ရတနာသိုက် ရှာပုံတော် – ၃
ရတနာသိုက် ရှာပုံတော် – ၁ နှင့် ရတနာသိုက် ရှာပုံတော် – ၂ တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုသူများ အနေဖြင့် လင့်ခ်ပေါ်တွင် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါကြောင်း …
သတင်း
လွန်စွာ ခမ်းနားသော အိမ်ကြီးတစ်အိမ် အတွင်းရှိ အကောင်းစား ထိုင်ခုံတစ်လုံးပေါ်တွင် လူရွယ်တစ်ဦးသည် စီးကရက်တစ်လိပ်အား ဟန်ပါပါ ရှိုက်ဖွာ၍ နေသည်ကို တွေ့ရလေ၏။ အိမ်ကြီး၏ အတွင်းနံရံများပေါ်တွင်လည်း ဓါတ်ပုံနှင့် ပန်းချီကား များစွာ ချိန်ဆွဲထားသည်ကိုလည်း တွေ့ရလေ၏။ ထိုဓာတ်ပုံနှင့် ပန်းချီကားတို့အနက် အငြိမ့်မင်းသမီးလေးပုံ ပန်းချီကားမှာ ပို၍ ထင်ရှားနေတော့၏။
ထိုလူရွယ်မှာ ကြည့်မြင်တိုင် လက်ဖက်ရည်ဆိုင်သို့ လာရောက်ခဲ့သော လူရွယ် ဖြစ်လေ၏။ လူရွယ်သည် သောက်လက်စ စီးကရက်အား ထိုးချေလိုက်ပြီးနောက် ၎င်း၏ရှေ့ စားပွဲပေါ်တွင် တင်ထားသော ဆွဲပြားလေးအား ကောက်ယူကာ ကြည့်ရှုလေ၏။ လူရွယ်သည် ရိုးရိုး ကြည့်ရုံဖြင့် အားမရဘဲ လက်ကိုင် မှန်ဘီလူးဖြင့် ကြည့်ရှုလေ၏။ ပြီးနောက် စာရွက်ပေါ်တွင် တစ်စုံတစ်ခုအား ရေးခြစ်လိုက်တော့သည်။
ထိုအခိုက်တွင် အိမ်ဝင်တံခါးမကြီးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး လူတစ်ယောက် ဝင်ရောက်လာသည်ကို တွေ့ရလေ၏။ ထိုလူသည် လူရွယ်အား အရိုအသေပြုသည့်ဟန် ပေးပြီးနောက် “ဆရာ၊ ဆရာ စုံစမ်းခိုင်းထားတဲ့ ကိစ္စကို သိရပါပြီ ဆရာ” ဟူ၍ ပြောလေ၏။
“အေး … ပြောပါဦး”
“ဒီလိုပါ ဆရာ၊ ကြောင်ကြီးက သင်္ဃန်းကျွန်းဘက်ကို ရောက်နေတယ်လို့ သိရပါတယ် ဆရာ၊ ပြီးတော့ ဆရာ သွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကလည်း စကားဆန်းတွေကို ထပ်သိလာရပါတယ် ဆရာ”
“စကားဆန်းတွေ … ဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒါဆို စကားဆန်းတွေကို ဒီရွက်ပေါ်မှာ ရေးကွာ” ဟူ၍ လူရွယ်မှ စာရွက်နှင့် ဖောင်တိန်အား ထိုလူ၏ ရှေ့သို့ ပေးလိုက်လေ၏။ ထိုလူသည် လူရွယ် ပေးသော စာရွက်ပေါ်တွင် ၎င်းပြောသည့် စကားဆန်းများအား ရေးပြီးနောက် လူရွယ်၏ ရှေ့သို့ စာရွက်ကို ပြန်၍ပေးလိုက်လေ၏။
“ရေးပြီးသွားပါပြီ ဆရာ”
“အေးအေး သွားနိုင်ပါပြီ” ဟူ၍ လူရွယ်မှ ပြောလိုက်သည့်အခါ ထိုလူမှာ လူရွယ်အား အရိုအသေ ပြုသည့်ဟန် လုပ်ပြီးနောက် ထွက်ခွာသွားလေ၏။ ထိုအခါ လူရွယ်မှာ စာရွက်အား ကောက်ယူ၍ ဖတ်ရှုလေ၏။ ပြီးနောက် လူရွယ်သည် စီးကရက်တစ်လိပ်အား ထုတ်ယူကာ ဖွာရှိုက်ပြီးနောက် တစ်စုံတစ်ခုသော အကြောင်းအား လေးနက်စွာ စဉ်းစားနေလေတော့၏။
X X X X X X X X
ရောက်လာခြင်း
တစ်နေ့သ၌ ကြည့်မြင်တိုင်မြို့နယ်ရှိ ချောင်ကျသော နေအိမ်တစ်အိမ်အတွင်းတွင် လူလေးယောက်တို့သည် စကားပြောလျှက် ရှိကြသည်ကို တွေ့ရလေ၏။
“ဒီလို ကိုချောရေ၊ ကြောင်ကြီးကို ဦးခိုင်တို့လူစု သူတို့နယ်ထဲကို မြှားခေါ်သွားတယ်ဗျ”
ချော – “ဟ .. ဒါဆို ကြောင်ကြီး အနိစ္စ ရောက်တော့မှပေါ့”
ပါ – “ကြောင်ကြီးကလည်း အဲ့ဒီလောက် ညံ့တဲ့လူတော့ မဟုတ်ဘူးဗျ၊ သူ့လက်ထဲက ဆွဲပြားကို အပါခံမယ်တော့ မဟုတ်ပေဘူး”
မိုက် – “ကျုပ်အထင် ဦးခိုင်တို့နဲ့ ကြောင်ကြီး ပေါင်းသွားမယ် ထင်မိရဲ့”
ဖော် – “ကိုကြီးမိုက် ထင်တဲ့အတိုင်း ဖြစ်သွားရင်တော့ဖြင့် တယ်မလွယ်လှဘူး”
ပါ – “မောင်ကြီးမိုက် ထင်တာလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမယ့် တို့စဉ်းစားရမယ့် တစ်ယောက် ကျန်သေးတယ်”
ချော – “မောင်ဂီ ဆိုတဲ့ တစ်ယောက်များလားဗျာ”
ပါ – “ဟုတ်တယ် ကိုချော၊ မောင်ဂီက ဉာဏ်ပြေးတယ်၊ သွက်တယ်၊ သူ့ဆီမှာလည်း မြေပုံဆွဲပြားက တစ်ပြားရှိတယ် ဆိုတော့ကာ သူလည်း လှုပ်ရှားနေမှာပဲဗျ”
မိုက် – “မြေပုံပြားတွေက ဦးခိုင်ဆီမှာ တစ်ပြား၊ ကြောင်ကြီးဆီမှာက တစ်ပြား၊ ပြီးတော့ မောင်ဂီဆီမှာက တစ်ပြားဆိုတော့ နောက်တစ်ပြားက ဘယ်မှာ ရှိနိုင်မလဲ”
ဖော် – “ကျုပ်စုံစမ်းရလောက် ပြောရရင် နောက်ကျန်နေတဲ့ တစ်ပြားက နယ်ဘက်မှာ ရောက်နေတယ်လို့ ကြားရတာပဲ၊ ပိုပြီး တိတိကျကျပြောရရင် တောင်တွင်းကြီးနယ်ဘက်က ရွာတစ်ရွာမှာလို့ ပြောလို့ရတယ်ဗျ၊ ပိုင်ဆိုင်ထားသူက အမျိုးသမီး တစ်ယောက်ဆိုပဲ”
ချော – “အမျိုးသမီး တစ်ယောက် …၊ ဟုတ်လား ပေါက်ဖော်ရဲ့”
ဖော် – “ဟုတ်တယ် ကိုချော”
ပါ – “ဒါဆိုရင်တော့ ဟိုအုပ်စုထက် လက်ဦးအောင် ကျုပ်တို့ အရင်သွားမှ တော်ကာကျမယ် ထင်တယ်”
မိုက် – “ဟုတ်တယ်ဗျ၊ ကျုပ်တို့ လက်ဦးမှု ရယူရမှာပဲ၊ ဒီတော့ နယ်ဘက်ဆင်းဖို့က ပေါက်ဖော်ကပဲ တာဝန်ယူပေးရမှာပဲ”
“ယူရမှာပေါ့ ကိုကြီးမိုက်ရယ်” ဟူ၍ ပေါက်ဖော် ဆိုသူမှ ပြောလိုက်သည့် အခိုက်တွင် “ဒေါက် … ဒေါက် … ဒေါက်” ဟူသော တံခါး ခေါက်သံသည် ထွက်ပေါ်လာလေ၏။ ထိုအခါ ၎င်းတို့ လေးယောက်သည် အံ့ဩသွားသည့်ဟန်ဖြင့် တံခါးဆီသို့ ပြိုင်တူ ကြည့်လိုက်ကြလေ၏။ ယင်းနောက် အချင်းချင်း ကြည့်လိုက်ကြလေ၏။ ၎င်းတို့၏ အကြည့်များထဲတွင် “ကိုယ့်လူတို့ ဘယ်လိုလဲ” ဟူသော အဓိပ္ပါယ်များ ပါဝင်နေသည်ကို တွေ့ရလေတော့၏။
X X X X X X X X
၎င်းတို့ လေးဦးအနက် ပေါက်ဖော်ဆိုသူ လူရွယ်မှာ နေရာမှ ထပြီးလျှင် တံခါးဆီသို့ လျောက်သွားလေ၏။ ကျန်သုံးဦးမှာမူ လက်နက်များ ကိုယ်စီထုတ်လျက် အဆင်သင့် ပြင်ထားလိုက်ကြလေ၏။ ပေါက်ဖော် ဆိုသူသည် တံခါးအား ဖြည်းညှင်းစွာ ဖွင့်လိုက်လေ၏။ ကျန်သုံးဦးမှာလည်း တံခါးဆီသို့ သတိကြီးစွာကြည့်လျက် တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်ကို တွေ့ရလေ၏။
တံခါးပွင့်သွားသောအခါတွင် ၎င်းတို့ ထင်သကဲ့သို့ လူဆိုးလူမိုက်တစ်ယောက်ကို မတွေ့ရဘဲ လွန်စွာ ချောမောသော မိန်းကလေး တစ်ယောက်ကို ထူးဆန်းစွာ တွေ့လိုက်ရလေ၏။ ပေါက်ဖော်ဆိုသူမှာ မိန်းကလေးအား တစ်ချက်ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ မည်သူမျှ မရှိသည်ကို တွေ့ရတော့မှပင် “ဘာကိစ္စများလည်း မိန်းကလေး” ဟူ၍ မေးမြန်းလေ၏။
“ဒီလိုပါရှင့်၊ ကျမနာမည် ရွှေကြည်ပါ၊ ကိုမောင်ပေက လွှတ်လိုက်လို့ ဒီက အကိုကြီးတို့နဲ့တွေ့ဖို့ လာခဲ့တာပါရှင်” ဟူ၍ မိန်းကလေးမှ ပြောလိုက်လေ၏။ ထိုအခါ ပေါက်ဖော် ဆိုသူသည် ကျန်လူသုံးဦးထံသို့ လှမ်း၍ ကြည့်လိုက်လေရာ ၎င်းတို့မှ “ဝင်ခိုင်းလိုက်ပါ” ဟု အဓိပ္ပါယ်ရသော အကြည့်ဖြင့် ပြန်လည် ကြည့်လိုက်လေ၏။ ထိုအခါ ပေါက်ဖော် ဆိုသူမှ “မိန်းကလေး အထဲကို ဝင်သွားပါ” ဟူ၍ ပြောလိုက်လေရာ ရွှေကြည် ဆိုသော မိန်းကလေးမှာ ဝင်သွားရနိုး၊ မဝင်ရနိုး စဉ်းစားနေသကဲ့ ရှိနေလေ၏။
ထိုအခါတွင် ပါလေရာ ဆိုသူမှ “ရဲရဲ ဝင်ခဲ့ပါ မိန်းကလေးရယ်၊ ကျုပ်တို့က မိန်းကလေးကို ကိုက်မစားပါဘူးဗျ” ဟူ၍ ရီကျဲကျဲဖြင့် လှမ်းပြောလိုက်မှပင် ရွှေကြည်ဆိုသော မိန်းကလေးမှာ ဝင်ရောက်လာလေ၏။ မိန်းကလေးမှာ ၎င်းတို့အနီးသို့ ရောက်သောအခါတွင် ကြမ်းပြင်ပေါ်၌ ကျုံ့ကျုံ့လေး ထိုင်လိုက်လေ၏။ ထိုအခါ ကြီးမိုက်ဆိုသူမှ “မိန်းကလေးရယ်၊ အဲဒီလို ထိုင်စရာ မလိုပါဘူးကွယ်၊ ဟောဟိုက ခုံပေါ်မှာထိုင်” ဟူ၍ ထိုင်ခုံအလွတ်တစ်လုံးအား ညွှန်ပြကာ ပြောလိုက်လေ၏။
“မိန်းကလေးကို မောင်ပေ ဆိုတဲ့လူက လွှတ်လိုက်တာ ဟုတ်တယ်နော်”
“ဟုတ်ပါတယ်ရှင့်၊ ကျမကို မိန်းကလေးလို့ မခေါ်ဘဲ ရွှေကြည်လို့လည်း ခေါ်နိုင်ပါတယ်ရှင်”
“မိန်းကလေး … အဲ … မဟုတ်ဘူး … ရွှေကြည် …၊ ရွှေကြည်ပြောတဲ့ မောင်ပေဆိုတဲ့ လူကို ကျုပ်တို့ အနေနဲ့ မသိဘူးလို့ပဲ ပြောချင်ပါတယ်”
ထိုအခါ ရွှေကြည် ဆိုသော မိန်းကလေးမှ “ကျမကို ကိုမောင်ပေက ဟောဒါလေး ပေးလိုက်ပါတယ်ရှင့်” ဟူ၍ ပြောပြီး စာအိတ်တစ်ခုအား ကမ်း၍ ပေးလိုက်လေ၏။ ထိုအခါ ပါလေရာ ဆိုသူမှာ စာအိတ်အား ဖွင့်၍ ဖတ်လိုက်လေ၏။ ပြီးနောက် ကိုချော ဆိုသူအား ကမ်း၍ ပေးပြန်၏။
ဤသို့ဖြင့် ၎င်းသို့ လေးယောက်သည် စာကို အသီးသီး ဖတ်ကြပြီးနောက် ရွှေကြည်ဆိုသော မိန်းကလေးဘက်သို့ ကြည့်ကာ “ဟောဒီက တစ်ယောက်က မိန်းကလေးနဲ့ လိုက်ခဲ့ပါလိမ့်မယ်” ဟူ၍ ကြီးမိုက် ဆိုသူအား ညွှန်ပြလိုက်လေ၏။ ထိုအခါ ကြီးမိုက် ဆိုသူမှ “ကျုပ် မိန်းကလေးနဲ့ လိုက်ခဲ့ပါမယ်၊ ကျုပ် လိုက်မယ်ဆိုက မောင်ပေဆိုတဲ့လူနဲ့ တွေ့ဖို့နော်၊ တစ်မျိုး မထင်နဲ့” ဟူ၍ ရီကျဲကျဲဖြင့် ပြောလေရာ ရွှေကြည် ဆိုသော မိန်းကလေးမှ “သိပါတယ်ရှင်” ဟူ၍ ချစ်ခင်ဖွယ်ကောင်းသော အပြုံးလေးနှင့် ပြန်လည် ပြောလိုက်လေ၏။
ယင်းနောက်တွင် ကြီးမိုက်ဆိုသူမှာ ရွှေကြည်ဆိုသော မိန်းကလေးနှင့် ထွက်သွားလေရာ ပေါက်ဖော်ဆိုသူမှ “ကိုကြီးမိုက် ကောင်းကောင်းလိုက်နော်” ဟူ၍ လှမ်းကာ ပြောလိုက်သည့်အခါတွင် ကြီးမိုက်ဆိုသူမှ “ကျုပ်က ကောင်းကောင်း မလိုက်တော့ ကို့ရို့ကားရား လိုက်ရမှာလား” ဟု စပ်ဖြီးဖြီး ပြန်လည် ပြောလိုက်လေတော့၏။
၎င်းတို့ ထွက်သွားသောအခါတွင် ကိုချော ဆိုသူမှ “မောင်ပေ ဆိုတဲ့လူဟာ ကျုပ်တို့ကို သိနေရုံတင် မကဘူး၊ ကျုပ်တို့ ဘယ်မှာ ရှိနေမယ်ဆိုတာကိုတောင် တိတိကျကျ သိနေပါလားဗျ” ဟူ၍ ပြောလိုက်လေရာ ပါလေရာ ဆိုသူမှ “ဟုတ်တယ် ကိုချော၊ အဲဒီလူက ခေသူ မဟုတ်ဘူးဆိုတာ ဒါကို ကြည့်တာနဲ့ သိနိုင်တယ်၊ ပြီးတော့ သူဟာ ရတနာသိုက်ကို ရှာဖို့အတွက် လှုပ်ရှားနေသူ တစ်ယောက်လို့ မြင်မိတယ်” ဟူ၍ ပြောလိုက်လေ၏။
ပေါက်ဖော်ဆိုသူမှ “ဟို ရွှေကြည်ဆိုတဲ့ မိန်းကလေးတော့ ကျုပ်တို့ ပြောနေတာတွေ ကြားသွားလောက်တယ်” ဟူ၍ ပြောလိုက်လေရာ ကိုချော ဆိုသူမှ “ပူမနေပါနဲ့ ပေါက်ဖော်ရယ်၊ အကုန်လုံးနီးပါးကို ကြားသွားမှာပါ” ဟူ၍ ပြန်လည် ပြောလိုက်လေ၏။
ထိုအခါ ပေါက်ဖော်မှ “ဒါဖြင့် ဘယ်လို လုပ်ကြမလဲဗျာ” ဟူ၍ မေးခွန်း ထုတ်လေရာ ပါလေရာ ဆိုသူမှ “ဒီလို ပေါက်ဖော်ရေ၊ ခုတော့ ဘာလုပ်ကြမလဲဆိုတာ မသိနိုင်သေးဘူး၊ မောင်ကြီးမိုက် ပြန်လာရင်တော့မှ အကြောင်းစုံ သိရမှာပဲ၊ အကယ်၍ မောင်ပေဟာ လူဆိုးတစ်ယောက်ဆိုရင် အဲဒီ မောင်ပေရော၊ မိန်းကလေးကိုပါ အပြတ်ရှင်းခဲ့လိမ့်မယ်၊ အကယ်၍ မောင်ပေ က ကျုပ်တို့နဲ့ လက်တွဲမယ့် တစ်ယောက်ဆိုရင်တော့ဖြင့် …” ဟူ၍ စကားကို မဆက်ဘဲ ရှိနေစဉ်မှာပင် ကိုချောဆိုသူမှ “ကျုပ်တို့အတွက် သိပ်ကောင်းသွားပြီပေါ့ဗျာ” ဟူ၍ ပြောလိုက်လေတော့၏။
X X X X X X X X
နယ်သို့ ဆင်းခြင်း
ယင်းသို့ ဖြစ်ပြီးနောက် နှစ်ရက်ခန့်အကြာတွင် ပေါက်ဖော် ဆိုသူ လူရွယ်မှာ ပျောက်ဆုံးနေသော ဆွဲပြားတစ်ခြမ်းအား ရှာဖွေရန် အတွက် ၎င်းသတင်းရထားသော တောင်တွင်းကြီး နယ်ဘက်သို့ ဆင်းလာခဲ့လေ၏။ ပေါက်ဖော် ဆိုသူမှာ တောင်တွင်းကြီးသို့ ရောက်သည့်အခါတွင် အမျိုးသမီး၏ ပုံပန်းသဏ္ဍာန်ကို ပြောပြ၍ စုံစမ်းလေတော့၏။
ကံအားလျော်စွာပင် အဆိုပါ အမျိုးသမီး နေထိုင်သော ရွာကို သိခဲ့ရပြီးနောက် ၎င်းရွာဘက်ဆီသို့ ဆက်လက် ထွက်ခွာလေတော့၏။ ရွာသို့ ရောက်သည့်အခါတွင် ပေါက်ဖော် ဆိုသူအား ၎င်း၏ အနီးတွင်ရှိသော ရွာခံများက ထူးဆန်းစွာ ကြည့်ရှုနေကြသည်ကို တွေ့ရလေ၏။
ထိုအခါ ပေါက်ဖော် ဆိုသူမှာ လူရွှင်တော် မျက်နှာပေးဖြင့် ၎င်းအား ကြည့်နေကြသော ရွာခံများအား ပြုံးပြလိုက်လေ၏။ ထိုအခါ တစ်ယောက်သောသူမှ “ရုပ်ကလည်း ပြောင်စပ်စပ်နဲ့ ဇာတ်ကွဲလာတဲ့ လူရွှင်တော် မှတ်ရဲ့” ဟူ၍ ပြောလိုက်လေရာ အနီးရှိ ရွာခံများမှာ “ဝါး” ခနဲ ပွဲကျသွားလေတော့၏။
ပေါက်ဖော် ဆိုသူ လူရွယ်မှာလည်း မနေတတ်၊ မထိုင်တတ် ဖြစ်သွားပြီးနောက် အနီးရှိ ရွာကာလသား ဖြစ်ဟန်တူသူ လူငယ် တစ်ယောက်အား ၎င်းရှာနေသော အမျိုးသမီး၏ ပုံပန်းသဏ္ဍာန်ကို ပြောပြ၍ မေးလိုက်လေ၏။ ထိုအခါ ရွာ၏ လူငယ်ဖြစ်သော ကာလသားမှ “အော် .. သိတာပေါ့ဗျာ၊ သို့ပေမယ့် ဒီရွာမှာတော့ မရှိတော့ဘူးဗျ၊ အဲဒီ အမျိုးသမီးကြီးက ချမ်းသာသွားလို့ ရန်ကုန်မှာ အိမ်ဝယ်ပြီး သူဋ္ဌေးမကြီး လုပ်နေတယ်ဗျ” ဟူ၍ ပြောလိုက်လေရာ ပေါက်ဖော် ဆိုသူမှာ စဉ်းစားသည့်ဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်သည်ကို တွေ့ရလေ၏။
“ဟေ့ … ဖရဲသီး၊ ဧည့်သည်ကို ဘာတွေ ပေါက်ကရ လျှောက်ပြေနေတာတုံး၊ ဟိုက အူကြောင်ကြောင်နဲ့” ဟူ၍ အမျိုးသမီး တစ်ယောက်မှ အဆိုပါ ရွာခံကာလသားအား အော်၍ ပြောလိုက်ပြီးနောက် ပေါက်ဖော် ဆိုသူဘက်သို့ လှည့်ကာ “ဒီက အကိုကြီး ပြောတဲ့ ပုံစံအတိုင်းဆို ကျုပ်တို့ အရီးပဲ ဖြစ်ရမယ်၊ ခင်ဗျား တွေ့ချင်ရင်တော့ ကျုပ်နောက်ကသာ လိုက်ခဲ့ပေတော့” ဟူ၍ ပြောလိုက်လေ၏။
ထိုအခါမှပင် ပေါက်ဖော် ဆိုသူ လူရွယ်၏ မျက်နှာမှာ ဝင်းပသွားပြီးနောက် အမျိုးသမီး၏ နောက်သို့ လိုက်သွားလေ၏။ ဖရဲသီး ဆိုသူ ရွာခံလူငယ်အားလည်း မကြည်ကြည့်ခြင်း တစ်ချက် ကြည့်သွားလေ၏။ ထိုအခါ ဖရဲသီး ဆိုသူမှ “အားကိုကြီး ကန်တော့နော်” ဟူ၍ ပြုံးဖြီးဖြီးကြီးနှင့် ပြောလိုက်လေတော့၏။
X X X X X X X X
“အရီးရေ … ဧည့်သည်လာတယ်”
“အော် … အေးအေး၊ ဒီကို လွှတ်လိုက်ပါကွယ်” ဟူ၍ ဆိုကာ အိမ်၏ အောက်ထပ်တွင် ထိုင်လျက်ရှိသော အသက် (၄၀) အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးမှ လှမ်း၍ ပြောလိုက်လေ၏။ ထိုအခါ ပေါက်ဖော်ဆိုသူ လူရွယ်မှာ အဆိုပါ အမျိုးသမီး ထိုင်နေသော အိမ်အောက်ထပ် ကွက်ပျစ်ဆီသို့ လှမ်းလာခဲ့လေ၏။
အရီး ဆိုသူ အမျိုးသမီးမှာ ပေါက်ဖော် ဆိုသူအား သေချာစွာ ကြည့်လိုက်ပြီးနောက် “မောင်ရင် ထိုင်လေကွယ်” ဟူ၍ ပြောလိုက်လေ၏။ ယင်းနောက်တွင် –
ရီး – “မောင်ရင်က ဘယ်သူများတုံးကွယ့်၊ အရီးဖြင့် မောင်ရင့်ကို မမြင်ဖူးပါလား”
ဖော် – “ဟုတ်ပါတယ် အရီး၊ ကျနော့်နာမည်က ပေါက်ဖော်လို့ ခေါ်ပါတယ် အရီး၊ ရန်ကုန်ကနေ အရီးဆီကို လာခဲ့တာပါ”
ရီး – “ဒါဆို မဟုတ်မှလွှဲရော၊ ဆွဲပြားကိစ္စထင်ရဲ့”
ဖော် – “အရီးထင်တာ မလွှဲပါဘူး၊ ကျနော် အရီးဆီမှာရှိတဲ့ ဆွဲပြားကိစ္စနဲ့ လာခဲ့တာပါပဲ၊ ဒါနဲ့ အရီးက ကြိုသိနေတယ်နော်”
ရီး – “သိပါရောလား မောင်ရင်ရယ်၊ ဒီဆွဲပြားလေးက ရတနာသိုက်ကို ဖွင့်နိုင်မယ့် သော့ဆိုပြီး သတင်းက ကြီးနေတာကွယ့်၊ အရီးကတော့ ဟုတ်မယ် မထင်ပါဘူးကွယ်၊ အရီးအဖို့တော့ အဖေကိုယ်တိုင် ဆွဲပေးခဲ့တဲ့ ဆွဲပြားလေးမို့ မိဘအမွေဆိုပြီး အမြတ်တနိုး ဆွဲထားတဲ့ ပစ္စည်းတစ်ခုပေါ့ကွယ်”
– ဟူ၍ ဆိုကာ လည်ပင်းတွင် ဆွဲထားသော မိုးကြိုးသွားပုံသဏ္ဍာန် အတွန့်များဖြင့် ဆွဲပြားလေးအား ထုတ်၍ ပြလိုက်လေ၏။ ထိုအခါ ပေါက်ဖော် ဆိုသူမှာ ဆွဲပြားလေးအား တစ်ချက် ကြည့်လိုက်ပြီးနောက် –
ဖော် – “အရီးပြောသလိုပဲ မိဘအမွေအနှစ်ဆိုတာ အမြတ်တနိုးနဲ့ ထားသင့်ပါတယ် အရီး၊ ဒါပေမယ့်လို့လည်း ကျနော် ပြောချင်တာက သတင်းကြီးနေသလိုပဲ ဒီဆွဲပြားလေးက ရတနာသိုက်ကို ဖွင့်နိုင်မယ့်သော့ ဆိုတာ အဟုတ်ပါဘဲ အရီး၊ ဒီလို ဆွဲပြားမျိုး နောက်ထပ် သုံးခုလည်း ရှိပါသေးတယ် အရီး”
ဟူ၍ ပြောလိုက်လေ၏။
ထိုအခါ အရီးဆိုသူ အမျိုးသမီးမှ “ဒီမယ် မောင်ရင်ရေ၊ အရီးက မြင်းစီးပြီး အထီးမှန်း အမမှန်းတော့ သိပါတယ်ကွယ်၊ မောင်ရင်လည်း ခရီးပန်းလာမှာပဲ၊ အရီးတို့ရွာကို ရောက်တုန်း လောဘတွေကို အနားပေးပြီး အေးအေးလူလူ အနားယူလိုက်ပါဦး၊ မောင်ရင်က လူရွယ် ဆိုတော့ကာ အရီးရဲ့ မြေးလေး ဖရဲသီးနဲ့ အတူနေပေါ့ကွယ်၊ ဆွဲပြားကိစ္စကတော့ နောက်မှ ပြောကြတာပေါ့” ဟူ၍ အရီးမှ ပြောလိုက်လေရာ ပေါက်ဖော် ဆိုသူ လူရွယ်မှ “ဟို … ဖရဲသီး ဆိုတာ အရီးရဲ့ မြေးလား” ဟူ၍ မေးလိုက်လေ၏။
“ဟုတ်တယ်လေ မောင်ရင်၊ ဖရဲသီးကို မောင်ရင် တွေ့ခဲ့ပြီထင်တယ်”
“ဟုတ်ပါတယ် အရီး၊ သူ့ကို ရွာအဝင်မှာကတည်းက တွေ့ခဲ့ပြီးပါပြီ၊ တော်တော် နောက်တဲ့ ကောင်လေးပဲနော့”
“သူက ပျော်ပျော် နေတတ်တာပါကွယ်၊ ဟော .. ဟိုမှာ မြေးလေး လာနေပြီ” ဟူ၍ ဆိုကာ အိမ်တံခါးဝအား လှမ်း၍ ညွှန်ပြလိုက်လေတော့၏။
X X X X X X X X
ပေါင်းကြလေပြီ
တစ်နေ့သ၌ သင်္ဃန်းကျွန်း ဘူတာအနီးရှိ နေအိမ်ကြီး တစ်အိမ်အတွင်းသို့ လွန်စွာ ထွားကြိုင်းသော လူကြီးတစ်ဦးနှင့် ကတုံးပြောင်ပြောင် လူရွယ်လူထွား တစ်ဦးတို့သည် ဆေးလိပ်ကိုယ်စီခဲလျက် လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ အဆိုပါ အိမ်ကြီး၏ အိမ်တံခါးဝ တွင်လည်း လူကြီးတစ်ဦး ရပ်နေသည်ကို တွေ့ရလေ၏။ ထိုလူကြီးမှ လမ်းလျောက်လာသော လူထွားကြီးအား –
“ကိုကြောင်ကြီး နေကောင်းပါစ” ဟူ၍ လှမ်းကာ နှုတ်ဆက်လိုက်လေ၏။
“ကောင်းပါတယ် ကိုခိုင်၊ ခင်ဗျားက ကျုပ်ကို စောင့်ကြိုနေတာပေါ့၊ ဟုတ်စ”
“ကြိုရတာပေါ့ ကိုကြောင်ကြီးရယ်၊ ရတနာတံခါးကို အတူဆွဲဖွင့်ကြမယ့် လူတွေဆိုတော့ .. ဟဲဟဲ” ဟူ၍ ရီကျဲကျဲ အမူအယာဖြင့် ပြောပြီးနောက် ကြောင်ကြီးဆိုသူ လူထွားကြီး၊ ကတုံးပြောင်ပြောင် လူရွယ်တို့နှင့်အတူ အိမ်ကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့၏။
ကြောင်ကြီး ဆိုသူမှာ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ချလိုက်ပြီးနောက် အိမ်အခြေအနေအား အကဲခတ်လိုက်လေ၏။ ပြီးနောက် ဦးခိုင် ဘက်သို့ လှည့်ကာ “ခင်ဗျားက ပိုက်ဆံရှိသလောက် ကပ်စေနဲတဲ့ လူစားမျိုးပဲ၊ ဟော .. ဟိုက ဆေးပေါ့လိပ်ကို ကြည့်တာနဲ့တင် သိနိုင်တယ်” ဟူ၍ ပြောလိုက်လေရာ ဦးခိုင် ဆိုသူမှ “ကိုကြောင်ကြီး တော်တယ်ဆိုတာ ကျုပ်သိပြီးသားပါဗျာ၊ တော်လို့လည်း လက်ထဲ ရတနာတစ်ခြမ်း ရောက်နေတာပေါ့၊ ဟုတ်သလား မောင်အောင်ပုရဲ့” ဟူ၍ အောင်ပုဟူသော ကတုံးပြောင်ပြောင် လူရွယ်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ ထိုအခါ အောင်ပု မှ “ဟုတ်တာပေါ့ ဦးခိုင်ရယ်” ဟူ၍ ခေါင်းကို ညိမ့်လျှက် ပြောလိုက်လေ၏။
“ကျုပ်ကို မြှောက်မနေပါနဲ့ ကိုခိုင်၊ ကျုပ်က အမြှောက်ကြိုက်တဲ့လူမျိုး မဟုတ်ဘူး၊ ဒဲ့ပြောမှ ကြိုက်တဲ့လူမျိုး၊ ဒီတော့ကာ ကျုပ်တို့ လိုရင်းကို ပြောကြရအောင်”
ခိုင် – “လိုရင်းကို ပြောရရင် ကျုပ်မှာလည်း ဆွဲပြားတစ်ပြားရှိတယ်၊ ကိုကြောင်ကြီးမှာလည်း ဆွဲပြားတစ်ပြား ရှိတယ်၊ ကျုပ်တို့နဲ့ ကိုကြောင်ကြီး ပေါင်းလိုက်ရင် ရတနာသိုက်ရဲ့ တစ်ခြမ်းကို ပိုင်ဆိုင်သွားပြီ၊ ဒီတော့ကာ ကိုကြောင်ကြီးကို ကျုပ်တို့နဲ့ ပူးပေါင်းဖို့ကို ကမ်းလှမ်းချင်ပါတယ်”
ကြောင် – “ဟုတ်ပြီ၊ ပူးပေါင်းမယ်ဆိုရင်တော့ ကျုပ်အနေနဲ့ လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် ပူးပေါင်းမယ် ဆိုပြီးမှ ဆွဲပြားကို လာလုရင်တော့ဖြင့် ခင်ဗျားတို့ရဲ့ ဗိုက်ထဲကို ဟောဒီဓါးက ဝင်သွားလိမ့်မယ်” ဟူ၍ ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ဓါးမြှောင်အား ထုတ်ယူကာ ပြောလိုက်လေ၏။
ပု – “အဲ့ဒီ ဓါးကြီးတော့ ဗိုက်ထဲ အဝင်မခံရစေနဲ့ဗျာ၊ ကျုပ်က ဗိုက်ထဲ ဓါးဝင်ရင် ယားကျိယားကျိ နေတတ်လို့ပါ”
ခိုင် – “ကျုပ်တို့ဘက်က ကတိပြုပါတယ် ကိုကြောင်ကြီး၊ ကိုကြောင်ကြီး ဘက်ကလည်း ကျုပ်တို့ဆီက ဆွဲပြားကို လုမသွားဖို့ ကတိပြုပါ”
ကြောင် – “ဒီမှာ ကိုခိုင်၊ ကျုပ်ဘက်ကတော့ စည်းဖောက်လိမ့်မှာ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်ပါ”
ခိုင် – “ဟုတ်ပြီ၊ ဒီတော့ကာ ကျုပ်တို့နဲ့ ကိုကြောင်ကြီးဟာ နှစ်ကိုယ့်တစ်စိတ် ဖြစ်သွားပြီ၊ ဒါကြောင့် ကျန်နေတဲ့ ဆွဲပြားနှစ်ခြမ်းကို ရဖို့အတွက် ကြံကြရအောင်”
ပု – “ကြံတာက ခင်ဗျားတို့ အလုပ်၊ ကြံပြီးရင် ကျုပ်ကိုပြော ကျုပ်ရအောင် ယူပေးမယ်၊ ဒါက ကျုပ်အလုပ်”
ကြောင် – “ကျန်တဲ့ နှစ်ပြားထဲက တစ်ပြားက မောင်ဂီ ဆီမှာ၊ တစ်ပြား အရီးလတ်ဆိုတဲ့ အမျိုးသမီးဆီမှာ”
ခိုင် – “မောင်ဂီဆီက ဆွဲပြားကို လုဖို့အလုပ်က မလွယ်လှဘူး၊ ဒါပေမယ့် အလဲအထပ် သဘောမျိုးနဲ့ဆိုရင်တော့ ဖြစ်နိုင်လောက်တယ်၊ အရီးလတ်ဆိုတဲ့ အမျိုးသမီးက တောင်တွင်းကြီးဘက်က ရွာမှာရှိတယ်၊ ကျုပ်တပည့် တစ်ယောက်ကို စုံစမ်းခိုင်းခဲ့တယ်၊ အဟုတ်ပဲ၊ အဲဒီ အမျိုးသမီးရဲ့ လည်မှာ ဆွဲထားတယ်ဆိုပဲ၊ သူ့ဆီက ငွေပေးပြီး ဝယ်ဖို့ဆိုတာလည်း မဖြစ်နိုင်လောက်ဘူး၊ ဒီတော့ သူ့ဆီကတော့ မရ ရတဲ့နည်း လုရမှာပဲ”
ပု – “အဲဒီ လုဖို့ ကိစ္စကို ကျုပ်တာဝန်ထားဗျာ၊ ကျုပ်သွားပြီး မရ ရတဲ့နည်းနဲ့ ယူခဲ့ပေးမယ်”
ကြောင် – “ဟုတ်ပြီ၊ မောင်အောင်ပုက အဲ့ဒီတစ်ပြားကို တာဝန်ယူတယ်ဆိုတော့ ကျုပ်နဲ့ ကိုခိုင်က မောင်ဂီနဲ့ အလဲအထပ်လုပ်ဖို့ ကိစ္စကို တာဝန်ယူကြစို့” ဟူ၍ ပြောလိုက်လေတော့၏။
X X X X X X X X
ကြိုးစားလျှက်
အံစာတုံး
34 comments
same kyaw
July 21, 2012 at 8:04 pm
ရွာသူ ၂ယောက်ဈေးပေါက်သွားပြီး။ရွာသားတော်တော်များများပါသွားပြီး။၁ ကနေ ၃ ထိအားပေးပြီးသွားပြီး။အပိုင်း၄ ကိုမျော်နေတယ်
ကိုရင်မောင်
July 21, 2012 at 8:11 pm
အံစာတုန်းရေ အားပေးဖတ်ရှု့နေတယ်ဗျို့….
မောင်ပေ
July 21, 2012 at 8:58 pm
အားတွေရှိရပါဘိကောင်း အဆွေမဟာအံကြီးရဲ ့
ရွှေကြည်လေးပြီးရင် နောက်ထပ် ဘယ်သူလေး လာဦးမှာလဲ
ဆက်စောင့်ဖတ်နေမယ်နော….
ဟီဟိ
မဟာရာဇာ အံစာတုံး
July 21, 2012 at 9:07 pm
ရောင်းရင်းကြီးက
ဘယ်သူ့ကိုများ
ထပ်လာစေချင်သေးလို့လဲဗျာ ..
ထပ်လာစေချင်ရင်တော့ဖြင့် .. အဟမ်း .. ဟမ်း ..
😀
ကျေးဇူးပါနော့ ..
Khaing Khaing
July 21, 2012 at 9:03 pm
ကိုကြီးအံ အပိုင်း (၃) တောင်ဖြစ်တွားပြီတော့သများခရီးသွားနေတာမသိလိုက်ဘူး ……. တစ်နဲ့နှစ်ကို ပြန်ဖတ်မယ် မမန့်တော့ဘူး တစ်နဲ့နှစ်ကို တိလား …….
MaMa
July 21, 2012 at 9:05 pm
အော်……..လူထွားကြီးဆိုတာ ကြေးမုံလေး အမျိုးကိုးးးးးးးး
ရတနာသိုက်ကို ရှာတွေ့ရင် ရွာထဲက စုပေါင်းအလှူမှာ ထည့်ဝင်ဦးနော်။
တဖြေးဖြေးတော့ ဇာတ်ရုပ်ပေါ်လာပြီ။
ဇာတ်ဆရာကော ဘယ်အခန်းက ပါမှာလဲ။ [:))]
မဟာရာဇာ အံစာတုံး
July 21, 2012 at 9:11 pm
@အန်တီမမ
ဟုတ်ကဲ့ပါ ခင်ဗျာ ..
လူထွားဂျီးဂ သဂျီး .. အဲ .. ဦးခိုင်ဒို့နဲ့ ပေါင်းတော့ ဥကြောင်ဂျီး ဖစ်သွားတာဘာ ..
အနော်ဂဒေါ့ ဒီဇာတ်ထဲမှာ ပါပါဘူးဂျာ …
ဖတ်ရှုအားပေးဒါ ကျေးဇူးပါ …
@အမခိုင်
အမခိုင်ရေ ..
ဖတ်လိုက်ပါဗျာ ..
ဒါမှ ဇာတ်လမ်းက အဆက်အစပ်ရှိသွားမှာပေါ့ ..
ဟုတ်ဘူးလား ..
ကျေးဇူးပါ ..
ကိုရင်မောင်နဲ့ Same Kyaw တို့ကိုလည်း
ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးပါလို့ ..
ခင်မင် လေးစားစွာဖြင့်
အံစာတုံး
ဇောက် ထိုး
July 21, 2012 at 9:19 pm
မင်းတို့… ရွာမှာနေတာဆိုပြီး အရီးကိုတော့ အထင်မသေးကြနဲ့နော်…..ဆွဲပြားရထားတယ်ဆိုကတဲက သဘောပေါက်….
ကိုရာဇာ… အရီးကိုတော့… အနိုင်မကျင့်ကြစေနဲ့နော်…….
ပြန်ပြောမနေနဲ့…နောက်တပိုင်းမြန်မြန်လုပ်…. ခရီးက သွားရဦးမှာ………….
ငပွကြီး
July 21, 2012 at 9:23 pm
ငပွကြီး နာမည်ကိုထည့်ရင် ရုပ်ကိုပါပေါ်အောင်ထည့်ပေးနော်…:D
ငပွကြီးရုပ်က ညာလက်မောင်းမှာ တက်တူးထိုးထားတယ် ဆံပင်ပုံက အညာသားကေနဲ့ မျက်နာလေးထောင့်ကျကျ တချက်တချက် အံကြိတ်တတ်ပြီး လက်ပတ်နာရီပတ်ထားတယ် 😀
metallic
July 21, 2012 at 10:19 pm
စိတ်ချတဲ့
အသံပါ ပါအောင်ထည့်ပေးမှာတဲ့…အဟတ်။
Solid_Sn@ke
July 21, 2012 at 9:24 pm
အသည်းယားထှာအေ..
အနှီ လူလည်ဂျီးဒွေနဲ့များ…
သများကို အလဲအထပ်လုပ်ခိုင်းမယ်လို့
ဟင့်…
စိတ်မခိုင်တော့ …
ထုံးဇံအတိုင်း… အိုဘယ့်..
(မျက်ရည်များ …..)
😳
nature
July 22, 2012 at 3:37 pm
မောင်ဂီဆီကရတနာမြေပုံလုရင်သတိထား။သူ့မှာအစွမ်းထက်တဲ့သိုင်းကွက်တွေရှိတယ်။ ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ နာမည်ကြီး ဗိဿနိုးနဲ့ရန်ပယ်ချောင်းဆိုတာကြားဖူးတယ်မဟုတ်လား။ မောင်ဂီက အဲဒီမျိုးဆက်သိုင်းကွက်တွေအမွေရထားတယ်။ သူ့ရဲ့သိုင်းကွက်နာမည်ကတော့-
မျက်ရည်မိုးနဲ့ရန်သူဂျောင်း တဲ့ ။ 🙂
မိုးတိမ်
July 21, 2012 at 10:25 pm
အနော်လဲ ပါမယ်ဗျာ။ကော်နက်ရှင်မကောင်းတဲ့ကြားက စောင့်ဖတ်နေရတာဗျ။ဖတ်ရတာပျော်လို့ပါ။
ကြိုက်တဲ့နေရာကသာထည့်ဗျာ။အရေးအသားကိုတော့ မချီးကျူးဘဲကို မနေနှိုင်ဘူးဗျို ့။
ကိုယ့်ဆရာ စာရေးဆရာသာလုပ်စားတော့ဗျာ။
P.S အံဇာတုံးမှာ ၆ မျက်နှာပါတယ်။ ၁ ကို အကြီးဆုံးလို့မှတ်၊ပြီးရင် ၆၊၅၊၄၊၃၊၂ပေါ့ဗျာ။တစ်တုံးတည်းဆိုရင်ပြောတာနော်။
ဒါကြောင် ၁ ပဲ ကျပါစေလို့ ဆုတောင်းပေးတာပါ ကိုအံဇာတုံးကြီးရေ။
ဖိုးထောင်
July 21, 2012 at 10:58 pm
ဇာတ်ရဲ့နောက်ဆုံးပိုင်းသိချင်ရင်ပြောပြမယ်
မဟာရာဇာ အံစာတုံး
July 22, 2012 at 11:58 am
@ဖိုးထောင်
ပြောပြဘာဦးဂျ …
ဇာတ်ရဲ့ နောက်ဆုံးပိုင်းကို ..
သများလည်း သိချင်ထှာ .. 😀
______________________
@ဦးဇောက်ထိုး
အောက်မှာ အရီးက ပြောထားသဗျ ..
အောင်ပုလောက်တော့ အချဉ်ပဲဒဲ့ .. 😀
ဒါကို ပြီးအောင်ဒေါ့ မြန်မြန် ရေးနေပါတယ်ဗျာ …
အားပေး ဖတ်ရှုသွားတာ ကျေးဇူးဘာ …
________________________
@ငပွကြီး
ခင်ဗျားရဲ့ ဟန်နဲ့ဆို
မုဆိုးဇာတ်ကောင်နဲ့ အံကိုက်ပဲ …
နို့ ခင်ဗျား လက်ပတ်နာရီဂျီးဒေါ့ ပါဘူးပေါ့ဂျာ … 😀
___________________
@ကိုဂီ
အနှီ လူဂျီးနှစ်ယောက်မှ
စကီလေးများနှင့် ဆွဲပြားအား
အလဲအထပ် ပြုမည်ဆိုပါက မည်သို့ သဘောရပါသနည်း .. 😀
____________________
@မိုးတိမ်
ကျနော်က ဝါသနာအရ စာရေးမိတာပါဗျာ ..
ကိုယ့်ကိုယ်ကို ဝန်ခံရရင် ကျနော်က ဖွတ်ကျားပါ ..
ဖတ်ရတာ ပျော်တယ်ဆိုလို့လည်း ဝမ်းသာပါရဲ့ဗျာ ..
အနော်လည်း ပါမယ်ဆိုတော့ ဘာအခန်းက ဖြစ်ဖြစ်ပေါ့နော် .. 😀
_______________
မိုက်ကယ်ဂျော်နီအောင်ပု
July 21, 2012 at 11:06 pm
ဇာတ်လမ်းဂဒေါ့ အတော်ပီလာဘီ
ဒါဘဲနော်ဇာတ်ဆရာကြီး
ကျုပ်ကို ပက်ပက်စက်စက် အသေဇိုးနဲ့ သေအောင် သရုပ်ဖေါ်ပေးရမယ်
ဘာဘဲပြောပြော လောလောဇယ် ဦးခိုင်နားမှာနေရဒဲ့ အခြေနေလေးအတွက်
ဇာတ်ဆရာဂျီးဂို လဖက်ရည်တိုက်ပါ့မယ်
ကြောင်ကြီး
July 22, 2012 at 2:35 am
နင့်ဟာက လူတွေဒီလောက် များနေမှတော့ လျှို့ဝှက်ရတနာသိုက် ဖြစ်နိုင်ပါတော့မလား။ ငါ့ကို နောက်အခန်းမှာ သဂျီးသမီးဒေါ်ဂလေးနဲ့ တွဲပေးနော်။ ကျေးဇူးမမေ့ပါဘူး။
အရီးခင်လတ်
July 22, 2012 at 4:42 am
အိုး အို –
ဖြဲသီး လေးက နာ့ မြေး ဖြစ်နေပါပေါ့လား။
စကားနားမထောင် ရင် ခေါင်းခေါက်ခံရမယ် မှတ်။
လူဆိုး က ကိုအောင်ပု တဲ့လား။
သူ့ လောက်များ ဟယ်။
ကတုံး ကလဲ ပြောင်ပြောင် ဆိုတော့။
လာစမ်းဘာ။ လာစမ်းဘာ။
တွေ့ချင်စမ်းပါဘိတော့။ 😆
ရွှေကြည် လေးက ချောချော လေးလို့ ထင်သားဘဲ။
{အကယ်၍ မောင်ပေဟာ လူဆိုးတစ်ယောက်ဆိုရင် အဲဒီ မောင်ပေရော၊ မိန်းကလေးကိုပါ အပြတ်ရှင်းခဲ့လိမ့်မယ်၊ အကယ်၍ မောင်ပေ က ကျုပ်တို့နဲ့ လက်တွဲမယ့် တစ်ယောက်ဆိုရင်တော့ဖြင့် …”} ဆိုတော့ …..
အင်း ဘာဘဲ ဖြစ်ဖြစ် မလွယ်ပါလား သမီးရေ။
လွတ်အောင်ပြေးပေတော့။ 🙂
ကြောင်ဝတုတ်
July 24, 2012 at 9:45 am
အရီးလတ်…
ဆွဲကြိုးသတိထားနော်… စိတ်မချရင် ကျွန်တော့်ဆီပို့ထား…
ထိန်းသိမ်းပေးထားမယ်…ဟိ
မသကာ ပိုက်ဆံမရှိလို့ အပေါင်ဆိုင်ပို့ပြီး ဘီယာသောက်တာကလွဲရင် စိတ်ချရပါတယ်ဗျာ…
ကြောင်ဝတုတ်
water-melon
July 22, 2012 at 8:21 am
အမလေး တောင်မရဲ့
လုုပ်ရက်တာတော်
ကျုပ်ကို ကောင်မလေးတွေနဲ့ထားပါဆိုမှ
အခုတော့ အဟင့်အဟင့်
နိုချင်လာပြီ
ဒီဝတ္တုကိုလည်း စာအုပ်ထုတ်အုန်းနော်
ညလေး
July 22, 2012 at 9:28 am
အားပေးသွားရပြန်ပေါ့…..အံစာတုံးလေးရယ်….
ခန့်မှန်းလို.မရတဲ့…..ဇာတ်လမ်းလေးဖန်တီးနိုင်တာ….တော်တယ်
လှလှလေးတွေပါလာပြီနော်…..ဆက်လက်အားပေးနေပါဂျောင်း……
aye.kk
July 22, 2012 at 9:53 am
ရှာပုံတော်ထိုက်ပါတဲ့
ရတနာသိုက်ကိုလ..
ဂေဇက်ရွာဝိုင်းတော်သားတွေနဲ ့
သိုက်မြိုက်ခါစုံညီစွာပ….။
ဝေဆာစွာတင်ကာပြတော့….
ဖတ်ရတာကအလွန်ကောင်း…။
ရေးတဲ့သူအံစာတုံးကို….
ဒေါ်အေးကေရယ်ကမနေနိုင်၊ချီးကျူးပါ့လေး။
ဘဲဥ
July 22, 2012 at 11:36 am
မိအံစာရေ့ အားပေးနေဒယ်နော်
ညည်းဟာကို စောင့်ဖတ်ရတာ လည်ပင်းတောင် သစ်ကုလားအုပ်ဖြစ်တော့မယ်အေ့ 😆
ဆယာလေး ( အော်စကာ ) အထီး
July 22, 2012 at 12:19 pm
ဦးဦးရေ
စက္ကူချောချော
လိုင်းလဲ ညီညီ
မင် မပေါက်တဲ့ ဘလာစာအုတ် ရှိလား
ရော့ ဒီမှာ ယူနီကာလာ
(ကိုရီးယား ကားတွေလို အခန်းရပ်တုန်း ကြော်ငြာ ဝင်ကြည့်တာ)
နောက်တစ်ခန်းလာတော့ မီးပျက်သွားတယ်။
မဟာရာဇာ အံစာတုံး
July 22, 2012 at 12:24 pm
@ဦးအောင်ပု
ရှယ်လပဲဟ ..
ဦးအောင်ပုက လဖက်ရည်တိုက်မယ် ဆိုပဲ .. 😀
မသောက်ရခင် ကျေးဇူးတင်ပါဒယ် ..
ဦးအောင်ပုကို အသေဇိုးနဲ့ သေအောင်
စွမ်းဆောင်ပေးပါ့မယ် ..
အဲ့အခါကျမှ ဗြဲ … ဆိုပြီး ငိုကြီးချက်မ မလုပ်ပါနဲ့ .. 😀
______________________________________
@ဦးကြောင်ကြီး
ဦးကြောင်ကြီးရေ ..
ကျနော့်အနေနဲ့ ရွာသူားတွေ များများပါနိုင်အောင်လို့
ရေးထားတာ ဖြစ်လို့ လူဒွေ များသွားဒါဘာ ..
ဘာပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ပြီး လျှို့ဝှက် ရတနာသိုက်လို့ပဲ မှတ်ယူပေးဘာ .. 😀
သဂျီးရဲ့ သမီးဒေါ်ဂလေးနဲ့ တွဲချင်တယ်ဆိုတော့ ..
သဂျီးရဲ့ သမီးဒေါ်ဂလေးနေရာ ဘယ်ရွာသူကို ထားပေးရမလဲဆိုတာကိုလည်း
အကျန်ပေးဘာအုံး …
______________________________________
@အရီးလတ်
ကျုပ် အရီးက တွေ့ဒယ် မဟုတ်လား ..
ဦးအောင်ပုလောက်တော့ အသာလေးပဲ .. 😀
ဦးအောင်ပု ဆွဲပြားလာလုလို့ကတော့
အရီးက ပယ်ပယ်နယ်နယ် ဖိုက်လွှတ်လိုက်မှာ မြင်ယောင်သေး …
______________________________________
@ဗြဲသီး
ဟဲ့ .. ဗြဲသီး
ညည်းဂလည်း တော်တော် ဘူးထဒယ် ..
ညည်း ငိုနေရင် အပေါ်ဂ အရီးက ခေါင်းခေါက်ပစ်မယ်လို့ ပြောထားဒါ
တွေ့ဘူးလား .. 😀
______________________________________
@ညလေး
အားပေးသွားတာ ကျေးဇူးပါ
မညလေး ခင်ဗျာ ..
ဆက်လက် အားပေးမည် ဆိုတဲ့အတွက်လည်း
ဝမ်းသာမိပါကြောင်း …
______________________________________
@အမအေး
အမအေး ခင်ဗျာ ..
ကဗျာလေးအတွက် ကျေးဇူးပါ ..
ဒါနဲ့ စကားမစပ်ဗျာ ..
ကျနော့်အနေနဲ့ အမအေး လို့ စာရိုက်လိုက်တိုင်း
အမေအေး ဆိုပြီး ဖြစ်ဖြစ်သွားတတ်တာ ..
ဒါ ရှေးက ရေစက်ကြောင့်များလားဗျာ … 🙄
______________________________________
@ဘဲဥ
ဘဲဥနဲ့ သစ်ကုလားအုတ်
ဘာဆိုင်လို့တုံး တောင်မရဲ့ …
ညည်းလည်း စောင့်ရတာ သစ်ကုလားအုတ် ဖြစ်တော့မယ် ..
နာလည်း ရေးရတာ လက်ရောခေါင်းရော မလွယ်ပါလားကွယ် … 😀
______________________________________
ယခုကဲ့သို့ လာရောက် အားပေးကြပါကုန်သော
ချစ်စွာသော ရွာသူားအပေါင်းတို့အား ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ….
ရွာသူားတို့၏ အားပေးမှုကြောင့်ပင် ကျနော့်မှာ ရေးသားဖို့ အားတွေ တက်ရတဲ့အတွက်လည်း
ကျေးဇူး တင်မိပါကြောင်း ….
ခင်မင် လေးစားစွာဖြင့်
အံစာတုံး
Wow
July 22, 2012 at 12:26 pm
ဇတ်အရဆိုရင်တော့ အရီးခင်လတ်က လျို့ဝှက်ချက်တွေရှိနေပြီး ထင်သလောက် မ”အ” ဘူးနော်… ကပေါက်ဖော်တော့ အရီးကိုအထင်သေးရင် ခံရတော့မယ်… 🙂
မိုး မင်းသား
July 22, 2012 at 4:18 pm
မဟာရာဇာရေ…….
၁နဲ ့၂ကိုတော ့မဖတ်မိသေးဘူးလေ….၃ကိုတော ့ဝင်ပြီးအားပေးသွားပါတယ်လေ……
ဖရဲပြောသလို..စာအုပ်ထုတ်ဖြစ်အောင်ထုတ်ပါဗျာ….
အားပေးနေပါ ့မယ်လေ….
YE YINT HLAING
July 22, 2012 at 8:10 pm
တကယ်ကို အရေးအသား ကောင်းပီး စိတ်ဝင်စားဖို့လည်း ကောင်းတယ်ဗျာ ! ပီးတော့ ဇတ်ဆောင် တွေက ရွာသူ ရွာသား တွေဆိုတော့ ဖတ်ရတာ ပျော်ဖို့လည်း ကောင်းတယ် ။ တယောက် ပီး တယောက် ဘယ်သူ ပါလာမလဲပေါ့ ။ ခုလို ရေးတင် ပေးလို့ ဖတ်ရ ပျော်ရတဲ့ အတွက် ကျေးကျေး ပါ ကိုအံကြီး ရေ ။
htet way
July 22, 2012 at 9:06 pm
ကောင်းတယ်ဗျာ
ဇာတ်က တကယ့် ဇာတ်ပဲ
ဆက်လုပ်ကိုယ့်ဆရာရေ့
shwe kyi
July 23, 2012 at 10:29 am
အာင်မငီး ကိုကြီးမိုက်ကိုသတိထားမှ ကိုပေနဲ့ရွှေကြည်နှစ်ယောက်စလုံးကိုတစ်ယောက်တည်း အပြတ်ရှင်းနိုင်တဲ့အစွမ်းရှိတယ်ဆိုတော့ကာ…..။
ကိုအံစာရေ အရီးရဲ့ ကိုယ်ရံတော်ဖြစ်ချင်တာ။
ချောချောလှလှလေးလို့ရေးပေးလို့ ကျေးဇူးကမ္ဘာပါ…။ ဇာတ်လမ်းထဲမှာပဲနော် အပြင်မှာတော့….:)
etone
July 23, 2012 at 1:56 pm
ကိုခြောက်မျက်နှာရေ … ရက်ရက်စက်စက်အရီးလတ်ကို ဘယ်နယ့် ရာထူးတိုးပြီး ၊ အဖွားဂိုဏ်းဘက် ထည့်ပလိုက်ရသတုံးနော် … ။
ဖြဲသီးနဲ့ ….. အရီးနဲ့က …. ဘေးချင်းယှဉ်လျှောက်လျှင် … မောင်နှမလားအလားပဲ … အဟိ … ။ 😛
manawphyulay
July 23, 2012 at 6:39 pm
အင်း အရီးက ရွာရောက်တုန်းက ဘာမှမပြောပါလား… သူမှာ သူ့အဖေရဲ့ အမွေ မူးစေ့မတ်စေ့တစ်ပြားတော့ရှိတယ်ပဲ ပြောတာပဲ…..
အလင်းဆက်
July 23, 2012 at 7:32 pm
စာအူပ်ထုတ်ဖြစ်ရင်ကောင်းမယ် ။ အမှတ်တရ ပေါ့ ။
ဂေဇက်က..မိတ်ဆွေတွေ..နာမည် တွေနဲ ့ဆိုတော့…သိမ်းဖြစ်အောင် သိမ်း ထားရမယ့် အမှတ်တရ..လေ။
မဟာရာဇာ အံစာတုံး
July 23, 2012 at 7:38 pm
ခုလို စာအုပ်ထုတ်ဖို့ တိုက်တွန်းကြတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ် ခင်ဗျာ …
အလျဉ်းသင့်လို့ အာရကေ ခိုင်ခဲ့ရင်တော့ဖြင့်
စာအုပ် ထုတ်ဖြစ်အောင် ထုတ်သွားမှာပါ ခင်ဗျာ ..
အဲ့အခါကျမှ အားမပေးလို့ဂဒေါ့ အတွေ့ဘဲ … 😀
ဟုတ်ကဲ့ပါ ခင်ဗျာ ..
ယခုကဲ့သို့ လာရောက်ကာ ဖတ်ရှုအားပေးသွားကြပါကုန်သော
ချစ်စွာသော ရွာသူားအပေါင်းအား
ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ….
ခင်မင် လေးစားစွာဖြင့်
အံစာတုံး