*** လ …. ဖမ်းသူ ***

maung khinminAugust 11, 20121min1228

” လ ”  ဖမ်းသူ

 

 

 

မျှော်လင့်ချက် တွေ ….

မဲ့ .. လို ့ပြနေတာတောင်မှ

လှည့်ထွက် မသွားချင်တဲ့  …  သံယောဇဉ် က

သက်တန် ့ရောင်စဉ် ကိုမှ …..

ကွန်ပစ် ဖမ်းချင်ခဲ့တာ လေ ………………….၊

 

 

တမ်းတစိတ် ရဲ့ …… အလွမ်းကြောင့်

ငါ့ …..  ဘယ်ဘက် ရင်တစ်ခွင်လုံး

နိမ့်ဆင်း ကျရ  လောက်အောင် …….

ရင်ခုန်သံ က …………………

ပြောင်မြောက်လွန်း တယ် …..၊

 

 

မြတ်နိုးရုံ သက်သက် …..

အလှကြည့် ရင်ဝှက်ပန်း ကလေးရေ

ကန်ရေပြင် ထဲက …. လရိပ် ကို

ကိုင်းတံ မှာ အစာတပ် …. 

စိတ်ကူးယဉ် ရုံ သက်သက် ….

တပ်မက် ခဲ့တာတော့ …. မဟုတ်ရ ပါဘူး …..၊

 

 

နှလုံးခုန်နှုန်း ဟာ ……

အလွမ်း ကို ယိုစိမ့် စေခဲ့ပြီဘဲ

စွဲလန်းခြင်း ရဲ့ …. ချောက်ကမ်းပါး နက်ထဲမှာ

အိပ်မက် ရောင်စုံတွေ က ……

ထမင်းလုံး တစေ ္ဆ ပူးကပ်နေလေရဲ့ ………..၊

 

 

ဆည်းဆာ အလှနောက်ကွယ်မှာ ….

အနက်ထည် ည က …… စောင့်ကြို နေမယ်မှန်း မသိ မိတာပါ

ဆန် ့ထွက်နေတဲ့ …… ကြိုးတစ်စ

ချည်တိုင် မဲ့နေရပေါ့ …………….၊

 

 

ဘကြီးအောင် ကညာခဲ့တာလား ……

ရွှေရုပ် ကလေးကဘဲ  ထွက်ပြေးတာလား ….

မုသားက ဘဲ  ချိုမြိန် ခဲ့လေသလား ………….

နှလုံးသား ကဘဲ  ….. အလိမ္မာ မဲ့ခဲ့တာလား …..

တစ်ဖြည်းဖြည်း နဲ ့ ……………………………….

သံယောဇဉ် ရဲ့   ရေတိမ်မှာ ….

ရင်ခုန်သံ တွေ ….. မွန်းကျပ်

တစ်ကယ်တော့ ….

ချစ်ခြင်းရဲ့ အတိမ်အနက် ကို … ငါ

ထည့်မတွက် ခဲ့မိသူပါ  …. ကောင်မလေးရေ ….။။။။

 

 

မောင်ခင်မင်(ကျွန်းချောင်း)

…( ၁၁.၈.၂၀၁၂)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

8 comments

  • surmi

    August 11, 2012 at 11:47 am

    အနက်ထည်ည တဲ ့
    တစ်ယောက်ကလည်း ပိတုန်းရောင်ည တဲ ့
    ကျုပ်အတွက်တော ့ မဟူရာညတွေပေါ ့
    အဲဒီညတွေထဲစီးမျော
    စမ်းတဝါးဝါးနဲ ့ လမ်းမှားခဲ ့တာလဲအကြိမ်ကြိမ်
    ကဲကဲ အတွေးတွေမျှဝေတဲ ့ ဆရာကို ကျေကျေနပ်နပ်ကြီး
    လက်မထောင်ခဲ ့တယ်ဗျာ

  • မောင်ပေ

    August 11, 2012 at 1:40 pm

    လဖမ်းသူ
    ညသမ်းပူ
    ကြာပန်းဖြူ
    လာနမ်းယူ
    မစန်းမူ…။

    • maung khinmin

      August 11, 2012 at 1:47 pm

      မစန်းမူ
      နှုတ်ခမ်းထူ
      လက်သရမ်းသူ
      အတတ်ကြမ်းသူ
      ဖက်နမ်းကြူ…

  • si tone

    August 11, 2012 at 2:11 pm

    ကဗျာလေးက ကောင်းပါ တယ် heart ထိစေတယ်….
    ဒါပေးမယ့် လ တော့တက်မဖမ်းနဲ့…. 🙂

  • kotun winlatt

    August 11, 2012 at 2:50 pm

    လ..ဖမ်းသူ…
    ည..ငန်းးးးထူ…
    ကျ…ဘမ်းးးလူ…
    မ..ယ…ထမ်းးယူ…
    အဟိ….ဟဲ….
    လမင်းဖမ်းပွဲဆိုတဲ့ ဆရာအကြည်တော်ရဲ့ စကားလေးကို သတိရမိတယ်ခင်ဗျ…။

  • aye.kk

    August 11, 2012 at 7:20 pm

    သာတဲ့လ..
    နှလုံးသားက…
    ဖမ်းစားပါ့ချစ်သူ။။

  • koyo

    August 11, 2012 at 8:07 pm

    လဖမ်းတာက အနက်ထည်ည…ခွကျ။
    ဘကြီးအောင် စကား….
    အသိမကြွယ်တဲ့ ကလေးကို အလေးမထား…
    အဲဒါ သံယောဇဉ်တဲ့လား…ဗျာ။

Leave a Reply