“ မမေ့နိုင်စရာအတည် ယနေ့တိုင်ပါပြီ။´´
“ မမေ့နိုင်စရာအတည် ယနေ့တိုင်ပါပြီ။´´
သမိုင်းတစ်ခေတ် ဆန်းသစ်ချင်လို့
အာဏာရှင်အစိုးရ ဖြုတ်ချကြစို့
ထစ်ကထဲဆို ပြစ်မယ်ဆိုဘဲ
ထစ်ကနဲဆို ရိုက်မယ်ဆိုဘဲ
ထစ်ကနဲဆို ဖမ်းမယ်ဆိုဘဲ
မှိုင်းခွဲရလည်း ခွဲမှာဘဲ
မျက်ရည်ယိုဗုံးလည်း သုံးမှာဘဲ
မီးသတ်ကားနဲ့ ရေဖြန်းကာရိုက်
သူတို့ပြောတော့ လူစုခွဲသတဲ့
လက်ထဲမှာက လက်နက်မရှိ
စာရွက်ကိုင်ဆောင် ကျောင်းသားထုကို
ညင်းပန်းသတ်ကာ အမှုန့်ချေပေါ့
သမဂ္ဂအရေး ဦးသန့်အရေးနဲ့
ဆယ်ဗင်းဂျုလိုင် ငွေစက္ကူသိမ်း
ထိုထိုအရေးများ လက်နက်အားကိုး
ချေမှုန်းခဲ့တာ လူမဆန်စွာမို့
အခုဖုန်းမော် ကျဆုံးရသည့်
အာအိုင်တီခေါ် ကျောင်းသားအရေးမှ
ဒို့ကျောင်းသားသွေး နီကာရဲသည်
ပြကြပါစို့ ဦးတည်ရက်စွဲ
၈ရက် ၈ လ ၈၈ ဝယ်
ကျောင်းသားထုတို့ လမ်းပေါ်တက်မယ်
ပြည်သူလူထု ပါဝင်နွဲကြတိုက်တွန်းပါသည်
ရှစ်လေးလုံးအရေးတော်ပုံ အောင်ရမည်။
၈၈၈၈ အရေးတော်ပုံအတွက် တိုက်တွန်းကာဝေခဲ့ကြသော လှုံဆော်စာတွေက တစ်ခုပါ၊ အဲဒီတုန်းက အများ ကြီးပေါ့ ရင်ထဲမှာကိန်းအောင်းကာ ခံစားနေရတဲ့ အဲဒီတုန်းက တစ်ပါတီအာဏာရှင်စနစ်ကို တွန်းလှန်ချင်ကြတဲ့ ရင်တွင်းရိုက်ခတ်သံအမှန်တွေက ပဲ့တင်ထပ်ကာ ကဗျာတစ်သွယ် စာလိုတစ်မျိုး ကာတွန်းတစ်နည်း ထွက်ပေါ် ဖြန့်ဝေခဲ့ကြပြီး တရားဟောသံတွေကလည်း လွှမ်းခြုံခဲ့ကြပါတယ်။ ၈၈၈၈ အရေးတော်ပုံဟာ ကျောင်းသား ပြည်သူလူထု ပေါင်းစည်းညီညွှတ်ခဲ့သမို့ တစ်ပါတီအာဏာရှင်အစိုးရကို အဆုံးသတ်ဖြုတ်နိုင်ဖို့ရန် အားဖြစ်ခဲ့ပြီး ထိုစဉ်က နိုင်ငံရေးဩဇာအကြီးမားဆုံးဖြစ်တဲ့ မဆလ(မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ)ခေါင်းဆောင် ဦးနေဝင်း ဟာ အရေးမလှတော့တာကို အကင်းပါးကာ တစ်ပါတီကြိုက်သလား နှစ်ပါတီကြိုက်လား ပါတီစုံကြိုက်လား ဟူသောမေးခွန်းများနှင့်အတူ ၁၉၆၂ခုနှစ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦး ကို မှိုင်းခွဲဖြိုဖျက်ခဲ့တဲ့သမိုင်းကြောင်းကိုအစဖော်ကာ တို့မီး ရှို့မီး မိန်းခွန်းတစ်ရပ်ကို တိုင်းပြည်သို့လွှင့်ခဲ့ပြီး ကျွန်တော်နှင့်အတူ ၁။ဦးစန်းယု ၂။ဦးအေးကို ၃။ဗိုလ်ချုပ်ကြီးကျော်ထင် စတဲ့ ၄ ယောက် နိုင်ငံရေးလောက က အနားယူပါမည်ဖြစ်ကြောင်း ကြေငြာခြင်းသည် တစ်ပါတီအာဏာရှင်စနစ်၏ အဆုံးသတ်အရှိန်ကုန်ရာအစပင် ဖြစ်ခဲ့ပါသည်။
ထိုသို့ဖြစ်ပျက်ခဲ့မှုသမိုင်း ယခုငွေရတုအချိန်ကိုရောက်ခဲ့ပြီပေါ့၊ ၈၈၈၈ ငွေရတုကိုလည်း အခုဆို ရန်ကုန်မှာ ကျင်းပနေပါပြီ။ ထိုစဉ်က အရေးတော်ပုံမှာပါဝင်ဆင်နွဲခဲ့ကြပြီး ကျဆုံးသွားတဲ့ကျောင်းသားတွေ စစ်အစိုးရ အာဏာသိမ်းပြီး ကိုယ်ခံယူချက်အရ နယ်စပ်ရောက်ကျောင်းသားတွေနဲ့ ကိုယ့်ပြည်တော်မှာနေချင်သော်လည်း အခြေအနေမရလို့ တိမ်းရှောင်ရင်းဖြင့် ရေခြားမြေခြားတိုင်းတစ်ပါးရောက် ကျောင်းသားတွေကို ဂုဏ်ပြုကာ ရေးလိုက်ရပါသည်။
မမေ့နိုင်စရာအတည် ယနေ့တိုင်ပါပြီ။
စာကြွင်း – ယောက်ျားဆိုတာ တိုင်းပြည်အတွက် အရေးရယ်အကြောင်းရယ်ဆို ဓားလှံလက်နက်စွဲကာ အားအင် အပြည့်နဲ့ ရှိကိုရှိရပါ့မယ်၊ ကလူအိသို့ မြှုအိသို့လို ကနွဲကယနဲ့ ကျား မကျ မ မကျတွေကိုတော့ သနားလိုက် ပါဘိကွယ်။
ခင်ခ။
( မမေ့နိုင်သေးသော ၈၈၈၈ အတွက်ပါ )
21 comments
ဦး ဂျစ်
August 6, 2013 at 10:43 am
အဟိ နောက်ဆုံး မှာတော့ ဂေးလားဟေ့ မောင်တို့ ပါလား …:-D
ခင် ခ
August 6, 2013 at 10:49 am
ဦး ဂျစ် ရေ ရွာထဲလည်း တစ်ခါတလေကျ ရာသီဂွင် နဲ့ ညီအောင်လည်းပါရသပေါ့ဗျာ။
ဝါးသားဖောလိုး ဖစ်ဖောလိုး ဆိုသလိုပေါ့ဗျာ။
Min Zarni
August 6, 2013 at 10:49 am
ဟိုလူဂျီး လုအခွင့်အရေး ဆိုင်းဘုတ်ကြီး ကိုင်လို့ ရောက်လာဦးမယ် ထင်ပါကြောင်း..
ငိငိ
အဲ့ကျမှ ဝင်ပြောတော့မယ်..
ခင် ခ
August 6, 2013 at 10:51 am
ဒါဆို ဒါက ပရီပေါ့ Min Zarni ရေ။ ထပ်လာခဲ့ပါနော်။
KZ
August 6, 2013 at 11:12 am
အနော်ရော တိုင်းပြည် အတွက် အရေးဟယ် အကြောင်းဟယ် ဆို ပါလို့ရသလားဟမ်။
လောက်လေးဂွ ကောင်းကောင်းပစ်တတ်ပါတယ်။
ခွိခွိခွိ။
ခင် ခ
August 6, 2013 at 11:28 am
ဟိုမကျ ဒီမကျတွေက ပိုနွဲ့တယ်ထင်တာဘဲဗျ။ KZ တို့ကတော့ ဘာလောင်းကျော်ဆိုလား အဲလိုဖြစ်မယ် ထင်ပါ၏ ရေးပုံခန့်မှန်းကြည့်မိတာလေ။
ရွှေဂျူး
August 6, 2013 at 11:24 am
မမေ့နိုင်တာ အမှန်ပါပဲ လေးခရေ… 🙂
ဦးကျောက်ခဲ
August 6, 2013 at 11:28 am
အဲသည့်ဘဲကြီး သူတင် တိုင်းပြည်ကို အားရအောင်ဖျက်တာ မဟုတ်…
သူ့ဒူးမနာသားတွေ လက်ထဲအပ်ပြီး၊ စိတ်ဓာတ်တွေ ခြေဖဝါးအောက်ရောက်အောင်
စနစ်တကျ ဖျက်ဆီးသွားတာ…
စကားအတင်းစပ်…
များတို့လည်း အလှဖန်တီးရှင်များသမဂ္ဂဆိုပြီး အရေးအခင်းမှာ ခါတော်မှီပါလိုက်ကြသေးတယ်
😀
koyinmaung
August 6, 2013 at 7:19 pm
အောင်မလေး …အိမ်ရှင်မများသမဂ္ဂတောင်ထွက်လာသေးမဟုတ်လား
ဒန်အိုးဒန်ခွက်တွေကိုင်လို့…
အဲ့ဒီတုန်းက မအူမလည်နဲ့ ကိုဒက် မင်မလာလေးကိုင်ပြီးဟိုရိုက်ဒီရိုက်
ရိုက်ခဲ့ပါသေး…
ခင် ခ
August 6, 2013 at 11:38 am
များတို့အဖွဲ့ မြို့ထဲလှည့်လည်ဆန္ဒပြတဲ့ထဲ လိုက်ပါချီတက်တာတွေ့ပါတယ် ကိုကျောက်ရေ။
အာဏာရှင်အစိုးရ ( အဲလိုရှေ့တိုင်ပြီးအော်ပေးရင်) သူတို့က လက်ကလေးတွေ စလိုမိုးရှင်းနှုန်းနဲ့မြှောက်ပြီး အလိုမရှိ ( ဂေး သံနဲ့ ကီးနှိပ့်ပြီး ဖတ်စေချင်) အဲလိုအော်တယ်လေ။ သူတို့ ပုံစံ သူတို့အော်သံနားထောင်ပြီး သပိတ်မှောက် ဆန္ဒပြချီတက်သူတွေ ရီမောခဲ့ရတဲ့ မြင်ကွင်းကို ပြန်မြင်မိသဗျ။
ဗုံဗုံ
August 6, 2013 at 11:49 am
88 ဆိုတော့ တမီးက မွေးသေးဘူးလေ….
ဒါပေမယ့် အရေးကြုံလာရင်တော့
မမဂျီးလိုဘဲ လေးခွပစ်တတ်တယ်
လောက်စာလုံးတတ်တယ်.
ခင် ခ
August 6, 2013 at 1:18 pm
အဲဒီအချိန်တုန်းက မိဗုံတို့ မမွေးသေးဘူးကိုး။
အဲဒီ ၈၈ မှာ လေးခွလိုမျိုးသဏ္ဍန် သရေပတ်မှာချိတ်ပြီး ပစ်ရတဲ့ ဂျင်ကလိ ဆိုတဲ့အရာတစ်ခု ပြည်သူလူထုမှ ထွင်ပြီး ခေတ်စားခဲ့ဖူးတဲ့ လက်နက်ငယ်တစ်ခုပေါ့။ သူရဲ့ထိပ်မှာ သံချွန်ဖြစ်နေတာကြောင့် အပစ်ခံရကာ ထိတဲ့သူကို ဒဏ်ရာအတော်ရ အထိနာစေခဲ့တာပေါ့။ ပြည်သူလူထုက အဲဒီ ဂျင်ကလိနဲ့ လက်နက်အားကိုး အာဏာစိုးတွေကို အံတုခဲ့ကြတာပေါ့ကွယ်။
ဦးကျောက်ခဲ
August 6, 2013 at 1:32 pm
ဆြာခ မှတ်မိသေးလား…
မစင်ပုံကိုမီးရှို့ပြီး ဂျင်ကလိအတွက် အဆိပ်လုပ်ကြတာလေ…
ပြန်တွေးကြည့်ရင် တကယ့် ခေတ်ပျက်ကြီးကို ဖြတ်လာရတာ…
ခင် ခ
August 6, 2013 at 1:47 pm
ပုလင်းထဲ ဓာတ်ဆီထဲ့ ထိပ်မှာ အဝတ်စတပ် မီးရှို့ကာ မီးလောင်ဗုံးသဘောမျိုးလုပ် စစ်ကားလာရင် လှမ်းပစ် ဪ နည်းလမ်းမျိုးစုံနဲ့ ပြန်အံတုခဲ့ကြတဲ့ လူထုပေါ့ ကိုကျောက်ရေ။
ကိုကျောက်ပြောတာလည်း နည်းတစ်ခုပေါ့ဗျာ။
အလင်းဆက်
August 6, 2013 at 5:38 pm
ဟိုမကျ..ဒီမကျ..ဆန့်ကျင်ရေး..
ဒို ့အရေး..
ဟေဟေ့…
🙂
ဟိုမကျ ဒီမကျတွေကလည်း..
ပြန်အော်မှာ ပါပဲ…
ဒို့များကိ်ု ဆန့်ကျင်သူတွေကို.. ဆန့်ကျင်ရေး..
ဒို ့အရေး….
🙂
ကိုပေါက်(မန္တလေး)
August 6, 2013 at 10:37 pm
ကိုခရေ
အဲဒီတုန်းက အစိုးရရုံးတွေ ဓါတ်မီးတိုင်တွေဖျက်ဆီးခဲ့တဲ့သူတွေက တိုင်းပြည်ကို ဖျက်ဆီးသူတွေပါဘဲ။
ကျော်စွာခေါင်
August 7, 2013 at 2:08 am
သူတစ်ပါး အသက် သတ်ဖြတ်ခြင်းကို ရှောင်ကျဉ်ပေမယ့် အဲဒီ အချိန်တုန်းကတော့ လူစိတ်မရှိတဲ ့ကောင်တွေ ချဟာ ဆိုပြီး…
ရပ်ကွက် ကွန်မန်ဒိုတွေရဲ ့ ဂျင်ဂလိ၊ တုတ် ဓါးလက်နက်စုံကို ဝက်ခြံထဲမှာ ဝှက်ထားပြီး လက်နက် တာဝန်ခံ လုပ်ခဲ့တာ
ခေါင် ပေါ့ဗျာ…။
ကိုယ့်လူတွေ ထွက်ခါနီးရင် မှာရသေးတယ်… မသေချင်နေပါစေကွာ.. ခြေသလုံးလောက်တော့ မှန်အောင်ပစ်ခဲ့ဟ…
ဂျင်ကလိက ရှားတယ်..လို ့မှာတတ်တာ ခေါင်ဗျ..။ စစ်တပ်ကကောင်တွေက ဂျင်ကလိ အသေကြောက်တော့ ပန်းပဲဖိုတွေပါ
ပိုက်စိတ်တိုက်လိုက်တာ..ဖမ်းတာ…။ လက်မတည့်တဲ့ ကောင်ဆို ဝါးရင်းတုတ်နဲ ့ဓါးထုတ်ပေးတာ… ခေါင်ပေါ့…။
လွမ်းလည်းလွမ်း…. နာလဲ နာကျင်နေတုန်းပါဘဲ…။
မျက်နှာကို အဝတ်စည်းပြီး ချောင်းစပ်မှာ မောင်းဖြုတ်ကာနီးမှ… အသက်ဘေးက လွတ်ခဲ့တာ.. ခေါင် ပေ့ါ.။
စုတ်တံကိုင်တဲ့လက်က စွာတယ်…။
( ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် ဖြစ်နေပေမယ့်… မဆိုင်သလိုမနေတတ်ခဲ့တာလေး ပြောတာပါ )
ခင် ခ
August 7, 2013 at 9:42 am
ပါဝင်ဖူးကာ ရဲစွမ်းပြလာ ခေါင်ရယ် လေးစားပါတယ်ကွယ်။
အဲဒီအချိန်တုန်းက ပြည်သူလူထုဟာ နှစ်ပေါင်းဆယ်ချီ ခါးစည်းခံခဲ့ရတဲ့ အာဏာရှင်အုပ်ချုပ်မှု နဲ့ လူနည်းစုကောင်းစားရေးကို မခံနိုင်တဲ့အဆုံး ရရာလက်နက်ဆွဲကာ တွန်းလှန်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း ခေတ်တစ်ခုချုပ်ငြိမ်းအဆုံးသတ်ပေမယ့် အာဏာရှင်စနစ် နဲ့ လူနည်းစုကောင်းစားရေး ကတော့ ယနေ့ထက်တိုင်တည်ကာမြဲလို့ ရှိနေစဲပါလို့ ……….. ခေတ်ပြောင်းချိန် ရောက်ချင်မိ ပါပြီ ကျော်စွာခေါင်ရေ။
လုံမလေးမွန်မွန်
August 7, 2013 at 2:23 pm
ဂျင်ဂလိ..ဂျင်ဂလိ.. တကယ်မမြင်ဖူးဘူးဗျ… 88 ဆိုတာ အဖေနဲ့အဖေ မင်ဂါဆောင်တဲ့အချိန်ဆိုတော့… အတင်းဆွဲယူစဉ်းစားမယ်ဆိုရင် အဲ့တုန်းက အရေးအခင်းထဲမှာ သေပြီး ပြန်ဝင်စားတာလည်း ဖြစ်နိုင်တာပဲနော်…
88 အကြောင်းကတော့ ဖတ်ရသမျှအကုန်လုံးက စိတ်ဝင်စားစရာ ဗဟုသုတတွေချည်းပဲ… ရင်နာတယ်..စိတ်မကောင်းဖြစ်တယ်… 🙁
ခင် ခ
August 7, 2013 at 3:50 pm
၈၈ ခုနှစ် စစ်တပ်က အာဏာလွှဲယူပြီးကာလမှာပေါ့ ပြည်သူလူထု နဲ့ စစ်တပ် တစ်ဖက်နဲ့တစ်ဖက် အခြေအနေတွေ တစ်စတစ်စ တင်းမာလာတော့ စစ်တပ်ကလည်း ပစ်ခတ်မှုတွေရှိလာတယ်လေ။ မှတ်မှတ်ရရ အဲဒီတုန်းက ကမ်းနားလမ်းမှာရှိတဲ့ ခြောက်ထပ်ရုံးပေါ်ကနေ ဆန္ဒပြချီတက်လာတဲ့ ပြည်သူလူထု နဲ့ ကျောင်းသားတွေကို လှမ်းပစ်တဲ့အခါ ဆန္ဒပြသူတွေရှေ့ဆက်မသွားတော့ဘဲ အဲဒီရုံးရှေ့မှာ ထိုင်ကာချလို့ “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး´´ လို့ ကြွေးကြော်ကြတော့ စစ်တပ်ဖက်က ဆက်မပစ်တော့ဘဲ ရပ်ကာကြည့်နေတဲ့အဆင့်ကိုရောက်စေခဲ့တာလည်း လူထုအင်အားစုစည်းမှုပြယုဒ် တစ်ခုပေါ့ လုံမလေးရေ။ အဲဒီ ဆန္ဒပြသူတွေထဲမှာ သေနတ်တော့မပါပေမယ့် သမီးမမြင်ဘူးတဲ့ ဂျင်ကလိ တွေတော့ ပါတယ်လေ။
kai
August 7, 2013 at 3:57 pm
ဂျင်ကလိဆိုတာ.. သံချောင်းအချွန်ကို.. ထိပ်မှာ အထစ်ကလေးလုပ်ထားတာ.. မှိန်းသွားလိုပေါ့..
အမြီးဖွားလေးတတ်ထားတော့.. တည့်တည့်သွားပါတယ်..။
အဲဒီအထစ်ကလေးမှာ.. လေးခွသားရေပင်ချိပ်ပြီး.. လေးခွပစ်သလိုပစ်ရတာပါ..။
လောက်စာလုံးနေရာ.. သံချွန်ထားပစ်တာပါ..။
လူသွားစိုက်မိရင်.. အထစ်ပါတာမို ့..ပြန်ထုတ်ရအင်မတန်ခက်ပါတယ်…