ကဗျာချစ်သူ များ ၏ ကဗျာပြခန်း အမှတ် (၃)
ပြခန်း (၁) https://myanmargazette.net/176843
~~~~~~~~~~~~~~~~~~~~~~
၃ ဇွန် ၁၃
ကေဇီ – ဟင်း:::::::::
သဂျား – ဂျီးဒေါ် ဘာဖြစ်နေတာတုန်း။
ကေဇီ – စိတ်ပူနေတာလေ။ 🙁
သဂျား – ဘာကိုတုန်း။
ကေဇီ – ပြခန်းကိစ္စပေါ့ဟ။
သဂျား – သိပ်စိတ်ပူမနေပါနဲ့ဗျာ။ အလက်ဆင်း နိုင်နိုင်နင်းနင်းနဲ့ ဖွင့်နိုင်မှာပါ။
ဤကား အလက်ဆင်းတစ်ယောက် ပြခန်း (၂) အတွက် သွားစီစဉ်နေချိန်တွေ ကေဇီနဲ့ သဂျားတို့ ပြောဆိုနေရခြင်းဖြစ်၏။
ကေဇီ – ဟမ်။ အလက်ဆင်းအတွက် စိတ်ပူတယ်လို့ ဘယ်သူပြောတုန်း။ မပူပါဘူး။ ကျုပ် အတွက် ကျုပ် စိတ်ပူနေတာ။
သဂျား – ဖစ်ရလေ ဂျီးဒေါ်ရယ်။
ကေဇီ – ဟုတ်တယ် လေ။ နင်တို့၂ ယောက်က ပြခန်း (၁) နဲ့ (၂) ကို စိတ်ဝင်စားအောင်ကောင်း ကောင်းဖန်တီးသွားနိုင်တော့ ကျုပ် ရေးရမဲ့ ပြခန်း (၃) အတွက် စိတ်ပူတာပေါ့လို့။ အင့် အင့် (ရှိုက်သံ ခရက်ဒစ်တူ ကိုကမ်း)။ 🙁
အလက်ဆင်း – ဟင်။ မမခိုင် ဘာလို့ ငို တုန်း၊ သဂျား နင် သွား ဆူ ထားပြန်ပြီလား။
သဂျား – ဟာ။ မဆူပါဘူး။ သူ့ဟာသူ ဂေါက်ပြီး ငိုချင်နေတာရယ်။ ကဲ၊ ခု သိပြီမဟုတ်လား ဂျီးဒေါ်။ ကျနော် ပထမဆုံး ပြခန်း အတွက် မအိပ်နိုင် မစားနိုင်ဖြစ်ခဲ့တာကို။
ကေဇီ – သိပါပြီကွယ်။ ခုလည်း ကျုပ် မအိပ်နိုင်မစားနိုင်နဲ့ အရမ်းများ ပိန်သွားသလားမသိဘူး။ မဖြစ်ဘူး။ ခုချိန်က စ ပြီး ပြခန်း (၃) အတွက် ကြိုးစားရမယ်။
အလက်ဆင်း – ကြိုးစားမယ် ပြောတာ အနော့ အမှတ် (၂) မစခင်ကတည်းက မဟုတ်ဘူးလား။ ဟို ကဗျာ လာလု လိုက် ဒီ ကဗျာ လာ ဓားမြတိုက်လိုက်နဲ့။
ကေဇီ – အွန်။ အဲ ။ ဟီးဟီး။ ခွင့်လွှတ်ကြပါ။ အသက်ကြီးတဲ့ ငါလေး တစ်ယောက်တည်းဟာကို။ အလိုလိုက်ကြပါ။ ဒါနဲ့ အလက်ဆင်းရဲ့ ကဗျာ တစ်ပုဒ်ကို စာရင်းထဲ ထည့်ထားလိုက်ပြီနော်။ (၁) ပုဒ်ပဲ ရသေးတယ်။ အင်း:::: ရှေး ကဗျာ နဲ့ ဆိုမှ (၂) ပုဒ် ပေါ့။ ကျုပ်က ကျုပ်ရေးတဲ့ ပို့(စ) မှာ ကဗျာ ရော ဓာတ်ပုံရော စိတ်ကြိုက်ရွေးချင်တာ။
သဂျား+ အလင်းဆက် – (ခါချဉ်ကောင်မာန်ကြီးနေပြန်ပြီ။ ပြီးရင် အလုပ်များလို့ဆိုပြီးအရပ် ကယ်ပါ လူဝိုင်းပါ နဲ့။ ပထမဆုံး ပြခန်းကတည်းက ခံရတာ အံတိုနေပြီ။)
ကေဇီ – ဘာ! နေကြပေါ့။ ကြည့်ထား။ ကဗျာရော၊ ဓာတ်ပုံရော နင် တို့ အပြောမခံရအောင် တစ်ယောက်တည်း လုပ်မဟဲ့။ 👿
ဤသို့ ကျိန်းဝါးပြီး သကာလ ကေဇီ တစ်ယောက် ကဗျာ ရှာပုံတော်ဖွင့်ရပြီပေါ့။ ။ လက်ထဲမှာက အလင်းဆက် ရဲ့ ကဗျာတစ်ပုဒ်ပဲ ရှိသေးတာ၊။ ဓာတ်ပုံ စပယ်ရှယ် ရှာပြီး တွဲပေးမယ် လို့ မက်လုံးပေးပြီး သူ့ ပြခန်း (၂) မှ ချန်ခိုင်းထားသော ကဗျာတစ်ပုဒ် ပေါ့။ ဟိဟိ…
ကိုယ်တိုင်က နည်းပညာရော အနုပညာပါ အားနည်းသော်လည်း မည်သို့ မည်ပုံရောက်လာမိသည်မသိသော အလက်ဆင်းတို့ရဲ့ “”ကဗျာချစ်သူများ”” ရုံးခန်းတွင်း မှာ ထိုင်ပြီး ခေါင်းပူအောင် စဉ်းစားရတော့တာပေါ့လေ။ 🙄
ကိုယ်တိုင်စီစဉ်ရတဲ့ ဒီ ပြခန်း အတွက်နောက် နောက်ခေါက်ပြခန်းတွေမှာ ကဗျာ ပေးဖို့ မသေချာသောသူများဆီက ဓားမြတိုက်ဖို့ စိတ်ကူး အရင်ရ ပါတယ်။
“ဟဲ့ ရှူး ရှူး။ ဒီ ကြောင် ဖက်တီးဟာ ငါ့ ငါးခြောက်ပြား ဆွဲသွားပြန်ပြီ”
ကြားလိုက်ရသော ဘေးအိမ်မှ ထို အသံကြောင့် အကြံတစ်ချက်လင်းလက်….!!!!
ဟုတ်ပြီ။ ကိုဂျီး ဖက်ကက် ဆီ ဖုန်းခေါ်ရမယ်။
တစ်ဆက်တည်း သတိရသွားတာ ကိုဂျီး အမတ်မင်း …
ဒီ ၂ ယောက် ကို အရင် အနိုင်ကျင့်ရမယ်။ ဟေးဟေးဟေး။
………………..
ဖက်ကက် – ဟယ်လို
ကေဇီ – ကိုဖက် ကဗျာ တစ်ပုဒ် ပေး။
ဖက်ကက် – ဟဲ့ ပလုတ်တုတ်၊ ခုပြောနေတာ ဘယ်သူတုန်း။
ကေဇီ – အယ်၊ ဟုတ်သား၊ ကိုဖက် … အနော် ပါ … ကေဇီ ရယ်။ ကဗျာပေးပါ (ဤသို့ လိုရာ ဇွတ်တောင်းရ၏)
ဖက်ကက် – ဘာကဗျာ လို ချင်တာတုန်း။ အချစ်လား.. ဘဝ လား… ဒသန လား။
ကေဇီ – (အလဲ့) ဘာဖြစ်ဖြစ် ခု ခံစားနေရတာကို ရေးထားတဲ့ ကဗျာ ပေးဗျာ။
ဖက်ကက် – ဟယ်! အခု လောလောဆယ် အချစ်လည်း မရှိ ဘဝလည်း မရှိ ဘာကိုမှ မခံစားနိုင်ဘူး။
ကေဇီ – အင်း။ အဲဒီလို ဘာမှ မခံစားနိုင်တာကို ကဗျာရေးပါ။ ဒါပဲ။
ဖက်ကက် – အန်။ အေးပါ။ ပို့လိုက်မယ်။
ကေဇီ – ကိုဂျီးမတ်ရှိရင် ဖုန်းပေးလိုက်။
…………………….
အမတ်မင်း – ပြော။ ဒေါ်ဆွိ။
ကေဇီ – ကိုဂျီးမတ် ကဗျာပေးပါ။
အမတ်မင်း – ဟင်၊ ပြခန်းက ဘယ်တော့တုန်းရယ်။
ကေဇီ – ၁ရ ရက်နေ့မှပါ။ ဒါမဲ့ ကြိုပေးကြပါ။
အမတ်မင်း – အေးပါ။ ဖြည်းဖြည်းပေါ့။
ကေဇီ – ဘာမှ နှေးနှေးကွေးကွေးလုပ်မနေနဲ့။ လူပျိုကြီးဖြစ်သွားမယ် (အဲလေ ဟုတ်ပေါင်၊ ကဗျာမပေးပဲနေလိမ့်မယ်) ဟိုဟာ။ ပြခန်းမမှီပဲ နေမယ်လို့ ပြောတာပါ။ ဟီး။
အမတ်မင်း – အင်း။ ပေးမယ်။ ပေးမယ်။
ဟိ။ ဒီ လူဂျီး ၂ ယောက်တော့ နားပူပြီးပြီ။
……………………………………………….
ထို အချိန်တွင် သဂျားမှ “ဂျီးဒေါ်၊ ဖားသားကြော် နဲ့ ထမင်း စားမလား” ဟု လာခေါ်ရာမှ ……
ကေဇီ – “ဟာ။ ဟုတ်ပြီ။ ဟုတ်ပြီ”
သဂျား – စားဖို့များဆို ဝမ်းသာအားရပဲ။
ကေဇီ – ဟာ မဟုတ်ပါဘူး။ ဟို ဖားသက်ပြင်း ဆီ ကို ဖုန်းခေါ်ပေးပါ သဂျားရေ။
………………………………………..
ဖားသက်ပြင်း – ဘာဒုန်း မဇာယိ။ ဒမာ ရန်နီ ကြည့်နေတယ်၊ မနှောက်ရှက်နဲ့။
ကေဇီ – (ဟမ်၊ လာကတည်းက……။ သည်းခံ၊ သည်းခံ) ဟဲ့။ နိ ကဗျာ တစ်ပုဒ် လိုချင်တယ်။
ဖားသက်ပြင်း – သများ ကဗျာ ရေးတတ်ဘု။ ကဗျောင်ပဲ ရေးတတ်တယ်။
ကေဇီ – သိတယ်။ ဒါမဲ့ ရသစုံအောင် တောင်းရတာ။ ဟို ကဗျာ ယူလိုက်မယ်။
ဖားသက်ပြင်း – အင်း! ယူလိုက်။ ဒါပဲ။
ကေဇီ – ဒါမဲ့ ….. အဲ့ ဒီ က ဗျာ ကြီးက………………….။
ဖားသက်ပြင်း – ဘာဖြစ်တုန်း၊ အဲဒါလည်း ရသမဟုတ်ဘူးလား။ ရသစုံချင်တယ်ဆို……။ ပြောစမ်းဘာ…….။
ကေဇီ – (ဟိုက်။ ဆက်ပြောရင် အဆူခံရဦးမယ်) အေး။ ပြီးရော၊ အဲဒါ လှမ်းပြောတာ။ ဒါပဲ။
…………………………………..
ပြီးတော့ သူတို့မသိအောင် ပိတ်သတ်ကြီးကို တိုးတိုးလေးပြောဦးမှ။
ဟိ။ ဆရာ ထက်ဝေးကဗျာတစ်ပုဒ် .. ဟို ကလေး ၂ ယောက် မသိအောင် ခိုးထားတာ ရှိတယ်။ 😉
နောက် နှိပ်စက် စရာ ပစ်မှတ် က …….. အံစာတုံး
ကေဇီ – အံစာရေ၊ အမ, နင့် ဆီမှာ ရှိတဲ့ ကဗျာ တစ်ပုဒ် နင်မသိအောင် ယူထားလိုက်ပြီ။ အဲဒါ ပြခန်း အတွက် ပေးသုံးပါ။
အံစာ – ဟိုက်၊ မြန်ချက်။ ဘယ်တုန်းကဟင်၊ ဘယ် ကဗျာတုန်း ဟင်။
ကေဇီ – မပြောဘူး။ ပြခန်းမှ ကြည့်တော့။ ခွင့်မတောင်းရင် မကောင်းလို့ တောင်းရတာ၊ ဒါပဲ။
အံစာ က နားအေးပြီး ရော သဘောထားသူပီပီ ……
အံစာ – အိုစကေ ပါ။ ဒို့မဂျီး စိတ်ချမ်းသာ ပြီး:::: ရော။
အင်း:::: ဘယ်သူ့ ကို တောင်းရဦးမတုန်း ဆိုတော့….. လုံမလေး
ကေဇီ – မွန်မွန် ရေ။ အမအတွက် ချန်ထားခိုင်းတဲ့ ကဗျာလေးပေးတော့လေ။
မွန်မွန် – ဟုတ် အမ။ အလင်းဆက်က မေးနေသေးတယ်။ သူ့ကို ပေးမဲ့ ကဗျာရောတဲ့။
ကေဇီ – တခြားကဗျာပေးလိုက်နော်။ ဒါလေးကိုတော့ အမ ပြခန်း အတွက်ပေးလိုက်။ သူ့ကို ကြည့်ကောင်းအောင် ပြောလိုက်နော်။ ခွိခွိ။
မွန်မွန် – ဟုတ်ကဲ့ အမ။
တွေ့လား၊ ညီမလေးက အဲလို လိမ္မာတာ။ 😆
နောက်တစ်ယောက်……. ရွှေကြည်
ကေဇီ – ကြည်၊ ပြခန်း အတွက် အကောင်းဆုံး ကဗျာ ရရင် လိုချင်တယ်။
ရွှေကြည် – ဟိုက်။ ငါ့ အမကတော့ လုပ်ပြီ။ ပေးပြီးပြီလေ။ ၃ ပုဒ်။
ကေဇီ – အင်း။ ဟုတ်တယ်။ ကြည့် ကဗျာထဲ က အကြိုက်ဆုံး ကဗျာလေး အမ ပြခန်း အတွက် ကျန်ဖို့ အရေး ဟိုပြော ဒီ ပြော ပြောလိုက်ရတာ မောလိုက်တာကွယ်။
ရွှေကြည် – ဘာပဲ ပြောပြော ခု ကျန်တယ် ဟုတ်။
ကေဇီ – ဟီးဟီး။ ကျန်တယ်၊ ကျန်တယ်။ ပျော်စရာကြီး။ :harr:
နောက် တစ်ယောက်ကတော့ ဒီ ရွာထဲမှာ မမ်ဘာ ဝင်ထားပြီး ကဗျာကို လူကြိုက်မများဘူး ဆိုကာ ပို့(စ) မတင်ဖြစ်ပဲ ဖတ်ပဲ ဖတ်သူ ၁ ဦး။
မ နေခြည် ပါ…
ကေဇီ – အမ၊ ဒသန ကဗျာ တစ်ပုဒ်လောက် ပေးပါ။
နေခြည် – ဟင်။ ဆွိက နားလည်လို့လား။
ကေဇီ – (ဟိုက်! သေပြီ။) အဲ။. ဒီလိုလေ။ပြခန်းအတွက်ပါ အမရယ်။ ကူညီပါဦး။ 😳
နေခြည် – ဟိုတခါ အလက်ဆင်းကို ပေးထားသေးတယ်လေ။
ကေဇီ – အာ၊ အဲဒါနဲ့ မတူတဲ့ ဟာမျိုး လိုချင်တာ။
နေခြည် – အွန်း။ အွန်း။ ပို့ လိုက်မယ်။ ဆွိ ကြည့်ပြီး ကြိုက်ရာ ရွေးလိုက်တော့။
ကေဇီ – ဟုတ်။ (ခွိ။ ဟုတ်ပြီ)
နောက်ခါ အပြင် ကဗျာ ထဲက ဘယ်သူ့ကို အပူကပ်ရမတုန်း စဉ်းစားကြည့်တော့…….
ကိုကမ်းရဲ့ မိတ်ဆွေလည်းဖြစ်သူ၊ ကိုယ်နဲ့ လည်း ရင်းနှီးတဲ့ မိဆု ကို သွားသတိရတယ်။
ကေဇီ – ချစ်ဆု ရေ၊ ကဗျာလေးတစ်ပုဒ်လောက် ပေးသုံးပါ ကွယ်။
မိဆု – ရတယ် ချစ်ခိုင်၊ ရေးထားတာ အများကြီးပဲ ကြိုက်ရာ “မ” သွားချည် ။
အဟုတ်ပဲ။ ကြိုက်တာများ၍ ဘာ “မ” ရမှန်းတောင်မသိ။ နောက်မှ ရှိထားတဲ့ ဓာတ်ပုံနဲ့ တွဲလို့ ရမဲ့ ကဗျာလေး “မ” လာခဲ့ရတယ်။
နောက်တစ်ယောက်က သူ့ အတွေးလေးတွေကို ကြိုက်လို့ သူ့ စာတွေ လိုက်လိုက်ဖတ်ရတဲ့ ကလေးမ, မေယွန်းအိမ် တဲ့။
သူ့ကို တစ်ခါတည်း စိတ်ကြိုက်ရွေးခိုင်းပြီး ကိုယ့် ကို ပေးခိုင်းရတယ်။
ဘယ်လို ရွေးရမလည်း လာပြန်မေးနေလို့ စိတ်ထဲ လောလောဆယ် ထိတဲ့ ကဗျာ တစ်ပုဒ်ပေးပါ ပြောလိုက်တယ်။
နောက်တစ်ယောက်က ဘလော့ကာ မိုးကုတ်သား ။
သူ့ နုတ်(ထ) တွေထဲ အရင် မွှေလိုက်ပြီးမှ ကြိုက်ရာတောင်းရတယ်။
ပြောမနိုင်တာ အစကတည်းကသိတာမို့ “သဘော၊ သဘော” တဲ့။ ဘေးမဲ့ ပေးသံကြီးနဲ့။ ဘာပဲဖြစ်ဖြစ် တစ်ပုဒ်တိုးပေါ့။
ဓာတ်ပုံကိုလည်း တတ်နိုင်သလောက် အင်တာနက်ထဲက မလိုချင်တော့ ဖဘအကောင့်ထဲက ဖတိုဂရပ်ဖာတွေကို ချဉ်းကပ်ရသေးတယ်။
ပရော်ဖက်ရှင်နယ်ရိုက်ကြတာဆိုတော့ ကိုယ်သုံးမဲ့ ဓာတ်ပုံတွေမှာ ရေစာ ဖြုတ်စေလိုကြောင်း ဟိုလိုလေး ပြောလိုက် ဒီလိုလေးပြောလိုက်နဲ့ အောင်မြင်စွာကြိုက်ရာယူသုံးခွင့်ရပါတော့တယ်။
မင်းဇာနည်၊
ခွန်ချိုမောင်နဲ့
အောင်အောင်မျိုး တို့ဆီက။
ကျန်တဲ့ ပုံတွေကတော့ ကဗျာရေးတဲ့ အစ်မ နေခြည် ဆီက သူ စုထားတဲ့ ပုံတွေ ဗလ အားကိုးပြီး တောင်းထားတာပါ။
ဒီလို လိုက်တောင်းလိုက်၊
စာရင်းလေး ချ ရေးလိုက်၊
ဓာတ်ပုံလည်းရွေးလိုက် လုပ်နေရင်း အလက်ဆင်းက တစ်ရက် ဖုန်းဆက်ပါတယ်။
အလင်းဆက် – မမခိုင်၊ လေး ခင်ခ က ရာသီစာလေး ပို့လိုက်မတဲ့။
ကေဇီ – ဟယ်။ ဟုတ်လား။ ခု မိုးတွင်းဆိုတော့ အင်ဥချက်လား၊ မျှစ်ချဉ်ဟင်း လား။
အလင်းဆက် – ဗျာ။ မမခိုင်၊ အစားချည်း စဉ်းစားမနေနဲ့လေ။ ကဗျာကို ပြောတာ။ ရာသီစာ ကဗျာလေး ပို့လိုက်တာ။ ဒါကိုပြောတာ။
ကေဇီ – ဪ။ ဟီး။ မှားတဲ့ အခါလည်း မှားပေမပေါ့။ အေးပါ။ ပြခန်း (၃) အတွက် စာရင်းတို့လိုက်မယ်နော်။
ဒီလိုနဲ့ ကို ခင်ခ ကြီး ဆီက ကဗျာ တစ်ပုဒ်ရတယ်။
နောက် ကဗျာ တောင်းချင်တဲ့ ရွာသားကြီးတစ်ဦးရှိပါသေးတယ်။
အဲ့ဒါနဲ့ တွေ့တုန်းခဏ ကဗျာတောင်းတော့…….
ရွာသားကြီး – မဇာ၊ ကျနော်ကလည်း ကဗျာနဲ့ ဝေးလို့ပါဗျာ၊ တစ်ခြား အကူအညီပေးပါ့မယ်။
ကေဇီ – တခြား အကူအညီက ခုလည်း ပေးနေတာပဲလေ။ ကျနော်က ကဗျာလိုချင်တာ။ ပေးရင်ပေး။ မပေးရင် နာမည်တွေ ဖော်လိုက်မယ်။ လူသိမခံတဲ့ ကိစ္စတွေ ရှိတယ်ဟုတ်။ ဘလက်မေးလုပ်လိုက်မယ်။
ရွာသားကြီး – ဟာ ။ အဲလိုတော့ မလုပ်ပါနဲ့ မဇာရယ်။ ကြိုးစားရေးပေးပါ့မယ်။ ကလောင်နာမည်လေးသာ ပြောင်းပေးပါ။ ဈာန် ဆိုပြီး။
ခွိခွိ။ ဒီ တစ်ယောက်ကို ဤသို့ ဤနှယ် ချိန်းခြောက်ရယူခဲ့တော့ ကဗျာတစ်ပုဒ် ရပြီပေါ့.။။ ကလောင်နာမည် က ဈာန်တဲ့။
ကိုယ့် အတွေးနဲ့ ကိုယ် ပီတိ ဖြစ်နေချိန်မှာပဲ ……
သဂျား က “ဂျီးဒေါ်၊ လေး ဘလက်ချော က သူ့ကို မေးမယ် ဆိုလို့ မမေးခင် ကဗျာတစ်ပုဒ် လာပို့သွားတယ်”
ကေဇီ – ဟေ။ ဟုတ်လား။ ငါ ဈာန် ကို ဘလက်မေးလုပ်မယ် ဆိုတာ နားစွန်နားဖျား ကြား ပြီး လာပို့တာ ဖြစ်ရမယ်။ ဒီ လူဂျီး နားမကောင်းလို့ အကုန် နားစွန်နားဖျား လိုက်ကြား နေတယ်ဆိုပဲ။ ကျန်း:::::::။ သူငယ်မ ကုသိုလ် ငါ့ ကုသိုလ်။ ကဗျာ တစ်ပုဒ် ရပြန်ပြီ။ 😛
ဤသို့ဖြင့် ကို ဘလက်ချောဆီမှ ကဗျာတစ်ပုဒ် စာရင်းထဲ ထည့်လိုက်ရပါတယ်။
လောဘတကြီး ကဗျာ စုဆောင်းနေတာ။ ကိုယ့် အလှည့်ကျ ၁၅ ပုဒ် မက ၁၆ ပုဒ် ဖြစ်ပြီ။ 🙂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁ရ ဇွန် ၁၃
အထက်ပါ အတိုင်း ……..
၁) ခိုးဝှက်
၂) အလစ်သုတ်
၃) ပြန်မပေး
၄) ခြိမ်းခြောက် တောင်း
၅) ဓားမြတိုက်
၆) အနုကြမ်းစီး
၇) နား အဟွာကျင့်
၈) မက်လုံးပေး စသည့်နည်းမျိုးစုံ ဖြင့် ရယူထားသော ကဗျာများဖြင့် ပြခန်း (၃) ကို ဖွင့်လှစ်ကြောင်း ကျေညာအပ်ပါတယ် ။
တစ်ယောက်တည်း ထင်ရာကျဲပြီးမှ သူတို့ကို ပြတာမို့ အမှားအယွင်း ရှိပါက ကျနော် တစ်ယောက်တည်း ရဲ့ အပြစ်သာဖြစ်ကြောင်းလည်း အသိပေးအပ်ပါတယ်ဗျာ။
ပိတ်သတ်ကြီးဗျ။
ပြခန်းထဲမဝင်ခင် ပြခန်းစောင့် (ဟုတ်ပေါင်) ပြခန်း တာဝန်ခံ သဂျား ဆီ က လက်ဆင့်ကမ်း စာစောင်လေးတွေ ယူသွားစေချင်ပါတယ်။ အရင် ပြခန်းဖွင့်တုန်းက ဆက်ဖို့ ကျန်သွားတဲ့….
(ဆရာ မြဇင်ရဲ့ ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်မှာ ပါရှိတဲ့ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာကို ကိုးကားထားတဲ့ )
မြန်မာကဗျာ သမိုင်းကြောင်း အဆက်ကလေးကို အပျင်းကြီးပြီး မရွတ်ပြနိုင်တော့လို့ လက်ကမ်းစာစောင်အဖြစ်ပဲ ပေးလိုက်ပါ့မယ်။
ထိုခေတ် မြန်မာကဗျာဆရာများသည် အစဉ်အလာ တေးကဗျာများကို ဆက်လက်ဖွဲ့ဆိုခဲ့ကြသည်။ ထို့နောက် ၁၉၁၃ – ၁၉၁၄ ခု လောက်မှစ၍ နိုင်ငံချစ်စေတနာ၊ မေတ္တာ ကရုဏာ စေတနာတို့ကို နှိုးဆော်နိုင်သော သခင်ကိုယ်တော်မှိုင်း၏ ကဗျာများ ထင်ပေါ်လာကြပါသည်။ ထိုကဗျာတို့သည် အတိတ်ခေတ် မြန်မာ့သမိုင်း၌ လည်းကောင်း၊ လွတ်လပ်ရေးအတွက် မျက်မှောက်ခေတ် နိုင်ငံရေးလှုပ်ရှားမှုတို့၌ လည်းကောင်း အထူးအာရုံပြု ဖွဲ့ဆိုသော ကဗျာများဖြစ်သည်။ ထို့နောက် အထက်ပါစေတနာတို့ကိုပင် ခိုင်မာကျယ်ပြန့်လာအောင် နှိုးဆော်နိုင်သော ခေတ်စမ်းကဗျာခေါ် ကဗျာများသည် ၁၉၂၈ ခုလောက်မှစ၍ ဆက်တိုက်ပေါ်လာကြပြန်သည်။ ထိုကဗျာများသည် မြန်မာ့ကိုယ်နှုတ်နှလုံး အမူအရာတို့၌ လည်းကောင်း၊ ပတ်ဝန်းကျင် သက်ရှိသက်မဲ့ သဘာဝတို့၌ လည်းကောင်း အထူးအာရုံပြု၍ အမြင်သစ်ဖြင့် နားလည်လွယ်အောင် ဖွဲ့ဆိုသော ကဗျာများဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုတွင် လွတ်လပ်ရေးရခဲ့ရာ မြန်မာစာပေသည် တစ်ရှိန်ထိုး တိုးတက်ခဲ့သည်။ ထိုခေတ်ကဗျာဆရာများသည် များသောအားဖြင့် ခေတ်စမ်းကဗျာများမှ အရှိန်ယူလျက် ရေးဖွဲ့ကြသည်။ ထိုကဗျာဆရာများသည် ဒုတိယကမ္ဘာစစ်ဒဏ်ကို ခံခဲ့ရသဖြင့်လည်းကောင်း၊ နယ်ချဲ့အရင်းရှင်သာမက နယ်ချဲ့ဖက်ဆစ်များ၏ဒဏ်ကို ခံခဲ့ရသဖြင့်လည်းကောင်း၊ စစ်ကြိုခေတ် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများကို ကြုံတွေ့ခဲ့ရသဖြင့်လည်းကောင်း၊ လွတ်လပ်ရေးအမြင်အသိ၊ ပြည်ထောင်စု စည်းလုံးရေး အမြင်အသိ၊ ငြိမ်းချမ်းရေးအမြင်အသိ၊ လူတန်းစာအမြင်အသိတို့ ရှိလာသဖြင့်လည်းကောင်း၊ အကြောင်းအရာပိုမိုစုံလင်စွာ ဖွဲ့ဆိုလာ၍ သူတို့ခေတ် အတွေးအခေါ်များ၊ သူတို့ခေတ် ခံစားမှုအသိများကို တင်ပြနိုင်ရန် အားထုတ်လာကြသည်။
ဤကား မြန်မာကဗျာ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကို အကျဉ်းချုပ် လေ့လာတင်ပြချက်ဖြစ်သည်။
ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်တွင် ပါရှိသော မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာမှ…..
ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်တွင် ကဗျာဆရာ (၄၂) ဦး၏ ကဗျာပေါင်း (၈၇) ပုဒ် ပါဝင်သည်။ ယင်းတို့မှာ ဗြိတိသျှကိုလိုနီခေတ်မှသည် ၁၉၇၈ ခုနှစ်အထိ ပေါ်ထွန်းခဲ့သော ကဗျာဆရာပေါင်းများစွာ၏ ကဗျာပေါင်းအမြောက်အများထဲမှ အချို့ကိုသာ ရွေးချယ်စုစည်းတင်ပြသော ကဗျာများဖြစ်ပါသည်။ ယင်းတို့ကို ဦးဝင်းဖေ က အင်္ဂလိပ်ဘာသာသို့ အစအဆုံး ပြန်ဆိုပါသည်။ ယင်းတို့အနက် အချို့ကို ဦးဝင်းဖေသည် အင်္ဂလိပ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (Working People’s Daily) နှင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ရှေ့သို့ (Forward) စာစောင်တို့၌ ထည့်သွင်းဖော်ပြခဲ့ဖူးပါသည်။
ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်တွင် ပါရှိသော မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာမှ ကောက်နုတ်ချက်
ထိုကဗျာများကို အမှတ်တရအဖြစ် ကဗျာပြခန်းတွင် လစဉ် ထည့်သွင်းဖော်ပြပေးသွားမည် ဖြစ်ပါသည်။
အဲ! နေပါဦးဗျ။
ပြခန်းထဲ မဝင်ခင် နောက်တစ်ခု ပြောပါရစေဦး။
ပထမပြခန်းက ဗုဒ် အများဆုံးသူနဲ့ …..
ဒုတိယပြခန်းက ဗုဒ် အများဆုံးသူကို ကြေညာချင်သေးလို့ပါ။
ပထမပြခန်း ဗုဒ်အများဆုံးကဗျာက “မင်းကြောက်ရမှာ တစ်ခုပဲရှိတယ်” ဖြစ်ပြီး ရေးသူက “အလင်းဆက်” ပါ။
ဒုတိယပြခန်း ဗုဒ်အများဆုံးကဗျာက “ချစ်ခြင်းကဗျာ” ဖြစ်ပြီး ရေးသူက “ကိုရင်စည်သူ” ပါ။
ဒါတွေ က ပြခန်း (၂) က ကဗျာတွေနဲ့ ရေးသူတွေ တွဲပြီး အသိပေးထားတာပါ။
ပြခန်း (၂)မှာလည်း ဖော်ပြပြီးသားပါ။ ဒီမှာ ထပ်ဖော်ပြလိုက်ပါတယ်။
- ချစ်ခြင်းကဗျာ- ကိုရင်စည်သူ
- မိန်းမသားဘဝ- လုံမလေးမွန်မွန်
- ဆက်လက်စီးဆင်းနေပေးပါ- နေခြည်
- မှုန်ရီဝေဝေ မန္တလေး- ကိုပေါက်(မန္တလေး)
- အငယ်အနှောင်းမြို့ – ကမ်းဝေး
- သူ- ရေပုလင်း
- အောင်နိုင်သူ- သဲနုအေး
- အမျှ အမျှ- ရာမည
- ရွှေသည်ငါနဲ့ မထိုက်လေပြီ – ခင်ခ
- အိမ်လွမ်းသူ- BMTM Mdy
- အဝေး…အဝေးကြီးပဲ – Nora
- လဗျာကဗြွတ်- ဦးကြောင်ကြီး
- ရင်ကွဲသူ- ရွှေကြည်
- အရိပ်မဲ့ ခြေရာများ- ပိတောက်မိုး
ပြခန်း (၁) တုန်းက ဗုဒ် (၁၀၅) ခုမှာ အလင်းဆက်ကဗျာက ဗုဒ် (၁၅) ခုနဲ့ အများဆုံးအရေအတွက်ကို ရသွားတာဖြစ်ပြီး
ပြခန်း (၂) မှာ ဗုဒ် (၇၉) ခုမှာ ကိုရင်စည်သူ့ ကဗျာက ဗုဒ် (၂၆) ခုနဲ့ အများဆုံးအရေအတွက်ကို ရသွားတာဖြစ်ပါတယ်။
ကြေငြာခ အဖြစ် ဗုဒ် အများဆုံးရသူနှစ်ဦးမှ တိုက်ပါတယ်တဲ့ခင်ဗျာ။ (ရေ ခဲ ရေ)
ရွှီး:::::::
ဖြောင်း::: ဖြောင်း::: ဖြောင်း:::
ကဲ!
တတိယ အကြိမ် ဖွင့်လှစ်တဲ့ ကဗျာ ပြခန်းက ကြိုဆိုပါ၏။ ဒီ ပြခန်း (၃) က ကဗျာလေးတွေကိုလည်း ဗုဒ်ခဲ့ပေးပါဦးဗျ။
ကျနော့ ပြခန်း (၃) မှာတော့ ပြခန်း (၁)/(၂) ထက် ပိုဝင် ပြီး ဗုဒ် ပိုများချင်ပါတယ်နော်။ တဂျား နဲ့ အလက်ဆင်းကို နိုင်ချင်လို့ပါ။
သနားသော အားဖြင့် ဗုဒ်ပေးကြပါ။ ဟိဟိဟိ။

[polldaddy poll=”7171977″]
အကြိုက်ဆုံး ကဗျာ (၃) ပုဒ် ကို ရွေးပြီး ဗုဒ်နိုင်ပါတယ်ဗျာ။
ကဗျာပြခန်းမှာ.. ကဗျာလေးများ..ပါဝင် ပြသ ချင်တယ်ဆိုရင်တော့…. alinsett.art@gmail.com ကို.ကဗျာလေးများ..ပေးပို့နိုင်ပါတယ်..လို ့။
161 comments
Ko chogyi
June 17, 2013 at 8:45 am
KZ ကိုသနားလို့ ဗုတ်တာ
ဟုတ်ဘူးနော် ကဗျာလေးကြိုက်လို့
KZ
June 17, 2013 at 8:52 am
ဟွန့်။
ကိုချိုကြီး နော်။
ဝန်မခံဘူးလား:::::::။
ဘာပဲပြောပြော ဗုဒ်သွားတာကို ကျေးဇူးတင်ပါ၏။ 🙂
လာနော်

လာနော်။
ဒီမာ ကဗျာလေးတွေ ကောင်းတယ်။
ဖတ်လည်းဖတ်မယ်။
ဗုဒ် လည်း ဗုဒ်မယ်။
Nay Chi
June 17, 2013 at 9:02 am
ကျန်သေးတယ် ကျန်သေးတယ်..။ စိတ်ကြိုက်ရွေးယူလို့ ပြောပြီး ကဗျာတွေပို့လိုက်တာတောင်မှ ခုမှရေးပြီးပြီးချင်း ကဗျာပူပူနွေးနွေးလေးကို ဒါပဲယူမှာဆိုပြီး လာလုသွားတာလေ..။ 😛
တင်ဆက်ပုံလေးက ပြခန်းထဲကကဗျာတွေထက်တောင် အသက်ဝင်နေသေး…။ ခုဗုတ်မသွားရသေးဘူး…။ နောက်မှအေးအေးဆေးဆေး ကျကျနနဖတ်ပြီး ဗုတ်မယ်..။ ရွေးချယ်မှု မမှားရလေအောင်ပေါ့..။ ဟားဟားဟားးး..။
အပင်ပန်းခံဖန်တီးထားတဲ့ ပြခန်းလေးအောင်မြင်ပါစေ..။
KZ
June 17, 2013 at 11:43 am
ငိငိငိ


ထပ်မဖော်ကြနဲ့တော့ လေ။ တမီး တက်ကနိတွေကို …..
ဟီးဟီး။
ရှက်လိုက်ထာ။
နောက် ပြခန်းအတွက်လည်း အသစ်ရေးပေးရမယ်နော်။

ဓာတ်ပုံတွေရော ကူဦးနော်။
လုံမလေးမွန်မွန်
June 17, 2013 at 9:57 am
ခွိခွိ..ဒေါ်ဆွိ..အနော်တစ်ယောက်တည်းကိုများ ဓားပြတိုက်တာလားလို့…ကွိကွိ..အကုန်လုံးကို ဓားပြတိုက်ခဲ့တာပါလား…. (နည်းလမ်းရပီကွ.. :harr: ) ဓားပြခေါင်းဆောင် ဒေါ်ဆွိ… Bravo.. ပါ…
KZ
June 17, 2013 at 11:31 am
ဟီး:::
သူ သိသွားပြီ။
ဘယ်လိုများသူလေသိ။
သိသွားရင်တော့ နောက်တစ်နည်းပြောင်းမှ!!
အလင်း ဆက်
June 17, 2013 at 10:05 am
ပြခန်း တင် ဆက်ပုံ ကို မချီးကျူးပဲ မ နေ နိုင် ပါဘူးဗျာ
ဗယာ ကြော် ပါဗျ
============
ပြခန်း ( ၂ ) ကို
ကျွန်တော် တင်ပြ တုန်းက
ကျွန်တော့် ကဗျာ မပါ ခဲ့ဘူးး
အက်ဒါ
ဒီ ရွာသူကြီး
ကျွန်တော့် ကဗျာ ကို အနုကြမ်း စီးပြီး ဆွဲယူ သွားတာလေ။
😆
ဒါပေမယ့်
ပြခန်း ၃ မှာက တင် ဆက် မှုရော
အပြင် အဆင် နဲ ့ အစစ အရာရာ ရော
အရမ်း လန်းနေတော့
ဒီပြခန်း မှာမှ ကျွန်တော် တို ့ရဲ ့ ကဗျာ လေး တွေက
အ ရောင် အ သွေး တွေ ပို တောက်ပ ခမ်းနား သွားပါတယ်။
အဲဒီအတွက် ကျေနပ် စွာ ဂုဏ်ယူ ပါတယ်။
ပြခန်း ၃ ကို ချစ်စရာ ကောင်းအောင် ဖွင့် ပေး တဲ့
မမခိုင်ဇာ နဲ ့ သကြားးး
ကျေးဇူးပါ နော့
==========
KZ
June 17, 2013 at 11:46 am
ကျုပ်ကလည်း::
ကျုပ် ပြခန်း အလှည့်ကို အနစ်နာခံ ဦးစားပေးတဲ့ မောင်လေး ၂ ယောက်ကို ကျေးဇူးတင်ပါတယ်တော့။ 🙂
ခုတော့ စိတ်တစ်ကြောင်းအေးပြီ။
နောက်တစ်ခေါက်မှ ဆက် ရန်ဖြစ်ကြတာပေါ့။
ဗုံ ဗုံ
June 17, 2013 at 10:30 am
မမဂျီး…မီးကဂျာဒွေ ဘာလို့ထည့်မပေးတာလဲလို့…. အထုပြန်ထည့်ပေး ပြန်ရေးပေးမယ်.

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွေရည်လောင်း နာဒို့စာသင်ဂျောင်းးးးးးးးးး အိုက်ဒါရယ်…ဖိုးတောင်သူ့တဲရယ်….မောင်ရေခဲရယ်…တစ်နှစ် စာကိုချစ်ရယ်..ထည့်ပေး ထည့်ပေး ..မထည့်ရင် နိုမှာနော်….
KZ
June 17, 2013 at 11:40 am
နို ပါနဲ့။
အဲလာတွေက လူကြိုက်များပြီးသား ကဗျာတွေမို့ အသစ်ရေးပေးပါ ဆရာမ ရယ်။
Myo Thant
June 17, 2013 at 10:31 am
ဗုတ်ပြီးကြောင်း
KZ
June 17, 2013 at 11:35 am
ကျေးဇူးတင်ပါကြောင်း:::::: 🙂
ကြက်အူလှည့်
June 17, 2013 at 10:32 am
သမိန်ဗရမ်းသည် အမှန်တကယ် သူရဲကိုက်ခံထိ ပြီးသေသလော????
KZ
June 17, 2013 at 11:36 am
သရဲမ ချောချောမှ အကိုက်ခံမယ်တဲ့။

ဒီ သမိန် စည်သူ က…..
မဟာရာဇာ အံစာတုံး
June 17, 2013 at 11:02 am
ဟယ်တော့ …..
တက်ကနစ်ဒွေ အားဂျီး သုံးပီး ယူထားရဒဲ့ ကဂျာ ဒွေဘဲတော့ …
ဒါနဲ့ စကားမစပ် …
ဟို စကားလုံး ဆန်းဆန်းလေးနဲ့ ကဂျာလေးကို ဗုတ်မို့ …
“… ကျမဟာ …” ဆိုဒါလေ …
ဂလု .. ဗုတ်ရမှာ ရင်တုန်ချရာဂျီးးး
KZ
June 17, 2013 at 11:38 am
ဟီး:::
အဲဒီ တက်ကနစ်တွေတွေနဲ့ ကိုယ့်ကဗျာကိုရော မှတ်မိရဲ့လား::: 🙂
ကျမ ဟာ … ကို ဗုဒ်ရင် ဗုဒ်…
မ ဗုဒ်ရင် ကျမဟာ နဲ့တွေ့မယ်။
အဲလေ ပိုင်ရှင်နဲ့ တွေ့မယ်။
ခင် ခ
June 17, 2013 at 11:48 am
ကဗျာ မဟုတ်ပေမယ့်
ကဗျာ ဟုတ်လေရဲ့
ဒီတစ်ခါလည်း
ဗုတ်ပြီကွယ့်။
KZ
June 17, 2013 at 12:00 pm
ကဗျာ အတွက်ရော၊
ဗုဒ် အတွက်ရော၊
ကော်မန့် အတွက်ရော
ကျေးဇူးတင်ပါတယ် ကိုကြီးခ။ 🙂
ကြက်အူလှည့်
June 17, 2013 at 12:17 pm
ကျုပ်ကဗျာ က ရသအမြောက်ဆုံး …ငြင်းမားးးးး
KZ
June 17, 2013 at 12:20 pm
အဲလာလေး ကြည့်ရင်း ဗိုက်ဆာတယ်တော့။

မောင်ဂလေး တော်ချက်။
မငြင်းဘူး:::::::၊
နောက်တစ်ပတ်တွေလည်း ပေးသုံးဦးနော်။
ကြက်အူလှည့်
June 17, 2013 at 12:25 pm
အွန်….

ပုံတွေ သုံးတာက ကြိုက်တာ သုံးပါ မပျောပါဘူး
မေးလည်းမမေးပါဝူး
(ဟို ပေါင်တံရှီရှီနဲ့ မမလလ လေးပုံသာ ချမ်းသာပေးပါ)
ကဗျောင်တွေကတော့ ဘယ်ကဗျောင်တွေလဲဆိုတာလေးတော့ ပျောပါအူးစ်…
KZ
June 17, 2013 at 12:30 pm
ပုံကို မပြောပါဘူး:::


မပြောလဲ ကြိုက်ရာသုံးမှာပဲ။
အဲဒီ ရှည်ရှည် ပုံက တော့ မကြိုက်လို့ ယူသုံးမှာ မဟုတ်။ စိတ်သာချ။ ကျော်ကြည့်တာ။
(နိ ကတော့ နာ့ ကို ကော်မန့်နဲ့ အဆဲခံရအောင် လုပ်ပြန်ပြီ)
ကဗျောင်က ပြောမှာပါ။
သုံးဖြစ်ရင်။
ကျုပ်ဆီမှာ ၄ ပုဒ် ရှိတယ်။
သူကလေး
June 17, 2013 at 12:26 pm
ကြိုက်တဲ့ ကဗျာ ၃ပုဒ်ဆိုတာက ဘယ်လိုပါလိမ့် ..
ဘာမှန်းသေချာမသိလို့ ဖတ်တော့ပီးဘိ မမန့်ခဲ့ရသေးကြောင်းနဲ့
ကဗျာတိုင်းနီးပါးကို အကြိုက်တွေ့မိကြောင်း ဘူ့ဗုတ်ရမဲမသိတော့ဘူး :kwi:
KZ
June 17, 2013 at 12:31 pm
သူကလေး::::
ကြိုက်ရာ ကဗျာ ၃ ပုဒ် အထိ မဲ ပေးလို့ ရတယ်လို့ ပြောတာပါ။
ပြန်လာခဲ့နော်။ 🙂
အလင်း ဆက်
June 17, 2013 at 1:24 pm
ကိုယ့် ကဗျာ လေး ဗုတ် အောင် မဲဆွယ်လို ့ရမလားးးဟင်
ရရင် တော့ မဲဆွယ်မယ်ဗျာ
ကျွန်တော့် ကဗျာ လေး ကို ဗုတ်ကြပါ ။
ဆုေတွေ ဘာတွေ ရရ င် ဗုတ်သွား တဲ ့လူ တွေ ကို
သားသား ဝယ် စားမယ့် ဂျယ် လီ တွေ သကြားလုံး တွေ ကျွေး ပါ့မယ်
သားသား ကဗျာာ လေးကို ဗုတ် ကြ သူများ သိန်း တစ်ထောင် ထီ ဆု
ပေါက်ပါဇီသားးးး
😆
KZ
June 17, 2013 at 1:30 pm
ဟဲ့။
ကဗျာနဲ့ ရေးသူကို အသိမပေးပါဘူး ဆိုမှ ဘယ် ကဗျာကို ဗုဒ်ခိုင်းနေတာတုန်း။
အလက်ဆင်း။ သတိ။ သတိ။
အလင်း ဆက်
June 17, 2013 at 3:59 pm
သား သား ကဗျာ နာမည်ကို ပြောပါဘူးးးဗျ
မဲ ဆွယ် ရုံ လေး ပါ
အဟိ
အဟိ
😆
အလင်း ဆက်
June 17, 2013 at 4:49 pm
ကဗျာ နာ မည်ကို မပြောရသေးပါဘူး မမခိူင်ဇာ
အဟိ အဟိ
မောင် ပေ
June 17, 2013 at 12:56 pm
ကိုကြောင်ကြီး ကဗျာများပါမလားရယ်လို ့ဗျာ
KZ
June 17, 2013 at 12:59 pm
အရင်တစ်ပတ်က ပါတယ်လေ ကပေရေ။
နောက်တစ်ပတ်တွေမှာ တောင်းထားပါတယ်။ 🙂
Moe Z
June 17, 2013 at 2:14 pm
ဗုဓ်ပြီးပြီခည
KZ
June 17, 2013 at 2:20 pm
ကျေးဇူးပါ ခင်ည။
kai
June 17, 2013 at 2:47 pm
ကဗျာဆိုတာက…. ယူအက်စ်သမ္မတရွေးပွဲမှာရွတ်တာရှိတယ်…
ယူအက်စ်ပွဲလမ်းသဘင်တွေမှာလည်း.. ရွတ်လေ့ရှိတယ်..
ဆိုတော့…
လာမယ့်ကွန်ဖရင့်န့်မှာ.. ကိုယ်စီကိုယ်ငှ.. အသံနေအသံထားနဲ့..ရွတ်ကြပါလားဟင်င်…
ကြက်အူလှည့်
June 17, 2013 at 2:50 pm
လာဘီ ..
မကြပ်ရရင် မနေနိုင်ဘု…
ကျော့် ကြက်ဥလှည့် ကလောင်လေး ယူထားပါလားဟင်င်င်
ရွတ်ရအောင် ကိုငှက်လို အသံအေးအေး ဂရုဏာသံလေးနဲ့မှ ကဗျာက လှမပေါ့ဗျာ…
ကဗျာရေးသူတိုင်း အသံကောင်းကြတာမှမှုတ်တာ
စကားမစပ် ဖိုးမောင်လာပြီကို ကိုကမ်းဝေးရွတ်တာ ကြားဖူးဇီချင်ဒယ်။
ကြက်သီး ဗူးသီးလုံးလောက်ထ သွားမယ်….
မဇာယိ ရွတ်ရင်တော့ သူ့ကို လိုက်ရှာလိမ့်မယ် ကြွေးတောင်းတဲ့ ကန်ပနီက စီအီးအိုခန့်ဖို့…
အာဟိ
ဒက်ဂလောက်…
KZ
June 17, 2013 at 2:56 pm
ဟင့်။
အစက တူပဲ ချိရှာ အသံလေးရှို။
KZ
June 17, 2013 at 2:54 pm
တဂျီးရယ်။
ဘယ်နဲ့ပြောပါလိမ့်။
ကဗျာပိုင်ရှင်တွေကို အိုင်ဒီယာပေးလိုက်ရမား:::::::::။
ရွတ်ကြကုန်။
Mr. MarGa
June 17, 2013 at 3:16 pm
သဂျီး သဂျီး
ကဗျာဆိုတာ ရွတ်ချင်တိုင်း ရွတ်လို့ ရတယ်များ မှတ်နေသလားဟင်င်င်
အခြေအနေ အချိန်အခါ ရှိသဗျ
ရင်တွင်း ခံစားချက်နဲ့မှ အသက်ဝင်ပြီး ကြွတက်လာတာ…ဗျ
အဲသလို ခံစားချက်မျိုးက သဂျီးမှ ဖြစ်မှာမို့
လာမယ့် ကွန်ဖရင့်န့်မှာ သဂျီးကိုယ်တိုင် လာရွတ်ပေးဘာ…
ဒါဗျဲ
အရီးခင်လတ်
June 17, 2013 at 2:57 pm
အတွေး ကောင်း သလို အရေးလဲ ကောင်း တဲ့ မိန်းကလေး မို့ ဘရာဗို ပါ ကေဇီ ရေ။
ကဗျာ ဆိုတာ စာရေးသလို ရေးချင်တိုင်း ဘောင်လွတ် ရေးမရ တာမို့ တော်ရုံ မရေးနိုင် လို့ ထင်တာဘဲ။
ဒါကိုတောင် ရွာထဲ မှာ ကဗျာဆရာ တွေ အများကြီး ရှိနေတာ။
ဝါသနာတူ တွေ ပေါင်းစည်းမိတဲ့ ပွဲ ပေါ့။
အသေအချာ ဖတ်ပြီး နောက် မှ ပြန်လာ ဝုတ် မယ်။
အဲဒီ ကဗျာ တွေ ကို စု တုပြီး ခိုးကြည့် (မှားလို့) ပြုကြည့် ဦးမယ်။
ဒါထက်
အဲ့ ညို့မျက်ဝန်း ပိုင်ရှင် က ဘူသူတုန်း။ 😛
KZ
June 17, 2013 at 3:08 pm
ပြန်လာ ဗုဒ် ပါဦး အရီးရေ။
မှတ်ချက်လေးအတွက်လည်း ကျေးဇူးတင်ပါတယ်။ 🙂
မက်လုံးလေးက စကားလက်မက်လုံးထက် ပိုလှတယ်မဟုတ်လားဟင်င်င်င်??
Mr. MarGa
June 17, 2013 at 3:05 pm
အဟမ်း…….ဟမ်း..ဟမ်း

ကျုပ်ကိုများ ရာရာစစ ပြခန်းစောင့် တဲ့
ဆန္ဒပြတဲ့အနေနဲ့ ကဗျာချစ်သူက ထွက်ပလိုက်မယ် ဘာမှတ်လဲ ဟွန်း
ကဲပါလေ…..
ပိတ်သတ်ကြီး အားလုံးကို တစ်ခုတော့ တောင်းပန်ပရစီ
ပုံတွေကို တင်ပြရာမှာ ကျွန်ုပ်ရဲ့ အပျင်းကြီးမှုကြောင့် အနီးကပ်မှ ဟိုဟာပြင် ဒီဟာပြင် လုပ်လိုက်ရပါသဖြင့်
အဆင်မပြေတာများ ရှိပါက ခွေးလွှတ်ကြပါကုန်…………
သတ်ပုံအမှားများ တွေ့ရှိပါကလဲ စာကူးပြန်ရိုက်သူ သိကြားမင်း အိပ်ချင်မူးတူး ဖြစ်သောကြောင့် ဟု ယူဆကြပါကုန်
KZ
June 17, 2013 at 3:13 pm
မထွက်ပါနဲ့အေ။
ဒီ တဂျားလေး အားကိုးနေရတာ။
နှစ်ဂျား ဆိုရင်တော့ မူးပြီပဲ။
amatmin
June 17, 2013 at 3:15 pm
ဖုန်းနဲ့မို့ ခန ပဲ ဝင်ကြည့်နိုင်သဗျို့. ။
လောလောဆယ်. ကျမဟာ ရဲ့ နှောင်ဖွဲ့မှုမှာ ..
မြောသွားခဲ့ရ တယ်လို့. 🙂
နောက်ပီး ကဗျာ ရရေးတိုက်ပွဲဝင်ခဲ့ရ ပုံ နည်းလမ်းလေးတွေတော့.
အလွတ်မှတ် သွားတာ ရယ်. ။
ဇဂါးမစပ်. နောင်ခါ ဘယ်ကတတ်လာဒယ် မမေးပါနဲ့. 😛
KZ
June 17, 2013 at 3:21 pm
အတော်များများ “ကျမဟာ” မှာ မိပြီ။
ကဗျာကို ပြောတာပါ။
ရပါတယ်။
တက်ကနိတွေက
ဆရာစားချန်ထားတာတွေ
များဂျီးအားဂျီးရှိတာမို့ မကြောက်မရွံ့
ပညာထုတ်ပြလိုက်ရခြင်းဖြစ်ပါဒီ။
နောက်ခါ ဘယ်ကတတ်တုန်းမမေးဘူး။ ရိုက်မယ်။
ကိုရင်စည်သူ
June 17, 2013 at 4:08 pm
ခေါင်းစဉ်တွေကြည့်ထဲက ကဗျာကောင်းတွေထင်တယ်..
ညကျ အေးဆေး ဘီဘီသောက်ပီး ခံစားဖတ်ပြီးမှ အေးဆေး ဘုတ်တော့မယ်ဂျာ..
ဂျီးဒေါ်လည်း စာရေးအားကောင်းပါလား… အပျိုကြီးတွေ
လူပျိုလေးတွေစိတ် အကဲခတ်တာ အရမ်းကောင်းတယ်..
ကိုရင်စည်သူ ဘုတ်ရတာကို ခရမ်းရောင်နဲ့ရေးထားတာ..
ကိုရင် ခရမ်းရောင်ကြိုက်မှန်း သူလေဘယ်လိုသိ.. 😳
ဘုတ်ရတဲ့အထိန်းအမတ်နဲ့… ဖတ်ရူ့သူအားလုံးအား… SW တစ်ယောက်
တစ်လုံး တိုက်ရင် ကတိပြုပါတယ်ခင်ညာ..
KZ
June 17, 2013 at 4:25 pm
ပြန်လာနော်။

ပြန်လာ ဗုဒ် ရမယ်နော်။
ပြန်လာဗုဒ်ရင် ခရမ်းရောင်ကြိုက်သော ကိုရင်ကို ခရမ်းရောင်ရှိသော ခရမ်းသီးနှပ် ကျွေးမယ်။
Mr. MarGa
June 17, 2013 at 8:04 pm
တစ်ခုတော့ ဝင် ပြောလိုက်ဦးမယ်
(အမှန်တကယ်က ကြွားတာ ဟီဟိ)
ပထမ ပြခန်းပို့စ်မှာ
ကွန်မန့်က တစ်ရာငါးဆယ့်လေးခု
ဗုတ်က တစ်ရာ့ငါးခု
(ဒါတောင် ပြပြချင်း ဗုတ်မထည့် ဟီဟိ)
ကျော်မကျော် ကြည့်ချင်သား…………….
KZ
June 18, 2013 at 8:27 pm
ကိုနိုဂျီးပြောသလို ပရိုမိုးရှင်းလိုက်ရမား:::::::
အလင်း ဆက်
June 17, 2013 at 9:16 pm
တောက်စ်….
ကြွား သွားသေးးး
ဟေ ့…သကြား….
နီတော့
ကော်ဖီထဲ အထည့်ခံရတော့မယ်. ။
ဒီမယ်…
နာပေါမယ် ။
နီ ့ပြခန်းတင်တုန်းက..
ရွာ ကြီး..ဆမာကလာ မဖြစ်သေးဘူး ဟ ။
အခု ရွာထဲ.. ဝင်မရလို ့…
ပမာဒလေ ခ နေတဲ ့ တို ့ရွာသူားတွေ တစ်ပုံကြီး ရှိနေတယ် ။
နေ ့လည်ကတောင်.. ဟိုလူကြီး.မိုဘိုင်းးးး
ဘယ်လိုဝင်ရမလဲ..မသိ. ။ ဝင်မရလို ့..ဆိုပြီး..ညည်းနေသေးတယ် ။
.org နဲ ့..ပြောင်းဝင်နေရမှန်းတောင်.. မသိတဲ့လူတွေ ရှိတယ် ။
ကျွန်တော်ဆို…. .org နဲ ့လည်း ဝင် လို ့မရလို ့..
Mail ထဲရောက် လာတဲ့ comment လင့်ခ် လေးကနေ…
တဆင့်.. ဝင်ရတာ ။
ဒါတောင်မရသေးလို ့…
ဒီ ပြခန်း လင့်ခ်လေး..မမခိုင်ဇာ တင်ပေးထားတဲ ့..
Facebook သွားပြီး.. ခက်ခက်ခဲခဲ..ဝင်ရတာဗျ ။
ဒီ လို..
ဒီလို…
အခြေအနေတွေ ကွာတာကို..
အနိုင်မကျင့်ပါနဲ့ကွယ်.. ။
😆
စတာနော် .။
တကယ် ။
😆
KZ
June 18, 2013 at 7:54 am
ဂါး:::::::::::::::::::::::::::::
ဟုတ်တယ်လေ။
အလက်ဆင်းလေးရယ်။
ဒီ သကြားတော့ ကော်ဖီထဲ ထည့်ဖျော်မိတော့မယ်။
အခြေအနေခြင်းမတူတာကို လာပြီး အနိုင်ယူနေတယ်။ 🙁
ဒီမှာ အားပေးသူနည်းလို့ ငိုချင်ရတဲ့ ကြားထဲ။ 🙁
ရွှေတိုက်စိုး
June 18, 2013 at 9:35 am
ကျမဟာ …….. ကို ကြိုက်တယ်………… ကဗျာကဗျာ ပြောဒါနော်… အဟီးးးးးးးးးးးးး
ကဗျာပြခန်းလေး မိုက်သဗျာ… လှည့်ပတ်မွှေနှောက်သွားတယ်နော….
ဒါနဲ. ကဗျာ ဆရာ နစ်နိမ်းတွေ ဘာလို.မထည့်တော့တာလဲဟင်… ကဗျာမှ အောက်ဆုံးက ကဗျာရေးသူ နစ်နိမ်းလေးက ထည့်မှပြည့်စုံမလားလို.ပါ….. ဘာလို.လဲဆိုတော့ ကဗျာလေးဖတ်ပြီး နောက်ဆုံး ကဗျာရေးသူ ကို နာမယ်လေးကြည့်ရတော့ အော် သူဒီလို ခံစားလို. ဒီလိုရေးတာပါလားလို. ပုံဖော်ကြည့်ရတာ ဒါအရသာ ပါဗျာ………….
KZ
June 18, 2013 at 9:38 am
ဂလို တိုက်တိုက်ရေ။
ရေးသူနဲ့ ကဗျာ မတွဲရခြင်းက လူစွဲ နဲ့ ဗုဒ် မှာစိုးလို့တဲ့။
မဖော်ပြရဘူးဆိုလို့ပါဟာ။
လာ အားပေးသွားတာကို ကျေးဇူးပါ။
ဗုဒ်ပြီးပြီမဟုတ်လား ဟမ်။
ရွှေတိုက်စိုး
June 20, 2013 at 1:09 pm
အဲဒါကို က ပွင့်လင်းမြင်သာမှု မရှိတာ.. ကဗျာကို ကဗျာဆရာ နံမယ်နဲ. မတွဲတာ ကဗျာမဆန်လို.ပါအေ…
သူဟာလူ လူဆွဲဆွဲ ကျမဟာ ဆွဲဆွဲ… ဆွဲချင်သလောက်ဆွဲ တစ်ယောက် တစ်ဗို.ထ် ပဲ လေ….
မလိုအပ်တဲ့ စိုးရိမ်မှုတွေ မထားကြပါနဲလားဗျာ………….
KZ
June 20, 2013 at 1:12 pm
အိ(ခ)
တဂျားရေ……………..
အလက်ဆင်း ရေ……………………
ဒမာ ပြောကုန်ဂျဘီ။
လာရှင်းပြကြပါအူး:::::::::::::::::::
မတိဘူး:::
အနော်က ကလေးတွေ ခိုင်းတာ လုပ်ရတာရယ်။
Mr. MarGa
June 21, 2013 at 12:16 pm
ကိုရင်တိုက်ရေ
ကဗျာကို ကဗျာဆရာ နာမည်နဲ့ တွဲပါသဗျ
ဒါပေသိ အခုပို့စ်မှာတော့မဟုတ် နောက်ပို့စ်မှာ ပြောပြမယ် အဟီး 😆
မလိုအပ်တဲ့ စိုးရိမ်မှု မထားဘဲတော့ နေချင်ပါတယ်
ဒါပေမင့်
မိုးမပြိုဘူး……………..ပြိုခဲ့သော်…………………………………
Ma Ma
June 18, 2013 at 10:19 am
ခမ်းခမ်းနားနားကို ခင်းကျင်းပြင်ဆင်ထားပါကလား။
:hee:
KZ
June 18, 2013 at 10:29 am
ချစ်မမ။
ဗုဒ် သွားပါဦးနော်။ ဟီးဟီး။
Ma Ma
June 18, 2013 at 10:41 am
ဗုတ်ပြီးတာကို ပြောဖို့ မေ့သွားတယ်။
အခင်းအကျင်း လှပတာကို စိတ်စွဲပြီးတော့……. :hee:
KZ
June 18, 2013 at 11:18 am
ခွိခွိ။
ကျေးဇူး ကြီးကြီးပါ ချစ်မမ။ 🙂
ဗုံ ဗုံ
June 18, 2013 at 11:05 am
အဟမ်း..ဂနေ့လည်းဝင်ပြီးတော့ ဗုတ်တုတ်တုတ် လုပ်တမ်းဆော့သွားပါဒယ်…. ပြန်လာရင် ဝက်သားဒုတ်ထိုးလေး မမေ့ပါနဲ့..ဆိုတာလေး..
( ဂယ်ဒေါ့ ဟိုသဂျားကို အညင်ကပ်လို့..နာ့မမဂျီး နိုင်အောင်လို့..) 
KZ
June 18, 2013 at 11:15 am
ဒါမှ နာ့ ရဲ့ ဗုံကလေးကွ။

တဂျားကိုသာနိုင်ပါစေ။
ဝက်တားတုတ်ထိုးတင်မက ထောပတ်သီးဖျော်ရည်ပါတိုက်ဦးမှာ။
ဒီ တစ်ခေါက် မန်းလေးလာရင်။
e tone
June 18, 2013 at 2:05 pm
အယ် … မမခိုင်ဇာ ပို့စ်ဖတ်မိမှ ကဗျာ ပြခန်းဆိုတာ ဒါဘာလားလို့ သိတော့တယ်… ရှေ့မှာ လုပ်ခဲ့ပေမယ့်.. မဝင်ခဲ့မိဘူးထင်တယ် ။ သတိမထားလိုက်မိဘူး .. ဟီး ။
စာလည်း မဖတ်ဖြစ်လိုက်တာများတော့ အပေါ်က ကဗျာတွေ တပုဒ်မှ မဖတ်ရသေးဘူး … ။
vote ချင်တာတောင် မvote နိုင်သေးတဲ့ အနေထားမို့ … စာတွေပြန်ဖတ်ပြီးမှ ပြန်လာ vote တော့မယ် ။
KZ
June 18, 2013 at 2:13 pm
ခိခိခိ။

တဂျား၊ တဂျား။
ဒမာ လာကြည့်ကြည့်။
တုန်ကလေး ချစ်စရာကောင်းချက်ကတော့။ <3
ဘာပဲ ပြောပြော လာသွားတာကို ကျေးဇူးများဂျီးအားဂျီး တင်ပါတယ်လို့။
Mr. MarGa
June 18, 2013 at 6:55 pm
ဟမ် 😯
ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😥
ဒေါ်အီးတုန်း…….
ပထမနဲ့ ဒုတိယပြခန်းကို ပြန်လာဘာ…….
ဒီ ဂျီးဒေါ် အကျော်ခံနိုင်ဝူး
အိုက်ဒါ ပြန်လာမန့်ဘာာ 😡
KZ
June 18, 2013 at 7:56 pm
မမန့်နဲ့ တုန်ကလေး::::::
သူကများနေပြီ။
ခွိခွိခွိ
Wow
June 18, 2013 at 4:11 pm
ဘောင်တွေကို မုံးပေမဲ့ နှောင်ဖွဲ့မှုခံချင်သူတစ်ယောက်ကို vote သွားအိ…
KZ
June 18, 2013 at 4:26 pm
အာ့ဒွေဂျောင့် ဝါး ကို ချစ်ရဒါ။
ကျေးကျေး::::::::::::
TNA
June 18, 2013 at 4:59 pm
အားလုံးကိုခံစားပြီး သုံးပုဒ်ကိုဗုတ်သွားပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။ သူ့ထက်သူလူစွမ်းကောင်းချည်းမို့ အားလုံးကိုတမျိုးစီကြိုက်ပါတယ်။
KZ
June 18, 2013 at 5:01 pm
မွမွသဲ ကို ကျေးဂျူးတင်ဘာဒယ်။
Ma Ei
June 18, 2013 at 5:19 pm
ကဗျာလေးတွေကော…
အပြင်ဆင်လေးတွေရော…
လှတယ်….
ဒါပေမယ့်….
တစ်ပုဒ်ပဲ ရွေးခဲ့တယ်နော်…
KZ
June 18, 2013 at 5:25 pm
ရောက်အောင်လာတာကို ကျေးဇူးအရမ်းတင်ပါတယ် မွအိ ရယ်။
🙂
nozomi
June 18, 2013 at 5:23 pm
ပရိုမိုးရှင်း လုပ်တဲ့ အနေနဲ့
ဗုတ်တဲ့ သူ တွေကို ပို့စ် ပိုင်ရှင်က အာဘွားပေးနေတယ် သတင်းကြားလို့
ဗုတ်ပြီး စောင့်နေတာ ဘယ်သူမှ မဘာမှလဲ မဘာဘူး
သေချာအောင် နောက်နေ့မှ ပြန်လာစောင့်တော့မယ်
KZ
June 18, 2013 at 5:27 pm
အဲ။ ဟီးဟီး::::

ပေးမယ်။ ပေးမယ်။
မသိလို့ပါ ကိုနို လူဇိုးဂျီး:::::
အာဘွား::း အမြှောက် တစ်သိန်း
နောက်ရက် ကော်မန့်ပြန်လာပေးဦး:::

အရီးခင်လတ်
June 18, 2013 at 5:38 pm
ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေ ချစ်သော ဒေါ်အောင်ဆန်းစုကြည်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ အတူ
ဒေါ်အောင်ဆန်းစုကြည် က ချစ် သော
ဒေါ်အောင်ဆန်းစုကြည် ကို ချစ် သော မြန်မာ ပြည်သူ/သား များ ကို
ကျိန်စာဆိုး ကြီး ထဲ မှ ကယ်ထုတ်ပေးနိုင်ပါစေ။
သူမ မွေးနေ့ အတွက် အမှတ်တရ
သူမ ရဲ့ ဘာသာပြန်ကဗျာ (အကယ်၍)
အကယ်၍
မင်းအသိုင်းအဝိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမာ္ဘကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
If . . . by Rudyard Kipling
If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:
If you can dream—and not make dreams your master;
If you can think—and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build ’em up with worn-out tools:
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “Hold on!”
If you can talk with crowds and keep your virtue,
Or walk with Kings—nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run,
Yours is the Earth and everything that’s in it,
And—which is more—you’ll be a man, my son!
http://en.wikipedia.org/wiki/If
ဒေါ်အောင်ဆန်းစုကြည် ရေ
ရှင်ဟာလဲ ကျွန်မတို့အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ ထာဝရ ခေါင်းဆောင်ကောင်း သူရဲကောင်း ပါဘဲ။
အရီးခင်လတ်
June 18, 2013 at 5:40 pm
မနက်ဖြန် အချိန်မရ ခဲ့ မှာ စိုး လို့ ကြိုပြီး Wish လုပ်လိုက်ပါသည်။
ကဗျာခန်း ကို အလွဲ သုံးစား လုပ်မိတာ ခွင့်လွှတ်ပါ ဟေ့။
😛
KZ
June 18, 2013 at 5:41 pm
ဟယ်။
အရီးရေ။
ဒီ ကော်မန့်အတွက် အင်မတန် ကျေးဇူးတင်ပါရဲ့ဗျာ။ 🙂
သတိရတဲ့ စိတ်ကိုလည်း ချစ်မိပါတယ်။ <3
နက်ဖြန် မွေးနေ့ အတွက် ပို့(စ) တစ်ခုတော့ စကက်ဂျူးလုပ်ထားပါတယ်။ 🙂
အရီးခင်လတ်
June 18, 2013 at 5:49 pm
Thanks a lot ကေဇီ။ 🙂
ရွှေ ကြည်
June 18, 2013 at 8:04 pm
ဗရာကြော်အရီးရေ သတိရနေပါတယ်။
ရွှေ ကြည်
June 18, 2013 at 8:01 pm
အစ်မဇာရေ နောက်ကျတဲ့အတွက်ခွေးလွှတ်ပေးပါနော
ရွှေကြည်ရွာကိုအပြင်ကပဲ ပတ်ပြီး မဝင်ဖြစ်လို့ပါ။
ကဗျာတချို့ကိုဘယ်သူ့လက်ရာဆိုတာမှန်းလို့ရတယ် ဟိ..။
ကြိုက်တာကတော့ နှောင်ဖွဲ့မှုကင်းလွတ်ခြင်းကဗျာပါပဲ ဒါပေမယ့် အပြင်ကနေဝင်ဗုတ်လိုက်တာက တခြားတပုဒ်ဖြစ်သွားတယ် နောက်တခုကို အဓိပ္ပါယ်လေးကြိုက်လို့ အားလုံးကတော့သူ့သဘောနဲ့သူကောင်းနေတာပါပဲ။ လေးစားပါတယ် ရွာသူားတို့ အစ်မရေးထားတာလဲဖတ်လို့ကောင်း၏
အစ်မနှိပ်စက်မည်ဆိုပါက ခံယူရန်အသင့်
ရွှေကြည်
KZ
June 18, 2013 at 8:06 pm
ဘယ်လောက် နောက်ကျနောက်ကျ
လာလို့ကို ချစ်ရတာ။
ချွေကြည်လေးကို။ <3
🙂
KyawThein
June 19, 2013 at 12:08 am
http://myanmargazette.net/146375
အထက်က လို မေတ္တာစာမျိုး ပို ့လျှင်လက်ခံပါသလား
လက်ခံပါက ပို့ပေးပါမည်
ဗုတ်သွားပါသည်
KZ
June 19, 2013 at 8:00 am
အဲ။

ခဏလေးဗျ။
အဲ့ဒီ အပိုင်းက အလင်းဆက် မှ သိမှာ။
မေးပေးမယ်၊။
အလင်း ဆက်
June 19, 2013 at 10:24 am
mingalarbar လေးလေး ကျော်သိန်း ရေ။
လေးလေးရဲ ့ အထက်က ပိုစ့်ကို ကျွန်တော် သွား ဖတ် လိုက် ပါတယ်။
ကောင်းပါတယ်။
ကဗျာ ပြခန်း နဲ ့ကျတော့ အဲဒီ လို ရေးဟန် မျိုးက သိပ် မလိုက်ဖက် ဘူး လို ့
ယူဆ မိပါ တယ်။
အဲဒီ လို သ ရော် စာ ရေးဟန် လေးကိုပဲ
ကဗျာ ဟန် လေး နဲ ့
ကဗျာ ဆန်ဆန်လေး ရေးပြီး
ပြခန်း အတွက် ချီးမြှင့် စေ ချင် ပါတယ် ခင် ဗျ ။
လေးစားစွာ ဖြင့်
အလင်းဆက်
KyawThein
June 20, 2013 at 9:35 am
အရမ်းလန့်သွားလားညီလေး
မပို့ပါဘူးကွယ် မေးကြည့်တာပါ
ကဗျာလည်းဆန်အောင်မရေးတတ်ပါဘူးလေ
ဖတ်ပြီးအားပေးနေရုံလေးပါ ။
အလင်း ဆက်
June 20, 2013 at 10:36 am
လေးလေး ကျော် ရေ
ကဗျာ ဆန်အောင် မရေး တတ်ပါဘူး ဆိုသူတွေ
ရေး တဲ့ ကဗျာ က
ကဗျာ ပိုဆန် တာ သိ ပြီးသားး
ဒါကြောင့်
ရေး ပေးပါ ။
ပို ့ပေးပါ ။
😆
Foreign Resident
June 19, 2013 at 7:14 am
Vote List ထဲမှာ “အာဇာနည်ဗိမာန်” လဲ ပါဘူး ။
KZ
June 19, 2013 at 7:58 am
ဟုတ်တယ် ဘဖော။
မန်ဘာမဟုတ်တဲ့သူရဲ့ ကဗျာတွေရယ်
ရှေးက ကဗျာတွေရယ်က
ဗုဒ်လစ်(စ) မှာ မထည့်ဘူးတဲ့။
Crystalline
June 19, 2013 at 8:53 am
မမခိုင်ဇာ… အမှန်အတိုင်းပြောရင် ကဗျာဆိုတာကိုယ်ဘယ်လိုမှမမှီတဲ့အပိုင်းဖြစ်ပေမယ့် မှီသလောက်လေးကို ဗုတ်သွားတယ်.. 🙂
KZ
June 19, 2013 at 8:55 am
ခရစ်(စ) လေးမလာလို့ မျှော်နေတာဗျ။
ကျေးဇူးတင်ပါတယ်။ 🙂
ကြက်အူလှည့်
June 19, 2013 at 9:00 am
ကျော့် ကဗျာစီးရီးစ် ပို့ချင်လို့ခည
KZ
June 19, 2013 at 9:23 am
ပို့ ပါဗျ။။

ရပါတယ်ဗျ။
Crystalline
June 19, 2013 at 9:01 am
အစ်မရေ.. ညပိုင်းဆို ဆိုဒ်ထဲလုံးဝဝင်မရဘူး.. ခါတိုင်းထက်အရမ်းခက်နေတယ်.. ကျမတစ်ယောက်တည်းဖြစ်လားလို ့အခုကွန်မင့်တွေဖတ်မှ အကုန်ဖြစ်မှန်းသိတာ.. 🙂
KZ
June 19, 2013 at 9:24 am
ဟုတ်ပါ့။ ခရစ်(စ) ရယ်။
အမဖြင့် ဒီ ကာလမှာ မဖွင့်မဖြစ်လို့သာ ပြခန်းဖွင့်လိုက်ရတယ်၊.
လူနည်းမှာတော့ သိသားလားကွယ်။
ကြောင်ဝတုတ်
June 19, 2013 at 11:39 am
ကဗျာဆိုတာ နှလုံးသားရဲ့အဆီအနှစ်တွေကို…
ဦးနှောက်ရဲ့ ဖွဲ့စည်းပေါင်းစပ်မှုနဲ့ တည်ဆောက်ထားတာပါ…
ကျွန်တော့ရဲ့ နှလုံးသားအဆီအနှစ်တွေကို အမှတ်တရဖြစ်အောင် ဖော်ပြခွင့်ပေးသော…
ကဗျာခန်းပိုင်ရှင်များအား… ကျေးဇူးအထူးပါခင်ဗျာ…
ခင်မင်လျက်-
ဖက်ဖက်ကက်
KZ
June 19, 2013 at 11:44 am
နှလုံးသား အဆီအနှစ်တွေကို
ကဗျာအဖြစ် ဖန်တီးပြီး သုံးခွင့်ပေးသော
ကိုဂျီးဖက် ကိုလည်း ကျေးဇူးတင်ပါတယ်။ 🙂
သျှားသက်မာန်
June 19, 2013 at 12:40 pm
ကောင်းတယ်ဟေ့…..ကဗျာပြခန်း (၃)တောင်ရောက်လာပြီ။…အားပေးနေပါတယ်.
KZ
June 19, 2013 at 12:51 pm
ကျေးဇူးတင်ပါတယ်။
ကဗျာတွေ ပို့လို့လည်း ရပါတယ်၊။
🙂
သခင် mobile
June 19, 2013 at 6:31 pm
ကဗျာပြခန်း ပို့စ်တွေထဲကို ခုမှပဲဝင်ဖြစ်တယ်နဲ့တူတယ်ဗျာ…..
ကဗျာပြခန်း ဝိုင်းတော်သားတွေရဲ့ အလုပ်ကလည်း တှယ်မလွယ်လှသကိုး….
ဓါပြတိုက် အနုကြမ်းစီး မက်လုံးပေး ဘွဲ့လက်မှတ်ရထားသူတွေလောက်မှသာလျှင်
အဆင်ပြေအောင် စီမံခန့်ခွဲနိုင်လတံ့။
ကျုပ်လည်းရောက်လာပြီးသည့်သကာလ စိတ်ကြိုက်ကဗျာသုံးပုဒ်ကို ဗုဒ်ထားခဲ့လေသတည်း…..
KZ
June 20, 2013 at 9:31 am
ကျေးဇူးတင်ပါ၏ 🙂
အလင်း ဆက်
June 20, 2013 at 10:29 am
ပြခန်း အမှတ် ၃ ထိ ချီတက် လာနိုင် ပါပြီ ။
ရှေ့ ဆက် ဖို ့လည်း အား မာန် အပြည့် နဲ့ စီစဉ် ထား ကြပါတယ် ။
လူငယ် တွေ ရဲ ့ကဗျာ ချစ်စိတ် သီးသန် ့နဲ ့ အ ကောင် အထည် ပေါ်လာတဲ့
အနုပညာ ပြခန်း တွေ
တစ်ခန်း ပြီး တစ်ခန်း ထပ် ထပ် ဖြစ်တည် လာဦးမှာ ဖြစ်ပါတယ်။
ပြခန်း ၁ ကို ချစ်သော ဦးမာဃ ဦးဆောင် ဖွင့်လှစ် ခဲ့ ပါတယ်။
ပြခန်း ၂ ကို ကျွန်တော် အလင်းဆက် အိုးနင်းခွက်နင်း နဲ ့ဖွင့် ပြ ခဲ့ပါတယ်။
ပြခန်း ၃ ကို ချစ်သော မမခိုင် ဇာ က လှလှ ပပ ဖွင့်လိုက် ပါ ပြီ ။
လာ မယ့် ပြခန်း ၄ ကို
ကဗျာ ချစ်သူ နောက် တစ် ယောက်က
ဖွင့်ပြ ဦးမှာ ဆိုတော့
ဘယ်သူ များလဲ
ဘယ်လို များလဲ လို ့
ကြိုတင် ရင် ခုန် နေပါပြီ ။
KZ
June 20, 2013 at 11:00 am
ဟွန်းနော်။

ဘာမှလာ မြှောက်မပေးနဲ့။
နောက်ခေါက်တွက် ခေါင်းခြောက်ပါတယ်ဆိုမှ။
အလင်း ဆက်
June 20, 2013 at 12:20 pm
ဟွန်း နော်
ခေါင်း မခြောက် ပါ နဲ့
သူ ့မှာက ဖြင့်
အနုနည်း တွေ ရော
အကြမ်း နည်း တွေ ရော
အစုံအစိ ရှိ နေတာ ကို
😆
surmi
June 20, 2013 at 7:54 pm
ရွာထဲရောက်ဖို ့ တော်တော် ကြိုးစားလိုက်ရတယ်
ကဗျာပန်းခင်းထဲကိုရောက်လာသလိုပါဘဲ
ရသာစုံလှတဲ့ စားပွဲကြီးရှေ့မှာမရွေးတတ်အောင်ပါပဲ
ပြခန်းတစ်ခုကို တစ်မျိုးရသ ပေးနိုင်ပဗျာ
KZ
June 21, 2013 at 9:05 am
ဦးဆာ လာသေးတယ်နော်။
မျှော်လိုက်ရတာရယ်။
အခက်အခဲကြားက အရောက်လာနိုင်လို့ ကျေးဇူးတင်ပါသည်
ဦးကြောင်ကြီး
June 22, 2013 at 10:27 am
ကေဇီကဗျာ
မြေဆီလွှာ
ရေစည်တဖာ
နွေပီပါ
ဗေထီတခါ
လေနီကြာ
ငွေသီပဏာ
ဇေတီတာ..။
KZ
June 22, 2013 at 3:59 pm
နွေပီပါထဲကို
ရေစည်တစ်ဖာ ရောက်ဖို့
ဘယ်ဆီလာပို့ ရမတုန်းဟင်??