Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆီးဂိမ်းအပေါ် ကိုယ်ပိုင်သဘောထား

ပုံမှန်အားဖြင့်တော့ အင်တာနက်တစ်ခွင်မှာ ရေပန်းအစားဆုံး အကြောင်းအရာတွေနဲ့ ပတ်သက်ရင် ပို့စ်မတင်ဖြစ်ပါဘူး။ သူများတင်တာကိုပဲ စောင့်ဖတ်ဖြစ်တယ်။ ကိုယ့်အမြင်ကို ပြောချင်ရင်လည်း သူများပို့စ်ထဲမှာ ကွန်မန့်ဝင်ပေးတယ်။ ဒါပေမယ့် အခုတော့ ရုံးမှာ ဖဆပလ သုံးခြမ်းကွဲတာကို အကြောင်းပြုပြီးတော့ ဘောလုံးကွင်းနဲ့ ပတ်သက်တာကို ပို့စ်တင်ဖြစ်သွားပါတယ်။

အခုလတ်တလော ကိစ္စနဲ့ ပတ်သက်ပြီး (၇) ယောက်ရှိတဲ့ရုံးမှာ သုံးဖွဲ့ကွဲနေပါတယ်။ အမြင်မတူတဲ့ နှစ်ဖွဲ့ရယ်၊ သူတို့ကြားက ကြားနေမဟုတ်ဘဲ ပြောသမျှအမှန်ထင်ပြီး အကုန်ခေါင်းညိမ့်၊ like & share လုပ်တဲ့ ပုတ်သင်ညိုအဖွဲ့ရယ်။ ဆိုတော့ ဘာမဟုတ်တဲ့ကိစ္စကို professional ဆိုတဲ့အလုပ်ထဲ ဆွဲထည့်ပြီး မျက်မောင်းကျိုးနေတဲ့သူတွေကို ဘာမှထပ်မပြောချင်တော့တာနဲ့ပဲ ဒီမှာပဲ ရေးလိုက်ပါတယ်။ ကျွန်မရဲ့ တစ်ဦးတည်းကိုယ်ပိုင်အမြင်ပါ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။

(၁) ဘောလုံးပွဲရှုံးပြီး အုပ်စုထဲက ထွက်ပေးရတဲ့ကိစ္စ
ဝမ်းနည်းပါတယ်။ နိုင်နိုင်ရှုံးရှုံး အားပေးမယ်လို့ စိတ်တင်းထားပေမယ့်လည်း အခုလို လုံးဝထွက်သွားပေးရတဲ့အခြေအနေကို တကယ်တမ်းရင်ဆိုင်ရတဲ့အချိန်မှာ လှိုက်လှိုက်လှဲလှဲကို ဝမ်းနည်းမိပါတယ်။ ဒါပေမယ့်လည်း အရှုံးကို လက်ခံပါတယ်။ ကစားသမားကြောင့်ပဲပြောပြော၊ နည်းပြကြောင့်ပဲပြောပြော ကွင်းထဲက ကိုယ့်အသင်းရဲ့ အခြေအနေကို အကုန်သိကြမှာပါ။ ပြန်ပြင်လို့မရတော့တဲ့ အခြေအနေကို နားလည်ပါတယ်။ ဒါပေမယ့် (ဘောလုံးခရေဇီမဟုတ်တာလည်း ဖြစ်နိုင်ပေမယ့်) SEAgames ဆိုတာ ဘောလုံးတစ်ခုတည်း ကစားတာမှ မဟုတ်တာ။ ကစားနည်းပေါင်း (၁၀၀) ကျော်ကို ဆက်အားပေးခွင့် ရှိပါသေးတယ်။ ဘယ်ကစားနည်းက ဘာဆုပဲရရ လှိုက်လှိုက်လှဲလှဲဝမ်းသာခွင့် ရှိပါသေးတယ်။ ကျန်တဲ့အားကစားသမားတွေလည်း ဘောလုံးသမားတွေထက် မလျော့သောစိတ်ဓာတ်တွေနဲ့ ယှဉ်ပြိုင်နေကြတာပါ။ အခုက ဘောလုံးကိုပဲ SEAgames ထင်နေလို့ မဖြစ်ပါဘူး။ အခုရင်ဆိုင်ရတဲ့ အရှုံးကို ရွှေယူပေးနေတဲ့ တစ်ခြားအားကစားသမားတွေအတွက် အားပေးမှုအဖြစ် ပြောင်းပေးလို့ကော မရဘူးလား။ ကျွန်မကတော့ အခုချိန်မှာ Medal Tally ကိုပဲ ကြည့်နေပြီး ဆုရလာတဲ့ အားကစားသမားတွေအတွက် ဝမ်းသာပေးနေပါတယ်။

(၂) ပြိုင်ပွဲ
ပြိုင်ပွဲဆိုတာ အနိုင်ရှိသလို အရှုံးလည်း ရှိပါတယ်။ ဗိုလ်ချုပ်ပြောဖူးတယ်။ အကောင်းဆုံးကိုမျှော်လင့်ပြီးလုပ်၊ အဆိုးဆုံးကိုလည်း ရင်ဆိုင်ဖို့ပြင်ထားတဲ့။ ပြိုင်ပွဲမှာ ရှုံးတာဆန်းသလား။ အရှုံးကို ပြုံးပြုံးနဲ့ လက်မခံဘဲ ရှုံးမဲ မဲတာကမှ ထပ်ရှုံးတာ။ ကျွန်မကတော့ ရှုံးပြီဆိုရင် အတတ်နိုင်ဆုံး ပြုံးပါတယ်။ ကိုယ့်ပြိုင်ဘက်က ကိုယ့်ကိုကြည့်ပြီး ပိုဝမ်းသာနေမှာကို မလိုလားလို့ပါ။

(၃) ဒိုင်ညစ်လို့ ရှုံးသွားတာတဲ့
ကျွန်မပဲ ပိန်းတာလားတော့ မသိဘူး။ ကျွန်မ မြင်ဖူးသမျှတွေမှာတော့ ဒိုင်တွေက ဘက်လိုက်ရင် အိမ်ရှင်အသင်းဘက်ပဲ ဘက်လိုက်ပေးကြပါတယ်။ အခုက ဒိုင်ကို ဘက်လိုက်တယ်လို့ စွပ်စွဲမယ်ဆိုရင် အဲဒီဒိုင်က အိမ်ရှင်ကို ကျော်ပြီး တစ်ခြားအသင်းကို ဘက်လိုက်သွားတဲ့ကိစ္စ။ ကျွန်မကတော့ နိုင်ငံကိုယ်စား ခံပြင်းမိတယ်။ အိမ်ရှင်ဖြစ်လျက်နဲ့ ကိုယ့်ကို ဂရုမစိုက်ဘဲ ေကျောသွားခံရတာလေ။ သူတို့စိတ်ထဲမှာ အိမ်ရှင်ကို ဘယ်လိုသဘောထားလဲဆိုတာ တစ်ချက်လောက် တွေးကြည့်ကြပါ။ ဘက်လိုက်ခြင်း၊ မလိုက်ခြင်း အပေါ်မှာတော့ ကျွန်မကိုယ်တိုင် အဲဒီပွဲကို မကြည့်ခဲ့တဲ့အတွက်၊ ဘောလုံးစည်းမျဉ်းတွေကိုလည်း သေချာနားမလည်တဲ့အတွက် ဘာမှမပြောလိုပါဘူး။ သူငယ်ချင်းတစ်ယောက်ကတော့ ပြောပါတယ်။ ဒိုင်က အိမ်ရှင်ကို ဘက်မလိုက်ကြောင်း ပြချင်တဲ့အတွက် ဒီလိုဖြစ်သွားရတာတဲ့။ ဒီအတွက်လည်း ဘာမှတ်ချက်မှ မပေးလိုပါဘူး။

(၄) ဆူပူသောင်းကျန်းတဲ့ကိစ္စ
မဖြစ်သင့်ပါဘူး။ အိမ်ရှင်နိုင်ငံအနေနဲ့၊ Clean, Green & Friendship ဆိုတဲ့ ဆောင်ပုဒ်ကြီးနဲ့ ကျင်းပနေတဲ့ အိမ်ရှင်နိုင်ငံအနေနဲ့ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမယ့် သူတို့ဖြစ်ကြတာကိုလည်း နားလည်ပါတယ်။ ကျွန်မတို့နိုင်ငံက လူတွေအနေနဲ့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်းနည်းတဲ့အခြေအနေကို ရောက်နေတုန်းပါပဲ။ ဒီစိတ်ဓာတ်တွေကို ပြောင်းလဲဖို့ အချိန်တစ်ခုယူရဦးမှာပါ။ စစ်မှန်တဲ့စနစ်တစ်ခုအောက်ကနေ စိတ်ဓာတ်တွေပြောင်းလာအောင် လုပ်ယူရဦးမှာပါ။ ဒါကြောင့် တစ်ယောက်ကစလုပ်ရင် အကုန်လိုက်လုပ်ကြတဲ့ ဟုန်းခနဲတောက် စိတ်ဓာတ်ရှိတဲ့ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် ဒီဖြစ်ရပ်ကို မဖြစ်သင့်ဘူးဆိုတာကလွဲလို့ သူတို့တွေကိုလည်း အပြစ်မတင်ရက်ပါဘူး။

ဒါပေမယ့် ဒီဖြစ်ရပ်ကို ထောက်ခံအားပေးပြီး ဖြစ်သင့်ပါတယ်လို့ ပြောနေကြတဲ့ အင်တာနက်ပေါ်က ဘွဲ့ရပညာတတ်ဆိုတဲ့ လူတွေကိုတော့ အပြင်းအထန် ရှုတ်ချပါတယ်။

(၅) နိုင်ငံတော်အလံ
နိုင်ငံတော်အလံဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အထွတ်အမြတ်ပါ။ နိုင်ငံတကာမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုဖို့က အဝတ်အစားလည်း မဟုတ်သလို၊ သီချင်းတွေ အမှတ်တံဆိပ်တွေလည်း မဟုတ်ပါဘူး။ အလံပါ။ နိုင်ငံတော်ရဲ့ အလံပါ။ နိုင်ငံတော်အလံ ဘယ်လောက်အရေးကြီးသလဲဆိုတာ အလံတိုင်ကို ကိုင်ဖူးတဲ့သူတိုင်း သိမှာပါ။ အောက်မစိုက်အောင်၊ အနေအထားမှန်အောင် သတိနဲ့ထိန်းကိုင်ရတာပါ။ ဒီအလံကို မီးရှို့တယ်ဆိုတာ ကိုယ့်နိုင်ငံကို မီးပြန်ရှို့သလိုပါပဲ။ ဟုတ်ပါတယ်။ မသိလို့ရှို့မိတယ်။ ပေါက်ကွဲလို့ ရှို့မိတယ်။ ထားပါ။ အကြောင်းမဟုတ်ပါဘူး။ အကြောင်းက အဲဒီလို မြန်မာနိုင်ငံသားက မြန်မာနိုင်ငံတော်အလံကို မီးရှို့တဲ့ဖြစ်ရပ်ဟာ နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံကလူတွေဟာ နိုင်ငံတော်အလံကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့၊ နိုင်ငံတော်အလံကိုတောင် မီးရှို့ရဲကြတဲ့ ဦးနှောက်မရှိတဲ့လူတွေကို အသိအမှတ်ပြုသွားကြမှာပါ။ ဒါကို ပေါက်ကွဲလို့ လုပ်တာ ဘာဖြစ်လဲဆိုတဲ့သူတွေကိုတော့ အံ့ဩမိပါရဲ့။

(၆) ကွင်းထဲဆင်းပြီး ပေါက်ကွဲကြခြင်း
ပြောကြပါတယ်။ အပြင်ကကြည့်ပြီး ပြောမနေကြနဲ့၊ ကိုယ်တိုင်ကွင်းထဲလာကြည့်၊ အဲဒီလိုလုပ်မိမှာပဲ တဲ့။ ဒါဆို လူ (၃၀၀၀၀) လာကြည့်တဲ့ပွဲမှာ (၃၀၀၀၀) လုံးပဲ အဲဒီလိုလုပ်ကြသလား။ ဒီလောက်ဒေါသထွက်တာ ပေါက်ကွဲမှာပေါ့တဲ့။ အဲဒီလိုပြောတဲ့သူတွေကို တကယ်လုပ်ခဲ့တဲ့သူတွေထက် ပိုအံ့ဩမိတယ်။ အဲဒီလိုလုပ်တာ ဘာအကျိုးရှိသလဲ။ တိုင်းပြည်ပစ္စည်း ပျက်စီးတယ်။ စည်းကမ်းမရှိတဲ့သူတွေအဖြစ် အသိအမှတ်ပြုခံရတယ်။ ဒီထက်ဆိုးတာက ထစ်ခနဲရှိ သွေးဆူပြီး မီးရှို့တာ မြန်မာတွေပဲလို့ အားလုံးသတ်မှတ်သွားနိုင်တာပါပဲ။ နောက်ဆက်တွဲ သတ်မှတ်ချက်တွေ၊ စွပ်စွဲမှုတွေတောင် ထပ်ထွက်လာနိုင်ပါတယ်။

(၇) သူများနိုင်ငံတွေမှာလဲ ဒီလိုပဲတဲ့
နိုင်ငံကြီးသားဆိုတဲ့စကားကို မပြောနဲ့၊ နိုင်ငံကြီးတွေမှာတောင် ဒီလိုဖြစ်ရပ်မျိုးတွေ ရှိတာပဲ တဲ့။ ပုံတွေနဲ့တောင် ယှဉ်ပြလိုက်သေး။ တကယ်ပါ။ မဟုတ်တဲ့နေရာမှာ သူများကို လိုက်တုတတ်တာ မြန်မာတွေက ရှေ့ဆုံးက ထင်ပါရဲ့။ ထားပါတော့၊ ဘရာဇီးနိုင်ငံတဲ့။ ပုံတွေနဲ့ တက်လာတယ်။ သေနတ်နဲ့ပစ်တာတောင် ပါလိုက်သေး။ ဘရာဇီးဆိုတာ ကမ္ဘာမှာ ဘယ်အဆင့်ရှိလဲ။ ထပ်ပြောနေကြတဲ့ အီတလီ၊ အင်္ဂလန်ဆိုတာကရော ကမ္ဘာမှာ နံပါတ်ဘယ်လောက်လဲ။ မတူပါဘူး။ မြန်မာနိုင်ငံဆိုတာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Developing Countries) တွေထဲက နိုင်ငံပါ။ ပဋိပက္ခတွေဖြစ်နေဆဲနိုင်ငံ၊ ပြည်တွင်းစစ်မငြိမ်းချမ်းသေးတဲ့နိုင်ငံ၊ ကမ္ဘာ့အလယ်ကို တိုးထွက်ကာစနိုင်ငံ၊ အားလုံးက စောင့်ကြည့်နေတဲ့နိုင်ငံ၊ (၄၄) နှစ်ကြာမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့နိုင်ငံ။ မျက်လုံးပေါင်းများစွာရဲ့အောက်မှာ ကြိုးတန်းပေါ်လမ်းလျှောက်နေရဆဲ နိုင်ငံပါ။ ဒါကို ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ မဟုတ်တာကို လိုက်မတုပါနဲ့။ တုချင်ရင် သူတို့နိုင်ငံရဲ့ တိုးတက်မှုကို လိုက်တုပါ။ ဘာနဲ့တူသလဲဆိုရင် သူဌေးသား ရန်ဖြစ်တာက ခဏနဲ့ ပြီးသွားမှာ။ ဆင်းရဲသားရန်ဖြစ်ရင် ဖြစ်မှာပေါ့..အဆင့်မှမရှိတာ…စိတ်ဓာတ်ကိုက အောက်တန်းကျတယ် လို့ အပြောခံမှာပါ။

လုပ်တဲ့လူက သွေးဆူလို့ လုပ်ပြီးသွားပြီ။ ဒါကို အပြစ်တင်နေလို့လည်း အပိုပါပဲ။ နောက်တစ်ခါ ဒါမျိုးတွေမဖြစ်အောင် ဘာတွေဆက်လုပ်ရမလဲ၊ စိတ်ဓာတ်တွေကို ဘယ်လိုပြုပြင်ပေးရမလဲဆိုတာကို စဉ်းစားရမှာပါ။ သူများကို လိုက်တုချင်ရင်လည်း ကောင်းတဲ့နေရာကိုပဲ အတုယူစေချင်ပါတယ်။

ထပ်ပြောပါသေးတယ်။ အဖမ်းခံရမယ်မှန်း သိသိကြီးနဲ့ ကွင်းထဲထိတောင် ပြေးဆင်းသွားတာ တော်တော်လေး ခံစာရလွန်းလို့ပါ တဲ့။ ဟုတ်ကဲ့။ အပြင်မှာတွေ့ရင် ချစ်လွန်းသူကြီး ဆု ကို ပေးပြီး ထိုင်ရှိခိုးကြပါ။

ဒါတွေဟာ ကျွန်မရဲ့ တစ်ဦးတည်း ကိုယ်ပိုင်အမြင် ဖြစ်ပါတယ်။
လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ကျွန်မ မသိသေးတဲ့ အချက်တွေအပေါ်မှာ ထပ်ပြောလာကြမှာတွေကိုလည်း စောင့်ဖတ်နေပါတယ်။

ခင်တဲ့
လုံမလေး

53 comments

  • ဦးကြောင်ကြီး

    December 18, 2013 at 10:23 am

    သောင်းကျန်းသူတွေ ပုံမှန်ဆိတ် လွန်ကဲပီး ဖြစ်ကုန်သလား၊ မူးယစ်ရမ်းကားလို့ ဖြစ်တာလား.. ဆေးစစ်ကြည့်လို့ရတဲ့ ရလဒ်အပေါ် မူတည်ပီး ကိုင်တွယ်သင့်တယ်။ ရှုံးတာတခုထဲ အကြောင်းပြချက်ကတော့ ဘယ်ဖက်ကကြည့်ကြည့် မခိုင်လုံဘူး။ ရဲအကိုင်အတွယ်ကြမ်းလို့ ပွဲအစီအမံ ညံ့ဖျင်းလို့ဆိုရင် လျော့လျော့ပေါ့ပေါ့ စဉ်းစားပေးလို့ရတယ်။ ဒိုင်ညစ်မညစ် ဗျူ ဟာမှား မမှားဆိုတာကလည်း နဂိုရှိမှာနဂိုင်းထွက်မို့ ကိုယ်ညံ့ကိုယ်ခံပါပဲ။ ပယ်နယ်တီအပေးခံရလည်း အိမ်ကွင်းမှာ သရေတော့ ပြန်ကန်နိုင်ရမှာပေါ့။ ဆုရထိုက်တဲ့ ခြေမျိုး၊ မြင်းကောင်းခွာလိပ် ဆိုရင်ပြောပါဒယ်။

    • လုံမလေးမွန်မွန်

      December 18, 2013 at 2:17 pm

      အာ့ပြောမလို့…
      လူညီရင် ကိုယ့်အချင်းချင်းတိုင်ပင်ပြီး ကစားကွက်ကို ပြောင်းပစ်လိုက်လို့ မရဘူးလားဟင်င်.. 🙄 🙄 🙄

  • surmi

    December 18, 2013 at 10:42 am

    ရ ​ယောက်​မှာ သုံးဖွဲ့ကွဲတယ်​ဆို​တော့…
    အဲဒီလူ​တွေကိုဂဇက်​ထဲဖိတ်​​ခေါ်လိုက်​ပါလား..
    ရွာ​တော်​​တော်​စည်​သွားမှာ 🙂

  • KZ

    December 18, 2013 at 10:58 am

    မှန်တယ်။
    နာ ကတော့ နာ့ ညီမ ပြောတာကိုပဲ အပြည့်အဝ သဘူတောပါတယ်။

    :mrgreen:

  • sorrow weaver

    December 18, 2013 at 12:11 pm

    အရှုံးကို ပြုံးပြုံးနဲ့ လက်မခံဘဲ ရှုံးမဲ မဲတာကမှ ထပ်ရှုံးတာ… အဲ့တာလေးတော့ ဟိုက်လိုက်လုပ်ပါတယ်…အလွန်သဘောကျ ..

    • လုံမလေးမွန်မွန်

      December 18, 2013 at 2:33 pm

      အနော်လုပ်နေကျလေ.. နိုင်ရင်လည်း မလှောင်မိအောင် သတိထားတယ်.. ရှုံးရင်လည်း မသိချင်ယောင်ဆောင်နေတယ်.. ပြီးမှ အိမ်ထဲမှာ အော်ငိုတယ်..ဟီးဟီး.. :mrgreen:

  • ခင် ခ

    December 18, 2013 at 1:13 pm

    (အမြင်မတူတဲ့ နှစ်ဖွဲ့ရယ်၊ သူတို့ကြားက ကြားနေမဟုတ်ဘဲ ပြောသမျှအမှန်ထင်ပြီး အကုန်ခေါင်းညိမ့်၊ like & share လုပ်တဲ့ ပုတ်သင်ညိုအဖွဲ့ရယ်။)
    ထိုထို ကွဲနေတဲ့ထဲက ပုတ်သင်ညိုအဖွဲ့ကိုဘဲ သဘောကျတယ်။ သူတို့လေးတွေ အနေအမှန်ဆုံးလို့ …… ဒါလည်း ကျုပ်ကိုယ်ပိုင်သဘောထားပါ။

  • ကြောင်ဝတုတ်

    December 18, 2013 at 2:35 pm

    ကျုပ်မနက်က ဖေ့ဘွတ်မှာမနက်ကတည်းကဖတ်လိုက်ရသဗျ…
    ဘာတဲ့…
    စီးရီးအေမှာ ဒီထက်တောင်ဆိုးဆိုဘဲ…
    စီးရီးအေဆိုတာ အီတလီနိုင်ငံရဲ့ကလပ်အသင်းပွဲဗျ… နိုင်ငံတကာပွဲမဟုတ်ဘူး…
    ကိုယ့်အိမ်ထဲမှာ ကိုယ်ရမ်းကားတာနဲ့ လမ်းမပေါ်ထွက်ဆဲတာနဲ့ မတူဘူးဗျ…
    အဲဒီလူတွေ… အဲဒီလိုပြောတဲ့လူတွေ နိုင်ငံတကာဆိုတာကို နားမလည်လို့ အဲ့လိုပြောတာ…
    အဲ့လို စိတ်ဓာတ်တွေ… အဲလိုအတွေးအခေါ်တွေနဲ့ မြန်မာဟေ့လို့ ဘယ်တော့မှ နိုင်ငံတကာအလယ်မှာ…
    ရဲရဲဝံ့ဝံ့အော်ရမှာမဟုတ်ဘူး…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • လုံမလေးမွန်မွန်

      December 18, 2013 at 3:16 pm

      ပြောကြတယ်.. နိုင်ငံကြီးသားမပီသဘူး အော်မနေကြနဲ့တဲ့.. နိုင်ငံကြီးသားဆိုတဲ့လူတွေလည်း ဆဲတာပဲတဲ့…
      နောက်ပြောသေးတယ်..ဆဲတာ မကြားချင်ရင် ဘောလုံးကွင်းထဲ မလာနဲ့တဲ့..အိမ်ကပဲကြည့်တဲ့… ဘောလုံးကွင်းက ဆဲကွင်းလားဟင်င်… အတော်စိတ်ပျက်မိပါတယ်.. ကိုရီးရေ…

  • Paing Lay

    December 18, 2013 at 2:42 pm

    မျိုးချစ်စိတ်ဓါတ် ဆိုတာ ဒေါသစိတ် မဟုတ် သလို၊
    ဇာတိသွေး၊ဇာတိမာန် ဆိုတာဟာလည်း မာန်၊ မာနတရား မဟုတ်ပါဘူးဗျာ။
    ဘယ်သူမဆို ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် ကို ကိုယ်စားပြုတဲ့
    အသင်းလေး အောင်မြင်မှု တွေပန်ဆင်လာမှာကိုပဲ မျှော်လင့်ကြတာပါ။
    အခုလို မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာပဲ
    ရှုံးနိမ့်သွားတဲ့အခါ၊ ဒေါသစိတ်ကလေးတော့ ကျွန်တော်အပါအဝင်
    တိုင်းသူပြည်သားအားလုံး ဖြစ်မိကြမှာကျိန်းသေပါတယ်။ ဒါပေမဲ့လည်း ညီအစ်ကိုတို့၊
    ကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးဟာ အိမ်ရှင်တွေဖြစ်နေတဲ့အပြင်၊ အခြားသော
    အားကစားနည်းပေါင်း မြောက် များစွာကိုဆက်လက်ယှဉ်ပြိုင်မယ့်
    မြန်မာပြည်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားပါင်း ရာနှင့်ချီပြီး
    ကျန်နေသေးသည်ကို မမေ့ကြပါနဲ့။
    အိမ်ရှင်နိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများအဖြစ်
    ရင်ဘတ်ကိုကော့ပြီး ပြိုင်ပွဲများအတွင်းဝင်ရောက်ကြရမဲ့အစား၊
    ခေါင်းတွေငုံ့ပြီးဝင်ရောက်ကြရမဲ့အဖြစ်မျိုး သာဖြစ်ခဲ့မယ်ဆိုရင်၊
    ညီအစ်ကိုတို့ရေ…ကျွန်တော်တို့ ရှူံးတာ ဘောလုံးပွဲမဟုတ်တော့ဘူး၊
    …….အဲ့ဒီ “ဇာတိသွေး ဇာတိမာန်” တွေပဲ ဖြစ်သွားလိမ့်မယ်ဗျာ။
    အကောင့်နာမည်ကတော့ Kyaw Htut Swe တဲ့ဗျ။ အဆိုတော်တော့ မဟုတ်လောက်ဘူး။ :mrgreenn:

    • လုံမလေးမွန်မွန်

      December 18, 2013 at 3:24 pm

      ှရှယ်လာပေးတာ ကျေးကျေးပါ..

      တစ်ရှုံးကနေ နှစ်ရှုံးသုံးရှုံးထပ်ဖြစ်မှာကို မလိုလားတော့ပါဘူး… စဉ်းစားကြည့်ရင်တော့ ရင်နာတယ်..အတော်လေးကို ခံလိုက်ရတာ… ဒီကိုရီးယားကောင် အတော်လေးတော်တယ်.. 🙂

  • တိမ်မည်း

    December 18, 2013 at 2:43 pm

    အမှန်က ကျုပ် အိုက်နေ ့က ဘောပွဲ မကြည့်ဖြစ်ဖူးရယ်…..
    နားထောင်နေတာတော့ ဂိုးသွင်းသွားတယ်ပေါ့…..
    အော် ငါ့လူတွေ တဂိုးတော့ သွင်းလိုက်ပီပေါ့……
    နောက်တဂိုးမကြားရတော့ မချင့်မရဲတောင် ဖြစ်မိသေး….. ထိုင်းတောင် ဂိုးသွင်းများသေးတယ်……
    မသွင်းနိုင်ရင် အမှတ်တူနဲ ့ အုပ်စု ဒုတိယ ဖြစ်ရချေသေးရဲ့ဆိုပီး…..
    ခနနေ ကြားတော့ မြန်မာက ချေပဂိုးသွင်းဖို ့ အခွင့်အရေး လွဲချော်တယ်ဆိုပဲ….
    အိုက်ကျမှ ကိုယ့်လူတွေ ခံနေရမှန်းသိတာ…. (လူက မြန်မာအသင်းကို အဲ့လို အားပေးတာ….. ခံရတာများလွန်းလို ့…..)

    ဘယ်လိုပြောရမလဲပေါ့နော်……….

    မြန်မာ ဘောလုံးအဖွဲ ့ချုုပ်အတွက် အကြီးဆုံး သင်ခန်းစာလို ့ပြောရမှာပေါ့…..
    ကျွန်တော့်အမြင် အိုက်နေ ့က လူတွေက တဦးချင်း အစွမ်းပြကြတယ်လို ့ပြောတယ်ဗျ…..
    ကျုပ်အထင် ဂိုးသွင်းရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ မက်လုံးကိုလည်း သကာင်္မကင်းဖူးပေါ့လေ…….

    မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ အရှုံးဆိုတော့ မချင့်မရဲ ဖြစ်မိတာအမှန်…..
    ထိုင်းကို ရှုံးသွားရင် လက်ခံနိုင်သေးတယ်…..
    အခုဟာက ကမြင်းကြောထတာ…. မနိုင်နိုင်တာလည်းမဟုတ်ဖူး……

    အိုက်နေရမှာ ထပ်ပြောချင်တာက နည်းပြ….
    ပထမတခါ သူ ကျော်ကိုကို ကို စိတ်ကောက်ပီး ထားခဲ့တယ်……. ဟုတ်ပီ…
    ဟိုဂန်းမသားကလည်း ဘာသွားပြောလည်းမှမသိတာ…. ရှိစေတော့…
    ပွဲတဝက်ရောက်နေပီ တလုံးလည်း အသွင်းခံထားရတယ်…… ဘာလို ့များ ကျော်ကိုကို ထည့်ပီး ကျော်ဇေယျာဝင်းကို ဆွဲထုတ်လိုက်လဲ…….
    သူတို ့ နှစ်ယောက် ကို တွဲလုံးမိတယ်လို ့ပြောကြတယ်….
    အဲ့ဒါသာ မှန်ရင် ဒီနည်းပြက တော်တော် မှားတယ်လို ့ပြောလို ့ရတယ်…..
    သူ ့အမှားက တခါ မဟုတ် နှစ်ခါ……

    ကံကောင်းတယ်လို ့ပဲပြောရမလားမသိဖူး…. သူက ကိုရိးယား နည်းပြမို ့လို ့…. တရုတ်နည်းပြဆိုရင်တော့ မလွယ်ဖူး…… ဇယားက တော်တော် ကတ်သွားမှာ….. မြန်မာတွေက ကိုရီးယားတော့ တော်တော်ချစ်သားရယ်…. အထည်ချုပ်က ကိုရီးယားကလည်း အချိုးမပြေ…. ခရီးသွားလာရေးကလည်း အချိုးမပြေ…. ရုပ်ရှင်မင်းသားတွေ အချိုးပြေတာလေးက တော်တော်တော့ ဖုံးသား…. ဒီလောက် ဖြစ်နေတာတောင် အခုထိ ကိုရီးယား မင်းသားလေးတွေ ပါးလေးတွေက နီတာရဲလို ့ကောင်းတုန်း….

    ကျုပ်ကတော့ ဘယ်လိုပဲ ကြည့်ကြည့် ဒီနည်းပြကို အပြစ်ပြောတာပဲ ကောင်းပါတယ်…..
    ကျန်တဲ့လူတွေ မှားတာလည်း မှားတာပေါ့နော်…… နည်းပြလည်း ချီးကျူးဖို ့တော့ ကောင်းသား တာဝန်လေးတော့ ယူရှာတယ်… (တာဝန်ပဲ တကယ်ယူတာလား ဦးဇော်ဇော်ကပဲ နင် ယူရင်ယူ မယူရင် ရန်ကုန် မြို ့လယ်ခေါင်မှာ တနာရီ မတ်တပ်ရပ်နေရမယ်လို ့များ ပြောလိုက်လား မသိ….. အခုတောင် ရန်ကုန်မှာ နှစ်ရက် ဆက်နေဦးမယ်တဲ့….. ဇော်ဇော်ကတော့ပြောရှာတယ်… ငါနဲ ့ ကျော်သူနဲ ့ ခင်တယ်တဲ့…. )

    ခင်လျက်
    တိမ်မည်း

    • sorrow weaver

      December 18, 2013 at 3:00 pm

      ခရီးသွားလာရေးကလည်း အချိုးမပြေ… ဆိုတာလေး လင်းပါအုံး ကိုရင်ရဲ့ ..ဘာတွေကြားထားလို့ပါလဲ ဗျ

      • တိမ်မည်း

        December 18, 2013 at 3:15 pm

        သိပ်တော့ ကြီးကြီး မားမားတော့ မဟုတ်ရပါဗျာ……
        ပြင်သစ်တွေဆိုလည်း နေတာကြာပါပီ…. မြန်မာစကား လည်လည်ဝယ်ဝယ် ပြောတက်တဲ့သူတွေ တွေ ့ဖူးလေရဲ့….
        ထိုင်း ဂျပန် ဂျာမန် အင်္ဂလန် စသဖြင့်… တရုတ်ကလွဲလို ့ပေါ့ဗျာ… သူကတော့ တအားကပ်လွန်းတယ်……
        Tour တွေ သွားရင် ဂိုက်ငှားသဗျ……
        သို ့ပေသိ ကိုရီးယားက အိုက်လို ့မဟုတ်ဖူး လို ့ ကြားမိတယ်….
        သူတို ့က ကိုယ့်လူ ကိုယ်လိုက်ပြတဲ့ ဒီဇိုင်းမျိုးနဲ ့ tour မငှားဖူးရယ်…..
        လူလည်ကျတယ်ပေါ့ဗျာ… ကိုယ့်နိုင်ငံက နည်းဥပဒေ အားနည်းတာလည်း ပါကောင်းပါနိုင်ပါတယ်……
        အဲ့ဒါလေး ပြောချင်တာပါ….
        ကျုပ်လည်း ကြားတာ မှားကောင်းမှားနိုင်ပါတယ်….
        သို ့ပေသိ ကောလဟာလ ဆိုတာ အမှန်တရား အနဲဆုံး ၁ဝရာခိုင်နှုန်းတော့ပါသဗျ……

        အိုက်ဒါလေးပါပဲ…..

        • sorrow weaver

          December 18, 2013 at 4:00 pm

          တိုးမဌားတာတော့ ကိုရီးယားမှ မဟုတ်ပါဘူး .လူမျိုးတိုင်းပါပဲဗျာ..ရှိတတ်ပါတယ် ။ ဗမာတိုးကုန်ပဏီတချို့တွေတောင် နိုင်ငံခြားမှာသွားလည်ရင် ဒီလိုပါပဲဗျာ ။ ဥပဒေအားနည်းတာရယ်တော့မဟုတ်ပါဘူး ။ သူတို့မှာအဲ့လိုလည်ဖို့အခွင့်အရေးရှိပါတယ် မရှက်တမ်းပြောရရင် ..ကိုယ်တွေတိုင်းပြည်အနေနဲ့က လာလည်တာတောင်ကျေးဇူးတင်ရမှာပါ ။ မြန်မာတိုးတွေအနေနဲ့လဲ ဒေသတွင်းနိုင်ငံတွေလောက် အတွေ့အကြုံမရှိတာတော့ ဝန်ခံရပါလိ်မ့်မယ် ။ ဈေးနှုန်းသက်သက်သာသာနဲ့ ကမ္ဘာတန်းအဆင့် ဝန်ဆောင်မှုပေးနိုင်မယ်ဆိုရင်တော့ဌားပါလိမ့်မယ်ဗျာ ။ လက်ရှိ တိုးတွေ ဟိုတယ်တွေဈေးနဲ့ကို မြန်မာက အရှေ့တောင်အာရှမှာ ဒုတိယဦးစားပေးအဆင့်မှာရှိနေတုန်းပါပဲ ။

    • လုံမလေးမွန်မွန်

      December 21, 2013 at 9:06 pm

      အနော့် ဖွဘုတ်မှာ ရေးဖူးတယ်…

      or his whole life…
      He was a coach who didn’t know the rule of the match…
      He was a coach who mixed personal & professional…
      He was a coach who destory the dignity of a country…

      He created his history himself…

      သူ့နေရာက စဉ်းစားကြည့်ရင် သူရင်းလိုက်ရတာ မနည်းဘူး..သူ့ဘဝ၊ သူ့နာမည် အကုန်ရင်းလိုက်ရတာ…
      ဆိုတော့… သူ တကယ်မသိတာလားလို့ စဉ်းစားမိတယ်..

      ပြီးတော့ eleven က အင်တာဗျူးကို ကြည့်လိုက်ရတယ်.. team concerned လို့ ပြောထားတာတဲ့.. ဘောလုံးစကားအရပြောရင်တော့ ဒါ head to head ပေါ့တဲ့… ဒါဆို head to head လို့ ရှင်းပြတာ မဟုတ်ဘူး..နောက် သူတို့ဖြစ်ပျက်နေပုံတွေပါ သိသာတယ်… ကန်မယ့်နေ့အထိ ရှုံးရင်ထွက်ရမှာနော် ဆိုတာကို လှမ်းပြီး confirm လုပ်ခဲ့တယ်တဲ့… ဒါဆို ကျော်ကိုကို ကို မထည့်တဲ့အချိန်မှာ သူတို့တွေ ဘာလို့ အသည်းအသန် မပြောလဲ…”မထည့်လို့မရဘူး… ဒီပွဲက ရှုံးရင် ထွက်ရမှာ… ” ဆိုတာလေးတော့ အတိုက်အခံပြောသင့်တယ်ထင်တယ်. ကျော်ကိုကို့ ကိုတောင် “နိုင်ငံအတွက်ပဲ..သည်းခံလိုက်ပါ..သူခိုင်းသလို လုပ်လိုက်” လို့ ဆုံးမနိုင်သေးရင်.. ဘာလို့ နည်းပြကို အသည်းအသန် ပြန်မပြောတာလဲ…

      လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ… သူများခေါင်းပေါ် ထိုးချလိုက်တာ မကောင်းဘူး…

  • Mr. MarGa

    December 18, 2013 at 3:03 pm

    “ရှုံးလို့ရှိရင်လဲ မယိုင်နဲ့၊ နိုင်လိုု့ရှိရင်လဲ မကျောနဲ့၊ နိုင်တယ်ဆိုတာတောင်မှ သိက္ခာရှိရှိနိုုင်မှ ဂုဏ်ရှိတာ”
    ဒေါ်အောင်ဆန်းစုကြည် (13.12.2013)

    အရှုံးကို အရှုံးအဖြစ် လက်ခံဖို့ ကျနော်တို့ ကြိုးစားရဦးမယ်။
    မကျေနပ်ချက်တွေ ဒေါသတွေကို ဖွင့်ထုတ်ဖို့ ဓားစာခံဖြစ်သွားရှာတဲ့ ကွင်းထဲကခုံတွေ၊ လမ်းဘေးက ပိုစတာတွေကို နှစ်သိမ့်ရဦးမယ်။
    မျှော်လင့်ချက် မဲ့သွားတဲ့ ပရိသတ်တွေကို နှစ်သိမ့်ပေးရဦးမယ်။
    ပျောက်ဆုံးလု ဖြစ်သွားတဲ့ မြန်မာအသင်းရဲ့ မျှော်လင့်ချက်ကို ပြန်ရှင်သန်အောင် မွေးမြူပေးရဦးမယ်။
    ဆူပူ သောင်းကျန်းတာမျိုးမဟုတ်တဲ့ နည်းလမ်းတွေနဲ့ မတရားမှုကို ဖော်ထုတ်တတ်ကြဖို့ ပြင်ဆင်ရဦးမယ်။
    ဥပဒေ အထက်မှာ ဘယ်သူမှ မရှိအောင်၊ ဥပဒေအတိုင်း ဖြစ်အောင် လုပ်ကြရဦးမယ်။
    နိုင်ငံရဲ့ ကျသွားတဲ့ ပုံရိပ်ကို ပြန်မြှင့်ပေးရဦးမယ်
    ဘယ်သူ့ ဘယ်သူကိုမှ အပြစ်မပြောချင်ပါဘူး။
    နောက်တစ်ကြိမ် ဒီလို ထပ်မဖြစ်အောင်သာ ကြို ပြင်စေချင်တာပဲ။
    လုပ်စရာတွေ အများကြီး ကျန်သေးတယ်။
    ရှေ့မှာ ကြုံလာမှာတွေလဲ အများကြီး
    အခု ကတည်းက ပြင်ဆင်ထားသင့်ပြီ

    • လုံမလေးမွန်မွန်

      December 21, 2013 at 9:09 pm

      ဆရာမောင်သာချိုရဲ့ စကားတစ်ခွန်းရှိတယ်..စာပေဟောပြောပွဲမှာ ပြောခဲ့တာ…

      လူကြီးတွေဖျက်ခဲ့တဲ့ တိုင်းပြည်ကို လူငယ်တွေက ပြန်တည်ဆောက်ရတာတဲ့..

      အခုတော့ သူတို့မျိုးစေ့ချပေးခဲ့တဲ့ စိတ်ဓာတ်တွေ…
      သူတို့စိုက်ပျိုးခဲ့တဲ့ နိုင်ငံပုံရိပ်တွေ….
      ဒါတွေကို ပြန်လည်ပြင်ဆင်ဖို့ အနာဂတ်မျိုးဆက်မှာ တာဝန်ရှိတယ်..

      ငါတော့ အဲ့လို ခံစားမိတာပဲ.. 🙂

  • Myo Thant

    December 18, 2013 at 4:36 pm

    http://www.thithtoolwin.info/2013/12/blog-post_4993.html

    ပတ်ဆောင်ဟွာ၏ စကားပြန်နှင့် အင်တာဗျူး

    ( ကျွန်တော်က ဒီစကားကြီးကို ပြောသင့်၊ မပြောသင့်တော့ တော်တော်စဉ်းစားတယ်။ အစ်ကိုတို့ကတော့ မီဒီယာသဘောအတိုင်းပဲလုပ်ပါ။ သူက ဆီးဂိမ်းပြီးရင် သူ့စာချုပ်က ပြီးပြီပေါ့နော်။ တစ်လပိုင်း သုံးလပိုင်းမှာလည်း ယူ-၂၂ တို့ AFC ပွဲတွေ ရှိနေတဲ့အခါမှာ အဲဒီပွဲတွေကို အရမ်းကို မျှော်လင့်နေတာပေါ့နော်။ ကျွန်တော့်ကို စကားစပ်တိုင်းမေးတာ ယူ-၂၂ က ကပ်နေပြီ။ သူ့ကို အခုထိ မကမ်းလှမ်းသေးဘူး။ ပွဲပြီးမှပြောမယ်ဆိုရင် သူ့ဘက်က ပြင်စရာရှိတာ ပြင်ရမယ်ပေါ့။ အဲဒီလို (စာချုပ်သစ်ကိစ္စ) မပြောတဲ့အပိုင်းလေးတွေမှာတော့ သူက ဖုနေတာရှိတာပေါ့။ ဒါက သူနဲ့ ကျွန်တော်ရဲ့ အတွင်းစကားပါ။ (သာမန်လွဲချော်မှုနဲ့ တမင်ကြံစည်မှု) နှစ်ခုစလုံးကတော့ ၅၀/၅ဝ ပေါ့ အစ်ကိုရာ။ သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅ဝ ပေါ့။ ဒါကလည်း ကျွန်တော့်အတွေးပါ။ သူ့ကို လစာပေးထားတာက ဒေဝူးပေါ်စကိုကေ ပးတယ်အစ်ကိုရာ။ ဥက္ကဋ္ဌကတော့ အသုံးစရိတ်နဲ့ အိမ်ကား အားလုံးပြည့်စုံအောင် ပေးထားတယ်။ ဒေဝူးက သူ့ကို လုံးဝမပေးတော့ဘူးလည်းဆိုရော သူက နည်းနည်းလေး ပျာသွားပြီးတော့ ဥက္ကဋ္ဌမှာလည်း ပိုက်ဆံရှိတာပဲ။ သူပေးချင်ပေးလို့ ရတယ်ပေါ့။ အဲဒီလိုတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဆီးဂိမ်းကို ပထမဦးစားပေးနေတော့ သူ့ကိစ္စက ဒုတိယနေရာရှိနေတာပေါ့။ အင်ဒိုတွေထခုန်ပြီး မြန်မာတွေငိုတော့မှသိတယ်ပြောတယ်။ အဲဒါကရော။အင်ဒိုတွေက ထခုန်တော့ ဘာဖြစ်လို့လဲမေးတော့ သူတို့က တက်သွားတယ်လေလို့။ မြန်မာတွေက ဟိုမှာငိုနေကြတယ်လို့ သူတို့ထွက်သွားရတယ်လေလို့။ အဲဒီတော့မှ သူက “ Why.. why..why ” ဆိုပြီး မေးတော့ (ကိုရီးယားလူမျိုး) သူ့နည်းပြနှစ်ယောက်ကလည်း ပြောတယ် ထွက်ရလို့ ငိုတာလို့။

    သူ့လက်ထောက်နှစ်ယောက်ကရော သိလား။

    နည်းပြကြီးက မေးလိုက်တဲ့ အချိန်မှာ သူတို့က မသိဘူးလို့ ဖြေတယ်။ )

    • လုံမလေးမွန်မွန်

      December 21, 2013 at 9:11 pm

      ပြောရရင် သူမသိဘူးဆိုတာလည်း တစ်ဖက်က ပြန်တွေးကြည့်ရင် ယုတ္တိရှိပါသေးတယ်..
      သူရင်းလိုက်ရတာ နည်းမှမနည်းတာ..

      ကိုယ်သာဆို မရင်းဘူး… သူလို တစ်သက်လုံးလုပ်စားမယ့် professional ဆို ပိုတောင်ဆိုးပေါ့..
      50-50 ပါပဲ..

  • ညနေတည်းကဖတ်ပြီးပေမယ့် ဖွဘုတ်မှာဆိုတော့ရှည်ရှည်မမန့်ချင်တော့ဘူး။
    တော်တော်များများက…ကိုယ့်အပြင်ကမိတ်တွေထဲမှာပါ…
    သူများကိုချည့်အပြစ်ဖို့ဖို့အရေး၊ကိုယ့်ဘောသမားတွေအားမလျှော့ဖို့အရေးပဲ လှုံ့ဆော်နေကြတယ်။
    တစ်ချို့ကကျတော့လည်း ဖျက်ဆီးရေးသမားတွေမှာအပြစ်လုံးဝမရှိတဲ့အပြင် ရွှေတံဆိပ်တောင်ချီးမြှင့်သင့်မတတ် အားပေးအားမြှောက်ဆန်ဆန်တွေရေးကြလေရဲ့…
    ကိုယ့်မျက်ချီးကိုယ်မမြင်နိုင်ပဲ တပက်တည်း ပက်နေကြလေရဲ့
    🙁

  • alinsett

    December 18, 2013 at 7:39 pm

    ကိုယ့်သဘောထားကတော့…
    ကိုယ့်အထုပ်ကိုယ် ဖြန့်ပြ…တာမျိုး..မဖြစ်စေချင်….
    ကိုယ့်အထုပ်က..ကောင်းတာ ပြဖို ့..နည်းတာကိုး….

    :kwi:

    တို ့တော့.. မြန်မာ အသင်း ပါတဲ့ပွဲတွေကို… မြန်မာတွေ..ကြေငြာရင်..အသံပိတ်ပြီးကြည့်တယ်.. ။

    မကြည့်ချင်တော့ရင်.. TV ခလုပ်ကြီးပါ..ထပိတ်လိုက်တယ်..

    🙂

  • San Hla Gyi

    December 18, 2013 at 8:16 pm

    ဘောလုံးပွဲတော့ သိပ်မကြည့်ဘူးနဲ့ တူတယ်။ ဒိုင်တွေက များသောအားဖြင့် အိမ်ရှင်ဘက် ပင်းတယ် ဆိုပေမယ့် တခါတလေ အိမ်ရှင်ဘက် မပင်းကြောင်း ပြချင်တာနဲ့ပဲ ဧည့်သည်အသင်းကို ပင်းတာတွေ ရှိတယ် ကလေးမ။ ကမ္ဘာကျော် ဒိုင်လူကြီး ကိုလီနာတောင် အဲဒီလို ပင်းဖူးတာတွေ ရှိတယ်။ အခုတော့ မြန်မာအမျိုးသမီးအသင်း အညစ်ခံနေရပြီ။ မြန်မာဘက်က သွင်းတဲ့ဂိုးကို လူကျွံတယ်ဆိုပြီး ငြင်းပေမယ့် ထိုင်းဘက်က သွင်းတဲ့ ဂိုးကိုတော့ သွင်းတဲ့ ကစားသမား လူကျွံနေတာ ထင်ထင်ရှားရှား မြင်ရပေမယ့် ဒိုင်လူကြီးက ပေးလိုက်တယ်။ မြန်မာအမျိုးသမီးအသင်း သိပ်နစ်နာပါတယ်။ အမျိုးသမီးအသင်း ဒီနေ့ ကစားတာ မဆိုးဘူး။ ဒါပေမယ့် အရှုံးတဂိုးနဲ့ နောက်ကလိုက်နေရတယ်။ နောက်မှ ဆက်ရေးမယ် ဘောလုံးပွဲ ကြည့်နေလို့။

    • လုံမလေးမွန်မွန်

      December 19, 2013 at 2:31 pm

      ဟုတ်ကဲ့ ဦးစံလှကြီး..ဘောလုံးပွဲ သိပ်မကြည့်တာ ဝန်ခံပါတယ်… ဒါကြောင့်လည်း ဘက်လိုက်တယ်..မလိုက်ဘူးအပေါ်မှာလည်း ဘာမှတ်ချက်မှ မပေးတတ်ပါဘူး… ပြောချင်တာကတော့.. သူတို့တွေပြောနေကြသလို… ဘက်လိုက်တယ်ဆိုတာသာ မှန်တယ်ဆိုရင် ကိုယ့်မြေကိုယ့်ရေပေါ်မှာ ကိုယ့်ကို အစော်ကားခံလိုက်ရတယ်လို့ ခံစားမိလို့ပါ…

      ကွန်မန့်တွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်…

      ထိုင်းအသင်းကတော့ အတော်လေးကို ညစ်ပတ်တယ်..

      • San Hla Gyi

        December 19, 2013 at 8:53 pm

        လုံမလေးမွန်မွန်ရေ
        မနေ့တုန်းက မပြောဖြစ်တာလေးတွေကို ထပ်ပြောလိုက်ဦးမယ်။ ပထမအချက်က စပြောရဦးမယ်။
        အမှန်တော့ တခြား အားကစားသမားတွေကိုလည်း အားပေးပါတယ်။ ဒါပေမယ့် ဘောလုံးနဲ့တော့ ဘယ်လိုမှ တူမှာ မဟုတ်ဘူး။ အားကစားမှာ ဆိုရိုးစကားတခု ရှိတယ်။ ကျန်တဲ့ ပြိုင်ပွဲတွေမှာ အကြိမ် ၁၀ဝ ရှုံးပြီး ရွှေတံဆိပ် ၁၀ဝ လက်လွှတ်ရပေမယ့် ဘောလုံးမှာ ရတဲ့ အောင်မြင်မှုက ကျန်တာတွေကို ဖုံးလွှမ်းနိုင်တယ်တဲ့။ အဲဒီလိုပဲ ဘောလုံးရဲ့ ရှုံးနိမ့်မှုက ကျန်တဲ့ အားကစားတွေရဲ့ အောင်မြင်မှုကိုလည်း ဖုံးလွှမ်းနိုင်တယ်။ အဲဒါကတော့ အားကစားပြိုင်ပွဲတိုင်း ဖြစ်နေဦးမှာပါ။ တကမ္ဘာလုံး ဒီအတိုင်း လိုလိုချည်းပဲလို့ ပြောရမယ်။
        နောက်အချက်တွေကတော့ တခုချင်း မပြောတော့ပါဘူး။ အားလုံးခြုံပြောရရင် ဆူပူ သောင်းကျန်းတဲ့ ကိစ္စကိုပဲ အခြေခံတာပါ။ အဲဒီကိစ္စကတော့ အမှန်အတိုင်း ဆိုရင် ကျနော်လည်း တော်တော် သဘောမကျပါဘူး။ ဒါပေမယ့် မျိုးချစ်စိတ် မရှိလို့တော့ မဟုတ်ပါဘူး။ မြန်မာအသင်း ကန်ရင် ရင်ထဲက အသည်းနှလုံးခုန်သံကို ကိုယ့်ဘာသာကိုယ် တကယ် ပြန်ကြားနေရတာပါ။ တကယ် ပြောတာပါ။ မြန်မာအသင်း ကန်ခဲ့တဲ့ ပွဲတချို့ဆိုရင် နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် အဲဒီ မြင်ကွင်းတွေကို ဒီနေ့အထိ ဗီဒီယို ကြည့်သလိုကို စိတ်ထဲမှာ တကွက်ချင်း မြင်နေတုန်းပါ။ ဇင်းမယ်ဆီးဂိမ်းက ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ရှေ့တန်းနဲ့ ငြိပြီး အောင်ကျော်ကျော် ထွက်ခဲ့ရတာ စိုးနိုင် ဖျက်တာ လွတ်သွားလို့ ဂိုးပေးလိုက်ရတာတွေကို ဒီနေ့အထိ သေသေချာချာ မှတ်မိနေပါတယ်။
        ကျနော် ပြောခဲ့ဖူးတာကိုပဲ ထပ်ပြောမယ်။ အဲဒီဆူပူသောင်းကျန်းတဲ့ ကိစ္စ ပေါ်လာတာ ကျနော့်အမြင်အရ နှစ်သိပ်မကြာသေးပါဘူး။ သေသေချာချာ ပြောရရင် ၂၀၀၂ နောက်ပိုင်းမှ ပေါ်လာတာပါ။ အရင်တုန်းက မျိုးလှိုင်ဝင်းတို့ ဝင်းအောင်တို့ ဘဏ္ဍာအခွန်နဲ့ ကန်ခဲ့တဲ့ပွဲတွေ မြန်မာ့လက်ရွေးစင် အသင်းပွဲတွေကို တတ်နိုင်သမျှ ကွင်းထဲအထိ သွားကြည့်ဖူးပါတယ်။ ပရိသတ်လုံးဝ မသောင်းကျန်းခဲ့ပါဘူး။ ဒိုင်လူကြီးကို ယိမ်းတိုက်သလို ဝိုင်းဆဲတာလည်း တကယ်ကို မရှိခဲ့ပါဘူး။ စိုးမြတ်မင်းတို့ အာရှလူငယ် ခြေစစ်ပွဲမှာ ဂျပန်ကို ကပ်ရှုံးတုန်းကလည်း ပရိသတ်က ငိုပြီး ပြန်သွားတာပဲ ရှိပြီး လုံးဝ ကွင်းထဲကို ပစ္စည်းတွေ ပစ်မထည့်ခဲ့ပါဘူး။
        မှတ်မိတာတော့ ၂၀၀၂ အာဆီယံလူငယ်ဖလားကို မြန်မာအိမ်ရှင် လုပ်တဲ့နှစ်မှာ ထိုင်းနဲ့ကန်တဲ့ အုပ်စုပွဲကတည်းက ကွင်းထဲကို လူတွေ အများကြီး ဝင်လာပြီး ပွဲပျက်မလို ဖြစ်သွားတဲ့ အချိန်ကစပြီး အဲဒီနောက်ပိုင်းပွဲတွေမှာ အဲဒီကိစ္စ ဖြစ်လာတာပါ။ အဲဒီနှစ်က မြန်မာချန်ပီယံ ဖြစ်သွားပါတယ်။ ဒါပေမယ့် ကျနော့် တဦးတည်း အမြင်အရ အရုပ်အတော် ဆိုးပါတယ်။ ဗိုလ်လုပွဲမှာ ကိုယ်က နိုင်နေတာတောင် ကွင်းထဲကို ရေဗူးတွေ ကွမ်းယာဗူးတွေနဲ့ ပစ်ထည့်ပြီး ယိမ်းတိုက်သလို ဝိုင်းဆဲကြပါတယ်။
        ကြည့်ရတာ မကောင်းတဲ့ အကျင့်က အလွယ်တကူ ကူးသွားတယ်နဲ့ တူတယ်။ နောက်ပိုင်းပွဲတွေ တောက်လျှောက် အဲဒီလို ဖြစ်ပါတော့တယ်။ အဲဒီ ပြိုင်ပွဲပြီးတော့ အဲဒီကိစ္စကြောင့် မြန်မာဘောလုံး အဖွဲ့ချုပ် ဒဏ်ရိုက်ခံရသလို သုဝဏ္ဏကွင်းလည်း နိုင်ငံတကာပွဲကစားခွင့် အပိတ်ခံရပါတယ်။ ဘောလုံးအဖွဲ့ချုပ်ကတော့ တရားဝင် သတင်း မထုတ်ပြန်ပါဘူး။ ဒါပေမယ့် နိုင်ငံခြား သတင်းဝက်ဆိုက်ဒ်တွေမှာ ပါလာပါတယ်။
        အဲဒီ အကျိုးဆက်ကတော့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ် အာဆီယံဖလားပွဲမှာ မြန်မာအသင်း ပထမဦးဆုံးနဲ့ အခုအကြိမ်အထိ တကြိမ်တည်း ဆီမီးဖိုင်နယ် ရောက်ပါတယ်။ အုပ်စုဗိုလ် အနေနဲ့ကို တတ်တာပါ။ ဒါပေမယ့် အိမ်ကွင်း အဝေးကွင်း ကစားခွင့် မရတော့ပါဘူး။ စင်ကာပူက အစည်းအဝေးမှာကို တရားဝင် ကန့်ကွက်တာပါ။ ဒါကြောင့် အိမ်ကွင်းအနေနဲ့ မလေးရှားရဲ့ ကြားကွင်းမှာ သွားကစားခဲ့ရပါတယ်။ အဲဒီနှစ်က ခြေသိပ်ကောင်းပေမယ့် မြန်မာဗိုလ်လုပွဲ မတတ်ရတော့ပါဘူး။ အဓိကက အဲဒီအချက်ကြောင့်ပါ။
        ဆိုတော့ ဆူပူသောင်းကျန်းတာကတော့ ဘယ်လိုပဲ ဖြစ်စေ မကောင်းပါဘူး။ နောက်ပိုင်း ကိုယ့်လက်ရွေးစင်အသင်း နစ်နာဖို့တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကိုတော့ ပြုပြင်ယူရမှာပါ။

        • ကထူးဆန်း

          December 20, 2013 at 9:00 am

          တိုင်းနဲ့ပြည်နယ် ပွဲတွေ ရှိကတည်းက ဘောလုံးပွဲ ဆိုတာ ဆဲပွဲကြီးဖြစ်နေတာ..
          ကျောင်းသားပွဲ တွေ ရိုက်ပွဲ တွေ နဲ့ အဆုံးသတ်ခဲ့တာ ..
          သင်္ကန်းဝတ်ဆို အင်မတန်ကြည်ညိုကြတဲ့ မန္တလေး ဗထူးကွင်းမှာ ကွင်းထဲ ဝင်ထိန်းတဲ့ သင်္ကန်းဝတ် ကိုယ်တော်လဲ ခေါင်းသွေးသံရဲရဲ ဖြစ်ခဲ့တာ တွေ က ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၃ဝ မက ပါဆိုတော့ …
          ဆူတဲ့ ကောင်တွေ ပို်က်ဆံပေးပြန်လွှတ်တဲ့ ဇော်ဇော်ကိုဘဲ မအေနဲ့ ကိုင်တုတ်ချင်လိုက်ပါရဲ့… ကိုယ့်သိက္ခာ ကိုယ်ထိန်းနေရလို့ :chee:

        • San Hla Gyi

          December 20, 2013 at 6:55 pm

          အော် မေ့လို့ ကျနော် ပြောတဲ့ အဲဒီ ဘောလုံးပွဲတွေမှာ အရုပ်ဆိုးလောက်အောင် အုပ်စုလိုက် သောင်းကျန်းမှုတွေ အရင်တုန်းက မရှိဘူးဖူးဆိုတာ နိုင်ငံ့လက်ရွေးစင် အဆင့် ပြိုင်ပွဲများကို ဆိုလိုတာ ဖြစ်ပြီး လမ်းပွဲတွေ ရပ်ကွက်ပွဲတွေ ကျောင်းသားပွဲတွေ တိုင်းနဲ့ ပြည်နယ်အဆင့်ပွဲတွေကို လုံးဝ ထည့်သွင်း မစဉ်းစားပါဘူး။ အချိန်နဲ့ အတိအကျ ပြောရရင် ၁၉၉၃ ခုနှစ် မြန့်မာ့လက်ရွေးစင်အသင်း ငွေတံဆိပ်ရတဲ့ အချိန်ကစပြီး ၂၀၀၂ ခုနှစ်ကြားက မြန့်မာ့လက်ရွေးစင်အသင်းနဲ့ လူငယ်လက်ရွေးစင်အသင်း ကန်တဲ့ နိုင်ငံတကာပွဲတွေ ခြေစမ်းပွဲတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

  • San Hla Gyi

    December 18, 2013 at 9:38 pm

    အချိန်ပို ကန်ရတော့မယ်။ မြန်မာက ပွဲပြီးခါနီးမှာ တဂိုးပြန်ချေလိုက်လို့။ မြန်မာက သွင်းတဲ့ဂိုးကတော့ အမှန်အကန် ဝင်သွားတယ် ကလေးမရေ။ ယိုးဒယား ဂိုးသမား ဝင်ပြီးမှ စည်းထဲက ပြန်ကောက်လိုက်တာ။

  • Aung

    December 18, 2013 at 10:05 pm

    နည်းပြရဲ့ စောက်ကျင့်ယုတ်မှုကြောင့် အနည်ဆုံးတော့ အကြိုဗိုလ်လုပွဲတက်နိုင်တဲ့အဆင့်ရှိတဲ့အခြေအနေရှိလို့ အခံရှိလို့ ပရိသတ်တွေက မျှော်လင့်
    ပေါက်ကွဲနေတာပါ။ ငြိမ်ငြိမ်လေး ပြုံးပြီး အားပေးနေရမှာလား။ ဘာလဲ.. ညဉ်းက လာကြည့်နေတဲ့ ပိုက်ဆံကုန် အချိန်ကုန်ခံပြီး
    မျက်ရည်ကျနေတဲ့ ပရိတ်သတ် သုံးသောင်းထက်များ စိတ်ဓါတ်တွေ ဉာဏ်ရည်တွေပိုမြင့်နေလို့
    ဝေဖန်နေတာလား။ နုသေးတယ်..။ အီတလီလို အောင်မြင်နေတဲ့ ဘောလုံးနိုင်ငံရဲ့ ဘာမဟုတ်တဲ့
    ကလပ်အသင်းတွေတောင် ပရိတ်သတ်တွေရဲ့ ရင်ကွဲမှု ပေါက်ကွဲမှုတွေခံရလဲဆိုတာ။ ကမာ္ဘကျော်ဘောလုံးသမားတွေ ဘယ်လိုရှိခိုးပြီး ကွင်းထဲက ထွက်ရလဲဆိုတာ။
    ငါတို့ မြန်မာတွေ ကွင်းထဲ ဝင်လာတာ အဖမ်းခံမှန်းသိတယ်။ ငါတို့ ခဲနဲ့ပေါက်လဲ စောက်ရေးမပါတဲ့ကောင်တွေ ရှူတ်ချမှာလည်းသိတယ်။
    ငါတို့ ကြေကွဲမှု မျိုးချစ်စိတ်နဲ့ နိုင်အောင် ကြိုးစားလိုမှုကို ပြချင်တာ။ ငါတို့ မျှော်လင့်ချက်တွေကို ပြချင်တာ။
    ငါတို့ မျက်ရည်တွေက အကြမ်းဖက်ချင်တာမဟုတ်ဘူး မျိုးချစ်စိတ်အပြည့်ရှိတာပြတာ။
    အဆဲခံတာမကြားချင်ရင် ဘောလုံးပွဲအကြောင်းမရေးနဲ့ ဘောလုံးကွင်းတိုင်း ဆဲတယ်။ အော်တယ်။ ရှူတ်ချတယ်။ အဆဲမခံချင်ရင် တရားစခန်းအကြောင်းသာရေးလိုက်တော့။
    လိဂ်ဘိုးတော် ပရီးမီးယားလိဒ်တောင် ဘယ်လောက်ဆဲလဲ မေးကြည့်လိုက်..
    ဘောလုံးဆိုတာ အင်္ဂလန်ကစတာနော်… ကျုပ်ပြောတာ မှားတာ ဝေဖန်လိုရင်လည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က လူလို သူလိုသိပြီး ဘောလုံးပွဲစကြည့်သူများသာ အဖတ်လုပ် ပြန်ဆွေးနွေးပါ့မယ်။

    • San Hla Gyi

      December 18, 2013 at 10:44 pm

      ဒီလိုတော့ မပြောပါနဲ့ မိတ်ဆွေရာ သူလည်း တိုင်းပြည်ကို ကောင်းစေချင်လို့ ပြောတာ ဖြစ်မှာပါ။

      • Aung

        December 18, 2013 at 11:08 pm

        စံလှရေ.. ကောင်းစေချင်လို့ပြောတာ သိတယ်။ လက်ခံသင့်သလောက်လက်ခံပေးမယ်။ ဘေးက ဘာမှလည်း မလုပ်ပဲ လေကန်ရင်တော့ တဖက်သားရဲ့ ရိုးသားစွာခံစားနေတဲ့ ခံစားမှုကို ထိခိုက်ရင်တော့ အပြစ်ပေါ့ဗျာ၊ ကျုပ်တို့ အဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတွေနှစ် ၅ဝ ကျော်ခွေးဖြစ်နေတဲ့ နိုင်ငံမှာ
        ဘာတွေကို မျှော်လင့်နေမှာလဲ။ ဘာတွေကို ခွေးကို ကြိုးချည်ပြီး လွှတ်ပေးထား ဟောင်းခိုင်ထားသလောက် သုံးနှစ်လောက်နဲ့ အဆင့်အတန်း ရှိစေချင်တာလဲ။ ၄၄ နှစ်ကြာမှ ကျင်းပခွင့်ရတဲ့ ပြိုင်ပွဲမှာ
        မရှူံးသင့်ပဲ ရှူံးတာကို အင်္ဂလန်လို စပိန်လို လူအခွင့်အရေးတန်းတူရတဲ့
        နိုင်ငံတွေလို ဘီယာလေးသောက်ပြီး အေးဆေး ပြန်ရမှာလား။ ပရိတ်သတ် ၃ နာရီလောက်
        ပေါက်ကွဲနေတာကို သည်းခံပြီးစောင့်မကြည့်ပေးနိုင်ဘူးလား။
        ဥပမာ အခု အမျိုးသမီးပွဲ ရှူံးသွားတယ် လက်ခံတယ် ဖြစ်သင့်တယ်။ ရမ်းကားလို့လား။
        ကျုပ်တို့ အမျိုးသားဘောလုံးပွဲရှူံးသွားတာ ရမ်းကားတာမဟုတ်ဘူး။ အကြမ်းဖက်တာမဟုတ်ဘူး
        တိုင်းပြည်နဲ့ ဘာသာ လူမျိုးကိုစော်ကားတာမဟုတ်ဘူး။ မျိုးချစ်စိတ်လွန်ကဲသွားလို့ဖြစ်တာ။ အဖိနှိပ်ခံ အညွှန်ချိုး နှစ် ၅ဝ ကျော်ခံစားရတဲ့ မြန်မာပြည်သူလူထုရဲ့ ရင်ထဲက ဒဏ်ရာကိုမမြင်ဘဲ မနေ့တစ်နေ့ကမှ ဘာလေးညာလေး ခွင့်ပြု ခွင့်လွှတ်ပေးထားတဲ့
        အဲ့ဒါကိုကြည့်ပီး စောက်ဆင့်မရှိဘူး။ မြန်မာတွေ လူအဆင့်အတန်းမရှိဘူး၊ စောက်ဆင့်ရှိစေချင်တယ်ဆိုလဲ
        အဲ့လိုရေးသားတဲ့ လူရဲ့ အဖေ အမေ ဟာ မြန်မာဆိုရင် သူတို့ ဘယ်လို ရှင်သန်ရုန်းကန်ပြီး မြန်မာလူမျိုးတစ်ယောက်အဖြစ်ရပ်တည်ခဲ့ရလဲ မေးကြည့်ပါကွယ်။
        ဘာလှုပ်လှုပ်ဖမ်းတဲ့ ကြွက်ရဲကတောင် သမ္မတ ဌာနနဲ့ ဝန်ကြီးတွေရဲ့ အမိန့်နဲ့ ပရိတ်သတ်ကို လွှတ်ပေးတယ်ဆိုရင် ဘယ်သူလွန်လဲ ထမင်းစားတဲ့ ခွေးတောင် ဝုတ် ဝုတ် နဲ့ ဖြေတတ်သေးတယ်။ အဟတ်.. အဟတ်… (ဟိုလိုလို ဒီလိုလို မျိုးချစ်စိတ်မရှိသူများ လာမဟောင်ပါရန်)

    • လုံမလေးမွန်မွန်

      December 19, 2013 at 2:47 pm

      ကျွန်မပြောပြီးသားပါ..လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်.. ကိုယ့်အသိနဲ့ ကိုယ့်ခံယူချက်ကို ကျွန်မဘာမှမပြောလိုပါဘူး..ဒါကလည်း ကျွန်မရဲ့ အမြင်ကို ပြောထားတဲ့ပို့စ်ပါ…

      ပေါက်ကွဲလို့ လုပ်တယ်ဆိုတဲ့ သူတွေကို အပြစ်မတင်ပါဘူး… ဘာလို့လဲဆိုတော့ သူတို့မှာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းအားနည်းလို့လို့ပဲ သတ်မှတ်ပါတယ်.. ဒါပေမယ့် အိမ်ရှင်နိုင်ငံအနေနဲ့… ထပ်ပြောရရင် ကမ္ဘာ့အလည်မှာ ယဉ်ကျေးပါတယ်..ဧည့်ဝတ်ကျေပါတယ်ဆိုတဲ့ နာမည်ကောင်းလိုချင်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုဖြစ်ရပ်က ရုပ်ဆိုးစေတယ်ဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့ ထောက်ပြတာပါ… ထိုင်းနဲ့ ကန်တဲ့နေ့က ဘောလုံးပွဲသွားကြည့်ပါတယ်.. ကိုယ့်အသင်းရဲ့ ခြေစွမ်းကိုလည်း မြင်ပါတယ်…သူများအသင်းရဲ့ ခြေစွမ်းကိုလည်း မြင်ပါတယ်… နိုင်ငံကို တကယ်ချစ်တယ်၊ မျိုးချစ်စိတ်တကယ်ရှိတယ်ဆိုတာ မျက်ကန်းတစ္ဆေလို ချစ်ရမှာ မဟုတ်ပါဘူး… ကိုယ့်မှာ ဘာအားနည်းချက်ရှိလဲ..ဘာတွေပြင်ဖို့သင့်လဲဆိုတာကို မြင်အောင်ကြည့်ရမှာပါ…

      စိတ်ဆိုးတယ်..ပေါက်ကွဲတယ်…ဆဲပါ…ကျွန်မတို့ကိုယ်တိုင်လည်း ပါးစပ်က လွှတ်ခနဲထွက်သွားမိမှာပါ..ဒါပေမယ့် လူပေါင်းများစွာ သံပြိုင်အော်ပြီး ”ဒိုင်လူကြီး.. -ီးပဲ” လို့ အော်နေတာကိုတော့ လုံးဝလက်မခံပါဘူး… သူများနိုင်ငံလည်း ဒီလိုပဲလို့ မတုပါနဲ့… မကောင်းဘူးဆိုတဲ့အရာကို ဘယ်သူလုပ်လုပ်မလုပ်လုပ် ကိုယ်မလုပ်ဖို့ အရေးကြီးပါတယ်… ဘောလုံးကွင်းတိုင်း ဆဲတယ်..အော်တယ်… ဒါဆိုရင်တော့ ကမ္ဘာပေါ်မှာ လုံးဝမဆဲဘဲ ရိုးရိုးသားသားအားပေးတဲ့ မြန်မာနိုင်ငံ ဆိုတဲ့နာမည်ကိုတော့ အတော်လေးကို လိုချင်မိသွားပါတယ်.. ကျွန်မတို့ မဖြစ်နိုင်ဘူးလား…

      ကျွန်မတို့နိုင်ငံက ဘယ်လိုဖြစ်နေလဲဆိုရင် အနှိမ်ခံရလို့ သူများထက်သာအောင် ဖိမကြိုးစားဘဲ အရွဲ့တိုက်ပြီး လေချင်သလိုလေနေတဲ့ ဆင်းရဲသားနဲ့ တူနေတယ်… ကျွန်မတို့မှာ လမ်းတွေပွင့်နေပြီ… ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ အခွင့်အရေးတွေရနေပြီ… ဒါကို ပိုမကြိုးစားပဲ..အာဏာရှင်စနစ်အောက်က အဖိနှိပ်ခံနိုင်ငံ..ဒီလောက်တော့ရှိမှာပေါ့ဆိုရင်တော့ ဒီထက်ပိုနစ်ဖို့ပဲ ကျန်တော့တယ်…

      ၁၉၈၈ နောက်ပိုင်း မျိုးဆက်အနေနဲ့ ဒီလောက်ပဲ ပြောချင်ပါတယ်..

  • San Hla Gyi

    December 18, 2013 at 10:12 pm

    ပယ်နယ်တီ ကြည့်ရတော့မယ် ထင်တယ်။ မိန်းကလေးတွေက ယောကျာင်္းလေးတွေလို မဟုတ်ဘူးဗျို့။ ဖိဖိစီးစီး ကြိုးစားကြရှာတယ်။ ဘယ်လို အဖြေဖြစ်ဖြစ် တန်တယ်။

  • San Hla Gyi

    December 18, 2013 at 10:43 pm

    မြန်မာတော့ ရှုံးသွားခဲ့ပြီ။ စိတ်မကောင်းလွန်းလို့ နောက်မှ ဆက်ရေးပါမယ်။ မိန်းကလေးတွေ ခမျာ ကြိုးစားပြီး ရှုံးရရှာတာပါ။ ပရိသတ်လည်း အခုထိ မသောင်းကျန်းသေးဘူးဗျို့။ လက်ခုပ်တီးပြီးတောင် မြန်မာလို့ ဝိုင်းအော်ပြီး အားပေးနေသေးတယ်။ ခမျာများ ကြိုးစားလျှက်နဲ့ ရှုံးရတယ်ဆိုတာ ပရိသတ်ကလည်း နားလည်နေပုံရတယ်။

    • လုံမလေးမွန်မွန်

      December 19, 2013 at 2:59 pm

      အမျိုးသမီးအသင်းကတော့ ရှုုံးတာတောင် သိက္ခာရှိရှိ ရှုံးခဲ့တာ…
      ညံ့လို့ရှုံးတာမဟုတ်..ခြေကွာလို့ ရှုံးတာမဟုတ်… ဂုဏ်ယူပါအိ..

  • kai

    December 19, 2013 at 12:10 am

    ဘာဘာ, ဘာပြောရမှန်းတောင်မသိတော့.. :buu:

    • လုံမလေးမွန်မွန်

      December 19, 2013 at 3:00 pm

      သဂျီးရယ်.. သဂျီးက ဘာပြောရမှန်းမသိတာ ဖြစ်နိုင်ပါ့မလား..
      မသိချင်ယောင်များဆောင်နေလားဟင်င်.. 🙄

    • sorrow weaver

      December 20, 2013 at 3:10 pm

      စနစ်ကြောင့်မဟုတ်..စနစ်ကြောင့်မဟုတ်…အဟီးဟီး … ( တဂျီးကို ချစ်လို့စတာ )

  • ကျော်စွာခေါင်

    December 19, 2013 at 4:00 am

    လုံလုံရေ..
    တိုင်းပြည်ချစ်ကြပုံချင်းက မတူဘူးလုံလုံ…
    သခင်ကိုယ်တော်မှိုင်းကလဲ….သူ ့လမ်းသူလျှောက်တယ်..
    သခင်သန်းထွန်းကလဲ…သူလမ်းသူလျှောက်တယ်..
    ကြိုက်သလောက် ချစ်ပြကြပါစေ..
    လမ်းဆုံးရင် ရွာတွေ ့ကြပါလိမ့်မယ်…
    ကိုယ်ယုံကြည်စိတ် ကိုယ့်ချစ်စိတ်နဲ ့လမ်းဆုံးလိုက်ပြီး ရွာက ရွာပျက်ကြီးဖြစ်မနေဘို ့လိုတယ်…။
    ……။……….
    …….
    နံကရိုင်းမယ်တော်အနားမှာ စောင်းသွားတီးရင် မောင်ရှင် ကျွဲခတ်ခံရမယ်..။

    • လုံမလေးမွန်မွန်

      December 21, 2013 at 9:24 pm

      ပြောစကားတွေကို မှတ်သားထားပါတယ် အူးခေါင်ရေ…
      တစ်ခါတစ်ခါတော့ အမုန်းခံပြီး ပြောဖြစ်တယ်.. လူမုန်းများတော့ ဆင်ခြင်ရမယ်ထင်တယ်.. 🙂

  • ဝင့်ပြုံးမြင့်

    December 19, 2013 at 9:42 am

    မြန်မာသင်းနိုင်မယ်ဆိုလို့ကတော့ အိမ်ကယောက်ျားတောင် သူများပေးပစ်လိုက်မယ်။ အဲလောက်တောင် နိုင်စေချင်တာ မျှစ်တို့က။

  • nozomi

    December 19, 2013 at 10:14 am

    လုံမလေး ရဲ့ ခံစားချက်ကို နားလည် သဘောတူပါတယ်
    ိကိုခေါင့် မှတ်ချက်လေးပါတော့ ဒီ ပို့စ် က ပိုလို့ အသက်ဝင်သွားတယ်

    ဘာတဲ့ ” နံကရိုင်းမယ်တော်အနားမှာ စောင်းသွားတီးရင် မောင်ရှင် ကျွဲခတ်ခံရမယ်”
    သဘောကျလွန်းလို့ ကိုခေါင့်ကို ရွာက သွေးဆုံးခါနီး အဒေါ်အပျိုကြီး နဲ့ တောင် ပေးစားချင်စိတ်ပေါ်လာတယ်

    • ဗုံဗုံ

      December 19, 2013 at 10:43 am

      တိန်…. နာ့အူးလေးခေါင်တော့
      စန်းပွင့်ပြီဟ….. :mrgreen:
      မွန်ရေ ဘာဘဲဖြစ်ဖြစ်
      မိန်ကလေးအသင်းအတွက်တော့ ကြေကွဲပါတယ်ဟယ်..
      ကိုယ်လည်းစိတ်မကောင်းဘူး 😥

    • လုံမလေးမွန်မွန်

      December 23, 2013 at 1:30 pm

      ွှူအူးနို..
      နာလည်ပေးတဲ့အတွက် ကျေးဇူးပါနော်…
      အူးခေါင်ရဲ့ မှတ်ချက်ကိုလည်း BC ရွေးထားပါကြောင်း..

      ဒေါ်ဗုံ
      နာဆို ငိုတောင်ငိုပါတယ်ဆို… 😥

  • padonmar

    December 19, 2013 at 9:08 pm

    ဆင်းရဲတဲ့သူက ချမ်းသာတဲ့သူထက် ပိုပြီး ရိုးသားကြောင်းပြဖို့လိုသလို၊
    ဆင်းရဲတဲ့ တိုင်းပြည်က လူတွေဟာလည်း
    ယဉ်ကျေးကြောင်း ပိုပြဖို့လိုပါတယ်။
    ချက်ခြင်းတော့ ကောင်းမလာနိုင်သေးပေမယ့်
    ဒီလို မယဉ်ကျေးတဲ့ အပြုအမူတွေဟာ ရှက်စရာလို့ မြင်အောင်
    ပြောပြောပေးကြရင် တဖြည်းဖြည်းတော့ ပါးလာမှာပါ။
    ပြင်ပေးဖို့က နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။

  • ကပ္ပိယ သာဒင်​

    December 20, 2013 at 9:38 am

    မင်​းတို့​ပေါက်​ကွဲတာက လမ်​း​ဘေးက ကားကိုခဲလာမှန်​တယ်​ကွ ​နွား​တွေရဲ့
    မင်​းနှမလင်​​တွေမနိုင်​တာနဲ့ ငါ့ကား​ဘော်​ဒီရုံ​ရောက်​ရတာ
    ငါကပိုနာတယ်​​စောက်​ကန်​းမျိုးချစ်​​တွေရဲ့
    ​မင်​းတို့နိုင်​ချင်​ရင်​မင်​းတို့ဝင်​ကန်​ပါလား
    မူးရူး​သောင်​းကျန်​းပီးခဲနဲ့ထုတာ ​မင်​းအ​မေလင်​ရဲ့ကားပိန်​သွားတယ်​ကွ​စောက်​ကန်​းမျိုးချစ်​ရ!
    လခွီး
    ​ကောင်​မ​လေးအားနာလို့ ဆဲ လိုက်​ရ​တော့မ​ကောင်​းရှိ​တော့မယ်​

  • မဟာရာဇာ အံစာတုံး

    December 23, 2013 at 12:59 pm

    ဆီးဂိမ်းစ် အပေါ်မှာ ကျော့်ရဲ့ သဘောဒါးကို ပျောဒေါ့ဘာဝူးး
    သို့ပေသိ …
    ကျော့် ချစ်သည်းလေးပေါ် ထားဒဲ့ ကိုယ်ဘိုင်သဘောထားကိုများ မေးလာဂဲ့ယင်ဖြင့်
    မရိုးသော စကားလုံးလေးနဲ့ပဲ တစ်ခွန်းထီး ပျောပလိုက်မယ် …
    ဟက်ကဲ့ .. ရိုးမြေကျ .. ပေါ့ကွယ် ..

Leave a Reply