Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စမူဆာ ရှာပုံတော်

မောင်ဘလိုင်November 10, 20123min104834

စမူဆာကို ဘယ်အချိန်က ကျွန်တော်စပြီး စားဖူးမှန်း မမှတ်မိသော်လည်း ဒီနေ့အချိန်ထိ ကြိုက်နှစ်သက်

နေဆဲ စားစရာတစ်ခုပင်ဖြစ်ပါသည်။ ကျွန်တော်တို့မြို့မှာ အရင်တုန်းက စမူဆာ လုပ်ရောင်းသော အိန္ဒိယ

နွယ်ဖွားများက ကြက်သား၊ ဆိတ်သား များအစာသွပ်ပြီး ကြော်ကြပါသည်။ (ဒီလိုစာသံပေသံနဲ့ရေးတာ

သိပ်မကောင်းဘူးထင်တယ်နော်…စကားပြောလေးနဲ့ပဲ ဆက်ကြတာပေါ့..)

နောက်တော့ အဲဒီ စမူဆာကြော်သူများလည်း ဘယ်ရောက်သွားမှန်းမသိပါ။ ယခုထိ ကျွန်တော်တို့မြို့

မှာအသားစမူဆာဆိုတာ ဘယ်သူမှမရောင်းကြတော့ဘူးလို့ ထင်တာပဲ။ မြို့တစ်မြို့ရောက်လို့ မုန့်ဆိုင်၊

လက်ဘက်ရည်ဆိုင်ထိုင်မိရင် ကျွန်တော်အရင်ဆုံး မြည်းစမ်းကြည့်တာက မုန့်ဟင်းခါးနဲ့ စမူဆာ။

တွဲစားတာတော့ မဟုတ်ဘူးပေါ့။ အညာဘက်က စမူဆာကြီးတွေကျတော့ အတော်ကြီးတယ်။ စမူဆာ

သုပ်ဆိုလည်း တော်တော်ကောင်းတယ်။ နောက် စမူဆာကြော်လို့ ပဲ့ထွက်လာတဲ့ အကြော်အဖတ်

လေးတွေကိုလည်း သုပ်စားကြသေးတယ်။ ပလပ်သုပ်ဆိုလား ခေါ်ကြတာ။

စမူဆာ ဆိုတဲ့ မုန့်နာမည်ကနောက်တော့ လူငယ်တွေကြားထဲ ဗန်းစကားလိုဖြစ်လာတာ အားလုံးသိ

ကြမယ်ထင်တယ်။ စမူဆာ ဆိုတာ ကြေးစားအမျိုးသမီးတွေကိုခေါ်ကြတာရယ်။ နောက်ပြီး ယောကျာ်း

ဆိုလည်း သုံးဖက်ချွန်၊ စမူဆာ ဆိုတာ တော်တော် ဆိုးတာပဲ။ ကိုယ့်မှာ စမူဆာလေး ကြိုက်လို့စားပါ

တယ် နောက်တာ ပြောင်တာ မလွတ်ဘူး။ ဒီကောင်..တို့လမ်းထိပ်က ကုလားမကြီးစမူဆာ ဆို သိပ်

ကြိုက်တာ..။ဒီစကား ဒီအတိုင်းပြော ရတယ်…ဒါပေမဲ့ ရုပ်ခံက စပ်ဖြီးဖြီးဆိုတော့ ပေါက်ကရဖြစ်က

ရောပဲ။ ကိုယ်ကြိုက်တဲ့ စားစရာ ဘာကြောင့် ဒီလောက်နာမည် ဖျက်ခံရပါလိမ့်..နော..။လက်ဘက်ရည်

ဆိုင်ထဲ..ညီလေး စမူဆာရမလား ဆို..ကောင်လေးတွေ..ပြုံးချင်ချင်။ မြင်းမူ ရောက်တုန်း လက်ဘက်

ရည်ဆိုင်မှာ စမူဆာစားကြတော့ ကျွန်တော်လည်း ဟယ်..မင်းတို့မြင်းမူ စမူဆာကြီးတွေက အကြီးကြီး

တွေပဲဟ ဆိုတော့ ဆိုင်ကကောင်လေးတွေက ပြုံးပြီး..တစ်ယောက်က ရေခံမြေခံကောင်းလို့ ထွားကြတာ

ပေါ့ အကိုကြီးရယ် တဲ့..။ ကိုယ်က ရိုးရိုးပြောတာ။ နောက်တော့ စမူဆာ ကိုယ့်ဘာသာလုပ်စားတာပဲအေး

မယ်ဆိုပြီး စမူဆာလုပ်နည်းတွေ လေ့လာပေါ့။ လုပ်စားကြည့်တော့လည်း ကြော်ရောင်းသူတွေလောက်

လက်သားကမကျ။ ခုတော့ စီးတီးမတ်တွေမှာ စမူဆာရွက်တို့..အသင့်ကြော်စားရုံ စမူဆာလေးတွေတွေ့

မိပါရဲ့။ ငယ်ငယ်တုန်းက စားဖူးတဲ့ လက်ရာမျိုး မမှီနိုင်တာပဲ။ ဒီကနေ့ အင်တာနက်ခေတ်မှာတော့ ကိုယ်

သိချင်တာ ရှာတတ်ဖွေတတ်ရင် အလွယ်ရနိုင်တာမျိုး ဆိုတော့ စမူဆာ သမိုင်းကြောင်းလေး ကောက်

ကြည့်မိတယ်။ ဟိုတစ်ရက်က မရွှေအိမ်စည် ရဲ့စမူဆာပို့စ်မှာ (မပြုံးကြပါနဲ့နော..) အဲ..သူရေးတဲ့ စမူဆာ

ကြော်နည်း ပို့စ်လေးမှာ နည်းနည်းဝင်လျှာရှည်ရင်း ဒီပို့စ်ကို ရေးမိတာပဲ။ အင်တာနက်ထဲ မွှေနောက်မိ

တာလေးတွေပေါ့ဗျာ။

အမည်အထွေထွေ

ကျွန်တော်တို့ ဗမာများကတော့ စမူဆာပဲ ခေါ်ကြတာ။ ဒီကို အဲဒီမုန့်လုပ်နည်း သယ်လာတဲ့ အိန္ဒိယ

နွယ်ဖွားများ အသံထွက်ကို မှန်းထွက်ကြတာပေါ့။ သူတို့ခေါ်တာက စမိုဆာ။ဥပမာ တိုရှည်ဆိုတာ ဗမာအသံ

ထွက်..တကယ်က တိုဆယ် ဖြစ်မယ်။ အိန္ဒိယပြည်အကျယ်ကြီးမှာတောင် ဒီစမူဆာဆိုတာကို ခေါ်တာလေး

နည်းနည်းကွဲဦးမှာ။ အာရပ်တွေကျတော့ ဆမ်ဘူဆက်တဲ့..။ ဘင်္ဂ ါလီများကတော့ သင်္ဂရ (ဒါကတော့နောက်မှ

ရှင်းဦးမယ်) ၊တူရကီနဲ့ ဗဟိုအာရှမှာတော့ ဆမ်ဆာ လို့ခေါ်ကြတာ။ အီသီယိုးပီးယားတို့..ဆိုမာလီတို့မှာကျတော့

ဆမ်ဘူးဆာ တဲ့။

အမည်ဆင်းသက်လာပုံ

စမိုဆာ ဆိုတဲ့ အမည်က ပါရှားစကားလုံး ဆမ်ဘိုဆက်ချ် ကနေ ဆင်းသက်လာမယ်လို့ ခြေရာခံကြည့်ကြတယ်။

အဆာသွပ်ပြီး ဖုတ်တဲ့..ကြော်တဲ့ မုန့်တွေကို ကမာ္ဘတလွှားမှာ ခေါ်ကြတာ ဒီနာမည်ကပဲ ဆင်းသက်လာမလား

ပဲ..။

 

စမူဆာ
စမူဆာ အမည် ဆင်းသက်လာပုံ ယူဆချက်

တစ်ချို့နိုင်ငံတွေမှာကျတော့ စမူဆာက သုံးမြှောင့်ပုံမဟုတ်ပဲ ကျွန်တော်တို့ဆီ လခြမ်းပုံ ဘဲသားပက်ဖ် တို့

ဆိတ်သားပက်ဖ် တို့ ပုံစံမျိုး။

သမိုင်းကြောင်း

စမူဆာ ဆိုတဲ့ မုန့်က အာရေးဗီးယား ကျွန်းဆွယ်မှာ ပေါ်ပေါက်လာတာ ရာစုနှစ်ပေါင်းများစွာ ရှိပါပြီ။ အဲဒီ ဗဟို

အာရှ ကနေ အိန္ဒိယကို ရောက်လာမယ်လို့ ယူဆကြတယ်။ ကုန်သည်ခရီးသွားတွေက ဒီလိုမုန့်မျိုးကို ခရီးသွား

ရင်း အလွယ်တကူလုပ်စားလို့ ရလို့ ဖြစ်လိမ့်မယ် ဆိုတာပဲ။ ၁ဝရာစုနဲ့ ၁၃ရာစုက အာရပ် ချက်ပြုတ်နည်းတွေမှာ

ဆမ်ဘူဆက် ဆိုတဲ့ အစာသွပ်မုန့်လုပ်နည်းပါတာ တွေ့ရတယ်။ အဲဒီအသံထွက်အတိုင်း အခု အီဂျစ်၊ ဆီးရီးယား

နဲ့ လက်ဘနွန်မှာ ခေါ်ကြတုန်း။ ကလော်ဒီယာ ရိုဒင် ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း  ကိုးရာစုလောက်က ကဗျာဆရာ

ကြီး အီရှက် အစ် အီဘရာဟင် အယ် မူဆီလီက ဆမ်ဘူဆက်ချ် ဆိုတဲ့ မုန့်ကို ချီးမွမ်းဖွဲ့ဆိုထားကြောင်း ထောက်

ပြတယ်။ ၁၄ရာစုရောက်တော့ အိန္ဒိယမှာ စမိုဆာက နေ့စဉ် သွားရည်စာလို ဖြစ်နေတဲ့အပြင် ဘုရင့်စားတော်

တစ်မျိုးပါဖြစ်လာတယ်။ အမီရာ ကုချ်ဆယို(၁၂၅၃-၁၃၂၅)ဆိုတဲ့ တော်ဝင်ကဗျာဆရာကလည်း မင်းညီမင်းသား

များနဲ့ သူကောင်းမျိုးများက စမိုဆာလို့ခေါ်တဲ့ အသား၊ ကြက်သွန်၊ဟင်းခတ်အမွှေးအကြိုင်ထည့်ပြီး ထောပတ်

မှာကြော်တဲ့ မုန့်ကို နှစ်သက်စွာ စားသုံးကြတယ်လို့ ရေးသားခဲ့တယ်။ ၁၃၃၄ မှာ အစ် ဘတ္တူတာ ဆိုတဲ့ ခရီး

သွားတစ်ယောက်က ဆမ်ဘူဆက် ဆိုတဲ့မုန့်အကြောင်း ဒီလိုရေးခဲ့သေးတယ်။ “အသားစဉ်းကော နဲ့..ဗာဒံသီးလို

အခွံမာ အစေ့အဆံတွေရယ်..ကြက်သွန်နီရယ်..ဟင်းခတ်အမွှေးအကြိုင်..ငရုပ်ကောင်းစသည်တို့ကို ရောသမ

ပြီး ဂျုံရွက်ထဲထည့်ပိတ်လို့ ထောပတ်နဲ့ နီရဲကြွပ်ရွနေအောင် ကြော်တဲ့ စားစရာတစ်မျိုး” တဲ့။

ဂျူလိုင် ၂၀၁၁ မှာတော့ ဆိုမာလီနိုင်ငံမှာ စမူဆာ ရောင်းချခွင့်ကို အစ္စလမ်မစ် စစ်သွေးကြွတွေက ပိတ်ပင်လိုက်

ကြတယ်။ ပိတ်လိုက်တဲ့ အယ် ရှာဘတ် အဖွဲ့က ဘယ်လိုပြောသလဲဆိုတော့ စမူဆာပုံက ခရိယန် များရဲ့ ဟိုးလီး

ထရီနတီ နဲ့ ဆက်နွယ်ပုံဖော်နိုင်လို့ ဆိုပဲ။ ဒါ့အပြင် အယ်ကေဒါ အဖွဲ့ ဆက်နွယ်မှုရှိတဲ့ အုပ်စုတစ်ခုကလည်း တြိ

ဂံပုံမုန့်ဟာ အစ္စလမ်မစ်ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပြန်တယ်။

စမူဆာရဲ့ ပုံစံကြောင့် အရှေ့အိန္ဒိယမှာ သင်္ဂရ လို့ခေါ်ကြတာက ကျွန်တော်တို့ ဗမာအခေါ် ကျွဲခေါင်းသီးနဲ့ ဆင်

လို့ပါပဲတဲ့။ ကျွဲခေါင်းသီးကို သင်္ဂရလို့ ခေါ်တယ်လေ။ သင်္ဂရ ဆိုတာလည်း ဟိန္ဒူတွေ ကိုးကွယ်တဲ့ နတ်ဘုရားမ

ကို ပူဇော်တဲ့နေရာမှာ သုံးတာ။ အဲဒီ အသီးက ဘင်္ဂလား နဲ့ ကက်ရှ်မီးယားမှာရှိတဲ့ ရေကန် ရေအိုင်တွေမှာ ပေါ

ပေါများများတွေ့ရတတ်တာကိုး။ တစ်ချို့ကလည်း စမူဆာရဲ့ သုံးမြှောင့်ပုံ နဲ့ သင်္ဂရ လို့ခေါ်ဆိုကြတာမို့လို့ တန ္တရ

ဝါဒနဲ့ စမူဆာကြားမှာ ဂမ္ဘီရ ဆက်သွယ်ချက်များရှိမလား ဆိုကြပြန်တယ်။

ဒေသအလိုက် စမူဆာ မျိုးကွဲများ

ဗဟိုအာရှ

ဥဇဘက်ကစ္စတန်၊ ကဇက်စတန် နဲ့ ကာဂျစ်စတန် နယ်တွေမှာကျတော့ စမူဆာက ကြော်မစားကြဘူး။

ဖုတ်ပဲစားကြသတဲ့။ အပေါ်ဂျုံလွှာကတော့ တစ်ထပ်ထဲ လုပ်ချင်လုပ်..မလုပ်ချင် ခု ကျွန်တော်တို့ ထပ်တရာ

ခေါ်တဲ့ပုံစံမျိုး လုပ်တာပေါ့။ အစာသွပ်ကတော့ အများအားဖြင့် အသား၊ ကြက်သွန်၊ ဟင်းခတ်အမွှေးအကြိုင်။

တခြားထည့်တာတော့ ကိုယ့်လူမျိုး ကိုယ့်ဒေသအကြိုက် ထည့်ကြတာမျိုး။ အစားအသောက်တစ်ခု ကိုယ့်ဆီ

ရောက်လာရင် ကိုယ့်လူမျိုးပါးစပ်နဲ့တည့်အောင် ပြင်ကြတာမျိုးပေါ့။ တစ်ချို့လည်း အာလူးတို့၊ ဖရုံသီးတို့ထည့်

ကြတယ်။ ဗဟိုအာရှ တင်မဟုတ်ပါဘူး..ဒီမှာလည်း စမူဆာဆိုတာ လမ်းဘေးကြော်ရောင်းတာမျိုး၊ ခေါင်းပေါ်

တောင်းရွက်လို့လိုက်ရောင်းတာမျိုး အပြင် လက်ဘက်ရည်ဆိုင်၊ တစ်ချို့ စနက်ဘား တွေမှာ ကျကျနန ရောင်း

တာမျိုးစုံလို့ပါပဲ။

 

Ready to bake
ဖုတ် မဲ့ စမူဆာတွေ (Photo courtesy of wikipedia)

အိနိ္ဒယကျွန်းဆွယ်

အိန္ဒိယ မှာကျတော့ စမူဆာ လုပ်ပုံက ဗမာနည်းနဲ့အတော်ဆင်တယ်။ ဆင်ဆို ကိုယ့်ဆီ သူတို့သယ်လာတာကိုး။

အာလူးလေးတွေပြုတ်ပြီး နည်းနည်းခြေ၊ ကြက်သွန်နီ ၊ပဲစိမ်း၊ မဆလာ ၊ငရုတ်သီးစိမ်း အဲဒါတွေရောပြီး ဆီပူထိုး။

ပြီးမှာ ဂျုံရွက်ထဲ ထည့်ပြီး ရွှေအိုရောင်ပေါက်အောင်ကြော်..ဒါပဲ။ ဗမာစမူဆာက နည်းနည်းပြားတာတစ်ခုပဲ။

အချဉ်ကျတော့လည်း တစ်ချို့ ပူစီနံ တို့၊ နံနံပင်တို့ ကို မန်ကျည်းရည်နဲ့လုပ်တဲ့ အချဉ်ရည်ထဲထည့်ပေးတယ်။

မန်ကျည်းနှစ်ကလေး ရေနွေးဖျော..အဖတ်စစ်ပြီးတော့ ဆားကလေး အချိုမှုန့်လေးထည့်၊ ငရုတ်သီးစိမ်း၊

ကြက်သွန်ဖြူလေးရောထောင်းပြီးထည့်။ ပူစီနံ တို့ နံနံပင်တို့ကတော့ ကြိုက်ရင်ထည့်ပေါ့။ အိန္ဒိယ ပြည်

တစ်နယ်နဲ့ တစ်နယ် လုပ်ပုံလုပ်နည်းလေး ခြားတာကတော့ အစာသွပ်တာမှာ ကိုယ်ကြိုက်တဲ့ အသီးအ

ရွက် အသား ထည့်တာရယ်..စမူဆာ ချိုးပုံလေး မသိမသာကွာတာရယ်ပါပဲ။ ယေဘုယျ အခြေခံကတော့

အတူတူရယ်ပဲလို့ မြင်မိတယ်။ တစ်ချို့လည်း အသားလွတ် သီးသန့်..တစ်ချို့လည်း အသားနဲ့မှ။ ပါကစ္စတန်

တွေကျတော့ အစပ်ကဲသပေါ့။ အင်ဒိုနီးရှားမှာကျတော့ ကြက်ဥတို့ အမဲသား တို့နဲ့တောင် လုပ်ကြတယ်ဆို

တာပဲ။

 

အိန္ဒိယ စမူဆာ
အိန္ဒိယ စမူဆာ (Photo courtesy of wikipedia)
Burmese Style Samusa
ဗမာ စမူဆာ (Photo courtesy of wikipedia)

အာဖရိက ဦးချိုဒေသ

အာဖရိက ဦးချိုဒေသတွေ ဖြစ်တဲ့ ဆိုမာလီးယားတို့ အီသီယိုးပီးယားတို့မှာကျတော့ စမူဆာ က ပင်တိုင်သွား

ရည်စာပေါ့။ အထက်ကဆိုခဲ့သလို ဆိုမာလီမှာ စမူဆာ ပိတ်လိုက်ပြီဆိုတော့ စားကြရသေးလား မသိပါဘူး။

သူတို့ခေါ်တာကတော့ ဆမ်ဘူဆာ ပေါ့။ ရာမဒန် တို့၊ ခရစ္စမတ် တို့စတဲ့ ပွဲတော်ရက်တွေမှာလည်း စမူဆာက

မပါမပြီးပေါ့လေ။

Somali style samosa
ဆိုမာလီ စမူဆာ
ဆိုမာလီက စမူဆာသည်
ဆိုမာလီက စမူဆာသည် (Photo courtesy of demonalmostexactly.blogspot.com)

ပါလက်စတိုင်း နဲ့ အစ္စရေး

အဲဒီဒေသတွေမှကျတော့  ဆမ်ဘူဆက်လို့ခေါ်ပြီး ချိုးတာကလည်း တြိဂံပုံမဟုတ်ဘူး။ ဒီက ဘဲသားပက်ဖ် ပုံ

မျိုး။လခြမ်းပုံ။အာလူးတွေ ဘာတွေလည်း မပါဘူး။ ကုလားပဲလုံး ကို ခြေထားတာနဲ့ ကြက်သွန် ဟင်းခတ်

အမွှေးအကြိုင်ငရုတ်ကောင်း ကို ရောကြော်ထားပြီးမှ အစာသွပ်တာ။ အစ္စရေး စတိုင်လ် စမူဆာကတော့ အိန္ဒိယ

စမူဆာလောက် အစပ်မကဲပါဘူးတဲ့။

ပေါ်တူဂီ စကားပြောနိုင်ငံများ

ဂိုအာတို့ ပေါ်တူဂယ်တို့မှာ ကျတော့ စမူဆာကို ချမူကက်စ် လို့ခေါ်ကြသတဲ့။ (အသံမထွက်တတ်ဘူး) အသား

ကတော့ အစုံပဲ ။ ကြက်သားတို့၊ အမဲသားတို့၊ ဝက်သားတို့ ၊သိုးသားတို့ ပေ့ါ။ အသီးအရွက်လည်း ကြိုက်တာ

အစုံထည့်ပဲ။ ပူပူလေး စားကြတာ။ အဲဒီ ချမူကက်စ် ဆိုတာက အရင် ပေါ်တူဂီ ကိုလိုနီ ဖြစ်ဖူးတဲ့ နိုင်ငံတွေမှာ

အတော်တော့ ခေတ်စားတာ။ ဘရာဇေးလ် တို့ အပြင် အာဖရိက က ကိပ်ဗာဒီတို့ အန်ဂိုလာတို့ မိုဇမ်ဘစ်တို့

မှာလည်း ဒီပုံစံပဲ ယေဘုယျ လုပ်စားကြမှာ။

Goan chmucas
ဂိုအန် စမူဆာ
အီဂျစ် စမူဆာ
အီဂျစ်စမူဆာ
အိန္ဒိယက လမ်းဘေးစမူဆာသည်
အိန္ဒိယက လမ်းဘေးစမူဆာသည် (တခြားမုန့်တွေရောပေါ့)

အင်္ဂလိပ်စကားပြော နိုင်ငံများ

စမူဆာက ခုဆို အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာလည်း ပေါ်ပြူလာဖြစ်လာပြီ။ အင်္ဂလန်၊ ကနေဒါ၊ ယူအက်စ်၊

တောင်အာဖရိက၊ ကင်ညာ။ ခေါ်တာတော့ နည်းနည်းကွဲမယ်။ ဆမ်ဘူးဆာ တို့ ဆမ်ဘူးဆက်တို့ပေ့ါ။ တောင်

အာဖရိကကျတော့ ဗမာနဲ့ဆင်တယ်။ စမူးဆာ တဲ့။ အင်္ဂလန်တို့ ယူအက်စ် တို့မှာလည်း စတိုးဆိုင်လေးတွေက

အသင့်ကြော်စားရုံ စမူဆာလေးတွေ ရောင်းချပေးနေသတဲ့။ ရေခဲသေတ္တာထဲ ထည့်ထားမှာပေါ့။ စားချင်မှ ထုတ်

ပြီး ကြော်စား။ စမူဆာဆိုတာ ကြော်စားတာမျိုးချည်း။ သို့ပေမဲ့ အနောက်တိုင်းသားများကတော့ ဆီတွေရွှဲရွှဲနဲ့ စမူ

ဆာကို မစားဝံ့ဘူး ထင်ပါတယ်။ ကျန်းမာရေးပေါ့ ခင်ဗျာ။ သူတို့က ဖုတ်တာ ပိုကြိုက်သတဲ့။ အကြော်လေးထက်

အဖုတ်လေးက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်သပေါ့လေ။

စမူဆာရှာပုံတော်ကတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါပြီ။ သိသူများလည်း ထပ်မံဖြည့်စွက်ကြပါဦးလို့။

34 comments

  • ဘဲဥ

    November 10, 2012 at 3:33 pm

    စမူဆာဆိုတာက ဆမာစူ ဆိုတဲ့စကားလုံးက ဆင်းသက်လာဒါ
    မယုံမစိနဲ့

  • kai

    November 10, 2012 at 3:45 pm

    စမူဆာရှာပုံတော်ဖွင့်ခြင်းအတွက်.. ကျေးကျေးကမ္ဘာပါနော…
    ကြိုက်တဲ့အစားအစာတခု.. ဘယ်ကဘယ်လိုဖြစ်လာတယ်.. သိရတာမို့ပါ..။

    စမူဆာအဖုတ်ကလေးဆိုတာကို.. မျက်စိထဲ..ဘာတွေးမိနေမှန်းမသိဘူး..
    မျက်စိနဲ့တွေးတာပေါ့… :kwi:

    အင်း..
    စမူဆာအောင်ကြီးလည်း.. ကွယ်လွန်ရှာပါပကော…
    အိုဘယ့်..စမူဆာ..။

    • မောင်ဘလိူင်

      November 10, 2012 at 4:13 pm

      ရယ်ဒီမိတ် စမူဆာ ကို စတီးလင်ဗန်းထဲစီလို့ ဂရေး ထဲ ထည့်ဖုတ်ကြည့်ဦးမယ်။
      အဲဒါမှ သူဂျီးပြောတဲ့ စမူဆာ အဖုတ်လေး မျက်လုံးထဲ ဘယ့်နှယ်ရှိသလဲ သိမယ်။
      ဗမာပြည်မှာတော့ စမူဆာ ဖုတ်ရောင်းတာ မတွေ့ဘူးသေးပါကြောင်း။

      • မောင်ပေ

        November 10, 2012 at 8:15 pm

        ဖုတ်မဲ့ စမူဆာ
        စမူဆာ အဖုတ်
        ဟီးဟီး
        သဂျီးက မျက်စိထဲပဲ တွေးရုံ တွေးတယ်
        ကျုပ်မှာတော့
        အဲ့စာလုံးဖတ်ရကတဲက ပြုံးပြုံး ပြုံးပြုံး နဲ ့
        ရုပ်တည်လို ့မရတော့တာကလား

  • surmi

    November 10, 2012 at 4:06 pm

    အစ်ကိုရေ
    အကြိုက်ခြင်းလာတူနေပြန်ပြီ ။ ဆမူဆာဆိုလို ့ ဟိုတစ်လောက ဘုရားပွဲဈေးမှာ
    အာပုံဝယ်စားမိတာလေးသတိယသဗျာ ။ကျနော်က အာပုံ ဘယ်လိုရောင်းလဲဆိုတော ့
    ရောင်းတဲ ့ အမျိုးသမီးက ပြုံးစိစိနဲ ့။ သူပဲရောင်းတုန်းကရောင်းပြီးတော ့………
    အဲဒါ …..လုပ်ပါဦး အာပုံရာဇဝင်လေး ။ရေးလက်စနဲ ့ မို ့တောင်းဆိုပါတယ်ဗျို ့ ။
    စမူဆာ ၊ အာပုံ အားလုံးကြိုက်တဲ ့(တလွဲတွေ မတွေးကြေးနော် )
    မောင်ဆာမိ
    :harr:

  • ရွာသူ jujuma .

    November 10, 2012 at 4:18 pm

    :kwi: :kwi: :kwi:
    စမူဆာတော့ ကြိုက်ဘူး …
    ဒီပိုစ့်လေးကိုတော့ ကြိုက်တယ်ဗျာ ..

    • မောင်ဘလိူင်

      November 10, 2012 at 4:25 pm

      စမူဆာ မကြိုက်တဲ့ ဂျူးဂျူးမ ရေ.. ကျေးဇူးပါဗျာ..
      စမူဆာက မကြိုက်တောင် စားလို့ဖြစ်တဲ့ မုန့်ပါ..
      လုံးဝမကြိုက်ဘူးဆိုရင်တော့ ထူးထူးခြားခြားပါပဲနော။

  • စိန်ဗိုက်ဗိုက်

    November 10, 2012 at 4:22 pm

    အိန္ဒိယ စမူဆာ ရယ်..
    ဗမာ စမူဆာ ရယ်..
    ဆိုမာလီ စမူဆာ ရယ်..
    ဂိုအန် စမူဆာရယ်..
    အီဂျစ်စမူဆာရယ်..
    နောက်တော့
    ဘယ်စမူဆာ ကျန်သေးလဲ ခင်ဗျ

    ပုံထဲကြည့်ရတာ
    အိန္ဒိယစမူဆာက ပွပွဖြူဖြူ
    ဗမာစမူဆာက နီနီကျစ်ကျစ်
    ဆိုမာလီ စမူဆာကျတော့ သေချာမမြင်ရဘူး
    ဂိုအန်စမူဆာကတော့ သိပ်မကျစ်ပုံပဲ
    အီဂျစ် စမူဆာကျတော့..ဘာပုံနဲ ့တူမှန်းမသိဘူး..

    ကျနော်ကတော့ လက်ကီးဆဲဗင်းက စမူဆာကြိုက်တယ်..
    အထူးသဖြင့် အသားညှပ်ထည့်ထားတဲ့ စမူဆာမျိုးပေါ့.
    စမူဆာ ဆိုရင် နေ ့ညမရွေး ဘယ်အချိန်ဖြစ်ဖြစ် စားဝင်တာများပါတယ်..
    အချဉ်ကောင်းပြီး ကြွပ်နေရင် ပိုမိုက်တယ်ဗျ..

    • မောင်ဘလိူင်

      November 10, 2012 at 4:38 pm

      လပ်ကီးဆဲဗင်း ဆိုတာ ဘယ်နားကလည်း စိန်ဗိုက်ဗိုက်ရဲ့
      လမ်းညွှန်ပါဦး..ကြုံတော့ ဝင်စားရတာပေါ့..။

  • San Hla Gyi

    November 10, 2012 at 4:24 pm

    ကိုဘလှိုင်ရေ
    ကျုပ်သိသလောက်တော့ တိုရှည်က ကုလားသံနဲ့ဆို သိုဆေလို့ ထွက်တယ်ဗျ။ စမူဆာကတော့ စမိုဆာပါပဲ။ ဗရာကြော်ကျတော့ ကုလားတွေပြောတော့ ဝါဒေရာလို့ အသံထွက်တယ်ဗျ။ မြန်မာတွေက အမှန်တော့ တိုင်းတပါးစကားလုံးကို ကိုယ့်အသံထွက်ဖြစ်အောင် ပင်နီတိုက်ပုံ ဝတ်ပေးပြီး မွေးစားတဲ့ နေရာမှာ တော်ပါတယ်။ သူ့အသံထွက်လည်း မပျောက် ကိုယ်လည်း သုံးလို့ရအောင်ပေါ့။ ကုလားသံ သိုဆေကို မြန်မာသံ တိုရှည်လို့ ပြင်လိုက်တယ်။ စမိုဆာကို စမူဆာလို့ ပြင်လိုက်တယ်။ ဝါဒေရာကျတော့ မြန်မာသံနဲ့ တော်တော့်ကို ဝေးနေတော့ ဗရာကြော်လို့ ပြင်လိုက်တယ်။ အခုတော့ ဝါဒေရာလဲ မြန်မာပြည်မှာ အထိုင်ကျပြီး မြန်မာတွေက ဘေးဘယာ ဝေးကွာအောင်ဆိုပြီး ဘုရားရှင်ကို ဘယာကြော်နဲ့ ဆွမ်းကပ်တယ် ဆိုတာတောင် ဖြစ်နေပြီ။ ဘေးဘယာ ကျော်အောင်ပေါ့။
    ကုလားအစစ်တွေ ကျော်တဲ့ ဘယာကြော်က မြန်မာနည်းနဲ့ လွဲတာက စမုံစပါးတွေ ထည့်လေ့ရှိတယ်ဗျ။ အဲဒီတော့ အီသလို ဖြစ်တာပေါ့။ အဲဒီတော့ မြန်မာက ကြော်နည်းထဲမှာ စမုံစပါးကို ဖြုတ်လိုက်ပါလေရော။
    အဲဒီ ဘယာကြော်ကို အလွန်ကြိုက်ပါတယ်။ ဒီနေ့တောင် ဘယာကြော်နဲ့ ဆွမ်းကပ်သေးတယ်။

    • မောင်ဘလိူင်

      November 10, 2012 at 4:36 pm

      ဟုတ်ကဲ့..မှတ်သားသွားပါတယ် ကိုစန်းလှကြီးရေ..
      ဗယာကြော်နဲ့ဆွမ်းကပ်တဲ့ ကိုစန်းလှကြီး ဘေးဘယာ
      ဝေးကွာပါစေ ခင်ဗျား..

  • myanmarcitizen

    November 10, 2012 at 5:24 pm

    ရွှေအိမ်စည် ရဲ့ “စမူဆာကြော်” မှာပဲတွေးမိလိုက်တယ် စမူဆာကိုကြက်သားနဲ့မကြော်ကြတော့ဘူးလား လို့ပါ။ အသားစမှုဆာ လေးပြန်ပြီးစားချင်လာလို့ဗျာ
    မောင်ဘလိူင်ရေ မသိသေးတာလေးတွေ share ပေးသွားတဲ့အတွက်ကျေးဇူးပါဗျာ။

  • Good™

    November 10, 2012 at 5:28 pm

    မောင်ဘလိုင် ကို အားပေး ပါတယ် ။ ဟို ဘာသာပြန်ကတော့ ရှည်လို့။
    ဘာသာပြန်ပြီးသွားရင် တခုတည်း ဖြစ်အောင် လုပ်ပေးမှာလား။

  • Good™

    November 10, 2012 at 5:29 pm

    မောင်ဘလိုင် ခု ပို့စ် ကို အားပေး ပါတယ် ။ ဟို ဘာသာပြန်ကတော့ ရှည်လို့။
    ဘာသာပြန်ပြီးသွားရင် တခုတည်း ဖြစ်အောင် လုပ်ပေးမှာလား။

  • ဟိုက်ရှလပါး …
    ခညားရဲ့ စမူဆာ ရှာပုံတော်က ရေလည်လန်းတယ် …
    ကျုပ်လည်း စမူဆာ ကို ကြိုက်တယ် …
    သို့ပေသိ ..
    ကျုပ် သိထားတဲ့ စမူဆာက လက်ဖက်ရည်မှာ ဝယ်စားလို့ ရနိုင်တယ် ဆိုတာလောက်ပဲ ..
    ခုတော့ .. ကမ္ဘာတစ်ဝန်းက စမူဆာတွေ အကြောင်းကို သိသွားပြီ …
    ကျေးဇူးပဲ …..

  • မိုးတိမ်

    November 10, 2012 at 8:21 pm

    ကျုပ် အန္ဒိယမှာ (၄)လလောက်သွားနေဖူးပါတယ်။
    စမူဆာကို မနက်ပိုင်းမှာအဆာပြေကျွေးတယ်ခင်ဗျ။အာလူးပိုများပြီး အမွှေးအကြိုင်ပိုသုံးပါတယ်။အန္ဒိယက လဲစမူစာကို စမူစာလို့ခေါ်ပြီး အာလူးကိုလဲ အာလူးလို့ပဲခေါ်ပါတယ်ခင်ဗျ။စမူစာကပိုသေးပါတယ်။နေ့လည်စာထမင်းကို ၂ နာရီလောက်မှစားရပါတယ်။
    ဒါး(လ်)လို့ခေါ်တဲ့ စိမ်းစိမ်းဟင်းရည်ကတော့မပါမဖြစ်စိတ်ညစ်အောင်စားရပါတယ်။သူတို့ကတော့ very high energy ဆိုပြီးတီးနေတာပါပဲ။ကျုပ်လဲ ဘိုကျိရ(ခေါ်)ကြက်ဥကြော်နဲ့နှစ်ပါးသွားလာရတာ(၄)လလုံးပါ။လုံးဝသတ်သတ်လွတ်သမားတွေပါ။ထမင်းစား
    ဲပြီးရင် စမုံစပါးနဲ့ သကြားလေးထောင့်တုံးတွေကိုဝါးရတာတောင်သတိရမိသေး။

  • kai

    November 11, 2012 at 4:06 am

    (တချိန်က) မြန်မာတို့မြို့တော်ရန်ကုန်ဟာ.. အိနိ္ဒယမြို့ကြီးတခုနဲ့.. သွားတူနေတယ်ဆိုတဲ့သဘောကို.. ဂနီ္ဒကြီးလား.. ကဗျာဆရာကြီးတဂိုးလားမသိ.. ရန်ကုန်ရောက်တုံးပြောသွားခဲ့ဖူးတယ်..။
    အဲဒီခေတ်က. စာတွေမှာလည်း.. ကုလားစကားမှမတတ်ရင်.. ရန်ကုန်မှာ.. တော်တော်အဆင်မပြေတဲ့အကြောင်း.. ရေးထားတာတွေဖတ်ရဖူးတယ်..

    ဆိုတော့…
    မြန်မာတွေ.. ကုလားတွေဆီက.. အာလူး၊ပိုက်ဆံ၊ ဟွန်ဒီ၊ စမူဆာ၊ စတဲ့.. စကားလုံးတွေယူယုံတင်မဟုတ်.. ယဉ်ကျေးမှုဓလေ့တွေပါ.. တော်တော်ကူးစက်ယူငင်လိုက်တယ်ယူဆမိတာပါ…။

    စကားအတင်းစပ်..
    အဲဒီအပေါ်ကစကားပြောသွားသူက.. တဂိုးလား..ဂန္ဒီလား.. အထောက်အထားသိရင်.. ပြောပြရေးပြစေလိုပါကြောင်း..။

    • thit min

      November 11, 2012 at 7:01 am

      ဒီလိုလေးတော့ ရှိပါလေရဲ့ သူကြီးရေ

      ဆရာကြီးတဂိုး အကြောင်းတော်တော်လေးဖတ်ဘူးခဲ့ပါတယ်။
      အဲဒီ လိုတိုက်ရိုက်ပြောတာတော့ မတွေ့မိခဲ့ဘူး။ ဖြစ်နိုင်ခြေတော့ရှိပုံရပါတယ်။
      ဘာလို့လဲဆိုတော့ ကျနော့ ပို့စ်ကိုဘဲ ပြန်ကိုးကား ကောက်နှုတ်ပါရစေ။
      ပို့စ်က
      ဂေဇက်ဆီမီနာ(၁) ၏ရလာဒ် ကို အနှစ်ချုပ်ဆွေးနွေးခြင်း၊(ရာဘင်ဒြာနတ်သ်ဂိုး၊Human Development Index)

      http://myanmargazette.net/82364/business-economy ဖြစ် ပါတယ်။
      အဲဒီ ပို့စ်ကိုရေးတုန်းက ဒီ စာအုပ် (Rabindranath Tagore, Japane-Parashye, pp. 14, 17-25) က အောက်ကစာသားတွေ
      ကို ကိုးကားခဲ့ပါတယ်။

      As the ship moved up the Irrawady towards Rangoon, Tagore observed the row of kerosene-oil factories with tall chimneys along its banks as if Burma was lying on its back and smoking a cigar. Closer to the city, the long line of jetties were clinging to the body of Burma like so many hideous, giant, iron leeches. Other than the Shwe Dagon temple, Tagore did not find anything in the city that was distinctively Burmese.
      He lamented the cruelty of the goddess of commerce.

      ‘This city has not grown like a tree from the soil of the country,’ he wrote, ‘this city floats like foam on the tides of time…Well, I have seen Rangoon, but it is mere visual acquaintance, there is no recognition of
      Burma in this seeing…the city is an abstraction…

      ကောက်နှုတ်ချက်က အဲဒီအပေါ်က အပိုဒ်ပါ အအဓိကပါအဝင်ပါ။

      (((((((ဆရာကြီး တဂိုးက ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ၃ ကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။

      သူ၏ အာရှခရီးစဉ်များအတွင်း ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၁၆ မေလ ၅ ရက်တွင်

      လာရောက်စဉ်က ရွှေတိဂုံဘုရားအား ဖူးမြော်ကြည်ညိုခွင့်ရခဲ့သလို သူ၏မွေးနေ့မေလ ၈ ရက်ကို

      ရန်ကုန်မြို့ရှိ အိန္ဒိယတိုက်သားများကဂျူဗလီဟောတွင် ဂုဏ်ပြုကျင်းပပေးခြဲ့ကသည်။

      ၁၉၂၄ မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ‘ဘင်္ဂါလီစာပေညီလာခံ’ သို့တက်ရောက်ပြီး ရန်ကုန်မြို့တွင် ၄ ရက်ကြာ

      နေထိုင်သွားခဲ့ သည်။ သူနေထိုင်သွားခဲ့သည့်ကုန်သည်လမ်းအမှတ် ၃၉၂-၃၉၆ “ဂါးဒီးယန်းမဂ္ဂဇင်းတိုက်”

      အရှေ့ဘက် အတွင်း နံရံကျောက်ပြားတွင် ၎င်းလာရောက်နေထိုင်သွားခဲ့သည့်အထိမ်းအမှတ်အဖြစ်

      အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်ရေးထိုးထားသည့်စာတမ်း ယနေ့ထက်တိုင် ရှိသေးကြောင်း သိရသည်။

      ၁၉၂ရ အောက်တိုဘာ ၂၂ တွင် တတိယအကြိမ် ရောက်ရှိလာပြီး ထိုနှစ်ဒေဝါလီနေ့ ၂၄ ရက်ထိ

      ရန်ကုန်မြို့တွင်နေထိုင်သွားခဲ့ ကြောင်းမှတ်တမ်းများရှိခဲ့သည်။

      ပထမကြိမ် လာရောက်စဉ်က ရန်ကုန်မြို့တွင် အိန္ဒိယ တိုက်သားများက အများစုဖြစ်ပြီး မြန်မာများက

      နိုင်ငံခြားသား ကဲ့သို့ မြင်တွေ့ခဲ့ရပုံကို “ကျနော်ရောက်သွားသော အခါ မြန်မာပြည် ရောက်နေသည်နှင့်ပင်

      မတူတော့။ ရန်ကုန်သည် မြေပုံပေါ်တွင်သာ ရှိပြီး မြေပေါ်တွင် တကယ်မရှိသလို ဖြစ်နေ၏။

      တနည်းပြောရလျှင်မြို့သည် မြေဆီလွှာမှပေါက်လာသော သစ်ပင်နှင့်မတူဘဲ ရေစီးတွင် မျောလာသော

      ရေမြှုပ်နှင့် တူနေသည်” ဟုတဂိုးက ခံစားမှတ်တမ်းတင် သွားခဲ့ဖူးသည်။

      တဂိုး ၏ စာပေအနုပညာ မြတ်နိုးသူများက ၁၉၅၂ တွင်‘မြန်မာပြည်တဂိုးအသင်း’ ကို

      ဖဲ့ွစည်းတည်ထောင်ခဲ့ကြသည်။

      တဂိုး၏ စာပေလက်ရာများကို ဆရာပါရဂူက ၅ အုပ်ထက် မနည်း ဘာသာပြန်ခဲ့ဖူးပြီး မောင်ဖြူး၊ ဇော်ဂျီ၊

      မင်းသုဝဏ်၊မြသန်းတင့်၊ မြင့်စိုးလှိုင်၊ ဟိန်းလတ် စသူတို့ကလည်း တဂိုး၏ ကဗျာ၊ ဝတ္ထုတိုစာအုပ်များ

      မြန်မာဘာသာသို့ ဘာသာပြန်ဆို ပေးခဲ့ကြသည်။

      တဂိုး၏ ထင်ရှားသော ကဗျာလင်္ကာများမှာ ‘ဂီတဉ္ဖလီ’၊ ‘ဥယျာဉ်မှူး’၊ ‘တေလေငှက်’၊ ‘သစ်သီးခူးကဗျာများ’၊

      ‘စိတြ’ တို့မှာ မြန်မာစာဖတ်ပရိသတ်နှင့် ရင်းနှီးသည်။

      စာပေဆိုင်ရာ နိုဗယ်ဆုကို ၁၉၁၃ တွင်ပထမဆုံး ရရှိခဲ့သည့်အားရှတိုက်သား စာရေးဆရာကြီး ရာဘင်ဒရာနတ်

      တဂိုး (၁၈၆၁-၁၉၄၁)သည် ကဗျာ ပေါင်း၃,ဝဝဝကျော် ရေးစပ်သီကုးံ ခဲ့သည်။ ပြဇာတ် ဆရာအဖြစ်လည်း

      သရုပ်ဖော်ပြဇာတ်၊ ဘဲလေးဇာတ်၊ အပြောပြဇာတ်၊ အိမ်ပြောပြဇာတ်၊ အရိပ်ပြဇာတ် ပေါင်းများစွာ ရေးသားခဲ့သည်။

      ဝတ္ထတို၊ဝတ္ထရှည်၊ စာတမ်း၊ ဆောင်းပါး များစွာကိုလည်း မိခင် ဘင်္ဂါလီ ဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါ

      ရေးသားခဲ့ သည်။ စာသား/သံစဉ် စပ်ဆိုရေးဖဲ့ွနိုင်သော ဂီတပညာရှင်လည်း ဖြစ်သည်။ သူ၏ ပန်းချီကား ၄ဝဝ

      ကျော်ကို ပြင်သစ်၊ အင်္ဂလန်၊ဂျာမနီ၊ရုရှားတို့ တွင်လှည့်လည်ပြသနိုင်ခဲ့သည်။)))))))

      ဆိုတော့ ရာဘင်ဒရာနတ်သ်တဂိုး ဖြစ်နိုင်လေမလားရယ် လို့တွေးမိပါရဲ့။

      ဆရာကိုဘလှိုင်ကတော့ ကျနော့ထက် အင်ဒိရားဘက် ကို ပိုနှံ့စပ်မယ် လို့ထင်ပါတယ်။

      • pooch

        November 12, 2012 at 2:59 pm

        ကျမလည်း အိနိ္ဒယ သံရုံးက ပြတဲ့ တဂိုးမွေးနေ့ အမှတ်တရ ပန်းချီပြပွဲတခုကို သွားကြည့်ဖူးတယ်။
        မှတ်မှတ်ရရ လှေကားထစ်တွေကနေ ဒေါက်ဖိနပ်နဲ့ ချော်ကြခဲ့သေးလို့
        ဖိနပ်ဒေါက်တောင် ပြုတ်သွားဖူးတယ်။ ကောဇောနဲ့ ညိတာ :mrgreen:

        တဂိုးကဗျာတွေလည်း ဖတ်ဖူးတယ်။

        အရင်ကတော့ သူတို့ ဓလေ့တွေလို့ ပြောရင် စိတ်ထဲ စနိုးစနောင့်နဲ့ဖြစ်ဖူးတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ စာစုံဖတ်ဖြစ်တာရော မျက်စိရှေ့မြင်တာတွေရော ဆက်စပ်လိုုက်တဲ့ အခါ ကျမတို့ တော်တော်များများ လက်ခံဆင့်ပွားထားတယ် ဆိုတာ လက်ခံလာတယ်။ တခြားအရာ တော်တော်များများရောပဲ။ 😀

        ကိုဘလှိုင်ရဲ့ စမူဆာ ရှာပုံတော်ကတော့လှလှပပကြီးကို ပြည့်စုံပါတယ်။ နောက်များလည်း ကြုံကြိုက်ရင် ဒါမျိုးလေးတွေ ရှာပါအုန်း။

        စမူဆာ တော့ ကြိုက်ပေမဲ့ သိပ်မစားဖြစ်တော့ ဖူး။ ဆိုင်တွေက ဆီမသန့်တော့လို့ ကြောက်တာလဲ ပါတယ်။

      • kai

        November 12, 2012 at 3:08 pm

        အရမ်းအရမ်းကို.. ကျေးဇူးတင်ပါတယ်ဆရာသစ်ရေ…
        အောက်မြန်မာနိုင်ငံကို.. အင်္ဂလိပ်နှစ်ရာချီအုပ်ချုပ်ခဲ့တယ်..။
        ရန်ကုန်က.. ဆရာကြီးတဂိုးပြောစရာလောက်အောင်ဖြစ်ခဲ့တယ်..။

        အခုခေတ်နဲ့ယှဉ်ကြည့်စရာ.. အတွေးနက်ချစရာဖြစ်မှာပါ…။ :harr:

  • uncle gyi

    November 11, 2012 at 9:13 am

    စားစရာကိုဒီလောက်နှိုက်နှိုက်ချွတ်ချွတ်
    မလေ့လာဖူးတာအမှန်
    ရှာရှာဖွေဖွေတော့လိုက်စားဖြစ်ကြောင်းပါ

  • မိုချို

    November 11, 2012 at 9:18 am

    ကိုယ် ကြိုက်တဲ့ စမူ ဆာ ရဲ့ ရာဇဝင်ကို ပြည့် ပြည့် စုံ စုံ ခင်း ထား တာ ပဲလား။ငယ်ငယ် တုန်း က တော့ စမူဆာ ကို အသားတွေ ပါလို့ မကြိုက် ဘူး ၊ အခု အာလူး စမူဆာ တွေ ပဲ ကြိုက်တယ်။ ဒီမှာ လည်း ရယ်ဒီ မိတ် အထုတ်လေးတွေ မကြာ ခဏ ဝယ်ပြီး ကြော် စား ဖြစ်တယ်၊ အလူး ကို ပြုတ် ပြီး ချေထား တာ ရယ်၊ ပဲ စိမ်း လည်း ပါတယ် ဆိုတော့ အိန္ဒိယ စတိုင်ပေါ့ ။တစ်မျိုး ကောင်းပါတယ်။ မြန်မာပြည်က လို အာလူး အတုံးလေး တွေနဲ့ ကြက်သွန် နီ နဲ့ စမူဆာ စားချင်တော့ ကိုယ့် ဘာ ကိုယ် လုပ်တာ ထောင့် မချိုး တတ်တာနဲ့ မဖြစ်တော့ ဘူး။ ကော်ပြန့် လို ပဲ လိပ်ပစ် ရတယ်။

  • MaMa

    November 11, 2012 at 10:10 am

    မောင်ဘလှိုင်ကတော့ မောင်ဘလှိုင်ပဲ။
    စမူဆာရဲ့ ရာဇဝင်ကို သိလိုက်ရပြီ။ :hee:

  • Mr. MarGa

    November 11, 2012 at 10:23 am

    တိတိကျကျ သေသေချာချာ တင်ပြပေးတဲ့အတွက် ကျေးဇူးပါဗျို့

  • အင်္ဂ ါZ

    November 11, 2012 at 10:24 am

    ကြိုက်တယ် မကြိုက်ဘူး မဟုတ်ပေမယ့် ရှိရင် တွေ့ရင် စားဖြစ်နေတဲ့ မုန့်တမျိုးအကြောင်း အသေအချာ သိရလို့ ကျေးကျေးပါဗျို့
    စမူဆာ မှာ အသက် က ကြက်သွန်လို့ ထင်မိတာပါပဲဗျာ.
    တချို့ လက်ဖက်ရည်ဆိုင်တွေမှာ. ညည်းစီစီနဲ့ မလတ်သလို ခံစားရတဲ့ စမူစာအေးအေးကြီးတွေ စားဖြစ်ခဲ့ဖူးတာတွေ
    ပြန်ပြောင်း အောက်မေ့မိတယ်ဗျိုးးး

    ခင်တဲ့

  • မိုးသောက်ချိန်

    November 11, 2012 at 10:55 am

    စမူဆာ ပူပူလေးကို အလွန်ကြိုက်၏ 😆
    သို့သော် အေးစက်စက်ကိုတော့ မစားချင်
    ဒါပေမယ့် ဘရာကျော် ဆိုရင်တော့ အေးလည်း စားချင်ပါကြောင်း ….
    စမူဆာ အကြောင်းကို သေချာလေ့လာခွင့်ရ၍ ကျေးဇူးတင်ရှိပါ၏

  • ကျနော်ကတော့ စမူဆာကိုသုပ်စားတာပိုကြိုက်တယ်။
    ငယ်ငယ်က အိမ်ကလူကြီးတွေဘောလုံးပွဲသွားရင် ဇွတ်လိုက်တာ
    ဘောလုံးပွဲကြည့်ချင်လို့မဟုတ်ဘူး။
    စမူဆာသုပ်နဲ့ ဆိတ်သားကင်စားချင်လို့.
    နောက်အရင်က မန်လေးဈေးချို အောက်လိုင်းက ဆိုင်လဲကောင်းတယ်
    အခုတော့ စားချင်ရင် 27လမ်း 82-83ကြားက ဗန်ဒါပင်အောက်မှာရောင်းတဲ့ဆိုင်သွားတယ်။
    သူတို့ကအာလူးဟင်းချက်ထားတဲ့အရည်လေးနဲ့သုပ်ပေးတာ။
    လက်ဖက်ရည်ဆိုင်က စမူဆာသုပ်ကတော့ ခပ်ချောက်ချောက်။
    ဟိုနေ့ကတောင်ကျောက်တော်ကြီးဘုရားမှာ စမူဆာသုပ်သည်တွေ့လိုက် ဓါတ်ပုံတောင်ရိုက်ထားသေးတယ်။
    နောက်ကြုံမှတင်ပေးတော့မယ်.

  • ဦးဦးပါလေရာ

    November 11, 2012 at 5:22 pm

    ကျုပ်ကြိုက်တဲ့ ဆီကြော်စာတွေထဲမှာ စမူဆာက ထိပ်ဆုံးက
    လွန်ခဲ့တဲ့နှစ်အစိတ်လောက်တုန်းကတော့ ရန်ကုန်ကုလားတန်းမှာ အသားပါတဲ့စမူဆာဝတုတ်ကြီးတွေ အားပါးတရ စားခဲ့ဘူးတယ်။
    အခုတော့လဲ ရန်ကုန်စမူဆာအများစုက ညံ့မှညံ့
    ဒီအထဲ အာလူးတွေကလဲ မလတ်ဘူး ကြက်သွန်တွေကလဲ ငြီးနေပြီ
    ဆီကလဲ လုံးဝ အပေါစား

    တချိန်တခါတုန်းက မန္တလေးနေတုန်း ဟင်းသွားဝယ်စားရမှာပျင်းလို့ ဘေးနားက စမူဆာဝယ်ပြီး ထမင်းနဲ့စားခဲ့တာလေးတွေ အမှတ်ရမိသေးတော့…..

  • ဦးကြောင်ကြီး

    November 12, 2012 at 7:00 am

    စမူဆာ
    ယူပါ
    သူငါ
    ပြူငှာ
    ဖြူပြာ
    ပူတာ
    ဘူလာ
    အူရှာ…။

  • မောင်ဘလိူင်

    November 12, 2012 at 10:40 am

    ကွန်မန့် ပေးသော ဦးဦး ဒေါ်ဒေါ် ကိုကို မမ များအားလုံး နဲ့ ဖတ်ရှုအားပေး
    သူအပေါင်းကို အထူး ကျေးဇူးတင်ရှိကြောင်းပါ ခင်ဗျား..။

  • ရွှေအိမ်စည်

    November 12, 2012 at 1:46 pm

    သူကြီးကောင်းမှုနြ ့ရွာသားမောင်ဘလှိုင်ရဲ ့စမူဆာဖြစ်စဉ်ကို သိရလို ့ကျေးဇူးပါ…ဒီပိုစ့်ကို ကျနော်ဝေမျှဖို ့လည်း ကူးသွားပါကြောင်း

    ပြန်လည်ဝေမျှမဲ ့နေရာတွေ က ကျနော် ့ပိုဒ်ဆိုဒ်စာကြည့်တိုက်http://www.facebook.com/pages/%E1%80%85%E1%80%AC%E1%80%BB%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%82%8A%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%85%E1%80%8A%E1%80%B9%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%92%E1%80%AB%E1%80%94%E1%80%BB%E1%80%95%E1%80%B3%E1%80%95%E1%80%AB%E1%80%9E%E1%80%8A%E1%80%B9/161350690643914
    နဲ ့ချစ်သူမြို ့တော်.http://www.facebook.com/shwemyotaw
    …ဧဒင်ဥယျာဉ်http://www.facebook.com/pages/%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A5%E1%80%9A%E1%80%BA%E1%80%AC%E1%80%A5%E1%80%B9%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%81%9A%E1%80%80%E1%80%A1%E1%80%AD%E1%80%AF%E1%80%B1%E1%80%A1%E1%80%85%E1%80%85%E1%80%B9/239794422731899တို ့ဘဲဖြစ်ပါတယ်

  • cobra

    November 12, 2012 at 3:16 pm

    စမူဆာ ရှာပုံတော် ဆိုတော့
    ဘာများလဲလို့
    စားလို့ရတဲ့စမူဆာကိုပြောတာကိုး။

Leave a Reply