မယားကို စွဲ၍ ပြိတ္တာ ဘဝကို ရောက်ရရှာသူ
လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့
ဆင်ခြေဖုုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့
ဆွေမျိုးအသိုင်းအဝိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေး
စားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။
ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မ
ကြောင့်မကျ မတောင့်မတ ဘဝမျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက်
နဲ့ ဘဝကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။ ဦးချမ်းသာက
လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေ
ရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ဝိပသနာတရားစခန်းတွေကို လည်းမကြာခ
ဏ အလျှင်းသင့်သလို ဝင်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီး
နဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါး
ဆယ်ကျော်ကျော်အရွယ်လေးနဲ့ နားမကျန်းဖြစ်ပြီးဦးချမ်းသာ သေဆုံးသွားခဲ့ရရှာပါ
တယ်။ ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ငါးရက်လောက်အကြာမှာ မိမိယောက်ျား
ဦးချမ်းသာ မကျွတ်မလွတ်ပဲ ပြိတ္တာဘဝကို ရောက်ရှိနေပြီး အိမ်မှာသာတွယ်ကပ်နေ
တယ်ဆိုတာကို ဒေါ်ခင်မီ ခံစားသိရှိနေခဲ့ပါတယ်။ ညဘက်အိပ်ရင်မိမိအနား တစ်စုံ
တစ်ယောက်ရှိနေသလိုခံစားချက် များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့
ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။ ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်
ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်
ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး
ရှိနေ ဆဲပါပဲ။ ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက်ရည်စူးပြီး တရားနာ၊ ရေ
စက်ချပြီး အမျှဝေပြန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အ
တွက် ဘဝကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လပြည့်မှာ
မှာလည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေ
စက်ချ အမျှဝေပြန်ပါတယ်။ ကျန်ကြားရက်တွေမှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်
မြတ်ကြီးအားနံနက် အာရုံဆွမ်းကပ်တိုင်း ဦးချမ်းသာအတွက် ရည်စူးပြီးနေ့စဉ် အမျှဝေ
ဆုတောင်း ခဲ့ပေမဲ့ ဦးချမ်းသာကတော့ ဆက်ပြီးရှိနေမြဲရှိနေတုန်းပါပဲတဲ့။
ဦးချမ်းသာဆုံးပြီး သုံးလလောက်မှာတော့ ဒေါ်ခင်မီတစ်ယောက် စိတ်ပြေလက်ပျောက်
အဖြစ် ရပ်ကွက်အတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ မြန်မာပြည်တွင်း ဘုရားဖူးဖို့လိုက်လာ
ခဲ့ဖြစ်ပါတယ်။ ဒေါ်ခင်မီတစ်ယောက်ကတော့ ဘုရားလည်းဖူးရင်း မိမိခင်ပွန်းကိုလည်း
ထို ဘုရားဖူးရတဲ့ ကုသိုလ်တွေကို ရပါစေကြောင်း ဆုတောင်းပြီးအမျှဝေနေခဲ့ပါတယ်။
ထိုအချိန်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ မြေလတ်မြို့လေးတစ်
မြို့မှာ ရှိတဲ့ ဆရာတော်ဘုရားကြီးကလည်း ပရိတ်ရွတ်ရင် ရာဝင်အိုးလောက်ရှိတဲ့ နှမ်းဆီ
တွေနဲ့ စဉ့်အိုးကြီးတွေအတွင်းမှ ဆီများဆူဝေကျလာတယ်ဆိုပြီး နံမည်ကျော်နေခဲ့ပါ
တယ်။ ထိုဆရာတော် ဘုရားကြီးရဲ့ ဂုဏ်သတင်းကလည်းတော်တော်လေးကြော်ကြား
နေခဲ့ပါတယ်။ ဒါနဲ့ မြန်မာပြည်အထက်ပိုင်းရှိဘုရားများကို ဖူးအပြီးအပြန်ထိုဆရာတော်
ဘုရားကြီးကိုလည်း ဝင်ရောက်ဖူးမျှော်ကြရန် စီစဉ်ခဲ့ကြပြီး အပြန်မှာ ဧရာဝတီမြစ်အရှေ့
ဘက်ကမ်းမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ ကားကိုခဏအပ်ခဲ့ကြပြီး ဧရာဝတီမြစ်ကိုဇက်နဲ့
ဖြတ်ကာ ကူးလာကြပြီး ဆရာတော်ဘုရားကြီးဆီကို ဝင်ရောက်ဖူးမျှော်ခဲ့ကြပါတယ်။ ဆ
ရာတော် ဘုရားကြီးဆီဝင်ရောက်ဖူးမျှော်ကြရန် ခွင့်တောင်းကြပြီး ဆရာတော်ဘုရားကြီး
သတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်ကို တက်ခဲ့ကြပါတယ်။ သူတို့လူအုပ် ဝင်ဝင်
လာခြင်း ဆရာတော် ဘုရားကြီးမှ မျက်လွှာကို ပင့်ကြည့်ပြီး
“ အော်..အော်…ဒကာကြီးတို့လာတာ…ရှစ်ယောက်တောင်မှကိုး”
လို့ ပြောလိုက်ပါတယ်။ ဒေါ်ခင်မီတို့ လည်းဇဝေဇဝါဖြစ်သွားကြပြီး မိမိလူတွေကိုပြန်
ကြည့်လိုက်ပါတယ်။ အမှန်တော့ ဒေါ်ခင်မီတို့ ဘုရားဖူးထွက်လာကြတာ ခုနှစ်ယောက်
တည်းသာရှိတာပါ။ ဒါနဲ့ ဒေါ်ခင်မိတို့ထဲက အသက်နဲနဲကြီးတဲ့သူတစ်ယောက်က လက်
အုပ်ချီပြီး
“မှန်လှပါ…တပည့်တော်တို့..ခုနှစ်ယောက်ပါ ဘုရား”
လို့ ပြန်လျှောက်တော့ ဆရာတော် ဘုရားကြီးက လှေကားထိပ်က တံခါးနားကို လှမ်း
ကြည့်ပြီး
“ဘုန်းကြီး မြင်တာတော့………နောက်တစ်ယောက် ထပ်ပါလာပါသေးတယ်”
လို့ ပြန်မိန့်ပါတယ်။ ဒီတော့မှာ ဒေါ်ခင်မီလည်း သဘောပေါက်သွားပြီး မျက်ရည်သွင်
သွင် ကျလာကာ
“မှန်လှပါ………..တပည့်တော်မ ယောက်ျားကိုချမ်းသာဖြစ်ပါလိမ့်မယ် ဘုရား…တပည့်
တော် အမျိုးသားဟာ လွန်ခဲ့တဲ့ သုံးလလောက်က ကွယ်လွန်သွားခဲ့တာပါ..တပည့်တော်
စိတ်ထင် မကျွတ်မလွတ်ပဲ တပည့်တော်နောက်ကို လိုက်လိုက်နေတယ်လို့ ထင်ပါတယ်
ဘုရား”
ဟု လက်အုပ်ချီကာ လျှောက်ထားပြောဆိုပါတယ်။ ဒီတော့မှ ဘုရားဖူးအဖွဲ့တွေလည်း မျက်စိပြူးကာ တစ်လမ်းလုံးနောက်က မမြင်ရတဲ့ပရ လောကသားလိုက်လာပါလား ဆို
တဲ့အသိနဲ့ ကြောက်လန့်ကုန်ကြပါတယ်တဲ့။ ဒါနဲ့ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို
ကြည့်ပြီး ဆက်မိန့်ပါတယ်။
“မပူပါနဲ့ ဒကာမကြီး..ဒီဒကာကြီးဟာ…ကျွတ်ချိန်တန်လို့ ..ဘုန်းကြီးဆီထိ ရောက်
အောင် လိုက်လာနိုင်တာပဲ…ကဲ..ကဲ…ဒကာကြီးကို ဘုန်းကြီးမေးချင်တာရှိတယ်..
တရားလည်း ဟောချင်တယ်…ဒကာမကြီး သဘောတူလား”
လို့ ပြန်မေးပါတယ်။ဒီတော့ ဒေါ်ခင်မီလည်း ဝမ်းသာအားရ နဲ့
“သဘောမတူစရာမရှိပါဘူး..ဘုရား”
လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဆရာတော် ဘုရားကြီးက တံခါးဘက်ကို လှမ်းကြည့်ကာ
“ကဲ..ဒကာမောင်ချမ်းသာ…မင်းသင့်တော်တဲ့ သူတစ်ယောက်ယောက်ကတစ်ဆင့်..
စကားပြောကြတာပေါ့…မင်းအကြောင်းကို ကျန်တဲ့ သူတွေလည်းသိပြီး သံဝေဂ ယူနိုင်
အောင် မင်းသင့်တော်မဲ့ စကားပြောနိုင်မဲ့တစ်ယောက်ယောက်ဆီကနေဆက်သွယ် ပြီး
ပြောကြတာပေါ့”
လို့ အမိန့်ရှိလိုက်ပြီး…အခန်းတွင်းမှာ ခဏတာမျှငြိမ်သက် တိတ်ဆိတ်သွားခဲ့ပါတယ်။
ဆယ်မိနစ်လောက် အချိန်လောက်ကြာမှ ဒေါ်ခင်မီရဲ့ ခန္တာကိုယ်ဟာ လှုတ်ရမ်းပြီး သိ
သိသာသာ တုန်ယင်လာခဲ့ပါတယ်။ ပြီးတော့မျက်ရည် ဖြိုင်ဖြိုင်ကျကာ ခေါင်းကြီးကိုအ
တင်း ငုံ့ပြီးထိုင်နေပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဦးချမ်းသာဝင်ရောက်ပူး
ကပ်နေတဲ့ ဒေါ်ခင်မီကို လှမ်းကြည့်ပြီး
“ဒကာကြီး…ရဟန်း သံဃာ ကိုတွေ့တာတောင် မရှစ်ခိုးတော့ဘူးလား”
လို့ မိန့်တော့မှ ဆရာတော်ကြီးကို လှမ်းကြည့်ပြီး ဦးသုံးကြိမ်ချပြီး ကန်တော့ပါတယ်။ ဆ
ရာတော် ဘုရားကြီးက
“ဒီဘဝမှာတောင် ရဟန်းသံဃာကို ကိုးကွယ်ရမှန်းသိသေးရင် ဒကာကြီးရဲ့အတိတ်ဘဝ
ကပါရမီက လည်းနဲမှာမဟုတ်ဘူး…ဘာလို့ နိမ့်ကျတဲ့ ဒီလြိုပိတ္တာ ဘုံမှာရောက်နေရတာ
လည်း”
လို့ ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီဘက်ကို လှည့်ပြီးမေးပါတယ်။ ဒေါ်ခင်မီ
က ဘာမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက် ဆရာတော်ဘုရားကြီးက နောက်ထပ်ပြန်
ပြီး ထပ်မေးကာမှ
“ တပည့်တော်..ရောဂါသည်းတော့ ..အရင်က ကျင့်ခဲ့ဘူးတဲ့ ဝိပသနာတရားတွေကို ပြန်
ဆင်ခြင်ပြီး ခန္တာကိုယ်ကို ထွက်လေ၊ ဝင်လေနဲ့ သတိကပ်နေခဲ့ပါတယ် ဘုရား။ ဒါပေမဲ့
တပည့်တော်ရဲ့ အမျိုးသမီးက တပည့်တော်ရဲ့ လက်ကိုဆုတ်ကိုင်ပြီး အားပေးစကားပြော
နေတဲ့ အချိန်မှာတော့ တပည့်တော်ရဲ့စိတ်ထဲမှာ ငါတော့ငါ့မိန်းမကို ခွဲခွာရတော့မယ်ဆို
ပြီး ဝမ်းနည်းစိတ်ဖြစ်လာခဲ့တဲ့ အချိန်အခိုက်လေးမှာပဲ တပည့်တော် သေဆုံးခဲ့ပါတယ်
ဇနီးကို စွဲလမ်းစိတ်နဲ့ ဇနီးသည်အနားက မခွာပဲတစ်ကောက်ကောက်လိုက် နေခဲ့ပါတယ်
တပည့်တော်ကို အမျှဝေတာလည်း ကြားရပါတယ်..ဒါပေမဲ့..တပည့်တော် သာဓုခေါ်
လိုက်ရင် ဇနီးနဲ့ဝေးရမှာ ကြောက်လို့သာဓုမခေါ်ခဲ့တာပါ…ဘုရား”
လို့ ပြန်ပြီးလျောက်ပါတယ်။ ဒါနဲ့ဆရာတော်ဘုရားကြီးက ”ငါ့တောင်ပေါ်ကို တော်ရုံတန်ရုံ လာလို့ မရဘူး ဒကာကြီးလာလို့ရတယ်ဆိုတာ
ဒကာကြီးရဲ့ ကုသိုလ်ကံအဟုန်က တော်တော်ကြီးခဲ့လို့ပဲ…”
လို့ပြန်မိန့် ပြီးဦးချမ်းသာကို တရားဟောပါတယ်။ ခုလိုနိမ့်ကျတဲ့ ပြိတ္တာဘုံဘဝကို တွယ်
မက်မနေရန်နဲ့ အရင်ဘဝကသာ ဇနီး မောင်နှံပေမဲ့ ခုဘဝခြားနေလို့ ဘာမှမဆိုင်တော့
ကြောင်း ရှင်ပြပြီးတရားဟောပါတယ်။ ဒါပေမဲ့ဇနီးသည်ကို တွယ်မက်နေတဲ့ ဦးချမ်းသာ
ကို တော်တော်အချိန်ယူပြီး ဟောပြောလိုက်ရပါတယ်။ တစ်နာရီကျော်ကျော်လောက်
ဟောပြောတရားပြ ပြီးချိန်မှာတော့ ဦးချမ်းသာက ပြိတ္တာဘဝကို စွန့်လွှတ်ပြီး သာဓုခေါ်
ပါမည့်အကြောင်း ဇနီးသည်ကိုဆက်ပြီး မခင်တွယ်ပဲ နောက်ကဆက်မလိုက်တော့ပါဘူး
ဆိုသည့်အကြောင်း..ကတိပေးကာ ဆရာတော်ဘုရားကြီးအားဦးသုံးကြိမ်ချပြီး ဦးချမ်း
သာ၏ ဝိဉာဉ်စွဲကပ်နေသော ဒေါ်ခင်မီမှာလည်း ထိုင်နေရာမှာ ဘေးကိုတစ်စောင်းလေး
ဖြည်းညှင်းစွာလဲကျကာ သတိခဏမျှမေ့သွားပါတယ်။ နောက်ဆယ်မိနစ်လောက်အကြာ
မှ သတိပြန်လည်လာပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို
“ဒကာမကြီး…ဒကာမကြီးခင်ပွန်းအတွက် စိတ်မပူတော့နဲ့ ..ဒီနေ့ညနေ မြို့ထဲကိုဆင်းပြီး
လှုဖွယ် ပစ္စည်းတွေနဲ့ ထီး၊ သင်္ကန်း၊ ဖိနပ်တွေ သွားဝယ်ပြီး သံဃာတော်တွေကို ဒကာ
ကြီး မောင်ချမ်းသာကို ရည်စူးပြီးလှုလိုက်ပါ။ ပြီးတော့ နံနက်အာရုံဆွမ်း ယာဂု ကိုလည်း
ဒကာကြီး မောင်ချမ်းသာကိုရည်စုူးပြီး ဘုရားရှင်နဲ့တစ်ကွ သံဃာတော်အရှင်မြတ်တွေ
ကို လှုပေးပါ”
လို့ပြန်မိန့်ပါတယ်။ ဒါနဲ့ ဒေါ်ခင်မီတို့ လူစုလည်း ကျောင်းကလူတွေခေါ်ပြီး လေးမိုင်
လောက် ဝေးတဲ့ မြို့ထဲကို ဆင်းကာ လှုဖွယ်ပစ္စည်းတွေ ဝယ်ကာ ထိုညက ကျောင်းမှာ
ပဲ အိပ်လိုက်ကြပါတယ်။ နောက်နေ့ အာရုံဆွမ်း ယာဂုဆွမ်းကို ဘုရားကိုရည်စူးပြီးကပ်
လှုကာ ဆရာတော်ဘုရားကြီးနဲ့ တစ်ကွသံဃာတော် များကိုအာရုံဆွမ်းကပ်လှုပြီး
သင်္ကန်း စတဲ့ လှုဖွယ်ပစ္စည်း တွေနဲ့ ကပ်လှုပူဇော်ကာ ဦးချမ်းသာကို နံမည်တပ်၍ အမျှ
ဝေပြီး သာဓု ခေါ်ကြပါတယ်။ ထူးဆန်းစွာပဲ သာဓု သုံးကြိမ်ခေါ်အပြီးမှာတော့ အမည်
မဖော်နိုင်တဲ့ အမွှေးနံ့သင်းသင်းလေးက ကျောင်းတိုက်အပေါ်ထပ်တစ်ထပ်လုံးမွှေးနေ
ခဲ့ပါတယ်။ ဆရာတော် ဘုရားကြီးက
“ ဒကာကြီးတော့ ကောင်းရာဘုံဘဝ ကိုရောက်သွားပါပြီ…ဒကာမကြီး”
လို့ အမိန့်ရှိလိုက်ချိန်မှာတော့ ဒေါ်ခင်မီရဲ့ ရင်ထဲမှာ ဝမ်းသာ ဝမ်းနည်းခံစားချက်တွေနဲ့ မျက်ရည်တွေလည်လာပြီး ကိုချမ်းသာရေ နှုတ်ဆက်လိုက်ပါတယ် လို့တိုးတိုးလေးရေ
ရွတ်ရင်း…………။
ကဲ….ရွာသူ ရွာသားတွေလည်း အသေမဦးခင် ဥဏ်ဦးကာ ကျွတ်တန်းဝင်နိုင်ကြပါစေ
လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
မှက်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသောစကားလုံးအမေးအဖြေ
များတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် မဖော်ပြတော့
ပဲ အကျဉ်းခြုံးကာ အတိုချုပ်ပြီးရေးလိုက်ပါသည်။
19 comments
သဌ္ဇာနာဂရ
August 1, 2012 at 6:56 pm
မေဖလားဝါးလေးရေ စိတ်အစွဲအလန်းကကြောက်စရာဘဲနော့်။
မဟာရာဇာ အံစာတုံး
August 1, 2012 at 8:06 pm
ဟိုမင်းကြီးတောင်
သေခါနီးမှာ ဘာမဟုတ်တဲ့ အသီးလေးကိုစွဲလို့
မြွေပြိတ္တာကြီး သွားဖြစ်တယ်ဆိုပဲ ..
ဒီလိုမို့ သဘောမနောကောင်းတဲ့ ဦးချမ်းသာ
ပြိတ္တာ ဖြစ်သွားတာက မဆန်းပါဘူး ..
ဒါပေမယ့်လို့လည်း …
မိန်းမ အနားမှာ ကပ်စွဲပြီး
မိန်းမ သွားလေရာ လိုက်ပါနေတတ်တဲ့
ပြိတ္တာ ဖြစ်သွားတာတော့ ဆန်းသဗျာ့ …
အဲ .. မိန်းမ သွားလေရာ ပါသွားတတ်တဲ့ ပြိတ္တာဆိုတော့ ..
သူ့မိန်းမ အီးအီး သွားကုန်းတဲ့ အခါလည်း
လိုက်ချင် လိုက်သွားရမှာနော် … အဟီးးးးးးးး 😀 😀
Mလုလင်
August 1, 2012 at 8:32 pm
ကြည့်စမ်း .. လူပျိုကြီး များ မခံစား တတ်ရှာဘူး ….
မဟာရာဇာ အံစာတုံး
August 1, 2012 at 8:38 pm
ဟေ့ .. ဟေ့ ..
လူပျိုကြီး မဟုတ်ပါဘူးနော့ ..
လူပျို နုနုထွက်ထွက်လေးဘာ …. 😀
(ဒီစာကို အပျိုလေးဒွေ မြင်ဘီး ယုံဘီး မစ်တာချိလာဘာစေ)
Khaing Khaing
August 2, 2012 at 8:19 pm
ဟင် ……. ကိုကြီးအံ (လူပျိုစစ်စစ်) “(ဒီစာကို အပျိုလေးဒွေ မြင်ဘီး ယုံဘီး မစ်တာချိလာဘာစေ)” အဲဒါ အဲဒါ ဘီးလူကိုစောင်းပြောတာလဲဟင် …. 🙂 🙂
မဟာရာဇာ အံစာတုံး
August 2, 2012 at 8:26 pm
ဘီလူးကိုတော့ဖြင့်
စောင်း မပြောပါရစေနဲ့ မာမီခိုင်ရယ် ..
ဘီလူးတွေ့ရင် သားသားဂ ထွက်ပြေးမှာပေါ့ ..
စောင်းပြီးဒေါ့ ကြည့်နေဒေါ့ဘာဘူး … 😀
same kyaw
August 1, 2012 at 8:39 pm
စိတ် ဝင်စားဘို့ကောင်းပါတယ်။စိတ် စိတ်။ဒါကြောင့် ဘုန်းကြီးတွေ ဟောတာ လောကမှာ နေရင် နေတတ်ရမယ်။သေရင်အသေတတ်ဘို့အရေးကြီးတယ်တယ်။တကယ်ပါ။
မောင်ပေ
August 1, 2012 at 9:28 pm
ဆင်ခြင်စရာ ရတဲ့ ဇါတ်လမ်းတစ်ပုဒ်ပါဘဲ
မမေဖလားဝါးရေ
အားပေးပါတယ်ဗျို ့
နောက်ထပ်လဲ ထပ်ရေးပြပေးပါဦး
nigimi77
August 1, 2012 at 11:59 pm
သံတူကြောင်းကွဲ
=========
“ အော်..အော်…ဒကာကြီးတို့လာတာ…ရှစ်ယောက်တောင်မှကိုး”
====================================
ငါသိနေတယ်နော….ဟင်းဟင်း…..ငါသိနေတယ်….ညည်းတို ့ မှာ အမှာင့်ရှိနေတယ်
“မှန်လှပါ…တပည့်တော်တို့..ခုနှစ်ယောက်ပါ ဘုရား”
=============================
ငါ့ကို လိမ်လို ့ ရမယ်များ အောက်မေ့နေလား…ဟင်းဟင်း…ငါမြင်တာတော့ ရှစ်ယောက်နော်
………………………
သတ္တဝါ အချင်းချင်း အာရွှီးခြင်း ကင်းရှင်းကြပါစေ
သတ္တဝါ အချင်းချင်း လိုရာသွင်း ကင်းရှင်းကြပါစေ ။
ကြောင်ကြီး
August 2, 2012 at 9:33 am
သဂျီးသေကာနီးလိုကတော့ အနားမှာ ကိုဘေးနွားကင်ဂျီး အားပါးတရ စားပြမယ်ဗျာ…။ ရှလွတ် ရှလွတ် ကောင်းမှကောင်း…. 😛
ဆူး
August 2, 2012 at 10:29 am
ကြောင်တွေ အိပ်ယာတွေမှာ သေးလိုက်ပန်းတာ ဘာလို့များလဲ သိကြလား..
နန္ဒာလှိုင်စွဲပြီး ကြောင်ဘဝ ရောက်ရတယ် ဆိုကုလားပဲ..
😀 😀
Liquid_Sn@ke
August 2, 2012 at 10:31 am
ဟိ..ဂလိုလား..
သချင်္ာဝင့်ကြော် စွဲရင်ရော..
ဘာဘွ ရောက်မတဲ့တုန်း ဟင်င်င်
ဆူး
August 4, 2012 at 9:20 am
သချာင်္ စွဲရင်တော့ ဒူးပြဲ နဖူးပြဲ ဘဝ ကို တောင်းတ ပါလိမ့်မယ်။
တခါပြဲ လိုက် သချင်္ာလေး သချင်္ာလေး နဲ့ အော်လို့ ရမှာ မလား.. ဟဲဟဲ
P chogyi
August 2, 2012 at 11:06 am
ကဲရွာထဲကသူတွေကို ပြောနေပြီနော်
ဒါပေမဲ့ လူပြိုကြီးဆိုရင်တော့ လွတ်မှာပေါ့
mocho
August 2, 2012 at 4:10 pm
ဂမ္ဘီရ၊ သူရဇ္ဖ ၊ သိဒ္ဓိမိုး ၊လျှိုဝှက် ဆန်း ကြယ် စတဲ့ ဂမ္ဘီရ မဂ္ဂဇင်းတစ် စောင်စောင် ကို ပို့ လို့ ရ တဲ့ အကြာင်း အရာ ၊ အရး အသား လေး ပါ ပဲ။ may flowers ရေ အဲဒီ မဂ္ဂဇင်းတိုက် တွေကို ပို့ ကြည့် ပါ လား။ ကိုယ့် စာ မူလေး ကို ပုံ နှိပ် မဂ္ဂဇင်း ထဲ မှာ မြင် ရတာပေါ့။
Khaing Khaing
August 2, 2012 at 8:26 pm
စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ … မမြင်ရတဲ့ သတ္တဝါတွေဟာ တစ်နယ်နဲ့တနယ်သွားဖို့ဆိုတာ အလွန် ခက်ခဲလှပါတယ် ……. နယ်ပိုင်ကွင်းပိုင်အဲဒါတွေက သူနေရာနဲ့သူစောင့်ရှောက်ပြီး တားမြစ်တတ်ပါတယ် …… ဒါပေမယ့် မမမေ တင်ပြတဲ့အထဲမှာ ထောက်စရာမလိုအောင် အကွက်စေ့စေ့ တင်ပြထားနိုင်တဲ့အတွက် အလွန်ပြည့်စုံပြီး ဖတ်လို့ကောင်းတဲ့ ပို့စ်လေးတစ်ခုဖြစ်သွားပါတယ် … ဒီလိုပို့စ်တွေကို အလွန်စိတ်ဝင်စားတဲ့ ……….. ရွာသူလေးတစ်ဦး
may flowers
August 2, 2012 at 11:20 pm
ခုလိုကျွန်မရဲ့ ပိုစ့်လေးကို လာရောက်အားပေးကြည့်ရှု ကော့မန့်ပေးကြကုန်သော ကိုနာဂ၊ ကိုအံဇာတုံး
ကို Mလုလင်၊ ကိုsame kyaw ၊ကိုကြောင်ကြီး၊ မဆူး၊ ကိုLiquid_Sn@ke ၊ ကိုP chogyi ၊မmocho
နဲ့ ခိုင်ခိုင် တို့ကို ကျေးဇူးအထူးတင်ပါတယ်နော်။
ခိုင်ခိုင်ရေ ဦးချမ်းသာနဲ့ ဆရာတော်ဘုရားကြီး အမေးအဖြေလုပ်ကြတဲ့ထဲမှာ အဲဒီအစောင့်အရှောက်တွေ
အကြောင်းလည်းပါ ပါတယ်။ဒါပေမဲ့ ထဲ့ရေးလိုက်ရင် ငြင်းခုန်အချင်းများစရာတွေ ဖြစ်လာမှာမို့
အဲဒီအကြာင်းလေးကို ပိုစ့်ထဲထဲ့ရေးပြီးမှ ပြန်ဖျက်လိုက်တာဖြစ်ပါတယ်လို့။
သကြားလုုံးကြော်
August 3, 2012 at 6:24 am
” မှက်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသောစကားလုံးအမေးအဖြေ
များတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် ”
ဆန်းကြယ်တာတွေ သိချင်လိုု့ ထည့်ရေးပေးပါဦး
manawphyulay
August 4, 2012 at 2:34 pm
ဒါတွေက သံဝေဂပဲနော်။ ဘယ်လောက်ပဲ ကောင်းမှုကုသိုလ်တွေ ပြုပြု၊ နောက်ဆုံးတစ်ချိန်ဟာ အရေးအကြီးဆုံးအချိန်ပဲဆိုတာ သိလိုက်ရတယ်။