နေတတ်အောင် ကြိုးစားကြည့်ခြင်း
နေတတ်အောင် ကြိုးစားကြည့်ခြင်း
**********************
တစ်ချို့က တစ်ယောက်တည်းဆုိုရင် မနေတတ်ဘူး။ တစ်ချို့က အများနဲ့ဆုို မနေတတ်ဘူး။
တစ်ချို့က တစ်ယောက်တည်းနေလည်း ပြဿနာဖြစ်တယ်။ အများနဲ့နေလည်း ပြဿနာ ဖြစ်တယ်။ ဘယ်မှာ ဘယ်သူနဲ့ နေနေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကုိုယ့်ကုိုယ်ကုို ပြုပြင်မှု၊ ကုိုယ့်စိတ်ကို ဆင်ခြင်မှု အားနည်းလုို့ပဲဖြစ်ပါတယ်။
တကယ်တော့ ဘဝမှာ အထီးကျန်ခြင်း၊ မကျန်ခြင်းဆုိုတာဟာ အမြဲပြောင်းလဲနေတဲ့ လောကဓံ သဘောပဲ ဖြစ်တဲ့အတွက် တစ်ယောက်တည်းရှိနေလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်သလုို၊ အများနဲ့ဆုိုလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
နေတတ်အောင် ကြိုးစားတယ်ဆုိုတာက အပြစ်မဖြစ်အောင် ထိန်းသိမ်းနေထုိုင်းခြင်းပဲ ဖြစ်ပါတယ်။ ကုိုယ့်စိတ်နဲ့ကုိုယ့်ကုို ကုိုယ့်အလုိုအတိုင်း မဖြစ်ခဲ့ရင်လည်း အကုုသုိုလ် မဖြစ်အောင် ကြိုးစားပြီး သတိနဲ့ နေထုိုင်ကြည့်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်း နေတဲ့အခါ ဖြစ်တတ်တဲ့ အကုုသုိုလ် အတွေးအကြံ၊ အပြောအဆုို အလုပ်အကိုင်တွေကုို သတိပြုဆင်ခြင်ကာ မဖြစ်အောင် ကြိုးစားနေထုိုင်ခြင်းမျိုး၊ အများနဲ့နေတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနုိုင်တဲ့ အပြစ်ဖြစ်စရာ အမူအရာတွေမှာ သတိနဲ့ ထိန်းသိမ်းနေထုိုင်ခြင်းမျိုး စတာတွေဟာ အပြစ်ကင်းတဲ့ နေထိုင်ခြင်းမျိုးတွေပဲ ဖြစ်ပါတယ်။
တစ်ယောက်တည်း ရှိနေတဲ့အခါမှာ အထီးကျန်ဆန်တယ်ဆုိုတဲ့ အတွေးမထားဘဲ ကုိုယ့်စိတ်နဲ့ကုိုယ့်ကုိုယ် အပြစ်ကင်းတဲ့ အလုုပ်တွေနဲ့ အချိန်တွေကို ကုုန်လွန်စေကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ အလုုပ်မရှိရင် စိတ်က မကောင်းတဲ့ အရာတွေမှာ ရှာကြံပြီး တွေးတောကြံစည်ကာ မကောင်းတဲ့ အလုုပ်တွေကို လုုပ်မိတဲ့အထိ ဖြစ်တတ်တဲ့အတွက် အဲဒီလုို အခါမျိုးမှာ ကုိုယ့်ကုိုယ်ကုို လုုပ်စရာအလုုပ်တစ်ခုုခုုကုို ရှာပြီး လုုပ်နေနုိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။
ဒီလုိုပါပဲ။ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကုိုယ့်ကြောင့်ပဲဖြစ်ဖြစ်၊ အများကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဖြစ်အောင် နေထုိုင်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အများနဲ့နေလုို့ အများမဟုုတ်တာ ကုိုယ်ကလိုက်လုုပ်ဖုို့ မဟုုတ်ပါဘူး။ အများမဟုုတ်တာလုုပ်နေပေမယ့် ကုိုယ့်က မသိမသာ အပြစ်ကနေ ရှောင်ကြဉ်ပြီး နေထုိုင်နုိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ မဟုုတ်တာလုုပ်တဲ့ သူတွေကြားမှာ ကုိုယ်က မလုုပ်လုို့ အများနဲ့ အန်ဝင်ခွင်ကျ မဖြစ်ဘူးဆုိုရင်လည်း ဒါဟာ စိတ်မှာခံစားရမယ့် အရာတွေ မဟုုတ်ပါဘူး။ ကုိုယ်လုုပ်တဲ့အလုုပ်ဟာ ကုိုယ့်အကျိုးမယုုတ်ဖုို့နဲ့ အများအကျိုး မထိခုိုက်ဖုို့ပဲ ဖြစ်ပါတယ်။
အချုပ်ကြည့်တော့ နေတတ်ထုိုင်တတ်တယ်ဆုိုတာ တစ်ယောက်တည်းနေနေ၊ အများနဲ့ပဲ နေနေ ကုိုယ့်အတွက်လည်း အကျိုးမယုုတ်၊ အများအတွက်လည်း မထိခုိုက်တဲ့ အပြစ်ကင်းတဲ့ နေထုိုင်မှုမျိုးနဲ့ နေထုိုင်ခြင်းမျိုးကုို ဆုိုလုိုတာဖြစ်ပြီး တစ်ယောက်တည်း ရှိနေတဲ့အခါမှာလည်း အပြစ်ကင်းတဲ့ အလုုပ်တွေနဲ့ အထိးမကျန်အောင် နေထုိုင်မှုမျိုး၊ အများနဲ့ ရှိနေတဲ့အခါမှာလည်း ကောင်းတဲ့အရာတွေမှာ လုိုက်လျောညီထွေဖြစ်အောင် ကြိုးစားခြင်း၊ မကောင်းတဲ့အရာတွေမှာ လိမ္မာပါးနပ်စွာ ရှောင်ရှားနုိုင်ခြင်း စတဲ့ အပြစ်ကင်းတဲ့ နေထုိုင်မှုမျိုးကုို ဆုိုလုိုတာ ဖြစ်ပါတယ်။
ဆုိုတော့ကား ပုထုုဇဉ် သဘာဝ အပြောလွယ်သလောက် အလုပ်ကတော့ ခက်တတ်ပါတယ်။ ဒါပေမယ့် ခက်တယ်ဆုိုပြီး ဖြစ်ချင်သလုို လွှတ်ထားလုို့ မရပါဘူး။ လွှတ်ထားရင် လွတ်သွားတတ်ပါတယ်။ သတိကပ်ပြီး ထိန်းနုိုင်သလောက် ထိန်းကြည့်ကြရမှာ ဖြစ်ပါတယ်။ အလေ့အကျင့်များလာရင် စိတ်ဆုိုတာက ထိန်းလုို့ရလာမှာ ဖြစ်ပါတယ်။ အဓိကကတော့ သတိမလွတ်ကြဖုို့ပဲ ဖြစ်ပါတယ်။
မနာပဒါယီ အရှင်ဝိစိတ္တ ရဲ့ဖတ်ဖူးတဲ့စာပေတွေထဲက အဟောအပြော အရေးအသားလေး သဘောကျတာမို့ ပြန်ပြီးမျှဝေလိုက်မိတာပါဗျာ။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
ကိုခင်ခ။
21 comments
jullies cezer
October 12, 2012 at 4:55 pm
မှတ်သားစရာလေးပါ ကိုခင်ခ ။ လူအများနဲ့နေ့လို့မတည့်ခြင်းထက် တစ်ယောက်ထဲနေလို့ အလုုပ်မရှိရင် စိတ်က မကောင်းတာတွေ တွေးတောကြံစည်တယ်ဆိုတာလဲဟုတ်ပါတယ် ဒါကြောင့်ဆရာတော်တပါးက တစ်ယောက်ထဲနေတည့်အောင်နေလို့ မိန့်ခဲ့ဖူးပါတယ် တစ်ယောက်ထဲနေတဲ့အခါမှာ မကျေနပ်သမျှမြိုသိပ်သမျှတွေကို ပြန်လည်တွေးတောဖို့အချိန်ရလို့လို့ပါပဲ
ကိုခင်ခ
October 12, 2012 at 9:05 pm
ဦးဆုံးကွန်မန့်လေးအတွက် jullies cezer ရေ ကျေးဇူးပါဗျာ။
မောင်ပေ
October 12, 2012 at 7:25 pm
ယောက်ျား/အမျိုးသားများအတွက်ကတော့
တစ်ယောက်ထဲလိုလို အမြဲတမ်းနေလို ့ရတယ်ဆိုပေမယ့်
ရံဖန်ရံခါ အဖော်တစ်ယောက်ယောက် ကို အပြင်းအထန်လိုချင်သည့်အခါ….
တော်တော်ဒုက်ခများရပေသည်
( လူပျိုကြီးများအား ရည်စူးလျှက် )
အလင်းဆက်
October 12, 2012 at 8:55 pm
အပြစ်ကင်းတဲ ့ နေထိုင်မှု..ဖြစ်အောင်…
တားတားလည်းကြိုူးစားမယ်နော် ။
ခင်မင်ရသော…
ခခ ရေ…
=============
ချစ်သော…
အလက်ဆင်း
:kwi:
may flowers
October 12, 2012 at 9:08 pm
နေတတ်အောင်ကြိုးစားနေ နေပါတယ် ကိုခင်ခရေ……..ဒါပေမဲ့လည်း ပုထုုဇဉ်ဆိုတော့ ခက်သားလား။
ကိုပေါက်(မန္တလေး)
October 12, 2012 at 9:31 pm
ကိုခရေ
တစ်ခါတစ်ရံအဖော်လိုသလို
တစ်ခါတစ်ရံတော့ တစ်ယောက်ထည်းနေရတာအဆင်ပြေတယ်
အကောင်းဆုံးကတော့ ကို်ယ့်ဘာသာကို်ယ်နေနို်င်တာ ဇာတ်မရှုပ်ဘူးပေါ့
ကိုခင်ခ
October 12, 2012 at 9:53 pm
ကျွန်တော်ကတော့ လူငယ်တုန်းကလည်း အိမ်သိပ်မကပ်ဘဲ လမ်းသလားလိုက် လဖက်ရည်ဆိုင်ထိုင်လိုက်နဲ့ ၊ အလုပ်လုပ်တော့လည်း နေ့ရော ညရော လုပ်ခဲ့တာ ဆိုတော့ တစ်ယောက်ထဲကို မနေဖြစ်ခဲ့တာက များတယ်လေ၊ သူငယ်ချင်း အပေါင်းသင်း ဆိုလည်း ချိန်းလို့ကတော့ရောက်ပြီးသားမို့ အခုအသက်ရွယ်လေးရလာလို့ စာအုပ်တွေ အဖော်ပြုနေရတာ ဒါတောင် အင်တာနက်ကတဆင့် သူငယ်ချင်းတွေဆီ ပြောနေတဲ့ အချိန်ကလည်းရှိနေသေးတာလေ။ အဲဒီတော့ ကိုယ်ဘာသာကိုယ်နေနိုင်ဖို့ကတော့ လွယ်မယ်မထင်သေးဘူးဗျ ကိုပေါက်ရေ။
surmi
October 12, 2012 at 9:40 pm
ခရီးခဏထွက်ရဦးမှာမို ့ လက်လေးပြခဲ ့ဦးမယ်
ပြန်လာရင်တော ့ နေတတ်အောင်ကြိုးစားပါ ့မယ်
လောလောဆယ်ဆယ် တာ ့တာ
ကိုခင်ခ
October 12, 2012 at 9:57 pm
ကိုဆာမိရေ တာ့ တာ ပါဗျာ။ ခရီးစဉ်တလျှောက်လုံး အဆင်ပြေ ဘေးကင်းပါစေနော်။
ကိုခင်ခ
October 12, 2012 at 9:43 pm
ဆရာပေရေ အဖော်တစ်ဦးအမြန်အလိုရှိသည် ဆိုင်းဘုတ်လေး LED နဲ့ လုပ်တောင်ပေး
ရအုံးမှာလားဟင်။
အလက်ဆင်းရေ တားတားလည်းကြိုးစားမယ်ဆိုသလို ကြိုးစားဗျာ၊ အဲဒီစာပေက ဖတ်မိတာ သိပ်မကြာသေးဘူး ဦးဦးလည်းကြိုးစားဖို့ လုပ်နေတုန်းပါ။
မမေရေ ဟုတ်ပါ့ဗျာ လောကလူပြည် အမှု့ပွေလည်း ပွေမှန်းမသိ ယနေ့ကြည့်လော့ ဆိုသလို ပုတုဇဉ်လောက ကလည်း တယ်လည်းရှုပ်သကိုး၊ ဒါပေမယ့်လည်း ဒီထဲမှာဘဲ ဝဲလည်ရင်းနဲ့ပေါ့ဗျာ။ ဖတ်ဖူးတာလေး ကောင်းလို့မျှဝေတာပါ ခင်ခလည်း အခုမှ စကြိုးစားမယ်လို့ တွေးမိတုန်းပါ။
မှောင်ကြီး
October 13, 2012 at 12:33 am
တကယ်လို ့များဘဝဟာခရီးတစ်ခုဆိုရင်တော့ စိတ်ချရမယ့်အဖော်မွန် တစ်ယောက်လောက်တော့ လိုချင်တာပေါ ့။
ကိုခင်ခ
October 13, 2012 at 6:20 am
ကိုမှောင်ကြီးရေ တစ်ခုဘဲပြောရတော့မယ် ရှာပေါ့ဗျာလို့။
အရီးခင်လတ်
October 13, 2012 at 2:39 am
ကိုခင်ခ
နေတတ်အောင် ကြိုးစား နေဖို့ ဆုံးမ စကားလေး က အင်မတန် တန်ဖိုးရှိပါရဲ့။
ကိုခင်ခ စာထဲ ကလိုပါဘဲ။
အားလုံးက အလေ့အကျင့် ရဲ့ နောက်မှာ အသားကျ သွားကြတာပါဘဲ။
အလေ့အကျင့် လုပ်ပေးဖို့ သာလိုတာ။ (တနည်း ခက်နေရတာ )
ကျန်းမာရေး သတိပေး စာလေး တွေ အားလုံး ( ကိုယ် ရော စိတ် အတွက်ပါ) အတွက် ကျေးဇူးပါရှင်။
ဒါထက် တစ်ယောက်ထဲ နေချိန် မရှိသလောက်ဘဲ နေကြမှာ။
အားချိန်ဆို ရွာထဲရောက်ရောက် နေကြမှာမို့။ :harr:
ကိုခင်ခ
October 13, 2012 at 6:27 am
အရီးရေ ဟုတ်ပ မအားလိုက်နဲ့ အားပြီဆိုတာနဲ့ ရွာထဲမှာဘဲဗျ၊ တစ်ယောက်တည်း ရှိနေတဲ့အခါမှာလည်း အပြစ်ကင်းတဲ့ အလုုပ်တွေနဲ့ အထီးမကျန်အောင် နေထုိုင်မှုမျိုး၊
ဆိုတာနဲ့လည်း ကိုက်ညီတာပေါ့ဗျာ။
ကျန်းမာရေး သတိပေး စာလေး တွေ အားလုံး ( ကိုယ် ရော စိတ် အတွက်ပါ) အတွက် ကျေးဇူးပါရှင် ဆိုလာလို့ ကျွန်တော်ကလည်း စိတ်နှစ်ပြီး ဖတ်ရှု့အားပေး ကြတဲ့ အရီးနဲ့ ရွာသူားတွေကိုလည်း ကျေးဇူးပါခင်ဗျ။
uncle gyi
October 13, 2012 at 9:05 am
ဒါတွေကသူ့ရဲ့ငယ်ဘဝပုံရိပ်ကသူ့အပေါ်အများဆုံးမိုးထားတယ်လို့ထင်ပါတယ်
ဒါကြောင့်ဘာဖြစ်ဖြစ်ငယ်စဉ်မှာတရားစခန်းတခုခုမှာရ ရက်တန်သည် ၁ဝရက်တန်သည်
ဝင်ဖူးရင်အကောင်းဆုံးလို့မြင်ပါတယ်
ကျွန်တော်မြင်ဖူးတဲ့အဲလိုကလေးတွေက ကိုခပြောသလိုအံမဝင်တဲ့လူသားတွေမဖြစ်နေလို့ပါ
ကိုခင်ခ
October 13, 2012 at 9:55 am
မှန်ပ uncle gyi ရေ။ မိမိကျင်လည်ထိတွေ့ရာ ဝန်းကျင်ကလည်း အရေးပါမှုမှာ အဓိကကျတယ်လေ။
ကွန်မန့်လေးအတွက် ကျေးဇူပါ။
etone
October 13, 2012 at 10:27 am
တဲ့လား … မှန်လိုက်တာ အန်ကယ်ရေ … သမီးကိုများရေထားလေသလားရယ်လို့ ……… အဟီး
တစ်ခါတစ်လေကျတော့လည်း စိတ်အလိုမကျမှုတွေ၊ စိတ်တိုင်းမကျမှုတွေနဲ့ …… တယောက်တည်းပဲ ဖြစ်ဖြစ် ၊ အများနဲ ့ပဲ ဖြစ်ဖြစ် အဆင်မပြေတတ်ဘူး ။ နေတတ်ဖို့ ကြိုးစားရင်း … အနေမတတ်ဖြစ်ခဲ့ရသူပါ အန်ကယ်ရေ … 🙄
ကြောင်ကြီး
October 13, 2012 at 10:56 am
နေတတ်
နတ်တေ
မက်မပြေ
ခက်ဝေ
ဆက်ဖွေ
ကြက်ဆွေ
ဓာတ်သေ
ဇာတ်ရှည်..။
Novy
October 13, 2012 at 11:07 am
နေတတ်ရင်ကျေနပ်စရာကြီးတဲ့
မကျေနပ်ရင်လည်း နေတတ်အောင်
ကျေနပ်လိုက်ရတာပါပဲရှင်
Shwe Ei
October 13, 2012 at 11:33 am
အန်ကယ်ခရေ ကျမကတော့ တယောက်ထဲနေရတာမကြိုက်ဝူး (ယောက်ကျားယူချင်းကိုမဆိုလိုပါ)။ အပေါင်းအသင်းများများထားတယ်။ ရင်းနှီးခင်မင်ရတဲ့ ဘက်စ်ဖရန့်တွေ ဖြစ်အောင်ကြိုးစားတယ်။ အတတ်နိုင်ဆုံးအဆင်ပြေအောင်နေတယ်။ ကိုယ့်အပေါ်မကောင်းရင် ဥပေက္ခာပြုလိုက်တယ်။ မုန်းနေရင် စိတ်ထဲထားနေရမှာမို့ မမုန်းဝူး။ အပေါင်းအသင်းများ တာ လူမှုကွန်ယက်ကျယ်ပြန့်တာဟာ လူတယောက်အတွက်လိုအပ်တယ်လို့ ခံစားရလို့ပါ။ ကျောင်းတက်တော့ ကျောင်းသွားဖေါ်၊ ကစားဖေါ်၊ အလုပ်လုပ်တော့ လုပ်ဖေါ်ကိုင်ဖက်၊ အိမ်ထောင်ပြုပြန်ရင် အိမ်ထောင်ဖက်၊ တရားအားထုတ်ရမဲ့အရွယ်ကျ ဓမ္မမိတ်ဆွေဆိုပီး ရှိနေတတ်တာမို့ သေတဲ့အချိန်ထိရှိနေအုံးမယ့် မိတ်ဆွေအပေါင်းအသင်း ထားကောင်းပါဂျောင်း
ကိုခင်ခ
October 13, 2012 at 1:35 pm
မအိတုံကိုရည်ရွယ် မရေးမိပါဘူးဗျာ၊ ဖတ်မိတဲ့စာပေလေးရဲ့ အရေးအသား တင်ပြပုံလေးကောင်းလို
မျှဝေမိတာပါ၊ ကျွန်တော်လည်း နေတတ်ဖို့ ကြိုးစားရမှာတွေ ဒီစာလေးဖတ်ပြီး များကသားလို့ သိလာသူ ပါသမီးရေ။
ကိုကြောင်ကြီးရေ ဇာတ်ကဘယ်လောက်ထိ ရှည်မလဲ မပြောနိုင်ဘူးနော့။
ကျေနပ်အောင် နေတတ်ရမယ် ဆိုပေမယ့်၊ အနေမတတ်လို မကျေနပ်ရတာတွေလည်း လူဘဝဆိုတာ ရှိစမြဲပါ မနိုဗွီရေ။
မရွှေမိရေ ကျွန်တော်လည်း တစ်ယောက်ထဲ ငယ်ငယ်ကတည်းက မနေတတ်ခဲ့သလို အပေါင်းအသင်း မိတ်ဆွေတွေကိုလည်း ခုံမင်စွာခင်နေသူပါဗျာ။