မဲရတဲ့ အရသာ…..

 

 

 

 

 

 

 

 

 

 

 

 

ပြီးခဲ့တဲ့ရုံးပိတ်ရက်ကဗျာ ဟောသည့်ငနဲဦးကျောက်ခဲကြီးလည်း လျှော်ဖွပ်ချက်ပြုတ် အိမ်သန့်ရှင်းရေးလုပ်အပြီး ပျင်းပျင်းရှိတာနဲ့ အင်တာနက်ပေါ်တက်ပြီးမွှေလိုက်တာ မဆီရယ်မှမဆိုင် အရင်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း လူမဲအမျိုးသမီး “ကွန်ဒိုလီဇာရိုက်စ် “ရဲ့ အထ္ထုပတ္တိကို ဖတ်မိရက်သားဖြစ်သွားတယ်ခင်ဗျ။ ရှေ့သွားလေးအကျဲသားနဲ့သူ့ကို ညစ်ကပ်ကပ်နဲ့မို့ သိပ်ကြည့်မရပေမည့် သူ့ဘဝအကြောင်းကတော့ အားကျစရာ အများကြီးပါ။ အဲသည်ကဆက်လို့ လူ့အခွင့်အရေးအကြောင်း စိတ်ဝင်တစားနဲ့ ဖတ်လိုက်တာ “မာတင်လူသာကင်း” အထိ ရောက်သွားရောဆိုပါတော့ဗျာ။ ဟုတ်ပါ့ဗျာ… ဖြူဖြူချောချောဆိုရင် မြင်သမျှသူတွေက အသားလွတ်ကြည်ညိုချင်ကြပေမည့် ဦးကျောက်တို့လို အသားမဲများဆိုရင် တယ်နှိမ်ချင်ကြတာကိုးခင်ဗျ။ ဒါပေသည့် လောကကြီးက ဘယ်လိုပဲ ခွဲခြားခွဲခြား ဟောသည်ဦးကျောက်ခဲကတော့ “မိုက်ခဲကြက်ဆင်”လို အရောင်ချွတ်ပစ်မည့်အထဲမှာ မပါဘူးခင်ဗျ၊ မဲတော့လည်း မဲတယ်ပေါ့ဗျာ။

 

ဒီလိုပါခင်ဗျာ၊ ဦးကျောက်ရဲ့မိဘနှစ်ပါးက “လူပန်းပု” ထုဆစ်တဲ့နေရာမှာ အတော်ကျွမ်းကျင်ပုံရတယ်ခင်ဗျ။ သူတို့နှစ်ဦး ပညာပြိုင်လိုက်ကြတာ ဦးကျောက်တို့မောင်နှမ ၄ယောက်က ၄ပုံထွက်ပါတယ်။ အဲ… ဒီအထဲမှာ ကံဆိုးတဲ့မောင်ရှင် ထီပေါက်တဲ့ဦးကျောက်ကတော့ အမေ့ဘက်က ဆံပင်ကောက်တာ၊ အဖေ့ဘက်က အသားမဲတာ အမွေရပြီး ဟိုလိုလိုသည်လိုလိုရုပ် ထွက်သွားတာပေါ့ခင်ဗျာ။ ဦးကျောက်ကတော့ အားမငယ်ပေမည့် ဖြူဖြူချောချောကြိုက်ကြတဲ့ မြန်မာမလေးတွေကြားမှာ ဂေါ်ရေးမလွယ်လှတာမို့ ရည်းစားဦးနဲ့ အခုနောက်ဆုံးချစ်ချစ်ကလွဲရင် ကျန်တာ နိုင်ငံခြားသူတွေနဲ့ပဲ ချစ်တမ်းကစားခဲ့ဖူးတာပါ။ ငယ်ငယ်ကတော့ “ဝီလ်စမစ်” အခုတော့ အမေရိကန်အိုင်ဒေါထဲက ဒိုင်လူကြီး “ရမ်ဒီဂျက်ဆင်”ဆိုပြီး အစွပ်အစွဲခံရတဲ့ ဘဝရောက်မှ အချစ်စစ်ကိုတွေ့လို့ အိမ်ထောင်ပြုမယ်ရည်ရွယ်ကာမှ ဖြူဖြူဖွေးဖွေး ချစ်သူနံပိန်လေးက ကြည်ဖြူပေမည့် သူ့ပါပါ ရူပါမက်သူကြီးက ဦးကျောက်ခဲကို မဲသတဲ့ဆိုပြီး အင်တင်တင် လုပ်နေသတဲ့လေ။

 

အရပ်ကတို့နှယ် စဉ်းစားကြည့်ပါဗျာ။ တစ်ဘဝလုံး ဦးကျောက်နဲ့ပေါင်းရမည့် သမီးဖြစ်သူက “ကိုကိုနဲ့ပဲနေမယ် စိတ်ကူးတယ်” ဆိုပါမှ အသားအရောင်ခွဲခြားလေသူ ဒယ်ဒီပါးပါးချစ်ဖေဖေက “ငါ…. မြေးအသားမဲလေးတွေ မချီချင်ဘူး”တဲ့။ ဘယ့်နဲ့ဗျာ ဦးကျောက်တောင် အဲသည်လောက်အထိ စိတ်ကူးမယဉ်ရသေးဘူး သူက အဆုံးအထိတွေးပြီးနေပြီ။ ဟီ ဟိ….. လူကြီးတွေများ အရှည်ကိုတွေးမြင်တတ်ပုံ။ “ဒယ်ဒီပါးပါးချစ်ဖေဖေရယ် စိတ်ချပါခင်ဗျ။ မမဲအောင် မောင်ကျောက် ကြံဆောင်ပါ့မယ်”ဆိုရင် နားရင်းပဲတီးမလား၊ ထန်းသီးပဲကျွေးမလားမသိဘူး ဟီ ဟိ။ ထားပါတော့လေ အသားမဲမဲ ဦးကျောက်ခဲရဲ့ “မဲရတဲ့ အရသာ”လေးကို မြည်းစမ်းကြည့်ကြပါစို့လား။

 

၁၉၉၆နှစ်ကုန်ပိုင်းကပေါ့ခင်ဗျာ။ မောင်ကျောက်အလုပ်လုပ်နေတဲ့ စင်ကာပူကုမ္ပဏီက ရန်ကုန်မှာဈေးကွက်ချဲ့မယ်ဆိုပြီး အူယားတော်မူကြပါတယ်။ အဲသည်ခေတ်တုန်းက အခုခေတ်လို ဆက်သွယ်ရေး သိပ်မလွယ်လှတာမို့ ရန်ကုန်ကိုပြန် အစစကြိုတင်စီမံဖို့တာဝန်က မောင်ကျောက်ခေါင်းပေါ်ရောက်လာတာပေါ့ခင်ဗျာ။ ဒီတော့လည်းပျော်ပျော်ပါးပါး ရုံးစားရိတ်နဲ့ ရွှေပြည်ကြီးကိုပြန်၊ သူဋ္ဌေးနဲ့အဖွဲ့တည်းခိုဖို့ကစလို့ မိတ်ဆက်ပွဲလုပ်ဖို့အဆုံး ကိုယ်တိုင်ကိုယ်ကျ စီစဉ်ရတာပေါ့ခင်ဗျ။ အဲသည့်မှာ နာမည်ကြီးဟိုတယ်တစ်ခုက မားကတ်တင်း လက်ထောက်မန်နေဂျာ အနှီထိုမဒီလေးနဲ့ ဆုံခဲ့ရတာပါပဲ။ ဟုတ်ကဲ့… မောင်ကျောက်က ဖုန်းဆက်ပြီး လှမ်းစုံစမ်းတာ ဘိုလိုပြောလို့ ဘိုလိုပြန်မေးရင်းကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။ “လူကြီးမင်း ဟိုတယ်ကိုကြွခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ အခမ်းအနား ခန်းမကိုရှုစားလှည့်ပါ၊ လူကြီးမင်းနာမည်ကို ဘယ်လိုအမှတ်သညာပြုရပါမလဲ”ဆိုလေတော့၊ ဟောသည့်မောင်ကျောက် မွေးရာပါဘိုနာမည်လေး ပြောမိတာပေါ့ဗျာ။

 

ချိန်းထားတဲ့အတိုင်း ဟိုတယ်ရောက်ပြန်တော့ အနှီမဒီလေးကခရီးဦးကြိုပြုပြီး ခန်းမရှိရာကိုဦးဆောင်လို့ခေါ်သွားတယ်ခင်ဗျ။ အဲသည့်လမ်းတလျှောက်မှာ မျက်နှာချိုပြီး လူချစ်လူခင်များပုံရတဲ့ အနှီမဒီလေး မဟာအရှက်တော် ဗြန်းဗြန်းကွဲဖို့ အကြောင်းဖန်တာပါပဲ။
ဝန်ထမ်း ၁။ ။ မမလေး မင်္ဂလာပါ။ ဘယ်သူကြီးတုန်း၊ ဘယ်ကိုတုန်းဗျ…
မဒီလေး ။ ။ မမဘဲကြီးလေ၊ အခုမင်္ဂလာဆောင်ဖို့ ခန်းမသွားကြည့်မလို့…
ဝန်ထမ်း ၂။ ။ ဟီ ဟိ… မမဘဲကြီးက ညိုညိုမောင်းမောင်း အတောင့်ဆင်ကြီးနော်…
မဒီလေး ။ ။ မောင်လေးရဲ့… မမက နိုင်ဂျံကားကနေ သေချာရွေးပြီး အင်ပို့လုပ်လာတာကွဲ့…

 

မောင်ကျောက်လား ရယ်ချင်စိတ်ကို မနည်းမျိုသိပ်လို့ မသိချင်ဟန်ဆောင်ပြီး အနောက်ကလိုက်လာတာ ရှူးရှူးသာကြိုပေါက်မထားရင် ထွက်ကျတယ်… အား ဟိ။ အဲသည်လို အဲသည်လို လမ်းတလျှောက်တွေ့သမျှဝန်ထမ်းနဲ့ ပေါက်ပေါက်ဖောက်လာတဲ့ မဒီလေး၊ ခန်းမထဲရောက်မှ သူ့ခမျာ အရှက်ရတော်မူပါတယ်။ သူ… ပရိုဂျက်တာအကြောင်း ဘိုလိုရှင်းပြနေတာ အပတ်မလည်လို့ မောင်ကျောက်ကပဲ “ဗမာလိုရှင်းပြလို့ရပါတယ်ဗျာ၊ ကျနော်လည်း ဗမာပါပဲ”လို့ စကားသံအဆုံး မျက်နှာတစ်ခုလုံး ပန်းဆီရောင်ဖုံးလို့ ပြိုတော့မည့်မိုးလို့ ထစ်ထစ်အအ ရှင်းပြတော်မူရှာပါတယ်။ အပြန်လမ်းမှာ မျက်နှာကြီးစူပုပ်ပြီး တွေ့သမျှဝန်ထမ်းတွေကို ဘုတောနေတာ မောင်ကျောက်လည်း မအောင့်နိုင်လို့ အသံထွက်အောင် ရယ်မိတဲ့အထိပါ။ နောက်နေ့ ခန်းမအတွက် ငွေချေဖို့သွားတော့ သူ့ခမျာ ရှက်ရှက်နဲ့ထပြေးတာတန်းနေတာပဲ။ သူ့မန်နေဂျာမမကြီးကပဲ ပြုံးစေ့စေ့နဲ့ ငွေလက်ခံတာမို့ နောက်ဆက်တွဲဇာတ်လမ်းတွေ မရှိခဲ့ဘူးပေါ့ခင်ဗျာ။

 

ပြောမည့်ပြောတော့လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလို့ ကိုယ်နာခဲ့တာလေးလည်းပာဦးမှ။ ၁၉၉၉နှစ်ကုန်ပိုင်းကပေါ့ဗျာ… မောင်ကျောက်နဲ့ ကျောင်းနေဖက် ဘော်ဘော် ဆွီဒင်သူ “အဲန်ညာ”နဲ့ ကျောင်းပိတ်ရက် “ချင်းမိုင်”ကို သွားလည်တုန်းကပေါ့၊ အဲသည်နှစ်က အအေးလှိုင်းဖြတ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လူတောင်သေသတဲ့လေ။ ဟီ ဟိ… ကွန်ဆာဗေးတစ်များ၊ လစ်ဘရယ်များ မေတ္တာထားရင်လည်း ခံရဦးမယ်။ ဘာလူမျိုးပဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပါပဲ။ ပစ္စည်းတစ်ခုကိုရွေးမိရင် ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ သင်းတို့မှာ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ပြတ်တယ်ကိုမရှိပါဘူး။ ဆိုလေတဲ့အတိုင်း မိရွှေအဲန်ညာလည်း မိန်းမထဲကမိန်းမဖြစ်တာမို့ “ချင်းမိုင် ညဈေး”မှာ ဟိုဟာချ၊ဒီဟာမ လုပ်လေတော့ စိတ်မရှည်တဲ့မောင်ကျောက် ဆေးလိပ်သောက်ရင်း လမ်းဘေးကစောင့်မယ်လို့ ထွက်လာရင်းက အခုလိုဖြစ်တာပါ။

 

မြန်မာများကြီးစိုးတဲ့ “ချင်းမိုင် ညဈေး”မှာ မောင်ကျောက် “ခြောက်ကျပ်ခွဲ” ခဲ့ပုံကတော့ ဒီလိုပါခင်ဗျာ။ အနှီ မိရွှေအဲန်ညာကိုထားခဲ့ပြီး ဘောင်းဘီတို တီရှပ်နဲ့ လမ်းဘေးမှာ “ရှုရှေး”နေတဲ့ မောင်ကျောက်ကို အနွေးထည်ရောင်းနေတဲ့ ဗမာပြည်ပေါက် မွတ်စ်ညီအမနှစ်ယောက်က ဘိုလိုဈေးလာဆွယ်တယ်ခင်ဗျ။
“ဆရာ… ချင်းမိုင် ဆောင်းက အရမ်းအေးပါတယ်။ အနွေးထည်အားပေးပါဆရာ၊ တစ်ထည်မှ ဘတ်၃၅ဝထဲပါဆရာ”
အ ဟဲ… နဂိုရည်ကမှ ရာသီဥတုအေးတာကြိုက်တဲ့မောင်ကျောက်အဖို့တော့ “နိုးနိ” ပေါ့ဗျာ။ ဒါပေသည့် ဇွဲမလျှော့တဲ့ ညီမအငယ်က အတင်းဈေးဆွယ်လေတော့ အစ်မကြီးလုပ်သူက အခုလို ဟန့်ရှာတယ်ခင်ဗျ…
“ဟဲ့… ဇိုင်နက်၊ မဝယ်ချင်တာကို အာ အညောင်းမခံနဲ့။ ဒီကပ္ပလီကြီးကြည့်ရတာ သားရေထူပုံရတယ်” ဟူသတတ်။ အဟဲ… မောင်ကျောက်လည်း ဒေါသသွေးငယ်ထိပ်ရောက်သွားတာမို့…
“တောက်စ် ကောင်မတွေ”လို့ ပယ်ပယ်နယ်နယ် ဆဲမိပါမှ…
“ဟဲ့… ဇိုင်နက်၊ ဒီကပ္ပလီကြီးက ဗမာလိုတတ်ပုံ ရသဟဲ့။ ခုနက ငါတို့ကို ဆဲလိုက်တယ်ထင်တယ် ဟဲ့” ဟုဆိုလိုက်လေတာကြောင့် မောင်ကျောက်လည်း ဆက်ပြောရင် အကျယ်ကျယ်မငြိမ်းဖွယ် ကိုယ်ပဲအရှက်ကွဲမည့်အရေး မြင်မိတာကြောင့် အချိန်မီ ပြေးခဲ့ရတာပေါ့ဗျာ။

 

အင်း….. တကယ်တမ်းပြောရရင်တော့လည်း သူတို့အမှားမဟုတ်။ ကမ်းခြေကပြန်လာလို့ နက်မှောင်သော “ရူပါဓနံ”နဲ့ အဖြူမ အဖော်ပြုပြီးလာလေတော့ မောင်ကျောက်ကို အထင်မှားတာ ပြန်စဉ်းစားမိရင် လွန်အံ့မထင်။ အ ဟဲ…. ပြောလက်စနဲ့ဆက်ပြောရဦးမယ်… “ချင်းမိုင်”မရောက်ခင် ကမ်းခြေမှာ ကြားခဲ့ရတဲ့ “နားဝင်ပီယံ” ရင်သိမ့်တုန်ဇာတ်လမ်းအကြောင်း။ ဒီလိုပါခင်ဗျာ… ဒီဇာတ်လမ်းရဲ့အစကလည်း အနှီမိရွှေအဲန်ညာပါ။ ညသန်းခေါင်ကျော် ၁နာရီခွဲလောက် မောင်ကျောက်ကို ဖုန်းဆက်နှိုးပြီး “ချန်တာဘူရီ”ပြန်မည့် သူ့အခန်းဖော်ရဲ့ကားကြုံနဲ့ “ရရောင်”ကိုလိုက်ပြီး ကွဲချင်တာကွဲလို့ရတဲ့ “ကော့စမတ်”ကိုသွားကြပါစို့လို့ အဖော်စပ်တာပါ။ “နန့်” ဖို့ဆိုရင် ဝန်မလေးတဲ့မောင်ကျောက်ကလည်း အခုလားဟင်”ဆိုတော့ အတိပေါ့ဗျာ။ ဒီလိုနဲ့ “ရရောင်”ကနေ မော်တော်တစ်နာရီစီးပြီး “ကော့စမတ်ကျွန်း”ကို မနက် ၁ဝနာရီလောက် ရောက်သွားကြတာပေါ့။

 

ကျွန်းပေါ်ရောက်လို့ ဘန်ဂလိုမှာတည်းမှ မောင်ကျောက် ပတ်စပို့အနီလေးက ကွိုင်တာခင်ဗျ။ ဘန်ဂလိုပိုင်ရှင်က မောင်ကျောက်ကို ဗမာဆိုတာမယုံပါဘူးတဲ့။ အဲသည်တော့ သူ့ရဲ့ဗမာဝန်ထမ်း “ကိုသောင်းရင်”ကိုခေါ်ပြီး မောင်ကျောက်နဲ့ ဗမာလိုပြောစေတာပေါ့ခင်ဗျာ။ ဟမ်… ဒါလေးများ ဘာခက်တာမှတ်လို့ အဆင်ပြေပါ၏ပေါ့ဗျာ။ ဒါပေသည့် အနှီ “မုဒုံသား ကိုသောင်းရင်”ရဲ့ အထင်တကြီး ဧည့်ဝတ်ကျေမှုကတော့ ဩချလောက်အောင်ပါပဲ။ အဲဂလိုနဲ့ ဘန်ဂလိုကိစ္စအပြီး မောင်ကျောက်နဲ့ အဲန်ညာလည်း သောင်စပ်မှာလန်းလိုက်ကြတာ၊ ညရောက်တော့ မိရွှေအဲန်ညာ ခေါင်းကိုမထောင်နိုင်တော့ပါဘူး။ ဒီတော့လည်း ဘာအရေးမှတ်လို့။ ကမ်းခြေမှာ ညဦးပိုင်း ထန်းပက်လက်ခုံလို ခက်ပက်ပက်ခုံမျိုးမှာ တစ်ရောက်တည်းထိုင်၊ ဟန်နီကန်နဲ့ မာလ်ဘိုရို အဖော်ပြုပြီး ဩကာသလောကကြီးကို ခံစားနေတုန်း “ဘုံကြိုးပြတ်တဲ့ ကိန္နရီ ကိန္နရာမောင်နှံ” မောင်ကျောက်နံဘေးက ခုံကို ရောက်လာတာပဲဗျိုး။

 

ကိန္နရာမလေးက ဘီယာပုလင်းထုပ်ဘေးချ ကိန္နရီအထီးကိုကို ကို၊ မောင်ကျောက်ဘေးနားထားပြီး အခုလိုဆိုသဗျ…
မောင်ရယ်တဲ့… ဒီကျွန်းကို ဗမာတွေမလာလို့ ဗမာလိုပဲ ပြောကြရအောင်ပါတဲ့။ ခင်မတို့မချစ်ရတာကြာလို့ ခင်မ မောင့်ကိုအရမ်းလွမ်းနေတာတဲ့…
မောင်လည်း ခင်မကို အရမ်းလွမ်းနေလို့… ဒီညတော့ ခင်မကို အတိုးချ ချစ်မယ်တဲ့…
….ဆိုပြီး ပြောလိုက်ကြတဲ့ လင်မယားစကားဗျာ ကြားကမောင်ကျောက် နားထောင်ကောင်းကောင်းနဲ့ထောင်လိုက်တာ မာလ်ဘိုရိုလည်းဘယ်လိုကုန်မှန်းမသိ၊ အာတွေလည်းခြောက်လို့ အခုခေတ်လိုသာ “တက်ကနီကွေး” မီရင် အသံဖမ်းပြီး
ရွာသားတွေကို နားသောတ ဆင်စေချင်လိုက်တာဗျာ။ အ ဟဲ… ပွဲမဝင်ခင် ပါးစပ်ဆိုင်းနဲ့တင်ကြို “က”တဲ့ “သူတို့ရဲ့ နှစ်ပါးခွင်” အတော်အရှိန်ကောင်းပါမှ “ကိုသောင်းရင်”အနားရောက်လာပြီး “ဆရာ အဆင်ပြေလား”တဲ့။ မောင်ကျောက်လည်း မညာချင်တာမို့ “အဆင်ပြေ၊ အရမ်းပြေ၊ ဒီမှာ ဇာတ်ကြမ်း နားသောတဆင်နေတာဗျ”လို့ဆိုလိုက်လေတော့ အနှီ ကိန္နရာအတွဲလည်း “ဟယ်… ဗမာကြီးတော့”ဆိုပြီး အမှောင်ထုထဲပြေးသွားလိုက်တာ လိုက်ခေါ်မရနိုင်လို့ ဟောသည့်ဦးကျောက်ကပဲ သူတို့ဘီယာတွေ အဟောသိကံမဖြစ်ဖို့အရေး အားပေးခဲ့ရပါတယ် ဆိုတဲ့ အကြောင်း….

 

 

 

106 comments

  • ဘဆွေ

    June 6, 2013 at 7:08 am

    kakyauk,,,
    I am really impressed with your stories but I felt a bit of humiliation . What? do u think a yellow guy doesn’t have ability to picks white less? C’mon dude, I have my own axiom, “THE NEAREST WAY TO APPROACH EUROPEAN GIRLS’ HEART IS SNEAK IN FROM THE KITCHEN DOOR” kwi kwi kwi..they like Asian foods and hospitality as well….you knew it ha ha ha..
    with love
    swe swe

    • ဦး ကျောက်ခဲ

      June 6, 2013 at 8:31 am

      ညှင်း ညှင်း ကိုဆွေ…
      တော်ကြီးကဘိလပ်မှာနေတယ်ဆိုပြီး ဘိုလိုတော့ခ်တော့ …
      ဒီကလည်း ပြူးပြဲပြီး ဘာသာပြန်ရတာပေါ့…
      တော်တို့လို ဖြူဖြူချောချောတွေက…
      ကျုပ်တို့လို ငမဲတွေကို သနားမယ်ဆိုရင်လဲ သနားပေါ့…
      အဲ… မီးဖိုဆောင်ထဲက လှည့်ဝင်ဖို့ကတော့ အခုတောင်အမိန့်ကျနေပြီဗျ… ဟီ ဟိ
      :harr:

      ကိုရင်ကြက်အူလှည့်
      ခီများ ဓာတ်ပုံကြည့်ပြီး အူယားလိုက်တာ… ဟီ ဟိ
      :harr:

  • ကြက်အူလှည့်

    June 6, 2013 at 7:20 am

    ဆြာ့ဆြာကြီးပါတကားးးးး
    (ပြန်လာပါဦးမယ်)

    :harr:

    • ဦး ကျောက်ခဲ

      June 6, 2013 at 8:57 am

      မလုပ်ပါနဲ့ ကိုရင်ရယ်
      ကျုပ်က ပိစိကွေးတေး တပည့်အငယ်စားလေးပါ…
      :harr:

      • ကြက်အူလှည့်

        June 6, 2013 at 9:19 am

        အိုက်ဒါပဲဗျ.. ဆြာ့ဆြာဒွေ ပညာ တွေ အမြည်းချပြသွားတာ ..
        ကျန်းးး
        နျူးယောက် ဘရွတ်ကလင်း အရပ်က နစ်ဂါ လိုလို .. အယ်လ်အေ ဝက်စ်ဆိုဒ် က ဝမ်ချိုင်းလိုဗလ စတိုင်လ် နဲ့ အဖြူမချိုင်သွားတဲ့လူ နဲ့
        လက်ရေးကလှ တော်ကီက နုရွ နဲ့ တစိမ့်စိမ့်မျော အောင် လုပ်ပြမယ့်လူနဲ့ …
        Real man never lets his woman go to sleep hungry or horny ဆိုတဲ ့လူဝါကြီး နဲ့ ….
        ဒါတောင် အဘ အမဲဆီ တို့ အဘနိုတို့ ရဲ့ ပညာခန်းတွေ မလာသေးဘု
        ကွိကွိ…

        တကယ်တော့ ယောက်ျား ဆိုဒါ မာလ်တီတက်စကင်း ကောင်းပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင် ကြွေဂျရသေးဒါပဲမဟုတ်လား
        ဟီဟိ..

        :harr:

        :528:

        ပြေးပြဗျို့ …

        ဒက်ဂလောက် ..ဒက်ဂလောက် ..

        • KZ

          June 6, 2013 at 9:29 am

          အဲဒါမိုး ရရင် တစ်ယောက်လောက်။

          :harr:

        • ဦး ကျောက်ခဲ

          June 6, 2013 at 10:01 am

          တိန်… ဆြာကြက်အူလှည့်…
          ကျုပ် ကွမ်ရင်လေးဖတ်မိပြီး ပုလိပ်စစ် အစစ်ခံရအောင်တော့…
          မကျီစားပါနဲ့ ဆြာသမားရယ်… ဟီ ဟိ
          :harr:

        • Foreign Resident

          June 6, 2013 at 1:20 pm

          KZ says:
          ” အဲဒါမိုး ရရင် တစ်ယောက်လောက် ”

          သမီး KZ က ဘယ်တစ်ယောက်ကို လိုချင်တာတုံး ။

          ၁ ။ နျူးယောက် ဘရွတ်ကလင်း အရပ်က နစ်ဂါ လိုလို ..
          အယ်လ်အေ ဝက်စ်ဆိုဒ် က ဝမ်ချိုင်းလိုဗလ စတိုင်လ် နဲ့ အဖြူမချိုင်သွားတဲ့လူ ။

          ၂ ။ လက်ရေးကလှ တော်ကီက နုရွ နဲ့ တစိမ့်စိမ့်မျော အောင် လုပ်ပြမယ့်လူ ။

          ၃ ။ Real man never lets his woman go to sleep hungry or horny ဆိုတဲ ့လူဝါကြီး ။

          ဒါမှမဟုတ် ၊ အဲလို အရည်အချင်း အားလုံး ပြည့်စုံတဲ့ တစ်ယောက်ကို လိုချင်တာလား ။
          😛

        • KZ

          June 6, 2013 at 1:53 pm

          ဘဖော နော်။
          ဟီးဟီး။
          တဲ့တဲ့ မပြောချင်လို့ ဟိုလိုလို ဒီ လိုလို လာအော်သွားတာပါ ဆို။
          ပြောတုန်းက နံပတ်သုံး ကို ပြောတာ။
          ရီပလိုင်း နေရာလွဲသွားလို့ပါ။
          :kwi:

  • Foreign Resident

    June 6, 2013 at 8:24 am

    ” မောင်ကျောက်က ဖုန်းဆက်ပြီး လှမ်းစုံစမ်းတာ ဘိုလိုပြောလို့ ဘိုလိုပြန်မေးရင်းကနေ ”

    ဒါဆို ၊ ဦးကျောက်ရဲ့ ဘိုလို စကားပြော တာ သိပ်ကောင်းလို့ဖြစ်မယ် ။
    ဗမာ ၉ဝ % လောက်က ဘိုလို စကားပြော ရင် ၊
    အသံ အနိမ့်အမြင့် အတက်အကျ မပါတဲ့ Tone အသေနှင့် ပြောကြတယ် ။
    ဒါကြောင့် ဗမာ တွေ ဘိုလို စကားပြော ရင် ၊
    ကျနော် လူ ကို မမြင်ရရင်တောင် ၊ ဗမာ မှန်းသိတယ် ။

    ” ဘန်ဂလို ပိုင်ရှင်က မောင်ကျောက်ကို ဗမာ ဆိုတာ မယုံပါဘူးတဲ့ ”

    အဲဒါလည်း အမှန်ပဲ ။
    ယပက်လက် တွေက ဈေးကြီးကြီး ဟာတွေ သုံးဖြုန်းရင် ဗမာ လို့ မထင်ကြဘူးဗျ ။
    အဘ တစ်ခါ ဈေးကြီးကြီး နှင့် ရေချိုး အနှိပ်ခံတုန်းက ၊ ဗမာ လူမျိုးပါလို့ ဝန်ခံတာကိုတောင် ၊
    ပြုစုပေးနေတဲ့ ယပက်လက်မ လေးက ၊ မယုံဘူး ၊ မဖြစ်နိုင်ဘူးတဲ့ ။
    ” ဖမာ့ ” ဆိုတာ အိမ်ဖေါ် အလုပ်ကြမ်း လုပ်တဲ့ လူတွေလို့ ပြန်ပြောတယ် ။
    မယုံ လို့ဆိုပြီး အဘ ကို အပြင်က စောင့်နေတဲ့ Taxi သမားကိုတောင် ထွက်မေးသေးတယ် ။

    • ဦး ကျောက်ခဲ

      June 6, 2013 at 8:46 am

      ဟီ ဟိ အဘဖောကလည်း အချင်းချင်းတွေ ကပ် ကြပ်ပေးနေပြန်ပါပြီ…
      ယပက်လက်မှာ “ဖမာ့”တွေ အနှိမ်ခံရတာတော့ ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ…
      ကြုံလို့ပွါးရရင် အတန်းဖော် ယိုးဒယားမက မောင်ကျောက်ကို အလွန်ရိပါတယ်…
      “နင်တို့ စီမှာ၊ KFCရှိလား MacDonaldရှိလား”ဆိုပြီး ဟားတာပါ…
      မောင်ကျောက်ကလည်း ပြန်ပြောလိုက်တယ်…
      “KFCမရှိ MacDonaldမရှိ ပက်ပုန်းလည်းမရှိ…” လို့…
      :harr:

    • KZ

      June 6, 2013 at 9:25 am

      ဖေကျောက်တို့ လေယူလေသိမ်း စကားပြောကောင်းတာတော့ မပြောနဲ့။
      ရွှေကြည်လေး အကျပ်ခံလိုက်ရတယ်။

      :harr:

      • ဦး ကျောက်ခဲ

        June 6, 2013 at 9:52 am

        ဟီး… မိချွေကျီရဲ့ ဖြစ်ပုံကိုကြည့်ပြီး ရယ်ချင်လိုက်တာအေ…
        စလုံးကို ပြန်လွမ်းသွားပြီ… ဟီ ဟိ
        :harr:

  • KZ

    June 6, 2013 at 8:33 am

    စောစောစီးစီး…….
    ဖေကျောက် ရဲ့ အမဲ ဇာတ်လမ်းဖတ်ပြီး ရီ လိုက်ရလို့ ဒီ နေ့တော့ အရီ နဲ့ စ ရတဲ့ မင်္ဂလာနေ့ပဲ ပေါ့လေ။
    :harr:
    ကျနော် ကတော့ အစကတည်းက အရေပြားတစ်ထောက် ကိစ္စတွေထက် စိတ်ဓာတ်ကိုပဲ ကြည့်တတ်တာမို့၊
    လူချင်းလည်း တွေ့ဖူး၊
    စကားပြောဖူး၊
    ပညာဖလှယ်ဖူးတာမို့ :mrgreen:
    ဖေကျောက်ဘက်ကပြောဖြစ်ခဲ့ရင် ကောင်းကွက်လေးတွေကို ….
    ထောက်ခံပြောပေးနိုင်ကြောင်းပါ။
    :harr:

    ဆွဲဆောင်မှု ရှိပါတယ် ဆိုတဲ့ အမျိုးသားတိုင်း ဘယ်မှာ အသားဖြူလို့တုန်း။
    (ဒီ စကား အသားဖြူ အမျိုးသားများ မမြင်စေရ)
    :harr:

    • ဦး ကျောက်ခဲ

      June 6, 2013 at 8:54 am

      ကျန်း… မိဇာဂျီးတို့ ကြီးပွါးတိုးတက်ဦးမယ်…
      ပါပါကျောက်က…
      “အသားမဲပေမည့် အသည်းကရွှေပါ အေ” အား ဟိ
      :harr:

  • ဦးကြောင်ကြီး

    June 6, 2013 at 9:00 am

    မဲရတဲ အရသာဆိုလို့ ရွေးကောက်ပွဲ ဝင်ဖို့များ ကြံနေလားလို့… အဲလိုတော့ လုပ်နဲ့နော် ကြံ့ဖွတ်သမက်လောင်းဂျီး.. လုပေါင် တခါတစ်ဖူးရင် တသက်လုံး လုပေါင်တစ်ပဲ.. ဝပေါင်နှစ်လို့ အရဘူး…။ ကျုပ်တို့ ဦကျောက်ခဲက အသားမဲပါဗူး.. မဲနက်ပိန်းပိတ်ပြောင်နေတာ… :harr:

    • ဦး ကျောက်ခဲ

      June 6, 2013 at 9:08 am

      ကိုရင်ကြောင်ဇိုး…
      အဲ့လောက်တော့ မဆော်နဲ့ဗျာ… “အနက်နုနု”ဆို တော်ရောပေါ့…
      ဟီ ဟိ ကျုပ်က သမိုင်းပေးတာဝန်ကျေတော့မယ်…
      လုပေါင်တစ်မှ လုပေါင်တစ်ပဲဗျို့…
      :harr:

  • မင်းမင်း

    June 6, 2013 at 9:27 am

    ဟီးဟီး ။ စပိုင်လုပ်ရင် ok လောက်တယ်။

    • ဦး ကျောက်ခဲ

      June 6, 2013 at 9:40 am

      ဟီ ဟိ မလုပ်ပါနဲ့ဗျာ…
      ဒါပေသည့် ခပ်တည်တည်နဲ့ထိုင်နားထောင်ရတာ အရသာတော့အရှိသား…
      :harr:

  • weiwei

    June 6, 2013 at 9:31 am

    မဲတဲ့အရသာ အဖြူတွေကြားထဲရောက်တဲ့အခါ သိလိမ့်မယ် လို့ပဲ ပြောရမလားပဲ …

    တရုတ်မတွေများတဲ့ ကျောင်းထဲမှာ နိုင်ငံခြားသား ကပ္ပလီနဲ့ အသားမဲတဲ့ကုလားတွေ ထင်ပေါ်ပြီး စွံလိုက်ကြတာ ဗမာယောက်ျားလေးတွေ မနာလိုဖြစ်ရလောက်အောင်ပဲ … ကျွန်မသူငယ်ချင်း ဗမာကျောင်းသားတစ်ယောက်ဆိုရင် သူ့ကိုယ်သူ အိုးမဲသုတ်ချင်စိတ်တွေ ခဏခဏပေါက်လို့တဲ့ … :kwi:

    • ဦး ကျောက်ခဲ

      June 6, 2013 at 9:47 am

      အဲသည့်ကျောင်းသား ဘဝ…
      ဗမာကျောင်းသား သူငယ်ချင်းတစ်ယောက်က မချင့်မရဲနဲ့ပြောဖူးတယ်…
      “မြန်မာနိုင်ငံမှာ သုံးစားလို့မရတဲ့ရုပ်က ဒီမှာလာပြီး စန်းပွင့်နေတာ ခွီးလိုမှပဲ” တဲ့…
      ဟီ ဟိ ကျေးဇူးပါ မဝေ…
      :harr:

  • Ma Ei

    June 6, 2013 at 9:54 am

    ဆက်ရန် ရှိသေးလားဟင်…
    :harr:

    • ဦး ကျောက်ခဲ

      June 6, 2013 at 10:05 am

      ထပ်ဆက်ရင် ဗိုက်ခေါက်လိမ်ဆွဲခံရတော့မယ် မအိရဲ့… အား ဟိ
      :harr:

  • Nyo Win

    June 6, 2013 at 10:02 am

    ဦးကျောက်…….မျှော်လိုက်ရတာဗျာ….ဦးကျောက်ပိုစ့်ကို….
    မကြာမကြာရေးပါ…ဆရာကျောက်..
    ဆက်လက်မျော်နေပါ့မယ်…….

    • ဦး ကျောက်ခဲ

      June 6, 2013 at 10:11 am

      မျှော်စေမိတာ ဆောတီးပါ ကိုညိုဝင်းရေ…
      ဦးကျောက် ခရီးယာယီကလည်းများ အလုပ်ကလည်းမအားလပ်အောင်ဖြစ်နေလို့ပါ…
      အခုလို ဖတ်ပေးတာလည်း ကျေးဇူးတင်၊ နောင်များလည်း ရေးပါဦးမယ်… လို့ ဟီ ဟိ
      :harr:

      • Nyo Win

        June 6, 2013 at 10:21 am

        အနက်နုအရေဖုံးပေမဲ့..
        ဆွတ်ဆွတ်ဖြူတဲ့နှလုံးသားပိုင်ရှင်…
        အတွေးကောင်း..အရေးကောင်း..ဦးကျောက်..နဲ ့
        တစ်ခေါက်လောက်..ဆုံချင်မိပါရဲ ့ဗျာ……….

        • ဦး ကျောက်ခဲ

          June 6, 2013 at 10:32 am

          ကိုညိုဝင်းရေ…
          ဦးကျောက်ကလည်း ဆုံချင်ပါတယ်ခင်ဗျာ…
          ဒီလကုန်တော့ ရန်ကုန်ခဏ ပြန်လာဖို့ရှိတယ်ဆိုတော့…
          u.kyauk.gz@gmail.com ကို ဆက်သွယ်လိုက်ပါခင်ဗျ…
          :harr:

  • Mon Kit

    June 6, 2013 at 10:25 am

    ဦးကျောက်ရေ..
    ဖတ်မဝ ပါဘူးရှင်…
    အသားမဲတော့ ပတမြားခဲ တဲ့ (အောက်ဆွဲ ရေးမရလို့)..
    ဆက်ရန်ရှိရင် မျှော်နေအုံးမယ်နော်…
    :harr:

    • ဦး ကျောက်ခဲ

      June 6, 2013 at 10:58 am

      မ Mon Kit ရေ…
      ဖတ်မဝဘူးဆိုလို့ ကျေးဇူးပါခင်ဗျ…
      ဆက်ရန်တွေကတော့ရှိသေးတာပေါ့…
      ဒါပေသည့် အကြောင်းမသင့်ရင် ဗိုက်ခေါက်ပြတ်မည့်ကိန်းရှိတာမို့…
      ဟီ ဟိ… ခပ်ပါးပါးလေး ဘယ်လိုဖွရမလဲလို့ စဉ်းစားလိုက်ဦးမယ်…
      :harr:

    • kyeemite

      June 7, 2013 at 2:05 pm

      မွန်ကစ်ရေ…ဒါလေးနဲ့တွဲရေးနော
      ~ လေးနှိပ်ပီး အောက်ကဆင့်ချင်တာကိုနှိပ်
      တ~တ…တ္တ ပေါ့..နောက်
      ~ နဲ့ y ..ဆိုရင်..၌
      ~ နဲ့ t ..ဆိုရင်..ဤ
      ~ နဲ့ i ..ဆိုရင်..၍
      ~ နဲ့ o ..ဆိုရင်..ဿ တွေရပါသဗျား… :hee:

      • Mon Kit

        June 11, 2013 at 10:23 am

        ကျေးဇူးတင်ပါတယ် ဦးကြီးမိုက်ရှင့်…
        မှတ်သားသွားပါတယ်…
        :hee:

  • Shwe Ei

    June 6, 2013 at 10:49 am

    အန်ကယ်ကျောက် ဟားနီးမူး ထွက်ရင်လဲ ဂလိုပို့စ်မျိုး တပုဒ်လောက် တင်ဘာအူး :mrgreen:

    • ဦး ကျောက်ခဲ

      June 6, 2013 at 11:01 am

      ဟမ်မလေး မရွှေအိရဲ့…
      ဦးကျောက်မှာကလည်း ဘွပေးက အလွဲတွေနဲ့ကြုံရဖန်များလို့…
      သများတို့ ဟားနီးမူးထွက်ရင်တောင်၊ ဘယ်လိုပေါက်ကရနဲ့ ကြုံရဦးမယ်မသိ… ဟီ ဟိ
      :harr:

  • black chaw

    June 6, 2013 at 11:01 am

    ဖြူဖြူချောချောဆိုရင် မြင်သမျှသူတွေက အသားလွတ်ကြည်ညိုချင်ကြပေမည့် ဦးကျောက်တို့လို အသားမဲများဆိုရင် တယ်နှိမ်ချင်ကြတာကိုးခင်ဗျ။

    Right ဟုတ်တယ်…။ ပြောပြလိုက်စမ်းဗါ…။ ကိုကျောက်ရေ…။
    အင်မတန် ဖတ်လို့ ကောင်းသော ပို့စ်တစ်ပုဒ်ဖြစ်ပါကြောင်း
    ရဲရဲတင်းတင်းကြီး အာမခံသွားပါသည်…။

    ပွဲမဝင်ခင် ပါးစပ်ဆိုင်းနဲ့တင်ကြို “က”တဲ့ “သူတို့ရဲ့ နှစ်ပါးခွင်”

    လေးကိုလည်း နားထောင်ချင်ပါသေးကြောင်း…။
    :harr:

    • ဦး ကျောက်ခဲ

      June 6, 2013 at 11:12 am

      ရူပါပွင့်တဲ့ ဘလက်ဘရားသားကြီး ကိုချောရေ…
      ကိုလူဖြူချောတွေကိုမနာလိုလို့မဟုတ်ရပါဘူး… အမဲတွေဘက်က ကာကွယ်ကြည့်တာပါခီည…
      သောင်စပ်က “နှစ်ပါးခွင် အစမ်း က တာ”ကိုတော့ ရွာပြန်ရောက်ရင် အားပါးတရ ပြောပြမယ်ဗျာ…
      :harr: အား ဟိ

  • ဆူး

    June 6, 2013 at 11:10 am

    တိုးနဲ့ စစချင်း နိုင်ငံခြား ခရီးသွားတဲ့ နှစ်တွေတုန်းကတော့ ဘယ်နိုင်ငံရောက်ရောက် မြန်မာ က လာတယ် ဆိုရင် တော်တော် ထူးဆန်း အံဩနေကြတယ်။ အဲ့ဒီ တုန်းကလည်း အုပ်စုလိုက် နိုင်ငံခြား အလည် ပို့နိုင်တာလည်း အကပ်ကောင်းလို့ပဲ ပြောမလား.. တယောက်ချင်းစီ နိုင်ငံခြား သွားချင်လို့ လုပ်ရင်တောင် ဘာလို့ ညာလို့ နဲ့ အမျိုးမျိုး အရစ်ခံရပြိး ထွက်ဖို့ ခက်နေတာ..

    မှတ်မှတ်ရရ မလေး မှာ တိုးဂိုက်က အသံတောင် ထွက်တယ်.. မြန်မာတွေ ဈေးဝယ်လွန်းလို့.. ကားတခါရပ်ရင် တခါ မရမက ပစ္စည်း အတင်းဝယ်ကြလို့.. နင်တို့ မြန်မာတွေ ဒီလောက် ပိုက်ဆံ သုံးလိမ့်မယ်လို့ ငါ တခါမှ မတွေးထားမိဘူး ချမ်းသာတဲ့ လူလည်း ရှိသေးတာပဲ ဆိုပြီး ပြောတယ်။

    အခုနောက်ပိုင်းတော့ မြန်မာတွေလည်း နိုင်ငံခြား ခရီးထွက်လွန်းလို့.. သင်္ကြန်ရက်ဆို လေယာဉ် စီးလုံး ငှား သွားပြီးတောင် ထွက်ကြတယ် ဆိုတော့.. သိပ်ပြီး မထူးဆန်းကြတော့ဘူး။

    • ဦး ကျောက်ခဲ

      June 6, 2013 at 11:22 am

      ဟုတ်ပါ့ မဆူးရေ…
      ချမ်းသာတဲ့သူများကြတော့လည်း နိုင်ဂျံကားထွက်ပြီး ဈေးဝယ်ကြတာ အားရပါးရဗျို့…
      ဟိုတလောက ဟောင်ကောင် “ZARA” Outlet မှာ ဗမာသံကြားလို့ နားစွင့်မိပါတယ်…
      အဘယ်က ခရိုနီလည်းမသိ၊ ဝယ်နေတာများ အားရပါးရ အလကားရနေတဲ့အတိုင်း…
      :harr:

      • ဆူး

        June 6, 2013 at 11:35 am

        ဒါနဲ့ စကားမစပ်.. ဆူး တို့ နိုင်ငံခြား သွားရင် ဈေးဆိုင်တွေမှာ buy 1 get 1 ဆိုင်းဘုတ်ပဲ လိုက်ရှာနေတာ..
        စောစောက ပြောတဲ့ ဈေးဝယ်သူတွေက ခရီးတူတူ သွားတဲ့ လူတွေ အကြောင်းပေါတာ။

      • Foreign Resident

        June 6, 2013 at 1:33 pm

        ” ဟောင်ကောင် “ZARA” Outlet မှာ ”

        ဟဲ ဟဲ ၊ Outlet မှာ ဈေးဝယ်တယ် ဆိုကတည်းက ၊
        သူဋ္ဌေးကြီတော့ မဟုတ်လောက်ဘူး ထင်တယ် ။

  • marblecommet

    June 6, 2013 at 11:22 am

    စောင့်ရကျိုးနပ်ပါတယ် ဆယာကျောက်……
    အရေးအသားကိုတော့ မဝံ့ ဝံ့ဝံ့ မဝေဖန်ရဲဘူးခင်ည…
    ……
    မဲတာကတော့
    ပတ္တမြားမှန်ရင်
    နွံမနစ်ပေါင်…..
    ကျော်ရေးဖူးတယ်လေ
    ….
    အကာလညမှာ
    ဗျိုင်းဖြူထီးထီးကြီးပေါ်က
    လူမည်းမည်းကြီးတစ်ယောက်ဆင်းလာပါတယ်
    ရောက်ရောက်ချင်း သူက
    ဇစ် ဆွဲဖြဲပြတော့
    သူ့ နှလုံးသားက ဆွတ်ဆွတ်ကို ဖြူလို့
    လှပ်လှပ်ပါးအောင်ကို နုငယ်လို့
    အမောင်ကျောက်ခဲ ဟောင်ကောင်ပြန် . . .။
    ……
    ခိခိ….

    • ဦး ကျောက်ခဲ

      June 6, 2013 at 11:33 am

      ဟီ ဟိ ကိုရင်ကမ်းရဲ့ အဲသည့်ကဗျာလေးကို အမှတ်ရမိသေးတယ်…
      အသာလုပ်ပါဆရာရယ်၊ ဦးကျောက်လည်း လူထဲလူပါပဲဗျာ…
      အသားအရေတော် အနက်နုရောင်ပေါက်တာကလွဲလို့… အား ဟိ
      :harr:

      • may july

        June 6, 2013 at 12:13 pm

        ဟုတ်တယ်ဗျ ဦးကျောက်က မဲတာမဟုတ်ဘူး နက်တာ ..
        အဲတာကြောင့် ဗမာတွေ မမှတ်မိတာ …. :harr:

        • ဦး ကျောက်ခဲ

          June 6, 2013 at 12:32 pm

          ဟမ်မလေး မိဂျူဂျူးရယ်…
          ညည်းလုပ်မှပဲ ဦးကျောက်မှာ ငိုချင်စိတ်တောင်ပေါက်လာပြီ…
          :byae:

  • ကြက်အူလှည့်

    June 6, 2013 at 11:45 am

    ဘာလူမျိုးပဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပါပဲ။ ပစ္စည်းတစ်ခုကိုရွေးမိရင် ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ သင်းတို့မှာ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ပြတ်တယ်ကိုမရှိပါဘူး။ ဆိုလေတဲ့အတိုင်း မိရွှေအဲန်ညာလည်း မိန်းမထဲကမိန်းမဖြစ်တာမို့ “ချင်းမိုင် ညဈေး”မှာ ဟိုဟာချ၊ဒီဟာမ လုပ်လေတော့

    ကွန်ဆာဗေးတစ် ဂိုဏ်းက မကြီးမငယ် အိပ်ထိယ ဝါဒီကြီး လာမီးဒုတ်မရှို့ ပါဇီနဲ့ ဆုတောင်းပါတယ် ကွီ.. အမျှ အမျှ..
    :byae:

    ဒက်ဂလောက် ..ဒက်ဂလောက် ..

    • ဦး ကျောက်ခဲ

      June 6, 2013 at 12:23 pm

      ဟီ ဟိ စ မိမှတော့ မတတ်နိုင်ဘူး ကိုရင်ကြက်အူလှည့်…
      ကွန်ဆာဗေးတစ်ဂိုဏ်းက အိပ်ထိယဝါဒီကြီး မီးဒုတ်လာရှို့တော့လည်း…
      :harr: ဂလိုလေးပဲ ရယ်ပြလိုက်တော့မယ်… အား ဟိ

      • အရီးခင်လတ်

        June 6, 2013 at 2:42 pm

        အဲဒီ ကွန်ဆာဗေးတစ် အိပ်ထိယဝါဒီကြီး မိန်းမ ကြီးက
        အိမ်မှုအလုပ်တွေ ကို တစ်ယောက်ထဲ ဘဲ လုပ်တာ၊
        အလုပ်အချိန် နဲ့ ကလေး ကျောင်းပို့/ကြို အချိန်လုပြီး ကိုယ်တိုင် လုပ်တာ၊
        ယောကျာင်္း ကို ဈေးမဝယ်ခိုင်း၊ အထုတ်မထမ်း ခိုင်းတာ၊
        ကားနဲ့ သွားရင် သူ့ကို ဘေးကဘဲ ထိုင်လိုက် ခိုင်းတာ၊
        သူ့ ဆွေသူ့မျိုး တွေ နဲ့ သင့်အောင် ကျို့ပေါင်း ရတာ၊
        ကိုယ်အလေးချိန် ကို ၅ဝကီလို ထက်ပိုပြီး မတက် စေတာ။
        ဒါတွေ၊ ဒါတွေ၊ ဒါတွေ က ဘာကြောင့်လို့ ထင်လဲ။
        နောက်မှာ ဝှက်ဖဲတွေ အများကြီးနော်။
        ကိုကျောက် ရဲ့ ကွမ်ရင်လေး ကို ပြောပြရမလား။ 😛

        ဟိုသူငယ် မောင်ဂီရိ ကတော့ နားရွက်ကောင်း လို့ ပွဲ တောင်းနေသလား။
        😉

        • ဦး ကျောက်ခဲ

          June 7, 2013 at 7:52 am

          ဟရေး… အရီး… မောင်ကျောက်လဲ မဟာပုရိသဝါဒီပါ…
          အဘယ် အိပ်ထိယကိုမှ အားမကိုးချင်တာကြောင့်…
          ကိုယ်တိုင်ဈေးဝယ်၊ ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ဆေး၊ ကိုယ်တိုင်လျှော်ဖွပ်၊
          ကိုယ်တိုင်အခန်းသန့်ရှင်းရေးလုပ်၊ ကိုယ့်အားကိုယ်ကိုးလိုက်တာ…
          ရုံးပိတ်ရက်ဆို ဖလက်ပြနေတာပဲ… အားဟိ
          :harr:

  • ရွှေတိုက်စိုး

    June 6, 2013 at 12:00 pm

    အော်ဖစ်မှဖစ်ရလေ ဦးကျောက်ရယ်….
    အဖြစ်ကတော့ မနှစ်ကနဲ.မတူဘူးပဲ…….. ဦးကျောက် အသားအဲလောက်မဲပါဘူးဂျာ……. နီဂရိုးပါးပါး လောက်ပဲ ချိတာပါ……..ဟိဟိဟိဟိ… ရုပ်ခံကောင်းဒယ်ပဲ ဆိုမလားဘဲ…
    ကမ်းခြေက လင်မယား စကားပြောခန်းလေး……. ပို.စ်တင်ဗျာ… ကိုရင့်နှယ့် ပွင့်လင်းမြင်သာမှ မရှိလိုက်ထာ………. ခစ်ခစ်ခစ်..
    ဒီက အဲလို အစလေးထားရင် ဆွဲကိုထုတ်ပစ်ချင်တာ မွေးရာပါဂျ….. သိပ်တော့လဲ ဖတ်ချင်လှတာမဟုတ်ပါဘူးလေ… ရွာသူားတွေ ဘာဟုသုတ ရအောင်ဘာ…………. အဟီးးးးးးးး :hee: :hee:

    • ဦး ကျောက်ခဲ

      June 6, 2013 at 12:28 pm

      ဟီ ဟိ လူဇိုး၊ သများလင်မယားကို သွားစိတ်ဝင်စားနေတယ်
      ပြန်ပြောရရင်တော့ ခီညားတို့ ဟိုဆိုက်သည်ဆိုက်မှာ နားထောင်ဖူးတဲ့
      “ညလေး နဲ့ ကိုဂျီး” ဇာတ်လမ်းလောက်တော့…သနားဒယ်…
      ကြမ်းချက်ကတော့ ၉လောက်ရှိတယ် ကိုရင်တိုက်ရေ…
      :harr:

      • ဟယ်ဂယ် စိတ်ဝင်ဂျား တွားဘီ…… ကိုရင်ကျောက် အဲဒီပို.စ်လေး အထာလေးတွေနဲ. ပညာလေးပြရေးဗျာ……….
        ဟိုဗမာကားတွေလိုပေါ့…… လလေးက တိမ်ဖုံး……နှင်းဆီပွင့်ဖတ်လေးကြွေ.. ဒေါက်ဖိနပ်လေးတစ်ဖက် လဲပြီး…… ဂျိမ်းဆို မိုးချိမ်းလိုက်… ပြီးရင် မနက်လင်းပြီး တရှုံရှုံငိုပြလိုက်လေ………..
        ဒါဆို ဘာဖစ်တယ်ဆိုတာ အကုန်တိတယ်…………
        အဲလိုအဲလို အထာလေးတွေနဲ. ရေးပေါ့ဂျာ……………

        ဘယ်နေ.တင်မှာလဲ စောင့်နေမယ်နော်……… ဂွတ်ထ်ကဲ……. အဲအဲ မွှားလို. ဦးးးးးးးးးးကျောက်
        :kwi: :kwi:

      • ဂန္ဓာရီ ဆြာအုပ်

        June 7, 2013 at 12:50 am

        ဟယ်..တော်ပါသေးရဲ့ အဲဒါကျုပ်ဆိုတာ ဥကျောက်မသိလို့ ခွိခွိခွိ

        • ဦး ကျောက်ခဲ

          June 7, 2013 at 7:54 am

          ဆြာအုပ်…
          အဲဒါ ခီညားတို့အတွဲဆိုရင်တော့…
          အခုပြန်ပြော… အခုပြန်ပြော… ဟီဟိ
          :harr:

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 6, 2013 at 12:30 pm

    အားကျလိုက်တာဦးကျောက်ရယ်
    အမှန်တော့မနာလိုတာ
    လူရှိန်အောင်ဟန်ဆောင်ပြောရရင်တော့ ကွန်ကရစ်ကျူးလေးရှင်းဘါဗျာ
    ကျုပ်တို့များ ဘွတ်ဒေရွှတ်ဒေဝတ်ပြီးသွားဒါတောင်
    အလုပ်များလာလျှောက်သလားဆိုဒဲ့ပုံစံမျိုးနဲ့

    • ဦး ကျောက်ခဲ

      June 6, 2013 at 12:48 pm

      ကြံကြံဖန်ဖန် ကိုအောင်ပုရယ်…
      မတော်ရသေးတဲ့ ဒယ်ဒီပါပါးချစ်ဖေဖေက မဲပါတယ်ဆိုပြီး ကွိုင်ရှာလို့…
      ညစ်နေပါတယ်ဆိုမှ… လာပြီး အားကျနေသေးတယ်… ဟီ ဟိ
      :harr:

  • ဥငေးရေ …
    သေးပေါက်ချင်တာတောင်မှ
    သွားမပေါက်သေးဘဲနဲ့
    အောင့်ပြီး ပြီးအောင်ဖတ်တွားဒယ် သိလား …

    အခု ပေါက်ပီးတွားဘီ …
    ဒါဂျောင့် လာမန့်လိုက်မိ …
    ဒက်ဒက်တိုက်လိုပဲ ဟိုအခန်းလေးများ ပို့စ်အဖြစ် ဖတ်လိုက်ရရင်ဗျာ ….
    အဟွတ် ….. :mrgreen:

    • ဦး ကျောက်ခဲ

      June 6, 2013 at 12:54 pm

      ဟမ်… ခီညားတို့ကလည်း ညှီပါ့…
      ဟီ ဟိ ပို့စ်တော့မတင်ရဲပါဘူးဗျာ… ဒါပေသည့် ဒီလောက်တောင် သိချင်ရင်…
      လဘက်ရည်တိုက်… မစားရဝခမန်း ပြောပြမယ်… ဟီ ဟိ
      :harr:

      • ဂလိုလုပ်ဘာလား ဥငေးး
        ဥငေး ပျံလာဒဲ့ အချိန်ကျရင်
        နားထောင်ဂျင်ဒဲ့ လူဒွေဂို
        ဝင်ဂျေး ကောက်ပီး ပြောပြဘာ့လား .. ဟဲဟဲ …
        လဂါး နောက်ဒါဘာ ….
        ဥငေး ပျံလာဒဲ့အခါ ဒီအကြောင်း ပြောပြရမယ်နော့ ..
        ဒါဘာဗျဲစ် ..

      • nozomi

        June 6, 2013 at 1:51 pm

        အဲဒါကို အသံဖမ်းထားမယ် ၊ ပြန်တင်လိုက်ရင် ‌ဒေါက်တာ‌ကျောက်ကြီး ဆိုဒ် ရပြီ

        ဖတ်လို ့‌တောင် မဝဘူး
        များများ‌ရေးပါ ဗျ ၊ ဗိုက်‌ခေါက်ဆိုတာ ဆွဲ မဲ့သူ ရှိ မှ အဆွဲခံ ရတာ ဂုဏ်‌တောင် ယူဘို ့‌ကောင်း‌သေး

        • ဦး ကျောက်ခဲ

          June 6, 2013 at 2:10 pm

          ဒီလို ကိုရင်နိုရဲ့…
          အဲသည့်အချိန်တုန်းက NOKIA 3210 ပဲ နောက်ဆုံးပေါ်သေးတာကိုး…
          ဒီဘက်ခေတ်လိုသာဆိုရင်တော့ တယ်လီဖုန်းကိုကလစ်လုပ်ပြီး အသံဖမ်းထားပါတယ်ဗျာ…
          အဲဒါမှ ရွာသားတွေ သားရည်ကျလို့ ရမှာ… အား ဟိ
          :harr:

      • ဟာဂျာ အဲလောက် ကြမ်းတဲ့ ၉လောက်ရှိတဲ့ စကားတွေကို လက်ဖက်ရည်သောက်ရင်းပြော ဘယ်ပြောရဲမလဲဂျာ…….
        ပြောတဲ့သူကလဲ ရဲဆေးလေးတင်ပြော နားထောင်တဲ့သူကလဲ ရဲဆေးလေး သောက်ပြောမှကောင်းမှာပေါ့လို…
        ညံ့ပအေ………..

        နို.မဟုတ်ရင် စကားတွေက လှလွန်းလို. နားထောင်တဲ့သူ နှလုံးရောဂါရနိုင်ဒယ်လေ…..နော်ဂျာ..တိုဂျီးကြောက်ရာ…..

  • နွေဦး

    June 6, 2013 at 1:42 pm

    ဒါ့ကြောင့် လူကြီးတွေ ပြောတာကိုး.. အသားမဲတော့ ပတ္တမြားခဲ တဲ့ ။
    ဟော..အသားဖြူတော့ အလကားလူတဲ့.. ။
    ဟိုခလေးတွေ ပြောတဲ့
    ဖြူ ရွှင် (ဖြူတဲ့သူ စကားရွှင် သတဲ့ )
    ညို စီး (ညိုတဲ့သူ ကပ်စေးနဲတယ်တဲ့)
    မဲ မလွှတ်နိုင် (မဲတဲ့သူများ တန်ဖိုးရှိလွန်းလို့ လက်မလွှတ်နိုင်ဘူးတဲ့)
    ဟဲ ဟဲ ..ဟုတ်ရဲ့လားတော့ မသိပါဘူးဗျာ……

    • ဦး ကျောက်ခဲ

      June 6, 2013 at 2:02 pm

      မင်္ဂလာပါ အကိုကြီးရေ…
      ဟီ ဟိ အခက်ပွေနေတာက မတော်ရသေးတဲ့ ယောက္ခထီး…
      ဒယ်ဒီပါပါးချစ်ဖေဖေက မောင်ကျောက်ကို ပတ္တမြားခဲမှန်း မသိသေးတာပဲခင်ဗျ…
      :harr:

      • ဆူး

        June 6, 2013 at 2:13 pm

        ပတ္တမြား ခဲမှန်း သိအောင်.. သမီးမှ တဆင့် ဖခမည်းတော် ရွှေနားတော် သွင်းဖို့ စာရေးပြီး မှတ်တမ်း တင်ထားတာ ဖြစ်ရမယ်..
        သမီးကညှာ.. အခါမလင့် အပြောကိုလျော့ပြီး လက်တွေ့ပြမယ် ဒယ်ဒယ် မယုံရင် ဒီပိုစ်ဖတ် ဆိုပြီး လင့် ပေးလိုက်ယုံပဲ..
        အဲ့လို အကြံ နဲ့ ဟုတ်စ..

        • ကြက်အူလှည့်

          June 6, 2013 at 2:17 pm

          ဦးကျောက် ကျော် နှင်းကေသရာ ကျောက်တဲ့ သူရဲကောင်း ဆိုပြီး စတိုင်းယားတပုဒ်
          ရေးပေးရမား ဟင်င်င်င်င်င်င်

          :528:

          ဘိုးတော် ဝင်ဖတ်မိရင် တခါတည်း ကြွေသွားအောင်ဘာာာ

          :harr:

        • ဦး ကျောက်ခဲ

          June 6, 2013 at 2:24 pm

          ဟမ်မလေး မဆူးရယ်… မကြံကောင်း မစီရာ
          မတော် ဦးကျောက်ပေါက်ကရရေးထားတာတွေတွေ့သွားမှ…
          ဒီလောက်မျက်နှာပြောင်တဲ့ကောင် သဘူမတောဘူး လုပ်ပလိုက်လို့…
          ဒူးနဲ့မျက်ရည်သုပ်နေရဦးမယ်… ဖွဟဲ့ လွဲစေဖယ်စေ…
          :harr:

        • ဦး ကျောက်ခဲ

          June 6, 2013 at 2:33 pm

          ကိုရင်ဂီ…
          ခီညားကလည်း “ကြက်အူလှည့်” နာမည်ပြောင်းပြီးကတည်းက…
          ကြပ်ဖို့ပဲ ကြံနေတော့တာပဲ…
          သများက ရင်ထိတ်နေရသူမို့ အချွန်နဲ့မ “မ” ပါနဲ့ ကိုကိုရယ်…
          :harr:

  • အရီးခင်လတ်

    June 6, 2013 at 2:38 pm

    မဲ တဲ့ အရသာ ကို မြည်းနေကြတာများ အားရစရာ။
    ဂျစ်မွှေးပါလို့ လား။ အရေးကောင်း ပါရမီ ပါလို့။ နှစ်မျိုး လုံးလား။

    ကိုကျောက် ရင်းဂလိပ် သံ ကတော့ အဘဖော ပြောသလို နပိသံ မပါလို့ ဘဲ နေမှာ။

    မှတ်ချက် တော်တော်များများ က ဆက်ရန်မျှော် နေကြသတဲ့။
    ဒီဇာတ်လမ်း ထဲ မှာ နောင်အနာဂါတ် များ ထဲ မှာ အဓိက ဇာတ်ဆောင် မင်းသားကြီး တစ်ပါး ပေါ်လာတော့ မည် ဟု နမိတ်ဖတ် မိပါသည်။
    ဘာတဲ့။
    အသူရာ နဲ့ သိကြားမင်း ဆိုလား။
    ကိုကျောက် ကတော့ စစ်ခင်း မယ် မထင်ပေါင်ဗျာ။
    သူ့ အဘ ကို ဆီလူးပြီး နင်းနှိပ်ပေးဖို့ တဲ့။
    အဘဖော နဲ့ အတူ ဟိုသကောင့်သားလေး ရဲ့ ရွာထဲ က မာဆတ်ဆာကြီး ဆီမှာ သင်တန်းတက် နေပြီ တဲ့။
    နားစွန် နားဖျား ကြားလိုက် ရတာ။
    (စီဒီ တူ ကဘချော)

    • ဦး ကျောက်ခဲ

      June 6, 2013 at 3:11 pm

      “အသူရာ နဲ့ သိကြားမင်း”တော့ မလုပ်လိုက်ပါနဲ့ အရီးရယ်…
      ဖေဖေချစ်အောင်နေရမယ်ဆိုလို့ တစ်နေ့တနေ့ မှန်ရှေ့မှာ စတိုင်မျိုးစုံနဲ့ ဖေဖေ အခေါ်ကျင့်နေရတယ်ခင်ဗျ…
      အသက်ကြီးမှ ဝက်သက်ပေါက်ရတော့လည်း ဒီလိုပေါ့ အရီးရယ်… မရှက်နိုင်ပေါင်…ဟီ ဟိ
      :harr:

  • Foreign Resident

    June 6, 2013 at 3:07 pm

    ဦး ကျောက်ခဲ says:
    ” ဒီလောက်မျက်နှာပြောင်တဲ့ကောင် သဘူမတောဘူး လုပ်ပလိုက်လို့…
    ဒူးနဲ့မျက်ရည်သုပ်နေရဦးမယ် ”
    ” သများက ရင်ထိတ်နေရသူမို့ အချွန်နဲ့ မ “မ” ပါနဲ့ ကိုကိုရယ် ”

    ဒီ ဦးကျောက် ဟာလေ ၊ ပြောလိုက်ရင် ကြောက်တယ် ၊ ကြောက်တယ် နှင့် ၊
    ပြီးတော့ ရေးလိုက်ရင်တော့ ဒီယောက္ခထီးလောင်းကြီး အကြောင်းက အမြဲပါတယ် ။
    နာတော့မယ်နော် ၊ ဆင်ခြင်အုံး ။ စေတနာနှင့် ပြောတာ ။

    • ဦး ကျောက်ခဲ

      June 6, 2013 at 3:18 pm

      ဟုတ်ကဲ့ အဘဖော…
      မောင်ကျောက်ကလည်း အဲဂလို မကလိရရင် နေလို့ကိုမထိတာမို့…
      ပို့စ်မတင်ခင် ဆင်ဆာလက်ကိုအပ်ပြီး အခုတ်အထစ်ခံထားရတာ ခင်ဗျ… ဟီး ဟီး
      :harr:

      • ကြက်အူလှည့်

        June 6, 2013 at 3:18 pm

        မွေ့နှင်းကေသရာ
        လဂွမ်းကျောက်
        သုရှင်
        ကမတ်ဒေါင်
        သမိန်ဗဂီ့
        ယွဲကံစီ
        သတိုးဖက်ထုပ်
        တိုက်ရဲကျော်စွာ
        ဘုရင်မင်းခိုမ်

        ဇာတ်ကောင် ၉ကောင်တော့ ရနေဘီ…ဟီဟိ..
        ဘုရင်မင်းခိုမ် ကို သွားလုပ်ကြံဒဲ့အခန်း ရေးမာ….

        ဒီ ကလောင်နဲ့ ကျမှ ညှစ်ချတိုင်း ကို ထွက်တာရယ်…

        ကွိကွိ…

        :harr:

      • Foreign Resident

        June 6, 2013 at 3:45 pm

        ဦး ကျောက်ခဲ says:
        ” ပို့စ်မတင်ခင် ဆင်ဆာလက်ကိုအပ်ပြီး အခုတ်အထစ်ခံထားရတာ ခင်ဗျ ”

        ဪ ၊ အဲ့ဂလိုလား ။
        အင်း ၊ မရခင်ထဲက ကြောက် နှင့်နေတဲ့ ဦးကျောက် ပေါ့လေ ။
        ဟီ ဟိ ။ အဘ နှင့် ဂိုဏ်းတူသွားပြီ ( မယက ) ။
        ( မယက ) သွေးသောက် ညီအကို ဖွဲ့ရအောင် လေ ။

        • ဦး ကျောက်ခဲ

          June 6, 2013 at 3:55 pm

          အဟဲ ကြောက်တာမဟုတ်ဘူး အဘရဲ့…
          ဂျစ်တာ… ဂျစ်တာ၊ ဂျစ်လို့ဦးစားပေးတာပါ ခင်ဗျ…
          နောက်ပြီး မောင်ကျောက်ရဲ့ နောက်ကြောင်းအားလုံးကို မထိမ်မချန် ဖွင့်ပြောပြီးသားပါခီညာ…
          :harr:

        • KZ

          June 6, 2013 at 4:14 pm

          ကျန်နေသေးတာတွေ
          ပြောပြနိုင်ရင်
          ဘာပေးမှာတုန်း။

          :harr:

        • Hnin Hnin

          June 6, 2013 at 4:33 pm

          ဘရေ….” ဦးကျောက်အရေး(အရေးအသား) ဘေးမဲ့ပေး ”

          သတ်ပုံတစ်ခုပဲ ပြင်ရတာပါ။ ပေါတောတောနဲ့။
          ကြောက်ချင်ယောင် ဆောင်နေတာပါ..ဘရေ့။
          ဖူးစာပါရင်တော့ မဆောင်စေရပါဘူး။
          ဆူးကမှ အမှန် မြင်တတ်သူနော်။

          နံပိန်လည်း မဟုတ်ရပါ။ သူ့အမြင်ပါ။
          မြင်ဖူးသူများ ထောက်ခံပေးနိုင်မလားရှင့်။
          ဆုတ်ကပ်ထဲ(အခုခေတ် ပိန်ပါးလေးမဟုတ်) မရောက်ပါ။ :mrgreen:

        • KZ

          June 6, 2013 at 4:43 pm

          ဟုတ်ပါဒယ်။။
          ဟုတ်ပါဒယ်။

          :528:

        • Foreign Resident

          June 6, 2013 at 6:00 pm

          Hnin Hnin says:
          ” နံပိန်လည်း မဟုတ်ရပါ ”

          သမီး ကလည်း ၊ သမီး ပြောခါမှပဲ ၊
          တစ်ရွာလုံး ရိပ်မိကုန်တော့မယ် ။

    • ဆူး

      June 6, 2013 at 3:37 pm

      စကားလေး တခု ကြားဖူးတယ်.. ကြောက်တယ် ကြောက်တယ်နဲ့ အိမ်ဦးခန်း တက်ပြီး အီးအီး တက်ယိုနေအုန်းမယ်တဲ့.. အဟိ..
      အဲ့ဂလိုများ ဖြစ်နေမလား တိဝူးနော်..

      လစ်ပြီးး အဟေ့… :harr:

      ဥကျောက်က သကြား နဲ့ အသူရာ မဟုတ်ပဲ.. ထောပတ် နဲ့ သကြား

      • padonmar

        June 6, 2013 at 9:56 pm

        ထောက်ခံချက်တောင်းလို့ ထောက်ခံပေးလိုက်ပါသည်။
        (ဒက်ဒီပါပါးချစ်ဖေဖေထံ လိုက်တောင်းဆိုလည်း တောင်းပေးကြရန် အသင့်)

        • Hnin Hnin

          June 6, 2013 at 11:52 pm

          နှင်းနှင်းမှာ ခုလောလောဆယ်တော့ ကျောက်၊ကြောက် နှစ်မျိုးကြောင့် စိုးရိမ်
          ပူပန်နေရပါတယ်။ အားကိုးရမယ့် လူတွေကတော့ များသား။ :mrgreen:

          တစ်လက်စတည်း အရေးအသား အမှားပါသွားရင် ခွင့်လွှတ်ပေးကြပါနော်။
          စိတ်ရှင်းရှင်းနဲ့ပဲ ရေးခဲ့တာမို့ပါ။ ဘယ်သူ့မှလည်း စိတ်မဆိုးပါ။

        • Ma Ma

          June 7, 2013 at 7:52 am

          သတ်ပုံဂိုဏ်းသားကို မထိနဲ့ မီးပွင့်သွားမယ်။ :harr:
          ကျောက်၊ကြောက် နှစ်မျိုးကြောင့် စိုးရိမ်ပူပန်နေရပါတယ် ဆိုလို့ :kwi:

          တစ်ယောက်သောသူကို နံပိန်မဟုတ်ကြောင်းလည်း ထောက်ခံသလို၊
          နောက်တစ်ယောက်သောသူကလည်း ဖေဖေ လို့ ချစ်စဖွယ်မူဟန်၊ သာယာနာပျော်ဖွယ်အသံဖြင့် ခေါ်နိုင်ကြောင်း အကြွင်းမရှိယုံကြည်ပါတယ်။ harr: :kwi: ::hee:

        • ဦး ကျောက်ခဲ

          June 7, 2013 at 8:00 am

          ဒါမှ… သားသားတို့ရဲ့ အန်တီဒုံခင်ဗျ…
          ဟီဟိ… ဝတ်စုံအသစ်သာ ချုပ်ထားကြပါတော့ခီညာ…
          :harr:

        • ဦး ကျောက်ခဲ

          June 7, 2013 at 8:08 am

          ကြောက်ပါတယ် အန်တီမမရယ်…
          အကြွင်းမရှိယုံကြည်ပါတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ…
          :harr:

  • TNA

    June 6, 2013 at 5:47 pm

    အုအုကျောက် အသံမဖမ်းထားလဲမှတ်မိသလောက်ပိုစ့်တပုဒ်တင်ပေါ့။ နိုင်ဂျံဂါးထွက် ဟင်္သာမောင်နှံ ဗဟုတ်သုတ်တပေါ့။ ဟီးးးးးးးးးးးးးးးး။

    တကယ့်ကိုစိတ်ဝင်စားဖွယ်ရေးထားတာပဲ။ ရီလိုက်ရတာလဲဆိုတာမပြောနဲ့တော့။ ဟိုလက်ထောက်မန်နေဂျာ မလေးလဲ အီတွားမွှာပဲနော်။ အုအုကျောက်ကို စိတ်ထဲကကျိတ်ဆဲနေမယ်ထင်ပါ့။ ဒါမှမဟုတ် အုအုကျောက် ကိုများကျိတ်ကြွေနေလားမတိ။ အမှန်မှာ တောင်းဗန်ဗြဇီ ဆိုပီး ဇာတ်လမ်းဆက်လိုက်ရမှာ

    • ဦး ကျောက်ခဲ

      June 7, 2013 at 8:16 am

      ဟီဟိ… မသဲရယ်…
      အတော်လေးညှီတာမို့ အဲသည့် သောင်စပ်က “ကိန္နရီ ကိန္နရာမောင်နှံ” အကြောင်း မပြောပါရစေနဲ့…
      ဟိုလက်ထောက်မန်နေဂျာ မလေးကတော့ မောင်ကျောက်ကိုမြင်တာနဲ့…
      “ဝှစ်…ဝှစ်” ဆို… “လှစ်”ကနဲပြေးတာမို့ ဇာတ်လမ်းမဖြစ်ခဲ့ကြောင်းပါ…
      :harr:

  • Mr. MarGa

    June 6, 2013 at 7:24 pm

    မဲမဲလေးနဲ့ လှသူလေး ကျောက်ရေ……..ဟီဟိ
    အဲဒီ ဇာတ်လမ်းလေးကိုလဲ ကြားချင်ပါရဲ့။
    ဒါနဲ့
    ရွှေကြည့်ကို ဘယ်လိုလှည့်လိုက်သလဲ ဆိုတာလေး
    :kwi:

    • ဦး ကျောက်ခဲ

      June 7, 2013 at 8:19 am

      ကိုမာဃရေ…
      ဘယ်လိုအကြပ်ခံလိုက်ရသလဲဆိုတာ မိချွေကျီကိုသာ မေးကြည့်ပါတော့…
      ဦးကျောက်ကတော့ သတိရမိတိုင်း ပြုံးမိတယ်…
      :harr:

  • မောင် ပေ

    June 6, 2013 at 9:38 pm

    မင်းသားကြီးမှာ ရမ်းတဲ့ညချမ်း လေး ကို သတိရမိသဗျား
    နောက်နေ ့ ၊ ဘာမေးတယ် မှတ်တုန်း…
    “အဲ့ လူကြီးက ဗမာ ဟုတ်ရဲ ့လားတဲ့”
    ဟီ ဟိ

    • ဦး ကျောက်ခဲ

      June 7, 2013 at 8:23 am

      ကိုပေရယ်…
      ကိုရင်တို့မန်းသား TAXI တွေ ဟော်တယ်ကနေ ကျုပ်အပြင်ထွက်တိုင်း…
      ဘိုလိုလိုက်လိုက်တွန်းလို့ အတော်ဖီးလ်ငုပ်လာတာဗျ… ဟီး ဟီး
      :harr:

  • kai

    June 7, 2013 at 2:39 am

    မနေ့တနေ့ကတင်.. အမဲသမ္မတအိုဘားမားက.. အမဲအမျိုးသမီး(ရိုက်စ်)ကို.. အမျိုးသားလုံခြုံရေးအကြံပေးခန့်တာမှာ.. ယူအက်စ်နိုင်ငံခြားရေးပေါ်လစီသစ်က.. အာရှစွဲ(Asian pivot) ပေါ်လစီစကားပြောတယ်..။
    အမဲနဲ့အာရှသားတွေ စန်းပွင့်လာချိန်ပေါ့…။

    အမဲရုပ်နဲ့. အာရှသားတွေဖက်.. အဖြူတွေတန်းစီကုန်တော့မှာ.. မြင်ယောင်မိပါတယ်..။
    ဆိုတော့..
    ဆွဲ… ဆရာ/ဆရာမတို့ရေ့..။
    ဆွဲစရာမြန်မြန်ဆွဲထားကြ..။

    အဲ.. အချိန်တော့ မဆွဲကြနဲ့.. :kwi:

    • ဦး ကျောက်ခဲ

      June 7, 2013 at 8:30 am

      ဆွဲ… ဆရာ/ဆရာမတို့ရေ့..။
      ဆွဲစရာမြန်မြန်ဆွဲထားကြ..။

      ဆွဲချင်တာပေါ့ သဂျီးရယ်…
      :harr:

  • Miss Crystalline

    June 7, 2013 at 1:09 pm

    ဒီရွာထဲက ကလောင်မည်အမည်းနဲ ့ရူပါမည်းတယ်ဆိုသူတွေစန်းတက်နေတာဘူသူမှလိုက်မမှီတာ အထင်အရှားပါ 🙂
    ရမ်ဒီဂျက်ဆင်ကြီးက စတိုရီအက်ဒစ်တင်းအရမ်းကောင်းတော့ အချစ်ဝင်နေသူလေးက သံသယဝင်စရာတွေကိုမမြင်မိဘူးထင်တယ်.. :kwi:
    အပျော်နောက်တာပါနော်.. ဒီရွာထဲက ကလောင်နာမည်တွေကို ကိုယ့်မိတ်ဆွေရင်းလို ရင်းနှီးနေတော့ ဦးကျောက်ရဲ့ပိုစ့်ကိုဖတ်ပြီး အဘဖောလိုပဲစိတ်ပူမိသွားတာ.. နောက်ပိုင်းကွန်မင့်တွေဆက်ဖတ်မှ စိတ်အေးသွားတယ်.. ကြားသုံးကြားမဝင်စကောင်းဆိုတာဒါကြောင့်ကိုး… 🙂
    နှစ်ယောက်စလုံးရဲ့စိတ်ကူးအိပ်မက်တွေအမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ..

    • ဦး ကျောက်ခဲ

      June 7, 2013 at 1:39 pm

      ဆိုင်းဆိုင်းဖမ်းကိုင် ချစ်သူကြီး မင်္ဂလာပါခင်ဗျ…
      စိတ်ပူပေးကြတာ ဆုတောင်းပေးကြတာ အထူးပဲကျေးဇူးတင်ပါတယ်…
      ဦးကျောက်လည်း ဆိုင်းဆိုင်းလို ဗလကောင်းကြောင်းကြွားချင်လို့…
      ပါရမီဖြည့်ဘက် ရှာတာပါခီညာ… အား ဟိ
      :harr:

  • kyeemite

    June 7, 2013 at 2:28 pm

    မနေ့ကတစ်ရက်ခွင့်ယူထားလို့ ရွာထဲမရောက်၍
    နောက်ကျသွားတယ် ဆြာကျောက်ရေ…
    မဲတာကို ဘလက်လို့ခေါ်တယ်မလား…
    အဲဒီတော့ ကက်ကင်းဖြစ်အောင်
    ပြည်တော်ပြန်လာရင် ရွာ့လူဂျီးတွေဂို
    ဒါဘယ်ဘလက်နဲ့ ပသရတယ်ကွဲ့… :kwi:
    အနက်နုလေးနဲ့ဆြာကျောက် အိမ်ထောင်ရေးအတွက်
    အစစ အဆင်ပြေပါစေဗျား..

    • ဆူး

      June 7, 2013 at 2:33 pm

      ဒါဆို ရွှေလက်တွဲ မြဲမြံစေဖို့ ဆိုရင် ဂိုးလေဘယ် ဖြစ်သွားမှာပေါ့နော်။
      ဘာရယ် မဟုတ်ဘူး.. ဦးမိုက်ရေးတာ ဖတ်ပြီး ရယ်ချင်လို့ လာ ရေးသွားတာ။

    • ဦး ကျောက်ခဲ

      June 7, 2013 at 2:40 pm

      ဖြစ်ပါတယ် အကိုမိုက်ရယ်…
      ကက်ကင်းမိအောင် ဒါဘယ်ဘလက်ဆိုလည်းရတယ်…
      ဒေါ်ဆူးပြောသလို ရွှေလက်တွဲ မြဲမြံစေဖို့ ဂိုးလေဘယ်ဆိုလည်းဖြစ်တယ်…
      ဟီ ဟိ ဂလိုဆို အိမ်ထောင်ပြုရင် “ဘလူးလေဘယ်” တိုက်ရတော့မယ်နဲ့တူတယ်…
      :harr: အား ဟိ

      • ကြက်အူလှည့်

        June 7, 2013 at 3:10 pm

        ပီးတော့မယ်
        ဂနေ့တင်မယ်
        ကွိကွိ

  • e tone

    June 7, 2013 at 3:04 pm

    အူးကျောက်တို့များ .. တသက်လုံး မဟူရာရောင် အသားရည်နဲ့ …. ကံကောင်းလာတာ … ခိခိ …. ။
    ဆင်ပြောင်ရီး အမြီးကျမှ တစ်တော့မလို့ … ကြိုက်တော့လည်း အမဲ မကြိုက်ပဲ ….. အဖြူသွားကြိုက်တာကိုး …….. ။
    အား မငယ်ပါနဲ့ … အသားမဲပေမယ့် အသည်းဖြူကြောင်း ဒယ်ဒီဖားသား ပါးပါးဖေဖေကြီးကို ပြလိုက်ချမ်းဘာ ….. ။
    အဓိကက အဓိကပါကွီလို့ :kwi:

    • ဦး ကျောက်ခဲ

      June 7, 2013 at 3:14 pm

      ဒါကတော့ ရှေးရေစက်ပေါ့ သာမီးရယ်…
      ဦးဦးကျောက်လည်း အသားမဲပေမည့် အသည်းဖြူအောင်…
      စိတ်ကောင်းနှလုံးကောင်း… အမြဲထားပါတယ်ကွီ…
      :harr:

      • e tone

        June 7, 2013 at 3:42 pm

        မဲမဲယေးမို့ ချစ်တာ .. သည်းသည်းလေးမို့ ချစ်တာ .. အသီးလေး ကွဲဖို့ ချစ်လိုက်တာ မဟုတ်ပါ … ။ ခိခိ … အာပွား အူးကျောက် :kwi:

  • ရာမည

    June 7, 2013 at 3:07 pm


    ဇတ်ရည်လည်သွားပါပြီ
    ဆု လည်းတောင်းပေးပါတယ်
    သမက်ဆိုတာ အနာဂတ်မှာ ယောက္ခမ လည်းဖြစ်နိုင်ပါတယ် ။
    :mrgreen:

    • ဦး ကျောက်ခဲ

      June 7, 2013 at 3:16 pm

      ဟီ ဟိ ကိုရင်ရဲကိုကို…
      “ဇာတ်ရည်လည်သွားပြီ”ဆိုလို့ ဝမ်းသာပါ၏…
      သဟာကြောင့်ပြောတာ၊ “မှန်းရင် လွဲလိမ့်မယ်”လို့… အား ဟိ
      :harr:

  • uncle gyi

    July 4, 2013 at 10:12 pm

    ကျီးကန်းဘဲဥချီတယ်ပြောကြတာ
    အခုမှသဘောပေါက်တယ်ကိုကျောက်ရေ
    မျက်စိထဲမြင်အောင်ရေးနိုင်ပါကြောင်း
    ဒါကြောင့်လည်းမင်းကုသကပပဝတီကိုရတာနေမှာ

    • ဦး ကျောက်ခဲ

      July 5, 2013 at 8:48 am

      အဟတ်… အန်ကယ်ကြီး ကျောက်စ်တို့ကိုမြင်ရင် ဒီထက်ပိုပြောမှာသေချာတယ်…
      အသာလုပ်ပါဗျာ… ဝီလ်စမစ်ပါဗျ… ဟီး ဟီး :mrgreen:

Leave a Reply