ဖိတ်စာဝေနေပါသည်

padonmarJuly 2, 20131min1705158

 

 

ဒုတိယအကြိမ် မန်းဂဇက်ကွန်ဖရဲင့်စ်ကြီး ကို

နေ့ရက်- ဂျူလိုင် ၂၁ ရက် တနင်္ဂနွေနေ့
အချိန် – နံနက် (၉) နာရီ
နေရာ-ကန်တော်ကြီး P3 စားသောက်ဆိုင်

(ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ)တွင်
အစားအသောက်ကြိုက်တာကို ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ကြိုက်သလောက် ကြိုက်တဲ့သူနဲ့ တူတူ စားလို့ရတဲ့ ဘူဖေး စီစဉ်ပါမည်။

(ကြိုက်တာကို ဆိုတာမှာ ဆိုင်က စီစဉ်ပေးထားသမျှ ထဲကလို့ ဖြည့်ပါရစေ)

အစီအစဉ်-ကြီးမှမိုက်တဲ့ ဦးကြိုက်မီးနဲ့ ငယ်ငယ်လေးနဲ့မိုက်တဲ့ ဆယ်အိမ်ခေါင်းရွှေတိုက်တို့ စီစဉ်နေပါသည်။

Green Rose  စီစဉ်နေတဲ့ မန်းဂဇက်ချစ်သူများ အမှတ်တရ ဆုရပို့စ်များနဲ့ ဆုရ ကဗျာများ စာအုပ် ကိုလည်း

အမှတ်တရသိမ်းထားနိုင်ဖို့ အရင်းသာသာ မများသောနှုန်းထားနဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်။

(အရင်းသာသာဆိုတာကလည်း ပိုသမျှငွေကို မန်းဂဇက်ရန်ပုံငွေအဖြစ် ရွာ့အကျိုး (အဲမှားလို့ အခု မြို့ဖြစ်သွားပြီဆိုပဲ )မြို့အကျိုး ကိစ္စတွေမှာ သုံးမှာပါ။)

ရွာသူားများ စာရင်းပေးကြပါကုန်လော့၊
ဒူ…ဟူဟူ….

လူဟောင်းလူသစ်မခွဲ ကျားမ မခွဲ အသက်အရွယ်ကြီးငယ်မခွဲ ပညာအရည်အချင်းမခွဲ ဘာသာလူမျိုးမခွဲ လိင်တူချစ်သူလိင်ကွဲချစ်သူ မခွဲ

မန်ဘာတိုင်းလာနိုင်ပါတယ်။

မှတ်ချက်
(အခမဲ့ပါနော။စာရင်းလေးတော့ ပေးပါ)

လူဦးရေအတိအကျကို  ကြိုတင်ငွေပေး မှာရမှာဖြစ်တဲ့အတွက် ပွဲမတိုင်မီ ၁၁ရက်အလို

ဂျူလိုင် ၁၂ရက်နေ့ည သန်းခေါင် ထိ စာရင်းပေးပေးကြပါ။

ဆုရမယ့်သူတွေ ကိုယ်တိုင် မလာနိုင်ရင် ကိုယ်စားလာယူခိုင်းကြပါ။

(လာချင်ပေမယ့် မသေမချာဖြစ်တယ်ဆိုရင်လည်း လာဖို့တော့ ကြိုးစားမယ်၊မသေချာသေးကြောင်း စာရင်းတို့ပေးထားပါ။

မသေမချာ လူဦးရေဟာ ၁ဝယောက်အောက်ဆိုရင် လာမယ့်စာရင်းထဲထည့်ပြီး ကြိုမှာထားပေးပါမယ်။)

ပထမအကြိမ် ကွန်ဖရဲင့်စ်တုံးက ဘယ်လောက်ပျော်ဖို့ကောင်းသလဲဆိုတာ လာဖူးသူတိုင်းသိပါတယ်။

မလာလိုက်ရလို့ တသသနဲ့ မဆွေးရလေအောင်၊

စားပွဲကို လက်သီးနဲ့ မထုမိရလေအောင်

မပျက်မကွက် ဆက်ဆက်လာကြစေချင်ပါတယ်။

ဒါ့ပုံဆရာတွေ ဘက်ထရီတွေ ထရိုင်ပေါ့တွေ လဲန်စ်တွေ စုဆောင်းဖုန်သုတ်ထားကြပါ။

ဆယ်အိမ်ခေါင်းရွှေတိုက် နဲ့ ဦးကြီးမိုက်က ကြိုးမဲ့မိုက်လေး ဓာတ်မလိုက်အောင် ပြင်ထားပေးပါ။

အမှတ်တရ လက်ဆောင် ပေးမယ့်သူတွေ

ကံစမ်းမဲ ဖောက်ပေးမယ့်သူတွေ

ကြိုတင် ပြင်ဆင်  ဂျောက်ချနိုင်ပါပြီ။

သီချင်းဆိုမယ့်သူ၊ဂစ်တာတီးမယ့်သူ ၊တပင်တိုင်ကမယ့်သူ၊

နှစ်ပါးသွားကမယ့်သူ၊ဦးရွှေရိုးဒေါ်မိုးကမယ့်သူ၊ဦးစိတ်တို မျောက်ညိုဇာတ်ကမယ့်သူ၊

သူကြီးမင်းထံ ပွိုင့်တောင်းသွားမယ့် အနောက်ဖက်သို့ ခရီးစဉ် ပြဇာတ်ကမယ့်သူ ………

လေ့ကျင့်ထားကြပါ။

 

လူသစ်များ ဒီပို့စ်ကျမှ ဖတ်ပြီး သိပ်မရှင်းလင်းကြရင် အရင်က တင်ခဲ့တဲ့ ပို့စ်တွေမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

မဲရုံ မဲရုံကိုလာ့ ၊ငွေဖလားကြီးနဲ့ ၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

မဲရုံ မဲရုံကိုလာ့ ၊ငွေဖလားကြီးနဲ့ ၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်

ဂဇက်ကွန်ဖရဲင့်စ်(၁) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၁) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၂) Mandalay Gazette Conference

ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

ဂဇက်ကွန်ဖရဲင့်စ်(၃)Mandalay Gazette Conference -ဂဇက်ဆုံစည်းပွဲမှ လက်ဆောင်များ

 

158 comments

  • padonmar

    July 7, 2013 at 8:01 pm

    အော် နီပေပါရယ်
    ပြောထားတယ်လေ။
    စားသောက်ဆိုင်က စီစဉ်ထားပေးသမျှ ဘူဖေးပါလို့၊
    ညည်းတို့ သမဂ္ဂအကြောင်းသိလို့ ကြိုကာထားတာလေ။
    ဒါပေမယ့် အဲဒီနေ့တော့ ကန်တော်ကြီးထဲ လမ်းပျောက်နေလို့ အိမ်မပြန်နိုင်ဖြစ်ကြမှာ မြင်ယောင်ပါသေးတယ်။

  • ရွာစားကျော် မင်းနန္ဓာ

    July 8, 2013 at 10:08 am

    I can’t attend this time… so sad… e ee eee :e:

    • padonmar

      July 8, 2013 at 8:43 pm

      ရွာစားရယ်
      ၄ရက်ဆက်ပိတ်တာတောင် လာလို့ မရတာ ဝမ်းနည်းစရာပဲ။
      ဧကန္တတော့ ရှင်မွေးလွန်းက ဘယ်သူနဲ့ တွဲလာတယ်ဆိုတာ သိသွားပြီ ထင်တယ်။

      • ရွာစားကျော် မင်းနန္ဓာ

        July 8, 2013 at 9:08 pm

        ဟုတ် တီပဒုမ္မာ
        အဲ့ လေးရက်ပိတ်မှာ
        နေပြည်တော်က မိဘမဲ့ ကျောင်းတစ်ခုကို
        ကျနော်တို့ ဆွေမျိုးစု အလှူသွား ပေးစရာ စီစဉ်ထားလို့ပါ…

        • နော်လည်း စိတ်မကောင်းဝူး..ဟိုခါကလို ဦးပီချိုကြီးကားကို တူတူစီးမားလို့ကို.. 🙁

  • နွယ်ပင်

    July 8, 2013 at 10:14 am

    ရွာထဲမရောက်ဖစ်လို့ စာရင်းမပေးရတေးလို့ပါချင့် …
    မနေ့က မင်းမော်ပုက သတိပေးလို့ အသည်းအသန်လာရောက်
    စာရင်းပေးပါတယ် … နွယ်ပင် + 1 ပါ ခိခိ +1 ကတော့ ဘူလဲမေးနဲ့ ပြောဖူးးးးးးးး 😆

    • padonmar

      July 8, 2013 at 8:46 pm

      နွယ်ပင်+ တစ်ယောက်သောသူလာရင်တော့ အိမ်သာဗျူးရမယ်။

      ဒါဇင်ပလပ်စ်တွေ မြန်မြန် စာရင်းလာတို့ ကြပါနော်။
      green rose ရဲ့ စာအုပ် မရလိုက်ဘဲ နေမယ်။

  • Green Rose

    July 8, 2013 at 5:40 pm

    Green Rose
    နေရာလှမ်းဦးပါတယ်..
    စာအုပ် လာရောင်းပါ့မယ်ရှင့်
    အစောကြီးလာရောင်းပါမယ်..
    မန်ဘာ ဦးစားပေး၊ ဦးရာလူစနစ်ပါ…
    ( ဒီလိုဆိုရင် ပိုရောင်းရတယ်ဆိုလားလို့ ) :harr:

    လေးစားလျှက်

    (Green Rose)

  • ဦးကျောက်ခဲ

    July 8, 2013 at 8:57 pm

    ဒီတစ်ခါတော့ ပြန်မလာနိုင်တာ သေချာသွားပြီမို့…
    ကျောက်စ်အတွက် စာအုပ်လေးကို ရွာသူရွာသားများ အမှတ်တရ လက်မှတ်ထိုးပေးပြီး…
    သိမ်းထားပေးစေလိုကြောင်းပါ ခင်ဗျာ… ကျေးဇူးပါ ခင်ဗျ

  • padonmar

    July 8, 2013 at 10:31 pm

    ဦးကျောက်စ်
    ကိုယ်စားလှယ် အပိုင်ရှိသားနဲ့ တခြားသူတွေကိုခိုင်းနေရသေးလား။
    ပွဲလာတက်ခိုင်းလိုက်လေ။

  • manawphyulay

    July 9, 2013 at 9:53 am

    ရွာထဲ မရောက်တာ အတော်ကြာပါပြီ။ ခုလို အဆက်မပြတ် တွေ့ဆုံပွဲတွေ လုပ်နေတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်ရှင်။

  • ခင် ခ

    July 9, 2013 at 9:55 am

    “ဒီပွဲကိုတော့ ခဏလေးဖြစ်ဖြစ် ရောက်စေချင်ပါတယ်။
    အရင် တစ်ခါလိုပဲ ဂရုဖိုတို ကို ဆုပေးအပြီး ရိုက်မှာ( 11း30-12:00 ခန့်)ဆိုတော့
    အဲဒါလေးတော့ အမီ လာခဲ့ကြပါလား။´´
    အခုလို ပြန်ကြားပေးတာအတွက် ကျေးဇူးပါဗျ။
    ဒါပေသည့် အဲဒီနေ့ရန်ကုန်လာဖြစ်တာက ဝါဆိုသင်္ကန်းကပ်အလှုတစ်ခုအတွက်လာရတာမို့ (၁၁း၃၀-၁၂းဝ၀) အချိန်ကတော့ မအားလို့ပါဗျ။ ပွဲကို စာအုပ်ဝယ်ရင်း ခဏလှည့်လာမယ်လို့တော့ စိတ်ကူးထားမိတာပါဗျ။

  • e tone

    July 9, 2013 at 10:03 am

    အာတီဒုံရေ … မင်ဂါဘာ

    အန်တီ နီလာစိန်ကို စာရင်းပေးပါတယ် … ။ ပွဲလာမယ်လို့လည်း သတင်းပေးထားပါတယ် ။

  • Char Too Lan

    July 9, 2013 at 12:55 pm

    ပျော်စရာကောင်းလိုက်တာ အရင်တခေါက်ကခရီးတွားနေလို့ မလာလိုက်ရဝူး
    လာချင်တယ် ဒီတခေါက်တော့ ကြိုးစားပီးလာပါမယ်ခညာ……. 🙂

  • padonmar

    July 9, 2013 at 7:05 pm

    သဂျီးသမီးတွက် ပါပါးသဂျီးက လက်ဆောင်ပေးမယ်တဲ့။လာဖြစ်အောင်လာနော်။
    စာရင်းက တစ်ယောက်လား တစ်ယောက်ခွဲလား၊ သုံးယောက်လား၊ရှင်းရှင်းပြော။

  • Foreign Resident

    July 10, 2013 at 1:20 pm

    မပဒုမ္မာ ရေ ၊ ပြဿနာ နဲနဲ ရှိနေတယ် ။

    အဘ ၊ နောက်ဆုံး သိရသလောက် နားလည်ထားသလောက် ကတော့ ၊
    အခုတစ်ခေါက် လုပ်မယ့် ဆိုင်က P3 မဟုတ်ဘူး ။
    ( P3 မဟုတ်ဘူး )

    အရင် တစ်ခေါက်က P3 မှာ လုပ်ခဲ့ပြီး ။
    အခု တစ်ခေါက် လုပ်မယ့် ဆိုင်က P3 ရဲ့ မျက်နှာချင်းဆိုင် ဘက်က ဆိုင် ။
    ( P3 ရဲ့ မျက်နှာချင်းဆိုင် ဘက်က ဆိုင် )

    ခက်တာက မပဒုမ္မာ က ၊

    နေရာ – ကန်တော်ကြီး P3 စားသောက်ဆိုင်
    (ယခင် တစ်ခေါက်ဆိုင်နှင့် မျက်နှာချင်းဆိုင် မိုးလုံလေလုံ နေရာ) တွင်

    လို့ မရှင်းမရှင်း ရေးလိုက်တော့ နားလည်မှု လွဲသွားတယ်လို့ ထင်တယ် ။
    အခု ဆြာအုပ် က P3 ကို လမ်းညွှန် တင်လိုက်ပြီ ။

    နောက်ဆုံး Information သိသူများ ၊ အမြန်ဆုံး သတင်းမှန် ထုတ်ပြန်ပေးပါ ။
    ( တိုက်တိုက် or ဦးကြီးမိုက် or မပဒုမ္မာ တစ်ယောက်ယောက်ပေါ့ )

    • padonmar

      July 10, 2013 at 8:35 pm

      P3 စားသောက်ဆိုင်ကပဲ ဘူဖေးကို တည်ခင်းဧည့်ခံမှာဖြစ်ပြီး
      နေရာက ယခင်တစ်ခါနဲ့ မျက်နှာချင်းဆိုင်မှာပါ။
      ပိုင်ရှင်တူမတူ မသိပေမယ့်
      အဲဒီ မိုးလုံလေလုံ နေရာမှာ ဧည့်ခံကျွေးမွေး အခမ်းအနားလုပ်ဖို့
      P3 စားသောက်ဆိုင် တာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီး ဖြစ်ပါတယ်။
      ဒါကြောင့် ဆရာအုပ်ရဲ့ ဂန္ဓာရီလမ်းညွှန်အတိုင်းသာ ရဲရဲတင်းတင်းလာခဲ့ကြပါ။
      တောင်လှေကားဦးကြီးမိုက်
      ဆယ်အိမ်ခေါင်းရွှေတိုက်စိုး၊
      လူပြိုကြီးအမတ်မင်းနဲ့
      ဂဇက်ရဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်လှပျိုဖြူကလေးများ (အခုခေတ်တော့ မော်ဒလယ်လေးတွေပေါ့)က ကြိုတင်ရောက်ရှိ ကြိုဆိုကြမှာပါ။

  • kaung kin

    July 10, 2013 at 2:16 pm

    မပဒုမ္မာရဲ့ ဖုန်းနံပါတ်ရရင်ကောင်းမယ် ဗျာ ဘာလို့လဲဆို့တော့ ဆိုင်မှားနေရင် ဖုန်းဆက်မေးလို့ရအောင်ပါ
    ကျွှန်တော်လည်း ကန်တော်ကြီးထဲ တခါမှ …ဗျာ့ မျှော်စင်ကျွှန်းတော့ရောက်ဖူးပါတယ် ဖုန်းနံပါတ်က အဓိက ရရင် မမ်ဘာတွေလည်း လာရတာအဆင်ပြေမှာပါ…………

    • padonmar

      July 10, 2013 at 8:37 pm

      ကောင်းကင်ရေ
      ဒီမှာ ကျမဖုန်းနံပါတ်မတင်ပေးနိုင်တာ စိတ်မရှိပါနဲ့။
      ပွဲမတိုင်ခင် တစ်ရက်ရက်မှာ ကောင်းကင်ပေးထားတဲ့ ဖုန်းနံပါတ်ကို ကျမခေါ်ပြီး ကျမဖုန်းနံပါတ်ပေးပါမယ်။

      • kaung kin

        July 15, 2013 at 6:31 pm

        အမရေ မောင်လေး ကို ၁ရရက်နေ့ကိုဖုန်းဆက်ပေးလို့ရမလားအမ
        မောင်လေး က သတင်းထောက်ဆိုတော့ ရုံးမှာ ရှိတာနည်းတယ်လေ
        ၁ရက်နေ့ ရုံးပိတ်ရက်ဆိုတော့ အားတယ် အမ ဖြစ်နိုင်ရင်၁ရ ရက်နေ့ကိုမနက်၁၂နာရီလောက်ဖုန်းဆက်ပေးပါနော်………..ကျေးဇူးတင်ပါတယ်ဗျာ

        • padonmar

          July 15, 2013 at 8:43 pm

          အမလို့ခေါ်တယ်ဆိုတော့
          ၁ရ ရက်နေ့ ၁၂ နာရီ ဖုန်းဆက်ဖို့
          ကြိုးစားပေးရမှာပေါ့။ 😛

  • Myo Thant

    July 10, 2013 at 4:24 pm

    အနော်က မျှော်စင်ကျွန်းနေနေသာသာ
    ကန်တော်ကြီးထဲတောင် မရောက်ဖြစ်တာ ၁ဝ နှစ်ကျော် ၁၅ နှစ်မို့
    ဆိုင်မှားရင် အနော်တို့ သားအဖ ဟင်္သာလေးတွေဖြစ်မှာစိုးတယ်ဗျာ ၊
    ကိုမိုက်ရေ ပြောပြဦးနော် ။

  • ကိုရင်စည်သူ

    July 11, 2013 at 9:55 am

    အန်တီဒုံဒုံရေ… လူစားစောင့်ရင်း ဂျူတီဝင်နေရတာမို့..
    ဒီလ ကွန့်ဖရင့်ကို ကပ်ချော်သွားပါတယ်ခင်ညာ.. 😥
    နောက်တစ်ခါ တွေ့ဆုံပွဲတော့ လက်ခုပ်တီးအားပေးဖို့…
    မဖြစ်မနေစောင့်ပြီး တက်ပါ့မယ်…။ ဒီတခါ အရင်တစ်ခေါက်ထက်
    လူများပြီး ပွဲစည်မယ်လို့ ထင်ပါတယ်…
    ရွာမိအဖများနှင့် ပွဲစီစဉ်သူ ရောင်းရင်းများ ပွဲတက်လာကြသော
    ရွာသူား အားလုံးပျော်ရွှင်ကြပါစေခင်ဗျာ..
    (တမီးလေးတွေလည်း တားမလာတော့ဘူးလို့ မျှော်မနေပါနဲ့တော့လို့.. ဟီးးးး :mrgreen:

    • Ma Ma

      July 11, 2013 at 2:18 pm

      အဲဒါကြောင့် ဘပုလည်း ဒီပွဲကို မတက်တာကိုးးးးးးး 😆

    • padonmar

      July 11, 2013 at 8:32 pm

      ကရင်စည်နော်
      ဆုတွေလာမယူနိုင်ရင် ဘယ်တစ်ယောက်ကို တရားဝင်ပေးလိုက်ရမယ်ဆိုတာ ပြောအုံး။
      (သာမီးလေးဒွေများတဲ့ ဗေဒင်ဆြာဂျီးမို့ပါ)

      • ကိုရင်စည်သူ

        July 13, 2013 at 3:05 pm

        အန်တီဒုံ… ပရယ်ဆန်တာကြီး ပါးပါးဖြစ်တော့မယ် အူးလေးကြီး
        ရွှေတိုက်စိုးကိုသာ တရားဝင်ပေးလိုက်ပါခင်ည…။ ကျေးဇူးပါ။။
        သာမီးလေးဒွေက အရေးအကြောင်းဆို အဖော်ရတာမဟုတ်ဘူး အန်တီ…
        သငယ်လေးတွေပဲ စုထားရတာ.. ဟီးး :mrgreen:

  • AKKO

    July 11, 2013 at 11:48 am

    အဲ့ဒီနေ့က ဂျူတီကျမှာ ဒါပေသိ ခဏလေးဖြစ်ဖြစ် ပြေးပြီး လာပါမည် ။ စာရင်းပေးပါတယ် :mrgreen:

    • padonmar

      July 11, 2013 at 8:35 pm

      မောင်ကြေးအိုးမလာလို့ မဖြစ်။
      ဟိုတစ်ယောက်က အာပိုဂျီးဂိုဏ်း ဝင်မယ်ချည်းပြောနေတာနော။

  • hmee

    July 11, 2013 at 12:15 pm

    မပုဒုမ္မာရှင့် ဆူး မောင်းတီးလို့ သတင်းရောက်ပါပြီ။ ရွာထဲလည်း ပြန်ရောက်ပါပြီ။ စာလည်းရေးနေပါပြီ။ ပိုစ့်လည်း တင်ပါတော.မယ်။ ရွာသူသားအားလုံးနှင့် သဂျီးကို နှုတ်ဆက်ပါတယ်။

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 11, 2013 at 12:21 pm

      ဝေး…..မမီ ကွ..
      စကားမစပ် ဈေးရောင်းတဲ့ညီမချောငှေး ရော .. အိမ်ထောင်ကျသွားပလားဟင်င်င်င်င်

    • kai

      July 11, 2013 at 1:02 pm

      မင်္ဂလာပါနော..
      ပို့စ်တွေတင်ပါဦး..

    • padonmar

      July 11, 2013 at 8:36 pm

      မှီရေ
      ရွာ့သမက်ကြီးနဲ့ သားသားမီးမီးတို့ပါ လာလို့ရပါတယ်နော်။

    • Foreign Resident

      July 11, 2013 at 10:33 pm

      ကြိုဆိုပါတယ် ၊ မမှီ ရေ ။

  • kyeemite

    July 11, 2013 at 2:40 pm

    ကြိုဆိုပါတယ် မမှီ
    ပို့စ်လေးတွေလည်းမျှော်နေပါတယ်…

  • weiwei

    July 11, 2013 at 2:46 pm

    လာဖြစ်အောင် လာမယ်လို့ အချိန်မှီ စာရင်းလာပေးသွားပါတယ် …

    • surmi

      July 11, 2013 at 2:58 pm

      မြ​ကျောက်​​လေးပါ သယ်​လာနိုင်​ရင်​ပို​ကောင်​း 🙂

    • padonmar

      July 11, 2013 at 8:38 pm

      အေတီဝမ်လာလျှင်
      မြကျောက်
      နှင်းသီး
      နဂါးမောက်သီး (ကြွားထားမိတာတွေ ယူလာရန်)

  • padonmar

    July 11, 2013 at 8:44 pm

    +2 ရပါတယ်၊
    ခေါက်မုန့်နဲ့ တိုရှည်ပါလည်း ရပါတယ်။

  • surmi

    July 11, 2013 at 10:24 pm

    ဒီတခါပွဲက​တော့ ​တော်​​တော်​စည်​မယ်​မှတ်​တယ်​
    မမှီတို့ ကိုရင်​တပ်​မတို့ ကိုခင်​ခတို့ပါ လာမယ်​ဆို​တော့ ​တော်​​တော်​ ဟုတ်​သဗျ ။
    အင်​းးးး ​ဘော်​​ဘော်​​ကျောက်​မလာနိုင်​တာကိုပဲမချင်​့မရဲဖြစ်​မိ​သေး ။
    မန်​း​လေး ကအဖွဲ့​တွေလည်​းဖြစ်​နိုင်​ရင်​ လာ​စေချင်​တယ်​ ။ သဂျားက​တော့ မလာမဖစ်​လာမယ်​ဆိုလား ကြားမိပါတယ်​ ။
    တစ်​ခုပဲ …. အချိန်​နဲလို့ လူ​စေ့သက်​​စေ့ ​လေမပစ်​ရမှာကိုစိုးမိပါရဲ့ ။
    ဒါနဲ့ မနိုဗွီ လည်​းဘာလက်​​ဆောင်​များမဲ​ဖောက်​ဦးမှာပါလိမ့ ်​ ..?!!! 🙂

  • GARFIELD

    July 12, 2013 at 10:19 am

    တို့ပြီကွယ်… အင့်… (စာရင်း)
    ဂါဂါးလဲလာမယ်…

    ဂါဂါး

    • surmi

      July 12, 2013 at 1:22 pm

      ဂါဂါး နှစ်​​ယောက်​ဖြစ်​​နေတယ်​
      အဲဒါ ???????
      ဘယ်​သူကဘယ်​သူ​တွေတုန်​း
      ရှင်​းကြပါဦးဗျ 🙂

      • ဦးကျောက်ခဲ

        July 12, 2013 at 1:28 pm

        ဒါက ဂါးကြီးဖက်…
        Garfield က ဂါးလေးဇာ ခင်ည… :mrgreen:

  • Ma Ei

    July 12, 2013 at 12:13 pm

    စာရင်းပေးနောက်ကျလို့ ခွင့်လွှတ်ပါနော့်…
    အရောက်လာခဲ့ပါမယ်….

  • နွေဦး

    July 12, 2013 at 1:15 pm

    အဲတော့….
    မရောက်တာကြာသွားတာနဲ့ ဒီပွဲ ကိစ္စ မသိလိုက်ဘူး…
    စရင်းပေးပြီဗျို့ လာခဲ့မှာ…
    တော်သေးတာပေါ့၁၂-၇-နောက်ဆုံးဆိုတော့ ကပ်တီးလေးဘဲ…

    • padonmar

      July 15, 2013 at 8:41 pm

      ဦးနွေဦး
      e-mail ပို့ထားပါတယ်။

  • water fish

    July 12, 2013 at 1:26 pm

    အန်တီဒုံဒုံရေ..တမီးလဲစာရင်းပေးပါတယ်နော်..

  • Ma Ma

    July 12, 2013 at 2:17 pm

    မိုချိုလည်း တက်ရောက်မယ်လို့ ဥက္ကဌကြီးက ပြောခိုင်းပါတယ်။ 🙂

  • Swal Taw Ywet

    July 12, 2013 at 3:59 pm

    မီးဆလိုက် ထိုးပေးရမယ့် စွယ်တော်ရွက် တာဝန်ထမ်းဆောင်ရန်အသင့်။
    With respect, Swal Taw Ywet.

    • surmi

      July 12, 2013 at 4:17 pm

      သားသမီးအရင်​းသာ 🙂 🙂
      ဆိုရင်​
      ​မောင်​ရင်​့မှာရြှိပြီလား းးးးး 🙂

  • padonmar

    July 12, 2013 at 10:54 pm

    ကဗျာဆရာ ကမ်းဝေးကလည်း လာတော့လာမယ် မသေချာသေးထဲမှာ စာရင်းတို့ထားပေးပါတဲ့။
    ……..
    ချင်ကျားပူက မိုချို က တစ်ယောက်နဲ့ တစ်ဗိုက် စာရင်းပေးထားပါတယ်။
    ဆုရထားတဲ့ မိုချို နဲ့ ဆုကြေငြာပေးဖို့ ငါးရိုးလေးကို အမှောင်ချပြီး ကြိုးစားပမ်းစားရိုက်ခဲ့တဲ့ ကိုပေါက် တို့ ဆုံနိုင်ကြရင် ကောင်းမယ်လို့ တွေးမိပါတယ်။

  • padonmar

    July 12, 2013 at 11:07 pm

    ရွာ့စာအုပ်လေးတော့ ပုံနှိပ်ဖို့ပြင်နေပါပြီ။
    အမှတ်တရ လှလှပပလေးဖြစ်အောင် ဂရုဖိုတို ဓာတ်ပုံတွေလည်းထည့်ချင်တော့ စာအုပ်၂၀ဝ လောက်ရိုက်ရင်တောင် တစ်အုပ် ၃၀၀ဝ လောက်ကျမယ်။
    ကွာလတီလည်း မလျှော့ချင်တော့ အုပ်ရေ များများရိုက်မှ ဈေးသက်သာမယ်ဖြစ်နေတယ်။
    အဲတော့ ရွာသူားတွေကို အားကိုးပါတယ်။
    ဝယ်ယူအားပေးကြဖို့ရယ်၊ နီးစပ်ရာတွေကို လက်တို့ပေးဖို့ရယ် ၊ဆွေမျိုးတွေကို ဝယ်ပြီး လက်ဆောင်ပေးကြဖို့ရယ် အားကိုးပါရစေ။

  • Nyein Nyein

    July 13, 2013 at 6:24 pm

    တီဒုံရေ……… သမီးလည်း လာမှာနော်။ ဖွဘုတ်မှာတော့ ပြောထားတယ်။ ဒီမှာ တစ်ခါထပ်ပြောတာပါ။ တော်ကြာ စာရင်းထဲမပါမှာစိုးလို့။ :mrgreen:

    • padonmar

      July 15, 2013 at 8:40 pm

      ငြိမ်းငြိမ်းလေးကို စာရင်းမှတ်လိုက်ပါပြီ။

  • Novy

    July 15, 2013 at 10:51 am

    မမပုဒုမ္မာရေ…….
    အမလေးမောလိုက်တာ ရွာထဲ့ကို ပြေးလွှားပြီးဝင်လာတာ
    မီးမီးလဲလာချင်လို့
    စာရင်းကပိတ်သွားပြီ ပေါ့
    ရသေးရင်တော့လာချင်ပါတယ်ရှင့်

    • surmi

      July 15, 2013 at 11:20 am

      လာဖြစ်​​အောင်​သာလာခဲ့ဗျာ
      ​နေရာပိုဦးထားတဲ့သူ​တွေရှိတယ်​
      🙂

      • Novy

        July 15, 2013 at 1:05 pm

        ဦးစာမိတဲ့ ကပ်လိုက်ခဲ့မယ်နော် :harr

    • padonmar

      July 15, 2013 at 8:39 pm

      မနိုဗွီနဲ့ ဂျူနိုတို့ကိုတော့
      ကံစမ်းမဲယူလာမှ ဝင်ခွင့်ပေးရရင်ကောင်းမလား ရွာသူားတို့ရေ။

      • အလင်း ဆက်

        July 15, 2013 at 8:46 pm

        ထောက်ခံပါတယ်… အန်တီ..ဒုံ ။

        မမနိုဗွီ…အစဉ်အလာ..လေး.. မဖျက်ဘူးလို ့ မျှော်လင့်ပါတယ်

        အဟိ

        • Novy

          July 16, 2013 at 9:53 am

          မမဒုံ နဲ့ အလင်းဆက်ရေ… အစဉ်အလာမပျက်ရလေအောင်ကြိုးစားလျှက်ရှိပါကြောင်းးးးးးးးးးးးးး

  • ကို ငြိမ်းမောင်

    July 16, 2013 at 10:30 am

    အဲဒီရက်ရန်ကုန်မှာ မရှိတော့ဘူးဗျာ အခု နယ်ရောက်နေတယ်လေ၊ နောက်တစ်ကြိမ်ဘဲ မျှော်မိပါရဲ့ဗျာ။

    • surmi

      July 16, 2013 at 3:19 pm

      ကိုဘလိုှင်​​ရေ
      လာဖြစ်​တာဝမ်​းသာတယ်​ဗျို့
      ဒီတစ်​​ခေါက်​က ပို့စ်​တင်​တ ရက်​နဲနဲဘဲရလိုက်​တာရယ်​
      ရွာအဝင်​ခက်​တာရယ်​​ကြောင်​့ ပါ
      ​မျှော်​​နေမယ်​​နော

    • padonmar

      July 16, 2013 at 8:03 pm

      မောင်ဘလှိုင်ရေ
      လာသာလာပါ။
      ဘူဖေးဆိုတော့ မျှတစားလို့ရပါတယ်။
      …….
      စာရင်းပေးနောက်ကျနေလို့ မလာရဲပဲတော့ မနေကြပါနဲ့။
      မှီပါသေးတယ်။ကြိုသိရင် စီစဉ်လို့ရပါသေးတယ်။

  • kai

    July 16, 2013 at 1:28 pm

    ဒီလထဲ.. ယူအက်စ်က ရန်ကုန်ပြန်ဖြစ်သူတွေထဲ.. မန်းဂဇက်ရွာသူားထဲကဆို.. ကွန်ဖရင့်န်တက်ကြစေလိုပါတယ်…

    ထိုင်ဝမ်က.. ကိုအောင်တယောက်ကိုလည်းသတိရမိတယ်..
    မြန်မာပြည်များ ပြန်ဖြစ်ရင်.. ကွန်ဖရင့်န်တက်စေလိုကြောင်း… ရယ်…။

    စာရင်းပိတ်ပြီးမှ.. ပြောဖြစ်တာ.. ခွင့်လွတ်ကြနော… :mrgreen:

  • ko cho

    July 16, 2013 at 2:49 pm

    ဖိတ်ကြားမှုအတွက်ကျေးကျေးပါသူကြီး နားရက်ယူရတာမလွယ်လိုု ့စောစောသွားစောစောပြန်နဲ ့ဒီတခါတယောက်ထဲပြန်ဖြစ်ပြီး ရရက်နေပြီးပြန်ခဲ့ပါတယ် ရက်တော့တွက်ကြည့်တယ် နောက်ကျနေမှာစိုုးလိုု့နောက်တခုုက သမီးအကြီးကျောင်းကိစ္စရှိနေတာလည်းပါတယ် ၉လပိုုင်းကစကနေဒါမှာကျောင်းသွားတက်တော့မယ် အခုုတော့အားလုုံးစီစဉ်ပြီးသွားပါပြီ သူကြီးနဲ့လည်းတွေ ့ချင်ပါတယ်ဗျာ အဆင်ပြေရင်အဲဒီဘက်ကိုုပါတ်လာခဲ့ပါ့မယ် လောလောဆယ်တော့ ကလေးကိုုသူ ့အမေဘဲလိုုက်ပို ့ဖြစ်မယ် ရန်ကုုန်ကရွာသူားများနဲ့လည်းတွေ ့ချင်ပါရဲ့ ကံကြုုံရင်တော့ဆုုံရမှာပေါ့ :mrgreen:

  • padonmar

    July 16, 2013 at 8:08 pm

    မသိလိုက်လို့ စာရင်းပေးနောက်ကျနေသူတွေရှိရင် ဒီမှာ လာပြောသွားပါနော်…
    လာသာလာခဲ့ကြပါ။
    ဒီတစ်ခါ သဂျီးက ကံစမ်းမဲတွေ ပိုပို့ထားပါတယ်။

Leave a Reply