“ကိုယ့်ကိုကိုယ် ရင်ဖွင့်အားပေးခြင်း”
–
–
–
–
–
=======================
ငယ်ငယ်ကတည်းက အခုချိန်ထိ အမေဆုံးမနေကျ စကားလေးတစ်ခွန်းရှိတယ်။
“လူတစ်ယောက်က ကိုယ့်အပေါ်မကောင်းရင် တစ်ချိန်က သူကောင်းခဲ့တာလေးတွေနဲ့
ဖြေတွေးပါ” တဲ့။
တစ်ခါတစ်လေကျတော့လည်း ရံဖန်ရံခါလုပ်ဖူးတဲ့ ကောင်းကွက်လေးတွေက အမြဲတမ်းလုပ်နေတဲ့ မကောင်းကွက်တွေကို မဖုံးနိုင်ဘူး ဖြစ်နေတတ်တယ်။ စဉ်းစားကြည့်မိတယ်။ ကိုယ်နေရာတစ်ခုရဖို့၊ ကိုယ့်အပေါ်ကို အကောင်းမြင်ဖို့ သူတစ်ပါးကို ကျော်နင်းတာ၊ သူတစ်ပါးကို
အပုပ်ချတာတွေ ဘာလို့ လုပ်နေကြတာလဲလို့။ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး”၊ “ငါ လုပ်တာ မှန်နေဖို့ပဲ အရေးကြီးတယ်” လို့ နှလုံးသွင်းကြည့်ပေမယ့်လည်း ကိုယ့်အပေါ် မကောင်းပြောနေတာ၊ မကောင်းကြံနေတာတွေ၊ အထူးသဖြင့် လိုတာထက်ပိုပြီး ကုန်းချောတာတွေကို ပြန်သိရတဲ့အခါမှာ (ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကို ချိုးနှိမ်ရင်း) ဒေါသတွေကို မျိုသိပ်ရတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း “Confidential” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ရထားတဲ့ နေရာနဲ့ အခွင့်အရေးတွေကို ပြောပစ်လိုက်ချင်စိတ်တွေ ပေါက်မိတယ်။ ပြန်စဉ်းစားကြည့်ပြန်တော့ “အသက်ကြီးတိုင်း၊ လုပ်သက်များတိုင်း အသက်ငယ်တဲ့သူထက်၊ လုပ်သက်နုတဲ့သူထက်
သာသင့်တယ်” ဆိုတဲ့ ခံယူချက်တွေနဲ့ ပတ်ဝန်းကျင်သေးသေးလေးအောက်မှာ နေနေတဲ့ စိတ်ဓာတ်ခပ်ညံ့ညံ့လူတွေရဲ့ မနာလိုဝန်တိုမှုတွေကို ရင်မဆိုင်ချင်တာနဲ့ ကိုယ့်ကိုကိုယ် ခေါင်းငုံ့နေလိုက်ရပြန်ရော။
“Team Work” တဲ့။ “Family Type” တဲ့။ နေရာတစ်ခုမှာ အချိန်ကြာကြာနေနေခဲ့ပြီး ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်နေတဲ့သူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ Personal နဲ့ Professional ကို ဘယ်လိုမှ ခွဲထုတ်လို့ မရပြန်ဘူး။ အလုပ်ကိစ္စကြောင့် မဖြစ်မနေပြောရတဲ့ စကားသံတွေမှာ ခနဲ့တဲ့လေသံတွေ၊ အထက်စီးလေသံတွေ ပါလာတဲ့အခါ ပါးစပ်နဲ့အပြည့် ထွက်ကျလာချင်တဲ့ စကားတွေကို အတင်းပြန်မျိုချပစ်ရပြန်တယ်။ အသုံးမကျချင်တော့တဲ့ ခေါက်ရိုးကျိုးစနစ်ဟောင်းကြီးကို ထားခဲ့ဖို့၊ အဆင်ပြေတဲ့ စနစ်သစ်နဲ့ ရှေ့ဆက်ကြဖို့ လက်တွဲခေါ်ပေမယ့်လည်း “စီနီယာ” ဆိုတာကြီးကို ကိုင်စွဲလို့ ရန်လိုအကြည့်တွေနဲ့ ပစ်ပေါက်တယ်။ စည်းကမ်း စည်းကမ်းလု့ိတော့ တစ်ချိန်လုံး အော်နေပါရဲ့။ အပြင်လောကခေတ်ကြီးနဲ့ သိပ်တော့ မကွာပါဘူး။ အဲဒီလိုအော်နေတဲ့ စည်းကမ်းဆိုတာ အလွမ်းသင့်တဲ့လူနဲ့တော့ လိုသလို ပြင်ဆင်ခွင့်ရှိပါတယ်။ မြင်နေသိနေပေမယ့်လည်း ဝင်ပြောချင်နေတဲ့ ပါးစပ်ကို အတင်းကိုက်ထားမိတယ်။ ငါလည်း ချွန်တွန်းတစ်ယောက်လို့ အပြောမခံနိုင်ဘူး။
ပျော်ရွှင်မှုတဲ့။ ဟုတ်တယ်။ ပျော်ရွှင်မှုမရှိတဲ့ဘဝဟာ ငွေပုံပေါ် တက်ထိုင်နေရတောင် အလကားပဲ။ ဝါသနာ နဲ့ အလုပ် ကိုက်ညီနေခြင်းသာ မရှိခဲ့ဘူးဆိုရင် ဒီနေရာကနေ ထွက်သွားမိမှာ။ ပြောသာပြောတာပါလေ။ နေရာတိုင်းက ဒီလိုမျိုးချည်းဆိုတာလည်း အလိုလို သိနေပြန်တယ်။ တစ်နေ့တစ်နေ့ မနက်မိုးလင်းကတည်းက ဖြစ်လာတဲ့ ဒေါသတွေ…. အကုသိုလ်စိတ်ဖြစ်နေပြီလို့ သတိလေးထားနေလျက်နဲ့တောင် ငယ်ထိပ်ထိဆောင့်တက်လာတဲ့ဒေါသကို ဖျောက်လို့ မရဘူး။ ဒေါသနောက်မှာ စိတ်ထွေပြားလို့ အမှားတွေလုပ်မိရင် လူညံ့တစ်ယောက်ဖြစ်မှာစိုးလို့ အတင်းစုစည်းထားတဲ့ စိတ်တွေနဲ့ လေးပင်နေတာလည်း နေ့တိုင်းပဲ။ ဘာပဲဖြစ်ဖြစ် ဒါတွေကို ကြံ့ကြံ့ခံပြီး ပြုံးပြုံးလေးရင်ဆိုင်နိုင်အောင် ကြိုးစားရမယ်။ ဒါကမှ တကယ့်အောင်နိုင်ခြင်းပဲ။
“လာစမ်းဟဲ့…လောကဓံ” ။ ။
26 comments
KZ
July 29, 2013 at 5:16 pm
ကိုယ့်ကို လှမ်းပေါက်တဲ့ မြေစိုင်မြေခဲတွ ကို နင်းနင်းပြီး အပေါ်ရောက်အောင် တက်ရတဲ့ ရေတွင်းပျက်ထဲက နွားလိုပေါ့ကွယ်။
ဒီပတ်ဝန်းကျင်က ကင်းကင်းကွာလို့ကမရ။
နောက်တစ်နေရာကလည်း ထူးမှာမဟုတ်ဆိုရင် အခက်အခဲ မှန်သမျှ လှေကားဖြစ်အောင် လုပ်ရမှာပဲ။
လုပ်တတ်ဖို့ပဲ လိုအပ်တာမို့ ဘယ်လို ပြောင်းလဲရမလဲပဲ စဉ်းစားပါ။
စိတ်ကို မကျေနပ်တဲ့ နောက် ဒေါသနောက် မမျောသွားစေနဲ့ ပေါ့။
အမ တော့….
ရသမျှ စကား၊အတွေ့အကြုံ၊ အခြေအနေ အဆိုးဆုံးဖြစ်ပေ့စေ။
ဘယ်လို အမြတ်မျိုး ရအောင် ထုတ်ရမလဲပဲစဉ်းစားတယ်။ 😀
Nyein Nyein
July 29, 2013 at 6:30 pm
ဒီလိုပါပဲ ရာထူးရှိတဲ့လူက ရှိတဲ့ရာထူးနဲ့ ဖိခိုင်းတယ်။ အခွင့်အာဏာရှိတဲ့သူက အခွင့်အာဏာနဲ့ ခြိမ်းခြောက်တယ်။ နေရာတိုင်းလိုလိုမှာ အဲလိုတွေပဲတွေ့ရတယ်။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုပဲ အားပေးပြီးနေရပါတယ်။ ဘယ်လိုပဲကြုံကြုံ အတွေ့အကြုံရတယ်လို့ပဲ သတ်မှတ်လိုက်တယ်။ “Experience is bitter, but it is the best teacher.” တဲ့လေ။ Fighting!!!!!!! 🙂
Conny Kim
July 29, 2013 at 6:56 pm
ဘာဘဲဖြစ်ဖြစ်ပေါ့ မနက်ဖန်များစွာရှိသေးတယ် အဲဒီမနက်ဖန်တွေကိုကျော်ဖြတ်ဖို့ မနေ့ကဖြစ်ခဲ့တာတွေအတွက် ခံစားနေမယ့်အစား ခွန်အားယူပြီး ဆက်လျှောက်ရမှာဘဲလေ နောက်ဆိုအဲဒီမနေ့ကပြသနာလေးတွေက ရယ်စရာတွေတောင်ဖြစ်ကောင်းဖြစ်နေမှာပါ “This 2 will pass” ပေါ့ Fighting…..
Mr. MarGa
July 29, 2013 at 7:04 pm
လောကဓံကြုံ မဖြုံစတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်စေ……. ငိငိ
ဒါကလေးများ ပြောစရာလား
လုပ်ငန်းခွင်မှာ
အကုန်လုံးဟာ ကိုယ့်ဆရာ
ပတ်ဝန်းကျင်မှာ ရှိသမျှ လူအားလုံးဟာ
ကိုယ့်ကို တစ်ခုခု သင်ပြပေးနေတဲ့သူတွေ၊ လေ့ကျင့်ပေးနေတဲ့သူတွေချည်းပဲ
မလိုတမာ ပြောတတ်တဲ့သူတွေနဲ့ ဆက်ဆံရရင်
ဪ…ငါ့ကို ဂလောက် ဂရုစိုက်တဲ့သူ ရှိသေးပါလား ဆိုပြီးတော့ ဂုဏ်ယူလိုက်
(သူ့ခမျာ သနားစရာရယ် ဒီဘက်က အရေးစိုက်အောင် မနည်း လုပ်နေရရှာတာကိုး)
ငါ့ကို ပတ်ဝန်းကျင်အသစ်တွေမှာ အဆင်ပြေပြေ နေတတ်အောင် လေ့ကျင့်ပေးနေတယ်လို့တွေး
တကယ်တော့ကွယ်….လောက ဆိုတာ
ကိုရင်စည်သူ
July 29, 2013 at 7:32 pm
အလုပ်ထဲဒေါ်သထွက်လာရင် အပြန်ရဲဇားနဲ့တွေ့ရင်ရဲဇားကို ဘီယာတိုက်လိုက်ပါ…
အကောင်းဆုံး စိတ်ဖြေနည်းပါကွယ်… ငိငိ..
ရဲဇားအားပေးပါလိမ့်မယ်ပြောဒါ… ဒို့ပြောလို့ ဘယ်ထိရောက်ပါ့မလဲ.. 😆
koyinmaung
July 29, 2013 at 7:35 pm
ကိုယ်ကိုသနားပါတယ်လို့ပြောတာနဲ့စာယင်
ကိုယ့်ကိုမနာလိုတဲ့သူရှိတာတွေးကြည့်ယင်
အရသာတောင်ရှိသေး….
ကြာ ညောင်
July 29, 2013 at 7:57 pm
လုံမရယ်
ပန်းနဲ့ ပေါက်တာပါ
ခဲနဲ့ ပေါက်မှာကျန်သေးတယ်နော်…
ရှောင်နိူင် တိမ်းနိူင်အောင်ကြိုးစားထားအုံး…..။
ကိုပေါက်(မန္တလေး)
July 29, 2013 at 9:56 pm
သမက်နဲ့ယောက္ခထီး
ချွေးမနဲ့ယောက္ခမ
အထက်လူနဲ့အောက်လူ
ညှိမယူလို့ကတော့ တစ်သက်လုံးညိနေမှာအမှန်ပါဘဲ
uncle gyi
July 29, 2013 at 11:48 pm
စီနီယာစီနီယာနဲ့
တကယ်တတ်သိနားလည်သူကို
လမ်းပိတ်ထားသူတွေများနေသမျှ
သူများနိုင်ငံတွေက
ဒို့နိုင်ငံထက်စီနီယာအမြဲဖြစ်နေမှာ
kyaw swar kaung
July 30, 2013 at 12:02 am
လုံမလေး
အားမလျှော့ပါနဲ ့.. ဒါ မြန်မာဖြစ် လောကဓါဏ်ဘဲ…ကြံ့ကြံ့ခံ အားတင်းပါ..။
အလုပ်မှာ ဖြစ်ဖြစ် ပါတ်ဝန်းကျင်နဲ ့ ကိုယ့်မိသားစုမှာ ဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါ..
မရှိသုံး မွန်မွန် မဖြစ်စေနဲ ့..
မရှိမဖြစ် မွန်မွန် ဖြစ်အောင်လုပ်ပါ…
မုန်းသူ ချစ်သူ မနာလိုသူ.. ငြူစူသူ…အလုပ်ရှင် အလုပ်သမား..အားလုံးဟာ ငါ့ရဲ ့လုပ်အားကို လိုနေပါလား ဆိုတဲ့ စိတ်နဲ ့ပိုပြီး
အားစိုက်လုပ်ပါ..။ သူတို ့အမြင်ကို ကိုယ်ကသုံးသပ်နိုင်သလို ..သူတို ့အပေါ်ကို ကိုယ်မြင်တဲ့ အမြင်ကိုလဲ မညှာမတာ ပြန်သုံးသပ်ပါ..
ကိုယ့်အမြင်ကို ကိုယ်ရှင်းပြီးလို ့ စိတ်ကြည်လင် နေပြီဆိုရင်တော့…
မွန်မွန်ရေ….
ဟောဒီ လောကဓါတ်ကြီးကို …
“ WELCOME ” ဆိုပြီး စိန်ခေါ်လိုက်စမ်းပါ..။
မွန်မလေး လုံလုံကို ခင်မင်တဲ့
ကျော်စွာခေါင်
အရီးခင်
July 30, 2013 at 2:49 am
လုံမလေး က ငယ်သေးတော့ အတိတ် ကို ပြန်ကြည့်ဖို့ ဟောင်းသွားတဲ့ နှစ် တွေ မများ သေးဘူး။
တစ်ဖြေးဖြေးနဲ့ ဒါမျိုးတွေ ကြုံပါများချိန် ဒါတွေဟာ တစ်နေ့တော့ တန်ဖိုးရှိတဲ့ အတွေ့အကြုံကောင်း တွေ ဖြစ်လာမှာပါ။
ကိုယ်မကြိုက်တဲ့ အရာတွေ ၊အမှားတွေ၊ ကျဆုံးခြင်းတွေ၊ ဖိနှိပ်ခံရခြင်း ကဘဲ ကိုယ့်ဘဝ မှာ ပိုပြီး အောင်မြင်ဖို့ တွန်းအားတွေ ဖြစ်လာတတ်တာ မဟုတ်လား။
😛
Min Zarni
July 30, 2013 at 8:58 am
ဘုရားသခင် ကောင်းချီးပေးပါဇီ
လုံမလေးမွန်မွန်
July 30, 2013 at 9:29 am
အားပေးစကားပြောပေးကြတာတွေကို တကယ့် ကျေးဇူးအကြီးကြီးပါနော်… အားလုံးရဲ့ စကားတွေနဲ့ အားတင်းနေပါတယ်…. တစ်ယောက်ချင်းကို စာမပြန်ဖြစ်တာကို ခွင့်လွှတ်ပေးပါရှင့်…
ချစ်တဲ့
လုံမလေး
Myo Thant
July 30, 2013 at 9:48 am
လူကြီးလေးဖြစ်လာရင် ဒါမျိုးတွေက ပုံစံအမျိုးမျိုးနဲ့ တွေ့ရတော့တာပဲလေ ၊
ကိုယ်တွေက ဘုရင့်သားသမီးမှ မဟုတ်ကြတာ ၊
အဲဒါတွေဟာ ကိုယ့်စိတ်စွမ်းရည်ကို လာစမ်းသပ်မှုကလေးတွေလို့ သတ်မှတ်လိုက်ပါ ၊
မွန်မွန့်လို အရွယ်မျိုးမှာ ဒါတွေ အတွေ့ရဆုံးအချိန်ပါပဲ ၊
နောက်ဆို အဲသလိုတွေ့ခဲ့တာကို ကျေးဇူးတင်နေလိမ့်မယ် ၊
ဘာလို့လည်းဆိုတော့ သည်းခံဖြတ်ကျော်နိူင်စွမ်းကို သူကသင်ပေးခဲ့လို့ပဲပေါ့ ။
A mar nyo
July 30, 2013 at 9:59 am
သည်းခံခွင့်လွတ်ခြင်းသည်အကောင်းဆုံးပါပဲမမမွန်၊
အားတင်းထားပါ၊နောင်တချိန်မှာဒါတွေဟာအမှတ်တရဖြစ်လာမှာပါ
Ma Ma
July 30, 2013 at 10:39 am
ဘေးလူက အားပေးစရာမလိုအောင် ကိုယ့်ဖာသာအားတင်းပြီး လောကဓံကို စိန်ခေါ်နိုင်တဲ့ သတ္တိကိုကြည့်ပြီး အတော်ချီးကျူးစရာမိတယ်။
Fighting!!!!!!!!!!!!!!! 🙂
သူကလေး
July 30, 2013 at 11:32 am
ဂီးးးးးးးးးးးးးး ဂါးးးးးးးးးးးးး ဘာလို့အဲလောက်ခံစားချက်ချင်းတိုက်ဆိုင်နေရတာလဲ
သူကလေးရုံးမှာကြုံနေရတဲ့အဖြစ်နဲ့ အရမ်းကြီးကိုတူနေတယ် စစ်ရယ်
စည်းကမ်းမရှိတဲ့ အထက်လူကြီးရဲ့ အချိုးမပြေတဲ့အမိန့်တွေကို လိုက်နာရတိုင်း ရင်ထဲသိပ်နာတယ်
ဒါပေမယ့် ရင်မဆိုင်ရဲလို့ထွက်သွားသူကအရှုံးလို့ခံယူပြီး ဆက်ရှိနေမိတယ်
“ဘာပဲဖြစ်ဖြစ် ဒါတွေကို ကြံ့ကြံ့ခံပြီး ပြုံးပြုံးလေးရင်ဆိုင်နိုင်အောင် ကြိုးစားရမယ်။ ဒါကမှ တကယ့်အောင်နိုင်ခြင်းပဲ။” ဆိုတဲ့အတိုင်း ကြိုးစားနေတယ် စစ်ရေ
ခင် ခ
July 30, 2013 at 11:52 am
လုံမလေးရေ ဘဝ ဆိုတာ အမြဲတမ်းပျော်ရမယ်မဟုတ် တစ်ခါတရံ ဝမ်းနည်းမှုလည်းရှိ သလို၊ ကျေနပ်စရာတွေဘဲပြည့်နေတာမဟုတ် မကျေနပ်စရာတွေလည်း ကြုံရတတ်ပါတယ်။
အဲဒါတွေဟာ လောကဓံ ဘဲလေ။ ခံနိုင်ရည်ရှိအောင် လုပ်ဆောင်သွားနိုင်ခြင်းက ရင့်ကျက်မှုလို့ ဆိုရမှာမို့ စိတ်မပျက်နဲ့ စိတ်ဓာတ်မကျနဲ့ ကြိုးစားအားတင်းကာ ဆက်သာလျှောက်ပါ အောင်မြင်ပါလိမ့်မယ်လို့။
kyeemite
July 30, 2013 at 1:20 pm
ဘဝကို တိုက်ပွဲတစ်ခုလိုသဘောထားပြီး
ယှဉ်ပြိုင်ကြတဲ့အခါ ရှုံးနိမ့်ခြင်းဟာ အဆိုးဝါးဆုံးပဲ
ဒီတော့ ရှုံးနိမ့်ခြင်းကိုသည်းမခံနိုင်ရင်
မရှုံးနိမ့်အောင်ပြင်းပြင်းထန်ထန်တိုက်ခိုက်ရမယ်…
Life is life, fight for it. ― Mother Teresa 😆
လူကလေး
July 31, 2013 at 9:34 am
အင်း .. ငါသိပါတယ် .. နင်က လူကြီးတွေနဲ့ ဆို သိပ်ပနံရတာမဟုတ်ဘူး..
ခုလည်း ဖြစ်ပြန်ပြီပေါ့. .ဟုတ်တယ်မလား . . ဟီးဟီး.. သီးခံ.. သီးခံ..
လုံမလေးမွန်မွန်
July 31, 2013 at 10:23 am
ရွာထဲက လူကြီးတွေနဲ့တော့ အဆင်ပြေပါတယ်ဟ… 🙂
အလင်း ဆက်
July 31, 2013 at 10:49 am
အသက်ငယ်ပေမယ့်
ရင့်ကျက်တဲ့ စိတ်ဓါတ်ကို မြင်လိုက်ရတယ် လုံလုံ
သတိ္တိကိုလည်း မင်း ပိုင်ဆိုင်ထားတယ်
မဟာရာဇာ အံစာတုံး
July 31, 2013 at 4:26 pm
ကိုယ့်ကိုကိုယ် ရင်ဖွင့် အားပေးပီးရင် …
ကိုကိုအံ .. မွန်လေး ဘေးနားကို လာပီး …
ရင်ဖွင့် အားပေးလှည့်မယ်နော် …
လူကလေး
July 31, 2013 at 5:19 pm
မှားဒယ် မှားဒယ် .. ဒီ post မှာမန့်မိတာ လူကလေး မှားဒယ်.. ကိုကိုအံ
ဦးကျောက်ခဲ
July 31, 2013 at 5:28 pm
အင်း… ရွာထဲမှာ နောက် ၁ယောက်တော့ တိုးပြန်ပေါ့…
ချဉ်တယ်လို့မဆိုပါဘူး… ကိုယ်ချင်းစာပါတယ်လေ… ဟီ ဟိ
😀
ဦးကြောင်ကြီး
August 1, 2013 at 9:49 am
လုံမလေး ရင်ဖွင့်တာ ကြည့်ချင်လိုက်တာ… 😀