အားလုံးကို နှုတ်ဆက် လမ်းခွဲခြင်း (နိဂုံး)
——————–
ငါ့ဆီ ငါ ပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်ရတာ မောလှပြီ။
—————–
ငါ့ကို ယုံပါ ။
ငါ ဟာ . . . လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ ။
—————–
ငါ မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်းး
လက်ထဲက လွတ်ထွက်သွားတာပါ
ငါ့က်ို ယုံပါ ။
—————–
လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ။
—————–
(ဖိနပ် မစီးထားတဲ့ကလေးငယ်လိုပဲ
ဘယ်သူကမှ
အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး)
—————–
လက်တစ်ဖက်နဲ့ ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့ခေါ်တော့လည်းး
အရာမထင်ဘူး။
——————
ငါတတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီး နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ။
——————
(တာရာမင်းဝေ/စောင်းကြိုးပြတ်ရွာ. . . . . မှ . . )
****************************
ကျွန်တော့် ဘက်က
မှားယွင်း လွန်ကြူးခဲ့တာတွေ ရှိချင် ရှိခဲ့မယ်။
ဒါပေမယ့် ကျွန်တော့်ကို ယုံပါ။
လေးကြိုးဆွဲရင်းး လက်ထဲက လွတ်ထွက်သွားတာပါ ။
ကျွန်တော်. . . . မပစ်ခတ်ခဲ့ပါဘူး။
အက်ကြောင်းထဲမှာ ညပ်နေတဲ့ ဓါးတစ်လက်လို အခြေအနေမျိုးနဲ့. . . . .
ကျွန်တော်. . . ရင်ဆိုင် တိုးခဲ့ရတယ် ။
*************************
ယဉ်ကျေးသူတို့ရဲ့သမိုင်းမှာ
” ခိုးသူ ” အဖြစ်
ကျွန်တော့် ရာဇဝင် ရိုင်းခဲ့ရတယ် ။
**************************
ကျွန်တော့်ကို မယုံဘူးးဆိုရင်တောင်
ကျွန်တော့်ကို ယုံပေးပါ ။
ကျွန်တော်က . . . .
လမ်းကူးရင်တောင် မျဉ်းကြားက ဖြတ်ကူးချင်တဲ့ ခွေးလေခွေးလွင့် တစ်ကောင်ပါ ။
*****************************
ဖိနပ်လည်း စီးမထားးး
တစ်ကိုယ်လုံးလည်း ညစ်ပတ်ပေတေနေတဲ့ ကလေးငယ်လို . . . ကျွန်တော့်ကို
ဘယ်သူကမှ အိမ်ထဲဝင်ဖို ့မဖိတ်ခေါ်ချင်တော့ဘူးးလို ့
ရင်နင့်စွာ ခံယူရင်းးးး
ကျွန်တော်. . . . . . သွား ပါ တော့ မယ် . . . .
***************************
ဒီ အိမ် / ဒီနေရာနဲ့
မထိုက်တန်လို ့……
အဝေးးးးးကြီးးကို လွင့်ပါးးးသွားးရတဲ့ အပေအတေ . . . .ကျွန်တော့်ကို
ကြာရင် မေ့သွားပါလိမ့်မယ် ။
မကြာခင်လည်းးး မေ့ချင် မေ့သွားပါလိမ့်မယ် ။
(အစကတည်းက …. စာရင်းထဲ ထည့်မတွက် ထားသူတွေ အတွက်တော့ မေ့လျော့ခြင်း /သတိရခြင်းတို ့ ကင်းမြဲ ကင်းပါလိမ့်မယ်။)
ဘာပဲ ဖြစ်ဖြစ် . . . .
ကျွန်တော်ကတော့ သွားးးရ တော့ မယ် ။
****************************
ကျွန်တော် ဟာ . . . . .
တော်ရာ မှာ မပျော်သာတဲ့ လူညံ့ တစ်ယောက်ပါ ။
ပျော်ရာမှာ မတော်တဲ့ လူမိုက်တစ်ယောက်လည်း ဖြစ်ခဲ့ပါပြီ။
ဘာပဲ ဖြစ်ဖြစ် . . . .
ကျွန်တော် . . . . . . . . ဖြူစင်မှုနဲ ့အတူ ရှိနေ / ခဲ့တယ်လို ့ . . . . .
အခုထိ သေချာနေတုန်းပါပဲ ။
****************************
ဇာတ်နာနာ နဲ့ လမ်းခွဲရပြီ ဆိုကတည်းက
ဇာတ် မနာ နာအောင်
ဖန်လာတဲ့ အကြောင်းတရားတွေကရှိတာပဲပေါ့ ။
ကျွန်တော်က ဓါးခုတ်ရာထဲမှာ
ဝင် လှျို မိတဲ့ လက် ပါ။
သေချာတာကတော့ . . . . .
ကျွန်တော် မဖြစ်စေချင်တဲ့ အမှားအယွင်းတွေက စနစ်တကျ ဖြစ်ပျက်သွားခဲ့တာပါ။
ဖြစ်ပြီးသွားးမှ
ကျွန်တော့် လက်ထဲမှာ လေးမြှားကို ကိုင်ထားမိလျက်သားးး
ကျွန်တော်ပဲ ချိန်ရွယ်ပစ်ခတ်လိုက်သလိုလို . . . . . အခြေအနေမျိူးးး
ဘုမသိ ဘမသိ တိုးဝင်ခဲ့မိတာပါ။
***************************
ကျွန်တော့်မှာ
အဆိပ်ပန်းတွေ ပွင့်စေဖို့ရာ စွမ်းအားး မရှိပါဘူး။
***************************
တာရာမင်းဝေရဲ့
သိုးဆောင်း ဂစ်တာတစ်လက်ရဲ့မှတ်တမ်းးး စာအုပ်ထဲက စကားကိုပဲ သုံးရပါတော့မယ် ။
အားလုံးကို စွန် ့လွှတ်ရ ရင်တောင်. . .
သတိရခြင်းကို
ငါ ပိုင်တယ် ။
****************************
အသက်ရှင်ဖို ့. . .
လေကို လိုအပ်သလိုမျိုးးးလိုအပ်ရင်းးး
အချစ်ဦးကို ရူးတာတောင် မမေ ့သလိုမျိုးး
ဒီနေရာလေးကို ကျွန်တော် . . . သတိရနေမှာပါ ။
——-
ဆို ့နင့် ကြေကွဲ. . . .
နာကျင်စူးရှစွာ . . . .
ကျွန်တော်လေ . . .
သတိရခြင်း နဲ ့ချုပ်လုပ်ထားတဲ့ . .
အလွမ်း ဝတ်ရုံကို ခြုံထားပါဦးမယ် ။
———
ဒီတစ်သက်အတွက်တော့ . . .
စက္ကန် ့မလပ် သတိရခြင်းကို သာ
ရိက္ခာလို စားသုံး နေပါဦးမယ် ။
ဒီတစ်သက်စာ အတွက် ပါ ။
******************************
အချိန် မတန်သေးဘူးလားးးး
ဒါမှမဟုတ် အချိန် တန်ပြီလားးး
သေချာ ဝေခွဲတိုင်းတာချိန်လည်းးး
မရတော့ပါဘူးလေ . . . . ။
ကျွန်တော် သွားရပါတော့မယ် ။
နှုတ်ဆက် ထွက်ခွါသွားသင့်တဲ့
ကျွန်တော်. . . . . . .
သွား ရ ပါ တော့ မယ် ။
——————-
နှုတ်ဆက်ခြင်း နိဂုံးအနေနဲ့ . . . .
နှုတ်ဆက်စကားတစ်ခွန်းကို
အသက်အောင့်ပြီးးးးး
ဆိုခဲ့ပါရစေ . . . ။
နာကျင်နေတဲ့ ဘယ်ဘက် ရင်အုံကို လက်နဲ့ ဖိရင်းးးး
အားလုံးပဲ Good Bye
*****************************
လေးးးးးးစားးးးးးစွာာာာာဖြင့်
အလင်းဆက်
#############################################################
#############################################################
အားလုံးကို နှုတ်ဆက် လမ်းခွဲခြင်း (လက်ကျန်)
############################################################
############################################################
အားးလုံးကို နှုတ်ဆက် လမ်းခွဲခြင်း (နိဒါန်း)
############################################################
အဆုံးသတ် ။ ။
ကျွန်တော်…ဒီ ရွာကို..ချစ်ပါလျက်နဲ ့..
ထွက်ခွါ သွားဖို ့…
အမှန်တကယ်ဆုံးဖြတ်ခဲ့ပါတယ် ။
မှားတာ မှန်တာ ဘာမှ ဝေခွဲတတ်လောင်အောင်ပဲ..စိတ်တွေ ရှုပ်ထွေးပြီး… တော်ပြီ…ရွာ ကို သံယောဇဉ် ဖြတ်မယ်ကွာ..လို ့ ဆုံးဖြတ်ခဲ ့တာပါ ။
လွယ်လွယ်နဲ ့တော့ သံယောဇဉ်က ဖြတ်မရပါဘူး ။
————–
ကျွန်တော် နှုတ်ဆက်ခြင်း.. နိဒါန် း.တင်ပြိင်္းချိန်မှာ ပဲ..
ကျွန်တော့်ကို ရွာထဲက.. ထွက်မသွား ပါနဲ ့လို ့…ပြောလာသူတွေ ရှ်ိပါတယ် ။
ကျွန်တော် …ထွက်သွားဖို ့.ဆုံးဖြတ်ထားတဲ ့.. ဆုံးဖြတ်ချက်.. ယိုင်နဲ ့သွားလောက်စေတဲ ့..စကားတစ်ခွန်းနဲ ့…
ကျွန်တော့်ကို..ပြန်ဆွဲခေါ်လိုက်တာကတော့….
အစ်မ ဝင့်ပြုံးမြင် ့ပါ ။
အစ်မဝင့်ပြုံးမြင့် ရဲ ့..စကားတစ်ခွန်းကြောင့် ..ရယ်….
ကဗျာချစ်သူ အဖွဲ ့..ရဲ ့.. ချော့တစ်ခါ ခြောက်တစ်လှည့်..ထိန်းမတ်ပေးမှုတွေရယ်…
ရွာ သူား မိတ်ဆွေ အချို ့ရဲ ့…. အားပေး .စကား..အကြံပေးစကား.. မထွက်ပါနဲ ့လို ့..တားတဲ ့စကားတွေကြောင့် ရယ်….
ကျွန်တော်.. နဂိုက ဖြတ်မရချင်တဲ ့..သံယောဇဉ်ကြိုးလေး.. .. ပြန် ..လျော့သွားပါပြီ ။
————————–
ကျွန်တော်. .ရွာထဲက.. မထွက်တော့ပါဘူး ။
ထွက်မယ်.ဆ်ိုပြီး.တကယ်ဆုံးဖြတ်ပြီး..
တကယ် …အပီအပြင်ရေးထားမိ / တင်လိုက်မိတဲ ့..ဒီ ပိုစ့်တွေကိုလည်း..ပြန် မဖျက်ချင်တော့လို ့..
ဒီအတိုင်း ပဲ..ဆက်တင်လိုက်ပါတယ်နော် ။
————————–
လူကြီးသူမ တချို ့..စိ်တ်အနှောက်အယှက်ဖြစ်စရာ
ဖြစ်သွားရင်…
ခွင့်လွှတ်ပါနော် ။
————————-
အခု..ပိုစ် ့ သုံးပုဒ်က..
နောက်ပြောင် ရေးသားခြင်း ..မဟုတ် ။
တကယ် ခံစားရတာကိုရေးထားခြင်း ဖြစ်လို ့..
တကယ်…ရွာက..ထွက်ချိန်မှာ…
ဘာမှ ထပ်ပြောနေစရာမလိုတော့ဘူးပေါ့…ဗျာ ။
—————————
အခုတော့……
အလင်းဆက်..
ဒီရွာမှာ…
ဘယ်လို အခြေအနေကြုံ ကြုံ…
ရှိနေပါဦးမယ်….။
—————————-
လေးစားစွာ…
အလင်းဆက်
50 comments
ခင် ခ
July 29, 2013 at 12:47 pm
သွားတော့မယ် ခဏခဏ ဟန်ရေးပြ နှုတ်ဆက်နေတဲ့သူက တကယ်သံဃောဇဉ်ကုန်ကာ သွားချင်လို့ ဟုတ်ဖူးတဲ့။ သံဃောဇဉ်ကလည်းညှိနေသေး သွားရင်ကောင်းမလားတွေးနေသေး သူသာဖြစ်တယ်တဲ့။
တကယ်တန်း သံဃောဇဉ်ကုန်ကာ သွားချင်တဲ့သူက နှုတ်တောင်မဆက်ဘူး လှည့်ကိုမကြည့်ဘဲ သွားတတ်စမြဲတဲ့လေ။
ကျွန်တော်ပြောတာ မယုံရင် စောင့်ကာကြည့်ပေါ့ဗျာ။ ဟုတ် မဟုတ် ဆိုတာ။
အလင်း ဆက်
July 30, 2013 at 1:05 pm
သွားမယ်သာ ပြောရ
သံယောဇဉ်ကို မနည်းဖြတ်ဖို ့လုပ်ရမှာပါဗျာ
တကယ် ခွဲခဲ့တော့မယ် ဆိုမှ တော်တော် ချစ်နေမှန်း သ်ိလိုက်ရတယ်လေ
အတွေးလေး
July 29, 2013 at 12:49 pm
နောက်ဆုံး ဆုံးဖြတ်ချက်အတွက် ဝမ်းသာပါ၏.။
အလင်း ဆက်
July 30, 2013 at 1:09 pm
အတွေးလေး ရေ
သံယောဇဉ် မကုန်တော့လည်း ဒဏ်ရာကို အသာ မေ ့ရင်း
အရီးခင်
July 29, 2013 at 1:15 pm
တော်သေးပါ့တော်။
မပြုံး စကား လေး ကိုလဲ ပြန်မျှပေးပါဦး။
ထွက်ထားသူတွေ လဲ ပြန်ဝင်လာအောင်။ 😛
ဝင့်ပြုံးမြင့်
July 29, 2013 at 9:45 pm
သူကြီးက မကြာခင် ပွိုင့်တွေ ၂ဆတိုးပေးတော့မယ်လို့ ပြောလိုက်တာပါ။
အရီးခင်
July 30, 2013 at 2:05 pm
တော်လိုက်တဲ့ ပြုံး။
ဒါထက် ၂နောက်မှာ သုည များကျန်နေခဲ့ သလား။ 😛
အလင်း ဆက်
July 30, 2013 at 4:53 pm
တကယ်သာ ဆိုရင်
တစ်နေ ့ပိုစ့် နှစ်ပုဒ် ရေးနိုင်အောင်ကြိုးစားမယ်
အဟိ
🙂
မဟာရာဇာ အံစာတုံး
July 29, 2013 at 1:53 pm
တစ်ခါတုန်းကပေါ့ ၊၊၊၊
အရိပ်အာဝါသ ကောင်းလှတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်မှာပေါ့ ၊၊၊၊
လူငယ်လေး တစ်ယောက်ဟာ ကဗျာတွေ ရွတ်ပြလို့နေတယ် ၊၊၊၊
သူ့ရဲ့ ဆွေမျိုးသားချင်းတွေကလည်း စိတ်ဝင်တစား နားထောင်လို့ နေကြလေရဲ့ ၊၊၊၊
အဲဒီအချိန်မှာပဲလူငယ်က မတ်တပ်ထရပ်လိုက်တယ်၊၊၊၊
…. အဆက် ….
လူငယ်သည် မတ်တပ် ထရပ်ပြီးနောက် …
၎င်း၏ ရှေ့ရှိ ဆွေမျိုးများအား ဆွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဤသို့ ပြောလေ၏။
“ကျနော် … ခင်ဗျားတို့ကို နှုတ်ဆက်ပါတယ်။ ခင်ဗျားတို့ကို ကျနော် ဘယ်တော့မှ လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး”
ယင်းသို့ ပြောပြီးနောက် လူငယ်သည် တစ်ဖက်သို့ မျက်နှာ မူသွားလေသည်။ ထိုအခါ ဆွေမျိုးများ အတွင်းမှ တစ်စုံတစ်ယောက်မှ မတ်မတ် ရပ်လျက်ရှိသော လူငယ်အား ခဲလုံးဖြင့် လှမ်း၍ ပစ်ပေါက်လေ၏။
ထိုအခါ လူငယ်သည် ရုတ်တရတ် ၎င်း၏ ဆုံးဖြတ်ချက်အား ပြန်လည် ဖောက်ဖျက်မိမှန်း မသိ၊ ဖောက်ဖျက်ကာ ဆွေမျိုးများ ဘက်သို့ ပြန်ကြည့်လိုက်မိလေတော့သတည်း ……။
ဤတွင် ပြီး၏ ……….။
အလင်း ဆက်
July 30, 2013 at 1:11 pm
အက်ဒါ
နာ ပေါ့နော်
ဦးဦးပါလေရာ
July 29, 2013 at 1:59 pm
ဒီလိုမှပေါ့ ညီလေးရေ
ကိုယ့်ခရီးလမ်းအတွက် ကိုယ့်ခြေလှမ်းတွေကသာ
အရေးအကြီးဆုံးပါ
ကိုယ်ယုံကြည်ရာဆီ ဦးတည်လျှောက်မယ့်
ကိုယ်ခြေလှမ်းတွေကသာ အရေးအကြီးဆုံးပါ•••
အလင်း ဆက်
July 30, 2013 at 4:28 pm
.ဟုတ်ကဲ့
အားပေးစကားတွေအတွက် ကျေးဇူးပါ ဦးပါရေ
ခြေလှမ်းတွေ ဆက် လှမ်း ပါဦးမယ်
kai
July 29, 2013 at 3:06 pm
ပြောနေကျစကားပြောရမှာပဲ..
မန်းဂဇက်က.. မနေအပ်.. စွန့်ခွာထွက်ပြရအပ်သောအရပ်မှမဟုတ်တာကွယ်…
ဒစ်ဂျစ်တယ်လောကကြီးကနေ.. လူနေမှုလက်တွေ့ဘဝတွေ.. နယ်နမိတ်ဘောင်မရှိ.. ပေါင်းကူးပေးတဲ့နေရာရယ်ပါ…
လိုချင်တာယူ.. မလိုချင်တာထားခဲ့ပေါ့…။
ဆိုတော့…
ကိုယ်တိုင်ရေးစကားလုံးများနဲ့..ထောင်မချ/ထောင်မကျစေချင်…
Min Zarni
July 29, 2013 at 3:13 pm
ဟီဟိ…
အားဒေါ့ဘူး
အချိန်မချိဒေါ့ဘူး
စိတ်လည်း မဝင်ဇားဒေါ့ဘူး
ဝါဒနာလည်း မပါဒေါ့ဘူး
ခနခနလည်း မလာနိုင်ဒေါ့ဘူး
ဘာကြောင့်လဲဆိုဒေါ့ ….
ငိငိ..
ကန္နားစီး မြွေမိထားလို့..
ဒချိ.. ဒချိ
အရီးခင်
July 29, 2013 at 3:26 pm
ကိုယ့်ဘဝ ကို လူတစ်ယောက် ထဲ ဆီမှာဘဲ ပုံထားပေးရတာ ပျင်းစရာကြီး ဆိုတာ မသိလေရော့သလား။
😉
Min Zarni
July 30, 2013 at 12:04 pm
ရင်ဘတ်ထဲ ရစ်ချီဘလက်မိုး ဖလာမင်ဂို လာတီးပြနေတယ် အရီးရယ်..
ဒချိ ဒချိ
:kwi:
အလင်း ဆက်
July 30, 2013 at 2:14 pm
ဟုတ်ပါတယ်
ထွက်မပြေးသင့်တဲ့ နေရာပါ
😉
Ma Ma
July 29, 2013 at 3:57 pm
တော်ပါပေတယ်။
စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့သူမို့ စိတ်လိုက်မာန်ပါ လုပ်လိမ့်မယ် မထင်ပါဘူး။
သဂျီးပြောသလို လိုတာကိုယူ၊ မလိုတာကို ပယ်၊
တနည်းအားဖြင့် ထိုက်သင့်သလို သူ့ဒီဂရီအလိုက် နေထိုင်ဆက်ဆံသွားဖို့ပဲ လိုပါတယ်။ 🙂
အလင်း ဆက်
July 30, 2013 at 5:42 pm
ဟုတ်ကဲ့ အန်တီမမ
အကောင်းဆုံးစိတ်ထားနဲ့ အကောင်ဆုံး အရည်အချင်းကို
ပြနိုင်တဲ့ အလုပ်တွေ ဆက်လုပ်ရင်းး
လိုချင်တာ လိုအပ်တာ ယူသင့်တာ ယူပြီး
မလိုအပ်တာတွေ ထားခဲ့ မေ့ခဲ့နိုင်ဖို ့
ဒီရွာမှာ
လမ်းဆက်လျှောက်ပါမယ်
ကျေးဇူးပါ အန်တီ
🙂
မင်းမင်း
July 29, 2013 at 4:20 pm
အိမ်းးးးးးးးး
ဂလိုဆိုဒါလဲ
မင်္ဂလာစကားပေမို့
ရွာသားအသစ်လေးကို
ကြိုဆိုပါတယ် အဟိ
အလင်း ဆက်
July 30, 2013 at 5:39 pm
ရွာသား အသစ် ဖြစ်ပါပြီ ။
သံယောဇဉ်က တော့
အရင် သံယောဇဉ်
🙂
ကို ငြိမ်းမောင်
July 29, 2013 at 4:29 pm
“လိုချင်တာယူ.. မလိုချင်တာထားခဲ့ပေါ့…။
ဆိုတော့…
ကိုယ်တိုင်ရေးစကားလုံးများနဲ့..ထောင်မချ/ထောင်မကျစေချင်…´´
္ကဤစကားချပ်တော့ ကြိုက်ပါပေ့ဗျာ။
ရွာတစ်ရွာလိုဘဲပေါ့
“မေးပြော ခေါ်ထူး´´
“ကိုယ်ပေါင်း စိတ်ခွါ´´
“လှိုက်လှိုက်လှဲလှဲ´´
“ဖက်လဲတကင်း´´
“သူငယ်ချင်းပေါင်း ပေါင်း´´
“ဖာသိဖာသာနေ´´
“ခွင့်လွှတ် သည်းခံ ပေါင်း´´ အဲလို အဲလို တွေနဲ့ နေတတ်ရင် ကျေနပ်စရာပင်။
အလင်း ဆက်
July 30, 2013 at 5:38 pm
လိုချင်တာယူ မလိုချင်တာ
ထားးခဲ့နိုင်ဖို ့
ကြိုးစားပါတော့မည်
🙂
padonmar
July 29, 2013 at 6:59 pm
မသွားဘူးဆိုလည်းပြီးရော။
အလင်း ဆက်
July 30, 2013 at 5:36 pm
အန်တီ ရေ
လူကြီးတွေကို စိတ်အနှောက်အယှက် ဖြစ်အောင်
လုပ်သလို ဖြစ်သွားလို ့
တောင်းပန်ပါတယ်ဗျာ
ဒီရွာကို
ဝင်လာစ ကတည်း က သိပ်ချစ်ခဲ့တော့
ခံစားချက်ကလည်း ပြင်းထန်သွားတယ်
စိတ်လွတ်လက်လွတ် ဆုံးဖြတ်ပြောဆိုလိုက်မိတာပါ
ခွှင့်လွှတ်ပါနော်
Mr. MarGa
July 29, 2013 at 7:01 pm
ကဗျာချစ်သူ အဖွဲ ့..ရဲ ့.. ချော့တစ်ခါ ခြောက်တစ်လှည့်..ထိန်းမတ်ပေးမှုတွေရယ်…
ချော့တစ်ခါ ငေါက်တစ်လှည့် ပြောတာတွေ ရှိသေးတယ်ဟဲ့
နင့်ကို ခပ်စပ်စပ်လေး ဆုံးမပေးဖို့ ငါ ပြောထားသေးတယ် သိလား
သွား………….. လူဆိုး…………လူတွေကို မထိတ်သာ မလန့်သာ ဖြစ်အောင် လုပ်နေတယ်
:devil:
အလင်း ဆက်
July 30, 2013 at 5:34 pm
အဲဒီနေ ့ညနေက
ကိုယ်စားလှယ်တော်မမ က
တရား ဟော ကောင်းလိုက်တာာ
ချော့လိုက်
ခြောက်လိုက်နဲ့
နာ့မှာ ဘာဆက်လုပ်ရမှန်းမသိအောင်
စိတ်တွေ ပျာယာခတ် သွားတာ
အစက တကယ်ထွက်ပြီ လို ့ဆုံးဖြတ်ထားတာလေးတောင်
ယိုင်သွားတယ်
koyinmaung
July 29, 2013 at 7:24 pm
ခုလိုနှုတ်ဆက်ပြီးထွက်ခွာမသွားလို့…
ဝမ်းသာပါတယ်အလင်းဆက်ရေ….
ဒါလောက်တောင်ရွာကိုစွန့်ခွာသွားဘို့…
စဉ်းစာရပုံထောက်တော့ အလင်းဆက် စိတ်သောကဘယ်လောက်ကြီးတယ်ဆိုတာမှန်းလို့ရပါတယ်…
ပြန်လည်အဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…
အဆိုးအကောင်းဒွန်တွဲရှိတဲ့လောကကြီးမှာ…
အဆိုးပြီးယင်အကောင်းတလှဲ့လာအုံးမှာပါလေ….
အလင်း ဆက်
July 29, 2013 at 7:46 pm
ဟုတ်ကဲ ့..
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ..။
အခုလောလောဆယ်တော့..
ကဗျာပြခန်း အမှတ် ( ၆ ) အတွက်.. ပြေးလွှား လုပ်ရမှာတွေ ရှိသေးလို ့..
နောက်မှ အေးအေးဆေးဆေး… ပြန်ပြောဦးမယ်ဗျို ့..။
အင်တာနက် လိုင်းတွေကလည်း.နှေးချက်..
ကိုပေါက်(မန္တလေး)
July 29, 2013 at 11:12 pm
မဆီမဆိုင် ငယ်ငယ်က ဂျင်ပေါက်တာကို သွားသတိရမိတယ်။
ဝင်စု့ိ တစ်ခါအော်
ထွက်စို့ တစ်ခါအော်
ဝင်စို့တစ်ခါပြန်အော်
ကဲ အလင်းဆက်ရေ ဂျင်ဆက်ပေါက်လိုက်ကြစို့။
အလင်း ဆက်
July 30, 2013 at 5:30 pm
အစ ကပြန်စပြီ လေးပေါက်ရေ
လူသစ် စိတ်သစ်နဲ့
ပြန်ဝင်လာတဲ့ သဘောပါ
kyaw swar kaung
July 30, 2013 at 1:57 am
ညီ့…စာကိုဖတ်ရတာ ကိုယ်လဲ ဘုမသိ ဘမသိနဲ ့ ဘာပြောရမယ်မှန်းကို မသိတာ..
ရွာက အကျယ်ကြီးပါ ညီလေးရာ..
တောင်ပိုင်းနဲ ့မတည့်ရင် မြောက်ပိုင်းသွား..လူပျိုလှည့်
မြောက်ပိုင်းနဲ ့မတည့်ရင် အရှေ ့ပိုင်းသွားနုတ်ဆက်..
အရှေ ့ပိုင်းနဲ ့မပြေလည်ရင် အနောက်ပိုင်းသွား.. ဘယ်နဲ ့မှ မတည့်ရင် မပြေလည်ရင် ရွာလည်ဇရပ်မှာ အထိုင်ချပြီး ကဗျာတွေ စာတွေ ရေးပေါ့..။
ကဲ…ကိုယ်ကလည်း ရွာကို ရောက်ကာစ ဆိုတော့မဟာရာဂျာ အံစာမိုးဝင်း ပြောတဲ့ပုံပြင်လို… ရွာအဝင်ကဘဲ ဘုမသိ ဘမသိ ရင်ဘတ်တည့်တည့်ကို..ခဲ တလုံးထုလိုက်မယ်…။
“ အုံးးးးးးးဟုန်းးးးဟုန်းး ”
ကဲ…ထုပြီးပြီ..
နောက်လှည့်ပြီး ရွာထဲ ပြန်ဝင်တော့..။
အလင်း ဆက်
July 30, 2013 at 5:29 pm
အောင်မလေးးးးဗျ
နောက်မလုပ်တော့ပါဘူး
🙂
🙂
ဖြူစိုင်း လူ
July 30, 2013 at 7:34 am
သူများတွေ ဝင်စို့ ထွက်စို့လုပ်နေတော့ ကိုယ်ကိုယ်တိုင်များ အဲလိုဖြစ်နေသလား စဉ်းစားမိတယ်.. ဒါပေမယ့် ဘာမှ မပြောရသေးဘူးဆိုတော့ ထွက်သွားတယ်လို့လဲ မဆိုနိုင်သေးသလို ဘာမှလဲ မရေးတော့ဘူးဆိုတော့ ရှိနေတယ်လို့လဲ ပြောလို့မရဖြစ်နေတော့ ကိုယ့်ကိုယ်ကို အပြင်လူလား အတွင်းလူလား မသိဘူးဖြစ်နေတယ်..
အလင်းဆက်လို သေသေချာချာ ကျကျနန ရှင်းပြပြီးမှ လက်ပြနှုတ်ဆက်တာ ပိုကောင်းမယ်ထင်ပါ၏။
အလင်း ဆက်
July 30, 2013 at 5:28 pm
ကျွန်တော်လည်း
အစက တိတ်တိတ်လေး ထွက်ပြေးသွားမလို့ပဲ
ဒါပေမယ့် စာသမားဆိုတော့ ကိုယ်ခံစားမိတာလေး
ချရေးဖြစ်
ချရေးမိတာလေး ပြချင်မိ
အဲဒါနဲ့
အလွမ်းတွေ အသည်းကွဲတာတွေကို
စာစီ မိ ရော
TNA
July 30, 2013 at 8:06 am
အလင်းဆက်ရယ် နင့်လို့တည်ငြိမ် အေးချမ်းတဲ့သူက ဘာများဖြစ်လို့ပါလိမ့်။ စိတ်မဆိုးတတ်တဲ့နင် စိတ်ဆိုး ရ လောက်အောင်ဘာကဘာများဖြစ်လို့ပါလိမ့်။ ရှေ့ကစာတွေဖတ်ပြီးတကယ့်ကိုရင်ပူရပါတယ်။ နင်ထွက်သွားရင် တကယ့်ကိုတသသကျန်ခဲ့မယ့်ငါတို့တွေကိုထည့်မတွက်တော့ဘူးလား။ နင့်နောက် ဆုံးဆုံးဖြတ်ချက်ကိုကြိုဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ရှိနေရမယ့်ရွာလူငယ်ထဲမှာနင်ကိုလဲလိုပါတယ်။
Min Zarni
July 30, 2013 at 8:31 am
ကျော် ကတော့ သွားဒေါ့မယ်..ငိငိ
တခါတခါတော့ အိုင်ခူးကို ဝင်ရိ ပါအူးမယ်လေ..
အာ..ဟိ
ဒက်ဂလောက် ..ဒက်ဂလောက် ..
Ma Ma
July 30, 2013 at 8:54 am
ဆတ်စလူး နတ်ပူးတယ် ဆိုတာ ဒါမျိုးထင်ပါရဲ့ ရှီးးးးးးးးးးးးးး 😀
kyaw swar kaung
July 31, 2013 at 12:01 am
ဟားဟား… သဘောကျလိုက်တာ.. မမပြောတဲ့စကား..
တခါမှ မကြားဖူးပါဘူး..
ဆတ်စလူး နတ်ပူးတယ်…တဲ့..။
မှတ်ထားမယ်..။ နောက်ကြုံရင် သုံးလို ့ရတယ်..။
Crystalline
July 30, 2013 at 8:57 am
အတီးကွဲမှပြန်လာမယ်ပေါ့ 🙂
Min Zarni
July 30, 2013 at 8:59 am
ဟင့်အင်း
ဒီတခါ မကွဲတော့ဘူး .. သေတဲ့အထိပေါ့…
သေရင်တောင် ကောင်းကင်နိုင်ငံတော်မှာ တနေ့ပြန်ဆုံဦးမှာမဟုတ်လားဗျာ..
:harr:
TNA
July 30, 2013 at 3:01 pm
ွတွားဘာနဲ့အုံးအေ။ ဒဂျီးကိုနတ်ပြည်ပို့တဲ့ ပိုစ့်မျိုးလေးဒွေဖတ်ချင်သေးဒယ်အေ။ ရေးပါအုံးအေ။ ရှီးးးးးးးးး တာလဲရှီးးးးးးးးးးးး ပါအေ။ ဝီမထုပ်ချင် ဂီထုပ်နိုင်ဘာဇေအေ။ အစွန်ပြောဘာဒယ်။
အလင်း ဆက်
July 30, 2013 at 5:24 pm
သွားပါနဲ့ဦး ဂီရယ်
ခီညားအကြောင်း ထည့်ရေးထားတဲ့ ပို့စ်တစ်ပုဒ်
လာပါတော့မယ်
ဖတ်ပေးပါဦး
🙂
အလင်း ဆက်
July 30, 2013 at 5:26 pm
ကျွန်တော့်ဘက်က
အဆိုးမြင် အတွေးကြောင့်လို့သာ
ခံယူလိုက်ပါပြီ
ကိုယ့်ကိုယ်ကို လည်း ခွင့်လွှတ်လိုက်ပါပြီ အန်တီရေ
ကျေးဇူးပါ အန်တီ
Crystalline
July 30, 2013 at 8:22 am
သူ့ကိုဝင်နှစ်သိမ့်မိတာ… နာ့မှာကြောင်ကုတ်ခံလိုက်ရတယ်… 🙁 အောင်ရဲမလင်းလေး စိတ်ပြေသွားလို့ဝမ်းသာပါတယ်.. 🙂
အလင်း ဆက်
July 30, 2013 at 4:55 pm
🙂
kyeemite
July 30, 2013 at 10:21 am
*•♫✿*•♫ ´*•♫✿*•♫သွားတော့လေ……နေပါအုံး…
သွားတော့လေ……နေပါအုံး…
သွားတော့လေ……နေပါအုံး…*•♫✿*•♫ ´*•♫✿*•♫
*•♫✿*•♫ ´*•♫✿*•♫ 🙂
အလင်း ဆက်
July 30, 2013 at 5:22 pm
🙂
ဦးကျောက်ခဲ
July 30, 2013 at 12:38 pm
ဒညင်းဝက်လေးက အခုလို ထားမသွားတော့ဘူးဆိုတော့…
ဦးကျောက် က ရွာမှာ လျှပ်စစ်မီး လာသလို အော်လိုက်မယ်…
“ဟေးးးးး” 🙂
အလင်း ဆက်
July 30, 2013 at 4:54 pm
မီး အမြဲ လာချင်ပါသေးတယ်
🙂