Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ( ပြခန်းအမှတ် နှစ် )

alinsettJune 3, 20134min143989

ကဗျာချစ်သူများ ၏ ကဗျာပြခန်းမှ နွေးထွေးစွာ.. ကြိုဆိုပါသည် ။

==============================

 

ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)ကိုတော့ အောင်မြင်ခမ်းနားစွာ ဖွင့်လှစ်ပြသနိုင်ခဲ့ပါပြီ ။

ဒုတိယပြခန်းကို ဘယ်လို ထူးခြားအောင် ဖန်တီးပြကြမလဲလို ့တိုင်ပင် ဆွေးနွေးနေတဲ့ အချိန်မှာပဲ…….

ကျွန်တော့် Mail ထဲကို ခြိမ်းခြောက်စာကြီး တစ်စောင် ရောက်လာပါတယ်။

ဒီ ရွာထဲက.. နာမည်ကြီး ရွာသားကြီးတစ်ယောက် ပို ့လိုက်တဲ့ ခြိမ်းခြောက်စာ ပါ။

စာထဲမှာ ကဗျာတစ်ပုဒ်လည်း ပါ ပါတယ်။

အဲဒီကဗျာ ကို ပြခန်းထဲမှာ ထည့် ပါ..တဲ့ ။  မထည့်လို ့ကတော့ … သူ ့အဆိုးးမဆိုနဲ ့လို ့ကြိမ်းဝါး ထားလို ့ ကျွန်တော်တို ့ အိုးနင်းခွက်နင်း ဖြစ်ကုန်ကြပါတယ်။

ဒါနဲ့ပဲ ကြောက်လန် ့ပြီးး သူ ့ကဗျာ   ကို ဖတ်ကြည့်လိုက်တော့ . . .

အားလုံး းး …. ဟာခနဲ …. ဟင်ခနဲ ဖြစ် သွားရပါ တယ်။

————————————–

သူ ရဲ ့  ့ကဗျာ….  ဆိုတာကြီးက အံ့ဩစရာ ကြီးပါ။

အံ့ဩစရာ ရွာသားကြီး တစ်ယောက်က….

အံ့ဩစရာ ခြိမ်းခြောက်စာနဲ့အတူ ပေးပို ့လိုက်တဲ့…..

အံ့ဩစရာ ကဗျာ ။

အဲဒီကဗျာကြီးး….  ပြခန်း အမှတ်နှစ်မှာ ထည့်ပြမှာလာာား ?????

မပြဘူးလားးး ?????

—————————————

ကဲ အဲဒီ အံ့ဩစရာကောင်းတဲ့ကဗျာကြီး ပြခန်းထဲမှာ ရှိနေသလားး?

တခြားး ဘယ်လို ထုူးခြားတဲ့ကဗျာတွေ ရော ပြထားသေးလဲ. .?

ဘယ်လို ထူးခြားတဲ့ပုံစံတွေနဲ ့ ပြသ ထားသလဲ ?

ဒါတွေ သိ/ မြင် / ခံစား ချင်နေပြီ ဆိုရင်တော့. . . .

လာ ။ ကျွန်တော်နဲ ့အတူ  ပြခန်း အမှတ် နှစ်ထဲ ဝင်ကြည့်ရအောင်။

လိုက်ခဲ့ပါ ။

………….
=========================================
ကဗျာ ချစ်သူများရဲ ့ ကဗျာပြခန်း အမှတ်နှစ် က ဖွင့်လိုက်ပါပြီ တဲ့ …။

အခု ကျွန်တော်က အဲဒီပြခန်းထဲ လိုက်ပို ့ဖို ့ တာဝန်ကျတယ်လေ ။

လာ. . . ကျွန်တော် … လိုက်ပို ့မယ်။

ကဗျာပြခန်းဆီ သွားမယ် ။

ဘယ်သူလိုက်မလဲ လို ့မမေးတော့ဘူးနော်။

အားလုံးက လိုက်ချင်နေတယ်ဆိုတာ သိပြီး သားပဲ ။

ဘယ်သူတွေကို လိုက်စေချင်တာလဲ လို ့လည်းး မမေးနဲ ့ဦးဗျ ။

ဟောဒီ ဂဇက်ရွာကြီးထဲက ရှိ ရှိသမျှ ရွာသူား အားလုံးရော / ဂဇက် စာဖတ်သူတွေ အားလုံးကိုပါ လိုက်စေချင်တာပါ။

ဟောဒီ ရွာသူား အားလုံးကလည်း ကဗျာကို ချစ်တဲ့ ကဗျာချစ်တဲ့…

ကဗျာချစ်သူတွေ ချည်းပဲ မဟုတ်လား။

ကဗျာနဲ ့ ဝေးပါတယ်ဆိုတဲ့ သူကတောင်  ကဗျာပြခန်းကို ခံစားပေးဖို ့/ အားပေးပြီး လက်ခုပ်တီး ဩဘာပေးဖို ့ စိတ်အား ထက်သန်နေတာ ကျွန်တော် သိတယ်လေ။

============

ဒါကြောင့် ပြခန်း အမှတ်နှစ် ဖွင့်ပြီ ။

လာ . . ။

သွားကြမယ် ။

အဲ အဲ . . . . ပြခန်းအမှတ်နှစ် ဖွင့်နေပြီဆိုတာကို မသ်ိသေးတဲ့ ရွာသူားတွေကိုလည်းး အချင်းချင်း လက်တို ့ပြောပေးကြပါဦးဗျ ။

ပြခန်း အမှတ်နှစ် ဖွင့်နေပါပြီ လို ့။

ပြီးတော့  အလင်းဆက် ဆိုတဲ ့ ကဗျာရူးစာရူးလေး ရေးထားတဲ ့…..  ဟောဒီ စာပိုဒ်ကလေးကိုပါ ရွတ်ပြ လိုက်ကြပါဦး။

================
ကဗျာ ။

အစဉ်အလာ ကြီးသော ကဗျာ။

လူသား၏ ခံစားတတ်သော နှလုံးသားဆီမှ …. ပေါက်ဖွားလာသော   . ..အနုပညာ . . … .ကဗျာ။

အနုပညာကိုချစ်သည့် ….. လူသားတို ့ ဖန်တီး သော  ……….. အနုပညာ . . . … ကဗျာ။

အခြားတန်ဖိုးများနှင့် မတူ . . .သီးခြားတန်ဖိုးဖြင့် ရပ်တည်နေသော …….အနုပညာ … . . . ကဗျာ ။

ပကတိတန်ဖိုး့ဖြင့်သာ ခိုင်ခိုင်မာမာ ကမ္ဘာတည်ခဲ့သော…… …….. အနုပညာ…. . . ကဗျာ ။

ခံစားသူကို ကြည်နူးမှု အရှိန် အဟုန်ဖြင့် နှစ်သက်မြတ်နိုးစေတတ်သော……..  ရတနာ. . . .ကဗျာ ။  

ကျွန်တော်တို ့ရဲ့ ရင်နင့်သည်းချာ…….  ရွှေရင်လွှာကြားက… ခံစားရာ… ….ကဗျာ ။

ကျွန်တော်တို ့ရဲ့ နှလုံးသည်းပွတ်…..   ကောင်းကင် ရင်ခွင်  ဆီ က…..  မြတ်နိုးဖွယ်ရာ…….. ကဗျာ ။

အို ……  ကဗျာ ။

ကျွန်တော်တို ့ ချစ်ရပါသောကဗျာ ။

မေခနှင့် မလိခ ဆုံသလို ဂဇက်နှင့် ကဗျာ ဆုံခဲ့ပြီ ။

ကဗျာသည် ဂဇက် ရွာသူားတို ့၏ နှလုံးသားထဲသို ့  ……. ဧရာဝတီ လို   စီးဆင်းခဲ့ပြီ။

ဧရာဝတီကို ချစ်ကြသလို  …… ကဗျာကိုလည်း  ….  ဤရွာက ချစ်မြတ် တွယ်တာ တတ်လေပြီ ။

ကဗျာကို ….  ကဗျာ ဆန်ဆန် ချစ်ကြသော ဂဇက် ရွာသူ ရွာသားတို ့ရေ. . . ။

လာ  ကဗျာပြခန်းကို သွားကြစို ့။

……………………………………………………………..

===========
ကဗျာ ပြခန်းထဲ ဝင်ဖို ့ရာ ….. ဝင်ကြေးမလိုပါ ။

ဦးထုပ်ချွတ်စရာ …. မလို ။

ဖိနပ်လည်း ချွတ်စရာ….  မလို ။

ကဗျာပြခန်းထဲ ဝင်ဖို ့ရာ တစ်ခုပဲ လိုပါတယ် ။

တစ်ခုပါပဲ ။

အနုပညာက ပေးမယ့် ရသကို ခံစားဖို့ ့အသင့်ဖြစ်နေတဲ့ နှလုံးသားးး။

ကဗျာကို ချစ်မြတ်နိုးတဲ့နှလုံးသား ပေါ့။

အဲဒါလေး တစ်ခုပဲ  လိုပါတယ်။
=============

ဟော  ဟော   ပြောရင်း ဆိုရင်းနဲ ့ကဗျာ  ပြခန်းကိုရောက်ပါပြီ ။

လာကြ လာကြ ..။

ရွာသူားတို့ ့ရေ . . . . ပြခန်းထဲ ဝင်ရအောင် ။

အဲ  နေဦးးးး ပြခန်းတံခါးဝမှာ စာရွက်တစ်ရွက်  ကပ်ထားပါလားးး ။

ဘာ စာများလဲ  ။ ဖတ်ကြည့်ကြပါဦးးး ။

 

—————–

ရတုမှာမူ စစ်ချီပုံအကြောင်း၊ ဘုရားတိုင်ခြင်းအကြောင်း၊ ရာသီဥတု တောတောင်ရေမြေ ကျေးငှက်အကြောင်း စသည်တို့ကို အခြေပြုလျက် နန်းတွင်းသူ နန်းတွင်းသား မောင်မယ်တို့၏ အချစ်ကိစ္စကို ဦးစားပေးဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ဤရတုများသည် နောင်ဖြစ်ပေါ်လတ္တံ့သော ကဗျာများအတွက် စံပြုလောက်သော ကဗျာများဖြစ်ပေသည်။

———————

တောင်ငူခေတ်ပြီးနောက် ညောင်ရမ်းခေတ် (၁၅၇၈ – ၁၇၉၇) ခေါ် ဒုတိယအင်းဝခေတ်သို့ ရောက်ရှိခဲ့သည်။ ထိုခေတ်တွင် စာဆိုများသည် အိုင်ချင်းများကို ဦးစားပေးဖွဲ့ဆိုကြသည်။ အိုင်ချင်းအများစုမှာ ချစ်သူအတွက် ကျေးတောသူများ လွမ်းဆွတ်ပုံ၊ ပူဆွေးပုံ၊ စိုးရိမ်ပုံ ဖွဲ့ဆိုထားသော တေးကဗျာများ ဖြစ်သည်။

ထိုအိုင်ချင်းကဗျာများအပြင် ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများလည်း ပေါ်ထွန်းသည်။ ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများသည် ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင်စနစ်အောက်ရှိ ပစ္စည်းမဲ့ အာဏာမဲ့များဖြစ်သော လယ်သမား၊ ထန်းတက်သမား၊ ပိန်းကောလှေသမား၊ နွားဝန်တင်သမား၊ အညာလှေကြီးသမားတို့၏ ဘဝကို ရေးဖွဲ့ထားသည် ကဗျာများဖြစ်ရာ ပြည်သူ့ကဗျာဟူ၍ပင် ခေါ်ဆိုကြသည်။

ထို့နောက် ကုန်းဘောင်ခေတ် (၁၇၅၂ – ၁၈၈၅) သို့ ရောက်လာသောအခါ မြန်မာကဗျာများသည် အင်နှင့်အားနှင့်ချီ၍ ပေါ်ထွန်းလာခဲ့ပြန်သည်။ ထိုခေတ်စာဆိုများသည် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ ရကန် စသည့် ကဗျာရှည်များကိုလည်း ဖွဲ့ဆိုကြသည်။ တေးထပ်၊ လေးဆစ်၊ သဖြန်၊ လေးချိုး၊ လွမ်းချင်း စသည့် တေးကဗျာတိုများကိုလည်း ဖွဲ့ဆိုကြသည်။ ထိုထို ကဗျာများသည် များသောအားဖြင့် ဘုန်းတော်ဘွဲ့၊ ရာသီဘွဲ့၊ ပန်းဘွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့၊ မယ်မောင်အချစ်ဘွဲ့၊ သံဝေဂဘွဲ့ စသည်တို့ဖြစ်သည်။ ထိုထိုကဗျာများအပြင် ကောက်စိုက်တေး၊ မောင်းထောင်းတေး၊ ဗုံကြီးသံ စသည့် လယ်ယာလုပ်ငန်းနှင့် လယ်သမားဆိုင်ရာ ကဗျာများလည်း ပေါ်ထွန်းလာကြသည်။

ကုန်းဘောင်ခေတ်ကုန်ပြီးသည့်နောက် ကိုလိုနီခေတ် (၁၈၈၆ – ၁၉၄၂) သို့ ရောက်သောအခါ မြန်မာစာပေသည် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ပညာရပ်များနှင့်အတူ အခိုက်အတန့် မှေးမှိန်ညှိုးနွမ်းခဲ့ရလေသည်။ သို့ရာတွင် မှေးမှိန်ညှိုးနွမ်းနေသော မြန်မာစာပေသည် ပုံနှိပ်စက်များခေတ်စား၍ စာအုပ်စာတန်းအများအပြား ထုတ်ဝေလာသဖြင့်လည်းကောင်း၊ ဝံသာနုစိတ်ဓာတ် တက်ကြွလာသဖြင့်လည်းကောင်း ပြန်လည်ခေါင်းထောင်လာခဲ့ပြန်သည်။

———————-

ထိုခေတ် မြန်မာကဗျာဆရာများသည်………………………………………………………………

 

================================================

အော် . . . .  ဘာစာ များလဲ လို ့။

လက်စသတ်တော့ ကဗျာပြခန်းအမှတ်တစ်မှာ ဦးမာဃ ရွတ်ပြဖို ့ကျန်သွားတဲ့….

( ( ဆရာ မြဇင်ရဲ့ ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်မှာ ပါရှိတဲ့ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာကို ကိုးကားထားတဲ့ ) )

မြန်မာကဗျာ သမိုင်းကြောင်း အဆက်ကလေးကိုး။

အင်းးးး အူးမာဂတစ်ယောက် အိပ်ချင်မူးတူးနဲ့ ့လာကပ်သွားတာပဲ ဖြစ်မယ်။

(အိပ်ချင်မူးတူးဖြစ်မှာပေါ့။ သူက သိကြားမင်းကိုးးဗျ ။ နတ်သမီးတွေ က တစ်ဖက်ငါးရာမက…..  နည်းနည်းနောနော မှ  မ ဟုတ်တာ ။ )

:eee: :eee: :eee:

ကျန်သေးတဲ့  ကဗျာ သမိုင်းကြောင်း က … ပြခန်း အမှတ်သုံး မှာမှ  ဆက်လက် ဖော်ပြမယ်…ပေါ့လေ ။

 

==============================

ကဲ ကဲ… ။ ပြခန်းတံခါးဝမှာ ကပ်ထားတဲ ့ ကဗျာသမိုင်းကြောင်း  အဆက်ကလေးလည်း…..ဖတ်ပြီးပြီ ဆိုတော့…..

ဝင်လို ့ရပါပြီ ခင်ဗျာ ။

ပြခန်းတံခါးကို လက်ညိုးကလေးနဲ ့ဒေါက် ခနဲ ခေါက်လိုက်တာနဲ ့ ခမ်းနားတဲ့ပြခန်းကြီးထဲ ရောက်ပါပြီ ။

ဝင်လှည့်ပါ။

ခံစားလှည့်ပါ ။

ဂဇက်ရွာ သမိုင်းကြောင်းကို ယဉ်ကျေးမှုလိုင်းကောင်းထဲ  ဝင်စေမယ့် ဟောဒီ ကဗျာပြခန်းထဲမှာ ….   မွေ့လျော် ပျော်ရွှင်လှည့်ပါ။

ကျွန်တော် အလင်းဆက်ကတော့ ………….

ဒီ ပြခန်းတံခါးဝမှာ စောင့်ကြည့်နေမှာပါ။

ဒီပြခန်းထဲ  ဘယ်သူတွေ လာတယ် ။

ဘယ်သူတွေ မလာဘူး ဆိုတာကို စောင့်ကြည့် မှတ်တမ်းတင်နေပါတယ်နော့။

( မလာတဲ့ လူတွေကို သိကြားမင်းနဲ့ ့တိုင်ပြောမယ်။ )

😆     😆      🙄

=============================================================

ဒီ ပုံလေးကို ဒေါက်ခနဲ တစ်ချက် ခေါက်ပြီး..ဝင်ပါနော့်
ဒီ ပုံလေးကို ဒေါက်ခနဲ တစ်ချက် ခေါက်ပြီး..ဝင်ပါနော့်

==============================================================

ဗုတ် လုပ်တဲ့လူက အိပ်ပျော်နေလို့ နည်းနည်း နောက်ကျသွားပါတယ်။ အဲ့ဒါလေး ခွေးလွှတ်ပေးကြပါနော်။

အောက်မှာ ကိုယ်ကြိုက်တဲ့ ကဗျာတွေကို ဗုတ်ပေးသွားကြပါဦးနော်။

ဒီတစ်ခါ ဗုတ်ရင် မှတ်ထားရမှာက …. တစ်ခါတည်း ကဗျာ သုံးပုဒ်ကို ခေါက်ကလေး ပြိုင်တူခြစ်ပြီး ဗုတ်လုပ်လို့ ရပါတယ်။

ကိုယ်က နှစ်ခုပဲ ကြိုက်ရင် နှစ်ခုပဲ ချစ် .. အဲ .. ခြစ် ..။ ၁ ခုပဲ ကြိုက်ရင် တစ်ခုထဲ ခြစ်ပြီး ဗုတ်ပေါ့နော်။

 

[polldaddy poll=”7153931″]

 

==============================================================

ဒီ ပြခန်း  အမှတ်  နှစ် ) ထဲမှာ.. အစီအရီ ချိတ်ဆွဲ ပြသထားတဲ့ ကဗျာများကို..

ရေးကြသူ ဆရာ /ဆရာမ များကတော့….

သခင်ကိုယ်တော်မှိုင်း  = ကဗျာ အမည် = ရွှေလရောင် 

ရင်ကွဲသူ          = ရွှေကြည်

အငယ်အနှောင်းမြို့   =  ကမ်းဝေး

အောင်နိုင်သူ          =သဲနုအေး
မှုန်ရီဝေဝေ မန္တလေး  =ကိုပေါက်( မန္တလေး)

လဗျာကဗြွတ်    = ဦးကြောင်ကြီး

အမျှ …အမျှ …   =ရာမည

“ရွှေသည်ငါနဲ့ မထိုက်လေပြီ။´  ´ =  ခင်ခ

ချစ်ခြင်းကဗျာ..      =    ကိုရင်စည်
အိမ်လွမ်းသူ        =BMTM Mdy
အရိပ်မဲ့ခြေရာများ = ပိတောက်မိုး
အဝေးးး အဝေးကြီးပဲ            =Nora

ဆက်လက်စီးဆင်းနေပေးပါ….  = နေခြည်

“မိန်းမသားဘဝ”        =လုံမလေးမွန်မွန်
 သူ         =  ရေပုလင်း

 

 

ဘယ်ကဗျာလေး..အမှတ်အများဆုံး ရနေတယ်.ဆိုတာတော့…
အားလုံး…သိကြတဲ့ အတိုင်းပါပဲ…ဗျ..။

==============================================================

ကဗျာပြခန်း အမှတ်နှစ် ထဲက ကဗျာအလှတွေ / အနုပညာ ရသ အစုံစုံတွေကို  … ခံစားပြီးပြီ ဆိုရင်တော့……

ကဗျာပြခန်း အမှတ် သုံးကို ဘယ်သူက ဘယ်လို တင်ပြဦးမလဲ  လို့ ့ရင်ခုန်ကြည့်ပါဦး။

—————————————————————————————————————-

ကဗျာပြခန်းအမှတ် သုံးကို…………………..

ဘယ် ကဗျာချစ်သူက တင်ပြမလဲ ဆိုတော့  ….

ကျွန်တော် . . . . .

မဟုတ်ဘူးး။

သိကြားမင်းး…..

လည်းးး မဟုတ်ဘူးး။

ဘယ်သူက ဘယ်လို ပုံစံနဲ့ တင်ပြလာဦးမလဲ  ဆိုတာတော့…… . . ………

…………………………….

ကဗျာချစ်သူများ ရဲ ့ကဗျာပြခန်း  ( အမှတ်  သုံး ) ကို…….. မျှော်   ။

=============================================

=============================================

 

 

 

ကဗျာပြခန်းအတွက်.. ကဗျာများပေးပို ့ လိုလျှင်   alinsett.art@gmail.com   သို ့  ပေးပို့န်ုိင်ပါကြောင်းးးး။

လေးစားစွာ….

အလင်းဆက်

3 .6 . 2013 .

 

======================

ဒါကတော့ သတင်းပေးချက်ကလေးပါ ။

ကဗျာပြခန်း အမှတ် ( ၃ ) ကို ဒီလ ၁၅ ရက်နေ ့လောက်မှာ
တင်ပြနိုင်ပါလိမ့်မယ် လို့ ့ကြိုတင် သတင်းပေးပါရစေ။
————————
ပြီးတော့   အခုနောက်ပိုင်းမှာ ရွာထဲတင်လာသမျှ ကဗျာတော်တော်များများက
poetry ဆိုတဲ့ Category အောက်  ရောက်နေပါပြီ ။
အဲဒီ အတွက်………….
ကဗျာတင်သူတွေကိုလည်း
ကျေးဇူးတင်စကား ဆိုပါရစေ ။
——————–
နောက်တစ်ခု ပြောချင်တာက……..
အခုဆိုရင် ကဗျာပြခန်း အတွက် ကဗျာ ကူညီပံ့ပိုးပေးပို ့သူတွေများတာကြောင့်…
မူလက ရည်ရွယ်ထားသလို ရွာထဲမှာတင်သမျှ ကဗျာတွေကို စုစည်းပြသ မယ့် အစီအစဉ် ထက် ကဗျာသစ်ကလေးတွေနဲ့ ့လတ်လတ်ဆတ်ဆတ်ပြခန်း အဖြစ်ကို ပဲ
အရင်ဖန်တီး ဖြစ်နေပါတယ်လိုု့ အသိပေးပါရစေ။
————————–
ဒါပေမယ့်…..
ဂဇက်မှာ တင်ပြထားပြီးသား ကဗျာ  ဟောင်းတွေထဲကလည်း  အလျဉ်းသင့်ရာ
ကဗျာလေးတွေကို ကြားညှပ် ဖော်ပြနေမယ့်အကြောင်းလည်း  ပြောပါရစေ ။
—————————-
ပြခန်းအတွက် ပေးပို့ ့လာတဲ့ကဗျာအပုဒ်ရေနဲ့
ပြခန်း…. တစ်ခန်းတစ်ခန်းမှာ ပြသနိုင်တဲ့အပုဒ်ရေ ကိုချိန် ညှိရတဲ့အတွက်
ကဗျာ အပါ နောက်ကျခဲ့ရင်  နားလည်ပေးပါလို ့ လည်း  တောင်းပန်ပါရစေ။
————————
ပြခန်း အမှတ်  ၃  အထိက ကဗျာများပြည့်သွား ပြီမို ့
အခုက စ  ပို ့ရင်……..
ပြခန်းအမှတ် ၄  ( သို့မဟုတ် )  ၅ မှ သာ ပါနိုင်မှာဖြစ်ကြောင်းလည်း  သံချောင်းခေါက်ပါရစေ။

****************
ကဗျာရေးသော ဆရာ/ဆရာမများကလည်းကဗျာပြခန်း ရေ ရှည်
ရပ်တည်နိုင်ရေးအတွက် ကဗျာများ ဆက်လက် ကူညီပံ့ပိုးပေးပါဦးလို ့တောင်းဆိုပါရစေ။

****************

အခုနောက်ဆုံး.ပြောချင်တာလေးကတော့….

ရွာ ့လူကြီးသူမ များဆီက..

အမှတ်တရ အဖြစ်..ကဗျာတောင်းခံခြင်းပါ…။

ဦးဦးပါလေရာ
ဦးကြီး  မိုက်
လေးလေး ဘလက်ချော
အဘဖော
ဦးကြောင်
အန်တီဝေဝေ
အန်တီ မမ
အန်တီ ပဒုမ္မာ
အရီးခင်လတ်
………
………တို ့…ဆီက…
အမှတ်တရ  ကဗျာ လက်ဆောင် လေးများ…လိုချင်မက်မော မိပါကြောင်းးးးးး
ဒါကြောင့်…
မနှေ း အမြန်…
ပေးရန်သာ…
ကြံ ကြပါကုန်လော့……

 

ကဗျာချစ်သူအင်အားစု

 

 

 

 

89 comments

  • အလင်း ဆက်

    June 4, 2013 at 4:13 pm

    လေးခရေ..

    ကျွန်တော်တို ့.. က.. အခြား ကဗျာဆရာကြိီ းတွေ ရဲ ့ ကဗျာနဲ ့ ချိန်းလိုက်မှာမဟုတ်ပါဘူး ။

    ကဗျာပြခန်းမှာ… ပြနေတဲ ့ကဗျာ / ရေးသူတွေထဲမှာ…
    ပြခန်း တာဝန်ခံလေးတွေ ရဲ ့ကဗျာတချို့ ပါတတ်ပါတယ် ။
    ကျွန်တော်တို ့က.. အဲဒီ ပြခန်းတာဝန်ခံတွေ ရေး တဲ ့ကဗျာတွေကို..
    လိုရင် ဖြည့် / ပိုရင် လျှော့ ဖို ့.. ဆိုပြီး..
    အရန် ကဗျာ အဖြစ်နဲ ့… လောလောဆယ် သတ်မှတ်လိုက်ပါတယ် ။

    လေးခ ကဗျာက အချိန်ကာလ ပေါ်မှာ.မူတည်တဲ ့ ကဗျာလေးတွေဆိုတော့..
    ဒီ လ ….
    ပါမှ ဖြစ်မှာလို ့ကျွန်တော်တို ့..ဆုံးဖြတ်ပါတယ် ။
    ဒါကြောင့်.. ပြခန်းအမှတ် ( ၃ ) မှာ.. စာရင်းဝင်ထားတဲ့…..
    အရန်ကဗျာတစ်ပုဒ်ကို
    လေးခ ကဗျာနဲ ့ လဲ လိုက်ပါတယ် ။

    လဲ ပြီးချန်ထားခဲ့တဲ့.. ကဗျာ ကို ပြခန် း ( ၄ ) မှာ..ဖော်ပြမှာမို ့…
    အခက်အခဲ.. တစ်စုံတစ်ရာ မရှိတော့ပါဘူး ။

    ဒါကြောင့်….
    လေးခရေ…..
    အဆင်ပြေပါတယ် ။
    ဆက်လက် ပံ့ပိုးပေးပါလို ့…။
    လေး ခ ကဗျာများကို..မျှော်လျက်….

    လေးစားစွာ….
    အလင်းဆက်

  • ဦးဦးပါလေရာ

    June 4, 2013 at 11:33 pm

    ကဗျာတွေကို ပုံနောက်ခံနဲ့သပ်သပ် ၊ စာသားချည်းသပ်သပ် ခွဲလုပ်ပေးထားတာ တော်တော်အဆင်ပြေတယ်။
    ကျုပ်က အခုတော့ ကဗျာရေးဖို့မဖြစ်နိုင်တော့ဘူး…
    ငယ်ငယ်က ရေးထားတာကိုယူမယ်ဆိုရင်တော့ မောင်ရင်တို့ သဘော….
    😀

  • အလင်း ဆက်

    June 5, 2013 at 9:43 am

    ဦးဦးပါရေ
    ငယ်မူ ငယ်သွေး လက် ရာ
    ကဗျာ လေးဆိုတော့လည်း တမျိုး ဆန်းတာပေါ့
    :kwi:
    ယူမယ်။
    အမှတ်တရ

  • ဦးကြောင်ကြီး

    June 5, 2013 at 10:08 am

    လဗြွတ်ဆိုတာ အထီးတွေ မျိုးမသုန်းသမျှ ကမာ္ဘတည်သ၍ ရှိနေမှာမို့ ကဗျာပြခန်းတိုင်းမှာ ထည့်ပေးဖို့ တောင်းဆိုပါရစေ.. အဲလိုမှ လုပ်မပေးနိုင်ရင် ပြခန်းတာဝန်ရှိသူများ ကိုယ့်ပစ္စည်းကိုယ် ဖြတ်ပစ်ကြပါလို့…. :byae:

    • TNA

      June 5, 2013 at 11:12 am

      ပဂိုးဒါး။ အလက်ဆင်းရေ။ နောက်ပြခန်းကျတော့ အဲဒီကဗျာ မတင်ပဲ အဲဒီလူဂျီးရဲ့ ခြိမ်းခြောက်စာတင်အေ။

  • black chaw

    June 5, 2013 at 11:20 am

    ညီလေး အလင်းဆက် ရေ…။
    ကဗျာလေးတစ်ပုဒ် ပေးချင်လို့ပါ…။
    အသစ်တော့ မဟုတ်ဘူး…။
    ်မန်းဂဇက်မှာတင်ခဲ့ဘူးတဲ့ကဗျာပါ…။
    http://ashinvimala.blogspot.com/2011_09_01_archive.html
    အဲဒီလင့်မှာတင်ထားတဲ့ လျှပ်စစ်ဝန်ကြီးအတွက် ကော်လီနာရဲ့ အနီကတ် ဆိုတဲ့
    ကဗျာလေးပါ…။
    တော်တော်ဆိုးတဲ့လူတွေဗျာ…။
    ကဗျာရေးခဲ့တဲ့ ဘလက်ချော ဆိုတဲ့ နာမည်ကိုတောင်
    ထည့်မပေးဘူး…။
    အဲဒီကဗျာလေး ကို ညီလေးတို့ရဲ့ ကဗျာပြခန်း အမှတ် ၃ မှာ
    ထည့်ပေးလို့ ရမလား ဟင်င်င်…။

  • အလင်း ဆက်

    June 5, 2013 at 12:30 pm

    အန်တီ သဲ ရေ
    အူးကြောင် ရဲ ့ ခြိမ်းခြောက်စာ တွေ က တစ်စောင်ထက် တစ်စောင်
    ပို ကြောက်စရာ ကောင်း လာတယ်နော်

    အမ်မယ်လေးးးးးးး
    သားမှား ပြီး းးးးးးးး မှား ပြီ အ မေ ရဲ ့

    :kwi:

  • အလင်း ဆက်

    June 5, 2013 at 12:33 pm

    လေး ဘလက် ရေ
    ကဗျာ လေး ပေးလို ့ဝမ်းသာ ာပါတယ်
    ကျေးဇးးလည်း တင်ပါတယ် ။
    လေး ဘလက် ရဲ ့ကဗျာလေးကို
    ပြခန်းဘအမှတ် ၃ သို ့မဟုတ် ၄ မှာ ထည့်သွင်းပြသ ပေးါ့မယ်ဗျ

  • marblecommet

    June 5, 2013 at 12:45 pm

    ဒီနေ့မှာ အွန်လိုင်းပြန်တက်ဖြစ်လို့
    အမှတ်(2)ကို
    ဆက်ဆက်
    လာရောက်
    အားပေးသွားပါကြောင်း
    ခင်ဗျား….

  • အလင်း ဆက်

    June 5, 2013 at 1:06 pm

    ကဲ ကဗျာချစ်သူ တို ့ရေ
    အကြိုက်ဆုံး ကဗျာ ကို ဗုတ် လို ့ရပါပြီ လို ့
    သတင်းကောင်း ပါးအပ်ပါတယ်ခီညာာာာာ

    ====-====

    ကိုကမ်း ရေ
    အရောက်လာ တယ် ဆိုတော့
    ကျေးဇူးတင်တာပေါ့

  • ဝင့်ပြုံးမြင့်

    June 5, 2013 at 1:14 pm

    “သူ ”ဆိုတဲ့ကဗျာလေး ဗုတ်လိုက်ပြီနော်။
    တအားကောင်းတဲ့ ကဗျာလေး။
    ဒီဇိုင်းကကျတော့ “ ရွှေသည်ငါနဲ့ မထိုက်လေပြီ ” ဒီဇိုင်းက တကယ်ပီတယ်။

    • Mr. MarGa

      June 5, 2013 at 7:32 pm

      ဟုတ်တယ်
      အဲ့ ဒီဇိုင်း ဘယ်သူလုပ်တာလဲမသိဘူး
      ကဗျာချစ်သူများ တော်ကြပါပေ့နော်………….

  • အလင်း ဆက်

    June 5, 2013 at 1:17 pm

    ဆရာမဝင့်ပြုံးမြင့်ရေ
    ဒီဇိုင်း လုပ်ပေးရတဲ့ ကဗျာ တာဝန် ခံလေးတော့

    ပီတိဖြစ်နေ လောက်ပြီ ။

    🙂

  • အရိပ်စစ်

    June 5, 2013 at 5:26 pm

    မိန်းမသား ဘဝ…
    ဆက်လက်စီးဆင်း နေပေးပါ…
    အဝေး အဝေးကြီးပဲ…

    ဆိုတဲ့ ကဗျာတွေကို အရမ်းကြိုက်တယ်..
    တိမီးက ရွာထဲ သိပ်မရောက်ဖြစ်တော့ ဘယ်တူတွေ ရေးတာမှန်းလည်း သိဘူးရယ်….
    ပုံလေးတွေ ဆိုတော့ ပိုလည်း အသက်ဝင်သွားရော့….

  • အလင်း ဆက်

    June 5, 2013 at 5:34 pm

    အရိပ်စစ် ရေ
    အဲဒိ ကဗျာ လေးတွေ ကို ဘယ်သူ တွေ ရေး တာလဲ ဆိုတော့
    ဆိုတော့

    :kwi:

    ပြခန်းလေးထဲ အ ရောက်လာပြီးး
    ခံစား / အားပေး လို ့ကျေးဇူးပါ အရိပ် ရေ

  • ဦး ကြိမ်

    June 5, 2013 at 7:26 pm

    ကိုလင်းဆက်….
    ကဗျာရောက် မရောက် သိချင် ပါ တယ်
    သုံး မသုံး လည်း သိချင်ပါတယ်
    လို အပ် တာ ရှိ ရင် ပြော ပြ ပါအုံး
    ပြ ခန်းထဲဝင်ကြည့် မှ ကျွန်တော် က ဝ လုံးတန်းပဲရှိ မှန်းသိတာ………။

  • အလင်း ဆက်

    June 5, 2013 at 8:38 pm

    ကဗျာလေးရောက်ရှိကြောင်းပါ ။ အိမ်ကြူး ရေ… ။

    နောက်ထပ်လည်းကဗျာလေးတွေ ပေးပို ့စေချင်ပါကြောင်း။

    ရောက်ရှိလာတဲ ့ ကဗျာများကို . အဆင်ပြေရာ ပြခန်းမှာ.. ထည့်ပြနေမှာဖြစ်ပါကြောင်း ။

    အခုပို့ထားတဲ ့ကဗျာ ကိုတော့..
    ပြခန်း ( ၄ ) လောက်မှာ မှ ထည့်ပြနိုင်နိုင်မှာဖြစ်ပါကြောင်းးး

    လေးစားစွာ….
    အလက်ဆင်း

  • naywoon ni

    June 6, 2013 at 9:47 pm

    နာ့ကချာလေးလည်း ပြခန်းထဲက အမှိုက်ခြင်းထဲလုံး ထည့်လိုက်ပြီထင်ပါရဲ့ ကချာကနေ အရှင်လတ်လတ် လုံးခြင်းဘဝရောက်ရပြီထင်တယ်နော် ဟုတ်ရား ဟင်

  • အလင်း ဆက်

    June 6, 2013 at 10:02 pm

    အဘနီရေ…
    အဘနီ ရဲ ့ကဗျာလေး ကို သေသေချာချာ ကိုသိမ်းထားပါတယ်ဗျာ ။
    ပြခန်းအမှတ် ( ၄ )မှာ.ထည့်သွင်းပြသပါမယ်.လို ့… ။
    ပြခန်း အတွက် ပေးပို ့လာတဲ ့ကဗျာများက်ို…ရိုသေမြတ်နိုးစွာ.စုစည်း သိမ်းဆည် း..နေပါတယ်.လ.ို ့.

    လေးစားစွာဖြင့်
    အလင်းဆက်

  • Foreign Resident

    June 8, 2013 at 5:56 pm

    ” ရွာ ့လူကြီးသူမ များဆီက..
    အမှတ်တရ အဖြစ်..ကဗျာတောင်းခံခြင်းပါ…။
    အဘဖော ”

    ဟယ် ၊ မနောက်ပါနှင့်ကွယ် ။
    အဘ နှင့် ၊ ကဗျာ နှင့်က ဝေးပါတယ်ကွယ် ။

    အင်း ၊ အဘ ဆီက ကဗျာကိုမှ ထဲ့ချင်တယ် ဆိုရင်တော့ ၊
    ဟိုတစ်ခါ မန့်ထားတဲ့ ကဗျာလေးပဲ ရှိတယ် ။ ဟဲ ဟဲ ။

    ဖြစ်ချင်တိုင်းလဲ ၊ မဖြစ်ရပါ ။

    ငယ်ငယ်က ဖြစ်ချင်တာက စစ်သား ။
    အခုတကယ် ဖြစ်နေတာက သင်္ဘောသား ။
    နောင်ဖြစ်ဖို့များတာက မိန်းမ ထမိန်နား ခိုစား ။

    ဟဲ ဟဲ ၊ အဘ လက်ရည်နှင့်ကတော့ ၊
    ဒီ ကဗျာက လက်ကုန်ပဲ ၊ ဒီ့ထက် ပိုကောင်းတာ ထွက်လာဖို့ မရှိဘူး ။
    ဟီ ဟိ ။

  • အလင်း ဆက်

    June 8, 2013 at 7:06 pm

    အဘဖော….
    မန် ့တာတောင် ဒီလောက် ကဗျာဆန်နေမှတော့…
    ကဗျာနဲ ့ မဝေးပါဘူးဂျာာာာ။
    :kwi:

    • Foreign Resident

      June 8, 2013 at 7:20 pm

      ဟင် ၊ အဲဒါ မန့် တာ မဟုတ်ဘူးလေ ၊
      အဲဒါ က အဘ ရဲ့ ကဗျာ ပဲလေ ။
      ဟဲ ဟဲ ၊ ဒါပဲ တတ်တယ် ။

      ဖြစ်ချင်တိုင်းလဲ ၊ မဖြစ်ရပါ ။

      ငယ်ငယ်က ဖြစ်ချင်တာက စစ်သား ။
      အခုတကယ် ဖြစ်နေတာက သင်္ဘောသား ။
      နောင်ဖြစ်ဖို့များတာက မိန်းမ ထမိန်နား ခိုစား ။

      • အရီးခင်လတ်

        June 8, 2013 at 7:23 pm

        အဘ မိန်းမ က ထမိန်ဝတ်ဖူးလေ။
        🙄

        😆

  • Moe Z

    June 9, 2013 at 12:43 pm

    ဗုတ်တွားတယ်ခည .. ရေးသူတော့မမှန်းတတ်လို့ မမှန်းတော့ပါဘူးခည..

  • ko pauk mandalay

    June 9, 2013 at 1:19 pm

    ကဗျာပြခန်းအတွက် တန်းစီပြီးစောင့်နေတယ်ဆိုတာ ကတော့ ဝမ်းသာစရာပါဘဲ။
    ကျနော်ကတော့ အခုရက်ရှေးကဗျာတွေပြန်ကူးပြီးတင်ပြေးနေတယ်ဗျို။
    အမှတ်12ထိရောက်သွားပြီ။.
    ဒီမှာတော့ အဲဒါတွေမတင်တော့ဘူး။
    ဖေစ်ဘုတ်မှာဘဲတင်တယ်။
    ဖတ်ချင်ရင်တော့ ဒီလင့်မှာဝင်ကြည့်လို့ရပါတယ်။
    https://www.facebook.com/kopauk.Mandalay

  • အလင်း ဆက်

    June 9, 2013 at 1:48 pm

    လေး ပေါက်ရေ

    ဝင်ကြည့်လိုက်မယ်ဗျ
    ရှေးကဗျာ တွေ စိတ်ဝင်စားမိတယ်။
    ကဗျာပြခန်းထဲမှာလည်း ရှေးကဗျာ တစ်ပုဒ်စီ ပြ နေတာ ဆိုတော့
    အဆင်ပြေတာတွေ ့ရင် ပြခန်း အတွက် ပါ
    ကော်ပီ ဆွဲရတာပေါ့
    :kwi:

  • ရာမည

    June 9, 2013 at 2:44 pm

    ကဗျာပြခန်းရဲ့အောင်မြင်မှုကတော့ တစ်ရွာလုံး ကဗျာတွေ
    ဖွေးဖွေးလှုပ်သွားတာပဲ
    ကျွန်တော်တောင်အစောကြီးပို ့ထားလို ့ပါခဲ့တာထင်တယ်နော်

  • အလင်း ဆက်

    June 9, 2013 at 2:53 pm

    မိုးစက် ရေ
    ပြခန်း ကို အားပေး လို ့ကျေးဇူးပါပဲ နော်

    နောက် လာမယ့်ပြခန်းတွေ ကိုလည်း
    အ ရောက် လှမ်း လာပါဦး နော့။

  • အလင်း ဆက်

    June 9, 2013 at 3:04 pm

    ကိုရာမည ရေ

    ကဗျာတွေ ဖွေးဖွေးလှုပ် ဆိုတဲ့ စကားလုံးလေးကို ကျွန်တော်
    တော်တော် သဘောကျသွားတယ်ဗျာ

    ဟုတ်တယ်ဗျ
    အခုဆိုရင် ရွာက ကဗျာရွာ ဖြစ်နေတယ်။
    ကဗျာတွေ ပန်းလို ပွင့်လာကြပြီ ။
    ဖွေးဖွေးလှုပ် လို ့ပေါ့ဗျာ
    🙂

    ကဗျာဟာ ကျွန်တော်တို ့ ဂဇက် ရွာထဲကို
    ဧရာဝတီလို စီးဆင်းနေပြီ ။
    မေခနဲ ့ မလိခ ဆုံသလို ကဗျာ နဲ ့ ဂဇက် ရွာ ဆုံနေပြီ ။

    ကျွန်တော် ဒီ အစ ဆွဲထုတ်ဖို ့ကြံတုန်းက
    တွေး ထားတာထက် အဆများစွာ
    ပိုပြီးး အောင်မြင်နေပါပြီ ။

    အရမ်း ဝမ်းသာ မိပါတယ်။

    အားပေးသူတွေ ကူညီ သူတွေ အားလုံးကိုလည်း
    လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင် မိပါတယ်။

  • Ko chogyi

    June 9, 2013 at 7:39 pm

    စက်နှလုံးသား(စက်တပ်ထားသော)
    ရသ မခံစားလို့
    ဝင်ကြည့်ရန်မလိုတော့ပါ။

  • အလင်း ဆက်

    June 9, 2013 at 8:24 pm

    အမ်… ။
    လေးလေချိုကြီးးး
    ဘယ်တုန်း က နှလုံးသားကို စက် တပ်လိုက်တာဒုံးးးး

    စက်တပ်ထားတဲ ့ နှလုံးသားတွေ အတွက်ပါ…ကဗျာ ရှိနေပါတယ် ။
    ဝင်တော့ကြည့်ပါအုံး ။
    အဟိ ။ ကြော်ငြာတာလေ.. ။
    :kwi: :kwi:

  • သူကလေး

    June 14, 2013 at 4:26 pm

    အလင်းဆက်ရေ
    ခုနကဖုန်းဆက်လာတဲ့မမမွန်ရဲ့စကားကြောင့် အပြေးအလွှားလေးလာခဲ့ရဒယ် …
    အဟိ .. အကုန်ဖတ်ပီးပြီကွ ..

  • အလင်း ဆက်

    June 14, 2013 at 5:48 pm

    အော်

    သူလေး ရောက်လာပြီ ဂိုးးး
    ကျွန်တော်က သိကြားမင်းကို တိုင် ဖို ့မလာတဲ့ သူ တွေ စာရင်း တောင်
    လုပ်နေ ပြီ ။

    ကဲ ပြခန်း ထဲ မပျက်မကွက် ဝင်ရောက် ခံစား သူ
    အမာခံ ပလိတ်သက် အဖြစ် စာရင်း သွင်း လိုကိပါ ဘီ ။

    :kwi:

Leave a Reply