ပန်းချီတော် ဆရာချုံ

ကုန်းဘောင်ခေတ်မှာ မြန်မာ့ ပန်းချီပညာသည်တွေဟာ အစုအစည်း တစ်ရပ် အနေနဲ့ မြန်မာ့နန်းတွင်းကို ဝင်ရောက်လာပြီး နန်းတွင်း ဓလေ့တွေကို မှတ်တမ်းတင် ရေးဆွဲခဲ့ကြရာက စလို့ “ပန်းချီတော်” ဆိုတဲ့ ဝေါဟာရဟာ စတင် ပေါ်ပေါက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပန်းချီတော် များထဲမှာ ဦးကြာညွန့်၊ ဆရာစာ နဲ့ ဆရာချုံ တို့ဟာ ထင်ရှားခဲ့ပါတယ်။

အင်္ဂလိပ် – မြန်မာ ဒုတိယ စစ်ပွဲ ဖြစ်ပွားပြီးနောက် ၁၈၆၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ မြင်ကွန်းမြင်းခုံတိုင် ညီနောင်တို့က မင်းတုန်းမင်းကြီးကို ပုန်ကန်ခြားနားတဲ့ အရေး အခင်းကြောင့် ရပ်သူရွာသားတွေ ဟိုရွှေ့ဒီပြောင်း ပုန်းရှောင် နေရတဲ့ ကာလမှာ မောင်ချုံကို ဖွားမြင်ခဲ့ပါတယ်။ ချုံတော၊ ယာတော အတွင်းမှာ ပုန်းလျှိုးရင်း မွေးဖွားလာခဲ့ရတဲ့အတွက် ပထမ အစမှာ မောင်ယာချုံ လို့ အမည်ပေးခဲ့ပါတယ်။ နောက်တော့ မောင်စံချုံ၊ နောက်ပိုင်းမှာတော့ မောင်ချုံ ဆိုပြီး ဖြစ်လာခဲ့ပါတယ်။
မောင်ချုံဟာ ငယ်စဉ်ကတည်းက ပန်းချီကို အားသန်ခဲ့ပြီး အသက် (၁၄) နှစ်သား အရွယ်မှာတော့ ပန်းချီတော် ဦးကြာညွန့်ရဲ့သား ဆရာစာ ထံမှာ တပည့်ခံရင်းနဲ့ ပန်းချီပညာကို လေ့လာခဲ့ပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ အမှုထမ်းခဲ့တဲ့ ပန်းချီတော် ဦးကြာညွန့်ဟာ ခရစ် ၁၈၇၈ ခုနှစ်၊ သီပေါမင်း နန်းတက်အပြီး နှစ်နှစ်ခန့် အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် သီပေါမင်းက ဦးကြာညွန့်ရဲ့သားဖြစ်သူ ဆရာစာကို ဆက်လက် ခန့်အပ်ခဲ့ပါတယ်။ ဆရာစာ မျက်စိကွယ်ပြီး အနားယူရတဲ့အခါမှာ ဆရာချုံ ပန်းချီတော်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ပန်းချီတော် ဆရာချုံ

ခရစ် ၁၈၈၃ ခုနှစ်မှာ ပန်းချီတော် ဖြစ်လာတဲ့ ဆရာချုံဟာ အသက် (၁၇) နှစ်သား အရွယ်မှာပဲ နန်းတွင်းပန်းချီတော် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး မြန်မာစာပေလောကမှာ ဦးဩ (စိန္တကျော်သူ) ဟာလည်း အလောင်းမင်းတရားကြီး လက်ထက် မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် အသက် (၁၇) နှစ်သား အရွယ်မှာပဲ နန်းတွင်း စာဆိုတော် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆရာချုံ ပန်းချီတော် ဖြစ်ခဲ့တဲ့ အချိန်တုန်းက နန်းတွင်းမှာ အီတာလျံ ပန်းချီဆရာ နှစ်ဦးကိုလည်း ခေတ္တ ခန့်အပ် ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဆရာချုံဟာ အဲ့ဒီ အီတာလျံ ပန်းချီဆရာတွေနဲ့ ပန်းချီပညာချင်း ဖလှယ်ခွင့် ရခဲ့ပါတယ်။ ပန်းချီတော်အဖြစ် အမှုထမ်းရာမှာ လစာတော်ငွေ အဖြစ် (၃၅) ကျပ် ရရှိတယ်လို့ ဆိုပါတယ်။
ဆရာချုံ နန်းတွင်းကို ပန်းချီတော်အဖြစ် ရောက်ရှိခဲ့တဲ့ အချိန်မှာ ပုံတူ ရေးခြယ်မှု ခေတ်စားလျက် ရှိတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဦးကြာညွန့် သက်ရှိထင်ရှား ရှိစဉ်က ကြိုးစား ရေးခြယ်ခဲ့တဲ့ ပုံတူ ရေးခြယ် နည်းစနစ်ဟာ အရှိန်ရစ ပြုလာတဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ ခဲ၊ ဆေးရောင်စုံတွေနဲ့ မင်း၊ မှူးမတ်တို့ရဲ့ ပုံတူကို ရေးခြယ်လာခဲ့ရာမှာ ရေးရိုးရေးစဉ် မြန်မာ့ပန်းချီမှာ ပုံတူ ရေးခြယ်ခြင်း နည်းဟာ တစ်ကဏ္ဍအဖြစ် သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

ဆရာချုံတို့ခေတ်က ပုရပိုက် ပန်းချီတွေသာမက ပိတ်၊ စက္ကူနဲ့ ပိုးဖဲ စတဲ့ ဖျင်များပေါ်မှာ ဆင်ရုပ် ရေးခြယ်မှု ခေတ်စားခဲ့ပါတယ်။ ဆင်ရုပ်ပုံကို အလှအပ အတွက် သာမက စေ့စပ် လမ်းကြောင်းပြုတဲ့ အခါမှာလည်း သားရှင်က သမီးရှင်ထံ ဆင်ရုပ်ပန်းချီကားကို လက်ဆောင်အဖြစ် ပေးပို့လေ့ ရှိပါတယ်။ အဓိပ္ပါယ်ကတော့ ဆင်လို ကြံ့ကြံ့ခိုင်ပြီး ထားတဲ့ ကတိကို တည်ပါမည် ဆိုတဲ့ အကြောင်းပါပဲ။

ဆရာချုံ၏ ဆင်ရုပ်ပုံကြမ်းတစ်ခု

ကနုတ်၊ နာရီ၊ ကပီ၊ ကဇာ လို့ ခေါ်တဲ့ ရှေးရိုးမြန်မာပန်းချီ လေးမျိုး လေးစား ရှိရာမှာ ဂဇာလို့ ခေါ်တဲ့ ဆင်ရုပ် ရေးနည်း ရေးဟန်ဟာ ရှေးမြန်မာ ပန်းချီဆရာတွေ တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့တဲ့ လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။

တရုတ်နဲ့ ဂျပန် ပန်းချီနယ်ပယ်မှာ ၁၄ ရာစု နောက်ပိုင်းကစပြီး ထွန်းကားလာခဲ့တဲ့ အနီးအဝေး ရေးဆွဲနည်း စနစ်ကို ရှေးမြန်မာ ပန်းချီ၊ ပန်းပု ဆရာကြီးတွေက “နတ်ကြည့်” ရေးနည်းလို့ ခေါ်ဝေါ်ကြပြီး အဲ့ဒီ ရေးနည်းကို ၁၈ ရာစု မြန်မာ ပန်းချီလောကမှာ ကြိုကြားကြိုကြား တွေ့မြင်လာခဲ့ရပါတယ်။ ဒီလက်ရာတွေကို ပန်းချီတော် ဦးကြာညွန့်ရဲ့ လက်ရာ ပုရပိုက် ပန်းချီတွေမှာ အများဆုံး တွေ့မြင်ရပြီး ဆရာစာ၊ ဆရာချုံ တို့က ဆက်လက် ကြိုးပမ်း ခဲ့ရာမှာ တစ်စတစ်စ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ သက္ကရာဇ် ၁၂၄ရ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ပါတော်မူတဲ့ နေ့ကို ဆရာချုံတစ်ယောက် မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ဒီကာလမှာ ဆရာချုံဟာ ဟိုပြောင်းဒီပြောင်းနဲ့ ပြောင်းရွှေ့နေထိုင် ခဲ့ရပါတယ်။ ဇနီးသည်လည်း ဆုံးခဲ့သလို၊ လူမမယ် သားနှစ်ယောက်နဲ့ သမီးနှစ်ယောက်ရဲ့ ဝန်ကိုလည်း ခက်ခက်ခဲခဲ ထမ်းခဲ့ရပါတယ်။
အင်္ဂလိပ်တွေက ဆရာချုံကို မသင်္ကာမှုနဲ့ ထောင် (၃) လ ချခဲ့ပါတယ်။ ဒီနောက်မှာ ကာနယ်ဆလေဒင် က ဆရာချုံရဲ့ ပန်းချီပညာကို နှစ်သက်တဲ့အတွက် သူ့ထံမှာ အမှုထမ်းဖို့ ခေါ်ခဲ့ဖူးပေမယ့်လည်း ဆရာချုံဟာ တိုင်းတစ်ပါးတို့ရဲ့ လက်အောက်မှာ အမှုမထမ်းဘူး ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မလုပ်ခဲ့ပါဘူး။

သူ့ကျွန်ဘဝ ပါတကားဟု တွေးတော သုံးသပ်ရင်း ဆရာချုံဟာ နောက်လာနောက်သားများ အမှတ်တရနှင့် ဇာတိမာန် တက်စိမ့်သောငှာ အရှင်နှစ်ပါး ပါတော်မူပုံကို ရေးဆွဲခဲ့ပါတယ်။ လယ်ထွန်မင်္ဂလာ သဘင်ကိုလည်း ပြန်လည် ရေးဆွဲခဲ့တယ်။ နန်းတွင်း မင်း၊ မှူးမတ်တို့ သွားလာ နေထိုင်ခဲ့ကြပုံတွေကိုလည်း ခြယ်မှုန်းခဲ့တယ်။ ဒါပေမယ့် ဝယ်မယ့်လူ မရှိ၊ ချီးမြှောက်မယ့်လူ မရှိခဲ့။

နောက်ပိုင်း ဆရာချုံဟာ ပိတ်တွေကို လက်မ ၂ဝ ပတ်လည်အရွယ် ပိုင်းဖြတ်လို့ သစ်သားနဲ့ ဘောင်ကျက် ပြုလုပ်ပြီး ပုံတူရှုခင်း၊ နန်းမြို့ရိုး ဘုရားပုထိုးနဲ့ ဇာတ်နိပါတ်တွေကို ရေးခြယ်ခဲ့ပါတယ်။ ပန်းချီကား နှစ်ဆယ် အစိတ်လောက် စုမိတဲ့အခါ ဘုန်းကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံ ပွဲတွေမှာ ချိတ်ဆွဲပြီး ပြသ ရောင်းချခဲ့တယ်။ ၁၉၈ဝ ပြည့်နှစ်လောက်မှာ ဆရာချုံဟာ အဲ့ဒီလို တီထွင် ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံမှာ ပထမဆုံး ပြသတဲ့ ပန်းချီပြပွဲလို့ ဆိုနိုင်မလားပဲ။

၁၉၁၁ ခုနှစ် နောက်ပိုင်းမှာ ဆရာချုံဟာ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘုန်းကြီးလမ်းနဲ့ ကျုံးကြီး လမ်းထောင့်က နှစ်ထပ် ပျဉ်ထောင်အိမ် လေးခန်းတွဲမှာ ငှားရမ်း နေထိုင် ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ ကျားသူဌေးနဲ့ တွေ့ဆုံပြီး နောက်မှာတော့ နေရေး စားရေးအတွက် ပူစရာ မလိုတော့ဘူးလို့ သိရပါတယ်။

ဆရာချုံကား အသားလတ်လတ်၊ အရပ် မနိမ့်မမြင့် အလွန်ရည်မွန်၍ သိမ်မွေ့ပုံရသည်။ ဆေးပေါ့လိပ် ကြိုက်သည်။ အဂ္ဂိရိတ် ဝါသနာထုံသည်။ သူ့ကျေးဇူးကို သိတတ်သည်။ စည်းကမ်းကြီးသည်။ ဘာသာရေးတွင်လည်း ကိုင်းရှိုင်းသည်။ ရှေးအခါက ရောင်နောက်တွဲ ထုံးလေ့ရှိပြီး ရန်ကုန်ရောက်ခါမှ ကတုံးတုံးကြောင်း သိရသည်။
ပန်းချီရေးဆွဲလျှင် သီချင်းကလေး တညည်းညည်းဖြင့် ရေးဆွဲလေ့ ရှိသည်။ ပညာကို ဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလာလျှင် ကျကျနန သင်ကြားပြသပေးလေ့ ရှိသည်။ နေမှု၊ ထိုင်မှု၊ ဝတ်စားဆင်ယင်မှုတွင် အလွန် မြန်မာဆန်သည်။ မန္တလေးမှ ပန်းချီဆရာ ဦးကြီးထက် ၁၁ နှစ်ခန့် ငယ်သည်။ ရန်ကုန်မှ ပန်းချီဆရာ ဆရာမြစ်ထက် ၁၂ နှစ်ခန့် ကြီးသည်။

Download Book Here

ပန်းချီတော် ဆရာချုံ
ရေးသူ – ဦးမင်းနိုင်

15 comments

  • မောင်ပေ

    October 20, 2012 at 1:38 pm

    အံကြီးကောင်းမှု အကြောင်းပြုရွေ ့
    ဆရာချုံ ့အကြောင်း ဖတ်သိရသည်
    ကောင်းလေစွ ကောင်းလေစွ

    • မောင်ပေ့ ကောင်းမှု
      အကြောင်းပြုလို့
      ကျုပ်လည်း ပိုက်ပိုက် ရတွားပီ
      ကောင်းလေစွ ကောင်းလေစွ ဒဂါး ..

  • candle .

    October 20, 2012 at 2:05 pm

    အော်..တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ကိုရာဇာ
    ဟိုတစ်နေ ့က candle ရဲ ့ညီမလေးတစ်ယောက်က (ပန်းချီဝါသနာအိုး လေ)
    အမ..ပန်းချီဆရာချုံ အကြောင်း ကြားဖူးရင်ပြောပြပါလားတဲ ့(တစ်ကယ်တော့ ကြားသာကြားဖူးသည်သူ ့အကြောင်းဘာမှမသိ)
    အခုတော့ အဆင်ပြေသွားပြီ..ကျေးဇူးပါနော်..

    • မောင်ပေ

      October 20, 2012 at 2:15 pm

      ကန်ဒယ်လေးက ဝါသနာပါတယ်ဆိုရင်
      ပန်းချီဂျစ်နည်းတွေကို
      ကိုပေ က သေချာကျကျနန ကိုယ်ဖိရင်ဖိ ဆရာစားမချန် စေတနာမေတ္တာဗလပွနဲ ့သင်ပေးပါမယ်ကွဲ ့
      ဟီဟိ

      • candle .

        October 21, 2012 at 8:06 pm

        အသင်အပြ ဝါသနာထုံတဲ့ ပေပေ candle ကိုအနုမြူ ဗုံး လုပ်နည်းလေးသင်ပေးပါလား ဟင်..လို ့..ဟီဟိ

    • ဟုတ်ကဲ့ပါ ခင်ဗျာ ..
      တိုက်တိုက်ဆိုင်ဆိုင် အဆင်ပြေသွားတယ်ဆိုလို့
      တင်ရကျိုး နပ်သွားတာပေါ့ ခင်ဗျာ ..
      စာအုပ်ထဲမှာဆို ပိုပြီး ပြည့်စုံတယ်ဗျ …
      ဆရာချုံရဲ့ ပန်းချီလက်ရာ အချို့ကိုတော့
      ဗြိတိန်က ပြတိုက်ထဲမှာ ပြသထားရှိတယ်လို့ ဆိုလားပဲဗျ ..

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 20, 2012 at 2:56 pm

    ကျနော်က ဆရာချုံရဲ့ မြေးမြစ်တီကျွတ်ထဲက ဖွတ်ဖြစ်ပါတယ်..
    ဆရာချုံ ့ပညာတွေ ကျော့်ဆီမှာ စိပါတယ်..
    ဆိတ်ဝင်စားရင် စာရင်းပေး ပန်းချီပညာ လာသင်လှည့်ပါ
    ဘီအီးသောက်မှ လက်ငြိမ်တာမိုလို ့ ဘီအီးဆွဲခဲ့ဖို ့တော့ မမေ့ပါနှင့်
    ပန်းချီတော် ဆရာဖွတ်

  • kai

    October 20, 2012 at 3:15 pm

    ဆရာချုံရဲ့.. မူရင်းလက်ရာပန်းချီတွေ.. ၁ဝခုလောက် စိတ်ကြိုက်လေ့လာဖူး.. မြင်ဖူးတယ်..
    ဓါတ်ပုံတောင် ရိုက်ယူထားသေး..။
    လွန်ခဲ့တဲ့.. ၁ဝနှစ်ကျော်… ဦးဝမ်ကိုဟောဆီမှာပေါ့…။
    အဲဒီသမိုင်းဝင်ကားတွေ.. အခုဘယ်တွေများရောက်ကုန်တယ်မသိ..။

    • pooch

      October 20, 2012 at 4:47 pm

      ရှိသေးရင်တင်ပေးပါလား သူကြီး မြင်ဖူးချင်လို့ပါ။

      • Victoria and Albert Museum ဆိုတဲ့ နေရာမှာ
        ရှေးက မြန်မာလက်ရာတွေကို တွေ့နိုင်တယ်ဗျ …
        အဲ့ဒီထဲမှာ ဆရာချုံရဲ့ နာမည်ကျော် ပန်းချီကားတွေလည်း ပါနိုင်မလားပဲ …

        http://collections.vam.ac.uk/search/?listing_type=&offset=0&limit=15&narrow=&extrasearch=&q=burma&commit=Search&quality=0&objectnamesearch=&placesearch=&after=&after-adbc=AD&before=&before-adbc=AD&namesearch=&materialsearch=&mnsearch=&locationsearch=

        သူကြီး ..
        သူကြီးဆီမှာ အဲ့ဒီပုံတွေ ရှိနေသေးရင် ..
        မြင်ဖူးအောင်လို့ တင်ပေးပါလားဗျ …

        • pooch

          October 20, 2012 at 5:31 pm

          သူငယ်အံရေ bookmark လုပ်ထားလိုက်တယ် သိုင်းကျူး

        • pooch

          October 20, 2012 at 5:37 pm

          အဲ့ဒီလက်ရာများ ဖြစ်နေမလားပဲ ပြန်စုစည်းနိုင်ရင်ကောင်းမယ်နော်။
          ငါတို့လည်းတိုးတွေ ပြစားလို့ ရတာပေါ့။
          ဟိုးခေတ်အဆက်ဆက် ပန်းချီဆရာများ သေမှ နာမည်ကြီးတာ အစဉ်အလာတခုလိုကို ဖြစ်ခဲ့ကြတာ။ ခုခေတ်ပြောင်းလာတော့မှ တော်သေးတယ်။

          အနောက်တိုင်း အရင်ခေတ်နာမည်ကြီး ပန်းချီဆရာတယောက်ဆို (နာမည်အစဖော်မရတော့ဘူး )ပန်းချီကားလည်း ပြီးရော မျက်စေ့လည်းကွယ် ရောပဲ ။ အဲ့ဒီ နောက်ဆုံးလက်ရာကို ကြည့်ချင်ရင် မှန်ဘီလူးနဲ့ ကြည့်ရသတဲ့လေ အဲ့ဒီလိုပန်းချီဆရာမှ မကွယ် ဘယ်သူကွယ်မလဲနော့။

  • အလင်းဆက်

    October 22, 2012 at 9:05 am

    အခုမှ သိရတယ် ။

    ကျေးဇုူးပါဗျို ့ ။ နောက်များမှာလည်း.ဒီလို..သ်ိသင့် ဖတ်သင့် မှတ်သင့်တဲ ့..

    အကြောင်းအရာတွေ.. လက်ဆင့်ကမ်းေ ပးပါဥိးနော် ။

    ခင်မင်တွယ်တာ မြတ်နိုးလှစွာသော…
    အလက်ဆင်း

  • မြန်မာ့ပန်းချီကျော်တွေရဲ့လက်ရာတွေကိုကြည့်ချင်တယ်ဆိုရင် ဘုရားစောင်းတန်းတွေ
    ဘုန်းကြီးကျောင်းတွေမှာလိုက်ရှာရင် တွေ့နို်င်ပါတယ်။
    ပန်းချီကားဟောင်း လက်ရာကောင်းကိုရောင်းစားရင်ပို်က်ဆံအများကြိးရတယ်ဆိုတာကိုနားမလည်တဲ့
    အတွက် နာမယ်ကျော်ဆရာကြီးများရဲ့ ကားတွေက ဟိုရောက်ဒီရောက် နှမျောစရာ

Leave a Reply