Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖိတ်စာဝေနေပါသည်

padonmarJuly 2, 20131min3313158

 

 

ဒုတိယအကြိမ် မန်းဂဇက်ကွန်ဖရဲင့်စ်ကြီး ကို

နေ့ရက်- ဂျူလိုင် ၂၁ ရက် တနင်္ဂနွေနေ့
အချိန် – နံနက် (၉) နာရီ
နေရာ-ကန်တော်ကြီး P3 စားသောက်ဆိုင်

(ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ)တွင်
အစားအသောက်ကြိုက်တာကို ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ကြိုက်သလောက် ကြိုက်တဲ့သူနဲ့ တူတူ စားလို့ရတဲ့ ဘူဖေး စီစဉ်ပါမည်။

(ကြိုက်တာကို ဆိုတာမှာ ဆိုင်က စီစဉ်ပေးထားသမျှ ထဲကလို့ ဖြည့်ပါရစေ)

အစီအစဉ်-ကြီးမှမိုက်တဲ့ ဦးကြိုက်မီးနဲ့ ငယ်ငယ်လေးနဲ့မိုက်တဲ့ ဆယ်အိမ်ခေါင်းရွှေတိုက်တို့ စီစဉ်နေပါသည်။

Green Rose  စီစဉ်နေတဲ့ မန်းဂဇက်ချစ်သူများ အမှတ်တရ ဆုရပို့စ်များနဲ့ ဆုရ ကဗျာများ စာအုပ် ကိုလည်း

အမှတ်တရသိမ်းထားနိုင်ဖို့ အရင်းသာသာ မများသောနှုန်းထားနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။

(အရင်းသာသာဆိုတာကလည်း ပိုသမျှငွေကို မန်းဂဇက်ရန်ပုံငွေအဖြစ် ရွာ့အကျိုး (အဲမှားလို့ အခု မြို့ဖြစ်သွားပြီဆိုပဲ )မြို့အကျိုး ကိစ္စတွေမှာ သုံးမှာပါ။)

ရွာသူားများ စာရင်းပေးကြပါကုန်လော့၊
ဒူ…ဟူဟူ….

လူဟောင်းလူသစ်မခွဲ ကျားမ မခွဲ အသက်အရွယ်ကြီးငယ်မခွဲ ပညာအရည်အချင်းမခွဲ ဘာသာလူမျိုးမခွဲ လိင်တူချစ်သူလိင်ကွဲချစ်သူ မခွဲ

မန်ဘာတိုင်းလာနိုင်ပါတယ်။

မှတ်ချက်
(အခမဲ့ပါနော။စာရင်းလေးတော့ ပေးပါ)

လူဦးရေအတိအကျကို  ကြိုတင်ငွေပေး မှာရမှာဖြစ်တဲ့အတွက် ပွဲမတိုင်မီ ၁၁ရက်အလို

ဂျူလိုင် ၁၂ရက်နေ့ည သန်းခေါင် ထိ စာရင်းပေးပေးကြပါ။

ဆုရမယ့်သူတွေ ကိုယ်တိုင် မလာနိုင်ရင် ကိုယ်စားလာယူခိုင်းကြပါ။

(လာချင်ပေမယ့် မသေမချာဖြစ်တယ်ဆိုရင်လည်း လာဖို့တော့ ကြိုးစားမယ်၊မသေချာသေးကြောင်း စာရင်းတို့ပေးထားပါ။

မသေမချာ လူဦးရေဟာ ၁ဝယောက်အောက်ဆိုရင် လာမယ့်စာရင်းထဲထည့်ပြီး ကြိုမှာထားပေးပါမယ်။)

ပထမအကြိမ် ကွန်ဖရဲင့်စ်တုံးက ဘယ်လောက်ပျော်ဖို့ကောင်းသလဲဆိုတာ လာဖူးသူတိုင်းသိပါတယ်။

မလာလိုက်ရလို့ တသသနဲ့ မဆွေးရလေအောင်၊

စားပွဲကို လက်သီးနဲ့ မထုမိရလေအောင်

မပျက်မကွက် ဆက်ဆက်လာကြစေချင်ပါတယ်။

ဒါ့ပုံဆရာတွေ ဘက်ထရီတွေ ထရိုင်ပေါ့တွေ လဲန်စ်တွေ စုဆောင်းဖုန်သုတ်ထားကြပါ။

ဆယ်အိမ်ခေါင်းရွှေတိုက် နဲ့ ဦးကြီးမိုက်က ကြိုးမဲ့မိုက်လေး ဓာတ်မလိုက်အောင် ပြင်ထားပေးပါ။

အမှတ်တရ လက်ဆောင် ပေးမယ့်သူတွေ

ကံစမ်းမဲ ဖောက်ပေးမယ့်သူတွေ

ကြိုတင် ပြင်ဆင်  ဂျောက်ချနိုင်ပါပြီ။

သီချင်းဆိုမယ့်သူ၊ဂစ်တာတီးမယ့်သူ ၊တပင်တိုင်ကမယ့်သူ၊

နှစ်ပါးသွားကမယ့်သူ၊ဦးရွှေရိုးဒေါ်မိုးကမယ့်သူ၊ဦးစိတ်တို မျောက်ညိုဇာတ်ကမယ့်သူ၊

သူကြီးမင်းထံ ပွိုင့်တောင်းသွားမယ့် အနောက်ဖက်သို့ ခရီးစဉ် ပြဇာတ်ကမယ့်သူ ………

လေ့ကျင့်ထားကြပါ။

 

လူသစ်များ ဒီပို့စ်ကျမှ ဖတ်ပြီး သိပ်မရှင်းလင်းကြရင် အရင်က တင်ခဲ့တဲ့ ပို့စ်တွေမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

မဲရုံ မဲရုံကိုလာ့ ၊ငွေဖလားကြီးနဲ့ ၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

ဂဇက်ကွန်ဖရဲင့်စ်(၁) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

 

158 comments

  • ko win

    July 16, 2013 at 9:03 pm

    စာအုပ်လည်း လိုချင်တယ်။ လာလည်း လာချင်တယ်။ ဒါပေမယ့် အခုချိန်ထိ မသေချာနိုင်သေးဘူးဗျာ။

  • မှော်ဆရာ

    July 16, 2013 at 10:12 pm

    ကျွန်တော်လာဖို့ ကြိုးစားနေပါတယ် တီတီရေ … ။ ဖောင်ပိတ်ရက်အမှီ မတင်နှိုင်တာ ခွင့်လွှတ်ပေးပါ ..။

    • padonmar

      July 16, 2013 at 10:27 pm

      မှော်ဖေဖေကြီးရယ်
      လာဖြစ်အောင်သာ ကြိုးစားပါ။
      (လာရင်တော့ အန်တီ့ကို ပန်းသည်လေးလို လှအောင် ဒါ့ပုံရိုက်ပေးရမှာနော်၊ကင်မလာအသစ်ပြောင်းအသစ်ဂျီးနဲ့လို့ သတင်းရထားဒယ်)

  • ဦးဦးပါလေရာ

    July 16, 2013 at 10:19 pm

    (ဝယ်ခွင့်ရမယ်ဆိုရင်) စာအုပ်သုံးသောင်းဘိုးအထိ ဘွတ်ကင်တင်ပါကြောင်း….

  • padonmar

    July 16, 2013 at 10:29 pm

    ရပါဒယ်၊ရပါဒယ်၊
    နှင်းဆီစိမ်းလေးရေ၊ဈေးဦးပေါက်ပြီဟေ့။
    ဝမ်းသာလိုက်တာ၊ကျေးဇူးပါ ဦးပါ။

  • ဦးဦးပါလေရာ

    July 17, 2013 at 6:02 am

    အဲဒါ အပေါ်က ကွန်မင့်က
    သူများတွေကိုလဲ များများဝယ်ဖို့ ဘွတ်ကင်တင်ကြစေချင်လို့ နှပ်ကြောင်းပေးပြောတာဖြစ်ပါကြောင်း…
    😀

    အင်တာနက်မသုံးဖြစ်လို့ ရွာအဝင်နောက်ကျနေတာနဲ့ အချိန်တောင် အတော်နှောင်းနေပြီ…..

    ဂဇက်ကွန်ဖရင့်တွေကတော့ နှစ်စဉ်လုပ်ဖြစ်မှာဖြစ်ပေမယ့်
    ဒီ(ဂဇက်အမှတ်တရ၊/အထိမ်းအမှတ်)စာအုပ်မျိုး နောက်တစ်ကြိမ်လုပ်ဖြစ်ဖို့
    လုံးဝ လုံးဝ မလွယ်ပါဘူးနော

    အခုလဲဖတ်မယ်- နောင်ကို အခြားဆက်စပ်ရာ မိတ်ဆွေတွေကိုလဲ လက်ဆောင်ပေးမယ်
    နောင်တိုးလာမယ့် နောင်သိလာမယ့် အခြားမန်ဘာတွေကိုလဲ ဝေငှမယ် ….လို့ စိတ်ကူးပြီး
    ဝယ်သိမ်းကြစေလိုပါကြောင်း………….

    • kai

      July 17, 2013 at 6:09 am

      ထပ်ဖြည့်တိုက်တွန်းလိုက်ဦးမယ်..

      မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲကာလမှာ/မတိုင်ခင်လေးမှာ.. မန်းဂဇက်ရွာသူားဖြစ်ဖူးတယ်… ဆိုတဲ့ ပုံနှိပ်အထောက်အထားမို့..
      .. ဝယ်သိမ်းထားခဲ့ပါရင်..

      အသက် ၆၅နှစ်ပြည့်တဲ့အခါ.. ပြန်ဖတ်ကြည့်ပြီး..
      ကြည်နူးနေမယ်လို့..
      .. မြေးတွေ..မိတ်ဆွေတွေကိုအကြွားပိုနိုင်မယ်ရယ်လို့… အာမခံပါကြောင်း.. :mrgreen:

      • အရီးခင်လတ်

        July 19, 2013 at 2:17 am

        သူကြီးလို ၆၅ကျော်နေသူတွေ ကျ ဘယ်လို လုပ်ပါ့။ 🙄

  • padonmar

    July 17, 2013 at 10:54 pm

    ကျမကတော့ ကျမဝယ်မယ့် ကိုယ်ပိုင်စာအုပ်မှာ ပွဲကို လာသမျှ ရွာသူားတွေကို လက်မှတ်ထိုးပေးခိုင်းပြီး သိမ်းထားမယ် စိတ်ကူးပါတယ်။
    …………………….
    မှော်ဆရာက ဘီဒိုလာရိုက်ဖို့ ကြံစည်နေပါတယ်တဲ့။
    ကဲ …မပြောမရှိနဲ့။
    မကြီးစန်းတို့ တိုးတိုးတို့လင်းလင်းတို့နဲ့ အမြန်ချိတ်ထားကြတော့နော်။

  • ဘဆွေ

    July 18, 2013 at 12:53 am

    ဓီတခါလဲ မလာနိုင်ပါ…အင်. အင်..အင်.. ဘ.ယ်တော…များးမှ…

    • Ko chogyi

      July 20, 2013 at 9:32 pm

      ဟေ့ယူဂျီး ရောက်ရင်ဆက်သွယ်အူး စုံကျမယ်။

  • ဦးကျောက်ခဲ

    July 21, 2013 at 5:24 am

    ဒီနေ့ ရွာသက် ၁နှစ်ပြည့်ပါပြီ။ စိတ်သွားတိုင်းကိုယ်မပါ ပွဲမတက်နိုင်တာ မချင့်မရဲဖြစ်မိပါရဲ့…
    အဝေးကနေ လွမ်းရသူမို့ ကျောက်စ်အတွက် စာအုပ်လေးမှာ လက်မှတ်ထိုးပေးရင် အရမ်းပျော်မိမလားပဲ…
    အမှတ်တရပါခင်ဗျာ… အားပေးကြပါ လို့ :mrgreen:

    • surmi

      July 21, 2013 at 6:58 am

      ကို​ကျောက်​အတွက်​စာအုပ်​ကို ကျ​နော်​ လုပ်​​ပေးထားပါ့မယ်​ဗျို့ ..
      သွား​နြေပြီ 🙂
      အရင်​တစ်​​ခေါက်​လိုပဲ သတိယတယ်​ဗျာ

Leave a Reply