တစ်ပိုဂရပ်ဖီ ဆိုသည်မှာ

Typography ဆိုတာ ဘာပါလဲ ….

သူဟာ ဘာသာစကား တစ်ခုနဲ့ တူပါသတဲ့…

စာရွက်ပေါ်က စာလုံးတွေ ဆိုတာထက်လည်း ပိုသလို

စာလုံးပုံစံ ဆိုတာထက်လည်း ပိုပါသေးတယ်တဲ့

Typography ဆိုတာ အနုပညာ ဖန်တီးမှု နဲ့ နည်းစနစ်ပိုင်းတွေ ပါဝင်နေတဲ့ စာလုံးဒီဇိုင်း ဆင်မှုပါပဲ …

၁၄၄ဝ မှာ Gutenberg ရဲ့ Movable Type နဲ့ စတင်ခဲ့ပါသတဲ့

Typography ဆိုတာ တကယ်တော့ ဆင့်ကဲဖြစ်စဉ်ပါ..

ဆက်လက်ပြီးတော့လည်း ဆင့်ကဲ ပြောင်းလဲနေပါသေးတယ်။

ကျနော်တို့ ၄ကြောင်းမျဉ်း ဆွဲပြီး စာရေးကြရင် အလယ်အတွင်းဘက်အကျဆုံး ၂လိုင်းကြားကို X-height ခေါ်ပါသတဲ့။

X-Height တိုတဲ့အခါ (ပုတဲ့အခါ) စာပိုဒ်အနေနဲ့ကြည့်ရင် ပိုပြီး လွတ်လပ် ပွင့်လင်းသယောင် မြင်ရပါသတဲ့။

စာလုံးတွေမှာ ဝလုံးပုံ အလုံပိတ် အစိတ်ပိုင်းတွေကိုတော့ counter လို့ ခေါ်ပါတယ်။

အဲ ..ဒါပေမယ့် e ရဲ့ အလုံပိတ် မျက်ဆန် ကိုတော့ eye ပါတဲ့ ဗျာ


စာလုံး ကိုယ်ထည်ကနေ အောက်ကို တွဲလဲ ကျနေတဲ့ အစိတ်အပိုင်းကိုတော့ descender ခေါ်ပါသတဲ့


ဟုတ်ပါတယ် စာလုံးကိုယ်ထည်ကနေ အပေါ်ကို တက်နေတာကျပြန်တော့ ascender ပေါ့


စလုံးတွေမှာ ပုံထဲကလို အုတ်မြစ်ပုံစံလေးတွေ ပါတတ်ပါတယ် ..အဲ့ဒါလေးတွေက serif ပေါ့


serif အမျိုးမျိုးလည်း ရှိပါသေးတယ်။

အပြားလိုက်က slab serif လို့ ခေါ်ပါတယ်။ ခပ်စောင်းစောင်းဆို old style ပေါ့ .. .အဲ… no serif ကိုတော့
sans serif လို့ ခေါ်ပါတယ်ဗျို့

စာလုံး ကိုယ်ထည် တည်တဲ့ လိုင်းကို baseline ခေါ်သဗျ..


t,h,k,l စတဲ့ စာလုံးတွေ အပေါ်က ascender ဆုံးတဲ့နေရာကို cap height လို့ ခေါ်သဗျို့ …

Point size ဆိုတာ ကတော့ ascender နဲ့ descender တို့ရဲ့ အစအဆုံး ကို ရေတွက်တာပါတဲ့..

(Capital Letter ရဲ့ အမြင့်ဆုံးအစိတ်အပိုင်းဟာ cap height ထက် နိမ့် ရပါတယ်.. မယုံရင် Th ကိုကြည့်ပါ-စကားချပ်)



အဲ့.. Typography အကြောင်း သည်မှာ ပြီးပါတယ်ခင်ဗျား …
အောက်ဆုံးမှာတော့ အသုံးများ Font လေး-ငါးမျိုး ကို ဆမ်ပယ် အဖြစ် ..ရေးချလိုက်ပါတယ် ဗျာ..

××××××××××××××××××××××××××××××××××××
အပိုင်း-၂
ဒီလို ပိတ်သတ်ကြီးရဲ့ .. အထက်ပါ အကြောင်းအရာကို ပုံ၃ဝလောက်သုံးပြီး
ကျနော် ရေးပြခဲ့တယ်နော ..တကယ်တမ်း ဒါကို ပရယ်ဇမ်တေးရှင်း လုပ်မယ် ဆိုရင်လည်း
စလိုက် ၃ဝ လောက် သုံးရလိမ့်မယ်..တကယ်တမ်း မူရင်းဖိုင် ကပုံ-၂၉ မှာပါတဲ့ ပုံ ၁မျက်နှာတည်း
လုပ်သွားတာ ဆိုတော့ ..ထူးထွေသည့် အံ့ရာ ပေါ့ဗျာ …။
ဟုတ်တယ် .. Prezentation Software အသစ်ပါဗျို့….။
ပါဝါပွိုင့်တို့လို ဆော့ဖွဲ တွေမှာ ဆိုက် ဘယ်လောက်အောက် သုံးရင်
ဖတ်မရဘူး သေးတယ် တို့ … ဘယ်လောက်ထက် ပိုကြီးကြီး မသုံးသင့်ဘူးတို့ ဆိုတဲ့
အကန့်အသတ်ရှိသဗျ…
အခု သည်ဆော့ဖွဲ ရဲ့ အိုင်ဒီယော်လောဂျီက သည်လို ရှင်းရှင်းလေးပါ။
သေးတယ် ကြီးတယ် မြင်ရတယ် မမြင်ရဘူး ဆိုတာ သင်ဘယ်လောက် နီးနီး(ဝါ) ဘယ်လောက်ဝေးဝေးက
ကြည့်သလဲ ဆိုတာအပေါ်မှာသာ မူတည်တာပါတဲ့ ….။
ဆိုတော့ .. ၁ရွက်တည်း ရေးမယ်။ Zoom In ကြည့်မယ် Zoom ပြန်အောက်မယ်..
သွားမယ့် လမ်းကြောင်းကိုပဲ အစီအစဉ်ချမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ပါတဲ့ …
ဟုတ်ကဲ့ Prezi လို့ ခေါ်ပါတယ်။ Web Browser ပေါ်မှာ သုံးနိုင်ပါတယ်…(facebook account ရှိရင် login ဝင် တန်းသုံးယုံ)
Desktop Application လည်း အခမဲ့ ဒေါင်းလုပ်ချ သုံးနိုင်သလို iOS အတွက်လည်း Apps ဖရီး ပေးထားပါတယ်။
Desktop App နဲ့ Browser SaaS အနေနဲ့ သုံးရင်တော့ Adobe Flash Player ထည့်ထားဖို့ လိုပါလိမ့်မယ်။
Prezi ကို Adobe Air နဲ့ တည်ဆောက်ထားတာဖြစ်ပြီး Adobe Flash အနေနဲ့ ရွမ်းတာ မို့လို့ပါ။
သူ့ရဲ့ Business model က freemium ခေါ်ပါတယ် …
ဟုတ်ကဲ့ .. အခမဲ့ သုံးတာ အပြည့်အဝ သုံးခွင့်ပေးထားပါတယ် software ရဲ့ function တွေကို
ကန့်သတ်ထိန်းချုပ်ထားတာမရှိပါ။ သို့သော် Prezi ရဲ့ Cloud ပေါ်မှာ ဘယ်သူမဆို ရှာဖွေတွေ့ရှိနေနိုင်ပါလိမ့်မယ်..
share အလုပ်ခံရပါလိမ့်မယ်။ အခပေး အကောင့် ဝယ်သုံးတော့မှသာ private data အဖြစ် ကိုယ်ပြလိုသူကိုပဲ
ပြနိုင်မှာ ဖြစ်ပါတယ်။ ဘစ်ဇနက် ပရယ်ဇန်တေးရှင်းတွေ ဆိုရင်တော့ဖြင့် အခပေးအကောင့် ဝယ်သုံးမှသာ
သင့်လျှော်မှာပါ။ ပရိုအကောင့် ဝယ်သုံးမယ်ဆိုရင်တော့ တနှစ်ကို ဒေါ်လှ ၁၅၉ ကျသင့်မှာဖြစ်ပါတယ်။
2 GB space ရမှာပါ ။ ဟုတ်ပါတယ် ..သဂျီးတို့ ဆီက လူလည်ကြီးတွေ ဖန်တီးထားတဲ့ ဘစ်ဇနက် ပါ။
သာမန် အပျော်တမ်းနဲ့ အက်ဂျူကေးရှင်းပိုင်းတွေအတွက်ကတော့ ဖရီးအကောင့်နဲ့တင် လုံလောက်မှု ရှိပါကြောင်း။
တော်သေးဘီ။
ခင်တဲ့
ဂီ
Ref:
http://prezi.com/ufnrer-swszq/typography/
http://en.wikipedia.org/wiki/Prezi
http://prezi.com/pricing/
18 comments
Shwe Ei
November 9, 2012 at 12:50 pm
ကနဦး စာဖတ်သူအဖြစ် ကို်ယ့်ကိုကို ကျေးဇူးတင်ပါသည်။
တရုတ်ကားထဲကလို ဂလိုကိတ်စမျိုးချိသလား လို့မေးလိုက်ချင်ပါသည်။
စာလုံးဖောင့်တွေကို ရွေးစရာများတယ် ဒီဇိုင်းမတူဝူး ကျိုက်သလို ချုံ့ချဲ့စောင်း လုပ်နိုင်တယ်
ဆိုတာလောက်ဘဲအကျမ်းဖျင်းသိတာဘာ။
စလိုက်သုံးဆယ်လောက်သုံးရမဲ့ ပရယ်ဇန်တေးရှင်းကို တရွက်ထဲနဲ့ သုံးပျသွားတယ်ဆိုတော့လည်း
မျက်စိပြူးရဘာဒယ်။ လုပ်ကျိချင်လိုက်တာ အိုက်လို ပရယ်ဇန်တေးရှင်းမျိုး။
စိတ်ကူးအကျီးကျီးယင်ပီး နောက်ဆုံးတော့ မှတ်သားသွားဘာဂျောင်း ။ :kwi:
Khaing Zar Win
November 9, 2012 at 12:54 pm
ပထမ ပုံလေးတွေချည်းပဲ ကြည့်သွားတယ်။ နားမလည်ဘူး။
စာလေးတွေကို အင်္ဂလိပ်စာလုံးတွေကျော်ပြီးဖတ်သွားတယ်။ နားမလည်သေးဘူး။
နောက်ဆုံးတစ်ခေါက်မှာ အကုန်ဖတ်တယ်။ အဓိပ္ပာယ်ကိုတော့နားလည်သွားတယ်။ ဆိုလိုရင်းကို အတိအကျသိဖို့ စမ်းသပ်လိုက်ဦးမယ်။
ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်။ 🙂
Mon Kit
November 9, 2012 at 1:22 pm
မိအင်္ဂ ါ… အဲ… မိဂီ… အဲလေ.. စွယ်စုံကျမ်းဆရာလေး…
တော်ထှာနော်… ဗဟုသုတအနေနဲ့ ဖတ်မှတ်သွားပါဒယ်…
:hee:
အင်္ဂ ါZ
November 9, 2012 at 1:31 pm
စွယ်စုံ မကျမ်းပါဘူးအေ. ..
အဲ့ဒါလေးက ကျုပ် တကယ်သုံးနေတာလေးပါ
စသုံးနေတာ ၆လလောက်တော့ရှိပြီ ..ခုတလော ဒီဇိုင်းဘက်
လှည့်ရလို့ မသုံးဖြစ်သလိုဖြစ်နေတာ .. အဲ့ဒါ နောက်၆လနေရင်
ပြောရမယ့် ပစ်ချ် တခုအတွက် ပြန်သုံးဖြစ်ရင်း ..
နှစ်သက်ခဲ့ဖူးတဲ့ Typography လေးအကြောင်း ရေးတင်လိုက်တာပါကွယ်..
:kwi:
MaMa
November 9, 2012 at 3:53 pm
Typography ကို သဘောကျတယ်။
စစချင်းတော့ တခုခြင်းလိုက်မှတ်နေတာ ဟုတ်သလိုလိုနဲ့…….
အားလုံးလည်း ဖတ်ပြီးရော ဘာမှလည်း မမှတ်မိတော့ဘူး။
ဦးဏှောက်နဲ့ မသိမ်းနိုင်တော့ ဘုတ်မာ့ခ်နဲ့ သိမ်းလိုက်တယ်။ :kwi:
kai
November 9, 2012 at 4:02 pm
ဂျပန်မှာနေတုံးက.. တိုင်ပိုဂရက်ဖီနဲ့ပါတ်သက်ပြီး.. စိတ်ဝင်စားလို့..စာအုပ်လိုက်ရှာဝယ်တာ.. ပြန်သတိရမိတယ်…။
တကယ်တော့.. တိုင်ပိုဂိရပ်ဖီမှာ.. ချိုင်းနီးစ်နဲ့..ဂျပန်လူမျိုးတွေ.. တော်တော်ကျွမ်းကျင်ပါတယ်..။
ဂျပန်ဆို.. ခန်းဂျီး.. ခတကန.. ဟိရဂနနဲ့တင်.. တိုက်ပိုဂရပ်ဖီကိစ္စ… တော်တော်ကျွမ်းနေပြီ…။
အဲဒါကြောင့်… သူတို့တွေ.. အဲနီမေး..ကျွမ်းကြတာဖြစ်မယ်တောင်ထင်မိတယ်..
တိုင်ပိုဂရပ်ဖီကျွမ်းရင်.. အဲဒါနဲ့တင်.. ဖလိုင်ယာဆရာဖြစ် လုပ်စားလို့ရပါကြောင်း…
အင်္ဂ ါZ
November 11, 2012 at 2:00 pm
Presentation Zen ကိုသွား အမှတ်ရမိတယ်.
ပြောသာပြောရတယ်. ဂျွတ်တဲ့လူတွေများ ကမာ္ဘတန်းဗျ ာ
အဲ့ အများစုကတော့ သူလိုကိုယ်လိုတွေပါပဲ
အဲ့ဒါပဲကောင်းပါတယ်ဗျာ. လုပ်စားလို့ရသေးလို့. ဟီးးးးး
Xaw Lynn
December 1, 2012 at 9:21 pm
Typography ကို တရုတ်၊ ဂျပန်တွေ ဘာလို့ ကျွမ်းကျင်တာလဲဆိုတော့ အင်း..သူတို့ရဲ့ ဘာသာစကားနဲ့လည်း သက်ဆိုင်မယ် ထင်တယ်။ သူတို့ ဘာသာ စကားလုံးတွေက Typography လေ့လာသူတစ်ယောက်အတွက် စိတ်ကူးကို တဆုံးထိ လွှင့်လို့ ရတယ်။ စကားလုံးတွေက ခပ်ဆန်းဆန်းဆိုတော့ သူတို့ လိုချင်တဲ့ ပုံစံမျိုးထိ စိတ်ကြိုက် ကွန့်လို့ ရတယ်လေ။ ဇာတ်ကားတော်တော်များများမှာ တရုတ်တွေ သုံးတဲ့ Typography က ဆန်းကျယ်တယ်။ ပြီးတော့ သူတို့ ဘာသာ စကားလုံးတွေက Interior design တွေမှာ Floor ပဲ ဖြစ်ဖြစ် Wall ပေါ်မှာ ပဲ ဖြစ်ဖြစ် ထည့်သုံးထားရင် တော်တော်လေး ကြည့်လို့ ကောင်းတယ်လေ။
အရီးခင်လတ်
November 9, 2012 at 8:44 pm
အရီးက တော့ အဲဒီမှာ ဘာမှ မသိပါဘူး အေ။
သို့ပင်သို့ညား သများ တွေကို ရွှီး လို့ရအောင် တော့ မမှီတမှီလေး အားပေးတွားဒယ်။
အနဲဆုံးတော့ နောင်မှာ မင်းပြန်ကိုးကားရင် တော့ မှတ်မိနေမှာပါ။ :kwi:
အင်္ဂ ါZ
November 11, 2012 at 1:56 pm
ပန်းသီးနဲ့အပျော့နဲ့ရဲ့ ဝက်ဆိုက်တွေက တစ်ပိုဂရပ်ဖီ အားဖြင့် ညီအစ်ကိုတော်တယ် အရီးရဲ့ သူတို့တွေက Segoe နွယ်တွေလေ
MS ဆို သူ့လိုဂိုအသစ်ကိုတောင် Segoe နဲ့ပြင်ထားသေးတာရယ်
စကားမစပ်သွားလေသူကြီးက ကျောင်းကထွက်တော့ ဘော်ဒါတွေ အခန်းမှာလှည့်ပတ်အိပ်ရင်း
တစ်ပိုဂရပ်ဖီ တန်းတွေ သွားတက်ခဲ့သေးတာလေး အမှတ်ရသဗျို့
ခင်တဲ့
မဟာရာဇာ အံစာတုံး
November 10, 2012 at 2:13 am
အနော်လည်း ကြည့်တော့ ကြည့် ..
ဖတ်တော့ ဖတ်သွားတာပဲ ..
သို့ပေသိ .. ဘာမှ သိဘူးရယ် ..
သိတာဆိုလို့ ဟိုဖောင့်လေးတွေပဲ သိတာ …
အဟီးးးး
Mr. MarGa
November 11, 2012 at 2:09 pm
မှတ်ရှု ဖတ်သား သွားပါ၏
အင်္ဂ ါZ
November 12, 2012 at 2:26 pm
ပြောရရင် ဒီပိုစ့်က နန်းမတော် မယ်ပု အတွက်ရည်စူးတာပါဗျာ..
တခါသား..
ဂျီတော့မှာ တွေ့တော့ ..အဲ့သည့် ဆိုက်အကြောင်းလေး ညွှန်းမိရင်းကနေ
ဖလက်ရှ် ပလပ်ဂင် မရှိလို့ ကြည့်မရဝူးတဲ့လေ…
အဲ့အချိန်တုန်းက ကျုပ်ကလည်း သေချာမရှင်းပြနိုင်ခဲ့တော့
ပိုစ့်အနေနဲ့ သပ်သပ် ရေးတင်လိုက်တာ …
ဒင်းဟာဒင်း မဖတ်တာတော့ ကျုပ်လည်း တတ်နိုင်ဝူး ….
ကဲ… လိမ့်အုံးမကွယ်…
ဒက်ဂလောက်..ဒက်ဂလောက်..
pooch
November 12, 2012 at 3:02 pm
အကောင့်တောင် လုပ်ဖြစ်လိုုက်ပါတယ်။
ဆွဲလည်းဆွဲထားတယ် ။ မအားတာနဲ့ မစမ်းရသေးဘူး။ ဟိုနေ့က ဖုန်းနဲ့ပဲ ဖတ်ဖြစ်ခဲ့လို့ပါ။ ဒီနေ့မှ ပုံမှန်ချိန်တွေ ပြန်ရပါတယ်တော်။ သူများ ခိုင်းဖတ်ဖြစ်နေလို့။ 🙁
အင်္ဂ ါZ
November 12, 2012 at 3:15 pm
သများ အဗေတာလေး လှလား ဟင်င်င်င်င်င်င်င်င်
ဟီဟိ…
မှတ်တမ်း ..မှတ်တမ်း..
:harr:
pooch
November 12, 2012 at 3:38 pm
အကျင့်ပုတ်ချက်များ ကမ်းကိုကုန်ရော ခုဖြုတ်………………….. ဖွတ်ကျားစုတ် 😡
ကြက်အူလှည့်
May 30, 2013 at 8:46 am
အော်.. ကျုပ် ဂလို ပိုစ့်မျိုး ရေးဖူးပါလား …
ဟိ…
လူရီဇယာများ ဖြစ်နေမလား မသိ…
kyeemite
May 30, 2013 at 10:17 am
တစ်ပိုဂရပ်ဖီ အကြောင်းလေး မှတ်မိအောင်ရယ်
တားတမီးဒွေဂိုချယ်ရအောင်ရယ်…ကူးထားလိုက်ဒယ်
ဆရာစကူဒလိုင်ဘာရေ… :hee: