ကြုံဖူးသူမှ ယုံနိုင်မယ်-(ဇာတ်သိမ်း)
ဒါနဲ့ နောက်တစ်နေ့ရောက်တော့ အိပ်ရေးပျက်တာကြောင့်ကော၊ ကြောက်စိတ်ကြောင့်ကော ကျွန်မ
စပြီးဖျားပါတော့တယ်။ ထူးထူးခြားခြားတိုက်ဆိုင်မှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ထိုအိမ်မဲကြီး
ရဲ့ ပိုင်ရှင်သမီးအငယ်လေးလည်း ထိုအမျိုးသမီးကိုတွေ့လိုက်ရတာပါ။ သူက အထည်ချုပ်စက်ရုံ တစ်ရုံ
မှာ အလုပ်လုပ်နေတာပါ။ စက်ရုံကပြန်လာပြီး အိမ်ပေါ်တက်အဝတ်အစားလဲမယ်အလုပ်မှာ ပြူတင်း
ပေါက်က ပေါ်လာပြီးရိပ်ကနဲ ဝင်လာတဲ့ ထိုပြိတ္တာမကိုမျက်နှာချင်းဆိုင်တွေ့လိုက်ရတာပါတဲ့။ အဲဒီ
သမီးအငယ်မလေးလည်း နောက်နေ့တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနဲ့ပြိုင်တူနေမကောင်းဖြစ်ကြပါတယ်။
ကျွန်မအဒေါ်လည်း ဆေးခန်းသွား၊ ဆေးသောက်နဲ့တတ်နိုင်သလောက် ကုပေမဲ့နေကပြန်မကောင်း
လာပါဘူး။ ရင်ထဲက တစ်ဆို့ဆို့ကြီးဖြစ်ကာ ဘာစားစားမဝင်ပါဘူး။ တစ်နေကုန်နှုန်းချည့်နေတဲ့ ခံစား
ချက်ကြီးက ဘယ်လိုဝေဒနာမှန်းတောင်ပြန်မပြောပြတတ်ပါဘူး။ ဒါနဲ့ ကျောင်းလည်းပြန်မသွားနိုင်ပဲ
အဒေါ်တွေအိမ်မှာ ဖျားနေတာ သုံးရက်လောက်ကြာတော့အဒေါ်လည်း စိုးရိမ်ပြီးကျွန်မအမေကို လှမ်း
အကြောင်းကြားပါတယ်။ အမေရာက်လာပြီး ဖြစ်ပုံအကြောင်းစုံကို သိတော့ သူတို့ကိုးကွယ်နေတဲ့ဆရာ
တော် ဆီကို ညီအမနှစ်ယောက် သွားပြီးအကူအညီတောင်း လျောက်ထားကြပါတယ်။ ကွန်မကတော့
ဘာမှ မစားတာ သုံးရက်လောက်ကြာပြီမို့ လမ်းလျောက်ဖို့တောင် အားမရှိတော့ အိမ်မှာပဲနေနေခဲ့ပါ
တယ်။
မနက်ကထွက်သွားကြတဲ့ ကျွန်မအမေနဲ့အဒေါ်ဟာ နေ့လည်ပိုင်းလောက်မှာ ပြန်ရောက်လာပါတယ်။
ပြီးတော့ အမဲရောင်ဆေးမှုန့်ထုပ်လေးတွေပါလာပြီး
ဆရာတော် ဘုရားကြီးက ဒီဆေးကို တိုက်ကြည့်လိုက်လို့ပြောတယ် …ရိုးရိုးသားသားဖျားတာဆို ဘာမှ
လက္ခဏာမပြပဲ မရိုးသားရင်တော့ အနက်ရောင်ဝမ်းတွေသွားလိမ့်မယ်တဲ့…
လို့ ပြောပြီးကျွန်မကို တိုက်ပါတယ်။ ကျွန်မလည်း ထိုဆေးကို သောက်ပြီးအရမ်းအိပ်ချင်လာတာ
ကြောင့် အခန်းထဲကို ဝင်ပြီးလှဲအိပ်နေလိုက်ပါတယ်။ တစ်နာရီလောက် နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်
ပျော်သွားပြီးချိန်မှာတော့ ဝမ်းဘိုက်ကရစ်ရစ်ပြီးမခံမရပ်နိုင်လောက်အောင်နာလာလို့ ကျွန်မနိုးလာပြီး
အိမ်သာကိုပြေးသွားရပါတယ်။ မဲညစ်နံစော်နေတဲ့ ဝမ်းအနက်ရောင်တွေ သွားပြီးချိန်မှာတော့ စိတ်
ကြောင့်လားမသိပေမဲ့ ကျွန်မနဲနဲနေသာသလိုလိုရှိလာပါတယ်။ ဒါပေမဲ့ အစာစားချင်စိတ်ကတော့ လုံး
ဝမရှိသေးပါဘူး။ လှဲနေရတာကြာတော့ နဲနဲလေးလန်းလာသလိုလိုခံစားချက်ကြောင့် ကျွန်မလည်း
အဒေါ့်အိမ်နဲ့ မျက်စောင်းထိုးလောက်က ကျွန်မနဲ့ခင်တဲ့ မမသန်းဆိုတဲ့အမကြီးအိမ်ကို စိတ်ပြေလက်
ပျောက်သွားလည်နေလိုက်ပါတယ်။ မမသန်းအိမ်ရောက်တော့ စကားစမြီပြောကြရင်း မမသန်းက
ညီမလေး ဘိုးမင်းခေါင်ကို တိုင်တည်ပြီးအကူအညီတောင်းကြည့်ပါလား
လို့ပြောပါတယ်။ ကျွန်မလည်း
ဘိုးမင်းခေါင်ကို ဘယ်လိုလုပ်အကူအညီတောင်းလို့ ရမှာလဲ မြင်လည်းမမြင်ရပဲဟာ မမသန်းကလည်း
လို့ ပြန်ပြောတော့ မမသန်းက ဘိုးမင်းခေါင်က သူနဲ့ရေစက်ပါတဲ့သူဆို ကူညီလို့ရကြောင်း မမြင်ရပေမဲ့
တကယ်ရှိကြောင်း ထိုသို့ စုန်းတိုက် သရဲတိုက်ကိစ္စတွေဆို ဘိုးမင်းခေါင်က ပိုင်နိုင်ကြောင်းပြောပြ
ပါတယ်။ ကျွန်မလည်း စိတ်ထဲကသိပ်အယုံအကြည်မရှိလှပေမဲ့ ခံစားနေရတဲ့ရောဂါဝေဒနာ
ပျောက်ချင်တဲ့ စိတ်ကြောင့်တိုင်တည်ပြီး အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ မမသန်း
ရဲ့ အိမ်မှာပဲ ဆေးလိပ်သုံးလိပ်ဝယ်ကာ ဘိုးမင်းခေါင်စင်ပေါ်ကို ပန်းကန်ပြားလေးထဲထဲ့ကပ်ပြီး မမသန်း
တိုင်ပေးတဲ့ အတိုင်းလိုက်ဆိုရပါတယ်။ ( ဆိုခဲ့တာတွေတော့ မေ့သွားလို့ မထဲ့ရေးတော့ဘူး
တော်တော်တော့ များတယ် )။
နောက်တော့ ကျွန်မလည်း အိမ်ကိုပြန်လာပြီး ထုံးစံအတိုင်း အခန်းထဲကိုဝင်လှဲနေလိုက်ပါတယ်။ နာရီ
ဝက်လောက်ကြာတော့ အိပ်မပျော်သလို၊ ပျော်သလိုလို ဖြစ်နေချိန်မှာ ပင်နီတိုက်ပုံကြီးဝတ်ထားတဲ့ အ
သက် ၅ဝ လောက်ရှိမယ်ထင်ရတဲ့ လူကြီးတစ်ယောက် လွယ်အိတ်လေးကို လွယ်လျှက်
အခန်းထဲကိုဝင်လာပါတယ်။ပြီးတော့ လွယ်အိတ်ကို ဘေးမှာချထားပြီး ကျွန်မကို ကြည့်ကာတစ်ခုခုကို
တတွတ်တွတ်ရွတ်ကာ ဦးခေါင်းကနေ ခြေထောက်ဘက်ထိ လူကိုမထိပဲ
လက်နဲ့အပေါ်ဘက်ကနေအောက်ဘက်ကို သပ်ချပြီးလက်ထဲကတစ်စုံတစ်ခုကိုပြူတင်းပေါက်ဘက်ကို
ပစ်လိုက်သလိုပစ်လိုက်ပါတယ်။အဲ ဒီလိုမျိုးသုံးကြိမ် သပ်ကာပြူတင်းပေါက်ကနေ အပြင်ကိုသုံးကြိမ်
ပစ်ပြီးနောက် လွယ်အိတ်ကိုကောက်လွယ်ပြီး အခန်းထဲက ထွက်သွားပါတော့တယ်။ အိမ်မက်လား
တကယ်လားမသိတဲ့ အသိနဲ့ကျွန်မငေးကြောင်ပြီး စကားတစ်ခွန်းမှ ပြောလို့မရပဲကြောင်နေပါတယ်။
ထူးခြားတာက အိမ်မက်လို့ပြောရအောင်ကလဲ မီးဖိုခန်းထဲမှာ
ချက်ပြုပ်ရင် စကားပြောနေကြတဲ့ကျွန်မအမေနဲ့အဒေါ်ရဲ့အသံကို လည်းအတိုင်းသားကြားနေရတာပါ။
ထူးထူးခြားခြားလို့ပဲပြောပြော တိုက်တိုက်ဆိုင်ဆိုင်လို့ပဲဆိုဆို ထိုနေ့ညနေကစပြီး ကျွန်မလည်းနေလုံး
ဝပြန်ကောင်းသွားပြီး အစားအစာလည်းစပြီးစားနိုင်လာကာ ပြန်လည်နာလန်ထူလာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့…
အိမ်မဲကြီးပေါ်က ကောင်မလေးကတော့တစ်ပါတ်လောက်အထိခံရရှာပါတယ်။ နောက်ဆုံးသွေးတွေ
တောင်အန်လာတော့မှ အထက်လမ်းဆရာတစ်ယောက်ကို ပင့်ကာတော်တော်လေးကုယူလိုက်
ရပါတယ် တဲ့။ ထိုအထက်လမ်းဆရာနဲ့ ကုရာမှာ သရဲမကဝင်စီးပြီးပြောတာကတော့ ကျွန်မကိုကော
ထိုကောင်မလေးကိုပါ သူ့ကိုတွေ့ခဲ့တဲ့အကြောင်းလျောက်ပြောလို့ လုပ်လိုက်တာတဲ့။
(ကျွန်မကိုယ်တိုင်ကြားခဲ့တာတော့မဟုတ်ပါဘူး အဒေါ်ဆီကကြားရတဲ့ တစ်ဆင့်စကားပါ)။
နေပြန်ကောင်းလာပြီး နောက်တစ်နှစ်လောက်အထိ သတ္တိရှင်ကျွန်မက ကျွန်မအဒေါ်အိမ်ကို
ခြေဦးမလှည့်ခဲ့တော့ပါဘူး။
ဒီအကြောင်းကို ရေးဖို့တော်တော်လေးစဉ်းစားပါသေးတယ်။ ရေးသင့်မရေးသင့်ပေါ့ မကြုံဖူးသူများ
မယုံကြည်နိုင်လောက်တဲ့ အဖြစ်အပျက်လေးမို့ ရွာသူ/သားများလည်း ရသဆောင်းပါးတစ်ပုဒ်လိုပဲ
ခံစားဖတ်ရှုပေးကြပါလို့…
ကျေးဇူးများစွာဖြင့်
မေဖလားဝါး။
29 comments
Khaing Khaing
October 26, 2012 at 12:05 pm
ပြိတ္တာမက တော်တော်အစွမ်းရှိတာပဲ …. အနိမ့်ဘုံကိုရောက်နေတာတောင် လူတွေကို ပြုစားနိုင်သေးတယ် … အမှန်ဆို သူဖြစ်သင့်တာ သူ့အတွက်အမျှအတန်းပေးအောင် လူတွေကို ဆီကိုအကူအညီတောင်းရမှာ … အင်းပေ့ါလေ ကျွတ်ချိန်မရောက်သေးလို့ဖြစ်မှာပေ့ါ ……….
jullies cezer
October 26, 2012 at 12:29 pm
စလယ်ဆုံးအားပေးသွားပါတယ်အစ်မရေ ဒါမျိုးတွေမယုံလို့လဲမရဘူး
ကိုယ်တိုင်ကြုံဖူးမှယုံကြတယ် ညီမတို့လဲအစကသိပ်မယုံဘူး
အိမ်မှာမောင်လေးပယောဂဖြစ်ဖူးမှပဲ ဆရာလည်းစုံနည်းလမ်းလည်းစုံ
နောက်ဆုံးသုံးခွကဘုန်းကြီးနဲ့ကျမှရတော့တယ် အဲဒီတော့မှ
ယုံတော့တယ်အစ်မရယ် အစ်မလည်းကံကောင်းလို့သာ အကူအညီတွေ
ရက်တိုတိုနဲ့တွေ့တာ ……..
may flowers
October 26, 2012 at 12:45 pm
Khaing Khaing
ပြိတ္တာတွေက အနည်းအများတော့ အစွမ်းရှိဲကတယ်လို့ကြားဖူးပါတယ်… လူရဲ့ကုသိုလ်ကံအနိမ့် ၊ အမြင့်နဲ့
လည်းဆိုင်မယ်ထင်ပါတယ်။ အားပေးကော့မန့်ပေးတာ ကျေးဇူးပါ။
jullies cezer
အမလည်း ကိုယ်တိုင်ကြုံဖူးမှ ယုံကြည်ခဲ့တာမို့ မကြုံဖူးသေးတဲ့သူတွေ မယုံကြည်ကြတာဆန်းတော့
မဆန်းပါဘူး ညီမရေ။ ဟုတ်ပါတယ် အမကကံကောင်းလို့ သုံးလေးရက်လောက်နဲ့ ပျောက်ခဲ့ပေမဲ့
အမနဲ့ တူတူဖြစ်တဲ့ကောင်မလေးဆို အခြေအနေတော်တော်ဆိုးတာပါ သွေးတောင်အန်နေပြီလေ သူ
က ၁ဝ ရက်ကျော်ကျော်လောက်ခံလိုက်ရတယ်ကြားတယ်။
အားပေးဖတ်ရှုပေးတာ ကျေးဇူးပါနော်။
Moe Z
October 26, 2012 at 1:11 pm
အယ် .. ဒါဆိုသတိထားဦးနော် အမ
အဲဒီ သရဲမက အင်တာနက်သုံးရင်း ဒီပို့စ်ကိုတွေ့သွားဦးမယ်
နောက်တာပါ မိုးစက်လည်း ကိုယ်တွေ့ရှိတယ် ဒီမှာ ..
.. http://myanmargazette.net/76546/creative-writing
may flowers
October 26, 2012 at 1:16 pm
Moe Z
လာမနောက်နဲ့နော် ဒီပိုစ့်ရေးရင်းတောင်ကြောက်နေတာ။ သရဲမတိုံ့ ခေတ်ကအင်တာနက်သိပ်
မသုံးကြသေးတော့ သူလည်းအင်တာနက် မသုံးတတ်လောက်ဖူးထင်ပါရဲ့ 😀
kyeemite
October 26, 2012 at 1:22 pm
စိတ်ဝင်စားစရာဇာတ်လမ်းလေးပါ…ဖတ်လို့ကောင်းအောင်
ရေးတတ်ပါပေရဲ့..မမေဖလားဝါး ရေ…
may flowers
October 26, 2012 at 1:25 pm
ကိုkyeemite
ဖတ်လို့ကောင်းပြီး စိတ်ဝင်စားတယ်ပြောလို့ ကျေးဇူးတင်ပါတယ်ရှင့်။
နှင်းကေသရာမွန်မွန်
October 26, 2012 at 1:32 pm
ယုံပါတယ် မမေရေ… မွန်မွန်ရဲ့နီးစပ်ရာပတ်ဝန်းကျင်မှာ အထက်လမ်းဆရာတွေဆိုတာ ရှိပါတယ်… သူတု့ိဆီကလည်း အံ့ဩတာတွေကြားရပါတယ်… သူအစွမ်းရှိတာကိုတော့ တော်တော်လေးအံ့ဩမိတယ်… ကံကောင်းလို့ပေါ့ မမေရယ်…ကံနိမ့်တာကြောင့်လည်း ပါမယ်နော်…
may flowers
October 26, 2012 at 1:36 pm
မွန်မွန်ရေ အားပေးတာကျေးဇူးနော်။ ဟုတ်ပါတယ် အမထင်တာကတော့ သူအစွမ်းရှိလို့ထက်
ကိုယ်ကိုတိုင်ကံနိမ့်နေတာက ပိုမယ်ထင်ပါတယ်။
pooch
October 26, 2012 at 1:45 pm
တော်သေးတာပေါ့ ဒီလောက်နဲ့ တင် ပြီးသွားလို့ ။
တခါက ကျမလည်း အမဝမ်းကွဲ ဆီ အလည်သွားတုန်း သူတို့ ဘေးချင်းကပ်ရပ် တိုက်ခန်းက အိမ်က အဲ့လို အကြောင်းမျိုး ကြားဖူးတယ်။ အဲ့အိမ်က အမျိုးသမီးက အရွယ်ကောင်းမှာ ကင်ဆာဖြစ်ပြီး ဆုံးသွားရှာတယ်။ သားလေးက ၂ ယောက်ကျန်တယ် ။ အငယ်ဆုံးလေးက ၂ နှစ်သားဆိုတော့ စိတ်စွဲတယ် ထင်ရဲ့။
တခါတလေ နေ့ခင်းကြောင်တောင် ကလေးက အိမ်သာတက်နေတုန်း ဘေးနားကနေ သား သား ဆိုပြီး ခပ်တိုးတိုး ခေါ်သံကြားရတယ် ပြောတယ်။ ထမင်းအိုးတွေ ဘာတွေ ကို လည်း စားပွဲအလယ်ကနေ ရွှေ့ပြတယ်တဲ့။ အသံတွေ ဘာတွေလည်း ပေးတယ်။ အထူးသဖြင့် ကလေးတွေ စားချိန်ရောက်လို့ မစားရသေးရင်ပေါ့။ ညဆို အဲ့ဒီ တိုက်ခန်းက လူစိမ်းဆိုရင် သူက သူ့အခန်းကို သွားတာ ဖြတ်လျှောက်တာတွေ ကျောဘက်ကနေ တွေ့ရတတ်တယ် ပြောတယ်။
တော်သေးတာက ကိုယ်က အဲ့ဒီမှာ နေတုန်း ဘာမှ မကြုံခဲ့ရဘူး။
may flowers
October 26, 2012 at 1:53 pm
အစ အဆုံးအားပေးဖတ်ရှုပေးတာကျေးဇူးပါ။ pooch ပြောတဲ့ အမျိုးသမီးပြိတ္တာမကို သနားလိုက်တာ
သားနှစ်ယောက်ရဲ့အစွဲနဲ့ အမျှပေးရင်တောင် သာဓုမခေါ်နိုင်လောက်ဘူးထင်ပါရဲ့နော်။
အစွဲအလမ်းကတကယ်ကြောက်စရာကောင်းလိုက်တာ။
Ma Ei
October 26, 2012 at 2:43 pm
သရဲခြောက်တာတွေ၊ အောက်လမ်းပြုစားတာတွေ၊
တန်ပြန် တိုက်ခိုက် ကုသကြတဲ့ အကြောင်းတွေ
ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာရော အရင်က
အတော်များများ ရှိခဲ့ သိခဲ့ဘူးပေမဲ့
ခုခေတ်တော့ သိပ်ပြီး မကြားမိ မသိရတော့သလိုဘဲနော်…
San Hla Gyi
October 26, 2012 at 2:47 pm
မ မေဖလားဝါး
မကြာခင် သူကြီးလာတော့မယ်။ ဒီ သရဲ တစ္ဆေအကြောင်းတွေက သူ့ရဲ့ ရှေးစွန်းစွဲဝါဒနဲ့ နည်းနည်းငြိနေတယ်။ နောက်ဘဝ ရှိတယ်ဆိုတဲ့ သဘောမျိုးလည်း ဖြစ်နေလို့ မကြာခင် မိုးပြာဆရာတော်တွေက တရားရေအေး အမြိုက်ဆေး တိုက်ကျွေးဖို့ ရှိတယ်တဲ့။ အလကား ပြောတာပါ။ အားပေးပါကြောင်း။
kai
October 26, 2012 at 3:04 pm
ဖလားဝါးမမကိုတော့.. ခွင့်လွှတ်ထားပါတယ်..။ :kwi:
ဇတ်အရေးကောင်းတော့.. ရသပြည့်ပြီး.. အသက်ကိုဝင်နေတာမို့ပါ..။
တော်ကြာ..အဝင်လွန်ပြီး.. ပြိသာတစ္ဆေတွေ.. အင်တာနက်တက်စီး.. ကိုယ့်အိမ်ရောက်လာမှ… အလုပ်ရှုပ်နေဦးမယ်..။
ဆိုတော့…
သူ့ဇတ်လမ်းတွေကြောင့်ညကောင်းကောင်း… မအိပ်ရသူတွေ.. ဘယ်နှယောက်ရှိတယ်မသိ..။
Hnin Hnin
October 26, 2012 at 4:41 pm
စာအရေးကောင်းလိုက်တာ..မမေရေ…အသက်တောင်မရှုရဲဘူး ပါးစပ်ဟောင်း
လောင်းနဲ့ဖတ်နေတာ…
အပိုင်း-၁ တုန်းကတည်းက သူ မကျေနပ်တာတွေပြောပြီး ပြုစားလိုက်တာနေမှာ..
ဟိုညီမလေးက မမေထက်ကို ကံနိမ့်တယ်နော်..မျက်နှာချင်းဆိုင်ဆိုတော့..အဲ့ထက်
ဆိုးတာက ဦးလေးတစ်ယောက်လည်း သရဲမကို သွားထူပေးပြီး နီးနီးကပ်ကပ်
မျက်နှာဂျပ်ပြင်ကြီး မြင်လိုက်ရတာ ဖျားသွားပြီး အထက်ဆရာနဲ့တော်တော်ကုယူ
လိုက်ရဖူးတယ်….
‘ဘိုးမင်းခေါင်’ ကျေးဇူးအတော်ကြီးတာပေါ့နော်…ဒီလောက ကလည်း လက်မခံလို့
လည်းမရဘူးပေါ့….ခံစားမိတာက သရဲခြောက်ခံရတဲ့သူတွေက သရဲရဲ့အိပ်မွေ့ချ
ခံရပြီးမှအခြောက်ခံရသလိုပဲ….သရဲနဲ့ပတ်သက်တာတွေကြည့်၊ဖတ်ပြီး မကြောက်
ပေမယ့် ကိုယ်တိုင်သာ အကောင်လိုက် အခြောက်ခံရရင်တော့ ကြည့်၊ဖတ်တွေပါ ရပ်သွားမယ်ထင်တယ်….
ကိုခင်ခ
October 26, 2012 at 10:44 pm
မမေရေ ပ ပိုင်းရော၊ ဇာတ်သိမ်းရော အခုမှပြန်ဖတ်လိုက်တာပါ။
ထူးဆန်းတဲ့ဖြစ်ရပ်လို့ဘဲပြောရမလား၊ ယုံရခက်တယ်လို့ဘဲပြောရမလား အတော်တော့ ဆန်းကျယ်တယ်ဗျ၊ ဘိုးမင်းခေါင်တို့ ဘိုးဘိုးအောင်တို့ နဲ့ဆက်နွယ်တဲ့အဖြစ်လေးတွေတော့
ကြားတွေ့သိရတာတွေရှိလို့ မမေရေးတာကို လက်ခံနိုင်ပါတယ်ဗျ။
တော်သေးတာပေါ့ အဖျားရက်မကြာလို့နော် ရက်ကြာသွားရင် ဘာတွေဖြစ်မလဲလို့
တွေးပူမိလိုက်သေးတယ်လေ။
မောင်ပေ
October 26, 2012 at 11:11 pm
မေလေး ငယ်တုန်းက တော်တော် ကံနိမ့်ခဲ့တာပါကလား
အခုချိန်ကစပြီး
ဘပေ အားလုံးမစတော့မှာမို့ မေလေး ဘာမှမပူနဲ့တော့ကွဲ့
ဟီဟိ
ရာဇဝင်လူဆိုး
October 26, 2012 at 11:54 pm
မမေ ရေ…
ပရလောကသားတွေရှိတယ်ဆိုတာ အနောက်တိုင်းလို သီးစစ်(စ်) လုပ်နိုင်ရင်တော့ အကောင်းသားဗျ။ ကျနော်တော့ မကြုံဖူးပေမယ့် သူငယ်ချင်းတွေကတော့ မြင်တောင်မြင်ဖူးတယ်ဆိုလားပဲ။ ကြုံလို့ပြောရရင် ကျနော်ခပ်ငယ်ငယ်က ကျနော့် အဖေတာဝန်ကျတဲ့ စက်ရုံက မီးသတ်ကားမှောက်ပြီး ပါတဲ့သူတော်တော်များများ ပြားချပ်နေအောင်သေဖူးတယ်။ သူတို့ကတော့ အနံ့နဲ့ လှန့်ဖူးတယ်။ ပြီးတော့ သူရဲ ခေါ်တာဆိုလား သိပ်တော့မမှတ်မိပေမယ့် ခပ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ နည်းပေါင်းစုံ လုပ်ကြည့်ကြဖူးတယ်ဗျ။ ကိုယ်တိုင် တွေ့လို့ကတော့ လန့်အောင်လုပ်တဲ့ သူတို့ကို ကျနော် အာခေါင်ဆွဲဖြဲလိုက်ချင်တာ ။
ရသတစ်ခုခုပေးနိုင်တဲ့ ပိုစ့်ဖြစ်လို့ အားပေးသွားပါတယ်ဗျာ။
ဦးကြောင်ကြီး
October 27, 2012 at 9:48 am
ဆိုက် နောက်တခါ အဟက်ခံရရင် တာလီဘန်လက်ချက်တင်မက နာနာဘာဝတွေကိုပါ သံသယရှိသူစာရင်းထဲ ထည့်ရတော့မယ်။ သတိထား သဂျီးရေ ရန်သူတိုးလာပြီ။
မမေဖလားဝါးရေ… ရွာထဲမှာ ဦးဖက်တီးဆိုသူ ဆရာကြီးလည်း ဘိုးမင်းခေါင် တပည့်ပဲ၊ သူလည်း ပြန်လာမည်ဆိုပြီး ပုံပြောသွားလိုက်တာ ဘယ်ရောက်နေပြန်လည်း သိဝူး…
may flowers
October 27, 2012 at 10:24 am
Ma Ei
ရေ နယ်တွေဘက်မှာတော့ ခုထိကြားနေရပါသေးတယ်………ခုလိုလာရောက်ဖတ်ရှု အားပေးလို့
ကျေးဇူးပါ။
San Hla Gyi
အားပေးတာ ကျေးဇူးပါ။ ကျွန်မရေးတဲ့ ပိုစ့်တွေမှာ လိုအပ်ချက်တွေရှိရင်လည်း ဝေဖန်ထောက်ပြ အကြံ
ပေးပါအုန်းနော်။
သဂျီး
ဇာတ်အရေးကောင်းတယ်ပြောလို့ ကျေးဇူးပါ။
Hnin Hnin
အားပေးတာ ကျေးဇူးနော်။ မျက်နှာ ကျပ်ပြင်ကြီးမြင်ပြီး ခြောက်ခံခဲ့ရတာတော့ အမအသိတစ်ယောက်
ခြောက်ခံထိဖူးတယ်။ သူဆို လန့်ပြီးတစ်ပါတ်လောက် ဖျားဆိုပဲ…နောက်မှ ပိုစ့်အဖြစ်ရေးပါဦးမယ်။
ကိုခင်ခ
စိတ်ပူပေးတာ ကျေးဇူးပါ။ အဖျားရက်ကတော့ မကြာပါဘူး…ကံကောင်းတော့ ဆရာကောင်းနဲ့ တွေ့
ခဲ့လို့ပါ …ဆရာတော်ဘုရားကြီးရဲ့မေတ္တာကြောင့်ကော ဘိုးမင်းခေါင်ကျေးဇူးကြောင့်ပါ ပြန်လည်
နာလန်ထူလာတာပါ။
မောင်ပေ
ခုတော့ ကံမြင့်အောင် ဆယ်ဖို့နေတယ် :hee:
ရာဇဝင်လူဆိုး
ရသတစ်ခုခု ပေးတဲ့၊ ရတဲ့ ပိုစ့်လေးဆိုလို့ ဝမ်းသာပါတယ်။ ကျေးဇူးနော်။
ဦးကြောင်ကြီး
အားပေးလို့ ကျေးဇူး။
YE YINT HLAING
October 27, 2012 at 6:22 pm
တနေ့ ည မှာ အလုပ်ထဲ က ကျွန်တော့အခန်းမှာဧည့်အိပ်နေတုန်း အိပ်မက် မက်တယ်။ အိပ်မက်ထဲ မှာ အသက် ( ၁၈ ) နှစ် ဝန်းကျင်လောက် နဲ့ ( ၃၅ – ၄ဝ ) ဝန်းကျင်လောက် အမျိုးသမီးနှစ်ဦး က ကျွန်တော့ ကိုစကားတွေ လာပြောနေတယ်။ အဲဒါမက်ပြီး သိပ်မကြာဘူး — နှစ်ယောက်ခန်းထဲမှာ အတူနေတဲ့ ကျွန်တော့ ညီမ နဲ့ သူ့သူငယ်ချင်းက ပြောလာတယ်။ သူတို့ နှစ်ယောက် အိပ်နေတုန်း ကျွန်တော် မက်ခဲ့တဲ့ အိပ်မက်ထဲ က အရွယ်လောက်ရှိတဲ့ အမျိုးသမီး နှစ်ယောက် က အိပ်နေတဲ့သူတို့ကို အခန်းထဲ ဝင်လာပြီး သူတို့နှစ်ကို ငုံ့ ပြီး ရေချိုးခန်း အိမ်သာဘက်ကို ဝင်သွားတဲ့ အိပ်မက် နှစ်ယောက် လုံး မက်နေတုန်း အတွဲလိုက်ရှိတဲ့ အခြား အခန်းဘက်က အိမ်သာတက်နေတဲ့ အမျိုးသမီး ဝန်ထမ်း ရဲ့အော်သံကို ကြားပြီး သူတို့နှစ်ယောက်နဲ့ နီးစပ်ရာတွေ အကုန်လုံး လန့်နိုးကုန်ကြတယ်တဲ့– နောက်ပိုင်း အဲဒီ အိပ်မက်ထဲ က အမျိုးသမီး နှစ်ယောက် ကြမ်းလို့ ဟာသတွေပါ ဖြစ်လာတဲ့ အကြောင်းလေး အချိန်ရရင် ရေးပါဦးမယ် မမေ ရေ !
YE YINT HLAING
October 27, 2012 at 6:27 pm
တနေ့ ည မှာ အလုပ်ထဲ က ကျွန်တော့အခန်းမှာအိပ်နေတုန်း အိပ်မက် မက်တယ်။ အိပ်မက်ထဲ မှာ အသက် ( ၁၈ ) နှစ် ဝန်းကျင်လောက် နဲ့ ( ၃၅ – ၄ဝ ) ဝန်းကျင်လောက် အမျိုးသမီးနှစ်ဦး က ကျွန်တော့ ကိုစကားတွေ လာပြောနေတယ်။ အဲဒါမက်ပြီး သိပ်မကြာဘူး — နှစ်ယောက်ခန်းထဲမှာ အတူနေတဲ့ ကျွန်တော့ ညီမ နဲ့ သူ့သူငယ်ချင်းက ပြောလာတယ်။ သူတို့ နှစ်ယောက် အိပ်နေတုန်း ကျွန်တော် မက်ခဲ့တဲ့ အိပ်မက်ထဲ က အရွယ်လောက်ရှိတဲ့ အမျိုးသမီး နှစ်ယောက် က သူတို့အိပ်နေတဲ့ အခန်းထဲ ဝင်လာပြီး သူတို့နှစ်ယောက်ကို ငုံ့ကြည့် ပြီး ရေချိုးခန်း အိမ်သာဘက်ကို ဝင်သွားတဲ့ အိပ်မက် နှစ်ယောက် လုံး မက်နေတုန်း အတွဲလိုက်ရှိတဲ့ အခြား အခန်းဘက်က အိမ်သာတက်နေတဲ့ အမျိုးသမီး ဝန်ထမ်း ရဲ့အော်သံကို ကြားပြီး သူတို့နှစ်ယောက်နဲ့ နီးစပ်ရာတွေ အကုန်လုံး လန့်နိုးကုန်ကြတယ်။ နောက်ပိုင်း အဲဒီ အိပ်မက်ထဲ က အမျိုးသမီး နှစ်ယောက် ကြမ်းလို့ ဟာသတွေပါ ဖြစ်လာတဲ့ အကြောင်းလေး အချိန်ရရင် ရေးပါဦးမယ် မမေ ရေ !
may flowers
October 27, 2012 at 10:01 pm
ကိုရဲရင့်လှိုင်
လာရောက်ဖတ်ရှုကော့မန့်ပေးတာကျေးဇူးတင်ပါတယ်နော်..။ ကိုရဲရင်လှိုင်ရဲ့ အတွေ့အကြုံအကြောင်း
အရာလေးကိုလည်း ဖတ်ဖို့ စိတ်ဝင်တစ်စားစောင့်မျှော်နေပါ့မယ်။
အရီးခင်လတ်
October 28, 2012 at 4:00 am
စစတွေ့ကထဲက အမျှဝေ ပေးလိုက်သင့်တယ် ထင်ရဲ့ မပန်း ရေ။
နောက်ပိုင်း ကျွတ်ရောသွားလားမသိ။
အဲဒီလို ပြုစားလိုက်တာ သရဲကားတွေထဲမှာ ကြည့်ဖူးတယ်။
အပြင်မှာလဲ ကြားဖူးပါတယ်။
အဲဒီနောက်မှာရော အဲဒါမျိုးတွေ ထပ်တွေ့သေးလား။
တီဗီ ဆီးရီး တစ်ခုကြည့်ဖူးတယ်။
မင်းသမီးက သေပြီး မကျွတ်လွတ် သူတွေကို မြင်နိုင်တဲ့ ပါရမီ ပါလာတယ်။
သူ့ကို လာလာပြီး အကူအညီတောင်းလို့ သူ့မှာ ကူပေးရတဲ့ ဇာတ်လမ်းတွေပေါ့။
ကထူးဆန်း
October 28, 2012 at 7:22 am
ကျွန်တော်လည်းကြုံ ဖူးတယ် ။
အခု လို သူများ ပြောပြတာကို ပြောတာ ပါ ။ … :kwi: :harr:
may flowers
October 28, 2012 at 11:14 am
အရီးပြောသလို တွေ့ထဲက အမျှဝေဖို့သတိမရခဲ့တာ အမှန်ပါအရီးရေ။ အိမ်မဲကြီးကတော့ ဖျက်ပြီးပြန်
ဆောက်လိုက်ပေမဲ့ အဲဒီအမျိုးသမီးကတော့ ခုထိမကျွတ်မလွတ်ပဲ ရှိနေပါသေးတယ်တဲ့။ နောက်ပိုင်း
သူမရဲ့ သားသမီးတွေက ဘုန်းကြီးပင့်ပြီးအမျှဝေ အလှုအတန်းတွေလုပ်ကြပါသေးတယ်..ဒါပေမဲ့ ကျွတ်ချိန်
မတန်သေးလို့ ထင်ပါရဲ့ ခုထက်ထိတိုင်ရှိနေပါသေးတယ်အရီးရေ…ခုလို ဝင်ရောက်ဖတ်ရှုဆွေးနွေးပေး
တာ ကျေးဇူးပါ။
ကိုထူးဆန်းရေ…….
ရသ ဇတ်လမ်းလေး တစ်ပုဒ်အဖြစ်လည်း ခံစားရှုလို့ရပါတယ်နော်…အားပေးရှုတာကျေးဇူးပါ။
may flowers
October 28, 2012 at 11:14 am
အရီးပြောသလို တွေ့ထဲက အမျှဝေဖို့သတိမရခဲ့တာ အမှန်ပါအရီးရေ။ အိမ်မဲကြီးကတော့ ဖျက်ပြီးပြန်
ဆောက်လိုက်ပေမဲ့ အဲဒီအမျိုးသမီးကတော့ ခုထိမကျွတ်မလွတ်ပဲ ရှိနေပါသေးတယ်တဲ့။ နောက်ပိုင်း
သူမရဲ့ သားသမီးတွေက ဘုန်းကြီးပင့်ပြီးအမျှဝေ အလှုအတန်းတွေလုပ်ကြပါသေးတယ်..ဒါပေမဲ့ ကျွတ်ချိန်
မတန်သေးလို့ ထင်ပါရဲ့ ခုထက်ထိတိုင်ရှိနေပါသေးတယ်အရီးရေ…ခုလို ဝင်ရောက်ဖတ်ရှုဆွေးနွေးပေး
တာ ကျေးဇူးပါ။
ကိုထူးဆန်းရေ…….
ရသ ဇတ်လမ်းလေး တစ်ပုဒ်အဖြစ်လည်း ခံစားဖတ်ရှုလို့ရပါတယ်နော်…အားပေးရှုတာကျေးဇူးပါ။
Mon Kit
November 1, 2012 at 10:19 am
မေပန်းလေးရေ…..
မွန်ကစ် ခုမှ ဇာတ်သိမ်းဖတ်ဖြစ်လို့……
မကြုံဖူးသူတွေ အတွက်တော့ အံ့ဩဖွယ်ရာပေါ့နော်…..
မွန်ကစ်တော့ မေ့ကို နားလည်တယ်… တိုက်ဆိုင်မှုတွေလည်းရှိလို့ပါ…
ဒါပေမဲ့ မေ့လို ရေးတတ်ဘူး……… :hee:
may flowers
November 1, 2012 at 1:26 pm
မွန်ကစ်ရေ ကျွန်မလည်း ရေးတတ်တယ်ရယ်လို့မဟုတ်ပါဘူး…ဒီအတိုင်းလေးပဲ ကြုံခဲ့တဲ့
အဖြစ်အပျက်လေးကို ချရေးကြည့်လိုက်တာပါပဲ……..မွန်ကစ်လည်းကြိုးစားရေးကြည့်ပါလို့
အကြံပေးချင်ပါတယ်……….စိတ်ဝင်စားစွာလည်း ဖတ်ဖို့ စောင့်မျှော်နေမယ်နော်……..
အားပေးဖတ်ရှု ကော့မန့်ပေးတာ ကျေးဇူးပါ။