မိုးပြာပြာသို ့မေတ္တာစာ

အဆံမရှိ အသံသာရှိသည် ့ သင်္ကြန်အမြောက်သို ့ လည်းကောင်း ၊ နားဝဆူညံ ဖားအော်သံ သကဲ ့သို ့လည်းကောင်း
ပူပူညံညံ တယူသန် အယူမှားကို လူအများမိုက်မှားအောင်ဗြောင်းဗြန်ဇောက်ထိုး အမျိုးမျိုးပြောလေသော
လူသူလေးပါး လူအများအားလည်း စည်းရုံးသွေးဆောင်အမိုက်မှောင်သို ့ပို ့လေသော
ရုပ်ဝါဒီသခင် မိုးပြာရှင်ကြီးတို ့ ဘုရား

ကျွန်ုပ် အပါအဝင် တစ်မြို ့လုံး ၊ တစ်ရွာလုံး၊ တစ်ပြည်လုံးမကျန် …………
လှည်းနေ လှေအောင်း မြင်းဇောင်းပါမကျန် …..သိမ်းကျုံး၍လန်အောင် စည်ပင်သာယာအမှိုက်ကားတစ်စီးတိုက်
ဟီးတိုက်၍ပေးလိုက်မည်…….မေတ္တာတော်အကျိုးကြောင် ့ မိုးပြာပြာရှင်ကြီးတသိုက် ပျာနိုင်ကြပါစေ……..
ညာနိုင်ကြပါစေ……… ခွါနိုင်ကြပါစေ ………….တစ်ရွာလုံးမှ မေတ္တာဝေပါ၏ ဘုရား ……….

ကျွန်ုုပ်တို ့ရွာတွင် ရှင်ကြီးတို ့မရှိက သာယာပါ၏ ။ပျော်ရွှင်ငြိမ်းချမ်း မိုးဆမ်းပန်းနှယ် ရွှင်လန်းဝမ်းမြောက်
ကြပါကုန်၏……..ရှင်ကြီးတို့လာရောက်၍ မိုးပြာပြာဝါဒ ၊ ဖြန် ့ချီရုံမကဘဲ ၊ ထေရဝါဒအား ၊ စော်ကားအပုတ်ချ
မဟုတ်မတရား ……အလုပ်ဇယားကြောင့် ၊ စိတ်ညစ်ရပေါင်းလည်းများလှပြီ…………
သံသရာအရေးလည်း ၊ စိတ်မအေးရပြီ ………….ရွာသူားများလည်း ၊ ဂဇက်ကိုရှောင်ရှား ၊ ထွက်သွားပေါင်းများလှပြီ
ရှင်ကြီးတို ့သည်လည်း ၊ အားနာတတ်ဖို ့ကောင်လှပြီ ……….
သူကြီးမည်ခေါ် ၊ ဒကာတော်ဦးခိုင်မှ အမေရိကသို ့ သာသနာပြုစေကြောင်း ၊ လျေက်ထားတောင်းပန်သည်ကို
လည်း သိပြီးဖြစ်ပါသည် ။ သူကြီးမင်းရှိသည် ့ ၊ လော ့အိန်ဂျလိသို ့ ပြေး ……….ဝေးဝေးသာနေကြပါတော ့
ဒါမှမဟုတ်လျှင်လည်း ၊ လတ်ဗီးဂက်စ် မည်ခေါ် ……လောင်းကစားမြို ့တော်၌ ၊ အကြိုက်တွေ ့လောက်သည် ့
ဖြူဖြူ မည်းမည်း ပေါင်တိုမလေးများနှင် ့လည်း ၊ မျက်နှာစုံညီ ၊ ဒေသနာကြားနိုင်သည်ဖြစ်သဖြင် ့
မကြာမနှေး …..အမြန်သာပြေးပေတော ့……..ပြည်သူ ့အချဉ် ၊ မိုးပြာရှင်ကြီးတို ့ဘုရား းးးးးးးးးးးးးးးးးးးးးးးး

ကျွန်ုပ်သည်လည်း ၊ ပြုသမျှကုသိုလ် ၊ အမျှဝေလိုပါသေးသည် …….သို ့ပင်သို ့ငြား ၊ ခိုးစားသည် ့ကျီးကန်း
သွေးစုပ်သည် ့ဂျပိုး ……ဧည် ့စာရင်းလာစစ်သည် ့ရွာဆော်……. နိုင်ငံကျော်မိုးပြာတို ့နှင် ့ကား ၊ လားလားမျှမသက်ဆိုင် ………ရထိုက်သူသာရစေတော ့ …..
ကျီးကန်း နဲ ့ဂျပိုး ။ မိုးပြာနဲ ့ ရွာဆော် ၊ ဤ လေးဖေါ်ချန်ထား၍ ကြားကြားသမျှ ……

..အမျှ …..အမျှ …….အမျှ …….

41 comments

  • KyawThein

    August 27, 2012 at 2:28 pm

    ကျွန်တော် ့အမြင်နှင် ့ခံစားမှုသာရေးမိသည် ့အတွက် ဖတ်ရသူများအဆင်မပြေပါက
    ခွင် ့လွှတ်ကြပါ။

  • may flowers

    August 27, 2012 at 2:55 pm

    အစ အဆုံး နှစ်ခေါက်ပြန်ဖတ်သွားပါတယ် တကယ်ကောင်းတဲ့ သရော်စာပိုစ့်လေးပါပဲ …..နောင်ပိုစ့်

    လေးတွေလည်း အားပေးဖို့မျှော်နေပါကြောင်း။

  • သုရှင်

    August 27, 2012 at 3:16 pm

    အင်း မိုးပြာကလည်း ဘာကြောင့် ပြာ….
    မပြာသူကလည်း ဘာကြောင့် မပြာ….
    ဒီလိုနဲ့ ဝါဒဆိုတာတွေက မှိုုလို ပေါက်နေကြတာ မဟုတ်လား။

    ( အခုမှ သတိရတယ် ရွာထိပ်က တောင်ပို့ပေါ်မှာ မှို သွားချိုးပါဦးမယ် မိုးလေးက စိုစို ၊ ပုဆိုးလေးက တိုတို ၊ ဒီမောင့်မျက်နှာ မှိုရ သလို မှို ရ သလို )

  • ရာဇဝင်လူဆိုး

    August 27, 2012 at 3:16 pm

    အရေးအသားရော ၊ သဘောတရားရော။ အသုံးအနှုန်းကိုပါ မှတ်မှတ်သားသား ဖတ်သွားပါကြောင်း။ အလွန့် အလွန် ကောင်းသော သရော်စာ တစ်ပုဒ် အဖြစ် သဘောကျပါကြောင်း။။။

  • YE YINT HLAING

    August 27, 2012 at 3:28 pm

    ကျွန်တော်လည်း သာဓု သာဓု သာဓု ပါဗျား —

  • Pye Kun Zaw

    August 27, 2012 at 3:37 pm

    မိုးပြာကိုအစကတော့ ဘာသာတစ်ရပ်အနေနှင့်မြင်ပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းအန္တရာယ်ကောင်တွေလို့ မြင်လာတယ်။ သာသနာ့အာဇာနည် မင်းကွန်းဆရာတော်ကြီးကို စော်ကား မဟာစည်ဆရာတော်ကြီးကိုပြစ်မှားနှင့် ငရဲကျမယ်ဟာတွေ။

  • ရွှေ ကြည်

    August 27, 2012 at 4:52 pm

    ကိုယ်ယုံကြည်ရာကိုယ်ကိုးကွယ်ယူဆနိုင်ပါတယ် ပုတ်ခတ်မှုတွေ ပူးသတ်တာတွေ ကပ်ပါးလိုလုပ်တာတွေ
    မပါရင်ပေါ့။ စော်ကားတာတွေပါလာတော့မနှစ်မြို့နိုင်တော့ဘူး။
    အရေးအသားကောင်းလေးပါပဲ။

    • KyawThein

      August 27, 2012 at 11:25 pm

      မေဖလားဝါး ၊ သုရှင် ၊ ရာဇဝင်လူဆိုး ၊ ရွှေမင်းသမီး ၊ ရဲရင့်လှိုင် ၊ Pye Kun Zaw ၊ ရွှေကြည်
      တို့နှင် ့တကွ ဝင်ရောက်ဖတ်ရှုကြသော သူများအား အထူးကျေးဇူးပါ ။
      ဂဇက်မှာ ပျော်ရွှင်ကြပါစေ ။

  • nature

    August 27, 2012 at 6:41 pm

    သာဓု၊ သာဓု၊ သာဓု ရှယ်သာဓုပါ kyaw Thein ရေ။
    မိုးပြာတွေကိုပထမကတော့ အပျင်းထူသူတွေ ။သုတ္တန်တခုကိုဆုံးအောင်မဖတ်ပဲ အပျင်းကြီးတဲ့သူတွေလို့ထင်မိတယ်။ ဒါပေမဲ့တဖြေးဖြေးနဲ့သိလာတာက သူတို့က မြတ်စွာဘုရားတရားတော်တွေကို သေသေချာချာလေ့လာပြီး အားနည်းမယ်ထင်ရတဲ့နေရာတွေ ထင်ယောင်ထင်မှားဖြစ်တတ်တဲ့နေရာတွေကို ကိုယ်လိုရာဆွဲယူပြီး တရားတော်တွေကို တိုက်ခိုက်ဖျက်ဆီးပြီး သူတို့ရဲ့တရားတွေနဲ့ အစားထိုးဖို့ရည်ရွယ်ပုံရပါတယ်။ ဒီလိုလုပ်ဖို့ရှေ့ကအတားအဆီးဖြစ်နေတဲ့သံဃာမဟာနာယက အဖွဲ့မရှိမှအဆင်ပြေနိုင်တာမို့ သံဃာမဟာနာယကအဖွဲ့မကောင်းကြောင်း မရှိသင့်ကြောင်းဝါဒဖြန့်တာတွေလည်းလုပ်ခဲ့ပါတယ်။

    မိုးပြာတွေနဲ့ရခိုင်အရေးအခင်းဟာလည်းချိန်းထားသလို တိုက်ဆိုင်စွာပဲဖြစ်ပေါ်နေပါတယ်။

    အကြမ်းနည်းနဲ့မရတော့ အချိုသပ်ပြီးဆရာတူတပည့်တွေ။မတူတာတွေထားပြီးအတူလက်တွဲစို့တဲ။
    ဘုရားတရားသံဃာသည်သာကိုးကွယ်ရာအဖိုးတန်ရတနာလို့ဆိုတဲ့ဗုဒ္ဓဘာသာနဲ့ဘုရားသည်ကိုးကွယ်ရာမဟုတ် လို့ဆိုတဲ့မိုးပြာနဲ့ ပြဒါးတလမ်းသံတလမ်းပါပဲ။

  • San Hla Gyi

    August 27, 2012 at 8:03 pm

    ကိုကျော်သိန်းရေ
    ရေးတာလေးတော့ ကောင်းပါတယ်ဗျာ။ ဒါပေမယ့် ကျုပ်စိတ်ထင် ဒီမောင်တွေက ဒီလောက်နဲ့တော့ ဖြုံလိမ့်မယ် မထင်ဘူး။ အမှန်မှာတော့ သူတို့က သူတို့ကို ရှုံ့ချတိုက်ခိုက်တာလောက်ကို စိတ်ကူးထဲတောင် ထည့်ပုံမရဘူး။ အဓိကက သူတို့ ဘယ်နေရာမှာ မှားတာလည်းဆိုတာ မရှင်းနိုင်ရင် ဒီလိုပဲ ဆက်လုပ်နေအုံးမှာပဲ။ သူတို့က တကယ်တော့ အနည်းစုပါ။ ကျနော့်စိတ်ထင် ၅ယောက် ၆ယောက်လောက်ပဲ ရှိမယ်ထင်တယ်။ တချို့က အဲဒီဝါဒီတွေပေမယ့် ရဲရဲတင်းတင်း ဝန်မခံဝံ့ပါဘူး။ အမှန်တော့ လူများစု အနေနဲ့ သူတို့ကို ပြိုင်နိုင်သင့်တယ်။ အမေရိကန်မှာ သာသနာပြုရင် ပေါက်နိုင်တယ် ဆိုတာတော့ ဟုတ်လိမ့်မယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ဝါဒက အနောက်တိုင်းသားတွေ အကြိုက်ဝါဒနဲ့ တော်တော်လေး တူတယ်ဗျ။ ကြုံရင်တော့လည်း စမ်းကြည့်အုံးမယ်။ ဒါပေမယ့် ဒီဆရာတွေလဲ ကျုပ်ကို ရွှေမေတ္တာတွေ တော်တော် ရှိပုံရတယ်။ ဒါတောင် ဟိုတလောတုန်းက သူတို့ထဲက တချို့ကို သံဂါယနာတင်တာကို ဝေဖန်တဲ့ဆောင်းပါး ရေးလို့ မေးလိုက်တော့ မရှင်းနိုင်တော့မှ သူများပြောတာ ကြားလို့ပါဆိုပြီး ဖြစ်သွားသေးတယ်။ တော်တော် တတ်နိုင်တဲ့ လူတွေပဲ။ အင်း ပြောရင်း ကွန်မန့်ရေးရင်းနဲ့တောင် ကွန်မန့်တွေ နီနေပါလား။
    ဖြစ်နေတာက ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်က ဘုရားနာမည် တပ်လိုက်တာနဲ့ ဘာဆိုတာတောင် မစဉ်းစားပဲ ထောက်ခံတာက အရင်ပဲကိုး။

  • Moe Z

    August 27, 2012 at 8:35 pm

    ရဲရဲတောက်ပို့စ်ပါလား
    အမျှဝေပုံလေးသဘောကျတယ်ဗျို့ ……..

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 8:42 pm

    မေတ္တာစာ
    ချစ်ထာမပါ
    လှစ်ကာပြ
    ဘာသာရဲ့ဇ
    အမျှမရ
    ထလည်း မကနဲ့ …

  • KyawThein

    August 27, 2012 at 11:49 pm

    အံဇာတုံး ၊ မိုးဇက် ၊ မောင်ပေ ၊ ကိုစံလှကြီး နှင် ကိုနေးချားခင်ဗျား …။
    ဆွေးနွေးပေးတာကျေးဇူးတင်ပါတယ် ၊ ကျွန်တော် ရွာပြင်မှာပတ်နေခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်၍
    သူတို့အကြောင်းလည်းသိနေခဲ့ပါသည် ။ ကွန်မန့်ပေးအားနည်းခြင်း ၊ စာမရေးနိုင်ခြင်းတို့ကြောင့်
    ကျွန်တော့်ကိုမသိသော်လည်း ၊ ရွာသူားများအား သိနေခဲ့ပါသည် ။ ကျွန်တော်တို့၏ထေရဝါဒ၌ အားနည်း
    ချက်များရှိသော်လည်း အံဇာတုံး၏ပို့စ်တွင် ဦးဦးပါလေယာပြောသကဲ့သို့ အကာကိုမယူပဲ
    အနှစ်သာရကိုယူသင့်ပါသည်၊။ မိမိယုံကြည်မှုကို စိတ်ကြိုက်ဟောပြောနိုင်သော်လည်း မတိုက်ခိုက်သင့်ပါ ။
    တရားအားထုတ်ခြင်း ကို တားမြစ်၍ ၊ ထုံထိုင်းစေသော အကျင့်ဟုပြောဆိုမှုများမှာလည်း သာသနာဖျက်
    သကဲ့သို့ဖြစ်ပြီး ဓမ္မအန္တရယ်ပင်ဖြစ်ပါသည် ။ ရွာသူရွာသားများလည်း စိတ်နှလုံးရွှင်လန်းမည်မထင်ပါ ။
    မိမိအား အလိုမရှိသည် ့နေရာတွင် မနေသင့် ဟု ထိုလူများ သဘောပေါက်သင့်ပါသည် ။
    ထိုလူများ အားတွေ့နေရ၍ စိတ်ညစြ်ပီးရွာကိုစွန့်သွားကြ၍ လူတော်ရွာသူားများဆုံးရှုံးရသည်မှာလည်း
    စိတ်မကောင်းစရာပင်ဖြစ်ပါသည် ။

    • San Hla Gyi

      August 28, 2012 at 5:49 pm

      ကိုကျော်သိန်းရေ
      ကိုကျော်သိန်းကိုယ်တိုင် သူတို့ပြောတာကို ယောင်ပြီး အားနည်းချက်တွေ ဘာတွေ ဖြစ်နေရင် စကတည်းကိုက ကိုယ်ရှုံးနေပြီဗျ။ သူတို့ကိစ္စတွေက ကျုပ်က တခါတလေမှ ဝင်ပြောတာက ကျုပ်လိုင်းမဟုတ်လို့ ကျနော်က အလကားနေရင်း အချိန်ကုန်မှာ စိုးတာရယ်။ နောက်ပြီး သူတို့ရဲ့ ဝါဒကြီး တခုလုံးဆို အချိန်သိပ်ပေး ရလိမ့်မယ်။ မအားသေးဘူး။ အဲဒါကြောင့်ပါ။
      ကြုံရင်တော့ သူတို့ကို မေးကြည့်ရအုံးမယ်။ အခုတော့ မမေးနိုင်သေးဘူး။ ကိုကျော်သိန်း သတိမထားမိလို့ပါ။ အမှန်မှာတော့ ဒီကလူတွေက သူတို့ကို မေးခွန်းထုတ်ရင် ထုတ်လို့ရတာတွေ ရှိတယ်လို့ထင်တယ်။ နောက်ပြီး မိတ်ဆွေများခင်ဗျာ။ ကျနော်က သူများပို့စ်ကို လာပြီး မှတ်ချက်ပေးတာဟာ ပို့စ်ပိုင်ရှင်နဲ့ ဆွေးနွေးချင်လို့သာ ဖြစ်ပါတယ်။ ဒါကျနော့်ပို့စ် မဟုတ်ပါဘူး။ ကျနော့်ပို့စ် ဆိုရင်တော့ လာဆွေးနွေးသူတိုင်းကို ပြန်ဆွေးနွေးလေ့ ရှိပါတယ်။ ဒါကြောင့် ကျနော့်နာမည်ကို ခေါ်ပြီး ဆွေးနွေးခြင်း ပြုရင်လဲ ကျနော်ဆွေးနွေးချင်မှ ဆွေးနွေးပါမယ်။ မိတ်ဆွေတို့ နားလည်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် တခါတလေ ကျနော့်ပို့စ် မဟုတ်ရင် ကျနော့်ကို မေးတာပေမယ့် ပြန်ဖြေချင်မှ ဖြေပါတယ်။ ဖြေချင်လဲ ဖြေတယ်ပေါ့။ အာရုံပြောင်း သွားမှာစိုးလို့ပါ။ ဒါက kthwinzayarmyo ဆိုသူ အတွက်ပါ။
      ခင်ဗျားကိုယ် ခင်ဗျား ရဲ့ရဲ့ဝံ့ဝံ့ မိုးပြာဂိုဏ်းသားလို့ ဝန်ခံတဲ့အတွက် ကောင်းပါတယ်။ မဆိုးပါဘူး။ သတ္တိရှိရာ ရောက်တာပေါ့။

    • San Hla Gyi

      August 28, 2012 at 8:38 pm

      အော် ပြောစရာ ကျန်သွားပြန်ပြီ ကိုကျော်သိန်းရေ။ ဒီမိုးပြာဆရာတွေက သူတို့တရားကို ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ ဘုရားနာမည် ဘာလို့တပ်သလဲ ဆိုတာ စဉ်းစားမိသလား။ ဘာလို့လဲဆိုတော့ သူတို့ဘာသာ သူတို့ ဦးဉာဏတီထွင်တဲ့ တရားဆိုရင် ဘယ်သူက ယုံကြည်မှာလဲဗျ။ ဒီတော့ ဗုဒ္ဓဘုရားရှင်ရဲ့ နာမည်ကို သုံးဖို့လိုတယ်လေ။ အဲဒါကြောင့် အခံအားနည်းတဲ့ ဗုဒ္ဓဘာသာတွေကိုလည်း စည်းရုံးနိုင်အောင်ရယ် အခြားလူတွေနဲ့ ရုတ်တရက်တွေ့မယ် ဆိုရင်လဲ ဟိတ်ဟန်ရှိအောင်ပေါ့။ ကျနော် ဆိုလိုတာက အခြားဘာသာဝင်တွေပေါ့။ အဲဒါကြောင့် အမေရိကန်ကို ဒကာတော် ရေမြေ့ရှင်ရှိတာတောင် မသွားပဲ မြန်မာပြည်က လူတွေကို စည်းရုံးနေတာပေါ့။ အမှန်ပြောရင် စိတ်ဆိုးမလားတောင် မသိဘူး။ မြန်မာပြည်က လူတွေက နည်းနည်းပြောလိုက်ရင် တွေဝေသွားရောဗျ။ ဘာလို့လဲဆိုတော့ အခြေခံ အားနည်းလို့ပဲ။ ကျနော် ဆိုလိုတာက ယေဘူယျအားဖြင့် အများစုပါ။

  • kthwinzayarmyo

    August 28, 2012 at 11:44 am

    ကိုစံလှကြီးရေ(ကျနော့်စိတ်ထင် ၅ယောက် ၆ယောက်လောက်ပဲ ရှိမယ်ထင်တယ်။)
    ဆိုလို့ ကျွန်တော်မိတ်ဆက်တာပါ. ကျွန်တော့ အမြင်ကတော့
    ဗုဒ္ဓဘာသာဆိုပြီးတော့ အရိယာဖြစ်အောင် အရိယသစ္စာ မကျင်ဘဲ ပရမတ္တသစ္စာကျင့်သူများသို့
    ရုပ်၊ နာမ် ရှုပွား တရားကိုရှာ
    ရုပ်နာမ် ကိုပဲ မြင်လျက်သိမှာ
    ဘယ်လောက်ရှုမှတ် ပရမတ်သစ္စာ
    ပွားသော်ငြား တရား(အရိယ) မရပါ၊
    အရိယသစ္စာ ဖြစ်အောင်
    ကိုယ် နှုတ် စိတ်ထား အမှားရှောင်ခွာ
    တရား ၊မတရား ပြတ်သားသိခါ
    လူငြိမ်းအေးမှု ရှေးရှု လို့သာ
    မြတ်တရား မမှားကျင့်ရမှာ

  • Tar Tay

    August 28, 2012 at 1:37 pm

    ရုပ်နာမ်ကို ရုပ်နာမ်လို့သိမှ တဏှာကင်းမှာပေါ့ ။ရုပ်နာမ်လို့မသိဘဲ နင့်ဂျီးဒေါ်လို့မြင်နေရင် လခွီးတွေ
    ဖြစ်ကုန်မှာပေါ့ ။ တရားမရဘူးဆိုတာ
    တရားမရထိုက်လို့
    ဆရာမှားပြီးအကျင့်မှားလို့
    ဝီရိယအားနဲလို့ စသည် အချက်တွေကြောင့်လေ ။ ဘယ်နှစ်ချက်လဲလာ မမေးနဲ့ ၊ကျုပ်ဘုန်းကြီးမဟုတ်ဘူး
    ကံ ၊ညဏ် ၊ဝီရိယ သုံးပါးစုံမှ ဘာမဆိုအောင်မြင်မှာ။ ခင်များတို့ပြောသလို ထိုင်စဉ်းစားနေရုံ့နဲ့
    တရားသိရင် ၊ ဘုရားတောင်အလုပ်ရှုပ်ခံပြီး မပွင့်ဘူး ။ ဘုရားခိုးဂိုဏ်းလို လာမလုနဲ့ ကိုယ့်ဘုရားကိုယ်ရှာ။
    ခင်ဗျားတို့နဲ့က ဆွေးနွေးလို့မရပါဘူး ။ ပြဒါးတလမ်း သံတလမ်း ၊။ကျွဲပါးစောင်းတီး ၊ နွားပလာတာကျွေးသလို
    ဖြစ်နေဘီ ။ နောက်မှပြန်လာဦးမယ် ။

  • ရွှေ ကြည်

    August 28, 2012 at 2:06 pm

    kthwinzayarmyo ရေရုပ်တွေနာမ်တွေ အရိယတွေနဲ့တော့မပြောတတ်ပါဘူး။
    အမြင်လေးပြောမယ်နော်။ ကိုယ့်ယုံကြည်ရာကိုပဲမှန်တယ်ထင်ရင်ဆက်လုပ်ပါ။
    မျှဝေချင်ရင် လက်ခံသူကိုပဲမျှပါ။ ပြောကြည့်လို့လက်မခံဘူးဆိုရင် မပြောပါနဲ့လို့ပြောချင်ပါတယ်။
    ဘုရားရှင်ပွင့်ခဲ့တာ နှစ်ပေါင်း ထောင်ချီကြာခဲ့ပါပြီ။ အမှားအမှန်ဆိုတာပုထုဇဉ်ဉာဏ်လေးတထွာတမိုက်နဲ့
    သတ်မှတ်လို့ရမယ်မထင်ပါဘူး။ ကိုယ်ရှုချင်သလိုရှုနိုင်ပါတယ် မှန်တယ်ထင်ရင်ဆက်လုပ်ပါ။
    သူများတွေလည်းကိုယ့်လိုပဲရှုရမယ်လို့တော့အတင်းမပြောပါနဲ့။ ကျန်တဲ့သူတွေလည်းကိုယ်ယုံကြည်ရာကိုယ်ဆက်လုပ်မှာပါ။

  • uzin

    August 28, 2012 at 3:31 pm

    san hal gyi လည်း တော်တော်ခံစားနေရမှာပဲ။ သံဃာယနာတင်တာကို ဝေဖန်တဲ့ ဆောင်းပါ မဟုတ်ပါဘူး။ ထေရဝါဒ ဘုန်းကြီး နှစ်ပါး ဆွေးနွေးတာကို ရေးလိုက်တာပါ။ ဒီလိုဆွေးနွေးတဲ့ ကိုယ်တော်တွေ ရှိပါလားလို့ သိရလို့ ရေးလိုက်တာပါ။ ကျုပ်ရေးလိုက်တာကြောင့် ခင်ဗျားတို့ရင်ထဲမှာ ဒေါသစိတ်၊ မုန်းတီးစိတ် ပွားသွား၊ များသွားရင်တော့ စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ ရေးနေတာတွေကိုလည်း ဆန်းစစ်ကြည့်စေချင်ပါတယ်။ အများညီတာနဲ့ ဤကို ကျွဲလို့ ဖတ်ရင်တော့ မှားတာကတော့ မှားတာပါဘဲ။ ဤကတော့ ဤပါ၊ ကျွဲမဟုတ် ပါဘူး။ ၅ယောက် ၆ယောက်မရှိဘဲ တစ်ယောက်တည်း ဖြစ်နေပါစေ မှန်တဲ့သူဆိုရင် မှန်တာပါပဲ။ မှားတဲ့သူကတော့ တစ်ကမ္ဘာလုံးလည်း မှားနေမှာပါပဲ။
    ယနေ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဘုန်းကြီးအချို့မှာတောင် ကမ္ဘာကြီးကို လုံးတယ်လို့ လက်မခံသေးတဲ့ ဘုန်းကြီးတွေ ရှိနေပါသေးတယ်။

    • San Hla Gyi

      August 28, 2012 at 6:01 pm

      အမယ်လေး အမယ်လေး
      ဘာမှ မခံစားရပါဘူး uzin ဆိုတဲ့ ကိုယ့်ဆရာ။ မခံစားရတဲ့ အပြင် ကျန်းမာချမ်းသာစွာနဲ့ မွန်းတည့်နေမင်းကြီး အလားကိုဖြစ်နေပါတယ်။ ခင်ဗျားကို ကျုပ်ခင်ဗျားပို့စ်မှာ ကတည်းက တခါတည်း ရေးလိုက်ပြီးသားပါ။ ခင်ဗျားမေ့နေရင် သွားပြီး ဖတ်ကြည့်ပါအုံး။ ဒါမှမဟုတ် ဒီကလူတွေလဲ ဖတ်လို့ရအောင် လင့်ခ်ပေးလို့လဲ ရပါတယ်။ ခင်ဗျား ကိုယ့်ပို့စ်ကို ကိုယ်ပြန်ဖတ်ကြည့်ပါ။ အဲဒီမှာလဲ စတုန်းကတော့ ကိုယ်ပိုင် အတွေးအခေါ်လိုလို ဘာလိုလိုနဲ့ ရေးပြီး နောက်ပြီးတော့ မေးတာတွေကို မရှင်းနိုင်တော့မှ အီး အဲ နဲ့ သူများပြောတာ ကြားလို့ပါဆိုပြီး လျှောချသွားတာပါ။ ဖတ်ဖူးတဲ့လူတွေ သက်သေ ရှိပါတယ်။ ခင်ဗျား ကိုယ့်ကိုကိုယ် ယုံရင် အဲဒီပို့စ်ကို လင့်ခ်ပေးလိုက်ပါ။ အားလုံး မြင်သွားပါလိမ့်မယ်။ အဲဒီတုန်းကလည်း ကျနော်ပြောလိုက်ပါတယ်။ ဒီဆိုက်ဒ်ရဲ့ စည်းကမ်းအရ ကိုယ်တင်တဲ့စာ ကိုယ်တာဝန်ယူရမယ်လို့။ မှားတာက မှားနိုင်ပါတယ်။ အဓိကက တာဝန်ယူတတ်ဖို့ပါ။
      ခင်ဗျားပြောတဲ့ ကမ္ဘာကြီးလုံးတဲ့ ကိစ္စကတော့ ဘာမှမဆိုင်လို့ မဆွေးနွေးပါဘူး။

  • sandawchain

    August 29, 2012 at 5:29 am

    မြန်မာစာပေအရေးအသားပြောင်မြောက်မှုကိုတော့ အထူးလေးစားရပါတယ်ဗျာ ဒါပေမယ့် ဒီပို ့စ်ဟာမိုးပြာကို လုံးဝလုံးဝလုံးဝကို ထိခိုက်ခြင်းမရှိဘူးလို ့ပြောလို ့ရပါတယ် နောက်ပြီး စာရေးသူကိုယ်တိုင်လည်း မိုးပြာရဲ့ ရည်ရွယ်ချက်တွေကို သိပုံမပေါ်ဘူးဗျာ့။ ဘာလို ့ဆိုတော့ ခံစားချက်နဲ ့ရေးထားလို ့ပါထေရဝါဒကိုအပုတ်ချစော်ကားထားတယ်ဆိုတာကတော့ အပုတ်ချစေလောက်တဲ့ အားနည်းချက်တွေကိုလုပ်ထားတဲ့သူနဲ ့ အပုတ်ချတဲ့ လုပ်ငန်းကိုလုပ်တဲ့သူတို ့ရဲ့လုပ်ရပ်တွေနဲ ့ပဲသက်ဆိုင်တယ် ဆိုလိုတာကတော့ လူရဲ့လုပ်ရပ်နဲ ့ပဲဆိုင်တယ် သစ္စာနဲ ့မဆိုင်ဘူး သစ္စာကိုသိတဲ့လူတွေဖော်စားလိမ့်မယ် မသိသူတွေကျော်သွားလိမ့်မယ် ရှင်ဉာဏကိုတော့ သူ ့ရဲ့လုပ်ရပ်ကိုကြည့်ပြီးပြောလို ့ရရင်ရမယ် ဒါပေမယ့် ရှင်ဉာဏဖော်ထုတ်ခဲ့တဲ့အရိယာ့သစ္စာ တရားကိုတော့ ဘယ်ဉာဏ်ကြီးရှင်ကမှဘယ်တော့မှဖျောက်ဖျက်လို ့ရမှာတော့မဟုတ်ပါဘူး အဲဒါကိုမသိပဲ ထေရဝါဒကို ကာကွယ်မယ်ဆိုပြီး ရေးနေလည်းအလားကားပါပဲဗျာ တရားသစ္စာနဲ ့လုံးဝမဆိုင်ဘူး ရုပ်ဝါဒီဆိုတာကတော့ လုံးဝကိုလွဲနေတယ်ဗျာ့ တစ်ယောက်ယောက်ရဲ့စွပ်စွဲချက်ကိုသေချာလေ့လာခြင်းမရှိပဲ followလိုက်ထားတာသိပ်သိသာနေလို ့ပါ မိုးပြာရဲ့အရိယာ့သစ္စာဟာ ပရမတ္ထသစ္စာမဟုတ်ပါဘူး San Hla Gyi ပြောသလို “အဓိကက သူတို့ ဘယ်နေရာမှာ မှားတာလည်းဆိုတာ မရှင်းနိုင်ရင် ဒီလိုပဲ ဆက်လုပ်နေအုံးမှာပဲ” ဆိုတာအမှန်ပဲ ဗျာ့။ ဒီတော့စာရေးသူအနေနဲ ့မိုးပြာရဲ့အားနည်းချက်ကို သေသေချာချာ အရင်လေ့လာလိုက်ပါဦးနော် အဲဒါကို မလေ့လာပဲနဲ ့တော့ ဒီလိုရေးနေလည်း မြင့်မိုရ်တောင်ကို ဇီးစေ့နဲ ့ပေါက်သလောက်ပဲဖြစ်နေမှာဖြစ်ကြောင်းမေတ္တာရှေ ့ထားအကြံဉာဏ်ပေးလိုက်ရပါသည်။ မည်သူ ့ကိုမှ ရှုံ ့ချသောစိတ်မရှိပါ ဉာဏ်မှီသလောက်အကြံပေးခြင်မျှှသာဖြစ်ပါသည်

    • San Hla Gyi

      August 29, 2012 at 5:51 pm

      အင်း ခင်ဗျား ကျနော့်ကလောင်နာမည် ကိုထည့်ပြောလို့ ကျနော်လည်း ပြောချင်လာလို့ပါ။ “အဓိကက သူတို့ဘယ်နေရာမှာ မှားလဲဆိုတာ မရှင်းနိုင်ရင် ဒီလိုပဲ ဆက်လုပ်နေအုံးမှာပဲ” ဆိုတာက မိုးပြာဂိုဏ်းမှာ အမှားမရှိဘူးလို့ ပြောတာလုံးဝ မဟုတ်ဘူးဗျ။ ရှိနိုင်တယ် ရှိနိုင်တယ်။ ဒါကြောင့် မျက်စိရှင်ရှင်ထားဖို့ မိတ်ဆွေတွေကို hint ပေးတာဗျ။

  • sandawchain

    August 29, 2012 at 5:29 am

    မြန်မာစာပေအရေးအသားပြောင်မြောက်မှုကိုတော့ အထူးလေးစားရပါတယ်ဗျာ ဒါပေမယ့် ဒီပို ့စ်ဟာမိုးပြာကို လုံးဝလုံးဝလုံးဝကို ထိခိုက်ခြင်းမရှိဘူးလို ့ပြောလို ့ရပါတယ် နောက်ပြီး စာရေးသူကိုယ်တိုင်လည်း မိုးပြာရဲ့ ရည်ရွယ်ချက်တွေကို သိပုံမပေါ်ဘူးဗျာ့။ ဘာလို ့ဆိုတော့ ခံစားချက်နဲ ့ရေးထားလို ့ပါထေရဝါဒကိုအပုတ်ချစော်ကားထားတယ်ဆိုတာကတော့ အပုတ်ချစေလောက်တဲ့ အားနည်းချက်တွေကိုလုပ်ထားတဲ့သူနဲ ့ အပုတ်ချတဲ့ လုပ်ငန်းကိုလုပ်တဲ့သူတို ့ရဲ့လုပ်ရပ်တွေနဲ ့ပဲသက်ဆိုင်တယ် ဆိုလိုတာကတော့ လူရဲ့လုပ်ရပ်နဲ ့ပဲဆိုင်တယ် သစ္စာနဲ ့မဆိုင်ဘူး သစ္စာကိုသိတဲ့လူတွေဖော်စားလိမ့်မယ် မသိသူတွေကျော်သွားလိမ့်မယ် ရှင်ဉာဏကိုတော့ သူ ့ရဲ့လုပ်ရပ်ကိုကြည့်ပြီးပြောလို ့ရရင်ရမယ် ဒါပေမယ့် ရှင်ဉာဏဖော်ထုတ်ခဲ့တဲ့အရိယာ့သစ္စာ တရားကိုတော့ ဘယ်ဉာဏ်ကြီးရှင်ကမှဘယ်တော့မှဖျောက်ဖျက်လို ့ရမှာတော့မဟုတ်ပါဘူး အဲဒါကိုမသိပဲ ထေရဝါဒကို ကာကွယ်မယ်ဆိုပြီး ရေးနေလည်းအလားကားပါပဲဗျာ တရားသစ္စာနဲ ့လုံးဝမဆိုင်ဘူး ရုပ်ဝါဒီဆိုတာကတော့ လုံးဝကိုလွဲနေတယ်ဗျာ့ တစ်ယောက်ယောက်ရဲ့စွပ်စွဲချက်ကိုသေချာလေ့လာခြင်းမရှိပဲ followလိုက်ထားတာသိပ်သိသာနေလို ့ပါ မိုးပြာရဲ့အရိယာ့သစ္စာဟာ ပရမတ္ထသစ္စာမဟုတ်ပါဘူး San Hla Gyi ပြောသလို “အဓိကက သူတို့ ဘယ်နေရာမှာ မှားတာလည်းဆိုတာ မရှင်းနိုင်ရင် ဒီလိုပဲ ဆက်လုပ်နေအုံးမှာပဲ” ဆိုတာအမှန်ပဲ ဗျာ့။ ဒီတော့စာရေးသူအနေနဲ ့မိုးပြာရဲ့အားနည်းချက်ကို သေသေချာချာ အရင်လေ့လာလိုက်ပါဦးနော် အဲဒါကို မလေ့လာပဲနဲ ့တော့ ဒီလိုရေးနေလည်း မြင့်မိုရ်တောင်ကို ဇီးစေ့နဲ ့ပေါက်သလောက်ပဲဖြစ်နေမှာဖြစ်ကြောင်းမေတ္တာရှေ ့ထားအကြံဉာဏ်ပေးလိုက်ရပါသည်။ မည်သူ ့ကိုမှ ရှုံ ့ချသောစိတ်မရှိပါ ဉာဏ်မှီသလောက်အကြံပေးခြင်မျှှသာဖြစ်ပါသည်

  • sandawchain

    August 29, 2012 at 5:33 am

    မိုးပြာဝါဒကိုသေသေချာချာနားလည်အောင် လေ့လာလိုက်စားမိလို ့ဘဝပျက်သွားတဲ့လူများရှိရင်လည်း ဂေဇက်မှာစာရင်းတင်ပေးဖို ့တောင်ဆိုလိုက်ပါသည်

    • ရွှေ ကြည်

      August 29, 2012 at 4:51 pm

      အဲ မိုးပြာဝါဒမှမဟုတ်ပါ ဘယ်ဝါဒကိုပဲလိုက်လိုက်ဘဝမပျက်ပါဘူး။
      ဘာလို့လဲဆိုတော့ဒါဟာစီးပွားရေးလုပ်တာမဟုတ်လို့ပါပဲ။ ဘဝနဲ့ကသတ်သတ်စီပါ။
      အဲလိုထင်ပါကြာင်း 😀

  • MaMa

    August 29, 2012 at 8:22 am

    ကိုကျော်သိန်းရဲ့ ပထမဦးဆုံးပို့စ်ရဲ့ လက်ရာက ကောင်းလွန်းလို့ ချီးကျူးမိပါတယ်။
    ကိုယ်တိုင်တော့ ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုတောင် ဂဃနဏ မသိလို့
    အတွေးအခေါ်အယူအဆတွေ လွဲမှားသွားမှာစိုးရိမ်လို့
    စိတ်ချလက်ချ ယုံကြည်နိုင်မယ့် ဆရာတော်ကြီးတွေရဲ့ စာတွေ၊ တရားတော်တွေကိုပဲ ဖတ်ရှု့လေ့လာပါတယ်။
    တခြားအယူဝါဒတွေကိုတော့ ဆန်းစစ်ဝေဖန်နိုင်စွမ်းအားနည်းလို့ ဘာသာရေးနဲ့ ပတ်သက်တဲ့ပို့စ်တွေကို ရှောင်လေ့ရှိပါတယ်။
    အခုပို့စ်ကတော့ မကြာခဏကွန်မန့်နဲ့ ပြန်တက်လာတာတွေ့လို့ ဝင်ဖတ်မိလိုက်တာ။
    အရေးအသားလည်းကောင်း၊ အကြောင်းအရာလည်း ဆီလျော်လို့ အတော်သဘောကျသွားတယ်။
    (ပြောမယ့်သာ ပြောရတယ်။ သူငယ်တန်းက ဘွဲ့ရတစ်ယောက်ကို တော်သားပဲ လို့ ပြောသလိုများ ဖြစ်နေမလားတော့ မသိ) 😛

  • mggwa

    August 29, 2012 at 10:35 am

    ဟယ် . . . တယ်မိုက်တဲ့ KyawThein။
    နင့်အရေးအသားတွေဟာ ဒီလိုနေရာနဲ့ လားလားမှ မတန် ခပ်ပေါပေါ အငြိမ့်သဘင်လောက်နဲ့ပဲ တန်နေတာ နင်မသိရော့လေးသလား။
    ထောင်တန်တဲ့စကား ရယ်ရင်ပေါ့တယ်ဆိုတဲ့ ပညာရှိစကား
    နင်တယ်နားဝေလှသကိုးကွဲ့။
    “အရူးဗုံမြှောက် ဟိုဟာ ကောက်စား ” ဆိုတဲ့ အဖြစ်ဆိုးဟာ နင်နဲ့ တော့ ကွက်တိဖြစ်နေပြီပဲ။
    ထေရအကြောင်း။ မိုးပြာအကြောင်း နင့်ရဲ့ ရပ်ကွက်ထဲက မိုက်ရူးရဲ (မိုက်မြင်ရင် ရူးရူးမူးမူး) ကွပ်စိတ်ဆရာလို လေသံနဲ့ ရေးသားချက်တွေဟာ ယောမင်းကြီးက မြင်းထိန်းကို လုံချည်တစ်ထည်ပေး နှုက်ပိတ်သလို ငါက သရီးကွာတားဘောင်ဘီတစ်ထည်းပေးပြီး နှုက်ပိတ်ရသေးတာပ။
    ရော့ ယူလေ့ ဘောင်ဘီ။
    နောက်နောင် ထေရအကြောင်း၊ မိုးပြာအကြောင်း နင် ဘုမသိ၊ ဘမသိ သူများမြှောက်ပေးတိုင်း မပြောလေလင့် ငကျော်သိန်း။

  • KyawThein

    August 29, 2012 at 4:31 pm

    ဟုတ်တာပြောမိလို ့ စိတ်ဆိုးသွားလားကုမောင်ဂွ
    လဘ်ထိုးစရာမလိုပါဘူးဗျာ ကျုပ်မှစာမရေးတာ
    မနှစ်သက်တဲ ့အကြောင်းဘဲ ပြောတာပါ ။ နောင်လဲဆွေးနွေးမှာမဟုတ်ပါဘူး
    ကိုယ် ့ သံသရာအရေး ကိုယ်လုပ်ရမှာဖြစ်တဲ ့အတွက် မတူညီတာတွေ မညှိပါဘူးလေ
    ဒေါသလေးနဲနဲလျော ့ပါဦး ။ ဒါနဲ ့ ကိုမောင်ဂွ လည်း ဦးရှင်ကြီးတင်တဲ ့လေသံတွေရသားပဲ

  • San Hla Gyi

    August 29, 2012 at 5:47 pm

    ကိုကျော်သိန်းရေ
    ပထမဆုံး ကိုကျော်သိန်းကို တောင်းပန်ရအုံးမယ်။ ကျနော်ပို့စ် မဟုတ်ပဲ ကျနော်ပြောတာ နည်းနည်းများသွားလို့ပါ။ ကိုကျော်သိန်းရေ သူတို့ကို စိတ်မဆိုးပါနဲ့ဗျ။ အမှန်တော့ ဆွေးနွေးချင်ရင်လဲ ဆွေးနွေးလို့ ရပါတယ်။ ကိုကျော်သိန်း ဒီထဲမှာ ကွန်မန့်လာပေးတဲ့ uzin ဆိုသူရေးတဲ့ ပို့စ်လဲ ဖတ်ဖူးတယ် မဟုတ်လား။ ကိုကျော်သိန်း မှတ်မိပါလိမ့်မယ်။ သံဂါယနာကို ပုတ်ခတ်ရေးလို့ ကျနော် တချက်ချင်း မေးတော့မှ နောက်ဆုံး အင်း အဲ နဲ့ဖြစ်ပြီး သူများတွေ ပြောတာကြားလို့ပါ ဆိုပြီး ဖြစ်သွားတယ်လေ။ အမှန်တော့ ကျနော်က ဒီကိစ္စ ပြောတာက မကျေနပ်တာထက် သူတို့ရဲ့ ဗလောင်းဗလဲ စရိုက်ကို သိစေချင်လို့ပါ။ သူတို့က ဘုရားရှင်နာမည်ကို သုံးပြီး ဆွေးနွေးတယ် ဘာညာပြောပေမယ့် တကယ်တမ်း တချက်ချင်းမေးလို့ မဖြေနိုင်ပဲ ခံရပြီဆိုရင် ကွန်မန့်တွေကို လိုက်နီတာတွေ ဘာတွေလုပ်တတ်တယ်။ ကလေးအတွေးလေး တွေပေါ့ဗျာ။ သူတို့ ဘဝလေးတွေလည်း သနားတော့ သနားစရာပါ ကိုကျော်သိန်းရာ။

  • မိုးချမ်းမြေ့

    August 29, 2012 at 6:36 pm

    တကယ်တမ်းဆိုရရင် mandalaygazette ဆိုတဲ့ ဆိုဒ်တစ်ခု ဝင်မိကတည်းက လွတ်လပ်တဲ့၊ မျှတတဲ့ တွေးခေါ်မျှော်မြင်မှုဆိုင်ရာတွေရယ်၊ ဗဟုသုတအချက်အလက်တွေ များစွာရှိတာရယ်၊
    လိုအပ်ရင် ပူပင်ရတဲ့သောကတွေ ဘေးဖယ်ထားပြီး အေးချမ်းမှုတွေရင်နဲ့ပိုက်ရင်း ငြင်းကြ၊ ခုန်ကြတာရယ်၊ စတဲ့ အချက်တွေနဲ့တင်မက များမြောင်လှတဲ့ ဘဝင်ကျမှုတွေကို ပေးဆပ်နိုင်ခဲ့လို့
    ဝင်လာခဲ့ခြင်းဖြစ်ပါတယ်။
    တစ်ချိူ့သောသူတွေ ပြာသမားများကြောင့် ဒီဆိုဒ်ကနေထွက်သွားတယ်ဆိုတာတော့
    တိတိကျကျမသိရပေမဲ့ ကျွန်တော်ဘက်ကအမြင်ပြောရရင်…ဘယ်သူမဆို…
    လွတ်လပ်တဲ့ အခြေအနေရှိနေပါတယ် ဆိုတာပါပဲ။ ကျွန်တော်ဆိုရင်…အဲဒီ ကိုယ်သိကျွမ်းမှုမရှိသေးတဲ့
    မိုးပြာကြောင့်ပဲ ဆိုဒ်ထဲဝင်လာမိတာပါပဲ။ ကိုယ့်အယူအဆနဲ့ မတူတာတွေ၊ တူတာတွေထက်. ကိုယ်ကြိုက်တာလေး တွေရှိလာရင်မျှဝေလည်း ပေးခဲ့ဘူးပါတယ်။
    သို့သော်လည်း ကျွန်တော်တို့ရဲ့ mandalaygazette ရွာကြီးဟာ မိုးပြာဆိုတာကြောင့် အဲဒီလောက်ထိ ပွဲဆူနေလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ခုလည်း ဆူဆူညံညံ ရှိနေပေမယ့် လူလူချင်းအသိစိတ်မဲ့ သွားလောက်အောင်ထိ ရှိမနေခဲ့ပါဘူး။ အဲဒီတော့ဗျာ ဒီကိစ္စတစ်ခုကို အနိုင်မခံ အရှုံးမပေးဆိုတာထက်
    သာတူညီမျှစွာ နားလည်ပေးမှုအရင်းခံသွားကြဖို့လိုမယ်လို့လည်း ထင်မိပါတယ်။
    မှားပါတယ်ဆိုရင်လည်း…ဘယ်လိုမကောင်းပါတယ်ဆိုတာ ရိုးရိုးသားသားရှင်းပြကြရင်း
    ရိုးရိုးသားသားဆွေးနွေးကြနိုင်ရင်တော့ အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။
    တစ်ဖက်နဲ့တစ်ဖက်က ကိုယ့်အစွဲနဲ့ကိုယ်ဆိုတာကတော့ ရှိနေကြမှာပါ။
    ိသို့သော်လည်းပဲ ကိုယ်စွဲတဲ့တာကိုအမှန်ဖြစ်ဖို့အတွက်မှာက ကြမ်းရမ်းမှုတွေနဲ့ လက်စားချေနေလို့လည်း
    ဖြစ်မှာမဟုတ်ပါဘူးလို့ ထင်တာမိပါတယ်။
    အားလုံးကို လေးစားစွာ ဆန္ဒပြုလျက်….

  • KyawThein

    August 29, 2012 at 7:27 pm

    ကျေးဇူးတင်ပါတယ် ကိုစံလှကြီး ၊ မမနဲ ့ရွှေကြည်
    ကျွန်တော် ့ကိုယ်စားဆွေးနွေးပေးတာကျေးဇူတင်ဝမ်းသာပါတယ်
    ကျွန်တော်နေတဲ ့နေရာက အင်တာနက်ခက်ပါတယ်
    ကျွန်တော်စိတ်မဆိုးပါ ။အကျိုးမရှိ၍၎င်းတို ့နှင် ့မပြောလိုတာပါ

  • Htoo thin

    August 29, 2012 at 8:10 pm

    ခင်ဗျားတိုလြဲတနေနေနဲ့အချိန်တွေကုန်နေတယ် ကိုယ်ယုံကြည်ရာလုပ်ဗျာ မှားလဲကိုယ်ဟာကိုခံရှင်းလား

  • mobile (mandalay)

    December 19, 2012 at 11:24 pm

    ပို့စ်ကို ဖတ်ရှု့အားပေးရုံမက ကွန်မန်းများကိုပါ ဖတ်ရှု့အားပေးသွားပါတယ်ဗျာ
    ဗဟုသုတရကြောင်းပါ။

  • aye.kk

    December 20, 2012 at 10:22 am

    သာဓုသာဓု။
    တကယ်ထုပစ်ချင်ပါသည့်မိုးပြာရေ။(ကာရံအရ)

  • အလင်း ဆက်

    June 19, 2013 at 9:49 am

    ဖတ် ရှု သွားပါကြောင်းး

    ပိုစ့် သာ မက ကွန်မန် ့များက ပါ ဖတ် ရ တာ အရသာ ရှိပါ ကြောင်းးး

  • သျှားသက်မာန်

    June 19, 2013 at 12:39 pm

    ဖတ်ရတာအဆင်ပြေပါတယ်……..မေတ္တာပို့တယ်ဆိုတာ..ကိုယ့်ဘက်ကသူများအပေါ်မကောင်းစိတ်နဲ့ပို့ရင်..ရောင်ပြန်ဟပ်မှာမဟုတ်ပေမယ့်…စိတ်ကောင်းလေးနဲ့ပို့ရင်တော့..တကယ်အစွမ်းထက်တဲ့…ဆေးဝါးပါပဲ..ကိုယ်တွေ့ဖြစ်လို့ပါ။

Leave a Reply