Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမသားဘဝ

မိန်းမသားဘဝ
မြန်မာပြည်က မိန်းမသားတို့ဘဝအကြောင်း နည်းနည်းရေးမလား စိတ်ထဲမတင်မကျဖြစ်နေရာကနေ မအိတုန်ရဲ့ ခိုးရာလိုက်ပြေးခြင်းအကြောင်းပို့စ်ကလေးကို ဖတ်မိပြီးတော့ ရေးချင်စိတ်ပေါ်လာတာကို ဝန်ခံပါတယ်ရှင်။ တကယ်တော့ မြန်မာပြည်မှာ မိန်းကလေးတစ်ဦး အိမ်ထောင်ပြုဖို့မလွယ်ပါဘူး။ မိဘနောက်ခံကောင်းတဲ့ မိန်းကလေးတွေ၊ လူနည်းစုဖြစ်တဲ့ လူလတ်တန်းစားမှဆင်းသက်လာတဲ့ မိန်းကလေးတွေသာ အိမ်ထောင်ရေးကိုစဉ်းစားနိုင်ကြပြီး မိမိကိုယ်ကို  တန်ဖိုးထားနိုင်ကြတယ်။ တန်သင့်တဲ့မာန်မာနထားရှိနိုင်ကြတယ်။

မွေးရာပါသဘာဝအားဖြင့် မိန်းကလေးတွေဟာ ချင့်ချင့်ချိန်ချိန်ရှိကြတာကို ကလေးဘဝအရွယ်ကတည်းက ပြသပါတယ်။ မိန်းကလေးတွေဟာ စိတ်ရောခန္ဓာကိုယ်ရော ယောက်ျားလေးတွေထက် ဖွံ့ဖြိုးမြန်ကြပြီး မိန်းကလေးတစ်ဦးဟာ အသက် ၁၅၊ ၁၆ လောက်ဆိုရင်ကို သူတို့မှာသဘာဝကပေးတဲ့ အသိတစ်မျိုးရှိနေကြပါပြီ။ အသက် ၂ဝကျော်ပြီဆိုရင်တော့ သူတို့ဟာ သူတို့ရဲ့အနာဂတ်ကို တွေးတတ်ခေါ်တတ်လာပါပြီ။ မိန်းကလေးတိုင်းလိုလိုဟာ အိမ်ထောင်ရေးအသိရှိတယ် ဆိုရင် ယုံနိုင်ကြမလား။ မိန်းကလေးတိုင်းလိုလိုဟာ အိမ်ထောင်ကောင်းကောင်းကျချင်ကြတယ်။ အရွယ်ရဲ့တန်ဖိုးကို သူတို့သိကြတယ်။ အရွယ်ရှိတုန်း အိမ်ထောင်ပြု၊ မှန်ကန်တဲ့ အိမ်ထောင်တစ်ခုကိုထူထောင်၊ သားသမီးမွေးဖွား၊ သက်ကြီးပိုင်း အတွက် ကြွေးသစ်ချ၊ စတာတွေကိုလုပ်ရမယ်လို့ အသိရှိကြပါတယ်။ မလုပ်နိုင်တော့တဲ့အခါမှသာ အိမ်ထောင်မပြုချင် ဘူးတို့၊ ယောက်ျားမုန်းတယ်တို့ ဖြစ်ကုန်ကြတာပါ။

လိုရင်းရောက်အောင် ကျွန်မရဲ့ကိုယ်ပိုင်ဥပမာတစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်မအိမ်မှာခေါ်ခဲ့ဖူးတဲ့ မိန်းကလေး တွေအကုန်လုံးကို ကျွန်မပြောတဲ့စကားက ”ရည်းစားထားရင်အိမ်ပေါ်ကကြွ” ဆိုတဲ့စကားပါပဲ။ ဒါတရားသလား။  ကျွန်မကိုယ်တိုင်က စိတ်ကျေနပ်စရာကောင်းတဲ့အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး မိန်းမချင်းကိုယ်ချင်းမစာ သူများကျတော့ မယူရဘူးလုပ်တာ လုံးဝမတရားပါဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ သူများကိစ္စ ကူညီရိုင်းပင်းလိုစိတ် မရှိလို့ စောစောစီးစီးခေါင်း ရှောင်တာပါ။ ခေါ်ခဲ့ဖူးတဲ့ မိန်းကလေးတွေဟာ စာသာကောင်းကောင်းမတတ်တာ၊ ချစ်စရာကောင်းတဲ့ မိန်းမမာယာကိုလည်း ကောင်းကောင်းနားလည်ပြီး အိမ်ထောင်ရေးအသိလည်းရှိကြတယ်။ အရွယ်ရှိတုန်း အိမ်ထောင်ကောင်းကောင်းကျဖို့ လိုအပ်တာ၊ ဘဝအတွက်အရေးကြီးတာတွေ အကုန်လုံးနီးပါးကို သဘာဝအတိုင်းသိနေကြတယ်ရှင်။ မိန်းကလေးတိုင်းဟာ ရည်စား ထားနိုင်ဖို့ တော်တော်ကလေးကြိုးစားခဲ့ကြပါတယ်။

ညနေညနေတိုင်ရင် ရွာ့အပျိုများ ရေအိုးကိုယ်စီရွက်လို့ရေခပ်ဆင်းအလာ လူပျိုတွေ ခြင်းလုံးခတ်ရင်းစောင့်ကြတာတွေ ဟိုယခင်ခေတ်ရဲ့ လူပျိုအပျိုအခွင့်အရေးတွေကို ရုပ်ရှင်တွေထဲ စာအုပ်တွေထဲ မြင်ဖူးတွေ့ဖူးကြမှာပါ။ ဒီလိုလုပ်ရပ်အတွက် ဘယ်မိန်းကလေးမှ အထင်သေးခံရမယ် အစော်ကားခံရမယ်မထင်ပါဘူး။ ဒီခေတ်မှာတော့ ဒီလိုပုံမဟုတ်တော့ဘူး။ ညနေညနေတိုင်ရင် မိန်းကလေးတွေဟာ ဖြီးလိမ်းပြင်ဆင်ပြီး စက်ဘီးကိုယ်စီနဲ့ အင်တာနက်ဆိုင်ကိုချီတက်ကြပါတယ်။ ပြီးတော့ ချက်တင်းဝင်ကြပါတယ်။ သူတို့တွေဟာ လုံးဝဂိမ်းမဆော့ဘူး။ သူတို့လုပ်စရာရှိတာကိုပဲ စိုက်လိုက်မတ်လိုက် လုပ်ပါတယ်။ ချက်တင်းဝင်ပြီး ရည်းစားရှာတာပါ။ တစ်ဖက်ယောက်ျားလေးတွေက တောင်းဆိုမှုတွေလုပ်တဲ့အခါ မိန်းကလေးတွေခမျာ မိမိကိုယ်ကိုထိန်းသိမ်းလိုမှုနဲ့ စွန့်စားလိုမှုအကြား ဗျာများသွားကြရတယ်။ အသက်ပိုရတဲ့ မိန်းကလေးတွေက ပိုပြီး အလျင်စလိုနိုင်ကြတယ်။ ယောက်ျားလေးတွေကတော့ ကြောင်ကကြွက်ကိုဆော့သလိုဆော့တယ်။ ဒါတွေ ကျွန်မ ဘယ်လိုသိလဲဆိုတော့ ဈေးထဲကမိန်းကလေးတွေအတွက် ကျွန်မ အကောင့်လုပ်ပေးခဲ့လို့ပါပဲ။ သူတို့ဟာ အကောင့်ကို ပါ့စ်ဝါဒ်ပြောင်းသုံးဖို့ စိတ်ကူးမရှိကြဘူး။ လုပ်ဖို့လည်း အချိန်မရကြဘူး။ ကျွန်မ အားတဲ့အခါ အကောင့်တွေကို လူနဲ့နာမည်နဲ့တွဲပြီးမသိပေမယ့် ဖွင့်ဖတ်ကြည့်တဲ့အခါ မိန်းကလေးတိုင်းလိုလိုဟာ တော်တော်ကို ပိုးစိုးပက်စက် စော်ကားမော်ကား အပြောခံထားရတယ်ဆိုတာပါပဲ။ ကျွန်မလုပ်ရပ်က သိက္ခာသိပ်မရှိပေမယ့် ကိစ္စတစ်ခုကို ခြေခြေမြစ်မြစ် သိလာစေပါတယ်။ ဟိုယခင်ခေတ်တုန်းက ရေခပ်ဆင်းတဲ့သဘောသွားနဲ့ ဘာမှမကွာတဲ့လုပ်ရပ်အတွက် ဒီခေတ်မိန်းကလေး မှာ ဘာဖြစ်လို့ အထင်သေးခံရတာပါလဲ။

ပြီးတော့တစ်ခါ ဒီခေတ်မှာအဝတ်အစား အလှအပအသုံးအဆောင်ပစ္စည်းတွေ ပေါချင်းသောချင်းဖြစ်နေတယ်။ ဈေးပေါ တာမဟုတ်၊ ကုန်ပစ္စည်းပေါတာကိုပြောတာပါ။ မိန်းကလေးတွေဟာ ရည်စားရှာရေးအတွက် ဒါတွေကို အပြိုင်အဆိုင် သုံးစွဲကြရတယ်။ မသုံးတဲ့မိန်းကလေးကို ဉာဏ်ပိုရှိတယ်ခေါ်လို့ရပေမယ့် ဒါတွေသုံးစွဲတာကိုလည်း အပြစ်တင်လို့ သိပ်မရပါဘူး။ ဒါတွေသုံးပြန်ရင်လည်း မိန်းကလေးတွေ ထတယ်၊ ရွတယ်၊ လင်ဖမ်းနေတာ၊ စသဖြင့် အမျိုးစုံအပြောခံ ရပါတယ်။ အရွယ်ရှိတုန်း ချစ်သူတစ်ယောက်အရဖမ်းရမယ်လို့ အတွင်းစိတ်ထဲမှာသိနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်နည်းလမ်းမဆို သုံးမိမှာပါ။ ဒီခေတ်ရဲ့အမြင်တစ်ခုလုံးလုံးကိုက မိန်းကလေးတစ်ယောက်ရဲ့ အိမ်ထောင်ပြုချင်တဲ့ ဆန္ဒကို အမှန်အတိုင်းမမြင်ဘဲ အပေါစားအဖြစ်သတ်မှတ်လိုက်တာ များပါတယ်။ ရန်ကုန်က ငွေရှိပညာတတ် မိဘနောက်ခံကောင်းတဲ့ မိန်းကလေးအနည်းစုကို ကျွန်မ မရည်ရွယ်ပါဘူး။ သာမန်လူတန်းစား ဈေးထဲကမိန်းကလေးတွေ၊ အထည်ချုပ်စက်ရုံလို စက်ရုံမျိုး၊ ဆေးလိပ်ခုံလိုမျိုးက ကာယလုပ်သားမိန်းကလေးအများစုကို ကျွန်မရည်ရွယ်ပြီးပြောတာပါ။ သူတို့တွေဟာ ကြီးကြီးကျယ်ကျယ်လည်း သိပ်မတွေးတတ်ပါဘူး။ ယောက်ျားကိုခိုင်းစားဖို့ စိတ်ကူးမျိုးမရှိဘဲ ဒိုးတူဘောင်ဖက်လုပ်ကိုင်စားဖို့ အသင့်ပါပဲ။ အမဲဖမ်းဖို့ဆိုတာထက် မိမိဘဝရှေ့ရေးအတွက် အိမ်ထောင်ရေးအသိက အများကြီးပိုပါတယ်။ အထဆုံးအရွဆုံးလို့စိတ်ထဲထင်မိတဲ့ မိန်းကလေးတစ်ယောက်လောက်နဲ့ မိန်းမချင်းချင်း အတွင်းစကားပြောမိဖူးသူတိုင်း ဒီအချက်ကိုသိကြမှာပါ။ အပေါ်ယံအမြင်မှာ မိန်းကလေးတွေ ပေါ့ပျက်ပျက်နဲ့ လင်ရှာ နေကြတယ်လို့ ထင်မိပေမယ့် သူတို့အားလုံးနီးပါးမှာ အိမ်ထောင်ရေးအသိရှိနေကြပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား လေးတွေကတော့ လက်တည့်စမ်းလိုစိတ်သာအားသာနေပြီး အိမ်ထောင်ပြူဖို့ကိုများ ယောင်လို့တောင်မတွေးတတ်ကြသေး ပါဘူး။

သာမန်မိန်းကလေးတွေအတွက် သင့်တော်ထဲ့ယောက်ျားကလည်း ရှားပါးလို့နေပြန်တယ်။ အဖိုးကြီးနဲ့ ကလေးတွေသာ များပြားနေပြီး တကယ်တမ်းမှာ လူအချိုးအစားမညီပါဘူး။ တက္ကသိုလ်တွေမှာ ကြည့်လိုက်ရင် မိန်းကလေးများပြီး ယောက်ျားလေး နည်းနေတယ်။ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးနှစ်ယောက်အပြိုင်လုရတဲ့ ဇာတ်လမ်းတွေပဲ ကြားနေရတယ်။ အိမ်ထောင်ပြုတဲ့အရွယ် ယောက်ျားတွေ ဘယ်ရောက်ကုန်သလဲ စဉ်းစားစရာတောင် ကောင်းနေပါပြီ။ လူဦးရေစာရင်းဇယားမရှိတော့ ဒီအကြောင်းကျွန်မ သေသေချာချာ မပြောနိုင်ပေမယ့် ယေဘုယျသဘောအားဖြင့်မှာ ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးနှစ်ယောက်ပြိုင်လုရတာက ပိုများပါတယ်။

ဒီလိုနဲ့ သာမန် လက်လုပ်လက်စားမိန်းကလေးတွေဟာ ရည်စားတစ်ယောက်ကို အပြိုင်အဆိုင်အနိုင်ကြဲပြီး ရလာပြီဆိုရင် လက်ထပ်နိုင်ဖို့ကို သေကောင်ပေါင်းလဲကြိုးပမ်းရပြန်ပါတယ်။ ဟိုယခင်ခေတ်တုန်းက အိမ်ထောင်တစ်ခုထူထောင်ဖို့ ကုန်ဈေးနှုန်းပြသနာသိပ်မကြီးပါဘူး။ အိမ်ခြံဝိုင်းလေးတစ်ဝိုင်းတော့ အချိန်တန်ရင် ဖြစ်လာကြတာပါပဲ။ ဒီခေတ်မှာတော့ ရန်ကုန်လည်း ရန်ကုန်အလျောက်၊ နယ်မြို့လေးတွေမှာလည်း ဈေးကမသေးဘူး။ အိမ်ခန်းလေးတစ်ခုဖြစ်တည်လာဖို့တောင် မလွယ်တဲ့အပြင် တခြားစားဝတ်နေရေးစိန်ခေါ်မှုတွေ၊ မိဘ အိမ်ပေါ်ကို လူပိုတစ်ယောက်ခေါ်တင်ဖို့ မဖြစ်နိုင်တော့တာတွေ၊ ဒါတွေကြောင့် ရည်းစားရှိပြီးသားမိန်းကလေးတွေထဲ တချိုု့က အရွယ်လွန်မှပဲ တင့်တောင့်တင့်တယ် ယူနိုင်ကြသလို တချို့ကတော့ အတူနေဘဝကို အချိန်အတိုင်းအတာအထိ ကုန်လွန်စေခဲ့ပြီး လမ်းခွဲကြရတယ်။ အိမ်ထောင်မကျတဲ့ မိန်းကလေးကတော့ ပိုများပါတယ်။ အနည်းဆုံးအရေအတွက်ကသာ အိမ်ထောင်ကောင်းကောင်းထူထောင်နိုင်ကြပါတယ်။

လူလတ်တန်းစားမိန်းကလေးများမှာတော့ ကိုယ့်မိဘကိုယ်ပိုင်တဲ့သဘောမျိုးရှိတာကြောင့် ခိုးရာလိုက်ပြေးခြင်းအားဖြင့် ပြဿနာကို ဖြတ်လမ်းနည်းသုံးပြီး ဖြေရှင်းနိုင်ပါတယ်။  ဆင်းရဲသားမိသားစုထဲက မိန်းကလေးတစ်ယောက် ခိုးရာလိုက် ပြေးမယ်ဆိုရင် သူ့မိဘတွေထတောင်ကြည့်မှာမဟုတ်၊ အချိန်တန်တော့ ကိုယ့်အိမ်ကိုယ်ကုပ်ကုပ်လေးပြန်လာရမှာပါ။ ဒါကြောင့် ခိုးရာလိုက်ပြေးတာဟာလည်း အခွင့်ထူးခံမိန်းကလေးတစ်ချို့အတွက်သာ ဖြစ်နေပါတယ်။ နှစ်ဖက်မိဘကို ငဲ့ကွက်လွန်းတဲ့စုံတွဲတွေမှာတော့ ကိုယ့်အိမ်ကိုယ့်ယာထူထောင်နိုင်ဖို့ အချိန်မနည်းမနောယူပြီး ကြိုးစားကြပါတယ်။ အဲဒီ အခါ ပညာတတ်မိန်းကလေးတွေကတော့ အချိန်မီဖြစ်လာနိုင်ပေမယ့် သာမန်မိန်းကလေးတွေအတွက်ကတော့ လက်ထပ် နိုင်ကြတဲ့အချိန်မှာ သိပ်ကိုအရွယ်နှောင်းသွားတာ ကြုံကြရမှာပါ။ သက်ကြီးကိုယ်ဝန်ဆောင်တာ ဘယ်လောက်ဒုက္ခများ သလဲ ကိုယ်တွေ့ကြုံရင်သိမှာပါ။

မိန်းကလေးတွေ မှန်ကန်စွာအိမ်ထောင်ပြုဖို့အရေးဟာ တနေ့တခြားကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်လာနေပါပြီ။ ဒါဆိုရင် မြန်မာပြည်မှာ လူဦးရေဒင်းကြမ်းဖြစ်နေတာ ဘာကြောင့်လဲလို့မေးခွန်းထုတ်စရာရှိပါတယ်။ မြန်မာပြည်လူဦးရေ သန်း ၆ဝနီးပါးရှိတယ်လို့ဆိုထားပါတယ်။ လူဦးရေဒင်းကြမ်းဖြစ်နေတာ၊ ကလေးအသေအပျောက်မထိမ်းချုပ်နိုင်တာဟာ မှန်ကန် တဲ့ အိမ်ထောင်ပြုမှု မဟုတ်လို့ပါပဲ။ တောနယ်မှာ မိန်းကလေးတွေ ၁၄နှစ်ဆိုအိမ်ထောင်ကျပြီ။ လယ်ကွင်းထဲလှဲလိုက်ရုံ လွယ်လွန်းတာကြောင့်ရော၊ ကလေးသာသာဆိုတော့ ဘာမှနားမလည်ကြတာကြောင့်ရော၊ ဆင်းရဲသားမိသားစုတွေ ကလေး တပြွတ်ပြွတ်မွေးတာကြောင့်ရော၊ တခြားကျွန်မ မသိသေးတဲ့အကြောင်းများကြောင့်ရော၊ အများကြီးဖြစ်နိုင်ပါတယ်။ တိုင်းပြည် နဲ့ချီတဲ့အကြောင်းများကို ကျွန်မ ဉာဏ်မမီပါဘူး။ ကျွန်မ လက်ငင်းကြုံနေရတဲ့ အဖြစ်ကလေးများကတော့ သာမန်လက်လုပ်လက်စား မိန်းကလေးများကို ကိုယ်စားပြုနိုင်မယ်ထင်လို့ ဒီပို့စ်ကလေးကို ရေးတင်ပါတယ်ရှင်။

65 comments

  • အရီးခင်လတ်

    October 15, 2012 at 4:31 pm

    သူကြီး ရဲ့ အချက်အလက်တွေ နဲ့ တစ်နေရာရာ မှာ တော့ လွဲ နေပြီ။
    Source အတူတူ ဘဲ နော် သူကြီးမင်း။ 😉

    The Best and Worst Places for Women (၂၀၁၁ စစ်တမ်း)
    http://www.thedailybeast.com/articles/2011/09/20/best-and-worst-countries-for-women-the-full-list.html
    1, Iceland
    2, Sweden
    3, Canada
    4, Denmark
    5, Finland
    6, Switzerland
    7, Norway
    8, United States of America
    Overall score (out of 100): 89.8
    Justice: 82.9
    Health: 92.8
    Education: 97.3
    Economics: 83.9
    Politics: 68.6

    9, Australia
    Overall score (out of 100): 88.2
    Justice: 80.7
    Health: 93.3
    Education: 93.9
    Economics: 85.3
    Politics: 65.1

    10, Netherlands
    11, New Zealand
    12, France
    13, Luxembourg
    14, Portugal
    15, Republic of Macedonia
    16, Republic of Moldova
    17, Philippines
    18, Belgium
    19, United Kingdom
    Overall score (out of 100): 85.0
    Justice: 79.5
    Health: 91.7
    Education: 95.9
    Economics: 81.6
    Politics: 57.0

    87, Japan
    Overall score (out of 100): 68.0
    Justice: 73.5
    Health: 85.8
    Education: 88.3
    Economics: 69.7
    Politics: 26.9

    91, Myanmar
    Overall score (out of 100): 66.5
    Justice: 67.9
    Health: 49.5
    Education: 94.0
    Economics: 87.9
    Politics: 7.5

    https://en.wikipedia.org/wiki/File:Women_status_world_map_2011.png

    တွေ့လား။ မြန်မာ က မိန်းမတွေဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံ က မိန်းမတွေ ထက်တောင် စီးပွါးရေးမှာ နေရာရပါတယ် ရှင်။

    မြန်မာ Economics: 87.9
    Australia – Economics: 85.3
    United States of America – Economics: 83.9
    United Kingdom – Economics: 81.6
    ဂျပန် Economics: 69.7

    မြန်မာပြည်မှာ Business Women တွေ အများကြီး။
    ရွာသူတွေထဲ မှာ မပဒုမ္မာ၊ မမ၊ ဆူး တို့ ရှေ့ဆုံးက။

    Education မှာ လဲ မြန်မာအမျိုးသမီး တွေက ဂျပန်အမျိုးသမီး တွေ ရဲ့ အပေါ်မှာ။
    မြန်မာ Education: 94.0
    ဂျပန် Education: 88.3
    (ဒါလဲ ကျွန်မ လက်တွေ့နော်)

    အဲဒီ စစ်တမ်း အရတော့ အဓိက အားနည်းပြီး ဖိနှိပ် ခံ ထားရတာ Politics မှာပါဘဲ။
    မြန်မာပြည်မှာ Politics က တော့ မိန်းမ တွေ မှ မဟုတ် ယောကျာင်္းတွေ လဲ အစိမ်းရောင် မဝတ် ရင် အနှိမ်ခံ ရတာဘဲ မဟုတ်လား။

    Justice နဲ့ Health ကရော အစိုးရ အသုံးမကျ အုပ်ချုပ်မှု ညံ့လို့ တပြည်လုံး ကျားမ မရွေး၊ ကလေး လူကြီး မရွေး နိမ့်ကျ နေရတာ။
    မိန်းမ ချည်းသာမဟုတ်။

    အချက်အလက် ကို overall မကြည့်ဘဲ တစ်ချက်ချင်း ယှဉ် လိုက်ရင် အစိုးရကောင်းလို့ ကတော့ မြန်မာပြည်ကမိန်းမ တွေ အခွင့်အရေးရတာ ကမ္ဘာ့ ထိပ်တန်း ရောက်မှာ အသေအချာဘဲ။

    ဒီတော့ ကျွန်မ လက်တွေ့ မှာ တောမှာ နေခဲ့တဲ့ အဖွား တို့လဲ အိမ်မှာ နေရာရပါတယ်။
    နယ်မှာ လဲ မိန်းမတွေ ကျောင်းတက်ခွင့်၊ အလုပ်လုပ်ခွင့် ရပါတယ်။
    သမိုင်း အစဉ်အဆက် မှာ သူများနိုင်ငံတွေ လို မိန်းမ တွေ မဲ မပေးခဲ့ရတာလဲ မရှိ၊ ကျောင်းနေခွင့် မရတာလဲ မရှိ၊ ခလေး ဘယ်နှစ်ယောက်ဘဲ ယူရမယ်လို့ တားမြစ်တာလဲ မရှိ။ လင် ရဲ့ အမွေ ဆက်ခံခွင့် ကိုလဲ ပိတ်ထားတာ မရှိ၊ တိုင်းပြည်မှာ Rape and sexual violence လဲ အတော်နဲ ပါတယ်။
    တစ်ခု ဘဲ ရှိတယ်။
    ကျွန်မ တို့ မြန်မာ မိန်းမ တွေ ဟာ အခွင့်အရေး ကို အသုံးမချကြဘဲ ယောကျာင်္း ကို မှီခို ဖို့ စိတ်မွေးတာ များတာလဲ ဖြစ်မယ်။
    အိမ်ထောင်ရှင်မ မိခင်ကောင်း ဆိုတဲ့ ဘွဲ့ အတွက် ကိုယ့်ဘဝ ကို အိမ်မှာ ဘဲ တိတ်တိတ်လေး မြှုပ် လိုက်ကြတာ ဖြစ်မယ်။

    ဒီတော့ ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြု သီချင်း လေးလိုဘဲ။
    အမျိုးသမီးတွေ ရှေ့ထွက် လို့ ဆိုချင်ပါရဲ့။ :hee:

    သူကြီး
    ရှင် ရှုံးပြီနော်။
    ဝန်ခံပါ။
    :harr:

    • အရီးရေ..
      သမီးကတော့ ကိုရီးယားကားတွေကြည့်ရင်းကြည့်ရင်းနဲ့ သမီးတို့ မြန်မာမိန်းကလေးတွေရဲ့ အခွင့်အရေးတွေကို ပိုပြီး သိလာတယ်။ မိန်းကလေးကိုတန်ဖိုးထားတာ၊ မိန်းကလေးအတွက် လုပ်ပိုင်ခွင့်အပြည့်ရတာ၊ အခွင့်အရေးအများဆုံးရတာ၊ ယောက်ျားသေရင် မိန်းမက ပိုင်ဆိုင်ခွင့်အပြည့်ရတာ၊ ကလေးတွေကို အုပ်ထိန်းပိုင်ခွင့်ရှိတာ…စတာတွေက မြန်မာနိုင်ငံတစ်ခုတည်းမှာလားလို့တောင် ထင်မိပါတယ်။ ဖြစ်နိုင်ရင် အရီးဆီက ကိန်းဂဏန်းတွေ ရမယ်လို့ မျှော်လင့်မိပါတယ်။

    • kai

      October 15, 2012 at 11:26 pm

      အချက်အလက်တွေကို.. ကိုယ်သိတာလေးပါထည့်.. အိုဗာအော.. တခုလုံးခြုံကြည့်ရတယ်လေ.. အရီးလတ်ရဲ့..။

      စီးပွားရေးပိုင်း မိန်းမတွေနေရာရတာက.. ယောက်ျားတွေက.. အလုပ်မလုပ်ပဲ.. သာသနာ့ဘောင်ခိုလှုံကြတာကိုး..။
      အလုပ်မလုပ်ကြမှတော့.. ထိုင်စားလို့ရအောင်. အဲ.. ကုန်ထုတ်လုပ်မှုလေးလည်းရှိအောင်..
      အဲလိုပဲ.. မိန်းမတွေ ညာခိုင်းထားရသပေါ့..။

      ကွိ..ကွိ.. :kwi:

      • အရီးခင်လတ်

        October 16, 2012 at 3:51 am

        သိနေတယ်လေ။ သိနေတယ်။
        ဒီလို ပြောတော့မယ် ဆိုတာ။
        ဒါကြောင့် ဒီ အကွက်ကို ချန်ပေးလိုက်တာ သူကြီးမင်းရဲ့။ 😉

  • garuda

    October 15, 2012 at 7:27 pm

    အဲဗျာ…ရွာထဲက အမျိုးသမီးများတော့ အထင်သေးရဲတော့ဘူး..တစ်ယောက်တစ်မျိုး..ဗဟုသုတကအစ အတွေးအခေါ်ကအဆုံး…စုံစီနဖာ..ကျွန်တော်တောင်..ဝင်မန့်မလို့စဉ်းစားနေတာ..ရေပက်မဝင်ကွန်မန့်တွေဖတ်နေရတာနဲ့..ဘာမန့်ရမှန်းတောင်မသိတော့ဘူး..
    ဒါပေမဲ့.. ကောင်းပါတယ်..ကိုယ်မသိတာတွေ သိရတယ်ဆိုတော့.. ဒီအတိုင်းလေးပဲနေတော့မယ် 🙂

    • garuda

      October 16, 2012 at 6:52 pm

      အောင်မလေး..အနီတွေ တက်လာပါပကော့။ ဟောဒီက အမိုက်အမဲလေး အပြောမတတ်တဲ့ အတွက်တောင်းပန်ပါတယ်ဗျာ။ ဆိုလိုရင်းက..(မြန်မာ)အမျိုးသမီးများ အမျိုးမျိုးသော အတွေးအခေါ် ဗဟုသုတများ ကောင်းကြလို့..ကျွန်တော်မျိုးရဲ့ နုံ့နဲလှသော ဉာဏ်ရည်နဲ့
      မလိုက်နိုင်သေးတဲ့ အတွက် မန့်မနေတော့ဘဲ…ဖတ်ရှုလေ့လာခြင်း အမှုကိုသာ ပြုနေအုံးမည်ဟု
      ပြောကြားခြင်းသာဖြစ်ကြောင်း၊ မကောင်းပြောဆိုခြင်းမဟုတ်ပါကြောင်း နှင့် ခွင့်လွှတ်တော်မူကြပါရန်။။။။။
      တစ်ခုတော့ပြောပါရစေ ဦးဦးပါလေရာ ပို့စ် ကိုပါ ဖတ်ကြည့်မိသောအခါ၊ ပို့စ်၂ခုလုံး တွင်
      မိန်းမများက လေးလေးနက်နက် စဉ်းစားပြီး အခြေအတင်မန့် သလောက်
      ယောကျာင်္းများက(တစ်ချို့မှလွဲ၍) လေးနက်ခြင်းမရှိပဲ အပေါ်ယံ အပျော်သက်သက် ဆွေးနွေးနေ
      သည်ဟု ထင်မိသည်။ ဤသည်ကား အမျိုးသမီးများ အနေဖြင့် သတိပြုရမည့်
      အချက်တစ်ချက် ဟုထင်ပါသည်။ 🙂

  • အရီးခင်လတ်

    October 16, 2012 at 3:50 am

    မပြုံး ကို ခေါင်းကိုက်အောင် မှတ်ချက်ပေးပြန်ပြီ။ :hee:

    ကိုယ့်စိတ်ထဲ ကိုယ်ရှိတာ ပြောတာ ကောင်းပါတယ် မပြုံးရယ်။
    ပြောသာပြောပါ။
    ဒီလိုမှ ကျွန်မ တို့ လဲ မှားတွေးမိနေတာ ရှိရင်လဲ ပြင်နိုင်မယ်။
    မမှား ဘူးထင်တာ ကိုလဲ ကိုယ့်အမြင်ကနေ ပြန်ဆွေးနွေးပေးနိုင်ကြတာပေါ့။

    အခု ကျွန်မ ထပ်ဆွေးနွေးချင်တာက ယူကေ မှာ ရှိတဲ့ single mother တွေအကြောင်းပါ။
    single mother ဖြစ်တဲ့သူ အများစု ဟာ ဖြစ်ချင်လို့ ဖြစ်နေကြတယ်လို့ မထင်ပါဘူး။
    ဖြစ်နိုင်ရင် သူတို့လဲ သူတို့ကို တန်ဖိုးထားတဲ့ ယောကျာင်္းရဲ့ “Will you be my wife?”
    “Will you marry me?” ကို “Yes” လို့ ပြောချင်ကြမှာပါ။
    သားသမီးလေးတွေ နဲ့ သိုက်သိုက်ဝန်းဝန်း နွေးထွေးတဲ့ မိသားစုဘဝ လေးကို ပိုင်ဆိုင်ချင်ကြမှာပါ။
    ဒါပေမဲ့ သူတို့ ကြုံခဲ့တဲ့ ယောကျာင်္းတွေဟာ သူတို့ ကို အပျော်တွဲသွားတာလဲ ဖြစ်မယ်၊ Living together နေပြီးမှ စိတ်ချင်းမတူဘဲ ထားသွားတာလဲ ဖြစ်မယ်။
    ဒါနဲ့ သူတို့ကလဲ တစ်ယောက်နဲ့ ကွဲ၊ နောက် တစ်ယောက်နဲ့ ထပ်တွဲ၊ ကလေးထပ်ရ၊ ထပ်ကွဲ၊ သံသရာ လည်နေတတ်ပါတယ်။
    သူတို့ကို တန်ဖိုးထား ပြီး လက်ထပ်လိုက် သူတွေလဲ ရှိပါတယ်။

    ဒီမှာက single mother ဆိုရင် အလုပ်မလုပ် ဘဲ နေလို့ ရပါတယ်။
    ကလေးတွေ များရင်များသလို အစိုးရ က ထောက်ပံ့ပေးတာမို့ ကလေးတွေ နေစရာ မရှိမှာ၊ စားစရာမရှိကို ပူစရာမလိုတဲ့အပြင် ၉တန်း အထိ ကျောင်းလဲ အလကားတက် နိုင်တော့ အဲဒီ single mother မှာ ဘာတာဝန်မှ မရှိပါဘူး။ ကလေး ဆိုတာကလဲ သူ့ဟာသူ လွှတ်ထားပေးရင် လွှတ်ထားပေးသလို ပျော်တာဘဲကိုး။
    အားလုံး ကို ခြုံမပြောနိုင်ပေမဲ့ ဆင်းရဲပြီး ဖြစ်သလိုနေတဲ့ single mother တွေရဲ့ သားသမီးလေးတွေဟာ သနားဖို့ကောင်းပါတယ်။
    သူတို့မှာ စိတ်ဓာတ်ရေးရာ မလုံခြုံနိုင်ကြပါဘူး။
    အရက်ဆိုင်ကနေ အမေ ခေါ်လာတဲ့ ယောကျာင်္း က သူတို့ကိုလဲ စိတ်ဒုက္ခ ပေးနိုင်ပါတယ်။
    ဒီလို မိန်းကလေး ကို အချောင်နှိုက်ချင်တဲ့ ယောကျာင်္းဟာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ မလွယ်ပါဘူး။
    ကြင်နာစာနာစိတ် ရှိဖို့မလွယ်ပါဘူး။ တစ်ကိုယ်ကောင်းစိတ် များတတ်ပါတယ်။
    အဲဒီလို ပါတ်ဝန်းကျင်မှာ ကြီးလာတဲ့ ကလေးတွေ ဟာလဲ ဒီလို ပုံစံ နဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဖြစ်သွားကြပါတယ်။ သူတို့မှာ အနာဂါတ်အတွက် ဘာမှမရှိ/မတွေးဘူး။

    တကယ်တော့ ကျွန်မ တို့က မိန်းကလေး တွေ ဒီလို single mother ဘဝ မျိုး မရောက်အောင် ဖြစ်နိုင်သ၍ စဉ်းစားတတ်အောင် သင်ကြားပေးဖို့လိုပါတယ်။
    မြန်မာပြည်မှာ မှ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့ ကိုပါ။
    ဒါမှ တိုင်းပြည်အတွက် အမှန် အားထားရတဲ့ မျိုးဆက်တွေ ရမှာပါ။
    ကံအကြောင်းမလှလို့ single mother ဖြစ်ခဲ့ရင်လဲ နှိမ်ပြီးခွဲခြား ဆက်ဆံ မဲ့အစား စိတ်ဓာတ်ရေးရာ ခိုင်မာအောင် ပံ့ပိုးပေးကြရမှာပါ။
    single mother မဖြစ်ကြအောင်လဲ ကိုယ့်ကိုယ်ကို တန်ဖိုးထား နိုင်အောင် ငယ်ကထဲ က အသိပညာ ပေးသင့်ပါတယ်။
    မြန်မာပြည်မှာ က အစိုးရ ကလဲ ထောက်ပံ့မှာ မဟုတ်တော့ ကလေးတွေ ပိုပြီး ဒုက္ခရောက်ဖို့များပါတယ်။

    Living together ကတော့ (ဆရာမ) ဂျူး ရဲ့ အမှတ်တရ ထဲမှာ ပွဲဆူ ခဲ့တာဘဲ။
    စုစုထွေး နဲ့ ညအိပ် ညနေ စာအတူ ကျက်ဖော် ရဲ့
    ” မောင် နဲ့ ချစ် နဲ့ တကဲ့ လင်မယား လိုမှ မနေခဲ့တာ။ ချစ်က အခုထိ အပျို၊ ချစ်ကို မောင် အမြဲ ညှာခဲ့တယ်လေ ”
    ဆိုတဲ့ စကား နဲ့ဘဲ အမှတ်တရ ဆိုတာဟာ တဏှာကင်းနေခဲ့ပါတယ်။

    အပြင်မှာ ရော ဒီလောက် ရိုးစင်း နိုင်ပါ့မလား။
    နိုင်ငံခြားမှာ living together ဆိုတာဟာ ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်ချိန် မိဘ များ ထံက ခွဲထွက်ပြီး sex အတွက် ထက်ပိုသာတဲ့ တစ်ဦးကို တစ်ဦး ဖေးမဖို့၊ ဝမ်းသာ/ဝမ်းနည်း မျှနိုင်ဖို့ အတွက် အဖော်လုပ်ကြတာပါ။
    ဒီလို နေခြင်း အတွက် မိဘ၊ ပါတ်ဝန်းကျင် ကနေ နားလည်မှု ရှိတာ သူတို့ ယဉ်ကျေးမှုပါ။
    လက်ထပ် တာကတော့ ပစ္စည်း၊ ငွေကြေး ပိုင်ဆိုင်မှု တွေ နဲ့ ရှုပ်လာလို့ တစ်ချို့လဲ ဒီ အတိုင်း ပါတနာ တွေ အဖြစ် နေနေတာလဲ ရှိပါတယ်။
    အဲဒီ လို ပါတနာ ဘဝ က နေ ယောကျာင်္းက တစ်ဆင့် တက်လို့ “Will you marry me?” ဆိုရင် အဲဒီ မိန်းမ ရဲ့ အိမ်မက် အကောင်အထည်ပေါ်သွားတာပါ။
    သဘောကတော့ မိန်းမ တစ်ယောက် ဟာ ပါတနာ ဘဝ ကနေ Mrs ဘဝကို ပြောင်းချင်သူ ချည်းပါဘဲ။
    အနောက်တိုင်း က လူတိုင်း living together နေကြတာတော့ မဟုတ်ပါဘူး။
    ခရစ်ယာန်ဘာသာ ကိုးကွယ်သူများ ကတော့ လက်ထပ်ပြီးမှ အတူနေခွင့် ရှိပါတယ်။

    ကျွန်မ တို့ရဲ့ မြန်မာပြည်က အင်မတန် ကောင်းမွန်တဲ့ အပျိုဂုဏ်ထိန်းရေး ယဉ်ကျေးမှု က ကျွန်မ တို့ ရဲ့ မိန်းမသားတွေ ဘဝ ကို အကာအကွယ် ပေးထားတာပါ။
    ဒီ ယဉ်ကျေးမှု ကဘဲ ကျွန်မ တို့ ရဲ့ မြန်မာ ယောကျာင်္းတွေ မြန်မာ မိန်းကလေးတွေ ကို တန်ဖိုးထားအောင် မြှင့်ပေးထားတာပါ။
    ဒါကိုတော့ မပျောက်ကွယ် စေချင်ပါဘူး။
    ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းကလေးတွေ များလာမှ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ယောကျာင်္းလေးတွေ များလာမယ်။
    ဒါမှ မိသားစု ဘဝ ကနေ စိတ်လုံခြုံ တဲ့၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်တဲ့ ကလေးတွေ အနာဂါတ် အတွက် ရလာမယ်။
    ဒါက ကျွန်မ ဆန္ဒ သက်သက်ပါ။ :hee:

    မပြုံး အားရင် ရေးချင်တာတွေ ရေးပါဦး။
    မျှော်နေပါမယ်။

    ချစ်တဲ့
    အရီး

  • နှင်းဆီ ငုံ

    October 16, 2012 at 5:38 pm

    အီးးးး … ဆရာမပြုံး အရေးအသားတွေ နည်းနည်းကြမ်းနေတယ်နော်
    ဖတ်ရင်းနဲ့တောင်လန့်လာတယ် ….

  • ဝင့်ပြုံးမြင့်

    October 16, 2012 at 6:17 pm

    အရီးလတ် ပြောတာတွေ အမှန်တွေပါပဲ။ အပျိုဂုဏ်ထိန်းသိမ်းရေး ယဉ်ကျေးမှု အရေးကြီးတာ ထောက်ခံပါတယ်ရှင်။ ပြုံးက နည်းနည်းတော့ ဂေါက်တယ်။ အသက် ၂ဝ လောက်ကစပြီး နိုင်ငံခြား ဝတ္ထု အဖတ်များလို့ ဂေါက်သွားတာလို့ အိမ်မှာ အပြောခံရတယ်။ ကိုယ့်ဖာသာကိုယ် သိတဲ့အပိုင်းလည်း ရှိနေတယ်။ ချရေးရင် ရှင်းရှင်းလင်းလင်းဖြစ်လာမှာ မဟုတ်ဘူး။ သူကြီးက မြန်မာမိန်းမတွေ တန်းတူအခွင့်အရေးနည်းတယ်ဆိုတာ ပြုံးလက်ခံချင်နေတယ်။ သူကြီးပြောတာ ဟုတ်သလိုလိုပဲ။ ကိန်းဂဏန်းတွေက တခြား၊ ဥပမာ အဝတ်လျှော်ရင် မိန်းမထမီနဲ့ ယောက်ျားပုဆိုး ရောထည့်ပြီး လျှော်ရင် ကြိုက်ကြမလား။ အဲဒါမျိုးတွေပေါ့လေ။ မိန်းကလေးက ဘာဖြစ်လို့ အပျိုဂုဏ်ကို ထိန်းသိမ်းရမှာလဲ။ လက်ထပ်တာဟာ အချစ်တစ်ခုတည်းအတွက်ပဲ မဖြစ်သင့်ဘူးလား။ အဲလိုမျိုးတွေပေါ့။ အဲလိုအတွေးမျိုးတွေက တစ်ဖက်၊ မှန်မှန်ကန်ကန် အိမ်ထောင်ပြုရမယ် ဆိုတဲ့ အတွေးမျိုးကလည်း တစ်ဖက်ပေါ့။
    နှင်းဆီငုံရေ – ဖြစ်နိုင်ပါတယ်နော်။ အမ နည်းနည်းရင့်နေတယ်ဆိုတာ။

  • metallic

    October 28, 2012 at 1:33 pm

    မိန်းမတို့အပေါ် သဘာဝတရားကြီး၏ မျက်နှာသာပေးမှုမှာ အကန့်အသတ်နှင့်ဖြစ်ရာ
    စိတ်ဓာတ်ကြီးမားကြံ့ခိုင်မှသာ မိမိကိုယ်ကို လေးစားပြီး
    လွပ်လပ်စွာ လိပ်ပြာသန့်စွာ အသက်ရှင်နိုင်မည်
    (သို့သော်) မိန်းကလေးများသည် အမှီအခိုကင်းသောဘဝကို တကယ် မြတ်နိုးကြပါသလား….????

    • မမလေး

      October 28, 2012 at 11:35 pm

      အမှီအခိုကင်းသောဘဝကို တစ်ချို့သောအချိန်တွင် အမှန်တကယ် မြတ်နိုးကြပါသည် . . .

Leave a Reply