Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေရာတကာနှင့် သူ့အိမ်အပြန်…

ကြောင်ဝတုတ်November 19, 20121min120934

မနက်မိုးလင်းတော့ နံနက်စာအဆာပြေလေးစားမယ်ဆိုပြီး လမ်းထပ်ကအသုပ်ဆိုင်လေးသွားတော့… အသုပ်ဆိုင်မှာ ကြားရတာက “အိုဘားမား”တဲ့…

ရုံးသွားဖို့ ကားငှားတော့လဲ… တက္ကစီပေါ်မှာ “အိုဘားမား”တဲ့…

ရုံးရောက်လို့ တနင်္လာနေ့အစည်းအဝေးလုပ်တော့လဲ… လမ်းပိတ်တဲ့အကြောင်းကနေ “အိုဘားမား”တဲ့…

အဲလိုနဲ့… ဂျီတော့မှာ သူငယ်ချင်းတွေနဲ့တွေ့တော့လဲ… အိုဘားမားတဲ့…

ဂျီတော့စတေ့တပ် မတ်စိတွေမှာလဲ… အိုဘားမားတဲ့

ရုံးက ကားဒရိုင်ဘာတွေကလဲ… အိုဘားမားတဲ့…

ရုံးဝန်ထမ်းတွေကလဲ… အိုဘားမားတဲ့…

ဓမ္မစေတီလမ်းမှာနေတဲ့သူငယ်ချင်းတွေကလဲ… အိုဘားမားတဲ့…

ပြည်လမ်းပေါ်က မိတ်ဆွေတွေကလဲ… အိုဘားမားတဲ့…

အခုနေ့လည် ထမင်းစားတော့လဲ ထမင်းဝိုင်းမှာ အိုဘားမားတဲ့…

ဒီနေ့ကိုတောင် အိုဘားမားနေ့လို့ပြောရမလိုဖြစ်နေပြီ…

ဂရုချက်ထဲသူ သူငယ်ချင်တစ်ယောက်ကတော့ နင့်လိုအရက်သမားကြီးက အိုဘားမားကို ဘယ်စိတ်ဝင်စားမတဲ့တုန်းဆိုပဲ…

ဒီနေ့နေ့တစ်ဝက်လုံး… အိုဘားမားတဲ့…

နေရာတကာ… အိုဘားမားတဲ့…

ဖေ့ဘွတ်ပေါ်မှာလဲ အိုဘားမားကြိုတဲ့ ကျောင်းစိမ်းဝတ်ကလေးတွေ…

ဂျာနယ်တွေမှာလဲ အိုဘားမားပဲတဲ့…

အင်တာနက်မှာလဲ အိုဘားမားတဲ့…

လူတွေပါးစပ်ဖျားမှာလဲ အိုဘားမားတဲ့…

အိုဘားမားကို မြန်မာ့စီးပွားရေးဦးဆောင်နေသူတွေဘယ်လိုမြင်ကြမှာလဲ…

အိုဘားမားကို မြန်မာနိုင်ငံအုပ်ချုပ်သူတွေ ဘယ်လိုတွေးတောမှာလဲ…

အိုဘားမားကို မြန်မာနိုင်ငံအုပ်ချုပ်ရေးကြိုးဆွဲသူတွေ ဘယ်လိုစဉ်းစားမှာတုန်း…

ဒီလိုချွတ်ခြုံကျနိုင်ငံတော်လေးအတွက်… အိုဘားမား ဘာတွေယူလာမှာတုန်း…

အိုဘားမား ဘယ်လိုအခွင့်အရေးတွေသယ်လာမှာတုန်း…

အိုဘားမား နိုင်ငံတကာကို မြန်မာနိုင်ငံအတွက် ဘယ်လိုစည်းရုံးမှာတုန်း…

အိုဘားမားကြောင့်  တစ်ချိန်ကရွှေထီးဆောင်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို အသက်ပြန်ဝင်လာမှာလား…

အိုဘားမားကြောင့် မြန်မာနိုင်ငံအတွက် ကုန်သွယ်ခွင့်အခွင့်အလန်းတွေ တိုးတက်လာမှာလား…

အိုဘားမားကြောင့် မြန်မာနိုင်ငံအပေါ်တခြားနိုင်ငံတွေရဲ့သဘောထားအမြင်တွေပြောင်းလာမှာလား…

အိုဘားမားကြောင့် မြန်မာလူထု ယခုထက်ပိုပြီး ဒီမိုကရေစီအကျိုးကို ပိုမိုခံစားရလာမှာလား…

အိုဘားမားကြောင့် မြန်မာနိုင်ငံရေး တဆစ်ချိုးဘာတွေပြောင်းလဲသွားမှာလဲ…

အိုဘားမားကြောင့် မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လိုဖြစ်လာမှာလဲ…

အိုဘားမားကြောင့် မြန်မာနိုင်ငံပညာရေး ပိုကောင်းလာမှာလား…

အိုဘားမားကြောင့် မြန်မာလူထုအသိပညာတွေ ပိုလာမှာလား…

တကယ်တော့ ကျွန်တော်စိတ်ဝင်စားတာ အိုဘားမားဆိုတာထက်…

သူ့အိမ်အပြန်မှာကျန်ခဲ့မယ့်…

သူ့အိမ်အပြန်မှာသက်ရောက်မယ့်…

သူ့အိမ်အပြန်မှာဖွံ့ဖြိုးမယ့်…

သူ့အိမ်အပြန်မှာတိုးတက်မယ့်…

သူ့အိမ်အပြန်မှာ ပြောင်းလဲမယ့်… မြန်မာ့နိုင်ငံရေး၊ မြန်မာ့ကုန်သွယ်ရေး၊ မြန်မာ့ပညာရေးကိုပဲ မျှော်လင့်မိပါတယ်…

အချိန်တန်ရင် သူကတော့အိမ်ပြန်သွားမှာပါ… ကျန်ခဲ့မယ့်ကိုယ်တွေကိုယ်တိုင်ပဲ ဒီမိုကရေစီအတွက်ရုန်းကန်ရဦးမှာပေါ့…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

၂၀၁၂၊ စက်တင်ဘာ

34 comments

  • ခိုင်ဇာ

    November 19, 2012 at 1:28 pm

    ဒါပေမဲ့လည်း ဒီတစ်သက်အရှင်လတ်လတ်မြင်ရမယ် မထင်တဲ့ ခေါင်းဆောင်မျိုးမြင်ရတာကိုး။ စိတ်လှုပ်ရှားစရာပေါ့။
    မျှော်လင့်ချက်ဆိုတာလည်း ပိုက်ဆံမကုန်တဲ့ အရာပဲ။ မျှော်လင့်ကြည့်ကြတာပေါ့လေ။
    ဒီနေ့ အိုဘားမား နှိပ်စက်ချက်၊ ရုံးအလုပ်က ဘာမှ မစရသေးဘူး။ :harr:

  • လုံမလေးမွန်မွန်

    November 19, 2012 at 1:34 pm

    တော်သေးတာပေါ့..ဒီနေ့ နေက သိပ်မပူလို့… နို့်မို့ဆို အဓိပတိပေါက်ရှေ့မှာ အရှင်လတ်လတ် နေခြောက်လှမ်းသလို ဖြစ်ဦးမလို့…
    အနော်လည်း ခုနကမှ ရုံးကိုပြန်ရောက်တာ…တစ်ရုံးလုံး တံခါးပိတ်၊ “We are going to welcome Obama” လို့ စာကပ်ပြီးတော့ကို သွားစောင့်တာ… :mrgreen:

    တစ်ခြားနိုင်ငံတွေက ဘယ်လိုအမြင်ပြောင်းမလဲတော့မသိဘူး..တို့ ပေါက်ဖော်ကြီးတွေကတော့ သူတို့ထက်ပိုခင်မလားဆိုပြီး စိတ်ပူနေရှာရော့မယ်ထင့်…
    အများကြီးမတွေးတတ်ပါဘူး…သူတို့ဆီက တက္ကသိုလ်ကြီးတွေမှာ အဆင်ပြေပြေနဲ့ ပညာသင်တွေများများ သွားနိုင်ရင်ကောင်းမယ်လို့….
    ဘာပဲပြောပြော..တစ်ဆင်ခံတွေနဲ့..ဖုန်းတွေနဲ့ ပြောနေတာထက်စာရင် ကိုယ်တိုင်ကိုယ်ကျလာ၊ လူချင်းတွေ့ပြီး စကားပြောတာက ပိုကောင်းတာပေါ့… 🙂

  • Inz@ghi

    November 19, 2012 at 1:39 pm

    လစ်ဘရယ် အရေခြုံထားတဲ့ အရက်သမားရီးရဲ့ ….
    ပြောရဆိုရခက်ပါသဘိတော့ …
    အဲ့ဘဲရီးလာတယ် .. လုံခြုံကြောင်း ငြိမ်းချမ်းကြောင်းပြနိုင်တယ်
    သူထောက်ခံတယ်ဆိုရင် ..ဘစ်ဇနက်တေ လိုက်လာကြမှာဟဲ့…
    ဘစ်ဇနက်တေ လိုက်လာကြရင် …ခရိုနီတွေ ပိုကြီးပွား ..
    အဲ့လေ..အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုတိုးတက် ဂျီဒီပီတွေ တက် …
    အကုန် တိုးတက်လာတော့မှာ …
    ခုလေးတင် ဒင်းကို မျက်နှာလိုအားရ နိုင်ကျဉ်းတွေ လွှတ်ပေးနေရဘီမလား..
    ..မတိဝူးလား မောဒယ်…
    နိကြိုက်တဲ့ ပန်းသီးတို့ နာကြိုက်တဲ့ ဒဲလ် တို့
    မကြာခင် လာပီး ရုံးစိုက် တော့မှာကွယ့် …
    အန်ကယ်ဆမ်နဲ့ ပေါင်းတာများ …အရှုံးမရှိပါဝူးကွယ်…
    စကားမစပ် ရွှေမြွေဟောက် ဆိုလား ..အဲ့ဒါပါခွင့်ရတော့မယ်ထင်ရဲ့ …
    မင်္ဂလာတပါး….

    😀

    • Inz@ghi

      November 19, 2012 at 1:41 pm

      ဒီဘဲရီး ဝင်တာကို အကြောင်းပြုပြီး မျောက်ပြဆန်တောင်း လုပ်စားလို့ ရတာတွေ တပုံကြီး အေ့ …
      မျက်ရစ်မပါတဲ့ ငတိတွေ မျက်ခုံးလှုပ်နေဘီ ခုဆို .. ညင်းညင်း …အရင်ကလောက်တော့ နှိမ်လို့မရတော့ဝူး…
      ဘာဖစ်တယ်… မြစ်ဆုံ ပြန်စမယ် ဟုတ်စ …???
      အန်ကယ်ဆမ် နဲ့ တိုက်ပြောပစ်မယ်…
      ဟီဟိ…

      • Inz@ghi

        November 19, 2012 at 1:44 pm

        အနည်းဆုံးတော့ လူရှိန်တာပေါ့ကွယ် ..
        ဖိန့်ဖိန့်ပေါ့ ဟုတ်တယ်မလား … လောကကြီးမှာ
        ဟန်ကိုယ့်ဖို့က အရေးကြီးတာကလား …ဖိန့်ဖိန့်ပေါ့ဗျာ..
        အာချီယံမှာ မျက်နှာမာမာနဲ့ ..လေသံကျယ်လို့ရတာပေါ့ …
        ဖိန့်ဖိန့်ပါ ဆို … ကျန်းးးးး ဒီကောင်ဒွေ ဒီလောက်ပြောရဲတယ်…
        အန်ကယ်ဆန်မ် က နောက်ကွယ်ကနေ ဘယ်လောက် ထောက်ကန်ပေးထားတယ်
        မသိဝူး … ကျန်း…. .. အဲ့လိုအဲ့လို ..
        ဖိန့်ဖိန့်ပါ ဆို ….

        :kwi:

        • တိမ်မည်း (ခရီးသွားနေည်)

          November 19, 2012 at 1:52 pm

          တကိုယ်တော်လား ကိုအင်ဇင်ဂီ……………………

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 19, 2012 at 2:39 pm

      လစ်ဘရယ် အရေခြုံထားတဲ့ အရက်သမားရီးရဲ့ ….

      ငါကမသိဘဲ… ဒီပိုစ့်ကိုရေးတယ်များထင်လို့လား…ဟိဟိ…
      နင်လဲရှင်းချင်တယ်ဆိုရင် ရှင်းပြစရာရှိတာရှင်းပြ…ခွိခွိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • Inz@ghi

        November 19, 2012 at 2:49 pm

        သိရင် အထွန့်မတက်နဲ့ပေါ့အေ …ညည်းကလည်း …
        မွှားပါတယ်… ဟောဒီရင်ဘတ်ထဲ ဒူးရင်းသီး သီးနေပါတယ်ဆို…
        နေရာတကာ အိုဘားမား ဖြစ်နေတာ ကောင်းတာပေါ့အေ့…
        မဖြစ်ရင်သာ ပူရမှာ … လေဘာဒယ်အေ …
        ဝတဲ့လူများ တယ်လည်း ဂျေ ဝင်သကိုး …
        လောလောဇယ် ဒါလေးစိတ်ဝင်စားသကွဲ့…
        http://www.japantoday.com/category/lifestyle/view/rent-a-girlfriend-service-offers-simulated-romance
        ဟီဟိ….

      • Inz@ghi

        November 19, 2012 at 2:53 pm

        မင်္ဂလာပါ မြန်မာနိုင်ငံ တဲ့ ..ကြက်သရေရှိလိုက်တာ….
        ကြည့်ထားဟဲ့ …လစ်ဘရယ် အရက်သမားရီးရဲ့ ……

        :harr:
        ဘယ်ဘက်ရင်အုံက နွေးနွေးလာတယ်ကွယ်….

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    November 19, 2012 at 1:48 pm

    ဟီလာရီကလင်တန် လာပီးပြန်သွားတော့ဘာတွေပြောင်းလဲသွားလဲ စာရင်းစစ်ပီးရင် ……
    ခုတယောက်ပြန်သွားပီးတဲ့အခါ….. အိုက်ထက်ပိုပီးများမယ့် ပြောင်းလဲမှုတွေရှိလာအုံးမယ်လို့ ထင်မှတ်ပါတယ်။

    • တိမ်မည်း (ခရီးသွားနေည်)

      November 19, 2012 at 1:55 pm

      ထင်မှတ်သည်…..
      ထင်မှတ်ဆဲ………….
      ထင်မှတ်လတ္တံ……………
      ထင်မှတ်ဦးမည်………………..
      ထင်မှတ်မိ…………………………….

      မျှော်လင့်နေမယ်…………….. ကို်ယ့်ရင်မှာနားပါကွယ်……….. သွားမယ်ဆို နေရစ်မယ်….. တောင်းဆို အမြဲတမ်းပြုပါတယ်……….. တခါကချစ်တဲ့……………………..
      (အာကြီးသီချင်းအား တရားမဝင်တင်ထားည်)

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    November 19, 2012 at 1:52 pm

    ( နိုဝင်ဘာလ ၁၉ ရက်(ယနေ့) နံနက်ပိုင်းတွင် မန္တလေး၊ အိုးဘို အကျဉ်းထောင်နှင့် ကလေးမြို့ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် )
    ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် အကျဉ်းသားပေါင်း (၄) ဦး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး အဆိုပါလေးဦးမှာ ပုဒ်မ၁၇(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြသော ကိုအောင်သီဟ၊ ကိုစိုင်းကျော်အောင်၊ ကိုကျော်ဌေး၊ ကိုမောင်မောင်ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

    ထို့အတူ ကလေးမြို့ အကျဉ်းထောင်မှလည်း ဖောက်ခွဲ(၃)၊ ၁၇(၁)၊ ၁၃(၁)၊ ၁၃(၅)၊ စသည့်ပုဒ်မများဖြင့် ထောင်ဒဏ် ၃၃ နှစ် ပြစ်ဒဏ်ချမှတ် ခံထားရသည့် ကိုရန်ရွှေနှင့်အတူ ပုဒ်မ ၁၇(၁) ဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ နာဂလူမျိုးသုံးဦးလည်း လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

    သာယာဝတီထောင်မှ လကျာ်ထွန်း ၊ ကိုသိန်း (ခ) သိန်းထွန်း၊ ကိုကိုနိုင်၊ ဝင်းသိန်း၊ ကျော်သူ၊ မြင့်ဟန်(ခ) ကိုမြင့်၊ နိုင်အောင် (ခ) ပါထွေး၊ ကြည်အောင်၊ သန့်ဇင်(ခ) သန့်ဇော်ဆွေ၊ နိုင်လင်းအောင် (ခ) ထွန်းထွန်း၊ တိုုက်ယဉ်၊ အေးလွင် တို့လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

    တောင်ငူထောင်မှ လွတ်မြောက်လာသူများမှာ မျိုးသန့်၊ သန်းဇော်(ခ)သူရိန်၊ နော်ချိုချိုအေး၊ စောလှအောင် နှင့် လွိုင်ကော်ထောင်မှ လွတ်မြောက်လာသူများမှာ ဦးမြင့်အေး၊ ရဲဇော်ထိုက် တို့ဖြစ်ကြောင်း သိရှိရသည်။

    ရန်ကုန်မြို့ အင်းစိန်ထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှ အင်တာ (ခ) စပိုင်၊ ကိုကိုအောင်(ခ) မောင်အောင်၊ မျိုးအောင်၊ နိုင်ဦး(ခ) ခိုင်ဦး၊ စောကြင်အေး(ခ) စောကြည်အေး၊ စောအယ်ထူးကို၊ ဝင်းဇော်ကို၊ နွယ်နွယ်သန်း၊ စောကျော်ကျော်မင်း နှင့် စောတင်ဦး တို့ဖြစ်ကြပြီး၊ ကျန် (၆)ဦးသည် စီးပွားရေးပုဒ်မဖြင့် အကျဉ်းချခံထားရသူများဖြစ်ကြသည်။

    ခန္တီးထောင်မှ လွတ်မြောက်လာသူများမှ ကျော်သိန်း (ခ) စစ်ရန်နိုင်၊ စိုင်းအောင်သန်း၊ မဒိန်ဇော်ထွန်း၊ မောင်ထွန်း၊ ဝါကွေးနော်လီ နှင့် ဗဒန်နိုင်တို့ဖြစ်ကြသည်။

    http://www.news-eleven.com/index.php?option=com_content&view=article&id=16458:2012-11-19-04-42-15&catid=42:2009-11-10-07-36-59&Itemid=112

    • etone

      November 19, 2012 at 2:08 pm

      ချာတူးရေ … အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ရတာ .. … ဝမ်းသာစရာပါ ။
      ဒါပေမယ့် စိတ်ပူတာက ၊ သူခိုး ကြမ်းပိုး ၊ မုဒိမ်းသမားတွေ ၊ ပြစ်ဒဏ်ကျခံသင့်သလောက် မကျခံရပဲ လွတ်လာတကတော့ ၊ သိပ်မမိုက်ဘူးလို့ ထင်တယ် ။ ခွေးမြီးကောက်ကျဉ်ထောက်စွပ် စိတ်ဓါတ်တွေနဲ့ လွတ်လာပြီး ၊ အရင်လို ပြန်လုပ်စားလျှင် ၊ ဒုစရိုက်မှုတွေ ပိုများလာနိုင်သလို ၊ လမ်းသွားရင်းတောင် လုံခြုံမှုအတွက် စိတ်ပူနေရတာမျိုးဖြစ်လာတော့မယ် ။
      ကူညီဗျဇေ.. ကူညီဗျဇေတွေက .. .ခေတ်များကောင်းလာမလား … အဟဲ 😆

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    November 19, 2012 at 1:53 pm

    ပြည်ပသို့ အလုပ်သမားများ ပို့ဆောင်ရာတွင် အေဂျင်စီများမှ အစိုးရသို့ FEC ၁၀ဝ ပေးသွင်းရသည့်စနစ် နိုဝင်ဘာလ ၁၉ ရက်နေ့စ၍ ပယ်ဖျက်
    http://www.news-eleven.com/index.php?option=com_content&view=article&id=16453:—–fec——&catid=42:2009-11-10-07-36-59&Itemid=112

    • တိမ်မည်း (ခရီးသွားနေည်)

      November 19, 2012 at 1:58 pm

      အခုလာသော အိုဘားမား ခရီးစဉ်နဲ ့ မည်သို ့ မည်ပုံ ဆက်စပ်သည်ကို အကျယ်တဝင့်ရှင်းလင်းရန် တောင်းဆိုအပ်ပါသည်…………………..

  • etone

    November 19, 2012 at 2:02 pm

    J ဝင်လိုက်တာဟယ် …. သူများတွေများ မနက်မိုးလင်းကတည်းက အိုဘားမား သံနဲ့ နပမ်းလုံးနေကြတယ် ။
    ဒီကဖြင့် အင်တာနက်လိုင်းလေးကောင်းလို့ … သတင်းလေးဖွင့်တုန်း … လာလိုက်တဲ့ အီးမဲ … တချိန်လုံးနောက်က ကြိမ်နဲ့ လိုက်တို့နေသလိုပဲ … အီးမဲ မဖြေတော့ … ဂျီတော့ကနေ ပွတ်ချ်လုပ်တယ် .. တော်တိုမယ်ရ အလုပ်တမား ဘွက အထီးကျန်လိုက်တာ … ။ ဟွန့် ….. :byae:

    ကိုဖက်ရေ … ဘာပဲပြောပြောလေ …. ရွေးကောက်ပွဲပူပူးနွေးနွေး အနိုင်ရပြီး မကြာခင်မှာ အခုလို ဖွံ ့ဖြိုးဆဲနိုင်ငံတစ်ခုကို သမိုင်းဝင်ခရီးစဉ်အနေနဲ့ ရောက်လာတာ ၊ နောက်ပိုင်း အခြေနေတွေပြောင်းလဲဖို့ ၊ လမ်းဖောက်တာ ဖြစ်ကောင်းဖြစ်မယ် ။ ဖွံ ့ဖြိုးပြီး အင်အားကြီးနိုင်ငံတစ်ခုက အရေးပါတဲ့ လူ ၊ ဖွံ ့ဖြိုးဆဲ နိုင်ငံတစ်ခု ကို ရောက်လာတာ နှစ်နိုင်ငံအကျိုးစီးပွားအတွက် လမ်းစတစ်ခုဖြစ်မယ်လို့တော့ မျှော်လင့်ရတာပါပဲ ။ 🙄

  • Thu Wai

    November 19, 2012 at 2:04 pm

    အို ဘာမှား လို့ လဲ အိုဘားမား

  • P chogyi

    November 19, 2012 at 2:07 pm

    ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ်ပေါ့နော်
    သူတို့ကလည်းသူတို့အကျိုးအတွက်
    မျှော်လင့်ချက်နဲ့ လာတာပါ။

  • မြန်မာစကားပုံအရ အိမ်သာလို့ ဧည့်လာတယ်လို့ ဘဲသဘောထားလိုက်ပါတယ်။
    နောက်တစ်ချက်က
    အဝေးက ဒီလူတွေနဲ့ ် တစ်သက်လုံး တစ်ဇောင်းစေးနဲ့မျက်ချေး လိုနေခဲ့တော့
    ကိုယ်အနီးရှိတဲ့လူကို မြွေစွယ်ကျိုးလို ခနေရတဲ့ အဖြစ်အပျက်ကလဲ နည်းနည်းတော့လျော့သွားမှာပေါ့။
    ရန်သူဖြစ်နေတာထက်စာရင် မိတ်ဆြွေုဖစ်တာက ပိုစိတ်ချမ်းသာစရာကောင်းပါတယ်။
    သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကိုယ့်ဘက် က ကောင်းသောပြောင်းလဲခြင်းနဲ့အလုပ်မလုပ်သမျှကာလ
    ပါတ်လုံး ကျျွန်တော်တို့နိုင်ငံက ဒုံရင်း ဒုံရင်းဘဲဖြစ်နေမှာပါဘဲ။
    နောက်ပိုင်းတိုးတက်တာ မတိုးတက်တာက တော့
    အုပ်ချုပ်သူတွေရဲ့ဆုံးဖြတ်ချက်တဲ့ အပိုင်းနဲ့လဲသက်ဆိုင်မယ်ထင်ပါတယ်။

    • ကထူးဆန်း

      November 19, 2012 at 4:17 pm

      လေးပေါက်ရေ .. အလေးအနက် ကိုထောက်ခံပါတယ် ။ အရေးအကြီးဆုံးက ကိုယ်ပါဘဲ ။
      တအားမျှော်ကြတာ ရင်လေးပါတယ် ။ ကိုယ်လုပ်မှ ကိုယ်ရမှာ ဆိုတာလေး မေ့မသွားကြဖို့လိုပါတယ်

  • jullies cezer

    November 19, 2012 at 2:50 pm

    ကိုကြောင်ဝတုတ်ကလဲ အခုရွာထဲလဲအိုဘားမားပဲလေ သူပဲပြောနေပြီးတော့ …….

  • kai

    November 19, 2012 at 2:51 pm

    ပြောင်းမှာပါ…
    ပုံသေနည်းအရဆို.. မြန်မာပြည်စီးပွားရေးထောင်တက်ရလိမ့်မယ်..။
    ကံဆိုးကံကောင်းအကုန်ဝင်ချလာလိမ့်မယ်..
    လူထုရဲ့.. ကံကောင်းခြင်းလက်ဆောင်ဖြစ်အောင်..ကိုယ်တိုင်ကိုယ်စီ.. ပြောင်းယူကြပေတော့.. :kwi:

  • သီဟသူရချာလတာအာပေတူး

    November 19, 2012 at 4:03 pm

    အင်းးး စာတီဖီကိတ်တွေ …. စာတီဖီကိတ်တွေ …. စာတီဖီကိတ်တွေ ….
    မီးလောင်သွားတဲ့ စာတီဖီကိတ်တွေ ….
    ရေစိုပျက်စီးသွားတဲ့ စာတီဖီကိတ်တွေ ….
    ရွေ ့ပြောင်းရင် ပျောက်ရှသွားတဲ့ စာတီဖီကိတ်တွေ ….

  • Good™

    November 19, 2012 at 4:13 pm

    ဒေါ်အောင်ဆန်းစုကြည် ကို အနမ်း နဲ့ အားရပါးရ နှုတ်ဆက် တာ တော့ MRTV 4 မှာ တွေ့ လိုက်တယ်။

  • Good™

    November 19, 2012 at 4:38 pm

    ဘာရက်အိုဘားမားက မြန်မာနိုင်ငံ မင်္ဂလာပါ လို့ အစချီ ပြီး ပြောသွားပါတယ် တဲ့ ဗျာ။
    Burma နဲ့ မြန်မာ၊ Myanmar နဲ့ ဘားမား အတူတူ ပါပဲ လို့ အစော ကြီးက ပြောပါတယ်။

    • တောတွင်းပျော်

      November 19, 2012 at 7:02 pm

      ဘာရက်အိုဘားမားက မြန်မာနိုင်ငံ မင်္ဂလာပါ လို့ အစချီ ပြီး ပြောသွားပါတယ် ။
      ဗမာလိုပြောတာလား… မြန်မာလိုပြောတာလား..?

  • thit min

    November 19, 2012 at 4:45 pm

    Burma = မြန်မာပြည်ကို ပထမဆုံးလာတဲ့ ယူအက်စ်သမ္မတက အိုဘားမား ဆိုတာ တော်တော်တိုက်ဆိုင်တာပါဘဲ။
    တခုတော့ မကျေနပ်ဘူး။ အမေစုကိုသွားတွေ့တုန်းက “နမ်းသွားလို့”။
    ဒါပေမဲ့ အမေစုကိုအိမ်တိုင်ရာရောက်သွားတွေ့လို့ အမေစုရဲ့ ပါဝါမသေးလှဘူးပေါ့။
    ဒါကသတင်း။

    နောက်တခုက ကိုဝတုတ်လေးပြောတဲ့ သူအပြန် မှာ? ဆိုတာလေး။
    ဂျီအိုပေါ်လစ်တစ်စ် မဟာဗျူဟာမြောက်ရွှေ့ကွက်တွေမလို့
    ကိုယ်တွေ “ရ” ဘို့ ချည်းဘဲ တော့မဟုတ်ဘူးလို့တွေးမိတယ်။

    တနာရီ ဒေါ်လာ ၂သိန်းတန် လေယာဉ်ပျံ အဲ(ရ်)ဖို့ဝမ်း နဲ့ စီ-၁ရ လေယာဉ်ပျံတွေရဲ့စရိတ်၊
    လုံခြုွံရေးစရိတ် ဘာစရိတ်ညာစရိတ်တွေ ကျေ အောင် သူတို့မှာလဲ အမြတ်ရှိတယ်။
    အဲဒီ ဘက်ကိုလဲ စိတ်ဝင်စားတယ်။

    မြန်မာနိုင်ငံ အတွက်ကတော့ ကိုယ် တော်တော်စောစောကပြောခဲ့သလို လက်ဂျစ်တိမေစီ ရအောင်လုပ်ရမဲ့
    အချိန် ရောက်နေပြီ။ ရရင်လဲ အကျိုးရှိမှာ။အနည်းဆုံး ချေးငွေလျှော်တာတွေ၊အတိုးမဲ့ချေးငွေနဲ့ထောက်ပံ့မှုတွေ
    တော့ရလာမှာဘဲ။

    ဘာဘဲဖြစ်ဖြစ် ယူအက်စ်ရဲ့ လွမ်းမိုးမှု တော့ အနည်းနဲ့အများ ခံရမှာအမှန်။
    မဆီမဆိုင် ရုပ်ရှင်မင်းသမီးတွေ ယူအက်စ်က လူတွေနဲ့ ယူတာသွား ဆက်စက်တွေးမိတယ်။
    အသင့်အတင့် ချမ်းသာသွားတာတော့ ချမ်းသာတာပေါ့ကွာ။ အဲ ..လူကတော့။ဇာတ်လမ်းသဘောကိုပြောတာပါ။

    အိမ်နားကဟိုမျက်ပေါက်ပိတ်တွေကိုစီးပွါးရေးမှာသာ မင်းအင်အားကြီးမယ် ဟေ့ကောင်ရေ။
    စူပါပါဝါဖြစ်ဖို့ကတော့ “ဆယ်နှစ်ဆယ်နှစ်” ဆိုပြီး ဘယ်လက်နဲ့ ၂ ခါထောင်ပြသွားတဲ့ အို ဘားမား ပါဘဲ။

    အဲဒီတော့ ချုပ်ရရင် နှစ်ဖက်ကြားမှာ လိမ်မာပါးနပ်ရင် တို့နိုင်ငံအတွက်ကြီးဘဲ။
    ယာလဲညက် ကြက်လဲမော လုပ်ရမှာ။
    လုပ်တတ်ရင် ဒီတချီအပွဘဲ။ ကဲ …ဘဘစိန်ရေ ။

    ခင်မင်စွာဖြင့်

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 19, 2012 at 5:20 pm

      ကျွန်တော်လဲ အဲဒါပြောချင်တာပါ…ဆရာသစ်ရေ…
      လိမ္မာပါးနပ်စွာနဲ့ နိုင်ငံကြီးတိုးတက်အောင်လုပ်ဖို့ပါပဲ…
      တချို့ကတော့ ပြည်ပအားကိုးပုဆိန်ရိုးအော်တုန်းကအော်ပြီး… အခုတော့လဲ သမ္မတကြီးကျန်းမာပါစေဆိုတဲ့
      လူတွေလဲရှေ့ဆုံးမှာတွေ့နေရတယ်…
      ဒီတစ်ချီအပွအတွက်တော့ ဘဘစိန်ကိုအားကိုးရတော့မယ်…
      သူကြီးပြောတဲ့ ပုံသေနည်းအရတော့ အိုကေနေတာပဲဗျာ…
      ခက်တာက အချိန်အခါနဲ့ ပုံသေနည်းကို အသုံးမချတတ်မှာကို ဆိုးရိမ်တာပါပဲဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • kai

        November 19, 2012 at 5:26 pm

        အမှတ်မမှားရင်.. ဦးနုခေတ်ကရော.. ဦးနေဝင်းခေတ်ကရော.. ယူအက်စ်က.. လက်တွဲသွားကြဖို့.. လက်ကမ်းဖူးတယ်..
        ဦးနုခေတ်က.. အဲဒီတုံးကဒုသမ္မတလာပြီး.. မြန်မာပြည်ကွန်မြူနစ်ဖက်မကူးသွားအောင်.. လာဆွဲခဲ့တာ…
        ဦးနေဝင်းလက်ထက်ကတော့. တရုတ်နီခေါ်တဲ့.. ကွန်မြူနစ်တွေကို.. တရုတ်ဖြူ(အခုထိုင်ဝမ်)နဲ့ပေါင်းချဖို့လာတာ…
        ၂ခါလုံးမြန်မာတွေ.. အူလည်လည်လုပ်.. ငြင်းခဲ့တယ်..။

        ဒီတခါကတော့… သမ္မတကိုယ်တိုင်ပဲ..။
        နောင် ၂၀၁၆မှာ. ဒီမိုကရက်ဖက်က သမ္မတထပ်တင်ဖို့.. မှန်းထားတဲ့.. သမ္မတလောင်း..ဟီလာရီကလင်တန်ပါ.. ထပ်ပါလာတယ်..
        ရီပါ့ဗလစ်ကန်င်ဖက်က.. အင်မတန်ဩဇာရှိတဲ့.. ဂျွန်မက်ကိန်းလာထားဖူးတယ်..

        သေသေချာချာ.တိုင်ပင်ကြပြီး.. ယူအက်စ်နဲ့…မဟာဗျူဟာမြောက်ကိစ္စတွေအထိ..လက်တွဲလုပ်သင့်တယ်ထင်မိတယ်..။

  • ရာဇဝင်လူဆိုး

    November 19, 2012 at 6:53 pm

    သေချာတာတော့ ပညာရေး၊ စီးပွားရေးနဲ့ ပတ်သတ်ပြီး တော်တော်လေး အထောက်အကူကောင်းတွေ ရလာလိမ့်မယ် ထင်တယ်။ လူငယ်တွေကို ပညာတော်သင်တွေ အရင်ကထက်ပိုပြီး ပေးလာနိုင်သလို မြန်မာပြည် အတွက်လဲ ပညာရေးအထောက်အကူကောင်းတွေ ကူညီပံ့ပိုးပေးနိုင်တယ်။ နောက်ပြီး အာဆီယံဒေသတွင်းမှာပါ အရင်ကထက်စာရင် နဲနဲတော့ အရှိန် ရလာမယ်ဆိုတော့ ဥရောပ၊ အမေရိက နဲ့ ဒေသတွင်းကပါ ရင်းနှီးမြှုပ်နှံလာကြရင် စီးပွားရေးအရ ဖွံ့ဖြိုးလာမှာသေချာတော့ ရင်းနီးမြှုပ်နှံမှုတွေကနေစပြီး တိုင်းပြည်က လူငယ်တွေပါ အလုပ်အကိုင် အခွင့်အလမ်း များများ ရလာနိုင်တယ်။ ဒီလို ပညာရေး နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် လူငယ်တွေ ကြိုပြင်ဆင် ကြိုးစားထားသင့်တယ် ထင်မိတယ်။ (ကျနော် အမြင် Certificate လောက်နဲ့တော့ နေရာကောင်း ၊ရာထူးကောင်း နဲ့ လစာ ကောင်းကောင်းရဖို့ သိပ်မျှော်လင့်နိုင်မယ် မထင်မိဘူး)..။
    နိုင်ငံရေးအရ ကောင်းသောပြောင်းလဲခြင်း တော်တော်များများကို မြင်နေရပေမယ့် ကြီးကြီးမားမား ပြောင်းလဲခြင်းတွေဖြစ်ဖို့က ဒီလိုအချိန်မှာ ဒေါ်စု ပါးပါးနပ်နပ် နဲ့ အစိုးရကို ကိုင်တွယ်တတ်ဖို့ လိုမယ်ထင်မိပါဂျောင်း…….

  • အလင်းဆက်

    November 19, 2012 at 8:34 pm

    သူ့အိမ်အပြန်မှာ ပြောင်းလဲမယ့်… မြန်မာ့နိုင်ငံရေး၊ မြန်မာ့ကုန်သွယ်ရေး၊ မြန်မာ့ပညာရေးကိုပဲ မျှော်လင့်မိပါတယ်…

    အင်းးးးးးးးးးးးးးးးးးးးးး

    မျှော်လင့်မိပါတယ် ။

  • မနက်အိပ်ယာမှနိုးစဉ် မနေ့ကမခြောက်သောအဝတ်များအားထွက်လှန်းသူကျွန်မ
    M.T Work Shop ရှေ့မှ အလုပ်ရုံကျွမ်းကျင်ဆရာတစ်ဦးအား
    နန်း-“အိုဘားမားကိုသွားကြိုချင်လိုက်တာ”
    ဆရာ-“အေး ငါကောပဲ”
    နန်း-“ရန်ကုန်မှာနေရတာပဲကောင်းတယ် ကြိုချင်ရင်ချက်ချင်းသွားကြိုလို့ရတယ် အဟင့်”
    ဆရာ-“အေးလေဟာ ထရန်စဖာကိုပဲမျှော်ပေဦး”

    ညနေ၃နာရီခန့်တွင်ကျောက်ဆည်နည်းပညာမှ အစ်မအားဖုန်းဆက်မိစဉ်
    နန်း-“နင်အခုဘာလုပ်နေတာလဲ”
    အစ်မ-“MRTV4 မှာအိုဘားမားမိန့်ခွန်းပြောတာကြည့်နေကြတာ”
    ညဘက် အွန်လိုင်းပေါ်အတက်
    မေးလ်မှာဝင်နေသမျှသတင်းတင်ထားသမျှ “အိုဘားမား”
    အကောင့်တွေရဲ့ ကတ်စတန်မတ်စိတွေက “အိုဘားမား”
    ဪ…ဩဇာသီးပါ့ အဲလေ ဩဇာကြီးပါ့ “အိုဘားမား” ဟုဆိုလိုက်မိပါတကားးးးးးးးးးးးး

  • blackchaw

    November 20, 2012 at 10:39 am

    အိုဘားမားလာတာ ကံကောင်းတာလား…ကံမကောင်းတာလား ဟင်င်င်င်င် ?????
    အဲဒီ ကံ အခု အရမ်းခေတ်စားနေတယ်ကွယ်…။
    :mrgreen:

    • Inz@ghi

      November 20, 2012 at 10:47 am

      အိုဘားမားတော့ မကြာခင် ဇီးထုပ်ဘွရောက်ပြီး
      မြောင်းထဲကျမှာ မြင်ယောင်သေးတော့တယ်..

      ကလင်ဒါ ၊ပိုစတာ ၊ တီရှပ် ၊ ခေါင်းစီး၊ ဦးထုပ်
      ကံဆိုးရင် ဖိနပ်တောင် ဖြစ်အုံးမဗျား ..

      :528:

Leave a Reply