Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ ကာတွန်းလေးက ဘာတွေပြောနေတာလဲ???”

Swal Taw YwetOctober 25, 20131min56813

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်လောက်က ကာတွန်းလေးတစ်ကွက်ကို ပြန်ညွှန်းချင်လို့ပါဗျာ။

ဆရာ အော်ပီကျယ် ရေးခဲ့တဲ့ တစ်ကွက်ကာတွန်းလေးပါ။ စွယ်တော်ရွက် မုံရွာ ဂျီတီအိုင် မှာ နည်းပြလုပ်နေတုံးကစာသင်ခန်းထဲ ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ပြန်ဆွဲပြပြီး ကျောင်းသားတွေနဲ့ဆွေးနွေး ခဲ့ဘူးတဲ့ ကာတွန်းလေးပါခင်ဗျ၊ အခုရွာသူားတွေနဲ့ပါ ဆွေးနွေးချင်လို့ပါနော။မှတ်မိသလောက်လေး ပြန်ဆွဲပြထားတဲ့ ကာတွန်းလေးက ဒီမှာပါ။

မှတ်မိသလောက်လေး ပြန်ဆွဲပြထားတဲ့ ကာတွန်းလေး။
မှတ်မိသလောက်လေး ပြန်ဆွဲပြထားတဲ့ ကာတွန်းလေး။

ငှက် ( ၁ ) မေး။   ။ မင်း ဟိုတလောတုံး က ရွာ ကို ပြန်သွားသေးတယ်ဆို။

ငှက် ( ၂ ) ဖြေ။   ။ အေး။

ငှက် ( ၁ ) မေး။   ။ ဘာလို့ ဒီ ပြန်လာတာတုံးကွ။

ငှက် ( ၂ ) ဖြေ။   ။ နားစရာ ဓါတ်ကြိုး မရှိလို့။

ကာတွန်းလေးက ရိုးရိုးရှင်းရှင်းလေးပါ။ ကျနော် က ကျောင်းသားတွေ ကို အဲဒီ ကာတွန်းလေးရဲ့ နောက်ကွယ်က ရည်ညွှန်းချက်( တွေ ) ကို စဉ်းစားဆွေးနွေး ဝေဘန် စေခဲ့ပါတယ်။

ကဲ။    ။ မန္တလေး ဂ ဇက် ရွာသူားတို့ ရေ။ ထင်မြင်ယူဆချက်လေးတွေ သိပါရစေနော်။

ပွင့်ပွင့်လင်းလင်းပေါ့။

( ကျနော် ပြီးခဲ့တဲ့ အပတ်ထဲတုံးက ကျနော့်ဆီရောက်လာတဲ့ လှိုင်သာယာ WYTU B.Tech ကျောင်းသားတွေနဲ့ လည်း ပြန်ဆွေးနွေးဖြစ်လိုက်လို့ပါ။ ရွာထဲမှာပါ ချ ဆွေးနွေးကြည့်တာပါခင်ဗျ။)

Comment တွေနဲ့ ထပ်ဆွေးနွေးပါဦးမယ်နော်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

13 comments

  • KZ

    October 25, 2013 at 4:55 pm

    မြို့မှာရှိတဲ့ မြို့ ဓာတ်ကြိုးကရော ငှက် နားဖို့ပဲလားးးး

    😀

  • nozomi

    October 25, 2013 at 5:12 pm

    အလွယ် တွေးရရင်တော့ -တောမှာ ဓါတ်ကြိုး ( လျှပ်စစ် ) မရှိဘူူး မီး မလာဘူး

    အဲဒီထက် ပိုတွေး ရရင်တော့ – ဘဝအတွက် ရပ်တည်စရာ လုပ်ကိုင် စားသောက်စရာ က( တောမှာ ရှားပါးလာတယ်) မြို့မှာပဲ ပေါလို့

    ဒိ ထက် ပိုတွေး ရရင်တော့ – ………………………

  • Swal Taw Ywet

    October 25, 2013 at 5:14 pm

    ဟော။။။။။။ မပြော ပြဘဲနဲ့သိနေတာကိုးးးးး
    ဆွေးနွေးပေးတာ ကျေးကျေးပါ။
    With respect,
    Swal Taw Ywet.

  • Mr. MarGa

    October 25, 2013 at 5:49 pm

    ကိုနိုဇိုမိ နောက်က လိုက်ပါကြောင်း
    အတွေးပွားစရာက နည်းနည်းကနေ များလာပါကြောင်း
    အဲ့ဒါလေးကို ပြောကြည့်တာ
    မြို့ချင်းတူတူတောင် နေရာကွာသေးတယ် ဗျ

  • TNA

    October 25, 2013 at 6:00 pm

    အခုတော့ တောတွေမှာလဲ နားစရာဓါတ်ကြိုးတွေတော့ရောက်နေပေမဲ့ လုပ်စရာလယ်တွေကတော့ အင်းးးးးးးး

  • ရွှေ ကြည်

    October 25, 2013 at 6:50 pm

    မြင်တာပြောရရင် ငှက်ဆိုတာ သစ်ပင်သစ်ကိုင်းနားတဲ့ သတ္တဝါပါ
    အဲ့ တော့ ရွာတွေမှာတောပြုန်းကုန်ပြီဆိုတာရယ်
    နောက်မြို့မှာလည်း သစ်ပင်မရှိတော့ပဲ ဓါတ်ကြိုးတွေပဲနားနေရတယ်လို့အဲ့လိုလေးတွေးမိပါတယ်
    ကျန်တာကတော့ ကိုနစိုမိ ပြောသလိုပါပဲ

  • naywoon ni

    October 25, 2013 at 8:03 pm

    ပျောတတ်တော့ဘူး အော်ဟော်ဟော် ……………. မေပျော့အပ်တော့ဘူး ဒီ တစ်ညမှာ သာလွန်းတဲ့ မောင့်

  • alinsett

    October 25, 2013 at 8:07 pm

    ကာတွန်းလေး ပြောချင်တာက..ဘာပါလ်ိမ့်….

    …………….

    နားစရာဓါတ်ကြိုး..မရှိလို ့ဆိုတော့…
    ဓါတ်ကြိုးတွေက..ဘယ်ရောက်သွားတာလဲ…
    အဲ..
    အရင်က..ရှိပြီး.အခုမှ မရှ်ိတော့တာလည်း.မဟုတ်ဘူး.။
    စကားမှာကိုက.. နားစရာ ဓါတ်ကြိုး မရှိလို ့…ဆိုတော့….

    အရင်ကရှိပြီး.အခုမှ မရှိတော့တာဆိုရင်… နားစရာဓါတ်ကြိုးတွေ မရှိတော့လို ့...လို ့ပြောမှာ..။

    ဒီတော့….
    အစကတည်းက..ဓါတ်ကြိုးမရှိတဲ ့… ရွာ…။

    ———-
    အဲဒီ ရွာကို ပြန်သွားတဲ ့…
    ငှက်ကလေး..က..နားစရာ ဓါတ်ကြိုးမရှိလို ့…ဆိုတော့…..

    သူ… ဟာ… ဓါတ်ကြိုးပေါ်မှာပဲ..နားလေ့နားထ အကျင့်ဖြစ်နေတဲ ့..ငှက်ကလေး…

    ရွာက.. သစ်ပင်တွေ ဟာ.. သူ ့အတွက်..နားစရာ….. မမည်ခဲ့…။
    သူဟာ.. ဓါတ်ကြိုးတွေပေါ်မှာ နားနေကျ…ငှက်ဖြစ်နေပြီဆိုတော့ဂါ…..

    သူနေတဲ ့ မြို့..ဟာ…
    ငှက်တစ်ကောင်အတွက်.. နားစရာ သစ်ပင်ရှားပါးနေပြီဖြစ်တဲ ့ မြို ့ပေါ့…။

    —————–

    ငှက်ကလေးတွေ နေရာကနေ…
    ြမြို ့တွေမှာ….သစ်တောပြုန်းတီးမှု / သစ်ပင်ရှားပါးမှု ဖြစ်နေတာကို
    ဆွဲထုတ်ပြလိုက်တယ်..လို ့.ထင်ပါကြောင်း…..

  • ခင် ခ

    October 26, 2013 at 9:51 am

    မြို့ကြီးပြကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များတယ် ရနိုင်တယ်ဆိုတဲ့ အတွေးနဲ့ မြို့တက်လာသော်လည်း ထင်သလောက် အလုပ်အကိုင်အခွင့်အလမ်းကမရှိတော့လည်း ရွာဘဲပြန်ကြရလေတယ်ပေါ့ဗျာ။
    နားခိုနေနိုင်ဖို့အတွက် လုံလောက်တဲ့နားခိုနိုင်မှုတော့ ရှိသင့်တယ်လေ။

  • kyeemite

    October 26, 2013 at 11:24 am

    ငှက်ကလေး ကရွာပြန်လာ
    နားစရာ သစ်တောလိုက်လို့ရှာ
    ပြုန်းပါ ပကော တို့သစ်တော
    ပေါက်ဖေါ်ကြီးတို့ ထော။
    တခြား နားစရာ ငှက်ကလေးရှာ
    မြို့လို ဓါတ်ကြိုးလည်းမရှိပါ
    ခြုံပုတ်နိမ့်နိမ့် နားပြန်က
    ဂွ စာမိမှာ ပိုကြောက်ရ
    မဖြစ်ပါဘူး သူငယ်ချင်းရာ
    စိတ်ချရမဲ ့ နေစရာ
    ရွာမှာရှာလို့ မတွေ့တော့ပါ
    သွားစရာ သေချာတွေး
    မြို့ကို ပြန်မယ်လေး။ 😀
    သက်သက် ဝင်နောက်သွားပါဂျောင်း…ကိုစွယ်တော်ရေ

  • ရွှေမိုးတိမ်

    October 26, 2013 at 12:25 pm

    တစ်မျိုးထူးပြီး တွေးရရင် ….
    တောမှာ ဓါတ်ကြိုးမရှိလဲ နဂို တောမှာပျော်တဲ့ငှက်ပဲကွယ်
    မြို့ရောက်ပြီး ဓါတ်ကြိုးပေါ်နားပြီးတဲ့အခါ တောပြန်တော့လည်း နားခိုစရာ ဓါတ်ကြိုးကိုပဲ ရှာနေမိတော့တာ။
    တောမှာ ပေါတဲ့ သစ်ပင်တွေပေါ် နားခိုဖို့ သူသတိမရတော့တာပေါ့။

    စိတ်မချိုးနဲ့နော် ။ လျှောက်တွေးကြည့်တာ :mrgreen:

  • kai

    October 26, 2013 at 3:06 pm

    ငှက်ကလူစကားပြောတယ်လား..
    ဟီး.. မတူတဲ့အတွေးတွေးပြပြီး.. နောက်တာနော…

    ဆိုတော့…
    ငှက်တွေဓါတ်ကြီုးပေါ်နားတာ.. လူတွေတော်တော်ဒုက္ခများတယ်ဗျ…
    အောက်ကလျှောက်သူတွေပေါ်ချီးပါချတတ်တယ်..။ ဓါတ်ကြိုးတွေပြတ်တတ်တယ်..။
    အဲဒါကြောင့်.. ငှက်မနားအောင်လုပ်ကြတာမှာ.. ကြိုးမှာကွင်းကလေးတွေစွပ်ထားတာတို့.. အချွန်အတက်သံဆူးကြီုးတွေ ဓါတ်ကြိုးမှာပါတ်ထားတာတို့.. လုပ်တာမြင်ဖူးကြောင်း…
    မတူတဲ့နောက်အတွေးတခု.. :mrgreen:

  • padonmar

    October 26, 2013 at 10:39 pm

    စိတ်ကြီးဝင်တဲ့ငှက်
    ဇီးသီးသည်မဗျိုင်း

Leave a Reply