သူကြီးနှင့်တကွ ရွာသူား အားလုံးသို ့…အိတ်ဖွင့်ပေးစာ….

alinsettMay 19, 20131min43648

ဂဇက်ရွာ သူကြီးနှင့်တကွ

ရွာသူား စာချစ်သူများ ကို တင်ပြ / ခွင့်တောင်းစရာလေးတွေ ရှိလာပါတယ်။

အဲဒါတွေကတော့. . .

……………..

==========================================

အခုရက်ပိုင်း အတွင်း ဂဇက်ရွာ ထဲမှာအရေးတော်ပုံတစ်ခု ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်။

အရေးတော်ပုံဆိုတာက “ ကဗျာ့ အရေးတော်ပုံ ” ပါ။ :kwi:

ဟိုတစ်နေ့က ..ကဗျာ ပြခန်းတစ်ခု ဖွင့်လှစ့်ပြသ ဖို့ လမ်းစ ပျိုးလိုက်တဲ့နောက်မှာ

ကျွန်တော်နဲ့ အတူ ကဗျာ့အရေး တက်ကြွလှုပ်ရှားသူ ( ဂဇက်ရွာသူားတစ်စု)

အချိတ်အဆက်တွေ လုပ်ပြီး တိုင်ပင်ကြ / ဆွေးနွေးကြ / ငြင်းကြ ခုန်ကြနဲ့ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာပါ။

အခုတော့ ကဗျာ့အရေးတက်ကြွလှုပ်ရှားသူ တစ်စုရဲ့ ကဗျာ့အရေးဆန္ဒထုတ်ဖော်မှုကနေ

ရလဒ်တွေကို အတည်ပြုနိုင်ခဲ့ပါပြီ။

===========================================

အခု ……….

ကျွန်တော်တို ့ ကဗျာ့အရေးတက်ကြွလှုပ်ရှားသူ များ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်လေးတွေကို တင်ပြပါတော့မယ်။

လုပ်ခွင့်ပြုဖို့ ခွင့်တောင်းခြင်းလည်းဖြစ်ပါတယ်။
===========================================

@ ၀၁၃ ၊ မေလ တစ်ရက်နေ ့က စ ပြီး ဂဇက်ရွာပေါ်မှာ တင်ထားသမျှ/ တင်လာသမျှ ကဗျာတွေကို

(ကျွန်တော်တို ့ ကောက်သင်းကောက် ပြီး ) လိုက်စုပါမယ်။
———————–

@ ကျွန်တော့် Mail ထဲ ကို ပို့ထားတဲ့ ကဗျာတွေနဲ့အတူ

ဂဇက်မှာ စာမျက်နှာပေါ်ကကဗျာတွေကို သင့်တော်သလောက် အပုဒ်ရေ ကန့် ့သတ်ပြီး ပြခန်းထဲမှာ ပြပါမယ်။

ပြခန်း တစ်ခန်းပြီးတစ်ခန်း (ပိုစ့်တစ်ပုဒ်ပြီးတစ်ပုဒ်)စုစည်း ပြသ ပေးသွားပါမယ်။
————————

@ တကယ်လို ့ကျွန်တော်တို့ ရဲ့ ပြခန်းထဲမှာမဖော်ပြစေချင်ဘူးးဆိုရင်တော့…….

ကဗျာရေးသူရဲ့ …. ကိုယ့် ကဗျာပိုစ့်မှာ ဖြစ်ဖြစ် / အခု ဒီ ပိုစ့်ရဲ့ Comment ထဲမှာဖြစ်ဖြစ် ကြိုတင်မှတ်ချက်ကလေးပေးပါခင်ဗျာ။

————————

@ တစ်လမှာ ကဗျာပြခန်း နှစ်ခန်း (သို ့မဟုတ်)သုံးခန်း ကို အစီအစဉ်တကျ တွဲဆက်တင်ပြသွားပါမယ်။

————————

@ ကျွန်တော်တို ့ရဲ ့ ကဗျာ ပြခန်းထဲမှာ ကဗျာတွေအပြင် ကဗျာနဲ ့ပက်သက်ပြီး သိမှတ်ဖွယ်ရာ အဖြာဖြာ /

ဖတ်ချင့်စရာ…အချက်အလက်ကလေးတွေကိုပါ ရှာဖွေ ဖန်တီးပြီးးး ထည့်သွင်းပြသ ထားပါမယ်။

————————

@ alinsett.art@gmail.com ထဲကို ကဗျာတွေ ပို ့ကြသူများး ..အနေနဲ့..

ဆက်လည်း ပို ့နေမယ် / ပို ့လာတဲ့ ကဗျာ ဟာလည်း မတင်ဖူးသေးတဲ့ ကဗျာသစ်လေး ဖြစ်နေမယ် …

ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ လက်ခံပြီးး လေးစားစွာ ကျေးဇူးတင်ပါတယ်။

————————-

@ ကျွန်တော်တို ့ရဲ့ ကဗျာ ပြခန်းမှာ …..

ဂဇက်ရွာမှာ တင်ထားပြီးသား ကဗျာအဟောင်းတွေချည်းပဲ စုစည်းပြသ ထားမှာမဟုတ်ပါဘူး။

ဂဇက်စာမျက်နှာပေါ်မှာ မတင်ပြရသေးတဲ့ကဗျာအသစ်တွေကိုလည်းး ပြခန်း လတ်ဆတ်အောင် ထည့်သွင်းပြသ နေမှာဖြစ်ပါတယ်။

————————-

@ ကဗျာ အသစ်စက်စက်ကလေးတွေကိုတော့ ကျွန်တော်တို ့ အတင်းရော အဓမ္မရော လုယူလို ့ရနေတဲ့

ရွာသူားတချို ့ဆီက

မပေး ….

ပေးပေးးး ….

ပေး ….

ကဗျာ အသစ်သာပေးးးး ….

ဆိုပြီးးး လုယူထားပါတယ်။

:kwi: :kwi:

————————-

@ ကဗျာပြခန်းထဲမှာ ကဗျာအဟောင်းတွေနဲ့ချည်းးး ဟောင်းနွမ်းမသွားပဲ…

(လတ်ဆတ်သစ်လွင်အောင်) ကဗျာ အသစ်ကလေးများလည်းးး မ စ ကြပါဦးးးးလို ့ ။

————————–

@ ကဗျာ ပြခန်း အတွက် သီးသန် ့ပို ့လာတဲ့ ကဗျာသစ်များကို

တမူ ထူးခြားမယ့် တင်ပြမှုတွေ ဖန်တီးပြီး ပြသပေးဖို ့ရည်ရွယ်ထားပါတယ်။

————————-

ဒီလို …ဒီလို … အချက်တွေ တင်ပြပြီးပြီဆိုဒေါ့ဂါ……

ရွာ့သူကြီးဆီက ခွင့်တောင်းစရာ ရှိတာ လေးတွေပြောပါဦးမယ်။

@ မန္တလေးဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း အမည်နဲ့ ကဗျာစုစည်းမှုပိုစ့်တွေ တင်ရာမှာ

ကျွန်တော်တို ့ဖန်တီးထားတဲ့ပုံရိပ်ကလေးတစ်ခုကို ပြခန်းတိုင်းမှာ ထည့် သုံးချင်ပါတယ်။

အဲဒီပုံရိပ်ထဲမှာ Mandalaygazette ရတနာပုံနေပြည်တော်သတင်းစာရဲ့ အမှတ်တံဆိပ် လိုဂိုလေး ထည့်သုံးခွင့် ပြုှပါရန်. …။

ဟောဒီ ပုံရိပ်ကလေး...သုံးခွင့်ပြုပါ..ခီည
ဟောဒီ ပုံရိပ်ကလေး…သုံးခွင့်ပြုပါ..ခီည

———————–

@ နောက်တစ်ချက်ကတော့ …….

ကဗျာပြခန်းထဲမှာ ဂဇက်မန်ဘာများရဲ ကဗျာများအပြင် ……..

မန်ဘာမဟုတ်သူများရဲ့ သင့်တော်ရာ ကဗျာများကို (ရေးသူအမည် ဖော်ပြပြီးးး) တင်ပြခွင့် ပြုပါရန် ။

———————–

@ မန်ဘာ မဟုတ်သူများရဲ့ ကဗျာ ထည့်သွင်းပြသရေး သဘောတူ / မတူကိုတော့ ရွာသူားများပါ ဝိုင်းဝန်း ဆွေးနွေးပေးကြပါခင်ဗျ။

———————–

ကိုင်းးးး အပေါ်မှာပြောခဲ့တာတွေက ကဗျာ့အရေးးးတက်ကြွ လှုပ်ရှားသူ တစ်စု ရှေ ့ဆက်မယ့် အစီအစဉ်တွေပါ။

———————–

အခု ဆက်လက်ပြီးးးးး …..

ရင်ခုန်စရာ မေးခွန်းလေးတွေ မေးခဲ့ပါဦးမယ်။

သို ့လော သို ့လော တွေးတောကာဖြင့် ရင်ခုန်စွာအဖြေညှိကြည့်ကြပါဦးးး

———————-

## ကျွန်တော်တို ့ ကဗျာ့အရေးတက်ကြွလှုပ်ရှားသူတစ်စုဟာ

ကွန်တော်ရယ်

သိကြားမင်းတစ်ပါးရယ်ကလွဲရင် နောက်ထပ်

ဘယ်သူတွေ ပါနေသေးတယ်ဆိုတာ…..

အမည်တွေထုတ်ဖော်မပြောသေးပါဘူးးး။

ကဗျာ့အရေးတက်ကြွ လှုပ်ရှားသူတစ်စုဟာ ဘယ်သူတွေများးဖြစ်နေမလဲ ?????

—————————————–

## ဒီ ရက်ပိုင်းအတွင်းမှာပဲ…..

ပထမဆုံးပြခန်း ကို ဖွင့်လှစ်ပါတော့မယ် ။

ပထမဆုံး ကဗျာပြခန်းကြီးကို… ဘယ်သူက… စ..ဖွင့်ပြ လာမလဲ….?????????

——————————————

##

ဘယ်လို စိတ်ကူးဆန်းလေးတွေနဲ ့…

ဘယ်လိုတွေများ.. ရင်ခုန် ကြည်နူးစရာ ဖြစ်အောင်.. ဖန်င်္တီးပြီးးးးး ပထမပြခန်းကို ဖွင့်ပြလာမလဲ…???????

——————————————

အဟွတ်..အဟွတ်..ဟွတ် ဟွတ်.. မောလိုက်ထှာာ..ဗျာ ။

————

ကဲ..ကဲ…

ရုပ်ရှင်တွေ ဗီဒီယိုတွေ ကြော်ငြာတဲ့စကားနဲ့ပြောရရင်တော့….

မကြာမီ…..

လာမည်…..

မျှော်………..

:kwi: :kwi: :kwi:

——————————————

လေးစားစွာဖြင့်…

အလင်းဆက်

19 .5 .2013

alinsett.art@gmail.com

48 comments

  • padauk moe

    May 19, 2013 at 7:50 pm

    ကောင်းပါပြီကွယ်

  • အလင်း ဆက်

    May 19, 2013 at 7:52 pm

    တကယ်တော့…
    ကဗျာပြခန်းလေး..လုပ်ရင်ကောင်းမယ်..ဆိုတဲ့ အတွေးနဲ ့ ဒီ အစီအစဉ်ကို
    ကျွန်တော် အစ ပျိုးခဲ့ပေမယ့်..
    အစပဲ…ပျိုးနိုင်ခဲ့ပြီးးး

    ကျွန်တော့်မှာ…
    မထင်မှတ်တဲ့ လူမှုရေး ကိစ္စတွေ ရယ်..
    မထင်မှတ်တဲ ့ စိတ်ညစ်စရာတွေ ရယ်..နဲ့ လုံးလည် ချာလည် လိုက်သွားတာပါ ။
    မထင်မှတ်ပဲ.. နှစ်ရက်လောက် ခရီးထွက်သွားရလို ့..
    ပတ်ပြေးနေသလိုတောင်ဖြစ်သွားပါတယ် ။

    အဲဒီ အချိန်တွေမှာ.. ကျွန်တော့်ကို အားအင်တွေ ဖြည့်ပေးကြတဲ ့
    ကဗျာချစ်သူတွေ ရှိပါတယ် ။

    အထက်မှာ ကျွန်တော်..ပြောခဲ့တဲ ့ကဗျာ့အရေးးတက်ကြွလှုပ်ရှားသူတစ်စု ပါ ပဲ။
    ကျွန်တော်က ပုံရိပ်ကလေးတစ်ခု..လိုချင်တယ် ။
    နံရံတစ်ဖက်မှာ က ဂဇက်အမှတ်တံဆိပ်
    နောက်တစ်ဖက်မှာက..ကျွန်တော်တို ့ပြခန်းအမည် စာသာေးလး..
    အဲဒီလို.လိုချင်မိတာပဲ.ပြောနိုင်ခဲ့တဲ ့ ကျွန်တော့်ကို
    ပုံရိပ်ကလေးကို စိတ်တိုင်းမကျမချင်း…ဖန်တီးပေးခဲ့တဲ ့…
    ……
    အခြား..နည်းပညာပိုင်းတွေမှာ.. အများကြီး ကူညိ ဖန်တီးပေးနေတဲ့
    ——-
    ——- ကို…

    သိပ်ကျေးဇုူးတင်ရပါတယ် ။
    ———-

    ကျွန်တော် ဒီ အသိပေးကြေငြာချက်ပိုစ့်ကလေးရေးဖို ့တောင်..
    အစအဆုံးလိုလို.. ကူညီ ဆောင်ရွက်ပေးတဲ ့အပြင်..
    အချက်အလက်တွေကို.. မပြတ်တမ်း စုဆောင်းပေးပါသော…

    ဆွေးနွေးတိုင်ပင်ဖော် ..သကြားမင်းးးး

    လူမစွမ်း လို ့နတ် မ, တယ်ပဲ..ဆိုရမယ် ။
    ကျွန်တော့်ကို သိကြားမင်းကတောင် ဆင်းးးကူ ရပါတယ် ။
    သိကြားမင်းရေ.…ကျေးဇူး
    ————
    ပြီးတော့..
    ကျွန်တော်တို ့ ကဗျာချစ်သူ လူငယ်လေးတွေကို..
    အမှားအမှန် ခွဲခြားပေးနေတဲ ့..
    အကြံဉာဏ်တွေ.. ဘေးကနေ မပြတ်တမ်း ပေးနေတဲ ့..
    ရွာသားကြီးတစ်ဦး.…..
    ————-
    ပြခန်း လှလှ ပပ နဲ ့..စိတ်ဝင်စားစရာကောင်းအောင်…
    ဖန်တီးပေးမယ့်… (ကဗျာနဲ့ ဝေးပါတယ်..ဆိုတဲ ့ကြားက… )
    မအားလပ်တဲ့ကြားက.. ပါဝင် ကူညီဆောင်ရွက်နေတဲ ့…
    ရွာသူ ကြီးတစ်ဦးးး...

    —————
    ပြီးတော့…..
    ကဗျာပြခန်း ခမ်းနားသည်ထက် ပိုခမ်းနားအောင်..
    အကြံဉာဏ်တွေနဲ ့..
    အခြား အချက်အလက်တွေ ကို..
    မောဒယ် ပန်းဒယ် သဘောမထားပဲ..
    ကူညီ ပေးနေတဲ ့…
    ရွာသူ အပျိုချောတစ်ဦးးးးး

    —————-
    ပြီးတော့….
    ပြီးတော့….

    စသည်ဖြင့်ပေါ့လေ… ။

    သူတို ့ အားလုံးကို ကျေးဇူး မတင်ဘဲ မနေနိုင်လို ့.။
    ဒီနေရာကနေ ကျေးဇူး အထူးတကာ့အထူး..တင်ရှိပါကြောင်း..လေး ပြောပါရစေ ။
    ========

    ကဗျာကိုချစ်သော….
    ထို ့အပြင် ကဗျာကလည်း..ချစ်သော..
    ရွာသူား / စာဖတ်သူများ.အားလုံးကိုလည်း.ကျေးဇူး တင်ပါတယ်..လို ့…။

    အလက်ဆင်း

  • မောင် ပေ

    May 19, 2013 at 8:00 pm

    အရေးတော်ပုံ
    အကြွေးမျှော်ကုန်
    မရွေးကြော်စုံ
    ငါးသေးချော်ခုန်
    ပလေးဆော်တုန်

  • အလင်း ဆက်

    May 19, 2013 at 8:09 pm

    ပလေးဆော်တုန်..
    မနှေး..ကျော်ဟုန်
    ရှေး ..အပျော် ဆုံ
    ကွေး သနော် တုန်
    လေး အပေါ် ခုန်
    ပေး အဒေါ် ကုန်…

    အဲ..အဲ..
    ကာရန်တွေ အတင်း လိုက်ကပ်ထည့်လို်က်တာ..
    စကားက ဘယ်ရောက်သွားပါလိ်မ့်..
    ဟီးဟီးး
    သားကို ခွှေးလွှတိဘာ..ခီည
    🙂

  • ဝုတ်တဲ့ …
    ယဂုလို ကဗျာပြခန်း ကိစနလေးတွက် ဝမ်းဒါဘာအိ …
    ကျုပ်လည်း ကဗျာ ကို ဆိတ်ဝင်စား နွားဝင်စား ဆင်ဝင်စား ဘာအိ …
    စိတ်ကူးပေါက်သည့် အချိန် မဖြစ်ညစ်ကျယ်လည်း ရေးဒတ်ဘာသေးအိ …
    ခီညားဆီဂိုလည်း ကျုပ်ရဲ့ ကဗျာ ဒွေ ပို့ဘာ့မယ် …
    စပယ်ချယ် .. ကမ်ဘာကျော် .. ကဗျာ ဒွေကို ဖဒီး ပို့ပေးမှာဘာ …
    ပို့ခ အနေနဲ့ဒေါ့ စေဒနာ ဒဒါဒလောက် ပေါ့ …

  • အလင်း ဆက်

    May 19, 2013 at 8:23 pm

    ဂဘာကျော်ကြီးရဲ ့ ကဘာကျော် ကဂျာဒွေ ဂိုလည်း..ညှော်နေပါ ၏

    ပို ခ အနေနဲ ့ချေဒနာ ချိတလောက်..ဆိုဒေါ့ဂါ…
    ချေဒနာက..တိုက်တစ်လုံး ကားတစ်စီးလောက် ချိနေတော့..
    ရော့….
    တိုက်တစ်လုံး..ကားတစ်စီးးးး

    ( အွန်လိုင်းပေါ်က လှမ်းပေးခြင်းဖြစ်ပါသည် ။ အွန်လိုင်းပေါ်ကသာ.ထုတ်ယူ ပါရန် .)

    :kwi:

  • GaviaGirl

    May 19, 2013 at 8:28 pm

    အနော်လည်း ပို့ပေးပါ့မယ်… တတ်နိုင်သလောက် အသစ်ကလေး ပို့ပေးနိုင်ဖို့ ကြိုးစားပါ့မယ်လို့….

    ဟီး..မှန်းတိုင်းလွဲနေကျ လုံမ မို့… အပေါ်က မေးခွန်းတွေကို မမှန်းတော့ဝူးနော်… အဖြေပေးမှပဲ ကြည့်တော့မယ်..ဟီး…

  • padonmar

    May 19, 2013 at 8:31 pm

    ကဗျာဆိုတာ ကိုယ့်ထက ်အများကြီးတန်းမြင့်တဲ့ ဖွဲ့နွဲ့မှုလို့ ကိုယ့်ဖာသာကိုယ် သတ်မှတ်မိတော့ ကဗျာပို့စ်တွေမှာ မှတ်ချက်ကို မပေးရဲဘူး ။ဒါကို ကဗျာတွေကို အားမပေးဘူးလို့ မထင်ကြပါနဲ့နော်။
    ပြခန်းလေးကို လည်း အားပေးနေပါမယ်။
    ဇွဲရှိရှိလည်း လုပ်ကြစေချင်ပါတယ်။
    ကိုယ့်သဘောတစ်ခုတည်းကတော့ မန်ဘာမဟုတ်လည်း ကဗျာချစ်တဲ့ မန်ဘာတွေက ညွှန်းရင် ဖတ်မှာပါပဲ။
    ကဲ ……ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် မျှော်….

  • အလင်း ဆက်

    May 19, 2013 at 8:37 pm

    မွန်မလေး..လုံလုံရေ..
    ကဂျာတွေ ပို့ပေးမယ်.ဆိုလို ့..
    ရော ့….စ်

    တိုက်တစ်လုံး..ကားတစ်စီးးးး
    ( အွန်လိုင်းမှ သာထုတ်ယူပါ )
    🙂
    —————–
    ကဗျာကိစ္စ တွေ စိတ်ပါဝင်စားစွာ..
    ပါဝင်လာလို ့ ကျေးဇူးတင်ပါ၏

  • အလင်း ဆက်

    May 19, 2013 at 8:40 pm

    မန်ဘာမဟုတ်လည်း ကဗျာချစ်တဲ့ မန်ဘာတွေက ညွှန်းရင် ဖတ်မှာပါပဲ။
    ———–
    ဆိုတော့…
    သဘူတော သူ တစ်ယောက် ရပါပြီ ။
    ————-
    အန်တီ ဘုမ်မာရေ…
    ကျွန်တော်တို ့.. ပြခန်းလေးကို..
    မဖြစ် ဖြစ်အောင် တော့ လုပ်ကြည့်နေပါဒယ် ။
    အားပေးနေတဲ့ အန်တီတို ့လို .. ကဗျာချစ်သူတွေ ရဲ ့ အသံကို ကြားရလေ
    ပို အားရှိပြီး..ပို.လုပ်နိုင်လေ..ပဲ.ဖြစ်မှာပါ…လို ့။
    ကျေးဇူးးး

    အန်တီ ပြောသလိုပါပဲ…
    ငွေရောင် ပိတ်သား မဟုတ်ဒဲ့….
    ကွန်ပျူတာ ဖန်သားပြင်တွင်… ရှု…
    🙂

  • TNA

    May 19, 2013 at 9:36 pm

    ဘယ်လို ကဗျာမျိုးတွေတင်မှာလဲ။ ကာရံမဲ့လား။ မော်ဒန်လား။ ကာရန်နဲ့လား။ ရှည်ရှည်တိုတိုရလား။ စပ်စုထားတာ။ ဝင်ရောက်အားပေးပါ့မယ်။

  • Ma Ma

    May 19, 2013 at 9:39 pm

    ကဗျာကို ဖတ်တော့ ဖတ်တယ်။
    မရေးတတ်ဘူး။
    အချို့ မော်ဒန်တွေကျတော့လည်း လိုက်မမီပြန်ဘူး။

    ကိုယ်သိတာ ကိုယ်ပြောရမယ်ဆိုရင်တော့………..
    အလက်ဇန္ဒြား ရဲ့ ဘာညာသာရကာ အလက်ဆင်းလေး နှစ်၁၀၀ဝ ကျိန်စာ မိနေပါတယ်။
    ၁၀၁၃ ၊ မေလ တစ်ရက်နေ ့က စ ပြီး လို့ ဖြစ်နေတာလေးးးးး :kwi:

  • အလင်း ဆက်

    May 19, 2013 at 9:39 pm

    ကဗျာ မျိူးစုံကို ရသ မျိုးစုံ..ခံစားနိုင်အောင်..
    ပြသ ထားမယ့်ကဗျာပြခန်းပါခညာာ
    🙂
    —————
    အားပေးမယ်.ဆိုတဲ ့ TNA ရေ..
    ကျေးဇူးတင်ပါတယ်ဗျ ။

  • အလင်း ဆက်

    May 19, 2013 at 9:45 pm

    အန်တီမမ
    သတ်ပုံစစ်သွားမှ ပဲ.. သတိပြုမိတော့ဒယ် ။
    ဟီးဟီး… ။ ပြင်လိုက်မယ်နော် ။

    ===========
    အနုပညာကို ချစ်နေတာ..
    ကျိန်စာ မိနေသူလိုပါပဲ..အန်တီင်္မမရယ် ။
    :kwi:

  • ko pauk mandalay

    May 19, 2013 at 10:23 pm

    ကျနော်က ကဗျာအရေးနည်းပါတယ်။
    ိစိတ်ကူးပေါက်မှရေးတာပါ။
    အလင်းဆက်မေးလ်ကိုတော့ သီးသန့်မပို့တော့ပါဘူး။
    ကျနော်တင်ထားတဲ့ကဗျာ ဖေစ်ဘုတ်တင်တင် ရွာထဲတင်တင် ဘယ်မှာဘဲတင်တင်
    ကြိုက်သလိုယူသုံးလို့ရပါတယ်။
    Poemscornor.com မှာ ကျနော်ရေးတဲ့ကဗျာအားလုံးရှိပါတယ်။
    ကိုပေါက်(မန္တလေး) ဆိုတဲ့နာမယ်ထည့်ပေးရင် ကြိုက်သလိုသုံးပါ။
    ကျနော်စာတွေ ဓါတ်ပုံတွေ ရှယ်ကြတာ နေရာအတော်များများမှာပါ။
    ကိုပေါက်(မန္တလေး)ဆိုတဲ့နာမယ်သာပါရင် ပိုက်ဆံမပေးလဲသုံးနိုင်ပါ၏။
    အတိအလင်းပြောရလျင် ငွေအတွက်စာရေးနေတာ မဟုတ်သလို အပျော်သက်သက်စာရေးနေတာလဲမဟုတ်ပါ.
    ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်တာကြောင့်

    ကိုပေါက်(မန္တလေး)ဆိုတဲ့နာမယ်ကို တန်ဘိုးထားလျင် ကျေနပ်ပါပြီ။

  • အလင်း ဆက်

    May 19, 2013 at 10:30 pm

    ဟုတ်ကဲ့ ။လေးလေးပေါက်ရေ ။
    ကဗျာလေးတွေ သုံးခွင့်ပြုလို ့ ကျေးဇူးပါ။
    ကဗျာရေးသူ အမည်ကို တန်ဖိုးထားသောအားဖြင့်..
    ဖော်ပြမှာပါ ။

    လေးစားစွာဖြင့်
    အလက်ဆင်း

  • Ko chogyi

    May 19, 2013 at 10:51 pm

    ညီလေးပြောတဲ့ မကြာမီ လာမည် မျှော်ဆိုလို့
    ကိုသားကြီး(ဒွေး) ကြော်ငြာတဲ့
    ရေနွေးကြမ်း ကြော်ငြာလေးသတိရမိတယ်။

  • ဦးဦးပါလေရာ

    May 20, 2013 at 12:45 am

    အားပေးမယ်နော ..
    ဒီပြခန်းက မန်းဂဇက်ရွာကြီး စည်ပင်ဖို့ အထောက်အကူပြုလိမ့်မယ်ဆိုတာ သေသေချာချာ ယုံကြည်ပါကြောင်း…..

  • ခရီးသည်ကြီး

    May 20, 2013 at 1:29 am

    ခရီးသွားရင်း နားစရာတစ်ခုရပြီ
    လာခဲ့ပါမယ်ဗျ

  • အလင်း ဆက်

    May 20, 2013 at 7:29 am

    ကိုချိုဂျီး ရေ
    ကျွန်တော့် ကြော်ငြာ က ဒွေး ကိုတောင် သတိရ စေတယ်ပေါ့ နော့
    အဟိ။
    ဝင်ရောက် ဖတ် ရှုပြီး ကွန်မန့် ချီးမြင့် သော လေးလေးချို အား ကျေးဇူးတင် ပါအိ။
    =======================
    ဦးပါ ရေ
    ပြခန်းကို အားပေးနေလို ့ကျေးဇူးပါ။
    ဒီပြခန်းလေး ဟာဂဇက် ရွာ ရဲ့ ကဗျာ့ယဉ်ကျေးမှု ပြခန်းပါပဲ။
    ကဗျာလေး တွေကို တစ်စုတစ်စည်းထဲ တစ်နေရာထဲမှာ
    ခံစားနိုင် ဖို ့ ပြခန်းးးလေး လာပါတော့မယ်။

    အားပေးသူတွေများးလေ အားအင် ပိုရှိလေ မို ့
    . .
    . . . . 🙂

  • အလင်း ဆက်

    May 20, 2013 at 7:34 am

    အူးအူး ခရီးသည်ဂျီး ရေ
    ကဗျာ ပြခန်းဆိုတာ ဂဇက် ရွာ ရဲ ့ ယဉ်ကျေးမှု ။
    ကဲ ထပ်ဖြည့်မယ်
    ကဗျာ ပြခန်း ဆိုတာ ဂဇက် ရွာသူားတွေ အတွက် ခိုးနားစရာ အေးရိပ် သာယာ တစ်ခု . . . ။

    🙂
    အနုပညာ ရသ ရိပ် မှာ အ မော ဖြေဖို ့ရာ
    လာခဲ့ပါ

  • kyeemite

    May 20, 2013 at 9:06 am

    ကဗျာတော့ မရေးတတ်ပါဘူး…
    ဒါပေမဲ့အားပေးနေပါတယ်…
    ကဗျာကို ဖတ်ပီးဘာမန့်ရမှန်းမသိလို့မမန့်ဖြစ်တာများပါတယ်…
    ဖတ်တော့ဖတ်ပါတယ်လို့…“ကဗျာ ပြခန်း” အောင်မြင်စွာ သက်တန်းရှည်စွာ
    ပြသနိုင်ပါစေကြောင်း….

  • ဦးကြောင်ကြီး

    May 20, 2013 at 10:02 am

    အိပ်ဖွင့်ပေးစာ
    ဒိတ်ခွင့်တွေးရာ
    မိတ်လွင့်ဝေးကွာ
    သိပ်ရင့်ဂွေးနာ…

  • အလင်း ဆက်

    May 20, 2013 at 10:44 am

    ဦးကြီး မိုက်
    အားပေးစကားလေး အတွက် ကျေးဇူးပါဗျ
    ကဗျာ ပြခန်း ရေ ရှည် တည့်တံ့ ဖို ့
    ကျွန်တော်တို ့ ကြိုးစားပါ့မယ်။

  • အလင်း ဆက်

    May 20, 2013 at 10:47 am

    ူအူး ကြောင်

    ကဗျာ ပေးအုံးးး
    ဒါမှမဟုတ်
    ကွန်မန် ့တွေ ကို ပဲ စု လိုက် ရမလားး
    :kwi:

  • ခင် ခ

    May 20, 2013 at 10:53 am

    ( @ ကျွန်တော့် Mail ထဲ ကို ပို့ထားတဲ့ ကဗျာတွေနဲ့အတူ
    ဂဇက်မှာ စာမျက်နှာပေါ်ကကဗျာတွေကို သင့်တော်သလောက် အပုဒ်ရေ ကန့် ့သတ်ပြီး ပြခန်းထဲမှာ ပြပါမယ်။
    ပြခန်း တစ်ခန်းပြီးတစ်ခန်း (ပိုစ့်တစ်ပုဒ်ပြီးတစ်ပုဒ်)စုစည်း ပြသ ပေးသွားပါမယ်။)
    == အဲလိုဆိုရင်တော့ မေးထဲကို သီးသန့်ဘယ်ပို့တော့မလဲဗျာ။

    (@ မန်ဘာ မဟုတ်သူများရဲ့ ကဗျာ ထည့်သွင်းပြသရေး သဘောတူ / မတူကိုတော့ ရွာသူားများပါ ဝိုင်းဝန်း ဆွေးနွေးပေးကြပါခင်ဗျ။)
    == ဒါကတော့ ကဗျာပြခန်းပြုစုသူရဲ့ သဘောတွေပါဘဲဗျာ။ ဘာမှမပြောလိုပါဘူး၊ ကိုယ်မလုပ်ဖြစ်တာကို လုပ်မယ့်သူတွေရှိလို့ လုပ်တာအတွက်ဘဲဗျာ အားပေးပါတယ်။

  • Myo Thant

    May 20, 2013 at 12:35 pm

    ကြိုက်သလိုယူ ကြိုက်ရာသုံးစေဗျာ

    အဲဒီပြခန်းထဲ ဝင်ခွင့်ရရင်ကို ဂုဏ်ယူမဆုံးဖြစ်နေမယ့် အကြောင်း

  • Admin Kai

    May 20, 2013 at 12:41 pm

    ခွင့်ပြုကြောင်းပါနော…
    ကျေးကျေးလည်းတင်ပါတယ်..
    အောင်ပါစေ… :kwi:

  • e tone

    May 20, 2013 at 1:26 pm

    ကဗျာရေးသူတွေဟာ တခါတရံမှာ
    သဒ္ဒါစည်းမျဉ်းတွေကို အကြီးအကျယ် ချိုးဖောက်လေ့ရှိပါတယ်။
    တခါတရံမှာ ခံစားချက်ကို ရှေ့တန်းတင် တယ်
    တခါတရံမှာ အသံကို ရှေ့တန်းတင် တယ်
    တခါတရံမှာ ကာရံနဲ့ တခါတရံမှာ ဟန်ပန်ကို ရှေ့တန်းတင် တယ်
    ဘယ်လိုပဲရေးထားရေးထား
    ကျနော် ကဗျာကိုချစ်တယ်။
    ကဗျာဆရာကို မြတ်နိုးတယ်။

    by SaiSai KhamLeng Flutterby

  • အလင်း ဆက်

    May 20, 2013 at 1:32 pm

    လေးလေးခ
    ကျွန်တော့် မေးလ် ထဲကို သီးသန် ့ပို ့ ပေးရင် လည်း လေးလေးစားစား လက်ခံ မှာပါ။
    သီးသန် ့ပို ့ပေး နေရ မှာကို အားနာမိလို ့
    မပို ့ရင် လည်း တင်ပြီးသား ထဲက လိုက် စု မှာပါ။:)
    ==============
    အားပေးနေတဲ ့လေးခ က်ုလည်း ကျေးဇူးတင် ပါတယ်။

  • အလင်း ဆက်

    May 20, 2013 at 2:47 pm

    ကမျိုးသန် ့ရေ
    ကျေးဇူးပါဗျာ
    =============

    မမအ်ိတုံ
    ကဗျာ ကို ချစ်တယ်ပေါ့နော်

    ကဗျာ ပြခန်းထဲ လာလည်ပါအုံးနော့

  • အလင်း ဆက်

    May 20, 2013 at 2:49 pm

    ဝေးးးးးးးးး

    ပျော်တယ်
    သဂျီးးဆီက ခွင့်ပြုချက် ရပြီ

    သဂျီးးရေ ကျေးဇူးတင် ပါတယ်ဗျ

  • Mobile13

    May 20, 2013 at 7:19 pm

    အပျော်အပျက် သရော်တတ်တဲ့
    လေားကကြီးထဲက အစိတ်အပိုင်းလေးတွေကို
    မိမိခံစားမှု နားလည်မှုအရ ထင်မြင်ချက် ယူဆချက်တွေကို ကာရံနဲ့ ဖတ်ကောင်း မှတ်ကောင်းအောင်ဖွဲ့နွဲ့ ထားတဲ့စာပေများကို ကဗျာလို့ခေါ်တယ် ။။။၊။၊။။၊။
    မောင်မိုဘိုင်း တောင်ရေး မြောက်ရေး
    *****************
    ဒီလိုလေးတွေလုပ်ကြ ကိုင်ကြ ကြိုးစားကြတာကို ဝမ်းသာဂုဏ်ယူပါ၏
    ရေးထားတာတွေတော့ များဘူးကြီးရှိတယ် တစ်ပုဒ်ကို အနည်းဆုံး ၂၅ ဒေါ်လှလောက်ပေးရင်
    အသုံးပြုခွင့်ပေးဖို့ စဉ်းစားပေးမယ်။
    ****************
    အချုပ်အနေနဲ့ ပြေားရရင်
    အထက်ပါ လူကြီးမင်းများ ပြောသွားကြတဲ့ အတိုင်းပါပဲ

  • အလင်း ဆက်

    May 20, 2013 at 7:59 pm

    25 ဒေါ်လာ..ဒေါင်…
    ဈေးကြီးလိုက်တာဗျာ..။
    ဈေးလေး…နည်းနည်း.လျှော့ပါအုံး.။
    :kwi:

  • ကြောင်ဝတုတ်

    May 21, 2013 at 10:37 am

    ရွာ့ကဗျာခန်းဆိုတော့ အထူးဝမ်းသာရင်း… ဆုတောင်းပေးပါတယ်…
    ရွာ့ကဗျာခန်းလေး သက်စိုးရှည်ပါစေလို့…
    ရွာထဲမှာ ဝါသနာတူတွေစုပြီး ကဏ္ဍသပ်သပ်လေးခွဲခြားလုပ်ကြပါတယ်…
    ဒါပေမယ့် အကြောင်းကြောင်းကြောင့် သက်စိုးမရှည်ကြပါဘူး…
    ကဗျာခန်းလေးကို သက်စိုးရှည်စေချင်ပါတယ်…
    ကျွန်တော်ကိုယ်တိုင် ကဗျာကိုနှစ်သက်တတ်သူမို့…
    ကဗျာအပေါ်မှာ ခံစားမှုရသမတူလို့ စာရေးသူရဲ့ ရသပျက်မှာစိုးလို့…
    ကဗျာတွေအပေါ်မှာ ကော်မန့်တွေမပေးခဲ့ပေမယ့်…
    ကဗျာတွေကို ဖတ်ကြောင်းဝန်ခံပါရစေ…
    အဲဒီတော့ ကဗျာခန်းလေး သက်စိုးရှည်ပါစေကြောင်း ထပ်မံဆုတောင်းပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မွေ့ကေသာ

    May 21, 2013 at 4:50 pm

    ကဗျာပြခန်းအမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ
    ကေသာလည်း မတတ်တခေါက်ရေးထားတဲ့ ကဗျာလေးတွေ ပို့ပေးမယ်နော်

  • Phoe Thitsar

    May 21, 2013 at 5:21 pm

    ကျွန်တော်လည်း အားပေးမယ် ကိုအလင်းဆက်ရေ….
    ကဗျာကတော့ ရေးချင်ပေမယ့်.. ဘယ်လိုရေးရမှန်းမသိလို့ပါ… တင်သမျှဖတ်ပါမယ်….
    ကဗျာပြခန်းလေး
    ထာဝစဉ် လန်းဆန်းစေဖို့
    ကိုအလင်းဆက်ရေ….
    အားမလျော့နဲ့ တိုးသာတိုးဗျု့ိ…….

  • အရီးခင်လတ်

    May 21, 2013 at 5:37 pm

    ကဗျာ ဆိုတာကို မစပ်တတ်ပေမဲ့ ဖတ် တော့ ဖတ်တတ်သမို့ အားပေးပါကြောင်း ပါ အလင်းဆက်ရေ။
    တကယ်က ရွာထဲမယ် ကဗျာစပ်နိုင်သူတွေ အင်အားလဲ မနည်းဘူးနော။

  • အလင်း ဆက်

    May 21, 2013 at 8:54 pm

    ကကြောင်ဝတုတ်ရေ..။
    ကဗျာပြခန်းလေး..သက်စိုးရှည်စေကြောင်းး
    ဆုတောင်းစကားလေးအတွက်.. တကယ့်ကိုကျေးဇူးတင်မိပါတယ် ။

    စဖြစ်ဖို ့..အတော်လေး အားထုတ်ကြရ.. ။မပီဝိုးတဝါးးးမျှော်လင့်ချက်နဲ ့ရှေ ့ဆက်မယ်..လို ့ ဟန်ပြင်..
    တမျိုးပြီးတစ်မျိုး..ထွက်လာတဲ့ ပုစ္ဆာတွေကိ်ု ဝိုင်းဝန်းတွက်ချက်ကြနဲ့..
    ဒီလိုအချိန်မှာ…
    ဒီလို ဆုတောင်းစကားးး
    အားပေးစကားလေး..တကယ်လိုအိပ်ပါတယ်ဗျ ာ။
    ကျေးဇူးပါ ။

Leave a Reply