သူငယ်ချင်းပြောတဲ့ နေဝင်းမောင်
နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ စာအုပ် ကို ဖတ်ညွှန်းလေး ကျမရေးမိပါတယ်။
မှန်တာပြောရရင် ကျမ နေဝင်းမောင်ရဲ့ စာတွေ လေးစားပေမယ့် သူ့အကြောင်း သိပ်မသိပါဘူး။
သူ လူရည်ချွန်ဖြစ်ခဲ့တယ်ဆိုတာတောင် သူကွယ်လွန်ပြီးမှ သူ့အမေရဲ့ဆောင်းပါးတွေ ဖတ်ပြီးသိရတာပါ။
ကျမတို့ ခေတ်က လူရည်ချွန်ဆိုတာ တကယ့်ကို ကျောင်းပညာ၊ဗဟုသုတ၊အားကစား၊အနုပညာ ဘက်စုံအတော်ဆုံးမဟုတ်တောင် တီးမိခေါက်မိရှိတဲ့ လူတော်တွေကို
မျက်နှာကြီးငယ် မလိုက် ရွေးချယ်ခဲ့တာဖြစ်လို့ လူတော်တိုင်း လူရည်ချွန်မဖြစ်ပေမယ့် လူရည်ချွန်တိုင်းဟာတော့ လူတော်တွေဖြစ်ပါတယ်။
(ကျမတော့ လူရည်ချွန်ထဲမပါခဲ့ပါဘူးနော်၊အလွန် အားကျမိတဲ့ဘဝပါ)
ဒီလို လူတော်တွေ တော်တော်များများ ပြည်တွင်းမှာ မရှိကြတော့တာလည်း ကျမ မကြာခဏရေးဖြစ်ခဲ့ပါတယ်။
အဲဒီထဲက မြန်မာပြည်မှာ ကျန်တဲ့၊ နိုင်ငံ့အပြင်ထွက်ပြီးမှ မြန်မာပြည်ကိုပြန်လာတဲ့ လူရည်ချွန်တွေထဲက တစ်ယောက်ဖြစ်တဲ့ နေဝင်းမောင်အကြောင်းကို
သူ့ရဲ့ ငယ်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ မတူး
ထုဆစ်တဲ့ ပုံကြမ်းလေးကနေ ပိုပြီးပုံဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်မနှင့်နေဝင်းမောင်
ကျွန်မက နေဝင်းမောင်နှင့်အောင်ထွဋ် အတူတူဖြစ်ကြောင်းစောစောကပင်သိခဲ့ပြီး အပါတ်စဉ် email မှ voice ဂျာနယ်အမြဲ ဖတ်ခဲ့ရသည်မှာ ၂၀၀၆ မှသည် သူငယ်ချင်း
ကွယ်လွန်သည့် ့နောက်ဆုံးပါတ်အထိဖြစ်၏။
လူချင်းတော့မတွေ ့ဖြစ်ကြပါ။ နောက်ဆုံးအမှတ်တမဲ့ တွေ ့ဆုံခဲ့သည်ကကျွန်မ UKမှ ပြန်လာခါစ ၂၀၀ရ မတ်လ သမ္မတ ဟိုတယ်ရှေ ့မှာဖြစ်ပါသည်။ Bagan Cybernet
အခြေအနေအားသူ ့ကိုမေးကြည့်မိတာဖြစ်သည်။
ပထမ တစ်ခေါက်က ကျွန်မတို ့၁၉၈၆ ခုနှစ်ဆေး(၁)ရဲ ့ ပြန်လည်ဆုံတွေ ့ပွဲ ပထမအကြိမ် (၂၀၀၃ဖြစ်မည်)
သန် ့ဇင်သီချင်းတွေဆို တဲ့ပွဲမှာနေဝင်းမောင်လည်းရောက် လာခဲ့သည်။ ကျွန်မက သွားနှုတ်ဆက်ပြီး သူ ့ရဲ ့
ဆက်ဆံရေးအနုပညာစာအုပ်ကို ဖတ်ပြီးအားပေးကြောင်း၊ Globalization စာအုပ်များ ဆရာကျော်ဝင်းရေးတာ
ကြိုးစားပြီးဖတ်နေကြောင်းပြောတော့၊ သူလုပ်နေတဲ့လမ်းက globalization မဟုတ်ဘူး လို ့ပြောသည်။
ထွက်ပေါက်တစ်ခု အဖြေတစ်ခုတော့ရှိမှဖြစ်မည်ဟုပြောသည်။ မတွေ ့ရတာကြာသည့်သူငယ်ချင်းတွေအော်
ဟစ်ပျော်ရွှင်နေကြသည့်အထဲ ကျွန်မကို ဖျတ်ခနဲပြောခဲ့သည့်ဟန် ကို နောက်သူငယ်ချင်းရေးသောစာများ
ဖတ်ပြီးမှ ပိုပြီးနားလည်ရပါသည်။
ဒုတိယတစ်ခေါက်ကတော့ စမ်းချောင်းမှ စက်ရုံကျ အထည်များရောင်းသည့်ဆိုင်မှာ ဖြစ်သည်။နေဝင်းမောင်က
ပညာသင်ဆုရသဖြင့် အမေရိကရှိ Yale University သို ့ပညာသင်သွားရမည်၊ ကျွန်မ က UK သို ့
ဆေးပညာ အတွက်သွားမည်။ ကျွန်မက ပညာသင်ဆုကိုဘယ်လို ရသွားတာလဲဟုမေးရာ သူက အွန်လိုင်း
ကလျှောက်လိုက်တာဟုပြောသည့်အတွက်ထူးဆန်းတာကြားလိုက်ရသလိုဖြစ်မိခဲ့သည်။
တစ်ပြိုင်နက်ထဲမှာပင်သူငယ်ချင်းကိုအဓိပ္ပါယ်ရှိသောအလုပ်တစ်ခုဖြစ်မည်ထင်ကြောင်းမှတ်ချက်ပေးမိသည်။
၂၀၀၅ခုနှစ်ထဲမှာနေဝင်းမောင်တစ်ယောက် UK ကိုလာပြီး မြန်မာနိုင်ငံအကြောင်းဆွေးနွေးကြတဲ့ပွဲတစ်ခုကို (Wilton Park Seminar)
လာတက်ကြောင်းသတင်းကြားလိုက်ရပါသည်။ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်
သံအမတ်ကြီးဖြစ်သူက ကျွန်မ၏ လူရည်ချွန်သူငယ်ချင်းနှစ်ယောက်ကို ဖိတ်ခေါ်သည်။ တစ်ဦးကနေဝင်းမောင်၊
နောက်တစ်ဦးကခင်သီတာ( ယခုအင်းစိန်နှင့်ပုဂံမှာ နွမ်းပါးချို ့တဲ့ကလေးများအတွက်ကျောင်းဖွင့်ထားသူ) ဖြစ်၏။
ခင်သီတာ၊ ကျွန်မနှင့်နေဝင်းမောင်က ၁၉၇၆ ခုနှစ်အင်းလေးလူရည်ချွန်စခန်းမှာ (၁၄)နှစ် အရွယ်ထဲက တွေ ့
ဆုံခဲ့ဘူးသောအရွယ်တူကျောင်းသားကျောင်းသူများဖြစ်၏။
နေဝင်းမောင် နှင့် ကျွန်မ ၁၉၇၈ မြစ်မင်းဧရာ စခန်းမှာလည်းစခန်းတူပါသည်။
စခန်းတွင် အဖွဲ ့
လိုက်အကပြိုင်ပွဲရှိရာ လူမရှိသဖြင့် ကျွန်မတို ့ဝင်ကရသည်။ နင်တို ့ယိမ်းကတာ
ဗျိုင်းပျံသလိုပဲဝေဖန်တာပြန်ကြားရသည်။ ၊ ငယ်ငယ်ထဲက အမှန်ကို ရဲရဲမြင်၊ ဝေဖန်ပြောဘို ့ဝန်မလေးတာ ဘယ်သူလဲတော့မသိ၊ သူပဲ
ဖြစ်ဘို ့များသည်။ သို ့သော်လည်း အသံသိပ်မထွက်တတ်သူဖြစ်ပါသည်။ တော်ရုံဖြင့်ပြောမည့်သူမဟုတ်။
မန ္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဦးကိုလေးက ငယ်စဉ်ထဲက နေဝင်းမောင်တို ့၏ဆရာကြီး။ထိုစဉ်က အမ်အေဒေါ်အုန်း(ဆရာကြီး၏ လုပ်ဖော်ကိုင်ဖက်) ကကျွန်မကို
အင်္ဂလိပ်စာသင်ပေးသည်။၁၉၇၉ ခုနှစ်တွင်နေဝင်းမောင်နှင့်ကျွန်မ တို ့မန ္တလေးဒေသကောလိပ်ပထမနှစ်ကို တစ်ကျောင်းထဲနေခဲ့ဘူးပြီး ထိုနှစ် လူရည်ချွန်ရဘို ့ရိုးသားစွာ
အတူတူယှဉ်ပြိုင်ခဲ့ရသည်။
၁၉၈၃ ခုနှစ် တတိယနှစ်အမ်ဘီမှာ ဆေး(၁)ကို မန ္တလေးမှ ကျွန်မပြောင်းလာသည့်အခါ ပြန်တွေ ့
ရသည့် လူရည်ချွန်သူငယ်ချင်းတွေထဲနေဝင်းမောင်လည်းပါသည်။ သိတ်တော့မရင်းနှီးလှပါ၊
ထိုနောက် တတိယနှစ် ပြီးထဲက သူငယ်ချင်းနေဝင်းမောင်နှင့် မတွေ ့ရတော့ပါ။
လူရည်ချွန်ပညာသင်ဆုကို နှမျောနေမှာပဲဟုကျွန်မ တွေးမိပါသည်။စိတ်မကောင်း။
သို ့သော် ဆရာတော်ကြီးများ၏ လမ်းညွှန်မှု၊
သူ ၏ခံယူကြိုးစားမှုကြောင့်သူ ့ကိုယ်သူ တည်ဆောက်နိုင်ခဲ့သည်ဟုကျွန်မထင်သည်။
သတင်းစာ၊ ဂျာနယ် အယ်ဒီတာလုပ်ပြီးပြည်သူ ့မျက်စိကို ဖွင့်ပေးသည့်အလုပ်ကို တော်ရုံ ကြိုးစားမှုဖြင့်မလုပ်နိုင်
ဆရာဝန်မလုပ်ရလျှင် ထို အလုပ်ကို မိမိအလုပ်ချင်ဆုံးဖြစ်ကြောင်း၊ သူငယ်ချင်းတစ်ဦးကိုဖွင့်ပြောဖြစ်သည့်အခါ
တော်တော်ထူးဆန်းသည်ဟုအထင်ခံရသည်။ မိမိစိတ်ကူးများအတိုင်း အကောင်အထည်ပေါ်အောင်ဆောင်
ရွက်သွားနိုင်သူ မှာ ကျွန်မတို ့မျိုးဆက်တွင် နေဝင်းမောင်က အာဂလူ၊ တကယ့်လူ၊ တစ်ကြောင်းတည်းသော
စိတ်နှင့် အလုပ်အများကြီးလုပ်၊ စိတ်တံခါးများစွာကို ဖွင့်ပေးခဲ့သူဖြစ်သည်။ သူ ့ကို တတန်းတည်းသား
သူငယ်ချင်းအချင်းချင်း အထင်လွဲ အမြင်မှားဖြစ်သူတွေ ရှိခဲ့သည်။ အခွင့်ထူးခံ၊ နှစ်ဖက်စားသူဖြစ်လေ
ဟန်ပြောတာတွေကြားခဲ့ဘူးသည်။ သူကိုယ်တိုင်ကကျွန်မနှင့်တွေ ့စဉ်ပြောကြားသည်မှာသူရေးသော
စာတွေ ဆင်ဆာထိကြောင်းသူ ့နာမည်တွေ ့လျှင် ထုတ်ဝေခွင့်ပိတ်ကြောင်း၊ သူ ့နာမည်မခံ ထုတ်ဝေလျှင်
အဆင်ပြေကြောင်းဖြစ်ပါသည်။
ကျွန်မကိုယ်တိုင် သူ ့ကို ချီးမွမ်းရန် စာရေးသင့်ခဲ့သော်လည်း နောင်တွေ ့မှ ပြောမည်ဟု အားခဲထား
သော်လည်း ၂၀၁၁ ဒီဇင်ဘာလ ၁၈ရက် ဆရာကန်တော့ပွဲ၊ ငွေရတုတွေ ့ဆုံပွဲသို ့နေဝင်းမောင်ရောက်မလာ၊
ထိုရက်တွင်မော်လမြိုင်စာပေဟောပြောပွဲသွားနေသည်။ဟောပြောပွဲမှတ်တမ်းနောက်မှ နားထောင်ရသည့်အခါ နှမျောရသည်။
၂၀၁၂ ဇန်နဝါရီ (၁)ရက် ညတွင် မှ ကျွန်မထံ သူငယ်ချင်းကဖုန်းဆက်သဖြင့် နေဝင်းမောင် ကွယ်လွန်ကြောင်းသိရသည်အခါ အတော်နောက်ကျနေပြီ။
ဇန်နဝါရီ (၁)ရက်တွင် တနေ ့လုံး အင်တာနက်ဆိုင်မသွား၊ အပြင်လုံးဝ မထွက် အိမ်ထဲမှာ တစ်ယောက်တည်းငြိမ်နေလိုက်သဖြင့်
နေဝင်းမောင်ကွယ်လွန်ခြင်းအတွက်နောက်ကျမှသိရသည်။ သူငယ်ချင်း ပဒုမ္မာပြောသလို နေဝင်းမောင် နှလုံးရောဂါဖြင့် အလူးအလဲဖြစ်နေချိန်၊
နောက်ဆုံးရေးသွားသည့်နှစ်သစ်ကူး သဝဏ်လွှာ နှင့် ၂၀၁၂ ဟောကိန်းအကြောင်းကျွန်မတို ့ကပြောနေဆဲ။ တိုက်ဆိုင်လေစွ။
ကျွန်မကိုကျွန်မ ခွင့်မလွှတ်နိုင်သည်က တော့“ သူ ့ကို ချီးကျူးဂုဏ်ယူမိကြောင်း၊ ၂၀၁၁ခုနှစ်ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင်အလယ်အလတ်စီမံခန် ့ခွဲမှုသင်တန်း(၂၁)
၌ဆွေးနွေးပွဲများတွင်သူရေးသောဆောင်းပါးများကို ကိုးကားဆွေးနွေးခဲ့ရကြောင်း၊” ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ စာရေးဆက်သွယ်ခြင်းဖြင့်ဖြစ်စေ မပြောလိုက်ရသော်လည်း
သူငယ်ချင်းကတော့နောက်ဆုံးအပါတ်ထိ ဂျာနယ်ကို email မှအပါတ်စဉ်ပို ့ပေးခြင်း၊
တစ်ရက်ခန် ့နောက်ကျပြီးပို ့ရသည့်ကိုပင်တောင်းပန်စကားစာတိုလေးများရေးတတ်ခြင်းတို ့ဖြင့်အလွန်
မှန်မှန်ဆောင်ရွက်သွားခဲ့လေသည်။ သူကပေးရန်လုပ်ရန် မှန်မှန်လုပ်ဆောင်သွားတတ်ခဲ့သည်။
သူငယ်ချင်း၏စေတနာမှန်ခဲ့သည်။ ကျွန်မကသာ မိမိလုပ်ရန်၊ တုန် ့ပြန်ဆောင်ရွက်ရန် လိုအပ်ခဲ့ခြင်းဖြစ်ပါသည်။
တမလွန်ကိုသာလိုက်လံစကားပြောနိုင်မည်ဆိုလျှင် လူရည်ချွန်သူငယ်ချင်းများ ကအသင့်အား
အောင်ထွဋ် နှင့်နေဝင်းမောင် အတူတူဆိုတာ လွန်မှသိကြရပြီး နှမျောကြ၊ ချီးကျူးဂုဏ်ပြုကြပါသည်။ ကျွန်မ
ကသိရက်နှင့် အသင်သိအောင်အများသိအောင် မပြောခဲ့ရပေ။
လူထုအားကိုအများကြီးလိုကြောင်း အသင်ကထောက်ပြနိုးဆော်သွားသည့်တိုင်အေးစက်စက်ငြိမ်သက်သက်နေခဲ့သော ကျွန်မအပြစ်၊ မှတ်ချက်ပေးရန်
နောက်ကျခဲ့သောအဖြစ်ကကျွန်မကို အချိန်မရှိတော့ ဟုနောင်ကိုထာဝစဉ်
သတိပေးနေဦးမည်ထင်ပါသည်။
27 comments
maungmoenyo
August 21, 2012 at 9:52 am
အခြား လူရည်ချွန်တွေ –
ဒုတိယသမ္မတ ဒေါက်တာမောက်ခမ်း
ကျန်းမာရေးဝန်ကြီး ကိုဖေသက်ခင်
ကျန်းမာရေးဥိးစီးဌာန ခေတ္တညွှန်ကြားရေးမှုူးချုပ် မင်းသန်းညွန့်
ဆေးသိပ္ပံပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာသန်းဇော်မြင့်
အထက်မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာန ညွှန်ချုပ် -ဒေါက်တာကျော်ဇင်သန့်
padonmar
August 21, 2012 at 8:25 pm
အကိုကြီးမောင်မိုးညို
လူရည်ချွန်တွေ နာမည်နဲ့ အားဖြည့်ပေးတာ ကျေးဇူးပါ။
အရင်ကျမရဲ့ နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလား မှာကတည်းက
ကျန်းမာရေးဝန်ကြီး လည်း လူရည်ချွန်ပဲလို့ အကိုကြီး မန့်ခဲ့တာ သတိရမိပါသေးတယ်။
လူရည်ချွန်စီမံကိန်းကိုတော့ ကျမ သိပ်သဘောကျမိတဲ့ မဆလ အမွေကောင်း (နောက်လူတွေ မထိန်းသိမ်းတတ်လို့ ပျက်စီးနေတဲ့ ပုဂံလို မျိုး) လို့ မြင်ပါတယ်။
ဖြစ်နိုင်ရင် အဲဒီလို လူရည်ချွန်တွေ ပြန်မွေးထုတ်ပေးစေချင်ပါတယ်။
အခု ရင်ခေါင်းအထူးကု ဒေါ် ရတနာကျော်လည်း လူရည်ချွန် ၆ ထပ်ကွမ်းပါပဲ။
…..
ဦးမင်းသန်းညွန့်က ကျောင်းတုံးက အငြိမ့်ပွဲတွေမှာ လူရွှင်တော် ဖွတ်ကလိဒင်္ဂါးလို့ ထင်ပါတယ်။
ဆေး ၁ ရဲ့ convocation dinner က အငြိမ့်နဲ့ ဂီတ ဖျော်ဖြေပွဲတွေကို လွမ်းမိပါတယ်။
ဝန်ကြီးများ ခွင့်ပြုရင်ဖြင့်………..
maungmoenyo
August 22, 2012 at 9:51 am
ဖွတ်ကလိဒင်္ဂါးက မောငိမိုးညိုတို့နဲ့ အတူ ဆေး(၁) နှစ်လည်မဂ္ဂဇင်းမှာ အယ်ဒီတာလုပ်ခဲ့ဘူးတဲ့ တခြားသူတဦးဖြစ်ပါတယ် (နံမယ်မမှတ်မိတော့)။ မငိးသန်းညွန့် လည်း ဆေး(၁)ရဲ့ “ဇွဲ” အငြိမ့်မှာ လုပ်ခွင်ကျန်းမာက ဆရာ သန်းထွတ်တို့နဲ့ လူပျက်လုပ်ခဲ့ကြတာ။ ကြားရသလောက်ခုထိလည်း လူမြင်ကတ်ခံရလောက်အောင် နောက်တီးနောက်တောက်တွေလု်ပတုံးဘဲကြားပါတယ်။ ကိုယ်ကျင့်တရားနဲ့ ပါတ်သက်ရင် မောင်မိုးညိုက အာမခံနိုင်လောက်တဲ့အထဲသူလည်းတယောက်ပေါ့…။
TTNU
August 21, 2012 at 9:56 pm
အခြား လူရည်ချွန်တွေ –
မန ္တလေးဆေးပါမောက္ခချုပ် ဒေါက်တာသန်းဝင်း
ရှင်ဆန္ဒာဓိက ( မောင်ဇော်သိန်း)
ကိုမျိုးကြည်သာ (BBC)
ဒေါက်တာခင်ဌေးကြည်( Microbiologist မန ္တလေးဆေးရုံကြီး)
ွှTTNU 😀
padonmar
August 21, 2012 at 10:05 pm
တီချာကြီးရေ
လူရည်ချွန်စာရင်း ဖြည့်ပေးတာ ကျေးကျေးပါ။
ဒေါက်တာခင်ဌေးကြည်ဆိုတာ တီချာကြီး တစ်ခါကပြောဖူးတဲ့ စကားလည်းချို ဆေးကုတာလည်းတော်ဆိုတဲ့ ဆရာဝန်ထင်ပါတယ်။
maungmoenyo
August 22, 2012 at 9:56 am
ရှမ်းချိုလို့ ကိုယ်ကိုယ်ကို ပြောလေ့ရှိတဲ့ လှရှမ်းဖြူ၊ စိုက်ပျိုးရေးတက္ကသိုလ်ကနေ ပထမဆုံး(၆)ထပ်ကွမ်း မင်းစံထွန်းတို့ ကိုလည်းအတန်းကြီးတွေပေမဲ့ ကောင်းကောင်း မှီလိုက်ပါသေးတယ်။ ခေါင်တိုင်မှာမီးပုံပွဲညတွေမှာ ရေးထိုးခဲ့တဲ့ လက်ရေးမူတွေခုထိရျိေ့ာင်းရှိနေပါအုံးမယ်။
လူရည့်ချွန်စိမံကိန်း ဟာ အမှန်ပြောရရင် အစကောင်းပေမဲ့ နောက်ပိုင်း လူတန်းစားတစ်ရပ် အဖြစ်ပေါ်ပေါက်လာလို့ ကတကြောင်း၊ လမ်းစဉ်ပါတီကို ပြည်သူ့ပါတီအဖြစ်အသွင်ပြောင်းချိန်မှာ။ ခေတ်အရလိုအပ်လာတဲ့ အလွှာစုံinclusive ဖြစ်နိုင်မဲ့ လမ်းစဉ်လူငယ်အဖွဲ့အစည်းပေါ်ပေါက်ဘို့အကြောင်းဖန်လာလို့၊ လူရည်ချွန်စီမံကိန်းအစ သတ်သွားပါတယ်။
pooch
August 21, 2012 at 10:06 pm
ဒါဆို တီချယ်တို့နဲ့ တသုတ်ထဲလား ဒါမမဟုတ် စီနီယာကျတာလား ။
လူရည်ချွန်ဆိုတဲ့ စကားလုံးကို ကြားရုံကြားဖူးခဲ့ပြီး ကိုယ်တွေ့မကြုံခဲ့ရတဲ့သူအနေနဲ့တော့ အားကျမိတာ အမှန်ပါ။
နောက်လူတွေအတွက် ဒေါ်ဒေါ်ပြောသလို ဒီစီမံကိန်းလေး ပြန်အကောင်အထည်ဖော်ပေးရင် လူငယ်တွေ ပိုပြီး ကြိုးစားချင်စိတ်ဖြစ်လာမယ် ထင်ပါတယ်။ ဖြစ်လည်း ဖြစ်လာစေချင်တယ်။
padonmar
August 21, 2012 at 10:10 pm
မယ်ပုရေ
နေဝင်းမောင်က ဒေါ်ဒေါ်နဲ့မှ အတန်းတူဆိုတော့ တီချာကြီးက အတန်းကြီးပါလိမ့်မယ်။
ကြည့်ရတာ တီချာကြီးလူရည်ချွန်ရခဲ့ရင် ကျန်းမာရေးဝန်ကြီး နဲ့ တူလောက်တယ်။
pooch
August 21, 2012 at 10:23 pm
ဒါဆို တီချယ်က ပိုပြီး စီနီယာ ကျတာပေါ့ ဒေါ်ဒေါ်။ ကြုံလို့ ကြွားရရင် တီချယ်က လူရည်ချွန် ၂ ထပ်ကွမ်းရခဲ့တာပါ။ 😀
nozomi
August 21, 2012 at 9:55 am
အန်တီလေး အခုလို ပြန်တင်ပေးတာ ကျေးဇူးပါနော
အကုန်လုံးကောင်းတဲ့သူဆိုတာ မရှိနိုင်ပေမဲ့
အောင်ထွဋ် ( ကလောင်ကိုလေးစားလို့ ကို တပ်မခေါ်တာပါနော) ကြီးကတော့ အကောင်းတွေ များတဲ့သူလို့ထင်ပါတယ်
သူ့ ရဲ့ ပေးထားတဲ့ အခြေအနေထဲက အကောင်းဆုုံး ကို လျှောက်ချင်တဲ့ စိတ်ကို သဘောကျလို့ သူ့ ဂျာနယ်ကို ပုံမှန်အားပေးခဲ့ပါတယ်
ဘယ်အချိန် သေ ရမှန် မသိပေမဲ့ ၊ သူ့လို လူ သေပြီးတဲ့ နောက် နာမည် မသေတဲ့သူ တစ်ယောက်တော့ ဖြစ်ချင်ပါတယ်
manawphyulay
August 21, 2012 at 10:18 am
မင်္ဂလာပါ အန်တီရှင့်
အန်ကယ် နေဝင်းမောင်ရဲ့ လုပ်ဆောင်ချက်တွေကို သမီး သိထားပေမယ့် ခုလို အပြည့်အစုံဖော်ပြပေးတဲ့အတွက် အလွန်မှ အတုယူ မှတ်သားစရာနဲ့ အားကျစရာ ကောင်းလှပါတယ်။ ဒီလိုလူမျိုးတွေ အများအပြားရှိနေဖို့ ဆန္ဒပြုပါတယ်ရှင်။
htet way
August 21, 2012 at 5:17 pm
အားပေးပါတယ်ဒေါက်တာ
ဆရာဝန် တွေ က စာရေးကောင်းတာ အစဉ် အလာတခုပါပဲ
အခု ဆောင်းပါးကိုရှင်းရှင်းလေး နဲ့ ဆွဲဆောင် အား အပြည်နဲ့
့ရေးပေးတာလည်းကျေးဇူးပါလို့ ။
“တမလွန်ကိုသာလိုက်လံစကားပြောနိုင်မည်ဆိုလျှင် လူရည်ချွန်သူငယ်ချင်းများ ကအသင့်အား
အောင်ထွဋ် နှင့်နေဝင်းမောင် အတူတူဆိုတာ လွန်မှသိကြရပြီး နှမျောကြ၊ ချီးကျူးဂုဏ်ပြုကြပါသည်”
padonmar
August 21, 2012 at 8:29 pm
ကီုနို နဲ မနောရေ
အကြိုက်တူ လို့ ကျေးကျေးပါ။
……….
ဆရာထက်ရေ
ဒီစာလေးရေးသူက ကျမ မဟုတ်ပါဘူး။
မတူးလို့ ခေါ်တဲ့ သူငယ်ချင်းပါ။ကျောင်းမဂ္ဂဇင်းတွေမှာ ကတည်းက ဖော်ပြခံရတဲ့ ကဗျာဉာဏ်စာဉာဏ် ကျမထက် အများကြီးသာတဲ့ လူရည်ချွန် ဆရာဝန်တစ်ဦးပါ။
ဆရာထက် အားပေးတဲ့ အကြောင်း သူ့ကိုပြောပြလိုက်ပါမယ်။
သူ့ကိုလည်း စာတွေပြန်ရေးဖို့ ကျမတွန်းအားပေးနေပါတယ်။
အရီးခင်လတ်
August 21, 2012 at 9:46 pm
အစ်မပဒုမ္မာ
အပိုင်း (တစ်)
တစ်ချို့က အမေ့ ဝမ်းထဲမှာထဲက အသက်ဆုံးတယ်။
တစ်ချို့က လူ့လောက အကြောင်းတောင်မသိသေးခင် အသက်ဆုံးတယ်။
တစ်ချို့က လူ့လောက မှာ လေ့လာနေရင်း အသက်ဆုံးတယ်။
တစ်ချို့က လူ့လောက မှာ ပျင်းရအောင်နေပြီးမှ အသက်ဆုံးတယ်။
တစ်ချို့က လူ့လောက ကနေ ဖြတ်ကနဲ မကြေညာဘဲ ထွက်သွားကြတယ်။
တစ်ချို့က လူ့လောက ကနေ ထွက်တော့မယ် ဆိုတာကို အနဲငယ် ကြေညာနိုင်ခဲ့ ပြီး ထွက်သွားကြတယ်။
တစ်ချို့က လူ့လောက ကနေ ထွက်တော့မယ် ထင်လဲ အကြာကြီး ခံစားပြီးမှ ထွက်သွားကြတယ်။
အပိုင်း (နှစ်)
တစ်ချို့က အတ္တတွေကို ဖက်ရင်း အသက်ဆုံးတယ်။
တစ်ချို့က အများအကျိုးပြုရင်း အသက်ဆုံးတယ်။
တစ်ချို့က ဘာကိုမှ ဂရုမထား ဖာသိဖာသာ နေရင်း အသက်ဆုံးတယ်။
တစ်ချို့က တန်ဖိုး မဲ့ခြင်း နဲ့ အသက်ဆုံးတယ်။
တစ်ချို့က တန်ဖိုး မြင့်ခြင်း နဲ့ အသက်ဆုံးတယ်။
တစ်ချို့က နိမ့်ကျစွာ နေထိုင်ရင်း အသက်ဆုံးတယ်။
တစ်ချို့က မြင့်မြတ်စွာ နေထိုင်ရင်း အသက်ဆုံးတယ်။
တစ်ချို့က အများရဲ့ အမုန်းတွေ နဲ့ အသက်ဆုံးတယ်။
တစ်ချို့က အများရဲ့ ချစ်ခြင်းတွေ နဲ့ အသက်ဆုံးတယ်။
အချုပ်
အပိုင်း(တစ်) ကို ရွေးချယ်ခွင့် မရှိပါဘူး။ ဘယ်တော့၊ ဘယ်မှာ၊ ဘယ်လို မသိနိုင်ပါဘူး။
အပိုင်း(နှစ်) ကိုတော့ ကျွန်မတို့ အသက်ရှိသ၍ ရွေးချယ်ပြီး နေနိုင်ပါသေးတယ်။
ဒီတော့ ကြိုက်သလို နေပါ။
သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ဖို့ တော့ လိုတယ် လို့ ထင်တာပါဘဲ အစ်မရေ။
တစ်နေ့ တော့ ဘယ်သူမဆို ဒီလမ်းတလမ်း ထဲ ကိုဘဲ သွားရတာချည်းပါဘဲ။
အားလုံး ရှေ့ နဲ့ နောက် ပေါ့။
ဒါကိုတော့ သိထားဖို့ကောင်းကြပါတယ်။
ကိုယ်ဘယ်လို သေခြင်း မျိုး နဲ့ သေမယ် မသိနိုင်ဘဲ ငါစွဲ မာန တွေ နဲ့ နေနေကြတာ (ကိုယ်လဲ အပါအဝင်ပါ)။
Post လေးအတွက် ကျေးဇူးပါ အစ်မရှင့်။
pooch
August 21, 2012 at 10:20 pm
ရွေးချယ်ခွင့် ရှိတဲ့ အပိုင်း ၂ အတွက် ကြိုးစားဆဲ ပြင်ဆင်ဆဲပဲ ရှိပါသေးတယ် အရီး။
ပန်းတိုင် မရောက်ခင်အနည်းဆုံးတော့ ကိုယ့်ကြောင့် သူတပါး စိတ်အနှောင့်အယှက် မဖြစ်အောင် ကြိုးစားနေပါတယ်။
MaMa
August 22, 2012 at 6:36 am
မလတ်ရဲ့ ဘဝအနှစ်ချုပ်လေးကို အပြည့်အဝထောက်ခံသွားပါတယ်။
မလတ်ရဲ့ စာကိုဖတ်ပြီး ခံစားချက်ခြင်းတူနေလို့ စာတောင်ပြန်မရေးနိုင်ဘူး ဖြစ်နေလို့။
အေးအေးဆေးဆေး (စိတ်ငြိမ်သွားမှ) ပြန်ရေးပါဦးမယ်။ 🙁
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
padonmar
August 21, 2012 at 10:07 pm
မလတ်ရေ
အပိုင်းနှစ်လေး ကောင်းဖို့ ကြိုးစားနေရပါတယ်။
ကွန်မန့်လေးတွက် ကျေးကျေး။
ကြောင်ကြီး
August 22, 2012 at 7:08 am
ကြောင်ကြီးလည်း လူရေဂျွံပါဗဲဗြ။ စိတ်တော့မရှိပါနဲ့ တခုတော့ မေးချင်တယ် ကြုံဒိုးလေးဗာ.. ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများထဲမှာ အဲဒီလူရီခြွမ်များထဲက မှတ်ကျောက်တင် ခံနိုင်လောက်သူ ဘယ်နှစ်ဦးများ ပေါ်ထွက်ခဲ့သလဲလို့…။ ဒီအတိုင်းဆို လူရည်တုံးတွေပဲ ဒို့အရေး လုပ်ရဲကြပုံ ပေါ်တယ်….။
အဟီး စကားခံထားတယ်နော် စိတ်မဆိုးပါနဲ့လို့…။ အဒေါ်အရင်း တယောက်လို ချစ်လို့စတာ၊ တူမလေးရော နေကောင်းလား။ သူ့ကိုဆက်ခြစ်ခွင့်ပြုပါ
maungmoenyo
August 22, 2012 at 10:36 am
အခု Los Angeles မှာရောက်နေတဲ့ ကိုမြဝင်း (အင်္ဂပူမြို့နယ် ၁၉၉ဝ ရွေးကောက်ခံNLDအမတ်)က(၃)ထပ်ကွမ်းဆိုဘဲ၊ အင်းစိန်တောရနဲ့ အဝင်အတွက်ခရီးများခဲ့လွန်းယုံမက၊ သူတန်ဘိုးထားလှတဲ့ ဆေးပညာကိုပါ စွန့်လွှတ်လိုက်ရသူလေ။
Dental က ကိုနေဦးလဲ ဩစတြေလျမှာလိုလို။ ကိုအောင်ခိုင်တယောက်လဲ San Francisco ဘက်ဆိုလား။ လူရည်ချွန်တွေလောကသားတွေကြား star ဖြစ်ခဲ့တဲ့ ဒေါက်တာခိုင်ခိုင်ဝင့်ကတော့၊ သူ့ခင်ပွန်းUN Permanent Rep ကြီး နဲ့ အာရှတနိုင်ငံမှာ အိမ်ရှင်မကောင်းတာဝန်ယူနေလေရဲ့။
TTNU
August 22, 2012 at 5:10 pm
ကိုမိုးညိုရေ…
ကိုနေဦးက Maseru, Lesotho မှာပါ။
လှရှမ်းဖြူကိုတော့ ကျွန်မနည်းနည်းမှတ်မိတယ်။
သင်္ကြန်အကတွေလိပ်ခုံးမှာကကြတော့ သူပါတယ်။
ကျွန်မက မပုပြောသလို နှစ်ထပ်မကွမ်းပါဘူး။ ၁၉၇၁ က
အင်းလေးခေါင်တိုင်ပါ။ တစ်ခေါက်တည်းရောက်ခဲ့တာပါ။
လူရည်ချွန် Group ဖွဲ့ထားတာရှိတယ်။ ဝင်ကြည့်မိမယ်ထင်ပါတယ်။
TTNU.
pooch
August 22, 2012 at 6:10 pm
အော် ဒါဆို တီချယ် ပြောပြတုန်းက နားထဲစွဲသွားတဲ့ နှစ်ထပ်ကွမ်းဆိုတာ တီချယ်မဟုတ်ဖူးပေါ့ နားထောင်တာတွေ များပြီး လူမှားသွားတာ။ ဒါဆို အနော့်ရဲ့ အဒေါ်ပြောပြတဲ့တယောက်ဖြစ်လိမ့်မယ်။ ဘွာတေး 😀
padonmar
August 22, 2012 at 8:28 pm
ဦးကြောင်ရေ
“ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများထဲမှာ အဲဒီလူရီခြွမ်များထဲက မှတ်ကျောက်တင် ခံနိုင်လောက်သူ ဘယ်နှစ်ဦးများ ပေါ်ထွက်ခဲ့သလဲ”လို့မေးရင် ကျမမဖြေတတ်ပါဘူး။
ကျမက လူရည်ချွန် မဟုတ်ခဲ့တော့ ဂဃနဏ မသိတဲ့ အတွက် မဖြေရဲပါဘူး။
ဒါပေမယ့် ဆရာဝန်တွေ ဆိုရင်တော့ ဖြေတတ်ပါတယ်။
“ကြယ်တွေကြွေတဲ့ခေတ်”ဆိုတဲ့ စာလေး ဖတ်ရဖူးမှာပါ။အဲဒီထဲက ဒေါက်တာ မင်းသိမ်းနဲ့ ဒေါက်တာ စောလွင် ဆိုတာ တကယ့် အဖြစ်တွေပါ။
………..
နောက်တစ်ပိုင်းပြောရရင်တော့ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်မှ တိုင်းပြည်ချစ်တယ်လို့ ကျမတော့ မသတ်မှတ်ချင်ပါဘူး။
“ရန်ကုန်ဘဆွေရဲ့ စပယ်တို့ခေတ်”ဆိုတဲ့ ဆယ်တန်းလောက်က ဖတ်ခဲ့ရတဲ့ ဝတ္ထုလေးကိုးကားချင်ပါတယ်။
သာယာမျိုးရိုးက စပယ်သာယာ တို့က သူတို့တိုင်းပြည်ရဲ့ ဘုရင်ကို ပုန်ကန်တဲ့မင်းသစ်တက်တော့ မင်းဟောင်းဖက်လိုက်ပြီးသစ္စာစောင့်သိကြပါတယ်။
သူ့ချစ်သူ ဗိုလ်မှူးဓူဝံတာရာကတော့ မင်းသစ်လက်မှာ နေခဲ့ပြီး တိုင်းပြည်သူပြည်သားတွေ ကောင်းစားရေး ဆက်လုပ်ပါတယ်။
စပယ်က သူ့ချစ်သူကို တိုင်းပြည်သစ္စာဖောက်လို့ စွပ်စွဲတော့ ဓူဝံက ငါဟာ တိုင်းပြည်သစ္စာကို စောင့်တာ ဘုရင်ကို သစ္စာစောင့်တာ မဟုတ်လို့ ပြောခဲ့ပါတယ်တဲ့။
ငယ်ငယ်ကဖတ်ခဲ့ရတာဆိုတော့ စကားလုံးတွေတော့ မမှတ်မိတော့ပါဘူး။
ဒီအဓိပ္ပါယ်ပဲလို့သာ မှတ်ခဲ့ပါတယ်။
အဲဒီလိုပဲ ဒီမိုကရေစီလို့ အော်မှ၊အာဏာရှင်ကျဆုံးပါစေ ဆန္ဒပြမှ တိုင်းပြည်ကို ချစ်တာ မဟုတ်ပါဘူး။
စစ်အာဏာရှင်လက်အောက်မှာပဲ ဝန်ထမ်းလုပ်ရင်း၊ကိုယ့် စီးပွားရေးလုပ်ရင်း ပြည်သူ့အကျိုးလုပ်နေတဲ့ တိုင်းပြည်ချစ်သူတွေလည်း ရှိနေပါတယ်ဆိုတာလေး ပြောပြချင်ပါတယ်။
ahnyartamar
August 22, 2012 at 10:25 am
the voice ထဲမှာ သူ့ (ကိုနေဝင်းမောင်)ရဲ့ ဆောင်းပါးတွေကို အပတ်စဉ် ဖတ်ဖြစ်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ပထမ၊ သူ့ ဆောင်းပါးတွေကရှည်တော့ သိပ်မဖတ်ဖြစ်ဘူး၊ နောက် အချိန်ယူပြီး ဖတ်တော့မှ the voice ဂျာနယ်ထဲမှာ ပါခဲ့တဲ့ ဆောင်းပါးအဟောင်းတွေပါ ပြန်ဖတ်ဖြစ်တယ်။ ကျတော့် အတွက် မှတ်မှတ်ရရ သူ့ရဲ့ ဆောင်းပါးကတော့ “အပြောင်းအလဲအတွက် လူထုလိုတယ်” ဆိုတဲ့ဆောင်းပါးပါပဲ။
လူရည်ချွန်ဆိုလို့ နဲနဲလောက် ပြောခွင့်ပြုပါ၊ ကျတော်ငယ်ငယ်ကလဲ လူရည်ချွန်တွေကို တကယ် အားကျတာပေါ့၊ ဒါပေမယ့် ကိုယ့်အရည်အချင်းက ဝေလာဝေးပါ။ ဒါကြောင့် ၂၀၀ဝ ခုနှစ်က ငပလီမှာ one season အလုပ်လုပ်တော့ ငယ်ငယ်က မရောက်ခဲ့ဘူးတဲ့ “လူငယ်ရွှေဝါချိုင်” စခန်းမှာ ပိတ်ရက်ဆို အတိုးချပြီး သွားလည်မိတယ်။ တကယ်သာယာပြီး ဧချမ်းတဲ့နေရာလေးပါ။
အတိသဉ္ဖာ နာဂရချစ်သူ
August 22, 2012 at 11:30 am
ခုလိုသိရလို ့ကျေးဇူးပါဗျာ
သံတွဲက လူရည်ချွန် ၅ထပ်ကွမ်း
ဒေါက်တာ မောင်မော်တို ့ဒေါက်တာမြင့်နိုင်တို ့ရဖူးပါတယ်
padonmar
August 22, 2012 at 8:34 pm
လူရည်ချွန်စာရင်းတွေ ဖြည့်ပေးကြတဲ့ အကိုကြီးမောင်မိုးညို၊တီချာကြီး၊မောင်သန်းထွဋ်ဦးတို့ကို ကျေးဇူးတင်ပါတယ်။
လှရှမ်းဖြူဆိုတာ ကျမတို့ငယ်ငယ် ဒို့ကျောင်းသားစာစောင်တွေမှာပါရင် အားကျလွန်းခဲ့ရသူပေါ့။
ဆယ်တန်း ၆ ဘာသာဂုဏ်ထူးရှင်တွေ ဓာတ်ပုံနဲ့ ပါခဲ့တာ.လှရှမ်းဖြူ၊ထူးဟန်၊ခင်စပယ်ဟန်
The whole burma top ten တွေလေ။
စိတ်ကူးယဉ်ပြီး မဖြစ်ခဲ့ရတဲ့ ဘဝတွေပါ။ကိုတမာ့လိုပဲပေါ့။
…………
အရီးခင်လတ်
August 22, 2012 at 9:31 pm
ကျွန်မ လဲ လှရှမ်းဖြူ ဆိုတာကြားဘူးတယ်။
အဲဒီတုန်းက တော်တယ် ဆိုတာ တကဲ့ကို အရည်အချင်း စစ်စစ် နဲ့ တော်ကြတာပါ။
maungmoenyo
August 23, 2012 at 8:08 am
ဆိုခဲ့သလိုဘဲ… နိုင်ငံအတွက် ဘဝစတေးခံကြတဲ့သူတွေထဲ၊ လူရည်ချွန်မောင်မယ်တွေအများကြီးရှိခဲ့ဘူးပါတယ်။ လက်တန်းမပြောနိုင်သေးပါဘူး။ နောင်တချိန်မှာ စင်တင်လောက်တဲ့သမိုင်းဝင် စာပေတွေထွက်လာနိုင်လောက်ပါတယ်။ ခုတင်ဘဲ အစိုးရက ထုတ်တင် ပေါ်လစီကိုချမှတ်လိုက်လိုက်ပြီလေ။ မကြာခင်မှာ စာပေစိစစ်ရေးဟာ နိဂုံးချုပ်နိုင်လောက်တဲ့ အရိပါလက္ခဏာတွေတွေ့နေရပါတယ်။
အရေးကြီးတာက..ထူးချွန်ကြသူတွေက လူတန်းစားအလွှာသီးသန့်ဖြစ်မသွားဘို့သိပ်အရေးကြီးပါတယ်။ ဒါကိုကာယကံရျင်တွေဖြစ်တဲ့လူရည့်ချွန်တွေက မသိကြပေမဲ့၊ ပွဲကြည့်ပရိသတ်ဖြစ်တဲ့ ဘဝတူကျောင်းသားတွေကမြင်တတ်ကြပါတယ်။