သရဲခြောက်တဲ့ရွာ
ဘုရား ဘရား ….
ရွာထဲမရောက်တာကြာလို့ ဝင်ကြည့်မိတာခေါင်းပြတ်သရဲနဲ့တိုးနေပါပေါ့လား …
မဖြစ်ဘူး … မဖြစ်ဘူး းးး လစ်မှ … တော်ကြာ ဦးကျောက်ပြောဖူးသလို ဝင်ပူးနေမှဖြင့် ခေါစာပစ်နေရဦးမယ် ….
အင်းးး ရွာကြီးလည်း အပမှီနေသလားမသ်ိ ။ တိတ်ခြောက်လို့ … ကိုယ့်ခြေသံတောင်ကိုယ်ကြားနေရတယ် …
ငြင်းဖော်ငြင်းဖက် ဆဲဖော်ဆဲဖက် ပေါဖော်ပေါဖက် တွေလည်း ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ကုန်ပြီထင့် …..
တစ်ယောက်မှကို မတွေ့တော့ဘူး ။
ဟဲ့ !!! ပလုတ်တုတ် .. !!
နောက်ကနေခါးတို့တာ ဘယ်သူလဲဟ …
ဟေ့ … ဆာမိတဲ့နော် တစ်မိတည်းရှိတယ် … သရဲလိုလို ဘာလိုလိုတော့ မခြောက်နဲ့ …
@%@&#&#&#&$%*%%#&$%$@$@% အဲဒါဘဲကွ !!!
ဗျို့ … ဗျို ့ ဦးကြောင် ဦးကျောက် ဦးပေါက် ဦးခ ဦးမိုက် ဦးပု ဦးဘလက် ဦးပေ ဦးနို ဦးထူးဆန်း ဦးမျိုး ဦးဂဏန်း
ဦးဖော မောင်အံ မောင်ဂီ မောင်ဆက် မောင်မာဃ ကိုတိုက် ကိုရဲ ကိုကမ်း
ကိုဖက် ကိုမှော် ကိုဘလှိုင် ကိုရင်စည်…….
ဟူးးးး မောလိုက်တာ
ဘ ယ်သူမှမရှိကြဘူးလားဗျ
ကဲဗျာ …. မရှိကြရင်ဘည်းပြီးရော
ကျုပ်က သရဲခေါစာပစ်တာ ပြောပြမလို့ဗျ
တစ်ခါတုန်းက စစ်တောင်းမြစ်ဘေးနားက ရွာတစ်ရွာကိုအသွား ……
အဲဒီမှာ ထူးထူးဆန်းဆန်း တောထဲ ဘူဖေးကျွေးနေတာတွေ့ရတာဘဲဗျို့ ။
ကျုပ်လည်း စပ်စပ်စုစုဆိုတော့ ….. ဘာပြောကောင်းမလဲ …
ကဲ ကဲ ဘယ်သူမှမရှိပဲ ပြောနေရတာ မနိပ်ဘူးဗျာ …မနက်ဖန်ည လူခြေတိတ်တဲ့အချိန် ရွာဇရပ်ကိုလာခဲ့ကြ …ပြောပြမယ် 🙂
ကြောက်တတ်ရင် တော့ မလာနဲ့ပေါ့ဗျာ …
ကျုပ်က ပြောပြချင်နေတာ ပါးစပ်ကို ရွစိ ရွစိနဲ့ဗျို့ ……. ဟားး ဟားး ဟားး ဟားးးးးး
31 comments
surmi
August 28, 2013 at 1:16 am
ခင်ဗျားတို့ ရွာထဲတစ်ယောက်ထဲ လျောက်ဖူးလား
တော်တာ်ဆိုး တဲ့အရသာဗျာ
အရီးခင်
August 28, 2013 at 1:57 am
အကြောက် နဲ့ ကဆာမိ။
တရဲ ဖမ်းပြီး သူကြီးဆီ ပို့ မယ် လို့ စီစဉ်သံ ကြားလိုက် လို့ ထင်ရဲ့။
အမြီး တောင် မတွေ့ရတော့ဘူး။
ရွာထဲမှာ တစ်ယောက်ထဲ လျှောက်ရတာကတော့ ကျုပ်အတွက် မဆန်းတော့ပါ ကဆာမိရေ။
သို့ပေသည့် ပေါ့ပေါ့ တွေးပြီး ကွင်းလုံးချွတ် တော့ မပြေးနဲ့။
အိမ်ထဲကနေ ချောင်းကြည့်နေတဲ့ သူတွေ အပုံ။ 😉
ဘူဖေး အကြောင်း ပြောမယ်ပြောပြီး ပျောက်သွားမယ်တော့ မကြံ နဲ့ဦး။
😛
surmi
August 28, 2013 at 7:35 am
ဘာရယ်မဟုတ်ဘူး အရီးရယ်
ရွာထဲဝင် ကြည့်လိုက်တာ ခြောက်တိတ်နေလို့ ….
မအားကြတာလည်းတိုက်ဆိုင်တယ်ထင့် 🙂
တစ်ယောက်တည်း လျောက်ရင်းကျောချမ်းလာလို့ရေးလိုက်တာပါဗျာ
ရွာဘယ်လမ်းမပေါ်တော့ ကိုယ်တုံးလူံးနဲ့ မပြေးရဲပေါင် 🙂
တောကထဲကဘူဖေးအကြောင်းတော့ပြောချင်ပါရဲ့ဗျာ
သဂျီး ပွမ်ရင်တော့ အရီးစစ်ကူလုပ်ပေး 🙂
garfield
August 28, 2013 at 8:30 am
ဒါမျိုးမကြောက်လို့ ရွာရိုး တစ်ယောက်တည်း လျှောက်တာ ကြာပါပြီ ဆာဆာရယ်။

ကြောက်လာရင်တော့ ဟောင်ကောင် က တွင်းတူးသမားကြီး လှမ်းခေါ်ပြီး လျှောက်တယ်။
အချိန်တူတာဆိုလို့ သူနဲ့ပဲ ရှိတာကိုးးးး
ဦးကျောက်ခဲ
August 28, 2013 at 9:09 am
အဟွတ်… ကိုရင်ဆာရယ်… ကျောက်စ်မှာလည်း
ခြင်ကျားဘိုက ငယ်သူငယ်ချင်း ကပ်စီးလင်မယား ဟောင်ကောင်ကို အလည်ရောက်နေလို့…
လိုက်ပို့ရ ထမင်းဟင်းချက်ကျွေးရနဲ့မို့ပါဗျ… ရေးပါ့မယ်ခင်ဗျာ…
😀
Min Zarni
August 28, 2013 at 9:13 am
ကျော်တို့ မဇာယိတို့ ကျောက်စ် တို့ အလင်းsex တို့ အိပ်ချိန်ပြင်ပ ရွာထဲရောက်စ်နေပါကြောင်း သတင်းပို့ပါသည်..
Wow
August 28, 2013 at 9:13 am
ဦးဆာတစ်ယောက်ထဲ ထင်တိုင်းကျဲနေတာ ဘယ်လွှတ်ပေးလို့ဖစ်မလဲ…
အရီးပေါသလို ကွင်းလုံးတော့ချွတ်မပြေးနဲ့…
ခေါစာပစ်တာလေးပြောပြပါ လေးဆာရယ် 🙂
သဂျီးကတော့ သူ့မီလျှံဘစ်ဇနက်အတွက် သရဲစောင့်ဖမ်းနေတာ ရွာထဲ :hee:
Crystalline
August 28, 2013 at 9:24 am
ဖြိုးပြန်ပျောက်သွားပြီးနောက်.. ရွာလည်းပြန်ခြောက်သွားတာပဲ ဦးဆာရယ်..
Wow
August 28, 2013 at 9:57 am
ဒါဆို ဖြိုးပျောက်လို့ သဂျီး၊ အောင်ကြူး၊ ကပု တို့ အသဲကွဲပီးငြိမ်နေတာဖစ်မယ်… နာထင်ရင်လွဲခဲတယ် :kwi:
kai
August 28, 2013 at 11:12 am
ကျုပ်ကိုတော့.. ဖြိုးချစ်သူ.. ကိုရင်ကြောင်တကောင်..အဲ..အဲ..တယောက်ဖေ့စ်ဘုတ် မက်ဆေ့ချ်နဲ့လာဆဲနှုတ်ဆက်.. အဲ..အဲ.. လာရေးနှုတ်ဆက်နေတယ်ဗျ…
Wow
August 28, 2013 at 11:36 am
အော်… ဒဂျီးနဲ့ အောင်ကြူး… ဖြိုးကို လုနေတာဂိုးးးးး
အီးတုံးလေးပေါသလို မိန်းမတွေ ရင်ထုပီး လင်လုရတဲ့ခေတ် ရောက်ပီထင်ဒယ် :hee:
မဟာရာဇာ အံစာတုံး
August 28, 2013 at 9:24 am
လူခြေတိတ်ချိန် လာခိုင်းဒယ်ဆိုဒေါ့ …

ဟိတ်လူဂျီး ….
ခညား ယီးတီးယားတား လုပ်ဖို့ဒေါ့ မကျံနဲ့နော့ …
ကျုပ်ဂ ဒါးယူဂဲ့မှာ ….
တစ်ခါတစ်ခါ ရွာထဲ လူစည်နေဒဲ့အခါ အီလုပ်ဒွေ ချုပ်နေရို့မို့ မြင်သာမြင် မကြင်ရဒဲ့ဘွဘာ …

အားဒဲ့အခါကျဒေါ့လည်း ကိုးနတ်ချင်က ညက်နှာဒါ မပေး …
ကိုးနတ်ရှင်ကောင်းဒဲ့ သန်းခေါင်ဂျော်ကျဒေါ့လည်း ဘူမှ မချိ .. ပျင်းစရာ အတိ …
ဒါဂျောင့် ရွာထဲ ခြောက်နေဒါဟာ …
စနစ်ဂျောင့် ………
ခင် ခ
August 28, 2013 at 10:03 am
မဆီမဆိုင်လား ဆိုင်လေမလားတော့မသိ ဝင်ပွားမယ်။
သဂျီးက ရွာကနေမြို့ပြောင်းတာရယ်။
အခုတလော ဒို့ဘားမန်မှာ ကွန်မကောင်းတာရယ်။
သဂျီး org နဲ့ com နဲ့ အလုပ်တွေ ခဏခဏရှုပ်တာရယ်။
အဲဒါတွေကို ကျော်လွန်ပြီးသကာလ မန်ဘာတွေမှာ ရထားတဲ့ ကြယ်တွေလည်း တန်းတူဖြစ်သွားတယ်။
ကျွန်တော်သိရသလောက် အဲဒီကြယ်ပွင့်တွေက နေရင်းထိုင်ရင်း တစ်ခုပြီးတစ်ခုတိုးသွားခဲ့တာ ဟုတ်ဘူးတဲ့ ကိုယ်အချိန်တွေ အတွေးတွေ အရေးတွေ အဲလိုတွေနဲ့ ရင်းခဲ့ပြီးမှရခဲ့ကြတာဆိုတော့ ရခဲ့တဲ့သူတွေမှ ပိတိဖြစ်ပြီးကျေနပ်နေမိမယ်ထင်တယ်။ အခုတော့ သာတူညီမျှ တပွင့်လှလှတွေ ဘဲရှိကြတာရယ်။
ပြီးတော့ ပိုစ့်တစ်ခုကို မန်ဘာအချင်းချင်းဝင်ဖတ်ခဲ့ကြတယ် အဲလိုဝင်ဖတ်အားပေးတယ်ဆိုတာကိုလည်း သိစေချင်တော့ အဆင်ပြေရာမန့်ကြတယ်(ဥပမာ-ဝင်ရောက်အားပေးသွားပါတယ်) ဒါကို ပွိုင့်ညာယူတယ် လို့မြင်လေလားမသိ အနုတ်ပေးထားတာမျိုးတွေ့ရတာရယ်။
ကိုဆာ စဉ်စားကြည့်လေ ရုပ်မချောတာတော့ မချောတာပေါ့ ဒါပေမယ့်သူခဗျာ ကြိုးစားပန်းစား သနပ်ခါးပါးကွက်လေးနဲ့ အလှဆင်လာတာကို ဘာမှမပြောဘဲနေတာမှတော်အုံးမယ် နင်ရုပ်ကလည်း မလှရတဲ့ကြားထဲ ပါးကွက်ကြားနဲ့ဆိုတော့ သရဲမြင်ရင်သူကတောင်လန့်ပြေးအုံးမယ်ပြောတော့ ဟိုကခံနိုင်မလား ဘာမှမပြောဘူးလှည့်ထွက်ပြေးရင်တောင် စိတ်ထဲတော့ဘယ်ကောင်းပါ့မလဲ အဲဒီတော့ အဲဒီလူ သူကိုမလှဘူးပြောတဲ့ဆီ ပြန်လာပါအုံးမလားလေ။
ဒီလိုနဲ့ဘဲဗျာ ရွာထဲ( ယခုသဂျီးအဆို မြို့ထဲ ) ကသူတွေ ကိုယ့်အိမ်ထဲမှဘဲ ဝိုင်းဖွဲ့ကာနေကြလေသတည်း။ ဝိုင်းဖွဲ့တယ်ဆိုလို့ တောင်တွေးမြောက်တွေး မထင်နဲ့ မန်းဂေဇက်ရွာသူားများဖေ့ဘုတ်ဝိုင်းပြောတာပါ အဲဒီမှာတော့ စည်သပေါ့။
တလက်စထဲ နောက်တစ်ခု ဖတ်ရွေးက အဖွဲနဲ့ရွေးပြီး ဗုတ်နဲ့အကဲဖြတ်တယ် အဲဒီမှာတစ်ခုတွေးမိတယ် ဖတ်ပြီးရွေးပေးတဲ့သူနည်းရင် ဗုတ်လုပ်ရမယ့်ပိုစ့်နည်းမယ် အဲဒီမှာ အကယ်လို့များ ကြိုးစားကာရေးပြီး ဗုတ်ထဲတောင်မပါလာလို့ စိတ်မကောင်းတဲ့သူလည်းရှိလာနိုင်တယ် ဘာလို့လဲဆိုတော့ ဗုတ်က (၁၅) ရက်လောက်ပြထားတာလေ။ ရွာဖွင့်တိုင်းမြင်ရတော့ ဖွင့်မကြည်ချင်ရာကနေ ဝေးကြလိမ့်မယ်။ အရင်လို ဖတ်ရွေးအဖွဲ့အင်အားမများတော့ရင် ဖတ်ရွေးကိုရပ်သင့်တယ်ထင်ပါ၏။ လွတ်လပ်စွာ ရေးကြ ငြင်းကြ ဆိုရင် ပြန်ပြီးရွာထဲပွဲစည်လေမလားပေါ့။(အကြံပြုခြင်းသက်သက်မျှသာ)
ရွှေတိုက်စိုး
August 28, 2013 at 10:33 am
အော် ဦးဆာမိနှယ့် ရှိပတော် ရှိပေ
ဒီမှာ..ကလေးထိန်း အဝတ်လျှော် မီးပူတိုက် လုပ်နေရတယ်တော့…
ဘယ်နှယ့်အော်နေပါလိမ့်…
ဒီမှာ နေပူတုန်းလေး အနှီးလေး လှန်းနေတာကို….. ဟွန်..
ပြီးရင် အနှီးတွေ မီးပူတိုက်ရအုံးမယ်…. အားဘူးတော့…
ညနေကျမှ ချိန်းတဲ့နေရာ လာခဲ့မယ်…. ဒါဘဲ..
kyeemite
August 28, 2013 at 10:46 am
🙁
လလည်းကုန်ခါနီးနေတော့…..
ဒီကိစ္စ အတွက် ဒီလဘယ်နှစ်ယောက်ရွေးပေးနိုင်လည်းတချက်လောက်စောင့်ကြည့်ချင်ပါဂျောင်းးးး
ခင်တဲ့…
Myo Thant
August 28, 2013 at 10:59 am
ကျနော်က ဘောပွဲရာသီစပြီဆိုတော့ နည်းနည်း အလုပ်ရှုပ်နေလို့ပါ ၊
ဒါပေမယ့် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖေ့စ်ဘုတ် နဲ့ ဂဇက်ကို
တောက်လျှောက်ဖွင့်ထားသူပါ ၊
ရေးလက်စ ၂ ပုဒ် ရှိပါတယ် ၊
ရေဆန်လမ်းက ပန်းတစ်ပွင့် ( ၂ ) နဲ့ ကြွေရက်ရယ်ဖြင့် မစောစေချင် ၊
ဒီရက်ပိုင်းအတွင်း တင်ပါ့မယ်ဗျာ ၊
မောင်ဘလိူင်
August 28, 2013 at 12:33 pm
ကြားပါရစေလား ဦးလေးရေ… 😀
Mr. MarGa
August 28, 2013 at 3:25 pm
အခုတလော
ရွာလယ်လမ်းမမှာ လျှောက်တိုင်း ခြောက်ကပ်ကပ် ဖြစ်နေတာ ကြာပေါ့
လူလဲ ဘယ်အိမ်မှ သိပ် ဝင်ပြီး မနှုတ်ဆက်ဖြစ်ဖူး
မနက်ဖြန်ညမှ ရွာဇရပ်ကို လာခဲ့မယ်ဗျို့
လောလောဆယ်တော့ နတ်ပြည်သွား လွှတ်တော်တက်လိုက်ဦးမယ်
Ma Ma
August 28, 2013 at 3:35 pm
သဂျီးရဲ့မြို့ကို ဝင်ဖို့ မျက်စေ့လည်ပြီး ဝင်ရခက်တာက အဓိကအကြောင်းရင်းတစ်ခုဖြစ်မယ်ထင်တယ်။
ကိုယ်တိုင်လည်း တခြားပေ့ချ်တွေသာ လွယ်လွယ်ပွင့်သွားတယ်။
သဂျီးရဲ့မြို့ကတော့ အဝိုင်းကလေး လည်နေတာနဲ့တင် တနေကုန်ရော။
ဥက္ကဌသစ်ကြီးရေ- ဖတ်ရွေးရှိနေသရွေ့တော့ အမြုတေ မမ ဖတ်ရွေးပေးမည်ဖြစ်ပါကြောင်းးးးး
(စာစုံ/ကုန်အောင် မဖတ်ဖြစ်လို့ မမျှမတဖြစ်ရင် တာဝန်မယူပါ။) 😛
Foreign Resident
August 28, 2013 at 7:29 pm
Ma Ma says:
” သဂျီးရဲ့မြို့ကို ဝင်ဖို့ မျက်စေ့လည်ပြီး ဝင်ရခက်တာက
အဓိကအကြောင်းရင်းတစ်ခုဖြစ်မယ်ထင်တယ် ”
ဟုတ်ပါ့ ။ ရန်ကုန် connection ကလည်း သိပ်ဆိုး ။
အဘ ဒီတစ်လ မဖြစ်ဖြစ်အောင် ဝင်ရွေးပေးပါ့မယ် ။
အရီးခင်
August 29, 2013 at 1:58 am
ကဆာမိ ရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး:
ချိန်းတုန်းက ချိန်းပြီး ဇရပ်မှာ ကျုပ် တစ်ယောက်ထဲပါဗျို့။
😥
nozomi
August 29, 2013 at 9:37 am
လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့ ဘဝ မို့ ရတဲ့ အချိန်လေးတွေတော့ ရွာထဲ ရောက်လာတတ်ပါတယ် ခင်ဗျ
အမှတ်တရ မေး တာအတွက် ကျေးဇူးပါ ၊ ကျွန်တော်လဲ
ဒီ ရက် ထဲ ပြင်းပြင်းပျပျ သတိရနေမိတဲ့သူ တစ်ယောက်တော့ ရှိရဲ့
ရွာ့ အချစ်တော် ပေါက်ဖော် တစ်ယောက် ရွာက ဝေးနေတာ နှစ်ချီနေပြီလားတောင် မသိ
ဘယ်ရောက်လို့ ဘယ်ပေါက်နေပါလိမ့်
အိမ်သာနတ်မှာ ဖတ်ရတဲ့ သတင်းတွေလို
နိုင်ငံခြားကို လူကုန်ကူးခံရပြီး မှန်ခန်းထဲပဲ ရောက်နေပြီလား မသိ
ခေါစာပစ်တာလေးလဲ စောင့်ဖတ်နေပါ့ မယ်
surmi
August 29, 2013 at 7:53 pm
အားလုံးပဲကျနော့ကိုခွင့်လွှတ်ကြပါဗျို့ …..
မကြာခင် ရွာဇရပ်မှာ ပြောထားတဲ့အတိုင်း တင်ပြသွားပါမယ် …… 🙂
ဦးကြောင်ကြီး
August 30, 2013 at 8:56 am
အနော်လည်း ခေါစာပစ်တယ်… ဘယ်လိုပစ်သလဲဆိုဒေါ့ သရဲနဲ့တူတဲ့ သဂျီးဦးခိုင်မ်ပို့စ်တွေမှာ မှတ်ချက်ပေးတယ်.. အဲလို အဲလို… သဂျီးက ရုပ်ဆိုးသလောက် သာမီးဒေါ်ဂလေးက ချောပါ့ဗျာ…။ သာဂျီးဂဒေါ် ဆေးမိသွားလို့ သူ့ယူမိတာနေမှာ…
kyeemite
August 30, 2013 at 9:23 am
နံက်စောစော
နှင်းသောသောတွင်
ရွာသို့ဝင်သည်
အသင်ရွာသား
မိတ်ဆွေများတို့
အိပ်ရာမထ
မနိုးကြလား
အော်သံ ခေါ်သံ
ကျုပ်အသံကို
ခွန်းတုန့်မပြန်
မမြင်ပြန်ရ
ရွာမှာတိတ်ဆိပ်
လူခြေတိတ်သည်
အမှန်စင်စစ်
အဖြစ်သနစ်ကား
ရွာသူသားများ
အိမ်တွင်းပုန်းကာ
ချောင်းကြည့်နေရာ
ထွက်ခဲ့ပါတော့….. 😀
surmi
August 30, 2013 at 11:22 am
မိုက်တယ်ဗျို့ 🙂
ဦးမိုက်လက်တန်းကဗျာလေး …..
နေသည်နောက်ဆုတ်
ဆည်းဆာငုတ်လည်း
အလုပ်မြပြီး
ဒုက္ခကြီးလှ
ဇနီးသက်လယ်
သားသမီးငယ်တို့
စားသောက်ဖို့ရေး
ရှာဖွေကျွေးရ
လူမှုဘဝ
သောကဗျာဝေ
မသွေစိတ်ဝမ်း
နေ့တိုင်းလွမ်း၍
ရွာလမ်းကိုလျောက်
တစ်ယောက်တည်းသာ
ဖော်မပါပဲ
သရဲမကြောက်
ရဲရဲတောက်သည်
ခြောက်လည်းသည်းခံ
လှည့်မပြန်ကြေး
အပြေးလာမည် ခဏစောင့် …..။
Swal Taw Ywet
August 30, 2013 at 1:14 pm
သံဗုဒေ ရွတ်ပြီးမှ ရွာထဲ ဝင်ရမလိုဖြစ်နေပါကြောင်း။
စီးစရာဆင်ဖြူတော် လွတ်သွားရွေ့ဝေးနေရခြင်းဖြစ်ပါကြောင်း၊
ခြင်္သေ့ ငယ်လျှင်လည်း စီးရွေ့မရပါကြောင်း။
Norton Anti Virus မှတ်ပုံတင်နှင့်တကွတင်ထားလိုက်ပြီးဖြစ်ရွေ့ ရှေ့ရှောက် ရွာထဲသို့ တစ်ပတ် နှစ်ခါလျှောက်နိုင်မည် ဖြစ်ပါကြောင်း ။
ကိုဆာမိရေ။ ကြုံရင်တော့လည်း အပြင်မှာဆုံချင်သေးသဗျာ။
With respect,
Swal Taw Ywet.
surmi
August 30, 2013 at 1:25 pm
ဟုတ်ကဲ့ပါ ကိုစွယ်တော်ရေ …
ကျနော်လည်း ဆုံချင်သေးပါရဲ့ဗျာ
ရှေ့လလည်တစ်ရက်ရက်လောက် ချိန်းကြတာပေါ့နော
ဘာရယ်မဟုတ်ပါဘူးအစ်ကိုရေ သုံးရက်နေလို့ ပို့စ် ၅ ပုဒ်မပြည့်လို့ ဒဂျိ ဒဂျိ လုပ်လိုက်တာ 🙂
ကိုပေါက်(မန္တလေး)
August 30, 2013 at 1:47 pm
ကျနော်ကတော့ တစ်ပါတ်တစ်ခါ မှန်မှန်လာပါတယ်။
ဒါပေမယ့် လာသွားတာတောင် လာမှန်း မသိလိုက်ကြတာများပါတယ်။
မောင် ပေ
September 3, 2013 at 8:44 pm
ရွာက ပြောလို ့ပြောတာ မဟုတ်ဘူး
ကုလား နွားသတ်အစ်နေ ့လိုမျိုးကြီး
ဒါကြောင့်
ရံဖန်ရံခါမှသာ
ဝင်ဖြစ်တော့တယ်
YE YINT HLAING
September 3, 2013 at 9:38 pm
မောင်ပြန်လာပြီ ချစ်တဲ့ လွမ်းပိုရေ —- အဲ ဟုတ်ပါဘူး—- ကျွန်တော် ပြန်လာပါပီ ဦးဆာရေ —