အိမ်ဝေးညများ(၂)
ဘယ်သူတွေစခဲ့မှန်းမသိတဲ့
တစ်ထောင့်တစ်ညပုံပြင်တွေ
ကြယ်စင်တွေကိုသက်သေပြု
တစ်မင်းတစ်ခု ပုံတူထုနေကြမလားပဲ … ။
ဓူဝံကြယ်ကိုမြင်ပါရက်နဲ့
တောင်ဘက်အရပ်ကို
လမ်းညွှန်နေတဲ့ကွန်ပါတ်စ်နောက်
ကောက်ကောက်ပါအောင်လိုက်မိတဲ့ငါ
တစ်ခါတစ်ခါ
ငါလျှောက်တာလမ်းမှန်ထင်မိရဲ့ … ။
ငါသိမ်းထုတ်သမျှ
ငါ့ဘဝအတွေ့အကြုံတွေက
လူတောမတိုးရဲတဲ့
အနုတ်စုတ်ဂုတ်စုတ်
ရင်ခုန်သံခပ်ညံ့ညံ့တွေဖြစ်လို့နေခဲ့ … ။
ထွက်မသွားပါနဲ့
တားဆီးခဲ့တဲ့စကားသံတွေက
အလွမ်းခြေရာဖြစ်နေခဲ့ပြီ
ခါးသီးမှုဆုလဒ်ဆိုတာ
ငါ့ရဲ့ကိုးကွယ်ရာဖြစ်လို့နေခဲ့ …. ။ ။
6 comments
Gipsy
July 25, 2012 at 8:20 pm
အသိခေါက်ခက်
အဝင်နက်
စဉ်းစားမိလေသော
အတိတ်တံခါး
ဝေဝါးလို့သွား….။
သန်းထွဋ်ဦး
July 25, 2012 at 8:26 pm
ပိုးသတ်ဆေးက အိမ်ဝေးနေတယ်ပေါ့
ပိုး သတ်ဆေး
July 25, 2012 at 8:52 pm
ဟုတ်ကဲ့ အကို
မောင်ပေ
July 26, 2012 at 1:43 pm
ပျော်ရာမှာမနေ
တော်ရောမှာနေ
တဲ့ ပိုးသတ်ဆေးလေးပါ
mamanoyar
July 26, 2012 at 1:56 pm
အိမ်ဝေးနေသူချင်းမို့
ကိုယ်ချင်းစာပါတယ်ရှင်
shwe kyi
July 26, 2012 at 3:30 pm
မမနိုရာပြောသလိုပါပဲရှင့်။ ဘဝတူတွေမို့ စာနာမိပါတယ်။