သဲသောင်ပေါ်က သဲ့ အိမ်လေး

Mg OggaJuly 3, 20101min880
safe_image.php

ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တစ်သိုက် ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးထွက်တဲ့အခါကပေါ့။ ကမ်းခြေ မှာ ကျွန်တော့်သူငယ်ချင်တွေ ပျော်ပါးဆော့ကစားနေပေမဲ့ ကျွန်တော်မှတော့ အမျိုးအမည်မသိတဲ့ နှလုံးသားဝေဒနာကို ခံစားနေရတော့ သူငယ်ချင်းတွေကို မပျော်နိုင်မပါးနိုင် သူငယ်ချင်းတွေနဲ့ဝေးတဲ့ နေရာ ခပ်လှမ်းလှမ်း သဲသောင်ပြင်မှာ တကိုယ်တည်း ထိုင်ပြီး ပင်လယ်ကြီးနဲ့ ဝင်ဆဲနေလုံးကြီးကို ငေးနေကြည်နေမိတယ်။

ခဏကြာတဲ့ အခါမှာ ကျွန်တော်နဘေး ကလေးနှစ်ယောက် သဲအိမ်ဆောက်ပြီးကစားနေကြတယ်။ ကလေးတွေက မောင်နှမထင်ရတယ် အငယ်မိန်းကလေးက ၁ဝနှစ် အကြီးယောကျာင်္းလေးက ၁၅နှစ်လောက်ရှိပြီ ထင်တယ်။ သူတို့ အမအကြီးဆုံးလို့ထင်ရတဲ့ မိန်ကလေးကတော့ ကျွန်တော်နဲ့ ရွယ်တူလောက်ပဲ သူကတော့ ပင်လယ်ထဲမှာ လှိုင်းစီးနေတယ်။ သူကို ကျွန်တော်ကကြည့်နေတယ် ထင်မှာစိုးလို့ ကလေးတွေ ကစားနေတာကိုပဲ ကြည်နေမိတယ်။ ယောကျာင်္းလေးက အသက်က မိန်းကလေးထက်ကြီး တော့ သူဆောက်ထားတဲ့ သဲအိမ်လေးက တော်တော်လေးလှတယ် အငယ်ကောင်မလေးကတော့ ငယ်သေးတော့ ကလေးဆန်တယ် အကြီးဆောက်ထားတာနဲ့ စာရင် သိပ်မလှဘူးပေါ့ဗျာ။ ဒါကိုကောင်လေးက အငြိမ့်မနေဘူး သူဆောက်ထားတဲ့ သဲအိမ်လေးဟာ အငယ်ဆောက်ထားတဲ့ သဲအိမ်ထက်ပိုလှကြောင်း ကောင်မလေးမခံချင်အောင် စ တယ်။ ကောင်မလေးကလည်း သူဟာကမှလှကြောင်း ပြန်ပြောတယ်။ ကြည်နေရင် ကျွန်တော်လည်း ညီမလေးစုစုကို သတိရမိတယ်။ အော် ငါတို့ မောင်နှမနှစ်ယောက် လိုပဲလို့်လေ။

နောက် အခြေအနေတွေက ပြင်းထန်လာတယ်။ ကောင်လေးက အရမ်းမခံချင်အောင်ပြောတော့ ကောင်မလေးက ကောင်လေးရဲ့ သဲအိမ်လေးကို ဖျက်ဆီးလိုက်တယ်။ ကောင်လေးကလည်း ကောင်မလေးရဲ့ သဲအိမ်ကို ဖျက်ဆီးလိုက်တယ်။ နောက် နေမာင်နှမအချင်းချင်း ရန်ဖြစ်ကြတယ် ကောင်းလေးက အကောင်ကြီးတော့ ကောင်မလေးကို နိုင်တာပေါ့ နောက်တော့ ရေထဲက သူတို့အမတတ်လာပြီး ဖြန်ဖြေရတာပေါ့။ သူတို့ အမက မောင်လေးနဲ့ ညီမလေးက လည်း ဒါသဲအိမ်တွေလေ တကယ်အိမ်မှ မဟုတ်တာတဲ့ လာလာ ပုဇွန်ထုပ်ကြီး သွားစားမယ်တဲ့။ သူတို့ကလည်း ပုဇွန်ထုပ်အသံကြားတာနဲ့ ရန်ဖြစ်တာကို ရန်လိုက်ပြီး စစ်ပြေငြိမ်းလိုက်ပြီး ကျွန်တော် ဘေးကနေထွက်သွားပါ တော့တယ်။ သူတို့ ထွက်သွားပေမဲ့ သူတို့ကြောင့် ဖြစ်လာတဲ့ အတွေးစဉ်တန်းတွေက ကျွန်တော်ခေါင်းထဲက မထွက်သေးဘူး။

ကျွန်တော်တို့တွေ အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူတွေကကော ဒီကလေးနှစ်ယောက်နဲ့ ဘာထူးလဲ ဘာမှမဟုတ်တဲ့ ပညတ်နယ်က အရာတွေကို အကောင်လုပ်ပြီး ငါ့ဟာ ငါဥစ္စာ ငါငါ တစ်ငါတည်းငါနေကြတယ်မှလား ခန္ခာငါးပါး ရုပ်နာမ် တရားတွေကို မမြင် မသိကြပဲ။ ငါ့မိသားစု၊ ငါ့ဘာသာ၊ငါ့လူမျိုး၊ငါ့နိုင်ငံ၊ ငါအဖွဲ့၊ငါ့လူ၊ငါ့ချစ်သူ ဆိုပြီးတော့ ထင်နေမြင်နေကြတယ်။ ဒီအတွက် ငါကိုလာစော်ကားတဲ့ အကောင် ဖျက်ဆီတဲ့ သူကို ပြန်တိုက်ခိုကတတ်ကြတယ်။ လာမထိနဲ့မီးပွင့်သွားမယ်။ ကိုယ့်ကိုလာထိရင် တော့ ဆတ်ဆတ်ထိမခံ သူများကို သွားထိရင်တော့ အတော်ပျော်ကြတဲ့ သူတွေပဲ။ အခုတွေတဲ့ ကလေးနှစ်ယောက်လို သဲအိမ်လေးတွေကို တကယ်အိမ်ထင်နေကြတယ်။ ဒါထက်ကောင်းတဲ့ စားစရာနဲ့တွေကော ဒီသဲအိမ်တွေကို လှည့်တောင်မကြည့်ကြဘူး။ ကျွန်တော်တို့လည်း သံသရာလှည့်နေသ၍တော့ အရိပ်ကို အကောင်ထင် အမှားကို အမှန်ထင် မရှိတာကို အရှိထင်၊အရှိတရားကို ကြတော့ မသိဘူးထင်နေကြတယ်။ ကတယ်တန်း အထင်တွေဖြုတ်သွားရင် အရင်က စွဲလမ်းခဲ့တဲ့ အရိပ်တွေကို အရိပ်လို့ သိတဲ့ အချိန်ရောက်ရင် ဒီစွဲလမ်းခဲ့တဲ့ အရာတွေကို လှည့်တောင် ကြည့်တော့မှာ မဟုတ်ပါဘူး။

ကျွန်တော်ထိုင်နေရာက မတ်တပ်ထရပ်လိုက်တယ်။ လေကို အဝရှုလိုက်တယ်။ ရင်ထဲက ဝေဒနာ ဘယ်လောက်သွားလည်းမသိတော့။ ကျေးဇူးပါပဲ ကလေးတွေရယ်။

p.s: မြတ်ဗုဒ္ဓဟောကြားသော သတ္တသုတ္တန်ကို ပြန်ခံစား၍ရေးပါတယ်ခင်ဗျာ