Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျေးဇူးတင်ချင် လွန်းလို့ ပါ

မောင်ဆန်းNovember 14, 20123min109940

 

ဒီရက်ထဲ ဘန်ကောက်ကို အလုပ်ကိစ္စကြောင့် ခဏ ရောက်နေရပါတယ်

အပြင်သွားရင်း နဲ့ နေ့တိုင်း ချက်တူချက်ပန်းခြံ (Chatuchak Park) ကို ဖြတ်သွား ဖြစ်နေတယ်

ပန်းခြံလေးက ရှည်မျောမျော ၊ ရေကန်လေးတွေ တံတားလေးတွေ လမ်းလေးတွေက သပ်သပ်ရပ်ရပ် ပန်းပင်လေးတွေ သစ်ပင်လေးတွေကလဲ လှလှ ပပ နဲ့ မို့ လျှောက်နေရတာကို မောမှန်း မသိတော့ပဲ ပတ်ဝန်းကျင်မှာ နစ်မြောသွားမိတာပဲ…

 

ပန်းခြံထဲမှာ လမ်းလေးတွေကို ကတ္တရာခင်းထားတယ် ၊ သစ်ပင်လေးတွေက

ညှိုးနွမ်းနေတာ မရှိပဲ စိမ်းလန်းစိုပြေ နေတယ်…

တွေ့နေကျ မြင်ကွင်းတွေက

လူကြီး လူငယ်တွေ ကျန်းမာရေးအတွက် လမ်းလျောက်ကြတယ် အနှေးပြေးကြတယ်

အဘွားကြီးတွေ ကက်ဆက်ဖွင့်ပြီး လေ့ကျင့်ခန်းလုပ်တယ်

တစ်ခါတစ်လေ ကတောင် နေသေး ဗျာ

တချို့ကလဲ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ် အလေးမ လုပ်နေကြရဲ့

တစ်ခါတစ်လေ မိသားစုလိုက်နဲ့ တွေ့ရသလို တစ်ခါတစ်လေလဲ ကျောင်းသားလေးတွေနဲ့ ဆုံရတယ်

လှေစီးကြ တွတ်တီးတွတ်တာ လုပ်နေကြတဲ့ အတွဲလေးတွေ ကို မြင်ရရင်

ကိုယ်တောင် ပြန်ငယ် ချင်သလိုလို ဖြစ်မိတယ်

ဝန်ထမ်းတွေက မြက်ဖြတ် အပင်ပြင် အမှိုက်လှဲ အားလုံးတက်တက်ကြွကြွ ပဲ

သူတို့ အလုပ်ကလဲ ဒီနေ့ လဲလုပ် မနေ့ကလဲ လုပ် ဟိုးတစ်နေ့ကလဲ လုပ်နဲ့

နေတိုင်းကို ပြုပြင် ထိန်းသိမ်းနေကြတာမို့ ပန်းခြံလေးက သပ်သပ်ရပ်ရပ် သာသာယာယာ နဲ့

လာတဲ့ သူ အပေါင်းကို စိတ်ချမ်းသာစေတာဖြစ်မယ်

နောက် ပို စိတ်ဝင်စားဘို့ ကောင်းတာက ဒီလောက် ပြုပြင်ထိန်းသိမ်းပေးထားတဲ့ ပန်းခြံကိုတောင်မှ ပန်းခြံဝင်ခ ပေးစရာ မလို ကြိုက်သလို ဝင်ထွက် သွားလာနိုင်တယ် နောက်ဆုံး ပန်းခြံထဲမှာ အိမ်သာအသုံးပြုတာအတွက် ပိုက်ဆံပေးစရာလဲ မလိုဘူး ( လုံလုံလောက်လောက် သပ်သပ်ရပ်ရပ် ထားပေးထားတယ်)

 

လမ်းလေးတွေကဖြူးနေတာပဲ
ဒါကြောင့်လဲ ကျန်းမာနေကြတာ
တံတားလေးတွေ နဲ့
ပန်းပင်လေးတွေက ညီညီညာညာ
စုပေါင်း လေ့ကျင့်ခန်းးးးးး စ

ဒီ ထဲမှာပဲ ပစ် တော့ မယ်
လှေ ကလေး တွေ စီးကြမယ်
ဘဝ ရဲ့ အသာယာ ဆုံး အချိန်
ကိုယ်ကာယ လေ့ကျင့်နေကြတာ
ဒီ မှာလဲ လုပ်လို့ ရ သေး

အဲဒီ ပန်းခြံထဲ ဖြတ်လျှောက်ချိန်ဆို စိတ်ထဲမှာ ကြည်နှုးပြီး ပို့စ် တွေ တစ်ပုဒ်ပြီး တပုဒ်ရေးနေမိတယ်

အပြင်မှာသာ ချရေးဖြစ်ရင်တော်တော်များမှာ

အော် ငါတို့ နိုင်ငံလဲ ဒီလို ပန်းခြံလေး ရှိရင်ကောင်းမှာ

အသစ်တွေ ထပ်မဆောက်နိုင်တောင် ရှိပြီးသား ပန်းခြံလေးတွေကို

မည်ကာမတ္တအဆင့်ထက် ကျော်ပြီး တကယ့်ပန်းခြံစစ်စစ်လေး တွေ လုပ်ပေးနိုင်ရင် ဘယ်လောက် စိတ်ချမ်းသာဘို့ ကောင်းမလဲ လို့ စဉ်းစားတုန်းရှိသေး

ဒီနေ့ Eleven မှာအောက်က သတင်းကို ဖတ်လိုက်ရတော့

မျက်လုံးတောင်ပြူးသွားတယ်……

 

ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံရှိ မြိုင်ဟေဝန်ပန်းခြံနေရာအား ကိုရီးယားပေါ်စကိုကုမ္ပဏီက အထပ်မြင့်အိမ်ရာ စီမံကိန်းတည်ဆောက်ရန် စိတ်ဝင်စား၍ ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်း ရရှိသည်။

မြိုင်ဟေဝန်ပန်းခြံနေရာသည်  မြေ ၁၅ ဧက ကျယ်ဝန်းပြီး စည်ကားသည့် ရှစ်မိုင်လမ်းဆုံနှင့် အနီး ကပ်တည်ရှိနေသောကြောင့် အိမ်ရာစီမံကိန်းများတည်ဆောက်ရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း၊ ယင်း ပန်းခြံကို မကြာမီကာလအတွင်း Open Tender စနစ်ဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ခေါ်ယူ သွားရန်ရှိကြောင်း သိရသည်။

“မြိုင်ဟေဝန် ပန်းခြံနေရာမှာ Project တစ်ခုလုပ်ဖို့အတွက် ကိုကိုရီးယား ပေါ်စကိုကုမ္ပဏီက ကြိုးပမ်းနေတယ်။ သူတို့က အဲဒီနေရာပဲ အရမ်းစိတ်ဝင်စားတယ်။ သိသလောက်တော့ သူတို့က အဲဒီမှာအထပ် မြင့်အိမ်ရာစီမံကိန်းမျိုးတွေ ဆောက်လုပ်ချင်တာ။ မြေကလည်းကျယ်ပြီး ရှစ်မိုင်လမ်းဆုံနဲ့လည်းနီးတော့ လူ စည်တယ်လေ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောကြားခဲ့သည်။

မြိုင်ဟေဝန်ပန်းခြံမှာ အများပြည်သူ အပန်းဖြေနေနိုင်သည့် ပန်းဥယျာဉ်ဖြစ်ပြီး သစ်ပင်နှင့်ပန်းမန်များ စုဝေးနေသည့် စိမ်းလန်းဧရိယာလည်း ဖြစ်နေကြောင်း၊  ရန်ကုန်မြို့တော်တွင် ပန်းဥယျာဉ်နှင့်ပန်းခြံ အရေအတွက် ၅၈ ခုခန့် ရှိသော်လည်း အများပြည်သူ မိသားစုအလိုက် အပန်းဖြေနိုင်သည့် ပန်းဥယျာဉ် အရေအတွက်မှာမူ နည်းပါးနေကြောင်း ရန်ကုန်မြို့နေ ပြည်သူများကလည်း သုံးသပ်ပြောကြားမှုများရှိနေကြောင်း သိရပါသည်။

“ရန်ကုန်မြို့တော်မှာ လူဦးရေတိုးတက်လာတာနဲ့အမျှ စိမ်းလန်းတဲ့ဥယျာဉ်ဧရိယာ Green Park က လိုက်လျောညီထွေဖြစ်ဖို့ လိုပါတယ်။ အခု ရန်ကုန်မြို့မှ Green Park ဧရိယာ နည်းနေတာကို တွေ့ရတယ်။ ဒါကြောင့် သစ်ပင်ပန်းမန်တွေရှိတဲ့ ပန်းခြံတွေ ဒီထက်ပိုပြီးရှိသင့်တယ်။ အိမ်ထောင်စုတိုးလာတာနဲ့အမျှ ပန်းခြံ တွေလည်း ပိုပြီးလုပ်ပေးသင့်တဲ့ ဆိုတာပေါ့။ ပြီးတော့ သစ်ပင်တွေလည်း ပိုစိုက်ဖို့ လိုအပ်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လေ့လာနေသူ အင်ဂျင်နီယာ ကိုအောင်မြင့်မော်က သူ၏အမြင်ကို ပြောပြခဲ့သည်။

ယခုနှစ်အတွင်း ပန်းခြံအချို့ကို အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် မဟာဗန္ဓုလပန်းခြံ၊ အင်းလျားကန်ပန်းခြံ (ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းဘက်ခြမ်း) တို့အား မူလထက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရန်ကုန်မြို့ပြစီမံကိန်းမှာ လူနေထိုင်မှု၊ ယာဉ်သွားလာမှုအပြင် လူဦးရေတိုးတာနဲ့အမျှ အပန်းဖြေ အ နားယူနိုင်မှုအတွက်လည်း လိုအပ်ချက်တွေ ရှိလာပါတယ်။ အဲဒီလိုအပန်းဖြေဖို့ဆိုတာ ပန်းခြံတွေလို အပ်တာပေါ့။ ပြီးတော့ ဒါဟာ ကျန်းမာရေးအတွက်လည်း ကောင်းသလို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး တော့လည်း အကျိုးပြုပါတယ်။ ဒါ ကြောင့် Town Plan ဆွဲရင် ပန်းခြံတွေကို ထည့်သွင်းဆွဲဖို့လည်း အရေး ကြီးပါတယ်” ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားခဲ့သည်။ တဲ့

 

ပန်းခြံလေးတွေ အသစ်ဆောက်ရင်

ရှိတဲ့ ပန်းခြံလေးတွေ အဆင့်မြှင့်ရင်ကောင်းမယ်လို့ စိတ်ကူးတုန်း

ရှိနေတဲ့ ပန်းခြံတောင် ဖျက်ဘို့လုပ်နေကြပြီ..

ရန်ကုန်မှာ တိုးတက်လာတဲ့ လူဦးရေအတွက် အိမ်ယာတွေဖော်ထုတ်ရမယ် ဆိုတာ

မှန်ကန်တဲ့ လုပ်သင့်တာ ကြာနေတဲ့ အလုပ်ပါ

ဒါပေမဲ့  ရှိနေပြီးသား ပန်းခြံ ဖျက်ဆောက်ရလောက်အောင်တော့ မမိုက်မဲသင့်ပါဘူး

အရင် က သူငယ်ချင်း တစ်ယောက်က နောက်ဘူးတယ် ရန်ကုန်မှာလဲကွာ ရှိသမျှ ကွက်လပ် အကွက်ရိုက် ခွဲနေကြတာ ငါတို့ နေဘို့တောင် ရှိပါဦးမလား မသိဘူး

နောင်ဆို အင်းယားကန်တောင် မြေဖို့ အကွက်ရိုက်ကြမယ်ထင်တယ် တဲ့

(တိုးတိုး ပြောမှ ကြားသွားရင် တကယ် လုပ်နေဦးမယ်)

တကယ်ဆို ရှိပြီးသား ပန်းခြံတွေကို ဘယ်လိုထိန်းသိမ်းရမယ် နောက် အိမ်ယာအသစ်တွေဖော်ထုတ်ရင် အကျယ်အဝန်းဘယ်လောက်ဆို ပြည်သူလူထု အနားယူအပန်းဖြေဘို့ ဘယ်လောက် ကျယ်ကျယ် ၊ သတ်မှတ်ချက်က ဘယ်လိုဆိုတဲ့

စည်ပင်ဥပဒေ ရှိကို ရှိရမယ်

 

အခု ဂျာနယ် တွေမှာ တွေ့နေရတဲ့ ဒလဘက်ချဲ့မယ်တို့ ထောက်ကြံ့မှာ

ဟိုတယ်ဇုံ ဆောက်မယ်တို့ လုပ်စမ်းပါ နေရာအသစ်တွေမှာ

အခြေခံအဆောက်အဦး အစုံအလင်နဲ့ ပန်းခြံလေးတွေလဲ ထည့် လမ်းပန်းဆက်သွယ်ရေးကောင်းအောင် လုပ်ပေးရင် ခဏလေးနဲ့ စည်လာမယ် ဆောက်တဲ့သူတွေအတွက်လဲ စီးပွားရေး အရ တွက်ချေကိုက်မှာပါ

တကယ်တော့ ပန်းခြံဆိုတာ မရှိ မကောင်း၊ ရှိမှ ကောင်း၏ လို့တောင် ပြောလို့ရပါတယ်

လူတွေ စားဝတ်နေရေးအတွက် နေ့စဉ် ပင်ပန်း ဆင်းရဲစွာ

ရုန်းကန်လှုပ်ရှားကြရတယ် ၊ နောက်တစ်နေ့ အလုပ်သစ်ပြန်လုပ်နိုင်ဘို့

ကုန်သွားတဲ့ အားအင်တွေအတွက် ပြန်ဖြည့်ဆည်းဘို့မှာ အိပ်ရုံ၊ စားရုံ နဲ့ တင် မလုံလောက်ပါဘူး

ရုပ်ပိုင်းရော စိတ်ပိုင်းအတွက်ပါ အနားယူ အပန်းဖြေဘို့ လိုအပ်ပါတယ်

ပန်းခြံတွေမှာ စိတ်တင်းကြပ်မှုတွေ စိတ်ကျဉ်းကျပ်မှုတွေကို

အထိုက်အလျှောက် ဖြေလျှော့ပေးနို်င်ပါတယ် ပျော်ရွင်စရာလေးတွေ ဖန်တီးထားနိုင်ပါတယ်

တကယ် သေချာတွေးကြည့်ရင် ပြည်သူလူထု မှာ အလုပ်အကိုင်က အဆင်မပြေ  စိတ်အပန်းဖြေစရာမရှိ စိတ်ကျဉ်းကျပ် စိတ်ဆင်းရဲ နေရရင် အုပ်ချုပ်သူတွေအတွက်လဲ စိတ်ညစ် စိတ်ရှုပ်စရာတွေ ကြုံလာရနို်င်ပါတယ် ( ပြည်သူအတွက်ဆို စိတ်ဝင်စားမှာ မဟုတ်ဘူး၊ သူ တို့ ဒုက္ခရောက်နိုင်တယ် ဆိုမှ စိတ်ဝင်စားတော့မှာ)

ပန်းခြံတွေဟာ ဦးစိုးညွန့်ကြီး ပြောသလို ကျန်းမာရေးအတွက် ရော

သဘာဝ ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးပြုတဲ့ နေရာတွေပါ

တခြားနိုင်ငံအစိုးရတွေက သူ့ ပြည်သူလူထုအတွက် ပန်းခြံဆောက်ပေးတယ် လှလှပပ ဖြစ်အောင်ထိန်းသိမ်းတယ် အခမဲ့တောင် ပေးဝင်လိုက်သေး

အဲဒီအချိန် မှာ မြန်မာပြည်က လူကြီးမင်းများက ရှိနေတဲ့ ပန်းခြံတောင် ဖျက်မယ်ဆိုတော့

မြန်မာပြည်သူတွေက အနားယူ အပန်းဖြေဘို့ မလိုအပ်တော့ဘူးလား

ပြည့်စုံ လုံလောက်ရုံတင် မဟုတ် ပိုလျှံနေပြီလို့ပါ ယူဆနေကြတာလား

နွေရာသီ ကာလများ အထူးသဖြင့် မီးပျက်နေတဲ့ အချိန်ဆို

နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့က ကားမောင်းသွားရင် လမ်းလယ်ကျွန်းမှာ

ဘေး တိုက်အမြင့်တွေပေါ်က မိသားစုလိုက် အပူရှောင်ရင်း ယပ်တောင်လေး တဖြတ်ဖြတ်နဲ့ လူအုပ်ကိုခဲနေတာပဲ ယာဉ်အန္တရာယ်က အပြည့် ၊ ရန်ကုန်မှာ အဲဒီလို နေရာတွေက အများကြီး သူတို့အတွက်လဲ သက်တောင့်သက်သာ အနားယူနိုင်ဘို့ နေရာလေးတွေ စီစဉ်ပေးကြပါ ၊ လောလောဆယ် မစီစဉ်ပေးနိုင်ရင်တောင်မှ ရှိပြီးသားပန်းခြံတွေကို မဖျက်ဆီးကြပါနဲ့ ဗျာ ၊ ကျွန်တော့်မှာ တစ်နေ့ တစ်နေ့ သူတို့ ပန်းခြံလေးထဲ ဖြတ်သွားရင်း စိတ်လက်ပေါ့ပါး ကြည်နှုးမိလို့ ဘာမဆိုင် ညာမဆိုင် သူတို့အစိုးရကို ကျေးဇူးတွေ တင်နေမိတာ တကယ်ဆိုင်တဲ့ ကျွန်တော်တို့ လူကြီးမင်းများကိုလဲ ကျေးဇူးတင်ပါရစေ ခင်ဗျာ

40 comments

  • pazflor

    November 14, 2012 at 11:28 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    စတီးအဓိက ထုတ်တဲ့ posco တောင်မြန်မာပြည်ရပေါက်ချောင်လို့ထင်တယ်၊ တိုက်ဝင်ဆောက်ချင်နေပြီ။
    အမှန်တကယ်တော့ ရန်ကုန်မြို့ထဲမှာ အပြီးမသတ်နိုင်တန်းလန်းကျန်နေတဲ့ တိုက်တွေကို အရင်ပြီးအောင် ဆောက်သင့်တယ်ထင်ပါ့ခင်ဗျာ။

  • pooch

    November 14, 2012 at 11:36 pm

    ကိုနိုဇိုမိ အခု ဂျာနယ်တွေထဲ တွေ့နေရတဲ့ Diamond Inya ဆိုတဲ့ ကွန်ဒို စီမံကိန်းကလည်း ကြော်ငြာထားတာ အပျံစားပဲ နော်။ ဒီနေ့တောင် အဲ့ဒီ ကွန်ဒိုတွေအကြောင်းပြောဖြစ်နေသေးတယ်။ အောက်ထပ်ကို သိန်း ၁၈၀ဝ ဝန်းကျင် ဆိုလို့ အဲ့လောက်ငွေဆို ကျမတို့ မန်းလေးမှာဆို ကိုယ့်ဝင်းကိုယ့်ခြံနဲ့ အိမ်ကောင်းကောင်းဆောက်နေနိုင်ပြီလို့ ။

    ပန်းခြံလေးလည်း ထည့်လို့ရပြီ ခွေးလည်း မွေးလို့ရတယ်လို့ ပြောနေသေးတာ။

    လိုအပ်ရင်လည်း သင့်တော်တဲ့ နေရာမှာ အဆင်ပြေအောင် လုပ်ကြပေါ့။ မှန်တာကို ဝန်ခံရရင် ရန်ကုန်မြေက ကျမသိပ်မကျွမ်းလို့ ကိုနိုဇိုမိပြောတဲ့ နေရာ မသိဘူး။ :mrgreen:

    ဒါပေမဲ့ အများပြည်သူ အပန်းဖြေနေတဲ့ ဥယျာဉ်ကောင်းလေးဆိုရင်တော့ လုုပ်ချင်ရင်တောင် အများဆန္ဒကို မေးပြီး လုပ်သင့်ပါတယ်။ သစ်ပင်ပန်းမန်ဆိုတာ ဒီနေ့စိုက် ဒီနေ့ ကြီးတဲ့ အမျိုးမှ မဟုတ်တာ ။ တတ်နိုင်ရင် မထိတာ အကောင်းဆုံးပါပဲ။ ကျမသာဆို ရှေ့ဆုံးက ကန့်ကွက်မှာ 😀

    • nozomi

      November 14, 2012 at 11:52 pm

      ကို pazflor ခင်ဗျာ
      အစောဆုံး လာအားပေးသွားတာ ကျေးဇူးပါ
      ဆောက်လက်စတွေ လက်စသပ်သင့်တာတော့ အမှန်ပဲ ပြည်လမ်းပေါ် က စိန်ရတုခန်းမရှေ့နားက ကွန်ဒိုကြီး နှစ်ခု ဟံသာဝတီအဝိုင်းနားမှာ တစ်ခု နှစ်တွေ ဘယ်လောက်ကြာနေမှန်းတောင် မသိဘူး
      သူတို့ကလဲ နဲနဲ အားလေးစိုက်ပြီး အသစ်ဖော်ထုတ်တာမျိုး မလုပ်ချင်ကြဘူး ရှိတာကို အဆင်သင့်လေး ကောက်စားချင်ကြတာ စီးပွားရေး သမားကတော့ လုပ်မှာပဲ သက်ဆိုင်ရာ တာဝန်ရှိသူများက မဖြစ်သင့်တာကို ကိုယ်ကျိုး မကြည့်ပဲ ရဲရဲငြင်းရမှာ

      ဒေါ်ပုချ် လဲ ပျောက်ချက်သားကောင်းနေတယ် နော ၊ ဒေါ်ပုချ် လက်ရာ မဖတ်ရတော့ တစ်ခုခုလိုနေသလိုပဲ ရေးပါဦး တောင်းဆိုပါတယ်
      ရန်ကုန်မှာလဲ သိန်း၁၈၀ဝ လောက်ဆို ခြံ နဲ့တိုက် ရတဲ့ နေရာတွေ ရှိပါတယ်
      ကျွန်တော့်အကြိုက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဝန်းကိုယ့်ခြံလေးနဲ့ ပဲ နေချင်တယ်
      မြိုင်ဟေဝန်က ၈ မိုင် လမ်းဆုံ နားမှာပဲ ၊ ဒီ ရက်ထဲ ပန်းခြံလေး ထဲ လမ်းလျှောက်ရင်း ရောဂါထနေတာ ၊ ကိုယ်တွေ ဆီမှာလဲ ပန်းခြံနဲ့ တူတဲ့ ပန်းခြံလေးတွေ ရှိနေစေချင်တာ

      ဒီရက်ထဲ ရေးမယ်လို့ မှန်းထားတာက ဂျိမ်းစဘွန်း နောက်ဆုံးကား sky fall အကြောင်းနဲ့ 4D အကြောင်းလေး ရေးမလို့ စိုင်းပြင်နေတာ ဒီနေ့ ပန်းခြံဖျက်မဲ့ သတင်းဖတ်လိုက်မိလို့ ဒီအကြောင်း ချက်ချင်း ရေးဖြစ်သွားတာ
      ဒါ လဲ ကန့်ကွက်လိုက်တာပါပဲ မရ ရင် ( ခေတ်မီအောင်) သမ္မတကြီးဆီ တိုင်ဦးမယ်

  • myanmar oscar

    November 14, 2012 at 11:58 pm

    ဘာမှတော့မပြောလိုတော့ပါဘူး…….
    ဒါပေမဲ့ပုံလေးတွေကြိုက်လို့ ကူးယူသွာကြောင်းပါ။
    ကျေးဇူးတင်ပါတယ်…..

  • thit min

    November 15, 2012 at 6:14 am

    ဒီပို့စ်ရဲ့ အကြံပေးမှူကို သဘောတူကြောင်းပထမပြောလိုပါတယ်။

    ရီလက်က်စ်ဇေးရှင်း ၊ ရီခရီရေးရှင်း ဆိုတာ ခုနှယ်ခါလိုအလုပ်ရှုပ်တဲ့ ခေတ်ကာလကြီးမှာ
    အရမ်းကိုလိုတာပေါ့။

    ဒီလိုလေးကြုံဘူးတယ်။
    တခါက ဒီက သူငယ်ချင်းဂျပန် တယောက်နဲ့ စကားပြောရင်း ငြင်းကြခုန်ကြဖြစ်တယ်။
    ပြောရင်း ပြောရင်း နှစ်ယောက်စလုံးက ဒီထက်ပိုမပြောသင့်တော့ဘူးလို့ယူဆပြီး စကားလမ်းကြောင်း
    လွှဲဖို့ ကြိုးစားကြပေမဲ့ ခုလေးတင် “ဖု” နေတော့ စကားကိုသီးခြားလမ်းကြောင်းတခု ပေါ်ရောက်အောင်
    ပြောလို့မရဘူးဖြစ်နေတယ်။

    အဲဒီမှာ အဲဒီ သူငယ်ချင်းက တို့ ဒီအနားက ပန်းခြံလေးသွားရအောင် (တနည်းအားဖြင့် ဒေါသဝေ့ဖ်
    တွေရှိနေတဲ့ ဒီနေရာကနေ “နေရာပြောင်း” ရအောင်ဆိုတဲ့သဘောပါဘဲ)လို့ပြောပါတယ်။

    ဟုတ်ပါတယ်။
    အဲဒီ မနီးမဝေးကပန်းခြံလေးထဲ လည်းရောက်ရော ပြောစရာစကားတွေက အပုံဖြစ်သွားပါတယ်။
    အဲဒီ ပွင့်နေတဲ့ ပန်းမျိုး မင်းတို့စီမှာရှိလား။ ဘာပန်းခေါ်လဲသိလား။ ဆိုတာမျိုးကစပြီး၊ အာဘမ်နှိုက်ဇေး
    ရှင်း(မြို့ပြတည်ဘာသာရပ်) အထိ ချဲ့ကား ပြောကြရင်း ခုနက အဖုလေး ပြေခဲ့ရပါတယ်။

    ကိုနိုရဲ့ စာထဲမှာ ရေးထားသလို ကျန်းမာရေး၊ စိတ်အပန်းဖြေရေးတွေအပါအဝင်အမျိုးမျိုးသော
    အသုံးဝင်မှုတွေရှိလို့ မရှိမဖြစ်လို့တောင် ခံယူမိပါတယ်။

    ဆိုလိုတာက လူရဲ့ စိတ်ကို ဖြေလျှော့(ရီလက်က်စ်)တင်မက အားသစ်ပြန်ရ(ရီကရိ)ပါလုပ်ပေးနိုင်ပါတယ်။
    ဒါ့ကြောင့်ဒီလိုပန်းခြံမျိုးတွေ သူတို့နိုင်ငံမှာ များစွာရှိနေတာပါလားလို့ တွေးခဲ့ဘူးပါတယ်။

    ခုလို ကိုနိုဇိုးမိရဲ့တင်ပြမှုလေးကိုဖတ်ရတော့ မြန်မာပြည်မှာ စီမံကိန်းတရပ်အနေနဲ့ ရှိကိုရှိသင့်တယ်။

    အဲဒီ တော့ ဟိုလွှတ်တော် ဆိုလား၊ရုံးတော်ဆိုလား အဲဒီ နေရာမှာ ဒီအကြောင်းအရာလေး
    ထင်ရှားစွာ “အရေးယူ” ဆောင်ရွက်ပေးလာအောင် တော့ ကိုနို ကိုဘဲ အားကိုးရတော့မှာပါဘဲ။
    နီးစပ်ရာလေးတွေကို တိုက်တွန်းပေးပါကိုနိုရယ်လို့။

    သမ္မတကြီးဆီ တိုင်ဦးမယ်
    ဆိုလဲ မြန်မြန်သာတိုင်ပါဗျာ။
    ကိုနိုကိုကျနော်တို့အားလုံးကလဲ ကျေးဇူးတင်ချင်လို့ပါ။
    ~~~~~
    ခင်မင်စွာ
    သစ်မင်း

    • nozomi

      November 15, 2012 at 10:26 am

      myanmar oscar ရေ
      ဘာမှ မပြောလဲ ရပါတယ် ခင်ဗျ
      ဝင်ဖတ်သွားတာကိုက အားပေးသွားတာပါပဲ

      ကိုသစ်
      မတွေ့ရတာတောင် ကြာပေါ့
      ကျွန်တော်က လက်တွေ့ဘဝလေးပြောတယ် ကိုသစ်က ပညာရှင်ဆန်ဆန်လေး ဖြည့်ဆွေးနွေးပေးတယ် ပို ပြည့်စုံ သွားတာပေါ့
      အစိုးရက ဆိုင်းဘုတ်တွေ ရေးကပ်တယ် ” သစ်တောနဲ့ သစ်ပင် ချစ်ခင်တဲ့ လူမျိုး ” တဲ့ ခုတ်လိုက်တဲ့ သစ်တော ပြောင်သွားတဲ့ တောင်ကတုန်း နဲမှ မနဲဘဲ
      အခု ပန်းခြံပါ လာထိဘို့ ကြံနေကြပြီ
      တကယ်ချစ်တတ်ကြတာက ကျွန်တော် ရောက်ဖူးသမျှထဲ ကိုသစ်တို့ ဆီ ပဲ နော
      တကယ် အားကျဘို့ ကောင်းတယ် ရသမျှ နေရာလေး
      ကြည့်ချင်စဖွယ် နေချင်စဖွယ် ဖြစ်အောင် လုပ်ကြ ထိန်းသိမ်းကြတာ
      သမ္မတကြီး တိုင်စာတွေနဲ့ ကွယ်သွားမှာ စိုးလို့ တကယ်တော့ မတိုင်ပါဘူး
      ဒါ ပေမဲ့ တတ်နိုင်တဲ့ နည်းအားလုံး နဲ့ တားဆီးနို်င်ဘို့ ကြိုးစားမှာပါ

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 15, 2012 at 1:53 pm

      ဆရာသစ်ပြောတဲ့… စီမံကိန်းကိစ္စလေးကိုဖတ်မိမှ မြို့လယ်ကောင်က မဟာဗန္ဓုလပန်းခြံကိုကြည့်ပြီးတွေးမိတာပါ…
      ဒီပန်းခြံဘေးနားက မျက်စိရုပ်စရာအကုန်လုံးဖယ်ပြီး တရားရုံးကြီးရယ်… ဒီဘက်က မြို့တော်ခန်းမကြီးရယ်… ပတ်ဝန်းကျင်က ကိုလိုနီခေတ်လက်ရာဘဏ်အဆောက်အဦးတွေရယ်ကို ပုံစံမပျက်အကြီးစားပြင်ဆင်မှုတွေလုပ်… ကားလမ်းတွေကို ဖြူးနေအောင်ခင်း ရန်ကုန်မြို့လည်ကို Landscape လုပ်ဖို့ စိတ်ကူးယဉ်ကြည့်ဖူးတယ်…

      မြို့တစ်မြို့တည်ထောင်တဲ့နေရာမှာ မြို့သန့်ရှင်းဖို့… သန့်ရှင်းတယ်ဆိုတဲ့နေရာမှာ အမှိုက်ပစ်ဖို့နေရာတွေစနစ်တကျလုပ်ပေးတာတို့…
      အစုံပေါ့ဗျာ… ရန်ကုန်မြို့လည်ခေါင်က လမ်းဘေးသစ်သီးဆိုင်တွေ မုန့်ဟင်းခါးဆိုင်တွေကို ကွင်းပြင်တစ်ခုထဲမှာ အမိုးမိုးပေးပြီး အရင်တုန်းက လေဟာပြင်ဈေးလိုမျိုးဈေးရောင်းခိုင်း… အနော်ရထာဘယ်ညာက စတိုးဆိုင်တွေကို ရှော့ပင်းမောအကြီးတွေဆောက်ပေးပြီး အဲဒီမှာနေရာတွေချ…
      အဲဒီထွက်လာတဲ့နေရာတွေကို လမ်းတွေချဲ့… ပလက်ဖောင်းတွေသေချာလုပ်ပြီး အဆောက်အဦးအဟောင်းလေးတွေကို လက်ရာမပျက်… ပြင်ဆင်ပြီး လူနေအိမ်တွေလုပ်ပေးချင်တယ်…
      ရန်ကုန်မြို့လည်ခေါင်ကို Landscape ကောင်းကောင်းနဲ့ Development လုပ်ချင်စိတ်ရှိတယ်…
      ခန့်ညားတဲ့အစိုးရအဆောက်အဦးတွေ… ဘဏ်တွေနဲ့ ရုံးခန်းတွေချည်းပဲထားချင်တာ…
      ရန်ကုန်မြို့လည်ခေါင်ဟာအတော်လှတဲ့နေရာဖြစ်ပေမယ့် မဖော်ထုတ်နိုင်လို့ အခုလိုမျိုး ရှုပ်ပွနေတာပါ…
      သစ်ရိပ်ရအောင် အပင်လေးတွေကို Plan သေချာချပြီးစိုက်… မြက်ခင်းလေးတွေနဲ့…
      အတော်လှတဲ့မြို့တစ်မြို့အဖြစ် စိတ်ကူးယဉ်ခဲ့ဖူးပါတယ်…
      ကျွန်တော့်လိုစိတ်ကူးယဉ်ဖူးတဲ့သူတစ်ယောက် ရန်ကုန်ကိုပြုပြင်နိုင်ပါစေလို့ ဆုတောင်းရင်း…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Foreign Resident

    November 15, 2012 at 8:03 am

    ကိုနိုရဲ့ ။
    ဘန်ကောက်က ပန်းခြံ ပုံလေးတွေကြည့်ပြီး ၊ ဝမ်းနည်းလိုက်တာ ။
    နို့ ၊ မင်းက ဩဇီမှာနေပြီး ၊ ဩဇီမှာ ပန်းခြံ မရှိဘူးလားမေးရင် ။
    ဒီလိုပါဗျာ ၊ ဩဇီမှာ ပန်းခြံ ရှိပါတယ် ၊ ကောင်းလဲ ကောင်းပါတယ် ။
    အဘတို့ရဲ့ ရွှေနိုင်ငံကြီးက ဩဇီ ကို မမှီတဲ့ကိစ္စကိုလဲ သိပ်မခံစားမိပါဘူး ။
    သို့ပေမယ့် ၊ ယခင်က သူနိုင် ကိုယ်နိုင် လယ်ဗယ်တန်းတွေက ၊
    ပြောရရင် ကိုယ်ကတောင် သွားသိမ်းခဲ့တဲ့ တိုင်းပြည်က ၊
    အခုလို ကိုယ့်ထက် သိသိသာသာ သာသွားတာကို ခံစားရတာပါ ။

    မြိုင်ဟေဝန် ပန်းခြံ ကိုဖျက်မယ့် ကိစ္စကိုတော့ ၊
    အဘ လည်း ကြီးကြီး ကျယ်ကျယ် ကန့်ကွက်ပါတယ် ။

    ဩဇီမှာ အဘ အိမ်ဘေးမှာ
    ပန်းခြံသဘောမျိုး လူသွားလမ်း နှင့် ကလေးကစားကွင်းရှိတယ် ။
    လူသွားလမ်း ဆိုလို့ ကျဉ်းကျဉ်း မမှတ်နှင့် ကန့်လန့်ဖြတ် ပေ ၂၀ဝ လောက် ရှိတယ် ။
    ဒီမှာက အဲဒီ လူသွားလမ်း တွေက မီးတားဖို့ပါ ရည်ရွယ်ပြီး ဆောက်ထားတာ ။
    အဲဒီ လူသွားလမ်း တွေနေရာမှာ ကလေးကစားကွင်း တွေပါ တွဲဆောက်ပေးထားတယ် ။
    အလှပင် ၊ သစ်ပင် မျိုးစုံ ဝေဝေဆာဆာ စိုက်ပေးထားတယ် ။
    လူတွေ အပန်းဖြေဖို့ ၊ Picnic ထွက်နိုင်အောင်ပါ ခုံတွေထည့်ပေးထားတယ် ။
    လမ်း လေး ငါးလမ်း ကျော်တိုင်းမှာ အဲလို လူသွားလမ်း ဒါမှမဟုတ် ပန်းခြံအစစ် ရှိတယ် ။
    ဆစ်ဒနီ တစ်မြို့လုံးဆို အဲလိုနေရာတွေ ရာချီပြီး ရှိမယ် ။

    အခုက ရန်ကုန်မှာ ပန်းခြံ ဘယ်နှစ်ခု ရှိလို့တုန်း ။
    ကိုယ့်အိမ်နားပါတ်ဝန်းကျင်မှာ လေကောင်းလေသန့် ဘယ်မှာရှုရမှာတုန်း ။
    လေ့ကျင့်ခန်း ဘယ်နားသွားလုပ်ရမှာတုန်း ။
    ရက်စက်ကြပါပေ့ကွယ် လို့ပဲ ပြောချင်တော့တယ် ။

    • myanmarcitizen

      November 15, 2012 at 2:15 pm

      အဘ ပြောလို့ မီးတားလမ်းဆိုမှသတိသွားရတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တောင်ဥက္ကလာဘက် အလုပ်ကိစ္စနဲ့ရောက်သွားတော့ အိမ်ရှင်ဆရာကြီး (ကျောင်းဆရာ)က စကားစပ်မိလို့ပြောပြတယ်။ ဟိုးနားကအိမ်ကစည်ပင်လူကြီးအိမ်တဲ့ သူ့နောက်ကမီးတားလမ်းကို သူ့ဝင်းအတွင်းထဲ့ပြီးခြံခတ်လိုက်တာ တဲ့။ သူ့လိုပဲ ကျန်တဲ့သူတွေလိုက်လုပ်ကြတာ မီးတားလမ်းပျောက်ရောဆိုပဲ။

  • ဦးကြောင်ကြီး

    November 15, 2012 at 9:19 am

    ဒီပုံစံဆို မဟာဗန္ဓုလပန်းခြံလည်း မကြာခင် သွားတော့မယ်ထင်ပါ့။ ချမ်းသာတဲ့ နိုင်ငံတွေရဲ့ မြို့ဂျီးပြဂျီးတွေမှာ တလံလောက်ရှိတဲ့ မြေကွက်လပ် ပန်းခြံလေးကိုတောင် တယုတယ ဂုဏ်ယူဝံ့ကြွားစွာ ထိန်းသိမ်းစောင့်ရှောက် ပြထားတယ်။ တချက်က မြို့ထဲမှာဆိုတော့ မြေတန်ဖိုးသိပ်ကြီးလို့၊ နောက်ပြီးတော့ အများပိုင် မြေလွတ်ရယ်လို့ ကြီးကြီးမားမား မရှိတော့လို့။ ပုဂ္ဂလိကပိုင်ရှင်ဆို တိုက်မဆောက်ပါနဲ့ သွားတားလို့ မရဘူးလေ။ အစိုးရလိုမျိုးသာ မရောင်းဘဲ ထားနိုင်တာ။ မြို့တော်ကောင်စီတွေက မြို့ကွက်ဖော်စဉ်မှာ အဲသလို မြေလွတ်မြေရိုင်း မြေကွက်လပ်တွေ တမင်သိမ်းထားကြတယ်။ ဥပမာ – မီးရထားမြေ၊ ဆိပ်ကမ်းမြေလိုမျိုးပေါ့။ မြို့စည်ပင်လာတဲ့အခါ မြေရိုင်းဘဝကနေ တကွက်ကို သိန်းထောင်သောင်းချီတန်တဲ့ မြေတွေဖြစ်သွားတယ်။ ဘတ်ဂျက်သိပ်လိုရင် ရောင်းစားလို့ရတာပေါ့။ ဂျာနယ်တစောင်မှာ ဖတ်ဖူးတာ မန္တလေးမှာ ဟိုးအရင်ကထဲက မီးလောင်တဲ့အခါ ရေကြီးတဲ့အခါ အကာကွယ် အတားအဆီးလုပ်ထားတဲ့ ကွင်းပြင် မြေကွက်လပ်တွေကို စစ်အစိုးရလက်ထက်မှာ ကန်ထရိုက်တာနဲ့ပေါင်းပြီး တိုက်ဆောက်စားကြသတဲ့။ အဲဒီအကျိုးဆက် မိုးများတော့ ရေထွက်ပေါက်ပိတ်ပြီး ရေကြီးတယ်ဆိုလား။ ကြည့်ကျက်လုပ်ကြဟေ့.. နင်တို့ စွတ်စပ်လုပ်တာနဲ့ ငါမြို့တော်ဝံဖြစ်ရင် ရောင်းစားစရာ မြေကွက်မရှိ ဖြစ်နေမယ်။

    • nozomi

      November 15, 2012 at 12:07 pm

      မှန်ပါ့ ဦးဖောရေ
      ပန်းခြံ ကိစ္စမှ မဟုတ် တခြားနေရာတွေမှာလဲ ကွာခြားသွားတာ အများကြီး
      အုပ်ချုပ်သူ လူတန်းစားတင် မဟုတ် အုပ်ချုပ်ခံလူတန်းစားမှာပါ ကွာနေတာ ဒါ့ကြောင့်လဲ သူတို့ တိုးတက်တာပေါ့ ၊ ဥပမာ တန်းစီတတ်တဲ့ အကျင့်ကောင်းလေးတွေက အစပေါ့

      ဦးကြောင်ရေ
      ပုဂ္ဂလိက က သူ့မြေဘာလုပ်လုပ် စည်းကမ်းနဲ့ အညီဖြစ်ဘို့ပဲ လိုတယ်
      အခု ဟာ စည်ပင် က သူတို့ ထိန်းသိမ်း ရမဲ့ မြေကိုတောင် အတင်းထိုးရောင်းချင်နေကြတာ
      ယောက္ခမတောင် ဈေးကောင်း ရရင် ရောင်းမလား မသိဘူး
      မြောက်ဒဂုံ ၃၂ ရပ်ကွက် က လက်ဝဲသုန္ဒရလမ်းဘေး မှာ ရပ်ကွက် တည်စကတဲ က လမ်းထောင့် ပေ၄၀-၆ဝ တကွက်ကို မြေလွတ်ချန်ထားတယ် မီးသတ်ရေကန်လေး ဆောက်ပေးထားတယ်
      တကယ်ကောင်းတဲ့ အစီအစဉ် လွန်ခဲ့တဲ့ တနှစ်ကျော်ကမှ ဘယ်လို ဘယ်လို လုပ်လိုက်သည် မသိ ဂရံ ကျလာပြီ ဆိုပြီး ရေကန်ကို ဖျက် ခြံစည်းရိုး လာခတ် သွားတယ်
      နေပြည်တော်မှာ လိုင်းဝင် လိုက်တယ် ဆိုလား
      တကယ်က ရပ်ကွက်တွေမှာ ပန်းခြံတွေ ရှိသင့် သလို မီးတား လမ်းတွေ ကွပ်လပ်တွေလဲ လိုတယ်

  • kyeemite

    November 15, 2012 at 9:27 am

    ဗရာဗိုပါ ကိုနိုရေ…
    အလွန်အင်မတန် ခေတ်နဲ့လျှော်ညီတဲ့ ပို့စ်လေးပါဗျာ…
    ခုတလောရန်ကုန်နေရာအနှံ့ အိမ်ယာစီမံကိန်းလုပ်ဖို့ကြီး
    တာစူနေတာတွေ့ရတယ်…ဒါပေမဲ့ အိမ်ယာတိုင်းက
    တော်ရုံလူကပ်နိုင်တဲ့ အဆင့်တွေမဟုတ်ပါဘူး…
    မြို့တွင်းပိုင်းတွေမှာ ကျနော့အမြင်တော့ လုံလောက်တာထက်
    ပိုနေပါပြီ…ကိုနိုပြောတဲ့ ပန်းခြံဆိုတာကတော့ နည်းနေသေးတဲ့အပြင်
    ရှိပီးသား ပန်းခြံတွေတောင် အဆင့်မှီအောင်တော်တော်ထိန်းသိမ်းပြုပြင်ရအုံးမှာပါ…
    ပန်းခြံ အသစ်ထပ်လုပ်ပေးဖို့ နေရာလည်းမမြင်တော့ပါဘူး..ဆိုတော့ကာ…
    ရှိပီးသားပန်းခြံတွေကို မဖျက်ဆီးကြပါနဲ့ လို့ ကိုနိုနဲ့အတူ ဝိုင်းအော်လိုက်ပါတယ်ဗျို့…
    :chee:

  • Ko Khin Kha ( သရီးကေ )

    November 15, 2012 at 10:00 am

    ကိုနိုရဲ့ စေတနာအရေးအတွက် ကျေးဇူးတင်ပါတယ်နော်။
    ဒါမျိုး ဒို့ရန်ကုန်မှာ ဖြစ်တည်ဖို့အတွက်တော့ အခုလက်ရှိအခြေအနေ အရဆိုရင် မျှော်လင့်ချက်လုံးဝ မရှိသလောက်ဘဲဗျာ။ ပြီးတော့ရှိပြီးသားပန်းခြံတွေကလည်း အပန်းဖြေတာထက် ပန်းခြံဆို ထိုင်လို့ ကောင်းတယ် ဗျူးကောင်းတယ် ဆိုပြီး စားသောက်ဆိုင် ကန်ထရိုက်ပေးလုပ်နေကြတာ ကပိုများပါတယ်၊ ပြီးတော့ ရန်ကုန်မှာက ရေရှည်ထက် ပေါ်ပင်ဘာလုပ်ရင် ဘယ်လိုအမြတ်ရမလဲ ဒါကိုဘဲဦးစားပေးလုပ်ကြသလို လက်စမသတ်ကြတာတွေလည်းရှိတယ်လေ၊ ဥပမာ ကွန်ဒိုတွေ စတင်ခေတ်စားတော့ ကွန်ဒိုတွေ ဟိုအဖွဲလည်းဆောက် ဒီအဖွဲလည်းဆောက် အဲဒီနေရာက အစိုးရရုံးနဲ့ အိမ်လေးတွေပျောက်ပေါ့၊ အဲဒီမှာ တစ်ချို့ကတော့ အမြတ်ရချိန်မှီလို့ပြီးပေမယ့် တစ်ချို့က ထင်တလောက် ရောင်းစွံပုံလည်းမပေါ်ကော အခုထိအပြီးမသတ်တာတွေရှိနေသလို အစိုးရကလည်း ထိရောက်တဲ့အရေးယူမှု့မရှိတာတွေ့ရတယ်။ အဲလိုနဲ့ဘဲ သွားနေရတာ ကြာလှပေါ့ အကိုရေ။

    • nozomi

      November 15, 2012 at 12:15 pm

      ဦးမိုက် အားလုံးကြားအောင် နဲနဲ ကျယ်ကျယ်လေး အော်ပေးပါ ဗျာ
      တကယ်ဆို အဲဒီ ပန်းခြံထဲကို ၁၉၉၁ လောက် က တစ်ခေါက် ရောက်ဖူးတယ်
      သေချာတောင် မမှတ်မိတော့ဘူး ပန်းခြံ အဖျက်ခံရရင် အရင် ဆုံး အနီးဆုံး မိသားစု လက်လှမ်း မီတဲ့ မိသားစုတွေ အဆင်မပြေတော့ဘူးပေါ့
      နောက် သဘာဝက ဖန်တီးပေးထားတဲ့ ရှုဘို့လေသန့်အောင် လုပ်ပေးတယ် ရှုထုတ်လိုက်တဲ့ မကောင်းတဲ့ လေတွေ စုတ်ယူ သန့်စင်ပေးတယ် ဘယ်လောက်ကောင်းလိုက်သလဲ ဒါကို ဖျက်ဆီးချင်နေကြတာ

      ကိုခင်ခ ရေ
      ပန်းခြံတွေ သေချာ မလုပ်တော့ လူ မဝင်
      အပြင် ပုဂ္ဂလိက ကို ပေးတော့ သူ တို့ တွက်ခြေကိုက်ဘို့ပဲ လုပ်
      ပြည်သူ့ ရင်ပြင်ကြီးဆို ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အကျယ်အဝန်းနဲ့ နေရာအကျယ်အဝန်းလဲ သေချာ ဟုတ်တိပတ်တိ ဖြစ်မလာဘူး
      အခုလဲ ကြားနေရတယ် ဝင်ပေါက် တွေမှာ ဈေးဝယ်စင်တာတွေ ဆောက်နေတယ်တဲ့
      ဆောက်ကြစမ်းပါ ဗျာ ကိုယ်ပိုင် နေရာတွေမှာ အများပိုင် နေရာတွေတော့ အနားယူ အပန်းဖြေဘို့ နေရာတွေပဲ ဖြစ်သင့်ပါတယ်

  • Inz@ghi

    November 15, 2012 at 10:06 am

    သွားဆွ ပေးနေတယ်…
    အဲ့ ပန်းခြံက သေးပါတယ်ဗျာ..
    သဲကွင်းလို့ ခေါ်တဲ့ သထုံလမ်းက
    ဘောလုံးကွင်းတွေ အကွက်ရိုက်ပြီး
    ရောင်းစားမှဖြင့် …ဟီဟိ …

    နောက်ထပ် … တွေးမိ တွေ့မိတာလေးတွေ ရှိရင် ပြန်လာပါဦးမယ် ဗျို့ …

    :harr:

  • ရွာစားကျော်

    November 15, 2012 at 10:10 am

    ရေရှည် အကျိုးအပြစ်မသိဘဲ တက္ကသိုလ်ကျောင်းကြီးတွေ မှိုလိုပေါက်၊ တိုက်အမြင့်ကြီးတွေ ဆောက်၊ တံတားကြီးတွေ ထိုးပြတိုင်း တိုးတက်တယ်ဆိုချင်တဲ့ သူတွေ လက်ထဲ လုပ်ပိုင်ခွင့်တွေ ရောက်နေမှတော့ မျောက်လက်ထဲ ဇော်ဂျီတောင်ဝှေး ထည့်ပေးထားသလို ဖြစ်ကရောပေါ့
    နေဦးဗျာ.. နေပြည်တော်တစ်ခွင် လှည့် ဓာတ်ပုံရိုက်ပြီး ကိုနိုနောက် လိုက်ဦးမယ်

    • nozomi

      November 15, 2012 at 12:19 pm

      ကိုဂီ ရေ
      ဒီ ကိစ္စက ပြည်သူ လူထုကို သွေးတိုးစမ်းကြည့်နေတာလို့ ထင်ပါတယ်
      ပြည်သူတွေက ငြိမ်နေရင် ဆက်လုပ်မယ် လက်မခံ ရင် ရပ်ပေးမယ်
      ငြိ်မ်နေလို့ ဆက်လုပ်ဖြစ်ရင်တော့ သဲကွင်းရော တော်လှန်ရေး ပန်းခြံရော အနောက်မြင်းပြိုင်ကွင်းရော အင်းယားကန်ရော တဖြည်းဖြည်း ပါသွားမဲ့ အဆင်ပဲ

      ရွာစားကျော်ရေ နောက်က ပဲ လိုက်လိုက် အတူပဲသွားသွား အဆင်ပြေပါတယ် ဗျ

  • မိုချို

    November 15, 2012 at 10:54 am

    ကျမ တို့ လည်း အိမ်နား က ပန်း ခြံ ထဲ လမ်း သွား လျောက် ကြတိုင်း မြန် မာပြည် က ပန်း ခြံ တွေ အကြောင်း ပြော မိ ကြပါတယ်။
    မြန် မာပြည် မှာ က အခ မဲ့ ပန်း ခြံတွေ ဟာ ခြုံ နွယ် ပိတ်ပေါင်းတွေ နဲ့ ညစ်ပတ် ရှုပ်ထွေး ပြီး ၊ မကောင်းတဲ့ မိန်း ကလေး တွေ၊ ဆေး သမားတွေ၊ ဒုစရိုက် သမားတွေ ကျက်စားတဲ့ နေရာတွေ ပဲဖြစ်နေတတ်ကြတယ်။
    ကျမ သတိထား မိတဲ့ပန်းခြံ နေရာ လေးတွေရှိတယ်၊ သုဝဏ္ဏ အထက ရှေ့ မှာ၊ စော်ဘွားကြီး ကုန်း မှာ ၊ မြောက်ဥက္ကလာ ကန်သာယာမှာ ၊နောက် ကိုယ် သတိ မထား မိတဲ့ နေရာတွေ အများ ကြီး ရှိ အုန်း မှာ။ ၊ မြောက်ဥက္ကလာ အဝိုင်း ကြီး က ရေ ကန် ကြီး နား ပတ်လည် ဆို ရင် လည်း ထိုင်ခုံတွေ လုပ်ထား ပြီးတော့ မိကောင်း ဖခင် သား သမီးတွေ ဝေးဝေး ရှောင်ရတဲ့ နေရာ ဖြစ်နေ တယ်။
    အဲလို နေရာ တွေကို သန့် ရှင်း လှ ပအောင် ၊ မိသားစုတွေ အပန်း ဖြေ လို့ ရအောင်၊ လုပ်ပေးထား ရင် ပြည်သူတွေ စိတ် ရော ကိုယ် ပါ အပန်း ပြေ တော့ စွမ်းဆောင် ရည် တွေ တိုး လာ နိုင် တာပေါ့ ။

    အခပေး ရတဲ့ ကန်တော်ကြီးတို့ ၊ တို့ ကျပြန် တော့ သပ်သပ် သွား ရတယ်၊ ဝင်ကြး ကလည်း ပေး ရတော့ တော်ရုံ မိသားစု တွေ မရောက်ဖြစ်ကြတော့ ဘူး။ အဲတော့ လည်း အတွဲ တွေ ကျက်စား ရာ နေရာ ဖြစ်နေ ပြန် ရော။ အဲဒီ ကတဆင့် မိန်း ကလေးတွေ ၁ ယောက်ထဲ သွားလို့ မသင့် တဲ့ နေရာဖြစ်နေ ပြန်ရော။
    ဒီတော့ကျ မတို့ ဆီ မှာလည်း သူ များ နိုင်ငံ တွေ မှာ လို လူတိုင်း အရွယ် မရွေး၊ အချိန် (ဖွင့် တဲ့ အချိန်အတွင်း ) မရွေး သွား လည်( လမ်း လျှောက် ၊ လေရှူ ၊ ဓါတ်ပုံ ရိုက် ၊ ကလေး ထိန်း ) လို့ ရတဲ့ နေရာ ပန်း ခြံ တွေ ရှိ လာဖို့ လိုနေပါပြီ။
    လို့ ပြောရင်း ကို နို ဇို မိ ရဲ့ ပိုစ့် ကို ထောက်ခံ လိုက်ပါတယ်။

    • သူများမန့်တာတွေဖတ်ရင်းမိုချိုပြောတာတွေ့တော့ဝင်မန့်ဖြစ်တယ်။
      မှန်ပါတယ် နယ်တွေမှာ ဝင်ကြေးမပေးရတဲ့ပန်းခြံတွေအားလုံးလိုလို တော်တော်အကျည်းတန်နေပါတယ်။
      ရန်ကုန်ကအမြင်မတင့်တော့တဲ့ပန်းခြံတွေထဲမှာတော့ မကောင်းတဲ့မိန်းကလေးများရဲ့နေရာဖြစ်နေပြီး၊
      ပန်းခြံပတ်ပတ်လည်ကကွမ်းယာဆိုင်တွေမှာဆိုရင် ဟိုပစ္စည်း၊ဒီပစ္စည်းတွေပါတင်ရောင်းနေကြပါတယ်။

  • weiwei

    November 15, 2012 at 11:53 am

    တရုတ်ပြည်မှာနေခဲ့တုန်းက ပန်းခြံတွေက ရပ်ကွက်တိုင်းမှာ ရှိတယ်။ အိမ်ရာစီမံကိန်းတစ်ခုတိုင်းမှာ ပန်းခြံလေးတစ်ခုနဲ့ အားကစားလှုပ်ရှားမှုလုပ်နိုင်တဲ့ ကိရိယာလေးတွေ ပါတတ်တာ သတိထားမိတယ်။ အသက်ကြီးတဲ့ လူကြီးတွေက သူတို့မြေးလေးတွေကို ပန်းခြံထဲမှာ ထိန်းကျောင်းနေကြတာ အမြဲတမ်းလိုလို တွေ့ခဲ့ရပါတယ်။ မြန်မာပြည်မှာ အဲဒီလိုမျိုးရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

    မြေကြီးတွေက ဈေးကောင်းနေတော့လဲ ခက်သားပဲ …
    ရပ်ကွက်ထဲမှာတောင်မှ ပေ ၄ဝ .. ၆ဝ လောက်ရှိတဲ့အကွက်လေးကိုတောင် တစ်ဝက်အိမ်ဆောက်ပြီး တစ်ဝက်လောက် သစ်ပင်နဲ့နေတဲ့သူ ခပ်ရှားရှားရယ် … ပေ ၂ဝ ကို အိမ်ဆောက်ပြီး ကျန်တဲ့ ၂ဝ ကို ပြန်ရောင်းစားလိုက်တော့ နောက်ထပ်တစ်အိမ်ထပ်တိုးပြီး မြေကြီးနေရာ သစ်ပင်နေရာတွေမှာ အိမ်တွေပဲ နေရာယူလာကြတော့တယ်။

    • nozomi

      November 15, 2012 at 12:29 pm

      ဒေါ်မိုးချို ရေ
      စော်ဘွားကြီးကုန်းက ပန်းခြံကတော့ အတွဲလာမယ် အပြင်ကချောင်းတဲ့သူတွေ ရှိမယ်
      ခရေပင် လမ်းဘေးက ပန်းခြံကြီး ဆိုလဲ အတွဲတွေပဲ ပြည့်နေတာ
      ဘယ်လိုမှ မိသားစုလိုက် သွား အပန်းဖြေချင်စရာ မကောင်းဘူး
      တကယ်က ပန်းခြံဆိုတာ အမြတ်ရအောင် လုပ်ရမဲ့ လုပ်ငန်းတွေ မဟုတ်ဘူး
      ပြည်သူတွေ ကျန်းမာ စိတ်ချမ်းသာဘို့ အစိုးရက စိုက်ထုတ်ကုန်ကျခံ ဒါမှ မဟုတ် လူတိုင်း အလွယ်တကူ ကုန်ကျခံနိုင်တဲ့ ပမာဏလောက်ပဲ ဖြစ်သင့်တယ်
      လူတိုင်းနဲ့ လက်လှမ်းမီတဲ့ နေရာတိုင်းမှာလဲ ရှိသင့်တယ်
      ကန်တော်ကြီး သွား အပန်းဖြေဘို့က ဆီဘိုးနဲ့ ပေးရမဲ့ အချိန်နဲ့ ကုန်ကျစရိတ်နဲ့ ပုံမှန်သွားဘို့ မလွယ်ပါဘူး

      မဝေ ရေ
      တရုတ်ကြီး ကမှ ကိုယ့်ထက်သာသေး
      ပန်းခြံတွေ ထပ်မဆောက်ပေးနိုင်တောင် ရှိတာတွေ မဖျက်နဲ့ ကောင်းအောင်လုပ်
      ထပ်ဆောက်မဲ့ အိမ်ယာတွေမှာ လဲ စင်ကာပူလို မိသားစု နားဘို့ ကလေးတွေ ဆော့ဘို့ နေရာလေးတွေ ထည့်ပေးရင်ကို အဆင်ပြေပါတယ်

      • မောင်ပေ

        November 15, 2012 at 12:35 pm

        လောလောဆယ် ကြားရ ဖတ်ရတဲ့ သတင်းများအရတော့
        ကြေးနီစီမံကိန်းဘက်မှာ တရုတ်ကုမ္ပဏီက လူတွေဟာ
        လယ်တီဆရာတော်ကြီး တည်ခဲ့တဲ့ စေတီတွေ ဖျက်နေကြတယ်ဆိုပဲ
        အထဲမှာ ထည့်ပူဇော်ထားတဲ့ ထာပနာတွေ
        အလှူရှင်တွေ စေတနာသဒ္ဒါတရားနဲ ့လှူခဲ့ကြတဲ့ ရွှေငွေကျောက်သံပတ္တမြား နီလာ စိန် ကျောက်စိမ်း မြ ပုလဲ … အခုခေတ်ထွက်တဲ့ ဟာမျိုးမဟုတ်ဘူးနော
        ရှေးတုန်းက ပစ္စည်းတွေဆိုတော့ ….
        အို… အဲဒါတွေ အဲဒါတွေ

  • မောင်ပေ

    November 15, 2012 at 12:03 pm

    တစ်မျိုးတွေးမိတာကတော့
    မန်းတလေးမြို ့က ပန်းခြံနေရာတွေကိုလဲ
    ပိုက်ပိုက်ပေါရင် လိုက်ဆွဲစေ့ထားမှပဲလို ့
    ဘိုနို ့ခန် ့မှန်းချက်အတိုင်းဆိုရင်
    သိပ်အကြာကြီး ရင်းထားစရာမလိုလောက်ဘူး
    နော…

  • ခိုင်ဇာ

    November 15, 2012 at 12:13 pm

    ကျနော်တို့နိုင်ငံက ဒီလိုပန်းခြံမျိုးတို့၊ Resort တို့များလုပ်ပေးမယ်ဆိုရင် အများကြီး အားစိုက်ထုတ်စရာမလိုပေါင်ဗျာ။
    သဘာဝတရားကြီးက အပြည့်အဝ ထောက်ပံ့ပေးပြီးသားရယ်။ ခုတော့ သူများနိုင်ငံတွေ က ဒီလိုသဘာဝတရားတွေကို တမင် မွေးမြူ၊ ကိုယ့်နိုင်ငံမှာက တန်ဖိုးမထားတာ တပြိုင်နက်မြင်နေရတာ အသည်းနာစရာပေါ့။
    ကျနော် မိုးကုတ်တက် တဲ့လမ်းက ချယ်ရီတောကို မီးရှို့ပြီး ကြက်ဆူပင် စိုက်ဖို့စီမံကိန်းကို မျက်မြင် မြင်ဘူးပါရဲ့။ ငိုချင်လိုက်တာကို။
    ကိုနိုရဲ့ စေတနာနဲ့ ရေးတဲ့ ဒီ ပို့(စ) လေးကို အားပေးသွားပါတယ်။

    • nozomi

      November 15, 2012 at 12:32 pm

      မလုပ်ပါနဲ့ ကိုပေရယ် လူတွေ ဒုက္ခရောက်ပါ့မယ်
      လုပ်လို့ ရရင်လဲ ဝ တို့ စီလုပ်တွေ စရံတောင် သတ်ထားပြီးလောက်ပြီ

      ဟုတ်ပါ့ မဇာ ရေ
      အလွယ်ရလို့ ပဲ တန်ဘိုး မထားတာလဲ မသိ
      လုပ်ရကောင်း ထိန်းသိမ်းရကောင်းမှန်း သိတဲ့အချိန် ဘာမှတောင် ကျန်တော့မှာ မဟုတ်

  • kai

    November 15, 2012 at 1:02 pm

    ပန်းခြံထားတာမှာ.. အရေးကြီးတဲ့အဓိပ္ပါယ်တခုရှိတယ်ထင်မိတယ်..။
    လူလုပ်ဘေး..သဘာဝဘေးတွေဖြစ်လာရင်..မြို့နေလူထုကြီး.. .. ရှောင်ဖို့..ဆောင်ဖို့အတွက်လို့ထင်တာပါပဲ..

    အင်မတန်မြေရှာတဲ့.. နယူးယောက်မြို့လည်ကြီးမှာ.. ပန်ခြံကြီးတွေထားတယ်လေ..
    တခုခုဆို.. အဲဒီထဲလူတွေ.. နေရာရွေ့ထားမယ်ပေါ့..။
    ထူးဆန်းတာတခုက..
    ဖယ်ဒရယ်စနစ်မှာ.. ပန်းခြံတွေကို.. ပြည်နယ်ပိုင်တာ.. ဖယ်ဒရယ်ပိုင်တာ… ခွဲရှိနေတာပါ…။
    ဖယ်ဒရယ်စနစ်…

    • Inz@ghi

      November 15, 2012 at 1:09 pm

      စနစ်ဟောင်းမှာတော့ ဖက်ဒရယ် မူအကြောင်းပြောရင်
      ခွဲထွက်ရေးသမား ဆိုပြီး ယူနိုးဝှက်ထ် ပဲ ..
      ခုတော့ ဒီအသံတွေ ပြန်ကျယ်လာပါတယ် လို့ ပြောနေကြရဲ့
      သဂျီးပါ ဖက်ဒရယ်မူအကြောင်း ပြောလာပြီကိုး…

      သိဝူးဗျာ ..အစိုးရပိုင်-ဖက်ဒရယ်ပိုင်-လိုကယ်မြူနီစပါယ်ပိုင်တွေ..
      သိတာတခုကတော့ …

      ဦးနိုရေ အဲ့ပန်းခြံတွေ တကယ် တိုက်ဆောက်ပစ်ရင်တော့…
      ပန်းခြံအသစ်တွေလုပ်ဖို့.. စမ်းချောင်းက ဟို လူမနေတဲ့ တိုက်ကြီးနဲ့
      သစ်ပင်တွေအပြည့်နဲ့ ခြံကြီး ကို အစားပြန်တောင်းဖို့
      စန္ဒာပြကြပါဇို့…..။

      :harr:

  • jullies cezer

    November 15, 2012 at 1:03 pm

    သူတို့ကပန်းခြံဘယ်ဆောက်ပေးမလဲ သူတို့ကျအပန်းဖြေချင်ရင်နိုင်ငံခြား
    ကိုသူများမသထာရေစာတွေနဲ့သွားလိုက်ရုံပဲ သူတို့အတွက်မပူရတိုင်း
    အများစာဘယ်ပူပေးမတုန်း ဘာရောင်းစရာရှိလဲ ဘယ်သူ့ရောင်းရမလဲ
    ပဲစဉ်းစားနေမှာ ပန်းခြံထဲလွတ်လွတ်လပ်လပ်သန့်သန့်ရှင်းရှင်းအေးအေး
    ချမ်းချမ်းအပန်းဖြေဖို့အသာထားအုံး လက်ရှိဘက်စ်ကားတွေကိုပဲ သန့်ရှင်း
    ြ့ကံခိုင်ပြီး လူတွေကိုသက်သက်သာသာချောင်ချောင်ချိချိစီးရဖို့ အရင်မျှော်
    လိုက်ပါအုံး ………..

  • blackchaw

    November 15, 2012 at 1:16 pm

    အသာလုပ်ပါ ကိုကိုနိုရယ်…။
    ကိုယ့်ဟာကိုယ် ဟေ့ ခင်ဗျားတို့ မလုပ်နဲ့လို့ တစ်ခွန်းထဲပြောလိုက်ရင်
    တစ်ခါတည်း ပြီးနေတဲ့ဟာကို
    ဘယ်သမတကြီးမှ တိုင်မနေပါနဲ့တော့…။
    ကိုယ်တားလို့ရနေတဲ့ဟာ တားပြစ်လိုက်စမ်းဘာ…။
    မရှင်းမရှင်း ဘလက်…
    :mrgreen:

  • MaMa

    November 15, 2012 at 1:27 pm

    ဟုတ်ပါ့ ကိုနိုရေ။
    ကျမတို့လည်း ကျေးဇူးတင်ချင်ပါတယ်။
    ကျေးဇူးတင်ပါရစေလို့ ဝိုင်းဝန်းတောင်းဆိုချင်ပါတယ်။ :hee:

  • စိန်ဗိုက်ဗိုက်

    November 15, 2012 at 2:34 pm

    စီးပွားရေးသမားတွေကတော့ သိတဲ့အတိုင်း ချောင်းနေတာပဲနော..
    နောက်ဆုံး ချောင်းစရာမစိတော့ ကျုပ်တို ့ငယ်ငယ်က ပတ်ချောင်းခဲ့တဲ့ ပန်းခြံတောင် အလွတ်ပေးတော့ဘူး..
    အဲ…အဲ..မွှားကုန်ပြီ..ရှိတဲ့ပန်းခြံလေးတွေကို သူများလို ့ စိမ်းစိမ်းစိုစို သန် ့သန် ့ပြန် ့ပြန် အခမဲ့ ဝင်လို ့ရအောင် မလုပ်ပေးနိုင်သေးရင်တောင် မရောင်းသင့်ဘူးထင်တယ်နော်..
    ပန်းခြံတစ်ခုဖြစ်ဖို ့ကလဲ လွယ်ဘူးရယ်…..

  • Ma Ei

    November 15, 2012 at 2:48 pm

    ပန်းခြံတွေ အဲ့လိုရောင်းစားမယ်ဆိုရင်…..
    ရပ်ကွက်တွေထဲက မီးတားကွက် ကို ဂရံထုတ်ယူ
    ရေလျှံကွင်း ကိုမြေဖို့ပြီး အိမ်ယာဝင်းလုပ်ခဲ့တဲ့သူတွေ…
    အရင်လူတွေနဲ့ ဘာထူးတော့မလဲနော်…

  • ဦးဦးပါလေရာ

    November 15, 2012 at 3:55 pm

    အဲဒါလေ…

    ခင်ဗျားတို့က ပြောင်းပြီ ပြောင်းပြီနဲ့ ဩဘာပေးကြ
    ဘယ်မှာလဲ ပြောင်းတာ…..

    တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား အိပ်ထဲထည့် လှည်မကြည့် အကျင့်တွေ ဘယ်မှာပြောင်းသေးလို့လဲ….

    ဘယ်ပြောင်းမလဲ….
    အဲဒီအကျင့်တွေမွေးထုတ်ရာ
    ပညာမဲ့ အသိဉာဏ်မဲ့တဲ့သူတွေမှ တလက်မမှ မပြောင်းရသေးတာကြီးကို…..

    အခုတလော အရီးလတ်ပြောသလို သံယောင်လိုက်ချင်တယ်
    အကုန်ထွက်… 😈

    • အရီးခင်လတ်

      November 15, 2012 at 4:23 pm

      ဟိဟိ
      ကျွန်မ လဲ ကိုပါ့ လို ထပ်ပြီး သံယောင်လိုက်မယ်။
      အကုန်ထွက် 👿
      😆

  • မြု့ိလည်ခေါင်က ပန်းခြံရေးရင်
    26ဘီလမ်း 78လမ်းကနေ73လမ်းထိ ကျုုံးအတွင်းဘက် မြို့ရိုးဘေးမှာ စိမ်းမှောင်နေတဲ့
    ဥယျာဉ်ကြီးရှိခဲ့ဘူးတယ်ဆိုရင် အခုခေတ်ကလေးတွေ ယုံမယ်မထင်ဘူး။
    မန်းသီတာဥယျာဉ်တဲ့ ၊
    နီယွန်မီးချောင်းဆိုင်းဘုတ်ကြီးက 78လမ်း တည့်တည့် မှာခန့်ခန့်ထည်ထည်။.
    ကျနော်တို့ငယ်ငယ်က သွားဆော့ ခဲ့ကစားခဲ့ကြတဲ့နေရာကြီး။
    လျှောတွေရှိတယ် ဒါန်းရှိတယ် ဆီးဆောရှိတယ် ပုခက်ရှိတယ် ကြောင်လိန်လှေကားရှိတယ်
    ရိန်းဘား ပလက်ဘား ကွင်းဘား အစုံရှိတယ်။
    မိုးပျံတံတားရှိတယ်။
    နောက်88 အပြီးမှာတော့ လုံခြုံရေးအရဆိုပြီး ဖျက်သိမ်းလို်က်ပါတယ်။
    တစ်ခုတော့ရှိပါတယ် ။
    ဒီပန်းခြံက နေ့ပိုင်းတော့ ဥယျာဉ် ညမှာတော့ မိန်းမပျက်နဲ့ မိန်းမရှာတွေ ကြီးစိုးရာနေရာပေါ့။
    အခုတော့ ဘာမှ မကျန်ပြောင်သလင်းခါ အိပ်မက်ပမာ။

  • အရီးခင်လတ်

    November 15, 2012 at 4:20 pm

    ကိုနို ရေ

    ကြည့်သောသူ သာ မြင်၏။ တဲ့။
    သူတို့ လို ထိပ်တန်း အုပ်ချုပ်သူတွေလောက် နေရာ အနှံ့ သွား နေတာ မတွေ့ မမြင် ရှိပါ့မလား။
    လုပ်ပေးရကောင်းမှန်း မသိ တဲ့ ဗလာ ဦးနှောက် တွေ နဲ့ စေတနာ လဲ မထားတတ် တဲ့ စိတ်ဓာတ် ရှိသူတွေ မို့ အတုခိုး အားကျရမှန်း သိမယ်မထင်။
    ကိုယ့်အိတ်ထဲ ဘယ်လောက်ဝင်မယ် ဆိုတာကလွဲ လို့ ဘာမှမသိတဲ့ တစ်ကိုယ်ကောင်း အဖျင်းသမားတွေ။
    ဒါတောင် Richard Dawkins ကတော့ Selfish Gene တွေဟာ survive မဖြစ်ဘူးတဲ့။
    သူ့ရဲ့ The Selfish Gene စာအုပ်မှာ။
    ရီဖို့တောင်ကောင်းသေး။
    မြန်မာပြည်မှာ မဟုတ်။
    စိတ်ထားကောင်းကောင်း နဲ့ အများပြည်သူ အကျိုးကို ကြည့်ပြီး အုပ်ချုပ်လို့ကတော့ ကျေးဇူးတင်ရုံမက ထိုင်တောင် ကန်တော့ပါမယ်။
    အဟုတ်။

    ဒါထက်
    ကိုနို ရှင်ရော ကျွန်မပြောနေတဲ့ စက်ကွင်းလွတ် ရဲ့လား။
    😆

  • aye.kk

    November 15, 2012 at 4:48 pm

    ကိုနိုရေ
    ကိုနိုလိုဘဲခံစားမိရလို ့ကျေးဇူးတင်ပါရစေ။
    နယ်မြို ့မှာနေခဲ့ပေမယ့်ရန်ကုန်မှာအနေများခဲ့ပါတယ်။အပန်းဖြေတဲ့နေရာ
    အဖြစ်ပန်းခြံပဲသွားဖြစ်ပါ၏၊ဓါတ်ပုံရိုက်အပန်းဖြေခဲ့မုန် ့စားပြန်ပြီးပြန်တာသတိယတယ်။
    မြို ့ပြလိုမွန်းကြပ်နေတဲ့လူနေထူထပ်တဲ့နေရာတွေမှာယခင်ကတည်းကရှိနေတဲ့ပန်းခြံတွေကိုမဖျက်သင့်ပါဘူး။
    မဖျက်ရင်တော့အရမ်းကျေးဇူးတင်ရမှာအမှန်ပါဘဲလို ့ပြောချင်ပါတယ်။။

  • nozomi

    November 15, 2012 at 7:34 pm

    လာရောက် ဖတ်ရှု အားပေးကြတဲ့ ရွာသူားအပေါင်း ကျေးဇူးတင်ပါတယ်
    တစ်ယောက်ချင်းကို ပြန်ပြောချင်ပေမဲ့ လူရွှင်တော်တွေ နောက်သလို
    ကပြချင်ပေမဲ့ ကျန်းမာရေးက မကောင်း ဆိုတာမျိုး
    ဒီရက်ထဲ စာကြည့်တာတွေ များပြီး ဒီ ညနေပိုင်း ခေါင်းထဲ မူးနောက်နောက်နဲ့
    စာဖတ်ရတာ သိပ် အဆင်မပြေတာမို့ တစ်ဦးချင်း မရေးနိုင်တာ ခွေးလွှတ်ပေးကြပါခင်ဗျာ

    ( ဒီ လိုဖြစ်တာ ဟို ချော ဆိုတာ ပါတဲ့ လူကြီး ကွန်မန့် မှာ ဆေးခပ်လို့ ဖြစ်မယ် ဗျ)

  • Mr. MarGa

    November 15, 2012 at 7:58 pm

    မြန်မာနိုင်ငံရဲ့ မြို့ပြစီမံကိန်းတွေကို သေသေချာချာ ဆန်းစစ်သင့်ပြီထင်ပါတယ်

Leave a Reply