Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပြတ်ရှင်းရမဲ့ အမတ်မင်းမွေးနေ့

ဇီဇီOctober 5, 20131min106333

 

မလန့်ပါနဲ့ ပလိတ်သတ်ကြီးးးးးးးး

ကာရံညီအောင်ပေးရတာပါ။

ဂနေ့ ရွာ့ လူဗြိုဂျီး မွေးနေ့။ (အဲလေ) ဟုတ်ပေါင်!
အဲလိုပြောရင်မကြိုက်လို့ ခရစ်(စ) ခေါ်သလို ခေါ်ရရင်  သတို့သားးးးးလူဗြိုဂျီး တဲ့။ ဟိ။
သူ့မှာ အပျိုဂျီးတွေက နာမည်တစ်ယောက်တစ်မျိုးစီ ခေါ်ကြတာလေ။
စကားပြောရင် ကျော်ကလေ ကျော်ကလေ နဲ့ ပြောတတ်လို့ မနေခြည်ကတော့ ဦးကျော်တဲ့။ နောက်မှ သူ့ထက်လပိုင်းငယ်မှန်းသိလို့ မောင်လေး ဦးကျော်ဆိုပဲ။
ဒါဇင်ပလွတ်က အိ ၂ အိ ကတော့ (အိတုန် နဲ့ ရွှေအိ) ကတော့ ကမတ် တဲ့။
မွန်မွန်ကတော့ ဘိုဂေးသား တဲ့။
မိဗုံက မူးမတ် တဲ့ အရပ်ကတို့။
ဝါးကတော့ ဝါးကတော့ အင်းးးးးးး တစ်လ ငါးထောင် စုနေပြီပြောတာပဲ။

:mrgreen:

ကျုပ်က အစတော့ မခင်ပေါင်။
သူက ကျုပ် ပို့(စ) ကို လှည့်မကြည့်လို့။ ကြီးကျယ်တယ် ဆိုပြီးးးးးး
သော်သော် ဖွဲ့ထားတဲ့ လူဆိုး ဂရုမှာ စခင်တော့မှ ကျုပ် ထုံးစံ အတိုင်း ဇွတ်ကို ကော်မန့်ပေးခိုင်းရတယ်။
သူ အနေအေးကြောင်း ကော်မန့်မပေးပဲကို သက်သေပြတယ်ထင်ပါ့။
စတွေ့ကာစက ဆို အမြဲ ငြင်းနေရတာ။
စကားကပ်တာရော အထအနကောက်တဲ့ အကျင့်တွေက သွားတူနေလို့။  :mrgreenn:
ငြင်းတဲ့ အထဲကမှ သိလာတာ သူ့ရဲ့ စာတစ်ပုဒ် အပေါ် နားလည်အားက ကွက်တိပဲ။

 
ခုချိန်ထိတော့ အပြင်မှာ မြင်ဘူးတာဆိုလို့ ကိုဂျီးမတ်နဲ့ ကျောက် နဲ့ပဲ ရှိတယ်။
ကျုပ်နဲ့ကျောက်နဲ့ ပြောသမျှ စကားကို ဘေးကနေ ပြုံးပြုံးနဲ့ နားထောင်ပြီး ပုလင်းတွေ ဘူးတွေ ဖောက်ပေးခဲ့တာ သူပေါ့။
(ရေပုလင်းတို့ အအေးဘူး တို့ ပြောတာ၊ ခုခွိ ခုခွိ)   :mrgreenn:
အဲဒါကြောင့်လားမသိ သူတို့ ၂ ယောက်ကို ကိုယ်က သံယောဇဉ်က ပိုတာရယ်။
အဲဒါကြောင့်လားမသိ သူတို့ ၂ ယောက်လုံးနဲ့ကျုပ် စွပ်စွဲခံရဖူးသေးးးးးး၊ အဟေးဟေးးးး
ရှင်းလိုက်ရတာ။ ဟောဟဲ။
 (သူတို့ ဘူပိတ်မှာ စိုးလို့၊ ကိုယ်က စွံပြီးသား၊ အဟွတ်!! မျက်စိပြောပါတယ်။)

😀
နောက်တာပါ ပလိတ်သတ်ကြီးးးးးးးးး

ကေဇီ ဂလိုပဲ နေတတ် ပြောတတ်လို့ ရှင်းရတာ ရိုးးးးးးဟိုးးးးးးဟိုးးးးး နေပါပြီ။  တခြားသူထိခိုက်မှာဆိုးလို့ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အတည် ဆုတောင်းပါပြီ။
ယနေ့ကျရောက်တဲ့ ———- နှစ်မြောက် မွေးနေ့မှသည် (ကွက်လပ်က ကွကိုယ်ဖြည့်ပါ မွေးနေ့ရှင်)
နှစ်ပေါင်းများစွာ ချစ်တဲ့သူ ခင်တဲ့သူ စိတ်ရင်းမှန်တဲ့ မိသားစု/အပေါင်းအသင်း/အလုပ်ရှင်/ချစ်သူ တို့နဲ့သာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနိုင်ပါစေ။
စွံပြီးသားမို့ (သူပြောတာပဲ) အဲဒီ အတွက်ကို ဆုမတောင်းတော့ ဘူးးးးး။ ဟိဟိ

ကလင်းနစ် လက်ဆောင်တွေ များနေရင် သမီးကို မျှပါ။

:mrgreen:

 

ဪ ခေါင်းစဉ်က အပြတ်ရှင်းရမဲ့ဟာက ဟိုနေ့ကကျန်တဲ့ ဒါဘယ်ဘလွတ်ကိုပြောတာ။
အဲလာ သူ့ပုလင်းးးး၊
သူ့မွေးနေ့မှာ အပြတ်ရှင်းကြကုန်။ မတော် ပုပ်ကုန်မှ ဒုက္ခ!

😀      😀

33 comments

  • ရွှေတိုက်စိုး

    October 5, 2013 at 8:57 am

    ကိုမတ် ရဲ. ၅၄ နှစ်မြောက်မွေးနေ.မှသည် နောင်နှစ်ပေါင်းတစ်ရာတိုင် ငမ်းကြောထ၊သောက်ရေးပါတာတွေ ပြောနိုင်ပါစေ…………..
    ကျုပ်ကတော့ ကျုပ်ကိုကြီးကို သောက်ရင် အမြဲသတိရတတ်လို. သောက်မတ်လို. ချစ်စနိုးနဲ.ခေါ်မယ်………ခွိ

    • amatmin

      October 5, 2013 at 2:07 pm

      ဟတ်လူ..
      ခင်ညားကျုပ်ကို ဆော်ဖို့ဆို ပေါ်ပေါ်လာတတ်တယ်..။
      ဒါနဲ့ သောက်မတ်လား..သမက်..လား ရှင်းအောင်ခေါ် နော့ ။
      😛

      အူးဆာနဲ့ ၁၅ နှစ်ပဲ ကွာပါတယ်ဆို…။
      :kwi:
      ကျေးဇူးဘာ..ဗျာ..။

      • alinsett

        October 5, 2013 at 2:44 pm

        လူပြိုကြီး ဘွ ဂ ညန်ညန် လွတ်ပါဇေဂျာ

        ဘွတူသလိုလိုမို ့ဒါပဲ ဆုတောင်းပေးတော့မယ်

        🙂

  • surmi

    October 5, 2013 at 9:05 am

    ဘယ်​နှစ်​ နှ​စ်​ မှန်​း​တော့မသိ…
    ​မွေး​နေ့မှစလို့ အသက်​ထက်​ဆုံး ​ပျော်​စရာ စိတ်​ချမ်​းသာစရာများနဲ့ ​မွေ့​လျော်​နိုင်​ပါ​စေဗျာ ….

  • တညင်သား

    October 5, 2013 at 9:08 am

    ထင်တော့ ထင်သားးးပဲ ဒီလူကြီးးး ၅၄ ၅၆ လောက်ရှိပြီလို့…..အာဟိ
    အောက်တိုဘာသားကွ…

    • amatmin

      October 5, 2013 at 2:13 pm

      အသာလုပ်ပါ အူးလေးရာ..။
      အူးလေးအော်ပြလိုက်မှ ကိုယ့်မွေးလကို စိတ်နာထှာ ရယ်..။ 😛

      အူးမျိုးသန့်က .အူးဘလက်နဲ့ မကွာဘူးဗျ..။
      အောက်တိုဘာချင်းဆုတောင်းတော့ ပိုပြည့်မယ်ထင့်..။
      ်ကျေးဇူး.။

  • Myo Thant

    October 5, 2013 at 9:41 am

    အောက်တိုဘာ ၂၁ က အောက်တိုဘာ ၅ ကို မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်

    ယနေ့မှစ၍ ကံကောင်းခြင်းများ ဝန်းရံခသူ ဖြစ်ပါစေ ၊ 🙂

  • kyeemite

    October 5, 2013 at 10:10 am

    ဪ ခေါင်းစဉ်က အပြတ်ရှင်းရမဲ့ဟာက ဟိုနေ့ကကျန်တဲ့ ဒါဘယ်ဘလွတ်ကိုပြောတာ။
    အဲလာ သူ့ပုလင်းးးး၊
    သူ့မွေးနေ့မှာ အပြတ်ရှင်းကြကုန်။ မတော် ပုပ်ကုန်မှ ဒုက္ခ!

    ဟုတ်တယ်အမတ်မင်းရေ…ဝိုင်းလိုက်ကြအုံးစို့။

    😀 😀
    အမတ်ဒိန် (ခေါ်) အမတ်မင်း၏မွေးနေ့မှသည်
    နောင်နှစ်ပေါင်း(နေချင်သလောက်ထိ)များစွာ
    အချစ်ပေါင်းများစွာနဲ့ ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းနိုင်ပါဇီဗျာ

    • amatmin

      October 5, 2013 at 2:22 pm

      ဒီညနေ ဂဇက်အရက်သမားသမဂ္ဂနေ့ လုပ်ကြတာပေါ့ နော့။
      ဒါနဲ့..အူးမိုက်ဆုတောင်းမှာအသောက်ပေါင်းများစွာ နဲ့
      ပျော်ရွှင်ပါစေ ပြောရင် ပိုပြည့်လွယ်မှာ.။
      😀

      ကျေးဇူးဒေါ်ခရစ်..။
      လက်ဖွဲ့အထုပ်ကြီးတကယ်မပေးချင်လို့
      ဂလိုမဖြစ်နိုင်တာတွေ ဆုတောင်းပေးတာ လား ငင်င်င်.
      😛

  • Crystalline

    October 5, 2013 at 10:43 am

    ဟက်ပီဘတ်ဒေးတူးယူ… ဟက်ပီဘတ်ဒေးတူးယူ
    ဟက်ပီဘတ်ဒေး လူပြိုဂျီး.. ဟက်ပီဘတ်ဒေးတူးယူ :loll:
    အချက်အပြုတ်ကျွမ်းကျင် ချောမောလှပ သိတတ်လိမ်မာ ပညာတင့်တယ် ညဏ်ရည်မြင့်ပြီး
    အပြစ်ပြောစရာမရှိတဲ့ သတို့သမီးလောင်းလေးအမြန်တွေ့ပါစေလို့ :))
    ဒီမှာလက်ဖွဲ့ထုတ်ကြီးကြီးနဲ့စောင့်နေပါတယ်လို့ :kwi:

    • ဦးကြောင်ကြီး

      October 7, 2013 at 8:10 am

      ခရစ်စတယ်လှိုင်းဘဲ ကြောင်ကြီးမှလည်း ဆုမွန်ဂေါင်း တောင်းလိုက်ပါသည်။ ခရစ်လေးနဲ့ ကြောင်ကြီး မင်ဂါပွဲမှာ အမတ်မင်း လပြိုရံ လုပ်နိုင်ဗာစေ…

  • မဟာရာဇာ အံစာတုံး

    October 5, 2013 at 11:06 am

    ကိုဂျီးမတ်က သူ မအားလို့ ကျုပ်ကို လွှတ်လိုက်ဒယ် …
    “ကွက်လပ် ဖြည့်ဖို့အတွက်” ပေါဒါ ….။
    သူဂ အိုက်နေရာမှာ ၅ဝ လို့ ဖြည့်ပေးဘာဒဲ့ …။

    အပေါ်က ၅၄ လို့ ပြောဒဲ့ ရွှေတိုက်စိုး ခေါင်းကိုလည်း
    နာနာလေး ခေါက်ခဲ့ပါတဲ့ …
    လာဂဲ့ ….. ဒေါင် …….
    :mrgreen:

    ခြစ်ကိုဂျီးမတ် … မွေးနေ့ရက်မှသည်
    နောင်လာမယ့် နှစ်များစွာဆီ
    ရာသီမရွေး ကိုယ်စိတ်နှလုံး အေးချမ်းကာ ရီဝေဝေ ဖြစ်နိုင်ဘာစေဂျာ …။

    • amatmin

      October 5, 2013 at 2:44 pm

      ဟတ်လူ..ခင်ညားနဲ့ အူးကျောက်ကိုလည်း..
      ကျေးဇူးပဲ..။
      ပျော်နေသံကြီးဒွေနဲ့ ဆုတောင်းပေးကြလို့ မနာလိုဘူးဗျာ..။

      😛

  • ဦးကျောက်ခဲ

    October 5, 2013 at 11:36 am

    ကိုရင်မတ်နဲ့ပက်သက်လို့ ပြောရရင်တော့ အမှတ်တရတွေက ကုန်နိုင်ဘွယ်…
    ရွာပြန်ရောက်တိုင်းလည်း အမြဲဆုံဖြစ်တဲ့အပြင် ခရီးတွေလည်း အတူသွားဖူး…
    ကျောက်စ်ရဲ့ ပို့စ်တွေထဲက ဇာတ်လိုက်တွေကို အပြင်မှာလည်း သူကမြင်ဖူးသေးတယ်…
    ဆိုတော့ကာ… ကျောက်စ် လူပျိုဂျီးအတွက် ဆုတောင်းပေးလိုက်မယ်…
    ” စော်ကြည် ကျန်းမာ ပျော်ရွှင် ကြီးပွါး တိုးတက် အသက်ရှည်ပါစေ…. ”
    😀

  • ခင် ခ

    October 5, 2013 at 11:43 am

    ကိုအမတ်မွေးနေ့ကိုး။
    ပျော်ရွှင်သာယာသော မွေးနေ့ဖြစ်ပြီး လိုချင်သမျှ ပြည့်ဝပါစေလို့ ဆန္ဒမွန်ဖြင့်……။

  • Foreign Resident

    October 5, 2013 at 12:14 pm

    ” ခရစ်(စ) ခေါ်သလို ခေါ်ရရင် သတို့သားးးးး လူဗြိုဂျီး တဲ့ ။ ဟိ ။
    စကားပြောရင် ကျော်ကလေ ကျော်ကလေ နဲ့ ပြောတတ်လို့ မနေခြည် ကတော့ ဦးကျော်တဲ့။
    နောက်မှ သူ့ထက် လပိုင်းငယ်မှန်းသိလို့ မောင်လေး ဦးကျော်ဆိုပဲ ။
    ဒါဇင်ပလွတ်က အိ ၂ အိ ကတော့ ( အိတုန် နဲ့ ရွှေအိ ) ကတော့ ကမတ် တဲ့။
    မွန်မွန် ကတော့ ဘိုဂေးသား တဲ့။
    မိဗုံက မူးမတ် တဲ့ အရပ်ကတို့။
    ဝါးကတော့ ဝါးကတော့ အင်းးးးးးး တစ်လ ငါးထောင် စုနေပြီပြောတာပဲ ”

    ” သူတို့ ၂ ယောက်ကို ကိုယ်က သံယောဇဉ်က ပိုတာရယ် ”

    ကြည့်စမ်း ။ ကြည့်စမ်း ။ ရွာ့ ရှားရှားပါးပါး လူဗြိုဂျီး ဆိုတော့လည်း ။
    ကို မတ် တို့ စန်းပွင့်နေလိုက်ပုံများ ။ ကလင်းနစ်ခ် ပေးတဲ့သူ နှင့် ။
    တစ်လ ငါးထောင် စုနေတဲ့သူတောင် ရှိနေပြီတဲ့ ။ အားကျထှာ ။

    အင်းလေ ။ ခေတ် ကိုက ဥသျှစ် တစ်တင်း ၊ နှမ်း တစ်တင်း ခေတ် ပေကိုး ။ ဟီ ဟိ ။

    Happy Birthday ပါ ကိုမတ် ရေ ။

  • ကထူးဆန်း

    October 5, 2013 at 12:48 pm

    ဟက်ပီးဘတ်ဒေးပါ ကိုမတ် ..

    • amatmin

      October 5, 2013 at 2:46 pm

      ကိုခ..လုံမ..အဘ နဲ့ ကထူးဆန်း တို့ကို ကျေးဇူးပါ နော့..။
      😀

  • မွေးနေ့မှာ ပိုသောက်နိုင်ပါစေ အဲ ပျော်ရွှင်ပါစေ ဘိုဂေးသားရေ။ အာဂျို့ရှိ ဖြစ်ချင်တာတွလည်း အမြန်ဆုံးဖြစ်နိုင်ပါစေ။

    ဒေးဒရဲသူ လူဇိုး မွန်မွန်

  • Mahar Myanmar

    October 5, 2013 at 1:27 pm

    မွေးနေ့ တစ်နှစ် တစ်ခါ လာ နေတာ သိ နိုင်ပေမယ့်..
    သေန့ က ဘယ်နေ့ ဆိုတာ မသိ နိုင် ပါ…
    ဒါကြောင့် အမတ်မင်း.. အရင် နေ့က ထက် ပို နီး လာ
    တာ ကြောင့် မွေးနေ့လက်ဆောင် အနေနဲ့..
    သတိ သတိ သတိ

    ခင်တဲ့
    မဟာ

  • Mahar Myanmar

    October 5, 2013 at 1:40 pm

    မွေးနေ့ တစ်နှစ် တစ်ခါ လာ နေတာ သိ နိုင်ပေမယ့်..
    သေနေ့ က ဘယ်နေ့ ဆိုတာ မသိ နိုင် ပါ…
    ဒါကြောင့် အမတ်မင်း.. အရင် နေ့က ထက် ပို နီး လာ
    တာ ကြောင့် မွေးနေ့လက်ဆောင် အနေနဲ့..
    သတိ သတိ သတိ

    ခင်တဲ့
    မဟာ

    • amatmin

      October 5, 2013 at 2:51 pm

      သတိ အတွက် ကျေးကျေး ကိုရင်မဟာ..။
      ရွာထဲက ချစ်ညီလေးတယောက်မလာဖူးဒဲ့ ..
      ဇဂါးကတော့..တနေ့သေကြရမည်.
      မသေခင်လုပ်ချင်ရာ လုပ်ကြ..
      ဆိုပဲ.. 😛

      သဂျီး..
      ဒါဇင်ပလပ်စ်သတင်းစကားအတွက် ..
      ကျေးဇူး..။
      သဂျီးဆုတောင်းပေးတာ ၂ နှစ်ရှိဘီရယ်..။
      ၃ နှစ်မကျော်စေရပါဘူး.ဗျ..။
      (ဗမာ့ ကတိအစစ် ) အာဟိ..။
      :kwi:

  • kai

    October 5, 2013 at 2:37 pm

    ကိုရင်မတ်တို့.. ဒါဇင်ပလပ်စ်ကို.. ဆက်လက်ထောက်ကူဖို့.. ဆွေးနွေးနေကြသံကြားရလေရဲ့..
    အဲဒါလည်း..မွေးနေ့လက်ဆောင်.. မင်္ဂလာတပါးမဟုတ်ပါလား.. လူကြီးမင်းများ…။

    ဆိုတော့…
    ပျိုပြိုဘဝမှ..လွတ်စေလို… :hee:

  • ဖွတ်ပြောင်

    October 5, 2013 at 2:58 pm

    လွတ်ရက်မရှိတဲ့ ထောင် မြန်မြန်ကျပါဇီ တော်

    ခင်တဲ့

    ဂီ

  • Ma Ma

    October 5, 2013 at 3:43 pm

    အပြတ်ရှင်းရမယ်ဆိုတော့ ဒီအမတ်ဘာတွေများ မဟုတ်တာလုပ်ထားပါလိမ့်လို့……… :loll:
    နောက်တာနော် 😀
    ဘဝတစ်လျှောက်လုံး အလိုရှိတိုင်း တောင်းတတိုင်း ပြည့်စုံပါစေ။ 🙂

  • koyinmaung

    October 5, 2013 at 3:52 pm

    လူပျိူ ကြီးကိုမတ်တယောက် ပျော်ရွင်ချမ်းမြေ့တဲ့မွေးနေ့ပေါင်းများစွာ
    ပိုင်ဆိုင်နိုင်ပါစေဗျာ…….

  • TNA

    October 6, 2013 at 1:26 pm

    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကမတ်ရေ။ စတွေ့ဖူးကတဲက ကေဇီးပြောသလိုပဲ အနေတည်ပြီးအေးမယ် လို့တော့ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ပေါ့လေ တကယ့်အမှန်ကတော့ တိဘူးတော့ 😀 ဘာပဲဖြစ်ဖြစ်ပါလေနော့ ချစ်သူခင်သူနဲ့ တသက်လုံးပျော်ရွှင်စွာအေးချမ်းစွာ သက်ထက်ဆုံးနေနိုင်ပါစေလို့

  • ဗုံဗုံ

    October 6, 2013 at 5:12 pm

    မူးမတ်ကြီး…..မြန်မြန်ကျွတ်ပါစေတော်….. (ကွကိုယ်ကျွတ်ချင်ရာကျွတ်) :mrgreen:
    မနေ့ကဝင်လို့မရလို့….ဒီနေ့မှဆုတောင်းပေးရတာ…ပါ… :mrgreen:

  • padonmar

    October 7, 2013 at 7:36 am

    မောင်မတ်ရေ
    နောက်ကျနေတယ်၊ခွေးလွှတ်နော်.
    အမြဲစိတ်ချမ်းသာရပါစေလို့ ဆုတောင်းပေးနေပါတယ်။

  • Wow

    October 7, 2013 at 10:46 am

    စိတ်နာဒယ်.. စိတ်နာဒယ် ဒီလူဂျီးဂို….
    ဖေ့ဘုတ်မှာ တင်ပေးထားတဲ့ မွေးနေ့လက်ဆောင် မော်ဒယ်ချောချောလေးနှစ်ယောက်နဲ့ အမြန်ရပါဇီတော်… :mrgreen:

  • black chaw

    October 7, 2013 at 11:44 am

    Happy Birthday ပါ ညီလေးရေ…။
    ဖုန်းနဲ့ ပို့ပြီး မထွက်လိုက်တဲ့ Massage ကို
    မကျေနပ်လို့ ကွန်းမန့်ပြန်ရေးလိုက်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • အရီးခင်

    October 7, 2013 at 4:03 pm

    May you be blessed with happiness, joy, peace, success and good health (and good future wife) today & always!
    A very happy belated Birthday!!!!
    🙂

  • YE YINT HLAING

    October 7, 2013 at 6:53 pm

    နောက်ကျသွားတယ် အကိုမတ်ရေ၊ ရွာထဲဝင်ဖို့ သိပ်မအားပဲဖြစ်နေလို့။ Happy Birthda။y ပါ။

Leave a Reply