အဖြေရှာပါရစေ

အဖြေရှာပါရစေ

ကျွန်တော့်အသက် ၃ဝကျော်ပါပြီ။
အသက်အရွယ်နဲ့နုှိင်းယှဉ်ရင်အောင်မြင်တဲ့လူငယ်တစ်ယောက်လို့အများကချီးကျူးရလောက်အောင်စီးပွားရေး လုပ်ငန်းတွေမှာနေရာရနေခဲ့ပြီ။
ကျွန်တော်ကကမိဘလက်ထပ်ကတည်းကပွဲရုံလုပ်ငန်းတွေအပြင် ကျွန်တော့်လက်ထပ်ကျမှ အစပြုခဲ့သော ITအသုံးအဆောင်များတင်သွင်းသည့်လုပ်ငန်းကိုပါအောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့သည်။
နိုင်ငံတစ်ချို့ကိုလည်းသွားဖို့လမ်းစတွေပေါ်လာတာနဲ့ခြေဆန့်မိတာ ၃၊၄ကြိမ်ရှိပါပြီ။

“ဦးဘမင်းရဲ့သားအငယ်ကောင်လေးက စီးပွားရေးမှာလည်းအောင်မြင်၊ရုပ်ရည်ကလေးလည်းအဆင်ပြေ၊ပညာ အရည်အချင်းလည်းရှိပြီးသားကို ဘာဖြစ်လို့အိ်မ်ထောင်ဖက်မရှာသေးတာလဲ”

“ကျုပ်တို့လည်းမနေပါဘူး သင့်တော်တဲ့သမီးလေးတွေတွေ့တိုင်းပြောပါတယ် သားကိုက အိမ်ထောင်ပြုဖို့ စိတ်မဝင်စားသလိုလို၊ရှက်သလိုုလိုနဲ့ဘာကိုစိတ်တိုင်းမကျဖြစ်ဖြစ်နေလည်းမသိဘူး။
အခုအရွယ်အထိလည်း ရည်းစားတောင်မထားဘူးသေးဘူးလို့ပြောရင်ခင်ဗျားတို့အံ့ဩမယ်”

တကယ်လည်းအဲဒီလိုအပြောခံရသူတိုင်းအံ့ဩလောက်အောင် ကျွန်တော်ရည်းစားတစ်ခါမှမထားခဲ့ပါ။
ကျွန်တော့်လိုကောင်နားကပ်ချင်တဲ့မိန်းကလေးတွေဘယ်လောက်များမယ်၊ရေလာမြောင်းပေးတွေဘယ်လောက် လုပ်ကြမယ်ဆိုတာနားလည်ကြမှာပါ။
ကျွန်တော်ကဘာကောင်မို့ဒီလောက်အသည်းမာနေရတာလည်းလို့ဆိုချင်ကြမယ်။
ဆိုချင်ရာဆိုကြပါစေ။
ကျွန်တော့်ဘဝဟာ လိုတာမရ၊ရတာမလို စိတ်ခံစားတိုင်းပိုင်ဆိုင်မှုကိုမရနိုင်တဲ့ဘဝမှာ ဘယ်လောက်တောင် ခက်ခဲစွာရပ်တည်နေရတယ်ဆိုတာဘယ်သူုမှသိနိုင်မှာမဟုတ်ပါဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကိုဇော်နိုင်ငံခြားသွားတဲ့အခါတိုင်းအောင်အောင်လိုက်ပါရသဖြင့် တစ်ရုံးလုံးကဝန်ထမ်းတွေက အောင်အောင့်ကို အားကျကြသည်။
တကယ်ဆိုအောင်အောင်က ဆယ်တန်းတောင်မအောင်တဲ့ကောင်ပါ။
ဒီကုမ္ပဏီမှာ ကိုဇော့်အတွင်းရေးမှူးသဘောမျိုးနဲ့နေရာရနေခြင်းဟာ အလယ်တန်းကျောင်းသားဘဝကတည်းက ကိုဇော်နဲ့ခင်မင်ရင်းနှီးခဲ့လို့ပါ။
အလယ်တန်းကျောင်းကတည်းကခင်မင်ရင်းနှီးရုံနဲ့ပညာအရည်မပြည့်မှီ၊လုပ်ငန်းအတွေ့အကြုံဆိုတာမရှိတဲ့ အောင်အောင့်ကိုဒီလိုနေရာပေး ထားခြင်းအပေါ်တော်တော်များများကစောင်းပါးရိပ်ခြေတီးတိုးဝေဖန်ကြသလို၊ ကိုဇော့်အပေါ်ပြောရဲဆိုရဲရှိသူတို့ ကတော့ပေါ်တင်မေးမြန်းကြသည်။
ကိုဇော်ပြန်ဖြေတာတစ်ခုတည်းရယ်

“ကျွန်တော့်အတွက်အသုံးတည့်လို့ပေါ့ဗျာ..အောင်အောင်မရှိရင် ကျွန်တော့်အလုပ်လည်းဒီလောက်အောင်မြင် မယ်မထင်ဘူး”

တဲ့

ကိုဇော့်စကားကြောင့်ကြားရသူတွေလက်ဖျားခါရသလို ကိုဇော့်ကိုရှေ့ဆက်နားချဖို့မစွမ်းသာကြ။နောက်ဆုတ် ကုန်ရတာချည့်။ကိုဇော်ကတော့ အောင်အောင့်ကိုနေရာပေးမြဲ။
ဘယ်သွားသွားခေါ်မြဲ။

တကယ်တော့လည်း အတွင်းရေးမှူးလို့ဝိုင်းခေါ်တာခံရတဲ့အောင်အောင်ဟာ ကိုဇော့်အတွက်အကြံပေးခြင်း၊ကူညီ ခြင်းအပိုင်းမှာ သာမန်လက်တိုလက်တောင်းကောင်လေးတစ်ယောက်ထက်မပိုပါဘူး။
ကိုဇော်ကသူ့သဘောနဲ့သူဆုံးဖြတ် လုပ်ဆောင်သွားတာတွေချည့်ပါ။
ဒါပေမယ့် ကိုဇော်ကတော့လူတကာရှေ့မှာ အောင်အောင်သာမရှိရင် သူ့လုပ်ငန်းတွေပဲပျက်ဆီးရတော့မလို၊သူ့ စိတ်မှာစိတ်တိုင်းအကျဆုံးလူဆိုလို့ အောင်အောင်ပဲရှိသလိုလို အမြဲဂုဏ်တင်ပေးတတ်ပါသည်။
ဘာပဲဖြစ်ဖြစ် သာမန်လူတန်းစား ဆယ်တန်းမအောင်တဲ့အောင်အောင်ဟာ ကိုဇော့်ကျေးဇူးနဲ့လူနေမှုတော့ မြင့်မားလို့နေတာအမှန်ပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော့်မိဘတွေမှာ သမီး၄ယောက်မွေးပြီးနောက် နောက်ဆုံးသားငယ်တစ်ယောက်သာယောကျာ်းလေးပါ သဖြင့်ထုံးစံအတိုင်းတော်တော်လေး ဂရုစိုက်ကြခဲ့ပါသည်။
ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့်အစ်မတွေကြားထဲလုံးထွေးနေခဲ့ရသည်။
သူတို့အသုံးပြုတဲ့ ကစားစရာ၊အဝတ်အစား၊အသုံးအဆောင်တွေမှန်သမျှကျွန်တော်နဲ့ယဉ်ပါးနေခဲ့သည်။
အမေက ကျွန်တော့်အတွက်သီးခြားကစားစရာ၊ယောကျာ်းလေးအဝတ်အစား၊အသုံးအဆောင်တွေဝယ်ပေးပေ မယ့်ကျွန်တော်ကတော့ ကျွန်တော့်အထက်က မမလေးရဲ့အသုံးအဆောင် အဝတ်အစား၊ဖိနပ်လေးတွေကို ဝတ်ရတာသဘောကျတတ်ကြောင်းကျွန်တော်အရွယ်ရောက်တဲ့အထိပြောပြောနေတတ်ကြသည်။
ကစားစရာဆိုရင်လည်း ကား၊သေနတ်၊စက်ရုပ်တွေထက် အရုပ်မ၊အိုးပုတ်ကလေးတွေနဲ့ကစားရတာပိုနှစ်သက် သည်ဟုဆိုသည်။
အမေတို့ကမကြာခဏအဲဒီလိုတွေပြောပြောနေတတ်သဖြင့် သိတတ်လာတဲ့အရွယ်မှာ ကျွန်တော်ဟာ မိန်းက လေးတွေရဲ့အသုံးအဆောင်တွေကိုလူရှေ့သူရှေ့မှာသုံးစွဲရမှာရှက်သလိုလိုစိတ်ဝင်လာတော့သည်။
အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန်တွေ ကျွန်တော့်အခန်းထဲကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်တွေမှာသာ ခိုးဝှက်သုံးစွဲတဲ့အကျင့်တို့စွဲလာတော့သည်။
အဲဒီထက်ဆိုးတာက ဆန့်ကျင်ဘက်လိင်အပေါ်စိတ်ဝင်စားရာမှာလည်း အစ်မတွေသဘောကျ၊ဝယ်ယူသိမ်း ဆည်းတတ်တဲ့ မင်းသားတွေရဲ့ပုံတွေကို မင်းသမီးတွေထက်ပိုသဘောကျလာမိသည်။

ကျောင်းသွားကျောင်းပြန် စတိုးဆိုင်တွေမှာတွေ့ရတဲ့အရုပ်မလေးတွေ၊ခေါင်းစည်းကလစ်လှလှလေးတွေ၊ ဖိနပ်လှလှလေးတွေတွေ့ရင်လိုချင်စိတ်ကထိန်းမရ။
စုထားတဲ့ပိုက်ဆံများနှင့်ဝယ်ယူသိမ်းဆည်းတတ်သည်။

“အိမ်ကမမတွေအတွက်”

ဟုဆိုလျှင် ဆိုင်ရှင်က

“သိတတ်တဲ့မောင်လေးပါလားကွယ် လိမ္မာလိုက်တာ”

ဟုချီးမွမ်းတတ်သည်။

ကျွန်တော်ကျောင်းမှာယောကျာ်းလေးတွေနဲ့သာပေါင်းပါသည်။
ကျွန်တော့်သူငယ်ချင်းများအားကျွန်တော်ကလိုက်လျောစွာပေါင်းသင်းဆက်ဆံတတ်သဖြင့်ကျွန်တော့်ကို တော်တော်လေးချစ်ကြပါသည်။ကျွန်တော့်အတွက်ပျော်ရွှင်မှုတွေ အလိုမကျမှုတွေတကယ်ကိုများရတာ ကတော့ကျွန်တော်က သူငယ် ချင်းကောင်လေးတစ်ယောက်အား နူးညံ့ကြင်နာစွာစကားဆိုမိ၊သိုင်းဖက်မိ ပြီဆိုရင်

“ဟေ့ကောင်ငဇော် မင်းကကွာ မိန်းမလိုအိညောင့်အိညောင့်နဲ့ အခြောက်လားကွ”

“အာ ငါ့ကိုအဲလိုကြီးမဖက်နဲ့ကွာ ယားတယ် ကောင်မလေးကျနေတာပဲ”

စသည်ဖြင့်ပြောတတ်ကြရာ သူတို့ရှေ့မှာကျွန်တော်အလွန်မှရှက်ရပါသည်။
ထို့ကြောင့်ကျွန်တော်၏ကြင်နာလိုမှုများကိုသိုဝှက်ထိန်းချုပ်ရင်းနေခဲ့ရသည်။ယောက်ျားပီပီသသမာမာထန်ထန် ဟန်လုပ်နေထိုင်နေပေမယ့် ကျွန်တော့်ရင်မှာ နူးညံ့စရာတွေ့ရင်ယုယချင်၊ကြင်နာချင်စိတ်တွေအလိုလိုဖြစ်ပေါ် နေတတ်သည်။

အောင်အောင်ဆိုတဲ့ကောင်လေးက ကျွန်တော့်ထက်၂တန်းလောက်ငယ်တဲ့ ၆တန်းကျောင်းသားလေးပါ။
ကျွန်တော့်သူငယ်ချင်းကျော်စွာရဲ့ညီလေးဖြစ်သည်။
အနေအေးပြီးစာတော်သော ကျော်စွာနဲ့ကျွန်တော်စာအတူူ လုပ်ဖြစ်ကြသည်။
ကျွန်တော့်အိမ်မှာဖြစ်စေ၊ကျော်စွာအိမ်မှာဖြစ်စေအဆင်သင့်သလို ချိန်းဆိုပြီးစာလုပ်ကြသည်။
ကျော်စွာ့အိမ်မှာစာလုပ်တိုင်းတွေ့နေရတဲ့ ကျော်စွာ့ညီလေးအတွက် မုန့်တွေယူသွား၊ကစားစရာလေးတွေဝယ် ပေးရင်း ခင်မင်မှုပိုခဲ့တာပင်။အောင်အောင်ကအသားဖြူဖြူအရပ်မြင့်မြင့်လေးနှင့် ကျော်စွာ့လိုလူကောင်မညှက်။
မျက်ခုံးလေးတွေကထူပိန်းပိန်းနှင့်အလွန်မျက်နှာချိုတဲ့ကောင်လေး။

အောင်အောင်က ကျွန်တော့်ကာတွန်းစာအုပ်အကြောင်းတွေပြောပြ၊တိရိစာ္ဆန်လေးတွေအကြောင်းပြောပြနဲ့ ကျွန်တော်တို့တော်တော်ချစ်ခင်လာခဲ့သည်။
စီးပွားရေးသိပ်အဆင်မပြေတဲ့ကျော်စွာတို့အိမ်မှာ TV မရှိချေ။ထို့ကြောင့် အောင်အောင်လေးက TVကြည့်ခြင်း ကိုအထူးမက်မောသည်။

“ကိုဇော် ကျောင်းပိတ်ရက်ကိုဇော်တို့အိမ်မှာ ကာတွန်းကားလာကြည့်ချင်တယ်ဗျာ ရမလား”

“ဟဲ့ကောင်လေး ဖိုးဇော်မိဘတွေကမကြိုက်ပဲနေပါ့မယ်”

“ရပါတယ်အန်တီ သားနဲ့လိုက်ပေးအိပ်လိုက်ပါလား ညဘက်အတူကြည့်တာပေါ့”

သောကြာနေ့ည ကျော်စွာနဲ့အိမ်စာတွေအတူလုပ်ပြီးသည်နှင့်အောင်အောင်လေးကိုကျွန်တော်နဲ့ခေါ်လာပြီး ညတစ်ဝက်လောက်နီးပါး အောင်အောင်ကြည့်ချင်တဲ့အခွေတွေထိုင်ကြည့်ကြသည်။
အိမ်ကလူတွေကမဆူပါ။ကျွန်တော်လိုမဆိုးသွမ်းတဲ့တစ်ဦးတည်းသောသားရဲ့အလိုကိုအတော်ပင်လိုက်ကြ ရှာသည်။အောင်အောင်လေးနဲ့ကျွန်တော်စားဖို့မုန့်တွေလုပ်ပေးကြပြီး စောစောအိပ်ရာဝင်ကုန်ကြတာပင်။
မနက်၂နာရီလောက်မှ ကျွန်တော်တို့အတူကျွန်တော့်အခန်းထဲမှာ အိပ်ကြသည်။
အောင်အောင်လေးအားကျွန်တော်ဖက်ထွေးကာအိပ်ရတဲ့အရသာကိုအထူးခုံမင်မိလာခဲ့သည်။
မကြာခဏအောင်အောင်ကကျွန်တော်နှင့်လာအိပ်တော့သည်။

ကျွန်တော်အတန်းကြီးလာချိန်မှာတော့ အောင်အောင့်အတွက်အချိန်သိပ်မပေးနိုင်တော့။
သို့ပေမယ့် အောင်အောင်လိုအပ်သမျှလေးတွေဝယ်ခြမ်းပေးရင်းချစ်ခင်ရင်းနှီးမှုမပျက်စေခဲ့။
ကျွန်တော်စီးပွားရေးတက္ကသိုလ်ရောက်ချိန်မှာ ကျော်စွာကအဝေးသင်တက်ရင်းအလုပ်ဝင်လုပ်နေရသည်။
စာထက်အခွေကြည့်၊ဂိမ်းဆော့ဝါသနာပါသောအောင်အောင်ကတော့ဆယ်တန်းလည်းမအောင်ပါ။
၂ခါလောက်ဖြေပြီးမအောင်တာနဲ့အပြင်ဖြေဖြေရင်း တဖက်ကအလုပ်ရှာသလိုလို၊ယောင်လည်လည်နှင့်ဖြစ်နေ ရှာသည်။
ကျွန်တော်နှင့်အရင်လိုလာအိပ်ရင်းညလုံးပေါက်ဂိမ်းဆော့အခွေကြည့်ပြန်ပြုမိသည်။
အောင်အောင်နှင့်အဲဒီလိုတရင်းတနှီးနေရတိုင်းကျွန်တော့်ရင်မှာအတိုင်းမသိ။အောင်အောင်နဲ့ရက်ကြာကြာမတွေ့ ရတဲ့အခါတွေမှာ တစ်ခုခုလိုအပ်နေသလို စိတ်တွေလေးလံနေတတ်သည်။
ဒါကြောင့်မို့ကျွန်တော့်အနားတွင်အောင်အောင်အမြဲရှိနေနိုင်စေရန် တစ်စုံတရာဖန်တီးဖို့စဉ်းစားမိတော့သည်။

“သားကွန်ပျူတာဆိုင်တစ်ဆိုင်လောက်ဖွင့်ချင်တယ်ဖေဖေ”

“ငါ့သားကကျောင်းတောင်မပြီးသေးဘူး ကျောင်းပြီးမှစိတ်အေးလက်အေးဖွင့်ပါလားသားရ”

“သားနိုင်အောင်လုပ်မှာပါဖေဖေ အခုတည်းကအစပျိုးထားမှ သားကျောင်းပြီးတဲ့အချိန်ဆို ကောင်းကောင်းလည်ပတ်နေမှာပေါ့”

“ကဲပါလေ သားသဘော သားအစပျိုးချင်ရင်လည်းစီစဉ်လေ ကျောင်းစာကိုတော့မထိခိုက်စေချင်ဘူး”

“စိတ်ချပါဖေဖေ”

ဒီလိုနဲ့ ဆယ်တန်းမအောင်နိုင်ပဲယောင်နေတဲ့အောင်အောင်တစ်ယောက်ကို် ကျွန်တော့်ရဲ့စီးပွားရေးလုပ်ငန်းထဲ သွင်းထားခြင်းဖြင့်ကျွန်တော့်မျက်စိအောက်ကမပျောက်စေတော့။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“မင်းနဲ့ကိုဇော်ထက်နိုင်ကဘာလဲကွ နိုင်ငံခြားမှာလို လိင်တူလင်မယားလား”

သူငယ်ချင်းဖြစ်တဲ့လှမြင့်တို့ကစလိုက်တာဆိုပေမယ့် အောင်အောင်တစ်ယောက်မျက်နှာတွေရဲတက်လာကာ စိတ်ကထောင်းခနဲဖြစ်သွားတော့သည်။

“ဟေ့ရောင်တွေ မင်းတို့ပါးစပ်တွေသရမ်းလှချည်လားကွ မင်းတို့မျက်စိထဲ ငါကကနွဲ့ကလျပုံဖြစ်နေလို့လား”

“မဖြစ်ပေါင်”

ထွန်းနိုင်က ကနွဲ့ကလျဟန်နဲ့ဆိုလိုက်သည်။

“ဒါဖြင့်ကိုဇော်ကကော”

“ယောကျာ်းပီသလိုက်သမ မားမားကြီးကိုမတ်လို့”

“ဒါဖြင့်မင်းတို့ပါးစပ်ပေါက်တွေကဘာလို့ဒီလိုမဟုတ်တာထွက်လဲ”

“သိဘူးလေကွာ မင်းတို့နှစ်ယောက်က တွဲလိုက်တာမှလွန်ရော တစ်အိပ်ယာထဲအတူအိပ်လားအိပ်ရဲ့”

“ဒါကတော့ ကိုဇော်နဲ့ငါကအခုမှတွဲလာတဲ့လူတွေလားကွာ မင်းတို့နှစ်ကောင်ကောအတူမအိပ်ဖူးဘူးလား”

“ဘောပွဲရှိတဲ့နေ့တိုင်းဖက်အိပ်နေကျ”

“ဒါများ နောက်အဲလိုမနောက်နဲ့ သူများတွေကြားရင်အဟုတ်ထင်ပြီး ကိုဇော်သိက္ခာကျတယ်”

လှမြင့်ကသူ့ပါးစပ်ကိုဇစ်ဆွဲလိုက်သလိုပိတ်လိုက်သည်။

ဒီကောင်တွေလိုမျိုးဘယ်နှစ်ယောက်လောက်က အောင်အောင်နဲ့ကိုဇော့်ကိုဒီလိုထင်နေကြပြီလဲ။
အရင်ကတစ်ခါမှဒီလိုမြင်ကြလိမ့်မယ်လိုမတွေးဖူးပေမယ့် ပြည်ပနိုင်ငံတွေကလိင်တူလက်ထက်မှုသတင်းတွေ က အင်တာနက်ကျေးဇူးတွေကြောင့်မြန်မာတွေကို မတွေးဖူးတာတွေတွေးမိကုန်စေနေပြီ။
တကယ်ပဲယောကျာ်းတွေအချင်းချင်းမှာဒီလိုစိတ်ထားလို့ရသလား။
အောင်အောင် ဒီကိစ္စနဲ့ပတ်သတ်ပြီးတစ်ခါမှမထိတ်လန့်ဖူးပေ။ပြန်စဉ်းစားကြည့်လိုက်ရင် ဘယ်နိုင်ငံရောက် ရောက် ကိုဇော်ကအခန်းတစ်ခုတည်းယူတတ်ပြီး သူနဲ့သာအတူအိပ်သည်။

အောင်အောင့်အနေနဲ့လည်း ကိုဇော်နဲ့ဖက်အိပ်လာတာမထူးဆန်းတဲ့ကိစ္စမို့ဘယ်လိုမှစိတ်ဝယ်မတွေးမိဖူး။
ကိုဇော်နဲ့အတူဖက်အိပ်ရတဲ့အရသာကို အောင်အောင်ကိုယ်တိုင်ပင်ကြိုက်နှစ်သက်နေမိပြီလား။
အောင်အောင်ကိုယ်တိုင် ကိုဇော့်အပေါ်သာယာစိတ်ဝင်နေပြီလား။
သုံးသပ်ရင်းက ခေါင်းနပမ်းတွေကြီးလာချေပြီ။
ကိုဇော်ကကော

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခုရက်ပိုင်းရှောင်ဖယ်ဖယ်လုပ်နေသော အောင်အောင့်ကိုကြည့်ပြီးကျွန်တော် စိတ်မချမ်းမြေ့။
ခိုင်းတဲ့အလုပ်တွေကိုကျေပွန်စွာဆောင်ရွက်ပေးနေပေမယ့်

“အောင်အောင်ရေ ညစာမစားပဲ လှည်းတန်းမှာ ငါးကင်သွားစားမလားကွ”

“တော်ပြီကိုဇော် ကျွန်တော်ရင်နည်းနည်းခံနေတယ်”

“ဟုတ်လား ဒါဖြင့် ဆေးခန်းသွားပြမလား လာလေကွာ”

“အဲလောက်တော့မဟုတ်ဘူးကိုဇော် အလုပ်ကအပြန်အိပ်လိုက်ရရင်မဆိုးဘူး”

“ဒါဆိုလည်းစောပြန်နားလိုက်လေကွာ ”

အရင်ဆို ကျွန်တော့်ထက်အရင်အလုပ်ဆင်းလေ့မရှိသောအောင်အောင် ကျွန်တော့်စကားကိုမငြင်းဆန်ပဲ ချက်ချင်းတကယ်ပြန်သွားသည်။
ခမျာတကယ်နေမကောင်းလို့လား။
ကျွန်တော်စိတ်ပူလှသဖြင့် ညဘက်အောင်အောင့်အိမ်လိုက်လာလိုက်သည်။

“မရှိဘူးဖိုးဇော် မင်းကောင်သူ့ဘော်ဒါတွေနဲ့ပါသွားလေရဲ့”

ကျော်စွာ့စကားကြောင့် ကျွန်တော့်ရင်ဘတ်အောင့်သွားသည်။ကျော်စွာနဲ့တစ်နာရီလောက်အောင့်အီးပြီး စကားထိုင်ပြောရင်းအောင်အောင့်ကိုမျှော်နေမိသော်လည်းအချည်းအနှီးသာ။
အပြန်လမ်းမှာ အောင်အောင့်ရဲ့ပြောင်းလဲမှုတစ်ခုကိုတစ်နေ့တည်းနဲ့သိသိသာသာမြင်လိုက်ရသလို တွေးတော စိတ်မောနေမိတော့သည်။

“ဒီတစ်ခေါက်တော့ကျွန်တော်မလိုက်တော့ဘူးကိုဇော် ”

ကျွန်တော့်အံ့ဩမှုအထွတ်အထိပ်သို့ရောက်သွားချေပြီ။
အောင်အောင့်ရဲ့ပြောင်းလဲမှုတွေကို ၃ပတ်တိုင်တိုင်အောင့်အီးသီးခံစောင့်ကြည့်နေပြီးအခြေအနေကဆိုးသည် ထက်ဆိုးလာတာမို့ အောင်အောင်စိတ်အပြောင်းအလဲဖြစ်အောင် မသွားလျှင်လည်းဖြစ်တဲ့ မလေးရှားက ကုန်စည်ပြပွဲတစ်ခုသို့အလုပ်အကြောင်းပြကာသွားဖို့စီစဉ်မိတာပါ။
အခုလို အောင်အောင်ငြင်းဆန်လိမ့်မည်ဟုလုံးဝမတွေးမိ။

အားလုံးစီစဉ်ပြီးမှမနက်ဖြန်ထွက်ရန်အောင်အောင့်ကိုအသိပေးလိုက်စဉ်မှာ အခုလို ကြားလိုက်ရတာ။
အောင်အောင်ကကျွန်တော့်ကိုမကြည့်ပဲ စားပွဲပေါ်ကစာရွက်ဖိတဲ့ဖန်တုံးလေးသို့မျက်လုံးအကြည့်ပို့ထားသည်။
တုန်ယင်လုှပ်ရှားနေသောကျွန်တော့်ရင်ဘတ်ကိုအနိုင်နိုင်ထိန်းရင်း အောင်အောင်ဘာတွေခံစားနေရသလဲဆို တာနားလည်စပြုလာပြီ။
အောင်အောင်ကဲ့သို့ပတ်ဝန်းကျင်ရဲ့ဂယက်ရိုက်မှုကို ့ကျွန်တော်ခံစားခဲ့ဖူးတာ အောင်အောင့်ထက်ကာလများစွာ စောခဲ့ပါသည်။
သု့ိပေမယ့် ကျွန်တော့်စိတ်ကျေနပ်မှုနဲ့ကျွန်တော် အောင်အောင့်ကိုဘေးနားမှာမခွာတမ်းထားခဲ့မိတာပင်။

ကျွန်တော့်ကိုကျွန်တော်အကြိမ်ကြိမ်သုံးသပ်ခဲ့ဖူးပေမယ့်အဖြေကတစ်ခုတည်းသာထွက်နေတော့ ကျွန်တော့်စိတ် ကိုကျွန်တော်ပြုပြင်ရန်မကြိုးစားတော့။
အောင်အောင်ကတော့ ကျွန်တော်တို့ပတ်သတ်မှုကိုပြောင်းလဲပြစ်ရန်ကြိုးစားနေချေပြီ ဟု
ကျွန်တော်ကောင်း စွာသဘောပေါက်လိုက်ရသည်။
ကျွန်တော်ဝမ်းနည်းမှုတစ်ခုကိုလှိုက်လှိုက်လှဲလှဲခံစားနေရပေမယ့် ဟန်ကိုယ့်ဖို့ပြုပြင်ရင်း

“ကောင်းပြီလေအောင်အောင် ဘာကြောင့်ဆိုတာ ကိုဇော်မမေးတော့ဘူး ငါ့ညီနားပါ ကိုဇော်ပြန်လာတဲ့အခါ အဖြေတစ်ခုရအောင်ကြိုးစားထားပေါ့ကွာ ကိုဇော့်ကိုနားလည်တယ်မို့လား”

အောင်အောင်က ဖန်တုံးကိုပင်တွေဝေစွငေးရင်း ခေါင်းသာညိတ်ပြချေသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကိုဇော်ထွက်သွားပြီဆိုတာသိတဲ့နေ့ခင်းကတည်းက အောင်အောင့်စိတ်တွေလေးလံထိုင်းမှိုင်းနေသည်။
ရုံးကိုပုံမှန်တက်ပြီး ကိုဇော်တာဝန်မပေးခဲ့တဲ့ ဆိုင်တွေကိုလိုက်စစ်ဆေးခြင်းနဲ့တခြားကိစ္စတွေကိုကြိုးစားပမ်းစား လုပ်ကိုင်နေရပေမယ့် ကိုဇော့်စားပွဲသို့မျက်လုံးရောက်တိုင်းဝမ်းနည်းနေမိသည်။

ရုံးမှာတော့ အောင်အောင့်အပေါ်ကိုဇော်ကမနှစ်သက်တော့လို့ထားခဲ့သယောင်တွေပြောဆိုဝေဖန်နေကြပြီ။
ကိုဇော်ပြောခဲ့သလို အောင်အောင်ကြိုးစားအဖြေရှာခဲ့တာ ကိုဇော့်ကိုရှောင်ဖယ်နေတဲ့ ၃ပတ်လုံးမှာပါပဲ။
အောင်အောင်ကိုယ်တိုင် ချစ်သူမိန်းကလေးတစ်ယောက်မှမထားမိပဲ

ကိုဇော်နဲ့သာတစ်ကောက်ကောက် လျှောက်လိုက်၊လျှောက်လည်၊ပျော်ပါးနေထို်င်ခြင်းအမှုအပေါ်သာယာလာတာဘယ်လောက်ကြာပြီလဲ။
ယောက်ကျာ်းလေးအချင်းချင်းရောထွေးနေထိုင်ခြင်းအမှုအပေါ်တွယ်ငြိရစ်နှောင်လာမိတာမသိလိုက်သလိုလို ဖြစ်ခဲ့မိတာပါလား။
ကိုဇော့်ကိုရှောင်ဖယ်နေမိတဲ့ကာလတစ်လျှောက်လုံးဘယ်လိုမှစိတ်ပျော်ရွှင်မှုကိုမရပေမယ့် အခုပြတ်သားမှ နောက်အရေးအဆင်ပြေရမည်မို့လား။
ရှေ့ဆက်ဘာမှန်းမသိတဲ့သံယောဇဉ်တွေနဲ့ဘယ်လိုခရီးဆက်ကြမလဲ။

အောင်အောင်တို့လိုနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ဘယ်လိုမှမအပ်စပ်တဲ့နေထိုင်မှုနဲ့ အောင်အောင်နဲ့ကိုဇော်ရဲ့စိတ်ကို ပျော်ရွှင်စေရမှာလား။
တိုးတက်အောင်မြင်နေတဲ့ကိုဇော့်လိုလူတစ်ယောက်ကို အများတံတွေးခွက်မှာမျောပါပြီး သိက္ခာကျစေခြင်းဖြင့် အောင်အောင်တို့သာယာစေရတော့မလား။
မဖြစ်ပါ။ကိုဇော့်အပေါ်အောင်အောင်ရဲ့ချစ်ခင်မှုအတိုင်းအတာဟာ ကိုဇော့်ထက်မပိုနိုင်ပေမယ့် ကိုဇော့်ဘဝကို နည်းနည်းမှမထိခိုက်စေလို။
ယောကျာ်းချင်းဆိုပြီးမျက်နှာပြောင်ပြောင်နဲ့ကော ဘယ်အချိန်အတိုင်းအတာထိအခုလို ရစ်ရစ်ထွေးထွေးနေနိုင် ကြမလဲ။
……………………
ကိုဇော်နဲ့အတူလုပ်နေကြအလုပ်အားလုံးပြီးစီးအောင်ဆောင်ရွက်ခဲ့အပြီး ကိုဇော့်စားပွဲပေါ်စာအိတ်လေးတစ် အိတ်တင်ကာ အောင်အောင်တစ်ယောက် ကိုဇော်နဲ့ဝေးရာကိုထွက်ခဲ့ချေပြီ။

ခန္တီးမှာတာဝန်ကျနေသော အောင်အောင့်ဘကြီးတစ်ယောက်ထံထွက်လာခဲ့မိလိုက်ပြီ။
မုံရွာမှထွက်ခွာလာသော ရှပ်ပြေးရေယာဉ်ပေါ်မှာထိုင်ရင်းမြန်မာပြည်ပြန်ရောက်လို့အောင်အောင့်ကိုမတွေ့လျှင် ဖြစ်သွားမည့်ကိုဇော့်ခံစားချက်ကိုတွေးကာ အောင်အောင့်ရင်ထဲအောင့်နေမိတာအမှန်ပါ။

ဒါပေမယ့်လည်း

ကျွန်တော်တို့ကမြန်မာပြည်မှာနေကြရတာကိုဇော်ရယ်

ရေရှည်ကောင်းဖို့အတွက် ကျွန်တော်တို့ရဲ့ရုှပ်နေတဲ့စိတ်တွေကိုသန့်ရှင်းသွားအောင် ဝေးကွာခြင်းနဲ့ဆေးကြော လိုက်ကြစို့ကိုဇော်………

ကျွန်တော်တို့နှစ်ယောက်လုံးတကယ့်ကိုနာကျင်နေမှာမှန်ပေမယ့် အဖြေဆက်ရှာကြည့်ကြဦးစို့ဗျာ။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

(စိတ်ကူးယဉ်သက်သက်ပါ)
နန်းတော်ရာသူ
(19-11-2012)
8:20(PM)
http://nanntawyarthu.webs.com

25 comments

  • San Hla Gyi

    November 19, 2012 at 10:07 pm

    အမလေး ဖတ်ရတာ မဆိုးပေမယ့် တကယ့်ကို ကျောင်းဆရာဂျီးပါလားနော်။

  • ရာဇဝင်လူဆိုး

    November 19, 2012 at 10:49 pm

    မနန်းတော်ရာသူရေ…..ရသ ပိုစ့်တွေ ဖတ်ရလို့ အားပေးနေပါတယ်။ဆက်ရေးပါ။ :hee:
    အဖြေရှာတာက ဟို..အမူးသမား ကိုအောင်ပုတို့ အဖွဲ့ နဲ့သာသက်ဆိုင်တော့ သူတို့ဂိုဏ်းအဖွဲ့ဝင်တွေ ဘယ်လိုသုံးသပ် ဆုံးဖြတ်လဲ ကြည့်ကြရအောင်ဗျာ။
    ဒါကြောင့် ကျနော်တော့ အဖြေကို မရှာတော့ဘူး..။ :mrgreen:

  • surmi

    November 20, 2012 at 12:44 am

    ကြုံတောင် ့ကြုံခဲ ဇတ်လမ်းလေးပါပဲ ….
    အဖြေမရှာတော့ဘူး ….။ အပြင်မှာလည်း ဒီလိုခတ်ဆင်ဆင်တွေတွေ ့ခဲ ့ပါတယ် …။
    အားပေးနေပါတယ်ဗျာ ….။

  • myanmar oscar

    November 20, 2012 at 2:34 am

    မသေမချာ
    မရေရာ
    အဖြေရှာ
    ဝေဒနာ
    ငွေမပါ
    နေသကွာ
    အကြင်ဖက်
    အခင်မပျက်
    အင်ဖက် မိုးပြီးနေမယ်ကွာ…….

  • ခိုင်ဇာ

    November 20, 2012 at 6:00 am

    အပြင်မှာ တွေ့ဖူးပါတယ်ဗျာ။ ရုပ်ရှင်တွေလည်း ကြည့်ဖူးပါရဲ့။
    ဒီစာကတော့ဖြင့် ရေးသူက နိုင်နိုင်နင်းနင်းရေးသွားလို့ ဇာတ်လမ်းက ယဉ်ယဉ်လေးဖြစ်သွားပါတယ်။ အားပေးပါတယ်။ ဆက်ရေးပါ။ :hee:
    နောက်ဆို ဘာက အစစ်/အတု ခွဲရခက်မဲ့ အချိန်ကို ရောက်လာတော့မယ်ထင်ပါတယ်။

  • Inz@ghi

    November 20, 2012 at 6:12 am

    ဘရုတ်ဘက်မောင်တိန်
    ဘရုတ်ဘက်မောင်တိန်…

    :harr:

  • ခိုင်ဇာ

    November 20, 2012 at 8:31 am

    သွားလေသူ အော်စကာဆုရှင်လေးကို သတိရသွားမိပေါ့။ 🙁
    အဲ့ဒီ ကားထက်ဆိုးတဲ့ ကိုရီးယား နန်းတွင်းကားရှိပါ၏။ ကြိုက်မိသမျှမင်းသားတွေ အဲလို ကားမျိုးရိုက်အပြီးမှာ စိတ်ကုန်သွားပါသည်။
    အနုပညာလို့ မမြင်နိုင်သေး။

    • မောင်ဘလိူင်

      November 20, 2012 at 10:59 am

      frozen flower ဆိုတဲ့ ကားများလား မခိုင်ဇာရေ..
      အဲဒီကားကတော့ ကြမ်းသားဗျ..။ ကိုရီးယား မင်းသား
      များ အဲဒီလို ရိုက်ဝံ့တာ နည်းနည်းတော့ အံ့ဩမိတယ်။

      • ခိုင်ဇာ

        November 20, 2012 at 11:03 am

        ဟုတ်ပါ့ ကိုဘလှိုင်။
        ကျနော် အဲကားကြည့်ပြီး အဲ့ မင်းသားနှစ်ယောက်နဲ့ အဆက်ဖြတ်လိုက်တာ ဒီနေ့ထိပါပဲ။
        (ဟီး၊ လူတကာကို လည်း မကြည့်ပါနဲ့လို့ သတိလိုက်ပေးပါသေးတယ်။) :mrgreen:
        Brokeback Mountain ထက်ဆိုးလို့ပါ။

    • Inz@ghi

      November 20, 2012 at 11:02 am

      ကြည့်လို့တော့ကောင်းသားဗျ …
      သိုင်းချခန်းတွေ ပေါပါတယ်..

      :harr:

      ဘရုတ်ဘယက် မောင်တိန် ကိုကြိုက်တာ ..
      ဒါရိုက်တာ အန်းလီရဲ့ အနုပညာကို ကြိုက်တာပါဗျာ..
      အဲ့ကားပီး ထပ်ရိုက်တဲ့ လာ့စ် ကောရှင်း ဆို ..
      ပိုတောင်ကြိုက်သေး… အဟေးဟေး..
      နောက်တာ အတည်

      :kwi:

      • ခိုင်ဇာ

        November 20, 2012 at 11:05 am

        ဟင်? ဟုတ်လား။
        အစ်မ မကြည့်ဘူးသေးဘူး။ အဲလို ကားမျိုးဆို ပြောနဲ့တော့။ ညည်းကို ကြောက်သဟဲ့။ တကယ်လား၊ နောက်သလား မသိ။

    • အစ်မခိုင်ဇာပြောတဲ့ကိုးရီးယားနန်းတွင်းကားက Frozen Flower လား ကျွန်မလည်းကြည့်ဖူးတယ်။
      အဲဒီမင်းသားကနဂိုတည်းကမကြိုက်တော့ရှောင်စရာမလိုတော့ဘူး။

  • Mon Kit

    November 20, 2012 at 9:26 am

    ပို့စ်လေးကို အရသာရှိရှိ ဖတ်သွားရပါတယ်….
    အဖြေရှာ မရတဲ့ ဝေဒနာ တစ်ရပ်ကိုလည်း ခံစားမိသွားပါတယ်….

  • blackchaw

    November 20, 2012 at 10:55 am

    ခွန်းဆင့်နေခြည် ရဲ့ သီချင်းလေးတစ်ပုဒ်ကို သွားသတိရမိပါတယ် နန်းတော်ရာသူရေ…။
    သီချင်းနာမည်လေးက လက်ဆောင် တဲ့…။
    ခွန်းဆင့်နေခြည်ဆိုထားတဲ့ စီးရီး တွေထဲမှာတော့ အဲဒီသီချင်းက
    ခွန်းဆင့်နေခြည်ဆိုထားတယ်လို့ မထင်ရလောက်အောင် ကောင်းလွန်းပါတယ်ဗျာ…။
    တစ်ခုထူးခြားတာက အဲဒီသီချင်းကို
    မိန်းမရှာတွေက ပိုကြိုက်ကြတယ်တဲ့ဗျာ…။
    ခွန်းဆင့်နေခြည်ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာဖြေသွားတာပါ…။
    အော် ကိုယ်ကလည်းအဲဒီသီချင်းကို ကြိုက်နေမိတော့ မိန်းမရှာစာရင်းများဝင်သွားမလားမသိ…။
    စာသားနမူနာလေး အမြည်းပေးလိုက်ဦးမယ်…။

    မောင့်လက်မောင်းပေါ်ခေါင်းလေးအုံးပြီး အိပ်နေချင်သူလေးပါ…
    ဘယ်လောက်ပဲ ဝေးဝေး ဘယ်လောက်ပဲနီးနီး စိတ်ကမောင့်ရဲ့အနားမှာ

    အဲဒါလေးပါ ဗျာ…။
    :mrgreen:

  • ဦးကြောင်ကြီး

    November 20, 2012 at 11:52 am

    ကျုပ်သိတဲ့ ကခြော်တကောက်တွေကတော့ အပျော်ဖောက်သွားတာများလို့ ဦးကြောင်ရင်ထဲ အသဲဇကာပေါက် ဖြစ်နေပြီကောကွယ်..။ အခုလည်း စီတုံးဂေး သတိရတယ် ရတယ်နဲ့ မိုက်ကယ်အောင်ပု ပေါင်ကြားထဲ ရောက်နေပြီ…။ အာဆီယံပွဲအတွက် နပန်းသတ် လေ့ကျင့်နေခြင်းဖြစ်သည်… ။ :buu:

    • pooch

      November 20, 2012 at 2:23 pm

      ဖြိုးရှိသေးတယ်လေ ဦးကြောင် စိတ်မပူပါနဲ့ :mrgreen:

      နန်းသူရေး သလို အတွဲမျိုးကို မြင်ဖူးတယ်။ အဒေါ်အိမ်ရဲ့ မျက်နှာချင်းဆိုင်မှာ နေကြတာ။ သူတို့ကတော့ ပန်းတိမ်ဖိုထောင်ထားကြတာ ။ မခွဲ တတွဲတွဲပဲ ။ နောက်တော့ ဘာကြောင့်လည်း မသိဘူး တယောက်က မိန်းမယူသွားတယ် ။ ပတ်ဝန်းကျင်ဒဏ် မခံနိုင်တာလည်း ပါမှာပေါ့လေ။ သူတို့က ကျတော မနွဲ့ဘူး ဒါပေမဲ့ ကြည့်ရတာ တမျိုးပဲ ။

  • jullies cezer

    November 20, 2012 at 11:56 am

    ဒီဇာတ်လမ်းမှာ အောင်အောင်ရဲ့ဆုံးဖြတ်ချက်မှန်တယ်လို့ခံစားရပါတယ်
    ဘယ်လောက်ပဲတိုးတက်ပွင့်လင်းပါစေ လိင်တူချင်းဆိုတာကို ဘယ်လိုမှ
    ခံစားလို့မရတဲ့ သဘာဝကိုဆန့်ကျင်မှုတစ်ရပ်လို့သာမြင်ကြောင်း …….

  • mingaung

    November 20, 2012 at 3:27 pm

    ကိုဘလက်ချော ရေ ပြသနာပဲ ၊ ကျွန်တော်လဲ အဲဒီသီချင်းကြိုက်တယ် ၊ ခြောက်တော့ မခြောက်ပါ။

  • juu juu

    November 20, 2012 at 3:34 pm

    အဖြေရောရှာတွေ့ကြပြီလားဟင်………………..

  • Crystalline

    November 21, 2012 at 1:33 pm

    မနန်းတော်ရာသူဇာတ်လမ်းလေးက အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။ အဲလိုမျိုးမိန်းကလေးချင်းအချစ်တော်ဇာတ်လမ်းမျိုး အနှစ် ၂ဝကျော်လောက်ရှိပြီး လက်တွဲနေတာတွေ့ဖူးတယ်။ အခုအချိန်ထိပဲပေါ့နော်. သူတို့လည်း အစ်မဇာတ်လမ်းထဲကလိုပဲထင်ပါတယ်… သူတို့ မွမ်းမံသင်တန်းတခု မှာ တစ်လလောက်အချိန်ကလေးသိကျွမ်းပြီး အခုထိ ဆေးပင်စင်တွေယူပြီးသည်အထိတွဲနေကြတာလေ..

  • padauk moe

    November 21, 2012 at 6:37 pm

    အားပေးသွားပါတယ်ဗျာ

Leave a Reply