ပီယဝါစာ…
ဦးကျောက်ခဲ စာမရေးတာလည်းကြာပြီဆိုတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ကလေးနဲ့ လက်ပြန်သွေးလိုက်ဦးမယ်ခင်ဗျ။ ဒီလိုပါ… ၈၈ အရေးတော်ပုံကြီးပြီးသွားတော့ မောင်ကျောက်ခဲ တက်ကြွတဲ့ကြက်ဖလုပ်လိုက်တာ ကံကောင်းလို့ အင်းစိန်တောရမှာ ဝါမဆိုရတာခင်ဗျ ။ ဒါတောင် အခုကော်ဖီဆိုင်ဖွင့်ထားတဲ့ ဘဘထောက်ချုပ်ဟောင်းကြီးရဲ့ တပည့်တွေ အတော် ထုထောင်းလွှတ်လိုက်တာတော့ ခံခဲ့ရသေးတာပေါ့။ သူ့စကားအရဆိုရင်တော့ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သားတွေပေါ့ဗျာ ။ ပြန်စဉ်းစားမိရင် အဟောင်းတွေက အသစ်ဖြစ်လို့ မစဉ်းစားချင်ပေမည့် သင်းကိုတော့ ဘယ်လိုမှ မေတ္တာလည်းထားမရ ၊ ဥဒါန်းလည်းမကြေနိုင်ပါဘူး။ အနှီ ထောက်လှမ်းရေးများနှိပ်စက်လို့ ပျက်ခဲ့ရတဲ့ဘဝတွေ မရေတွက်နိုင်သလို ၊ သန်း၆ဝသော မြန်မာပြည်သားများရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးသွားတဲ့ စာဖတ်နေတဲ့ ဘဘကြီးနဲ့အဖွဲ့ကိုလည်း အတော် မေတ္တာတုံးပါတယ်။
ထားပါတော့ဗျာ၊ အဲသည့်လို အငြိမ်မနေတတ်လေတော့ မာတာမိခင်စိတ်တွေပူပြီး မွေးသဖခင်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေကို ပို့လိုက်တယ်ခင်ဗျ။ အခုခေတ်မှာတော့ ရွာကို မော်တော်ကားနဲ့သွားလို့ရပေမည့် အဲသည့်ခေတ်က သဘောင်္တတန်၊ ပဲ့ထောင်တတန်နဲ့သွားရတဲ့ ဧရာဝတီတိုင်းထဲက ရွာသိမ်ဇနပုဒ်ကလေးကိုပါ။ ခေါင်သလားတော့မမေးနဲ့ အဲသည်တုံးက ရွာမှာထမင်းကလွဲရင် စားစရာမရှိသလို၊ ရွာသားတွေကလည်း မုန့်ပဲ သွားရေစာ စားကျင့်မရှိကြပါဘူး။ အနီးဆုံးမြို့ပေါ်ကို တိုလီမိုလီ ဈေးဝယ်ချင်လို့ တာလမ်းအတိုင်း စက်ဘီးနဲ့သွားရင်တောင် ၄၅မိနစ်လောက်နင်းရတာဆိုတော့ မှန်းသာကြည့်ကြပါတော့။ ဒါပေသည့် တောရွာတို့ထုံးစံ ဘုံဆိုင်နဲ့ ထန်းရည်တဲတော့ရှိတာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အတတ်ကောင်းတွေတတ်တဲ့ မောင်ကျောက်ခဲ အဖို့ “ဂေ့”ကနဲ လေချဉ်တက်လို့ ရသေးတာပေါ့ခင်ဗျာ။
တစ်ရွာလုံး အမျိုးတွေက လက်ညှိုးထိုးမလွဲဆိုတော့ ထမင်းစားချိန်ဆို ဟင်းကောင်းတဲ့အိမ် တက်ပြီးတွယ်လိုက်တာပဲ၊ သူတို့ကလည်း မငြူစူကြပါဘူး။ ဘယ်ငြူစူပါ့မလဲ တစ်ခါတလေမှလာတဲ့ မောင်ကျောက်၊ တစ်ရွာလုံးအတွက် မုန့်မျိုးစုံကို ပီနံအိပ် ၃လုံးနဲ့ထည့်ပြီး ဝေခြမ်းရေးလုပ်ထားတာလေ။ ဟင်းဆိုလို့ပြောရဦးမယ်၊ မြစ်ကမ်းနားဘေးကရွာဆိုတော့ ငါးပုဇွန်ပေါလှပေမည့် ဈေးလည်းမရှိ၊ အသားပေါ်တဲ့သူလည်းမရှိတော့ ဝက်သား အမဲသား အတော်ရှား၊ ဆိတ်သားကတော့ ဝေလာဝေးပါ။ တချို့များ ဆိတ်သား မစားဖူးကြပါဘူး။ အဲ… ကြက်ကတော့ အိမ်တိုင်း ဧည့်သည်စာမွေးထားကြတာလေ၊ ကြက်အော်သံ “အွတ်”ကနဲကြားရင် အဲသည့်အိမ် ဧည့်သည်ရောက်လို့ ဟင်းကောင်းချက်ပြီလို့ ယေဘူယျအားဖြင့် ယူဆလို့ရပါတယ်။ အကုသိုလ်များတယ်လို့ ဆိုချင်ဆို၊ အဲသည့် အိမ်မွေးကြက်က ချက်စားရင် အသားစားကြက်တွေလိုမဟုတ်၊ အလွန် အရသာရှိတယ်ခင်ဗျ။ အဟဲ… ကြော်ချင်ရင်တော့ ပြုတ်ပြီးကြော်မှ ဖဲ့လို့ရမှာ၊ သည်အတိုင်းတန်းကြော်လို့ကတော့ မာသလားမမေးနဲ့။
ကြက်ဋီကာ ဒီမှာရပ်လို့ မုန့်ဘက်ကိုပြန်လှည့်ရရင် မာတာမိခင် ထည့်ပေးလိုက်တဲ့ မုန့်တွေထဲမှာ ဦးဇင်းဦးမောင်ကြီးအတွက် စပါယ်ရှယ် မုန့်ပုံးတစ်ပုံးလည်းပါ ပါတယ်။ ဦးဇင်းဦးမောင်ကြီးဆိုတာ အဲသည့်ရွာမှာမွေးတဲ့ ရွာသားစစ်စစ်ပါ၊ ငယ်နာမည် မောင်မောင် မို့လို့ ဘုန်းကြီးဝတ်သွားတာတောင် ဦးဇင်းဦးမောင်ကြီးလို့ပဲ တစ်ရွာလုံးက နှုတ်ကျိုးနေလိုက်ကြတာ သူ့ရဲ့ရဟန်းဘွဲ့အမည်ကို ဘုန်းကြီးချင်းပဲ သိမယ်ထင်ပါရဲ့ဗျာ။ ဦးဇင်းဦးမောင်ကြီး နုစဉ်အချိန်တုန်းက လောကီပညာတွေကို အတော်လိုက်စားခဲ့ပြီး တိုင်းရင်းဆေးလည်း ကုပါသတဲ့။ မောင်ကျောက် ရွာကိုရောက်သွားတဲ့အချိန်မှာတော့ အဲတာတွေကိုရပ် ဝိပဿနာဘက်ကိုလိုက်ပြီး သုဿာန်မှာ ညတိုင်းတရားထိုင်ပါတယ်။ မောင်ကျောက်လည်း မာတာမိခင်ပေးလိုက်တဲ့ မုန့်ပုံးနဲ့ တခြားလှုဘွယ်တွေကို ဆက်ကပ်အပြီး “အရှင်ဘုရား…သုဿာန်မှာ ဓူတင်ဆောင်တော့ သရဲမကြောက်ဘူးလား” လို့ စပ်စုမိတော့ “အေး… သေရင် သရဲဖြစ်မှာကြောက်လို့ကွ” လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ်။
တကယ်တော့ ၁၂သားကတည်းက ကိုရင်ဝတ်၊ အသက်၂ဝမှာ ရဟန်းဘောင်ကိုတက် “ငယ်ဖြူ ရဟန်း” ဦးမောင်ကြီး၊ အသက် ၂၅နှစ်လောက်မှာတော့ လူထွက်မယ်ဆိုပြီး ဖြစ်ဖူးပါသေးတယ်။ အသားလတ်လတ်နဲ့ ဥပတိကောင်းတဲ့ ဦးဇင်းဦးမောင်ကြီး အဲသည့်အချိန်က မြင်းခြံ ကိုးဆောင်တိုက်မှာ စာဝါတက်နေရာကနေ မယ်တော်ကြီး ဒေါ်ရွှေအိ မမာမကျန်းဖြစ်လို့ ရွာကိုပြန်လာပါသတဲ့။ အဲသည့်မှာ ရွာ့ကွမ်းတောင်ကိုင် အသက် ၂ဝအရွယ် အပျိုချော အေးမြ နဲ့ တွေ့တော့တာပါပဲ။ ဒါပေမည့် အေးမြ က ရုပ်ချောသလောက် အလွန် မျက်နှာများ၊ ကြာမူပိုပါသတဲ့။ ဦးဇင်းဦးမောင်ကြီးက ရွာနဲ့ဝေးနေလို့ ရွာကအကြောင်းတွေမသိဘူးဆိုတော့ အေးမြက ဗိုင်းကောင်းကျောက်ဖိ ပုံစံနဲ့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့၊ ဘွားရွှေအိကို လူနာမေးသလိုလိုနဲ့ ဒီခေတ်စကားနဲ့ပြောရရင် ဦးဇင်းကို “စိန်အီကြာ” ထုပါတော့တယ်။ ဦးဇင်းဦးမောင်ကြီးလည်း ဘာသားနဲ့ထုထားတာမှတ်လို့ နှဲ့ပါများတော့ စိတ်ယိုင်ပြီး၊ လူထွက်မယ် ဖြစ်ပါလေရော။
ဦးဇင်းရဲ့မယ်တော်ကြီး ဘွားရွှေအိခမျာ မမာတဲ့ကြားက ချုံးပွဲချငိုပြီး၊ သူသေမှ လူထွက်ပါလို့ တားပါတော့တယ်။ အဲသည့်လို သောင်မတင်ရေမကျဖြစ်နေတုံးမှာပဲ အေးမြ ခါးလေးတုတ်လို့ ဗိုက်ကလေးလုံးတုံးတုံးဖြစ်လာပါသတဲ့။ နောက်ဆုံး အဖြေထွက်သွားတာက ဘုရားစာအကျယ်ကြီးရွတ်တဲ့ အေးမြတို့အိမ်ခေါင်းရင်းက မုဆိုးဖို ဦးသန်းမောင်ရဲ့ အချစ်မြှားစူးလို့ အဆိပ်မိပြီး ဗိုက်ထွက်သွားတာပါတဲ့ခင်ဗျာ။ ဦးဇင်းဦးမောင်ကြီးလည်း ရှက်လွန်းလို့ ကျက်သရေခန်းထဲမှာအောင်း၊ လုပ်ရက်လေချင်းလို့ သင်္ကန်းခေါင်းမီးခြုံပြီး ငိုရှာပါသတဲ့။ ဘွားရွှေအိကတော့ တရားကိုနတ်စောင့်တယ်၊ သူ့သား ဦးဇင်း လူမထွက်တော့ဘူးဆိုလို့ ထူထူထောင်ထောင်နဲ့ ပြန်ပြီး ကျန်းမာလာပါသတဲ့။ အဲသည်တည်းက ဦးဇင်းဦးမောင်ကြီးလည်း လောကီလူ့ဘောင်ကို စိတ်နာသွားလိုက်တာ ပျံတော်မူတဲ့အထိပါပဲ။
ဦးဇင်းဦးမောင်ကြီးငယ်ငယ်ကအကြောင်း မွေးသဖခင်ပြောပြတာ အတော်ရယ်စရာလည်းကောင်း၊ သံဝေဂလည်းရစရာပါ။ ဒီလိုပါ ဦးဇင်းဦးမောင်ကြီးရဲ့ မယ်တော် ဘွားရွှေအိက မြောင်းမြသူပါ၊ ဆရာဘနဲ့ အိမ်ထောင်ကျပြီး ဦးလေးဘုန်းကြီး ကျောင်းထိုင်တဲ့ ဦးကျောက်ခဲရဲ့ မွေးသဖခင်တို့ရွာမှာ လာအခြေချပါသတဲ့။ ဆရာဘက အတန်းပညာ ၆တန်းလောက်အထိသင်ဖူးပြီး၊ လယ်ထွန် ငါးဖမ်း မလုပ်တတ်လေတော့ ဒီခေတ်လိုဆိုရင် ရွာမှာ ပရိုက်ဗိတ် ကျောင်းဆရာလည်းလုပ်၊ ဆေးဆရာလည်းလုပ်တာပေါ့ခင်ဗျာ။ ကျောင်းလခက ဆန်တစ်ခွဲ (၈ပြည်) ပေးရပါသတဲ့။ ဒီလိုနဲ့ အိမ်ထောင်သက် အတော်ကြာမှ တစ်ဦးတည်းသောသားလေး “မောင်မောင်” ကို ဖွားမြင်ပါသတဲ့။ အနှီ မောင်မောင်ကလေး ငယ်စဉ်တည်းက အသားလတ်လတ်နဲ့ ရုပ်ရည်သန့်ပြီး ငိုတာ၊ ဂျီကျတာ သိပ်မရှိပါဘူးတဲ့။
နဲနဲအသက်ကြီးလို့ စကားပြောတော့လည်း မိုးမလင်းခင်တည်းက “ဖေတော့၊ မောင်တော့” အဆဲအဆိုကြမ်းတဲ့ ရွာသိမ်ဇနပုဒ်ကလေးမှာ သင်စရာမလိုပဲ ပီယဝါစာ ချစ်ခင်နှစ်လိုဖွယ် ဆိုသောစကား ကိုဆိုပါသတဲ့။ စကားပြောရင် “မောင်မောင်ကလေ…..၊ မောင်မောင်ကလေ……” နဲ့ပြောတတ်ပြီး၊ သူ့အမေကို ဆရာဘခေါ်သလို “ရွှေအိ” လို့ ခေါ်ပါသတဲ့။ လူထူပြီဆိုရင် တီတီတာတာလေးကလည်းပြော၊ ဆရာဘရွတ်သလို ဘုရားရှိခိုးလေးကလည်း ရွတ်ပြတတ်တယ်ဆိုတော့ ဦးကျောက်ရဲ့ မွေးသဖခင်တို့လို ခလေးချင်းတွေကတောင် သွားငေးရတဲ့ ရွာ့ဆည်းလဲလေးပေါ့ခင်ဗျာ။ ဒီလိုနဲ့ ကြမ္မာငင်ချင်တော့ ဂျပန်ခေတ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ လူမျိုးရေးအဓိကရုန်း ဖြစ်တော့ “မောင်မောင်” တို့ ဇာတာနိမ့်ဖို့ ဖြစ်လာပါတယ်။
အဲသည်နေ့က ဆရာဘလည်း ပုသိမ်မြို့ပေါ်ကို ခရီးထွက်သွားပါသတဲ့။ ရုတ်တရက် လူမျိုးရေးအဓိကရုန်း ထဖြစ်တော့၊ ရွာလည်း မီးတင်ရှို့ခံရသလို တစ်ရွာလုံးပြေးကြရတာပေါ့။ နောက်ကလည်း ဓားတွေ သေနတ်တွေနဲ့ အစိတ်သားတောင် ချမ်းသာမပေးဘူးဆိုတော့ နီးစပ်ရာ တောတွေထဲမှာ ပုန်းကြရပါသတဲ့။ ရွာထဲကခလေးတွေက အသက်ဘေးမို့ အကင်းပါးပြီး အသံမထွက် ငြိမ်ကုပ်နေပေမည့် မောင်မောင်ကတော့ လူထူပြီမို့ တစခန်းထပါတော့တယ်။ တဘက်ကလည်း သတ်ဖို့တောနင်းရှာနေတာမို့ အသံလုံအောင်ပုန်းနေပါတယ်ဆိုမှ “ရွှေအိ၊… မောင်မောင်ရေဆာတယ်” ဆိုပြီး တကျော်ကျော် အော်နေသတဲ့လေ…။ ဘယ်လိုပဲ ပါးစပ်ကိုပိတ်ထားပိတ်ထား လွှတ်ပေးလိုက်ရင် အော်ပြန်တာမို့ ရွာသားတွေလည်း သူတို့ သားအမိနဲ့ ဝေးရာကိုပြေး၊ သူတို့ကလည်း ကြောက်လို့ နောက်ကလိုက်ဆိုတော့ “ဂျာအေး သူ့အမေရိုက်”နေတာ ဘီအိုင်အေတပ်တွေ ရောက်လာမှ ဇာတ်သိမ်းပါသတဲ့။
နောက်ပိုင်းရွာပြန်ရောက်လို့ လူစုမိတော့၊ ပီယဝါစာ ချစ်ခင်နှစ်လိုဖွယ် ဆိုသော စကား ကိုဆိုတတ်တဲ့ မောင်မောင့်ကို “တေချင်းဆိုးလေး… သင်း တစာစာလုပ်နေတာ၊ ကံကောင်းလို့ တစ်ရွာလုံး အသတ်မခံရတယ်” ဟူသတတ်………။
87 comments
Mr. MarGa
December 6, 2013 at 2:23 pm
ဟီးးးး ဦးကျောက်
ပီယဝါစာ ဆိုပေမယ့်လဲ သူ့နေရာနဲ့သူ သုံးမှ အဆင်ပြေတာပါလားနော်..
ဒါနဲ့
ဦးကျောက် တစ်ရွာလုံးအတွက် မုန့်မျိုးစုံ သယ်လာတယ် ဆိုတာ
မာတာမိခင်ရဲ့ အစီအမံလား ဟင်…….. :mrgreenn:
ဦးကျောက်ခဲ
December 6, 2013 at 2:50 pm
စကားဆိုတာ ပြောတိုင်းလည်း မကောင်းဘူး သဂျားရဲ့…
ဦးမောင်ကြီး အဖြစ်အပျက်ကတော့ ငယ်သေးတဲ့ ခလေးပဲ…
အသက်လုပြေးနေရတာ ဘယ် နားလည်ပါ့မလဲ…
ဟုတ်ပါ့ဗျား…မုန့်တွေက မာတာမိခင်ရဲ့ အစီအမံပါ…
😀
ဗုံဗုံ
December 6, 2013 at 2:50 pm
လေးကျောက်မင်လာဆောင်ကျရင်..
တူနှစ်ဖြာ ရွှေဂဟေဆက်လို့…..ဆိုတဲ့သီချင်းဆိုနေတုန်း
ပရိတ်သတ်ကလည်း မင်လာမောင်နှံကို ငေးနေတုန်း
နာကတော့..ကျောက်ကျောက်..တမီးရေဆာဒယ်..
ကျောက်ကျောက်.တမီးရေဆာဒယ်…ဆိုပြီး ထအော်မှာ…
ဦးကျောက်ခဲ
December 6, 2013 at 2:57 pm
တိန်…အသာလုပ်ပါ မိဗုံရယ်
ရွှေပွဲလာ ပရိတ်သတ်က အထင်တော်လွဲပါ့မယ်…
အို… ညည်းကို ကြောင်မဲပျင်း ဒညင်းဝက်နဲ့ နေရာချပေးမှပဲ…
😀
sorrow weaver
December 6, 2013 at 3:18 pm
လိုက်ဖက်တဲ့ဘွ..ပျော်ချာလောကကြီးက …ကယ်ကို ကြင်နာသူလေးရှိနေမှ …ခုခွိခုခွိ…ဗုံကလေးကိုယ်စား …နောက်ခံသီချင်းဆိုပေးတီ…အဟိဟိ
ဦးကျောက်ခဲ
December 6, 2013 at 3:31 pm
ကျောက်စ် စီမံတာ သင့်လျော်တယ်မဟုတ်လား ကိုရင်ဆောရိုး
ဟီ ဟိ 😀
ဗုံဗုံ
December 6, 2013 at 3:39 pm
နီ နဲ့များ ပိုလိုက်ဖက်မလားလို့..ကရိုး
ဦးကျောက်ခဲ
December 6, 2013 at 3:46 pm
ကိုရင်ဆောရိုးက ချစ်တီးမကြီး ဖြူဖွေးချိသတဲ့…
ဦးလေးစီမံတာ လက်ခံလိုက်ပါ မိဗုံရယ်… ဟီ ဟိ
😀
alinsett
December 10, 2013 at 10:50 pm
တိန်…
ကျွန်တော်တို ့နှစ်ယောက်က…
နေနဲ ့လ…ရွှေနဲ ့ချ ပေါ့နော်….
(ကျွန်တော်က..ရွှေ )
:kwi:
TNA
December 6, 2013 at 5:08 pm
ကျောက်စ်တို့ရေးလိုက်ရင် မှတ်သားလောက်စရာချည်းပါပဲလား။ ဇာတ်ဆရာလာရင် မှတ်စရာပါတယ်။ ဇာတ်ဆရာပြန်ရင်မှတ်စရာကျန်တယ်ဆိုလား။
ဦးကျောက်ခဲ
December 6, 2013 at 5:39 pm
တကယ့် အဖြစ်အပျက်ပါ… ခင်ဗျ
ဒီပို့စ်က ခြေဆင်းလေး ပျိုးထားတာ မွသဲရဲ့…
နောက်ပိုင်းဆက်မည့် ဇာတ်လမ်းက ဇာတ်အိမ်ကြီးလို့…
😀
TNA
December 7, 2013 at 10:53 am
ရွာမပြန်ခင်အပြီးရေးနော် မင်္ဂချောင်ပီးမှဆိုရင် အတော်နဲ့တွေ့ဖို့လွယ်မည်မထင်
nozomi
December 6, 2013 at 5:19 pm
စကား မာမာ ပြောတာ ခပ်ကြမ်းကြမ်း ပြောတာမျိုး နဲ့ ကြီးပြင်းလာရတာ မဟုတ်တော့
ကိုယ့် ကို မာမာ ကြမ်းကြမ်း ပြောရင် မကြိုက်ဘူး
ကိုယ်ကလဲ မပြောမိအောင် သတိထားတယ်
တချို့ကျတော့လဲ သူ တို့ကို မာမာကြမ်းကြမ်း ပြောနေလဲ အေးဆေးပဲ
ထမင်းစား ရေသောက် ကို ဖြစ်လို့
အဲဒါကြောင့် ချိုသာသောစကား ဆိုတာ လဲ
တန်ဘိုး သိသူ မှ တန်ဘိုး ရှိမယ် လို့ ထင်တာပဲ
ဦးကျောက်ခဲ
December 6, 2013 at 5:42 pm
ဟုတ်တယ် ကိုရင်နိုရေ…
မောင်ကျောက်စ်လည်း အောက်လက်ငယ်သားကို ရိုင်းရိုင်းကားကား မပြောသလို…
ကိုယ့်ကို လာပြောရင်လည်း မကြိုက်ပါဘူး…
ဒါပေသည့် လုပ်ရတဲ့အလုပ်က မတစ်ထောင်သားတွေနဲ့မို့ မမာလို့တော့မရဘူးဗျို့…
😀
အရီးခင်
December 6, 2013 at 5:20 pm
ကကျောက် ဂျူနီရာလေး ရလာရင်ဖြင့် “ပီယဝါစာ” စေဦးမှာလား။ 😉
ဦးကျောက်ခဲ
December 6, 2013 at 5:44 pm
ဒါကတော့ အရီးရယ် လူလိမ္မာ့သားယဉ်ပါး တဲ့…
ဟီ ဟိ မေးနေစရာကို မလိုဘူး “ပီယဝါစာ” ပေါ့…
😀
Shwe Ei
December 6, 2013 at 5:28 pm
လောလောလတ်လတ် အလုပ်ခွင်မှာကြုံနေရတဲ့ ပီယဝါစာကမနိပ်ဝူး ဆရာ…
ကိုယ်ကအလုပ်ပြီးချင်လို့ တိုတိုတုတ်တုတ် ရှင်းရှင်းလင်းလင်းပြောတယ်…စကားနဲနဲနဲ့မြန်မြန်ဖြတ်နိုင်အောင်လုပ်တယ်….
အိုက်ဒီ ပီယဝါစာတွေက အစချီနိဒါန်းပျိုးတာကနေ စကားဆုံးတဲ့အထိ အတော်လေးအချိန်ပေးပြီးနားထောင်ရ ၊ မေးရ ဖြေရတာနဲ့ ခက်စ်တော့နေဘာဘီ… 😀
ဦးကျောက်ခဲ
December 6, 2013 at 5:47 pm
ဟုတ်ပါ့ ရွှေအိ (ဘွားရွှေအိ မဟုတ်) ရေ…
ကျောက်စ်လည်း ပေရှည်ရင် အလွန်မုန်းပါတယ်…
လိုရင်းတိုရှင်း နဲ့ မရိုင်းအောင်ပြောပြီး ဖြတ်တာပဲ…
အဲ.. ပေရှည်တာက အိန္ဒိယနွယ်ဖွားတွေ… ဟီ ဟိ
😀
တောတွင်းပျော်
December 6, 2013 at 6:33 pm
ဖတ်ကောင်းကောင်းနဲ ့မျှောလာခဲ ့တာ
အဆုံးသတ်က တုန် ့ကနဲ။
ဇာတ်အိမ်ကြီးကို အမြန်ဖွင် ့ပေးပါ ဆရာကျောက်။
ဦးကျောက်ခဲ
December 7, 2013 at 9:05 am
ဟုတ်ကဲ့ပါ ဆြာတောတွင်းပျော်ရေ…
ဦးဇင်းဦးမောင်ကြီးက နာဂစ်မဖြစ်ခင် ၂လလောက်အလိုမှာ ပျံတော်မူတာ…
သူပျံတော်မမူခင် တစ်ရွာလုံးက အိမ်တွေကိုပြင်ခိုင်းသလို…
ညတိုင်း ရွာပတ်ပြီး ပရိတ်ရွတ်သတဲ့…
ယုံချင်ယုံ မယုံချင်နေ… နာဂစ်မှာ အဲသည့်ရွာမှာ ဘာမှ အဖိတ်အစင်မရှိ…
😀
•*¨နန်းတော်ရာသူ •*¨
December 6, 2013 at 6:45 pm
ကျောက်စ်တို့ရွာကခေါင်တယ်ဆိုတာယုံပါတယ်။အခုခေတ်လိုအခါမျိုးတောင် ဒီနယ်ဘက်က မြို့ခေါင်းစဉ်တပ်ထားတဲ့အရပ်မှာတောင်မှ လျှပ်စစ်လိုင်းမသွယ်တန်းနိုင်တာ။
🙁
အိမ်ကမောင်လေးငယ်ငယ ်ကလည်း ကျောက်စ်ဘဘုန်းကြီးလိုပဲ မောင်ကလေ မောင်ကလေနဲ့ပြောတာ။
သူ့အကျောင်းကဆရာမတွေကိုလည်း ဆရာမ မောင်ကလေနဲ့ပြောတာ
တစ်ခါ အိမ်နားနီးချင်း သူ့အချစ်တော်အပျိုမတစ်ယောက်က ကားနဲ့တခြားမြို့ကိုခေါ်သွားတာ
ကားပေါ်မှာ အန်တီမောင်ကလေ မောင်ကလေ လုပ်နေလို့ ကားပေါ်ကခရီးသည်တွေကဝိုင်းရီတာနဲ့
သူ့ကိုခေါ်သွားတဲ့ အပျိုတောင် ရှက်လာရတယ်
(တိုက်ဆိုင်လို့ပြောဖြစ်သွားတာပါ 😀 )
ဦးကျောက်ခဲ
December 7, 2013 at 9:11 am
သာမီးသော်ရယ်… အဲသည့်အရပ်မှာ လျှပ်စစ်ဆိုတာ ဝေလာဝေးပါ…
ခေါင်တာကတော့ သာမီး အခုနေတဲ့အရပ်ထက် နဲနဲတော့သာသွားပြီ…
ကားလမ်းပေါက်ပြီမို့ ရွာမှာ စားသောက်ဆိုင်တောင် ရှိသတဲ့… ဟီ ဟိ
😀
San Hla Gyi
December 6, 2013 at 7:57 pm
ဦးကျောက်ခဲရေ
ကျနော့် အမျိုးတွေ နေတဲ့ရွာလည်း ရေလမ်းဘေးနားတင်ပဲ။ ဈေးဝယ်လို့ မရဘူး။ ဒါပေမယ့် သူတို့ သိပ်ထားတဲ့ ရေချိုငပိကတော့ လုံးဝမမေ့စရာပဲ။ သူတို့လည်း အဲဒီလိုပဲ။ ဧည့်သည်လာရင် ကြက်သတ်ပြီး ကျွေးတာ။ အဲဒါ ပြောပြရဦးမယ်။ ကျနော်ကတော့ လုံးဝကို စားလို့မရတော့ဘူး။ ဘယ်လို ဖြစ်မှန်းလည်း မသိဘူး။
အဲဒီရွာကို သွားလည်တုန်းက ကျနော်က ငယ်ငယ်လေး ရှိသေးတယ်။ ၁ဝ နှစ်လောက်ပဲ ရှိဦးမလား မသိဘူး။
အဲဒါ ကြီးတော်ဝမ်းကွဲ အိမ်က ထမင်း ခေါ်ကျွေးတယ်။ မနက်က သူတို့ အိမ်ကို သွားလည်တုန်းက ကြက်ဖကြီးတကောင် တွေ့ခဲ့တယ်။ ညနေစောင်းသွားတော့ အဲဒီ ကြက်ဖကြီး မရှိတော့ဘူး။ ဒါပေမယ့် ကြီးတော် ယောကျာင်္း ဘကြီးက ကြက်တကောင်ကို အမွေးနုတ်နေတာ တွေ့လိုက်တယ်။ သတ်တာတော့ မတွေ့လိုက်ဘူး။ ဒါပေမယ့် သတ်လိုက်ပြီပေါ့လေ။
အဲဒါ ထမင်းဝိုင်းလည်းကျရော အလိုလိုပဲ ဘယ်လိုဖြစ်မှန်းမသိ အဲဒီဟင်းကို လက်လှမ်းလိုက်တိုင်း အလိုလို တွန့်သွားတယ်။ အဲဒါနဲ့ ကျန်တဲ့ ငံပြာရည်ကြော်တို့ တို့စရာတို့ ပဲဟင်းတို့ပဲ စားနေတော့ ကြီးတော်က ဟဲ့ ဒီကောင်လေး ဘယ်လိုဖြစ်လို့ အသားဟင်း မစားတာလည်းလို့ မေးတယ်။ အဲဒါ အကြောင်းသိ အမေက အမရေ အကိုလေး ကြက်သတ်တာတွေလို့ လန့်သွားတာလို့ ရယ်ပြီး ပြောလိုက်ရတယ်။
ဦးကျောက်ခဲ
December 7, 2013 at 9:31 am
ကိုရင်စံလှကြီးရေ… မန့်ပေးတာ ကျေးဇူးခင်ဗျ…
ကျနော်ကတော့ “ကြားသား၊ မြင်သား” ဆိုပေသည့် မမြင်ရရင် တီးတာပဲ…
ကိုယ်တိုင်တော့ ခြင်နဲ့ ကြမ်းပိုး (စလုံးမှာ) ကလွဲရင် တစ်ခါမှ မသတ်ဖူးပါဘူးဗျာ…
အဟဲ… ပြောရရင် ကြက်သတ်ပြီး ချက်မကျွေးဖို့ အမျိုးတွေကိုပြောပေမည့်…
သူတို့ လက်လွန်သွားရင်… အဟောသိကံ မဖြစ်ရအောင်… ဟီး ဟီး
😀
PS: ရေးလက်စ နောက်တစ်ပို့စ်က (တကယ့် အဖြစ်အပျက်ပါ)
…….တဂျီးနဲ့ ငြင်းရဦးမယ် ထင်ပါရဲ့
San Hla Gyi
December 7, 2013 at 7:45 pm
ဦးကျောက်ခဲရေ
မြင်သား ကြားသားက ရဟန်းတော်တွေ အတွက်ပါဗျာ။ လူတွေ မပါပါဘူး။ လူတွေက စားလိုရင် မြင်သား ကြားသားလည်း ကိုယ်တိုင်ညွှန်ကြားတာ မဟုတ်ရင် စားလို့ရပါတယ်။ ဒါပေသိ ကျနော်က စားလို့ကို မရတော့တာ။ ဘယ်လို ဖြစ်မှန်းလည်း မသိဘူး။
ထော် လေး
December 7, 2013 at 12:09 am
အိုက်လိုအရေးအသားမျိုးအားကျမိဘာရဲ့ အူးကျောက်ရေ
ဒီက ရွှေအင်ဂျင်ဆရာများကတော့ -ီး ကကို ပါးစပ်ကချဘူး
အိုက်လို ပီယဝါစာ ဖြစ်တာ
ဦးကျောက်ခဲ
December 7, 2013 at 9:37 am
ကိုရင်ထော်ရဲ့… ကျောက်စ် ဖခင်လည်း စက်ခန်းက သဘောင်္သီးပါ…
ဟီဟိ… ရီးတာကတော့ မပျောက်ပျက်အောင် သတိပေးနေတာ ထင်ရဲ့…
😀
padonmar
December 7, 2013 at 12:52 am
ဦးကျောက်လက်ရာလေး မဖတ်ရတာကြာ၊
နောက်က ဇာတ်အိမ်ကြီးက မအိုမီ ရေးပေးမှာလား အိုပြီးမှ ရေးမှာလား၊ရှင်းရှင်းပြော။
ဦးကျောက်ခဲ
December 7, 2013 at 9:44 am
မအိုသေးခင် ရှေ့တပါတ်မှာ အပြီးဖတ်ရပါမယ် အန်တီဒုံ…
ရေးလက်စကို ဇာတ်အိမ်ကြီးလို့ ဖျက်လိုက် ပြန်ရေးလိုက်…
နောက်ပြီး.. ဆွေရေးမျိုးရေး တကယ်ဖြစ်ခဲ့တာမို့ ဆင်ချင်ရပါ၏…
😀
Mr. MarGa
December 8, 2013 at 8:04 pm
ဘယ်အချိန် ဖတ်ရမလဲ ဟင်
အခုကတည်းက ပြင်ထားပါသဗျ… :mrgreenn:
surmi
December 7, 2013 at 8:38 am
လောလောဆယ်ဆယ်ခြေဆင်းလေးနဲ့တင်ဆတ်တငံ့ငံ့ဖြစ်နေပြီဗျို့ ..
ဆက်ရန်လေးများ မနှေးအမြန်စောင့်နေပါ့မယ်။
အဲဒီလိုခရီးသွားပို့စ်လေးများစိတ်ဝင်စားလွန်းလို့ 🙂
ဦးကျောက်ခဲ
December 7, 2013 at 9:49 am
လာမယ် ကိုရင်ဆာ…
သိပ်ပြီးဇာတ်မရှည်အောင် ပြန်ဆွဲခြုံ့နေရတယ်…
၂ပိုင်းလည်း ခွဲ မတင်ချင်ဘူး… ဒါပေသည့် နဲနဲတော့ ရှည်မယ်…
ဟီ ဟိ အမြည်းပေး ကြော်ငြာဝင် 😀
KZ
December 7, 2013 at 9:22 am
ကျောက်(စ) ရယ်။
ပီယဝါစာဆိုလို့ ပြောရဦးမယ်။
ကျနော် ငယ်တုန်းက မျက်နှာကလည်း စူပုပ်ပုပ် အပြောကလည်း သိပ်ဆိုးတာ။
(အဲဒီခေတ်က နာမည်ကြီး ဝတ္ထုတွေကလည်း မာနကြီးသော ဇာတ်ကောင်တွေ ခေတ်စားနေချိန်ကိုးးးး)
အဲဒါ အနော့ အမေက ဘယ်လိုပြောတုန်းဆို။
သမီးရယ် တဲ့ မိန်းကလေး ဆိုတာ မုန်းသူများရင် အန်ဒရယ်တဲ့။
မျက်နှာထားတင်းတင်းထားရင် အပြောလေးလို့ ယဉ်ကျေးချိုသာပါတဲ့။
အပြော ခပ်တင်းတင်းပြောချင်ရင် မျက်နှာလေးတော့ ချိုထားပါတဲ့လေ။
ရန်သူများတာ မကောင်းပါဘူးတဲ့။
အဲလာ မွေးသမိခင်ရဲ့ စကားကို နားထောင်လိုက်တာ ခု ဆို ချစ်တူတွေ များဂျီး အားဂျီးပဲ သိလားးးး
(မှတ်ပလားးး အသလွတ် ဝင်ကြွားသွားတာ)
ဟေးဟေးဟေးးးးး
ဦးကျောက်ခဲ
December 7, 2013 at 9:57 am
ဟမ်မယေး… မယ်ဆွိ ကေဇီ ကျောက်စ်နှမ မိဇာဂျီးရယ်…
ညည်းလောက် မျက်နှာပေါ၊ အဲ…. မျက်နှာချိုတာကို ပြောရက်လေချင်း…
မိတ္တဗလ ဘယ်လိုပြောရမယ်ဆိုတာ မိဇာဂျီးတို့ ကျွမ်းကျင်ပါ့…
ဟိ ကိုယ်ချင်းကိုယ်ချင်း မြှောက်တာမို့ ဂဏန်းဟင်းလေးတော့ကျွေးနော်…
😀
kyeemite
December 7, 2013 at 9:35 am
အင်း..သူများတွေရွာပြန်တယ်ပြောမှ..ကြီးမိုက်ခမြာတော့ပြန်စရာရွာမရှိဘူးဗျာ…
တပ်တစ်နေရာကတစ်နေရာပြောင်းပြီး ကြီးလာတာဆိုတော့…
ဖတ်လို့ကောင်းပါ့ကိုကျောက်ရေ…နောက်ပိုင်းအဆက်ကိုမျှော်နေမယ်နော..
ဦးကျောက်ခဲ
December 7, 2013 at 10:04 am
စိတ်ချ ဆြာမိုက်ရေ…
နိုဝင်ဘာတုန်းက ဘာပို့စ်မှမတင်ခဲ့လို့ မအိုသေးခင် ရေးမယ်ခင်ဗျ…
ဂေါင်းထဲမှာ စီထားတဲ့စာတွေ အများကြီး ရှိသေးတယ်… ဟီ ဟိ
😀
ကထူးဆန်း
December 7, 2013 at 5:47 pm
ဒါပေါ့ ဒါပေါ့ မအိုခင် ရေးရမှာပေါ့ ..
အိုပြီးသွား တဲ့ ကာလမှာ ..
တိုတိုကျောက်ရေ .. လက်လေးမအားလို့ ..
တိုတိုကျောက်ရေ …တိုတိုကျောက် လက်ရာက ကောင်းလွန်းလို့ ဟိုဟို ဟင်းလေးချက် ချက် ..
တိုတိုကျောက်ရေ .. ဇက်ကြောတွေ တက်လိုက်တာ သိလား .. တိုတိုကျောက်က လေ……
စတဲ့စတဲ ပီယဝါစာများကြား ဗျာများဖွယ်ရာ ရှိလေတော့ …
ဦးကျောက်ခဲ
December 7, 2013 at 6:38 pm
ဂလိုပေါ့ ဆြာထူးဆန်းရယ်….
ဆြာတို့က စီနီယာတွေဆိုတော့ လက်ခံဖို့အသင့်ပါ…
နောင်များလည်း လက်ချာပို့ပါဆြာ…
စကားမစပ် ကိုထူးဆန်း ငယ်ငယ်ကပုံတွေ ရှိသဗျ…
😀
ကထူးဆန်း
December 7, 2013 at 9:22 pm
ဗုဒေါ္ဓ !!!!
alinsett
December 7, 2013 at 10:54 am
လေးကျောက်စ် ရေ
ဆက် ဖတ်ဖို ့ရယ်ဒီ
🙂
ဦးကျောက်ခဲ
December 7, 2013 at 12:24 pm
ဖတ်ဖို ့ရယ်ဒီဆိုတော့ ရေးရတော့မှာပေါ့…
ရေးမည့်သာရေးနေရတာ ရေးနေကျလို ဇာတ်မပေါ့ဘူး…
အိုကွယ် ဘာပဲဖြစ်ဖြစ် ကြောင်မဲပျင်း ဒညင်းဝက်ကို ခြစ်တူ့ဘုံ နဲ့ပဲ…
😀
sorrow weaver
December 7, 2013 at 12:35 pm
အဲ့နှစ်ယောက်က လိုက်မှန်းမသိကိုလိုက်သဗျာ…..ကျောက်စ်ရာ…အဟိဟိ….
alinsett
December 7, 2013 at 5:37 pm
ဘုံနဲ့သာ ဆိုရင်. . . . . . .
🙂
ခင် ခ
December 7, 2013 at 11:44 am
တစ်ခါက မြောက်ဒဂုံရပ်ကွက်လေးတစ်ခုက လမ်းသွယ်လေးတစ်ခုမှာပေါ့ဗျာ
ခြေထောက်တစ်ဖက်မသန်လို့ ဂျိုင်းထောက်အားကိုးနဲ့ သွားလာနေရတဲ့လူကြီးပိုင်းအရွယ် ပင်စင်စား တစ်ယောက်ရှိခဲ့တယ်။ သူနေတဲ့လမ်းထဲက ကလေးတွေကို တစ်ခါတလေ အုပ်စုလိုက်ခေါ်သွားပြီး လမ်းထိပ်က အသုတ်ဆိုင်မှာ သူပင်စင်ထုတ်တဲ့ရက်ဆို ဝယ်ကျွေးနေကြဆိုတော့ လမ်းထဲက ကလေးတွေက သူ့ကိုခင်ကြ ချစ်ကြတာပေါ့။ သူ့ကို ကလေးတွေက ဂျိုင်းထောက်နဲ့ထောက်ထောက်သွားလို့ ဘဘထောက်လှမ်းရေးကြီး လို့ခေါ်ကြတယ်လေ။
တစ်ရက်အဲဒီလမ်းထဲက အရေးအခင်းမှာ ဖမ်းခံရတဲ့လူငယ်တစ်ယောက် စစ်ကြောရေး ကနေပြန်လွတ်လာပြီး ထိုလမ်းထဲဖြတ်လျှောက်တဲ့အချိန် ကလေးတစ်သိုက်က စော့နေရင်း ခုနဂျိုင်းထောက်နဲ့ လူကြီးလာတာတွေ့လို့ ဘဘထောက်လှမ်းရေးကြီးကိုချစ်တယ် ဘဘထောက်လှမ်းရေးကြီးကိုချစ်တယ် ဆိုပြီး အော်ကြတဲ့အခါ ခုနစစ်ကြောရေးကလွတ်လာတဲ့လူငယ်က ကြံကြံဖန်ဖန်မင်းတို့မို့ ထောက်လှမ်းရေးချစ်ရတယ်ဆိုပြီး စိတ်တိုတိုနဲ့ အနီးနားကဝါးခြမ်းတုတ်ယူပြီး ကလေးတစ်သိုက်လိုက်ရိုက်တာ ကလေးတွေလည်း ဘုမသိ ဘမသိ ပြေးကြတာကို ကျုပ်ဖြင့်ကြည့်ကာ ရယ်ခဲ့ရပါသကောဗျ။
ဪ ကလေးတွေချစ်တဲ့ ဘဘထောက်လှမ်းရေးကြီးဆိုတာ ဂျိုင်းထောက်နဲ့ခြေမသန်တဲ့သူကိုပြောတာဗျ။
ကြုံလို့ပြောတယ်မှတ်ပေါ့လေ။
ဦးကျောက်ခဲ
December 7, 2013 at 12:36 pm
ဆြာခရေ… ကျောက်စ်တို့လို လူရှင် ငရဲခန်း ဖြတ်ဖူးသူအအတွက် မချိုမြိန်ဘူးခင်ဗျ…
ဒီ ငထောက်တွေ နှိပ်စက် မိုက်ရိုင်းချက်က ကမ်းကုန်တယ်ဗျာ…
နှမတွေတွေနဲ့ အမေအိုပဲရှိတာမို့ အားမတန်လို့ မာန်လျှော့ခဲ့လိုက်ရတယ်…
အခုများတော့ ငါတို့ကိုကယ်ပါ၊ အလုပ်ပေးပါဆိုတော့….
ဘယ်တောက်ခွက်ကို ဘယ်နေရာဖြတ်ရိုက်ပြီး ကူရမှာတုန်း?????
🙁
လုံမလေးမွန်မွန်
December 7, 2013 at 12:45 pm
ဟင်းး..
ပီယဝါစာ လည်း မရှိ.. အလိုက်ကန်းဆိုးလည်း မသိ… မျက်နှာရိပ်မျက်နှာကဲလည်း မကြည့်တတ်…
သာမီးသာ အဲ့ခေတ်ထဲ လူဖြစ်ရင် သေတာကြာပေါ့…
စကားအတင်းစပ်… ရွာတွေသွားလည်ရင်.. ကြက်သား၊ ဘဲသားဆီပြန်.. ငါးပိရည်၊ ငါးပိချက်၊ တို့စရာအစုံ…
အုန်းသီးအစိမ်း၊ ဓနိသီး၊ ဓနိရည်.. ရှလွတ်…
အကုန်စားကောင်းတယ်…
ဒါတောင် အလှူဆိုရင် မုန့်ဆီကြော်နဲ့ ပေါက်ပေါက်ဆုပ်က ပါသေး.. 🙂
ဦးကျောက်ခဲ
December 7, 2013 at 6:00 pm
သာမီး မွန်မွန်ရေ အဖေပြောပြဖူးတဲ့ အဲသည့်ခေတ်ပျက်ကြီးက ဆိုးလွန်းလှပါတယ်…
တဘက်နဲ့ တဘက် သတ်ကြတာ ကြောက်စရာကြီး…
ဒါပေသည့် တောချက်ဟင်းတွေကို အလွမ်းသား…
သာမီးသော်ဆီ ဧည့်သည်သွားလုပ်မှပဲ… ဟီ ဟိ
😀
Ma Ma
December 7, 2013 at 5:57 pm
တောရွာတွေရဲ့ဓလေ့ကို ရေးသွားလိုက်တာ ငယ်ငယ်တုန်း သွားတဲ့တာတွေကိုတောင် သတိရလာပြီ။
ကျောက်စ်ပြောသလိုပဲ ဧည့်သည်လာပြီဆို အဲ့အိမ်က ကြက်တွေ ဂဏာမငြိမ်တော့ဘူး။ အဲ – စားကောင်းတာလည်း အမှန်ပဲ။ 😀
ဦးကျောက်ခဲ
December 7, 2013 at 6:18 pm
အဟီး အမှန်ပဲ အန်တီမာမား…
ဒါပေသည့် လတ်ဆတ်လို့လားမသိ အလွန်အရသာ ရှိပါ၏…
ကျောက်စ်တို့က ဧရာတိုင်းက အောက်သားမို့… ဟီ ဟိ
😀
kai
December 8, 2013 at 5:17 am
လူသားဘဝဖြစ်တည်မှုအတွက်… ရှင်သန်မှုအတွက်လိုအပ်တဲ့ အဟာရဖြစ်ဖွယ်အစားအစာတွေကို… လတ်လတ်ဆတ်ဆတ်စားတာ.. အကောင်းဆုံးပါ..။
မစားနိုင်သူတွေဟာ.. ပြိဿာဘဝဝင်စားကြတာဖြစ်ပါကြောင်းရယ်…
ပြောရရင်.. ယူအက်စ်ဆို..တနိုင်ငံလုံးလိုလို.. လတ်ဆတ်အသားမစားရတဲ့.. ပြိဿာဘဝဖြစ်တာပေါ့…။
ဒါပေမယ့်..လူသားရဲ့စွမ်းအားတန်ခိုးတွေအသုံးချပြီး.. အအေးခံ..အသားခဲလို့.. (တတ်နိုင်သမျှ) အကောင်းဆုံးဖြစ်အောင်လုပ်ယူကြတယ်…။
ပြိဿာဘဝက..လွတ်ထွက်အောင်ပေါ့…။
အယူမှားသူတွေသာ.. ကျန်ခဲ့တော့ကြောင်း… ရယ်လို့…။
(အဲဒါကြောင့်…အယူမှားရင်.. သံသရာမှောက်တယ်ပြောကြတာ) :kwi:
စကားအတင်းစပ်…
ဂျပန်ခေတ်က လူမျိုးရေးအဓိကရုန်းဆိုတာ.. ကရင်-မြန်မာဖြစ်တာလား…
ဦးကျောက်ခဲ
December 8, 2013 at 5:58 am
ဟုတ်ပါတယ် သဂျီး…
ဧရာဝတီတိုင်းမှာ ဟိုဘက်ရွာ သည်ဘက်ရွာ ရွာချင်းကပ်နေတာမို့…
ဗိုလ်ကျော်ဇောရဲ့ စာအုပ်မှာလည်း ပါတယ်ခင်ဗျ…
တကယ်တော့ တိုင်းရင်းသားချင်း အလွန် ရုပ်ဆိုး အကျည်းတန်ပါတယ်…
🙁
kai
December 8, 2013 at 6:57 am
တမြေထဲနေသူ…တရေထဲသောက်သူတွေအပေါ်… အင်အားကြီးသူကလုပ်ထားတာတွေ.. တော်တော်များတယ်..
ကျေးဇူးတော်နေ့လုပ်ပြီး.. တောင်းပန်ကျေအေးဓလေ့/အထိမ်းအမှတ်နေ့.. တနှစ်မှာတရက်သတ်မှတ်လုပ်သင့်တယ်..။
အနည်းဆုံးတော့.. အစိုးရရုံးပိတ်ရက်တရက်ရပြီး… ကျေးဇူးတော်နေ့မှာ.. တာကီ(ကြက်ဆင်)အစား.. ရောင်းမကောင်းတဲ့အသား/ငါး.. စားတဲ့ဓလေ့လေးပါအမြစ်ချလိုက်ရင်.. စီးပွားရေးလည်းကောင်း..ငွေတွေလည်းလည်ပါတ်..လူတွေလည်းပျော်..
မကောင်းလား…။
“ကျေးဇူးတော်တင်..တောင်းပန်/ကျေအေးလိုသူတိုင်း..ပင်လယ်ငါးစားကြသည်…”
ဦးကျောက်ခဲ
December 8, 2013 at 7:22 am
အင်း… သဂျီးကလည်း ဆော်မယ်ဆိုတာချည်း…
မှန်ရာဆိုရရင် ဧရာတိုင်းမှာ တိုင်းရင်းသားက အများဆုံးပါ…
အတိတ်ကိုပြန်ပြောရရင် တကယ်ဖြစ်ခဲ့တာတော့ ဗမာတွေ အများဆုံး ကြွပါတယ်…
ဘီအိုင်အေက အလိုတော်ရိတွေကို ဆော်ရင်းကနေ….
တော်ဘီ ဆက်ပြောရင် သဂျီးအကွက်ဝင်မယ်…
😀
ဦးကြောင်ကြီး
December 9, 2013 at 8:31 am
သဂျီး ခီမြှား ကြက်ဘဝရောက်မှ အိမ်လာလည်မည်။ လူကြက်ဖြစ်ရင် အကြွေးနဲ့ အားပေးမည်။ ကျေနပ်လား..
Foreign Resident
December 8, 2013 at 6:27 am
နောက်ဆုံး ဗမာ BIA တပ်ခွဲ / တပ်ရင်း နှင့် ကရင်ရွာတွေ ကို ၊
အရပ်သားပါမကျန် အပြတ်သွားရှင်းပစ်လိုက်တယ်လေ ။
ဗိုလ်ကျော်ဇော ကတော့ နေမကောင်းဘူး ဆိုလား ။
ဂျပန် ဗိုလ် အမိန့် နှင့် လုပ်တယ် လို့တော့ လွှဲချခဲ့ကြတာဘဲ ။
ကရင်တွေဘက်က ပြောတဲ့ စကားလည်း ကြားချင်သေးတယ် ။
ဦးကျောက်ခဲ
December 8, 2013 at 6:44 am
အဘဖောရေ…
ပြီးခဲ့တာတွေကို ပြန် မတူးချင်ပါဘူး…
ဗိုလ်ကျော်ဇောလည်း ဝန်ခံထားတာပဲ…
အဖေပြောပြဖူးတာတော့ အတော်ခါးတယ်…
စောစံဘိုးသင်နဲ့ ဗိုလ်ချုပ် တွေ့ကြတော့…
ကျောက်စ်ပါပါ နွားကျောင်းသား၊ တဲဘေးမှာရှိသတဲ့…
🙂
ဦးကြောင်ကြီး
December 9, 2013 at 8:38 am
အိုက်တုံးက အဖြစ်အပျက် ဗိုလ်ချုပ်ကျော်ဇော စာထဲ ဖတ်ဖူးတာ ဘီအိုင်အေတပ်ရဲ့ဆရာ ဂျပန်စစ်ဗိုလ်တယောက်ကို ကရင်ပျောက်ကျားတွေက အပြတ်ရှင်းလိုက်သတဲ့။ အသေးစိတ်တော့ မေ့သွားပြီ၊ နားလည်သလောက်က အဲလိုမလုပ်လောက်ဖူးလို့ ဘီအိုင်အေတပ်က တွက်ထားတာ သွားလုပ်လိုက်တော့ နဂိုအခံကလည်း အင်္ဂလိပ်လိုလားသူရယ်လို့ ကရင်တွေကို မြင်ထားတော့ (ဟုတ်လည်းဟုတ်လောက်တယ်၊ ဒီခေတ်လိုဖြစ်မှာပေါ့ဗျာ.. ဒီမိုသမားတွေ ယူအက်စ်ပြေးကပ်ရသလိုပေါ့၊ သူတို့လည်း ဗမာထက် ပိုအားကြီးရာ အင်္ဂလိပ် ကပ်ထားမှာပေါ့) ပြန်လက်စားချေရင်းနဲ့ လူမျိုးရေး ပဋိပက္ခ ရောက်သွားတာ။ စစ်ကာလဆိုတော့ နှစ်ဖက်လူထု စိတ်ကြမ်းလူကြမ်း ဖြစ်ကုန်တယ် ထင်ပ။
ခြစ်စံပယ်လှိုင်းလေးဆို ခုထိ မကျေဖူးဗျ ။ အနော်က သူ့ကို မိတ်လိုက်ပျစေ ပေါတော့ ဟဲ့ငကြောင် နင်လိုဗီမာလူသတ်ကောင်က ငါလို ကော်သူးလေ ဒီကေဘီအေ သဗုံမကို အားမနာ လျှာမကျိုး ပြောစရာလားတဲ့..။ ဗျိုးသဂျီး အဲဒါကြတော့ လူမျိုးရေးခွဲခြားတာ ဟုတ်ဖူးလားဗျ။ ရှင်းပေးနိုင်ရင်ရှင်း.. မရှင်းနိုင်ရင် သာမီးဒေါ်ဂလေး အစားပေးဗျာ။
Foreign Resident
December 9, 2013 at 4:07 pm
ဦးကျောက်ခဲ says:
” အဘဖောရေ… ပြီးခဲ့တာတွေကို ပြန် မတူးချင်ပါဘူး… ”
ဦးကျောက် ရဲ့ ။
ကျနော် ကဘဲ အမှန်တရားကို အရမ်းချစ်နေလို့ ထင်တယ် ။
အမှန် ကို အမှန် အတိုင်းဘဲ ပြောတာ ပိုကောင်းတယ် ထင်သဗျ ။
ဖုံးထားလဲ တစ်ဘက်က မသိတာမှ မဟုတ်တာဗျာ ။
မှားခဲ့တာတွေ ကတော့ နှစ်ဖက်စလုံး ရှိနိုင်တာပေါ့ဗျာ ။
ပိုပြီး မှားခဲ့တဲ့ဘက်က တောင်းပန်လိုက်ပေါ့ဗျာ ။
ဒီတော့မှသာ ၊ ရေရှည် တည်တံ့တဲ့ ၊ အစစ် အမှန် ၊
စည်းလုံး ညီညွတ်ရေးကို ရတော့မပေါ့ ။
ဦးကျောက်ခဲ
December 9, 2013 at 4:28 pm
အဘရယ် ပြန်တူးလည်း အကျိုးမရှိ…
နာစရာတွေပဲ ၂ဘက်လုံးမှာ ဖြစ်မှာမို့…
ဥပေခါ ပြုသင့်တာပြုရမှာပဲလေ…
ကြော်ငြာဝင်ရရင် နောက်တင်မည့်ပို့စ်…
အဲတာနဲ့ ဆက်စပ်နေတာမို့လို့ပါ…
🙂
San Hla Gyi
December 8, 2013 at 7:59 pm
ရွာသူရွာသားတို့ရေ
ဒီပို့စ်လေးကို ရောက်တုန်းရောက်ခိုက် ဗဟုသုတ ဖြစ်ဖွယ်ရာလေး ကြည့်သွားရအောင်။ ခင်ဗျားတို့ သဂျီးခိုင်ရဲ့ နောက်ထပ် မလိုတမျိုး လိုတမျိုး စိတ်ဓတ်လေးကို ကြည့်သွားကြပါ။ သူက ဒီလို ပြောပါတယ် “လူသားဘဝ ဖြစ်တည်မှုအတွက် ရှင်သန်မှုအတွက် လိုအပ်တဲ့ အာဟာရဖြစ်ဖွယ် အစားအစာတွေကို လတ်လတ်ဆတ်ဆတ် စားတာ အကောင်းဆုံးပါ။ “မစားနိုင်သူတွေဟာ ပြိသာဘဝ ဝင်စားကြတာ ဖြစ်ကြောင်းပါရယ်” တဲ့။
သူက မိုးပြားဆရာတော် ကိုအောက်အော့ဖ်ရဲ့ ပို့စ်မှာ ဒီလို ပြောပါတယ်။ “ယုံကြည်ချက်ချင်း မတူသူတွေကို ထောင်ချ အပြစ်ပေးခဲ့တယ်။ ဘာသာရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူကို လွှတ်ပေးဖို့ မပြောနဲ့ “အဃာတ တပုံတပင်နဲ့ အကုသိုလ်စိတ် ထပ်ပွားနေကြသူများကို ဒီမိုကရေစီသာမဟုတ် ဗုဒ္ဓတရား ဗုဒ္ဓသာသနာနဲ့ တန်ပါ့မလားလို့” သံသယစိတ် အပြည့်နဲ့ပါ။” ဆိုလိုတာက မိုးပြားဂိုဏ်းဆရာ ဦးဉာဏကို ယုံကြည်ချက်ချင်း မတူတာနဲ့ အဃာတ တပုံတပင်နဲ့ အကုသိုလ်စိတ် ထပ်ပွားနေတာ မကောင်းဘူးလို့ သူဆိုလိုတာပါ။ အဲဒီ မူရင်းကွန်မန့်ကို အကုန် ရိုက်မပေးနိုင်တော့ပါဘူး။ ဖတ်ချင်ရင် myanmargazette.net/184972 မှာဖတ်ရှုနိုင်ပါတယ်။ နောက်ပြီး ပို့စ်တိုင်းလိုလိုမှာလည်း မိမိနဲ့ ယုံကြည်ချက် မတူတာနဲ့ ရန်သူလို သဘောမထားဖို့ ငြိမ်းချမ်းစွာ အတူနေထိုင်ဖို့ အပုပ်မချဖို့ အဃာတမထားဖို့လည်း သူ့ခမျာ ခဏ ခဏ ပြောပါတယ်။
ဟော အခုကျတော့ အသားမစားသူတွေကို သူ ပြောတာက ပြိဿာဘဝ ဝင်စားကြတာ ဖြစ်ကြောင်းပါရယ်တဲ့။ ပြောတဲ့ ကွန်မန့်ကိုပဲ ကြည့်ပါ။ သူစားသလို မစားတာနဲ့ ငါနဲ့ မတူ ငါ့ရန်သူ ဆိုပြီး တိုက်ခိုက်လိုက်တာပါ။အသားမစားတဲ့ လူတွေကို သူ့မှာ “အဃာတ တပုံတပင်နဲ့ အကုသိုလ်ပွားနေတာ” ဖြစ်ပါတယ်။ အသားမစားသူဟာ သူ့ဘာသာသူ ဘာသာရေး ယုံကြည်ချက်ကြောင့်ပဲ မစား မစား ဝိနည်းက မြင်သား ကြားသား မစားရဘူးလို့ ပြောလို့ပဲ မစားတာပဲ ဖြစ်ဖြစ် သူနဲ့ မတည့်လို့ မစားတာပဲ ဖြစ်ဖြစ် မစားရဲလို့ မစားတာပဲ ဖြစ်ဖြစ် ကိုယ့်ကို ဘာမှ ထိခိုက်တာ မဟုတ်လို့ အနေသာကြီးပါ။ ဟော သူက တိုက်ခိုက်ချင်တဲ့ အခါကျတော့ သူ့ကို ဘာမှ ထိခိုက်တာ မဟုတ်လည်း အသားလွတ် လိုက်တိုက်ခိုက်ပါတယ်။ သူ့နဲ့ သူ့ဂိုဏ်းကို ဝေဖန်ရင်တော့ ယုံကြည်ချက် မတူတာနဲ့ အဃာတ တပုံတပင်နဲ့ အကုသိုလ်စိတ်ပွားတာ မကောင်းဘူးလို့ အမြဲတမ်း ပြောပါတယ်။
အဲဒါသာ ရှုပါတော့ ရွာသူရွာသားတို့။
kai
December 9, 2013 at 5:34 am
ရှေ့ဘဝနောက်ဘဝအယူကိုမယူသူရဲ့.. ပြိဿာဘဝဆိုတဲ့စာ/စကားအဓိပ္ပါယ်ကို.. ကိုရင်နားလည်နိုင်မယ်မထင်ဘူး..
သာဓု…။
ဦးကြောင်ကြီး
December 9, 2013 at 8:42 am
သဂျီးမာမွတ်ခိုမ်က ပြိတ္တာဟုတ်ဝူး ဘီလူး ဘီလူး.. အောကား အကြည့်များလို့ အရှင်လတ်လတ် ဘီလူးစိတ်ပေါက်သွားတာ…။ ဒီမယ် သဂျီးဇုတ်.. အယူမှားရင် သံပုရာ မှောက်တာ ပိုအဓိပါယ်ရှိတယ်.. ဘာမှလည်း မသိဗူး.. ပြောလိုက်ရင် မိုးပေါ်၊ လူက လည်ပင်း မြေကြီးနစ်နေပြီ။
ဦးကြောင်ကြီး
December 9, 2013 at 9:34 am
သဂျီးဇုတ် မာမွတ်ခိုမ်… ဂလိုဂျေးဆို သမဒဂျီး အိုဘားမားက ပြိတ္တာလို့ စွပ်စွဲတာလား..။ ခီမြား မကျေနပ်ရင် အာဖဂန်နစ္စတန်ပြန်.. အဲလိုတော့ အသရေ မဖျက်ကောင်းဘူး။ သားရေပေါ်အိပ် သားရေနားစား မာမွတ်ခိုမ် ခြေကားယား လက်ကားယား…
အမေရိကန် တခွင် ကျေးဇူးတော်နေ့ ဆင်နွှဲ
အမေရိကန်ပြည်ထောင်စုမှာ မနေ့က ကြာသပတေးနေ့ဟာ နှစ်စဉ် ဆင်နွှဲကြတဲ့ Thanksgiving ကျေးဇူးတော်နေ့ဖြစ်သလို၊ အမေရိကန် မိသားစုဝင်တွေ အတူတူ စားကြသောက်ကြ၊ အထူးလျှော့ဈေးနဲ့ ဈေးဝယ်ထွက်တာတွေကို လုပ်လေ့ရှိကြပါတယ်။ ကျေးဇူးတော်ကို ချီးမွမ်းတဲ့ အားလပ်ရက်ဖြစ်လို့၊ ဒီလိုနေ့မှာ မိသားစုတွေ ဆုံစည်းကြပြီး ကြက်ဆင်သားနဲ့ တခြား ရိုးရာ စားသောက်ဖွယ်ရာအစုံကို အတူတကွ စားသောက်ကြတာပါ။
ဒီနေ့မှာ ဘာသာရေး ဝတ်ပြုဆုတောင်းမှုတွေကိုလည်း အမေရိကန်နိုင်ငံအဝှမ်း စုဝေး ပြုလုပ်ကြသလို၊ အမေရိကန် ဘောလုံးပြိုင်ပွဲတွေ ကြည့်တာ၊ ဒါမှမဟုတ် အစားအသောက် စုဆောင်းလှူဒါန်းတဲ့ နေရာတွေမှာ ကူညီပါဝင်ကြတာနဲ့ တခြား စေတနာ့ဝန်ထမ်း အလုပ်တွေ လုပ်တတ်ကြပါတယ်။
နယူးယောက်မြို့မှာတော့ အဝတ်အထည်နဲ့ ကုန်ပစ္စည်းမျိုးစုံ အရောင်းကုမ္ပဏီကြီး Macy ရဲ့ ကျေးဇူးတော်နေ့ အလှပြ ချီတက်လမ်းလျှောက်မှုအတွင်း Snoopy ခွေးရုပ်ကြီးနဲ့ တခြား နံမည်ကျော် ကာတွန်းရုပ်ပုံ မိုးပျံပူဖောင်းကြီးတွေ မိုးယံထက် ပျံဝဲနေတာကို ဒီလိုနေ့မှာ လှလှပပ တွေ့နိုင်ပါတယ်။
ရာသီဥတု အေးပြီး လေပြင်းတွေ တိုက်တတ်လို့ ဒီ မိုးပျံ ပူဖောင်းကြီးတွေ ပေါက်ပြီး မြေပေါ်ကျတဲ့အခါ အန္တရာယ်ဖြစ်နိုင်တဲ့အရေး မစိုးရိမ်ရအောင် ရဲတွေက ကြာသပတေးနေ့ မနက်ပိုင်းကတည်းက ရှင်းလင်းမှုတွေ လုပ်ထားပေးပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်မှာတော့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက အမေရိကန်စစ်တပ်တွင်း တာဝန်ထမ်း ဆောင်နေကြတဲ့ အမျိုးသား အမျိုးသမီး အားလုံးကို ဒီနေ့မှာ ကျေးဇူးစကား ဆိုခဲ့ပါတယ်။
ကျေးဇူးတော်နေ့မတိုင်ခင် တရက်အလိုကတော့ သမ္မတအိုဘားမားနဲ့ မိသားစုဟာ သူတို့နှစ်စဉ် ဆောင်ရွက်နေကျ ဆင်းရဲသား မိသားစုတွေအတွက် အစားအသောက် ဖြန့်ဝေပေးတဲ့ နေရာတွေမှာ စေတနာ့ဝန်ထမ်း ကူညီပေးတာတွေ လုပ်ခဲ့ကြသလို၊ အမေရိကန် သမ္မတတွေ နှစ်စဉ် ရိုးရာမပျက် လုပ်လာခဲ့တဲ့အတိုင်း ကြက်ဆင်ကြီး နှစ်ကောင်ကိုလည်း ဘေးမဲ့ပေးခဲ့ပါသေးတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
ဦးကျောက်ခဲ
December 9, 2013 at 8:40 am
ဟီ ဟိ သဂျီးနဲ့ ကိုရင်စံလှကြီး…
ဘယ်ဘဝက ချစ်ရန်ကြွေးလည်းမသိ…
ဒါပေသည့် အဲဂလိုငြိကြရင် ကျောက်စ်တော့ အလွန်ပျော်…
စာကောင်းတွေဖတ်ရတယ်…
၂ဘက် အခြေအတင် အမြင်လေးတွေသိရတယ်…
ဆက်ဆွဲကြဗျို့… ဟီဟိ ဆေးထိုးပေးတာ
😀
San Hla Gyi
December 9, 2013 at 8:38 pm
မဟုတ်ပါဘူး ဦးကျောက်ခဲရေ
အမှန်တော့ ကျနော် သူ့ကို မပြောချင်ပါဘူး။ ဒါပေမယ့် သူက မပြောပဲ နေလို့ မရတော့အောင် ရှေ့တမျိုး နောက်တမျိုး ပြောတာ လုပ်တာတွေ ခဏ ခဏ တွေ့နေလို့ပါ။
ကိုကြောင်ကြီး ပြောသလို ခြေကားယား လက်ကားယား ဆိုတာလည်း မလွန်ဘူးပဲ။
ဟော အခုပဲ ကြည့်လေ။ သူ့ကိုယ်သူ ရှေ့ဘဝ နောက်ဘဝ မယူသူဆိုပြီး လုပ်လိုက်ပြန်ပြီ။ အဲဒါ သူ မာလုကျပုတ္တသုတ်ထဲက ကျက်ထားတာ။ ရွာသူ ရွာသားတွေကိုလည်း ကာလာမသုတ် ခဏ ခဏ ရေးပြတာ။ မသိရင် သူ့လောက် ဂေါတမမြတ်စွာဘုရား စကား နားထောင်တဲ့လူပဲ မရှိတော့ သလိုလို။ သူ တယောက်တည်းပဲ ကြည်ညိုတတ်သလိုလိုနဲ့။ သူပဲ ဘုရားစကားကို တသွေမတိမ်း လိုက်နာမယ့် ပုံစံမျိုး။
ဟော သူမကြိုက်တာတွေ့ရင် ဘာပြောသလည်း ဆိုတော့ အင်း ဂေါတမဗုဒ္ဓလက်ထက်က ငါးပါးသီလက ဒီနေ့ခေတ်နဲ့ အံမဝင်တော့ဘူးလို့ ထင်မိတယ်။ ခေတ်နဲ့ ညီအောင် ပြုပြင်ဖို့ သင့်ကြောင်းပါရယ်တွေ ဘာတွေ ဖြစ်သွားပြန်ရော။ အဲဒီကျရင်တော့ သူ့မှာ ဂေါတမဗုဒ္ဓစကားလည်း ပြင်သင့်တယ် ဖြစ်သွားပြန်ရော။
အဲဒီလို အဲဒီလို အဲဒါကလည်း ခဏ ခဏပဲ။
lele kyi
December 8, 2013 at 6:42 am
၈၈ အရေးအခင်းတုန်းက အစ်မဝမ်းကွဲတွေလည်း ဦးကျောက်စ်တို့လိုပဲ ရွာကို လာခဲ့ဘူးတယ်။ ရွာဓလေ့ အသားစားချင်ရင် ကိုယ်တိုင်သတ်ရတာမို့ ငါးပုစွန်ကိုပဲစားဖြစ်တာများတယ်။ သူတို့က မအော်ဘူး မငိုဘူး။ ဧည့်သည်လာမှ အသားဟင်းစားရတာ။ တောကကျမတို့အိမ်က မောင်နှမဝမ်းကွဲတွေအတွက် နွေရာသီအပန်းဖြေစခန်းပဲ။ တစ်ခါတော့ ဝမ်းကွဲတစ်ယေက်ကပြန်ခါနီးပြောသွားတယ်။ နောက်နှစ်မလာတော့ဘူးတဲ့။ပဲနဲ့ ဗူးသီး ပဲနေ့တိုင်းနီးပါးစားရလို့တဲ့။ ကရင်-မြန်မာ အရေးအခင်းကို မသိလိုက်ဘူး။ ကျမတို့ရွာပတ်လည်ကလည်းကရင်ရွာတွေပဲ။ ကရင်နှစ်သစ်ကူးကပျော်ဖို့ကောင်းတယ်။ ကောက်ညှင်းထုတ် ကြိုးပြတ် ကို နှမ်းဖြူးပြီး ထညက်ရေဆမ်းထားတာကောင်းမှကောင်း။ မြို့ပေါ်ကနေပြန်ရင် လမ်းကသူတို့ရွာမှာတထောက်နား။စားသောက်ပြီးမှအိမ်ပြန်တာ။:)
အလွမ်းတွေအတိုးချပြီး ဒီနှစ်အိမ်ပြန်ရင် အတိတ်ခြေရာပြန်ကောက်မို့လို့။
ဦးကျောက်ခဲ
December 8, 2013 at 7:06 am
ဟီဟိ… ဒေသစွဲရှိတယ်လို့ ဆိုချင်ဆို
ဂျူရောင်းလမိုက် လာလာဂျီးကိုလည်းခင်ပါ၏…။
ကျောက်စ်ကတော့ အဲသည့်ရွာကလေး လွမ်းသလားမမေးနဲ့…
ဖြစ်နိုင်ရင် (ဒီလစာရနေရင်) ပြန်နေချင်သဗျ…
အဲ… လူမျိုးရေး အဓိကရုန်းကတော့ ပြန်မပြောချင်ဘူး…
(ဦး) စောစံဘိုးသင် က အိမ်နီးချင်း ဖြစ်ခဲ့ဖူးတယ်
“ငါ ဘာလို့ လူမျိုးရေးကို ရည်ရွယ်မိလဲ” လို့..
ရေရွတ်တာ ဘုရားကျောင်းမှာ ကြားဖူးတယ်….
နားနဲ့ဆတ်ဆတ်ပါ…. အာမင်.
🙁
lele kyi
December 8, 2013 at 11:20 am
ဟွန့်-ဘယ့်နှယ့်ကြောင့် မီး က ဂျူးယောင်း လူမိုက်ဖြစ်သွားရတာတုန်း။ ကိုရီးယားမင်းသမီးနာမယ်လားလို့။လူပေါင်းမှားတာနေမယ်။ ဧရာဝတီဆိုတဲ့ နာမည်ကိုလည်းချစ်တာ။ သူ့ရဲ့လက်တွေနဲ့လွှမ်းခြုံထားတဲ့ဒေသ။ မိကျောင်းမင်းတော့အရမ်းကြောက်။ 🙁
ဦးကျောက်ခဲ
December 8, 2013 at 11:40 am
ဟီဟိ ဂျူရောင်းလမိုက် မဖြစ်ချင်ရင်…
တွာ့စ်လမိုက် ဖြစ်ချင်နေတာလား???
ဒါမှမဟုတ် အေးရာအေးကြောင်း…
တရုတ်ပန်းခြံထဲက အတွဲတွေကို ငမ်းပါလေ…
😀
lele kyi
December 8, 2013 at 6:10 pm
ဦးကျောက်စ် ကအဲ့လောက် မိုက်စေချင်မှတော့ မိုက်ပလိုက်တော့မယ်။”တွာ့စ်လမိုက်”တော့လုပ်ဖူး။ ဘနိုင်းလမိုက်ရှင့်။တရုတ်ပန်းခြံ ထဲလည်းမရောက်တာကြာပေါ့ ။ ဒ့ါပုံသွားရိုက်တာ ဘကုန်း တစ်ယောက်နဲ ့စကားများပြီးထဲက။အမှန်တော့စကားနည်းရန်စဲမသိချင်ယောင်ဆောင်ပြန်လာမို ့လို ့ ဒါပေမဲ့ နည်းနည်းလွန်လာတယ်ထင်လို ့ရဲကိုဖုန်းဆက်မယ်လို ့ လုပ်တော့မှ ကိုယ်တော်က တောင်းပန်ပြီးပြန်လစ်သွားလို ့။ လမိုက်လည်းဟန်ဆောင်ပြီးတော့ဖြဲခြောက်နေတာ တော်တော်လေးစိတ်ကုန်နေပြီ။ သူများမောနင်းလှလှလေးကိုလာဖျက်စီးတဲ့ အလိုက်ကမ်းဆိုးမသိတဲ့ အကုသိုလ်။
padonmar
December 8, 2013 at 10:46 am
ကျမတို့မြို့က မြစ်ဝကျွန်းပေါ် ကရင်တွေကတော့ လူမျိုးရေး မုန်းတီးမှု မရှိသလောက်ပဲ၊
လီလီရေးတဲ့ ကောက်ညှင်းကြိုးပြတ်ကိုလွမ်းသွားပါတယ်။ကျမတို့ကတော့ ငှက်ပျော+ပဲ ကောက်ညှင်းထုပ်ကို ကြိုးဖြတ်ပြီး နှမ်းထောင်း၊သကြားနဲ့အုန်းသီးခြစ်ဖြူးစားကြတာ။
ဦးကျောက်ခဲ
December 8, 2013 at 11:14 am
ဟုတ်ပါတယ် အန်တီဒုံ…
အခု ကျောချင်းကပ် ရင်ချင်းအပ် နေကြပေမည့်…
တချိန်တုန်းက အဖျက်အမှောင့်မှာ နစ်မြောကြဖူးပါတယ်…
သင်ခန်းစာယူနိုင်အောင်ပဲ ရည်ရွယ်ပါတယ် ခင်ဗျာ…
🙂
lele kyi
December 8, 2013 at 11:34 am
ဟုတ်တယ် တီဒုံ။ နှစ်သစ်ကူးမှာစားရတဲ့ကောက်ညှင်းကြိုးပြတ်က ဒီအတိုင်းပဲ။ အထဲမှာဘာမှမထည့်ထားဘူး။ အပ်ခြည်ကြိုးနဲ့ အကွင်းလေးတွေဖြစ်အောင် ညီညီညာညာဖြတ်ပြီး ထညက်ရေဆမ်း။နှမ်းစေ့လေးတွေဖြူး။ အုန်းသီးခြစ်လေးတွေထည့်။ သကြားနဲ့လဲလုပ်စားကြတယ်။ ကဇန်းရွက်လို့ခေါ်တဲ့ ဆူးတွေနဲ့အရွက် က ဆူးတွေကိုဒါးနဲ့ခြစ်နှစ်ခြမ်းခွဲပြီးကောက်ညှင်းထုတ်ထုတ်ကြတာ။ အရှည် တစ်တောင်လောက်ရှိမယ်။ဆောင်းမနက်ခင်းတွေမှာ နှင်းစက်တွေနဲ့ ရွှဲစိုနေတဲ့ ရိုးပြတ်တောတွေ ကိုဖြတ်ပြီးတော့ကို နှစ်သစ်ကူးပွဲကိုသွားတာ။ အဲ့လို အစားအသောက်ဆို ရွာကျော်ပြီးတောင် လိုက်တီးခဲ့တာ။
မဟာရာဇာ အံစာတုံး
December 9, 2013 at 9:49 am
၈၈ အရေးအခင်းတုန်းကပေါ့ဗျာ ..
အင်းပေါ့ဗျာ …
ကျော် ခလေးလေး ချိဒေးဒါ ပေါ့ဗျာ ..
အာ့ဂျောင့် .. ဘာဘာ ဘာမှ တိဘူးပေါ့ဗျာ …
ဒါပေသိ ..
ဥငေး စာထဲမှာ ..
တာလမ်း တို့၊ ဦးဇင်းလူနာမည် တို့ .. ဆိုတဲ့
ရွာအသုံးအနှုန်းလေးတွေ မြင်လိုက်ရဒေါ့
ရွာကိုတောင် လွမ်းသွားသဗျာ ….
ဦးကျောက်ခဲ
December 9, 2013 at 10:17 am
အရေးတော်ပုံဖြစ်တော့ လူဖြစ်နေပြီမို့ တတပ်တအားပေါ့ဗျာ…
ဘိုခင်ညွန့်တို့ ရုပ်မာချက်ကတော့ ကမ်းကုန်တယ်…
နို့နံ့မစင်တဲ့ ခလေးတောင် ချမ်းသာမပေးဘူး…
ရွာအကြောင်းပြောရရင် ကျောက်စ်လည်း လွမ်းနေတာ…
😀
Wow
December 9, 2013 at 10:08 am
အူးဇင်းမောင်ရဲ့ ပီယဝါစာက မိဘပြည်သူညားခင်ညာ.. ဒီခေတ်မှာဆို ဒလိုအော်မယ်ထင်ဒယ်နော်…
ဦးကျောက်ခဲ
December 9, 2013 at 10:19 am
ဟီဟိ သူ့ခေတ်သူ့အခါက သူလည်း ရွာမှာ စတားပဲ…
ဒီဘက်ခေတ်လိုဆို ဒို့တာဝန်အရေး ၃ပါးတောင် ရွတ်မလားမသိ…
ဟီးဟီး… 😀
Nyo Win
December 9, 2013 at 1:07 pm
ဒီရက်ပိုင်းစိတ်ညစ်စရာတွေပဲကြုံနေရတာ….ဦးကျောက်ပိုစ့်ဖတ်လိုက်ရတာနဲ ့နည်းနည်း
ပြေသွားတယ်….များများပြေအောင်မြန်မြန်ဆက်ပါ…ဆကျောက်စ်…
ဦးကျောက်ခဲ
December 9, 2013 at 1:17 pm
ကိုရင်ညိုရေ ဒီလိုပါပဲဗျာ…
ပြီးခဲ့တဲ့ နိုဝင်ဘာက ကျောက်စ်လည်း အတော်စိတ်ညစ်စရာကြုံရတယ်…
ပြီးတော့လည်းပြီးသွားတာပဲ…
စာဖတ်ပြီး စိတ်ပြေတယ်ဆိုလို့ ဝမ်းသာရပါ၏…
😀
Crystalline
December 9, 2013 at 3:33 pm
ဦးကျောက်စ ပို့စ်တွေ့နေတာကြာပြီး ဖတ်ကိုမရလို့ မဖတ်ရတာ.. ပို့စ်လေးဖတ်ပြီး ဦးလေးတစ်ယောက်ရဲ့ငယ်ဘဝအကြောင်းပြောပြတာသတိယတယ်.. အခုတော့ဦးလေးက အငြိမ်းတောင်စားနေပါပြီး.. သူငယ်ငယ်ကပွေလွန်း ဂျီးကျလွန်းလို့ သူတို့သားအမိကို ဘယ်ဗုံးကျင်းကမှလက်မခံဘူးတဲ့.. :))
အသားငါးကိုတော့ လတ်မှစားတယ်.. အရှင်လည်းစားတယ်.. ဂဏန်း၊ ငါးဝယ်ရင်အရှင်မှဝယ်တယ်.. ဈေးသည်ကိုသတ်ခိုင်းတယ်.. လတ်လတ်ဆတ်ဆတ်စားရဖို့ အခွင့်အရေးရှိတဲ့နေရာမှာ လတ်လတ်ဆတ်ဆတ်ပဲစားခြင်တယ်.. :kwi:
ဦးကျောက်စပို့စ်မို့ တဆက်တည်းပြောလိုက်အုန်းမယ်.. လူမျိုး၊ ဘာသာကို လုံးချတတ်တဲ့အစားထဲ မပါဘူး.. အသိမိတ်ဆွေ.. မိသားစုထဲဝင်လာတဲ့အထဲမှာလည်း လူမျိုးကွဲ၊ ဘာသာကွဲတွေရှိတယ်.. လူတစ်ဦးချင်းရဲ့ လုပ်ရပ်အပေါ်ပဲ ဆုံးဖြတ်တယ်.. အပေါ်က အရိုင်းအစိုင်း သူတပါးကို ပစ်စလက်ခတ် ပြောတတ်တဲ့ အပြောအဆိုစည်းမစောင့်တတ်တဲ့ အကျင့်တန်တဲ့ ငကြောင်ကြီးကိုတော့ သေလောက်အောင်ရွံတယ်.. :
ဦးကျောက်ခဲ
December 9, 2013 at 4:36 pm
တူမ Crystalline ရေ…
စိတ်ဓာတ်နဲ့ ခံယူချက်အတွက် ဂုဏ်ယူပါတယ်…
လတ်လတ်ဆတ်ဆတ်ဆိုလို့ ဒီမှာလည်း အရှင်ပဲရောင်းတာ…
အဲသည်တော့ ဂဏန်းအကောင်ကြီးရင် အိုးပေါ် ၂ခါလျှောက်…
ဟီ ဟိ ကျောက်စ်တူမက ကကြောင်ဂျီးကို အတော် မေတ္တာထားသကိုး…
😀
kai
December 9, 2013 at 5:50 pm
ကြောင်ဆိုတာမျိုးက.. ခေါင်းကနေကိုင်ပြီး…နှာနုကနေ..အုပ်နံရံကို ခပ်ကြမ်းကြမ်းပွတ်ဆွဲပလိုက်…
သေရော…
အမျှ..အမျှ…
ဦးကျောက်ခဲ
December 9, 2013 at 5:55 pm
ဟီဟိ မေတ္တာထားတယ်လာ့ သဂျီး…
ဘယ်ထဲက အတေလုပ်ကြံချင်တယ်မသိ…
😀
sorrow weaver
December 10, 2013 at 12:29 pm
တဂျီးအလကားပြောနေတာ ..မသေဘူး..သူပြောတာအဟုတ်မှတ်လို့ ..လုပ်ကြည့်ပြီးပြီ….လေယဉ်မယ်လေးရဲ့ကြောင်ဖြူကြီးကို သာသာလေးပွတ်ဆွဲကြည့်ပါတယ်…မသာလေးနှယ့် အသကုန်အော်ကွဲတာဗျာ.. ..ကံကောင်းလို့ ….အလံလုပွဲထိုးရတော့မလို့ …..
ဦးကြောင်ကြီး
December 10, 2013 at 9:20 am
ဂွီစ်.. ဦးကျောက်စ်ပေါဒေါ့ မင်းကို ခရစ်လေး ကြွေနေပီ.. ဆက်လုပ် ဆက်တွန်းဆိုလို့ ပေါမိဒါဗာ ခြစ်လေးရယ်။ ဒီကေဘီအေ သဗုံကလည်းရွံ ကေအန်ယူ သဗုံကလည်းရွံ.. ေဩာ် ငါ့ဘွ အခုမှ မြန်တျန့်စစ်သားဘွ ဒဂယ်ရောက်နေပါဂလား၊ တပ်မဒေါ်ဂျီးကို ဆဲဆိုရှုံ့ချမိတာ ချက်ခြင်းဝဋ်လည်ပီ။
လူဂျီးဒွေ မှားခဲ့ဒဲ့အမှား ဒို့လူငယ်တွေ လက်ခြင်းယှက် ရင်ခြင်းအပ် နှုတ်ခမ်းခြင်း ဂဟေဆက် အသဲခြင်းထပ် ကပ်လို့ရတာ အကုန်ကပ်ပြီး ပြန်ဆပ်ရအောင်နော်..။ ခြစ်စံပယ်လေး ခွင့်လွှတ်တယ်ဆို ဦးကြောင်လိမ်ပါ့မယ်..
ဦးကြောင်ကြီး
December 10, 2013 at 9:29 am
ရွံရင် တွန်သကွာ.. အောက်အီးအီးအွတ်.. ငါဟဲ့ ကြက်ဖ…။
ခြစ်လေးအတွက် စာပျံထားတာ အောက်မှ သီးခြားဖြစ်သွားလို့ ပြီးဒေါ့ ဦးကျောက်စ် မောင်ရင့်စာ သူမမြင်ဘဲ နေလိမ့်မယ်.. ထပ်ရေးလို့ အကြံပေးလို့ ကိုယ်ယောင်လာပြတာပါကွယ်။
ရွံ့ခြင်းကို ခြစ်ခြင်းသို့ ပြောင်းလဲစေမည့် ခရစ်လေးရဲ့ ကိုကိုကြောင်ကြီး
ဦးကျောက်ခဲ
December 10, 2013 at 9:31 am
ကိုရင်ကြောင်…
ကျောက်စ်ကိုပါ အမှုတွဲထဲ ဆွဲထည့်ပြန်ပြီ…
ဟီ ဟိ မြို့မေတ္တာ ခံယူတဲ့ ကြောင်…
😀