်။

    ကြားတာနဲ့ မတ်တတ်ရပ် လေးလေးစားစား
    အလေးပြုပါရန်။

  • ဇွဲမာန်(အင်းဝ)

    July 16, 2012 at 11:46 pm

    လေးစားပါ၏

  • jackalin jongin

    July 17, 2012 at 9:30 am

    ဆယ့်ကိုးတဲ့ ဇူလိုင်
    ခပ်မှိုင်မှိုင် အလေးပြု
    ရှေးဆယ်စု အတော်ကြာ
    ကိုလော်မာ စစ်အာဏာအောက်
    ပြားပြားသာမှောက်။
    ဒူးမထောက်
    လက်မမြှောက် ခေါင်းကိုထောင်
    ခုတိုင်အောင် ဇာနည်များကို
    ဝပ်တွားကာဆောက်။
    အောင်ဆန်းရေ
    တိုင်းပြည်မှာ လွတ်လပ်
    လုပ်ရပ်တို့ အခွင့်သာ
    ကြည့်ကြည့်ပါဗျာ။
    သင်အပါ ဇာနည်များကို
    ငါကားနော် အလေးပြု
    ရှိခိုးမှုပြုလိုက် သည်။

Leave a Reply