Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရောင်ဖျော့ သေတမ်းစာ

စဆရ ႀကီးDecember 21, 20131min44211

ကိုရင်စိုင်းတစ်ယောက် ငယ်နုစဉ် ကျောင်းသားဘဝများတုန်းက ကိုရင်စိုင်းတို့ တက်ခဲ့ရာကျောင်းကြီးသည် ကိုလိုနီခေတ်က ကျောင်းဟောင်းကြီးဖြစ်သည့်အတွက်ကတစ်ကြောင်း၊ ဘေးပါတ်ဝန်းကျင်တွင် စစ်စတာဆောင်နှင့် ဖာသာဆောင်များသာ ဝန်းရံနေသည်ကတစ်ကြောင်း၊ ကျောင်းနားမှ ရှေးဟောင်း ရွှေနှလုံးတော် ဘုရားကျောင်း ခန့်ခန့်ညားညားကြီးကို အစွဲပြုပြီး ကိုရင်စိုင်းတို့ ကျောင်းတော်ကြီးကို ချက်ကြီးကျောင်းဟု ခေါ်ဝေါ်သမုတ်ကြလေ၏။ ချက်ကြီးဆိုသည်မှာ တစ်ကယ်တော့ ချာ့ချ်ကြီး လို့ ပြောလိုရင်းဖြစ်ချေသည်တမုန့်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၁၆ နှစ်သား၊ တစ်ကယ်တော့ ထိုအရွယ်သည် မိဘရင်ခွင်မှာ ခိုလှုံလို့ကောင်းတုန်း၊ ကလေးသဘာဝ အပူအပင်ကင်းတုန်း၊ ထိုအချိန်က ကိုရင်စိုင်းတစ်ယောက် လမ်းသစ်ထွင်ခဲ့ပါသည်ဟု ကွကိုယ်ကို သမုတ်သည်ပေါ့။ အများအမြင်မှာတော့ မိဘရင် ခြေအစုံကန်လေသည်ပေါ့။ တစ်ကယ်တော့…

ကိုရင်စိုင်း တစ်ယောက်တည်း အထီးကျန်ခဲ့လေခြင်းပေါ့။

ရောက်ရာပေါက်ရာဆိုပြီးထွက်ခဲ့သည်။ မြန်မာစကားလဲသိပ်ပြီးတော့ မပီ၊ လူတွေအကြောင်းလဲ သိပ်နားမလည်သည့် ကိုရင်စိုင်းတစ်ယောက် ခိုင်းသမျှတော့ သေအောင်လုပ်နိုင်သည်ဆိုသည့် ခံယူချက်ဖြင့် အလုပ်လိုက်လျှောက်လေရာမှ အလုပ်တွေရ၊ အလုပ်ပေါင်းစုံလုပ်၊ အသိအကျွမ်းတွေများလာ၊ ထိုမှတစ်ဆင့် ဆင့်ကာပူရသို့ရောက်၊ ထမင်းစားကျွန်ခံဘဝကနေပြန်လာ၊ မြန်တျန့်ပြည်မှာ ရရစားစား၊ ဝါးဝါးမြိုမြို အလုပ်တွေလုပ်၊ နောက်တော့ မနေနိုင်တာနှင့် အတောင်ပံတပ် အင်ဂျင်တုန်းကြီးများစီးပြီး နောက်ထပ် ထမင်းစားကျွန်ခံဖို့ နောက်တစ်နေရာ ရောက်လာပြန်လေသည်ပေါ့။ ဒီနေရာမှာ ခဏဆိုပြီးနေလိုက်တာ ခုတိုင်အောင်ပဲဟု ဆိုရမည်ပင်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

များမကြာမီမှာပင် မလျှော့သော ဇွဲ/ လုံ့လတို့ကြောင့် ကောင်မလေးတစ်ယောက်အနားမှ မာယာပုရိသ (မှားလို့) မဟာပုရိသတို့ကြားမှ အောင်ပန်းဆင်နိုင်ခဲ့လေ၏။ ကိုရင်စိုင်းတစ်ယောက် ဒီအရွယ်မှ အမြီးမပေါက် ဘာမျောက်လဲဟု အပြောမခံရတော့ပေ။

လူလုပ်နေပေမယ့် လူတော့မဖြစ်သေးသည့်ဘဝပင်။ ကိုရင်စိုင်းညီအငယ်ဆုံးမှ မွေးသည်ပင် မူကြိုတက်နေလေပြီ။ ရှက်ဖွယ်လိလိပေတည်း။

လက်ထပ်ပြီးများမကြာမီမှာပင် ကိုရင်စိုင်းတစ်ယောက် ငါ့ဝမ်းပူဆာ မနေနိုင်သဖြင့် ထိုလိင်ဗျံဂျီးစီးပြီး ပြန်လာရလေ၏။ မင်္ဂလာဆောင်ပွဲကြီးကို တစ်ဖက် ဆွေမျိုးစုံလင်စွာဖြင့်ဆောင်ပြီး တစ်ခဏတာမျှ သတို့သမီးနှင့်ပေါင်းဖက်ပြီး ပြန်လာရလေ၏။ အားလုံးစီစဉ်ထားသည့်အတိုင်းဖြစ်ပါ၏။ လက်ထပ်ပြီးနောက်မှ မထင်မှတ်ထားသည်များ တစ်ပုံကြီးဖြစ်လာတော့၏။

ပြောရမည်ဆို ယုံတမ်းပုံပြင်များသာသာပင်၊ တစ်ကယ့်တစ်ကယ်တော့ တစ်ကောင်ကြွက် တစ်မျက်နှာ၊ အားကိုးစရာသော်မျှမရှိသည့် တစ်ယောက်တည်းဘဝသာတည့်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မနေနိုင်မထိုင်နိုင်ပင်၊ လိုက်လာပါတော့ဟု ရောက်ပြီးများမကြာမီမှာပင် ချစ်ဇနီးအသစ်စက်စက်လေးအား ခေါ်မိ၏။ သူမမှလည်း လွမ်းလွန်းလို့သေနိုင်တယ်.. နင်မသိဘူး.. ငါလွမ်းလွန်းလို့သေနိုင်တယ်.. (သီချင်းတွေတောင်ရောကုန်ပီ) ဆိုလာသဖြင့် လိုက်လာဖို့အရေး၊ အိမ်မှာဘူးတွေ ဝင်ဖြေဖို့အရေးပြောတော့ အင်းမလုပ် အဲမလုပ်ဖြင့် ခေါင်းငြိမ့်လေ၏။ အားတက်မာန်ရော ကြိုးစားလိုက်သည်မှာ ၃ လခန့်ကြာသောအခါထိ CV တောင် မတင်ဖြစ်သေးပေ။ နေ့တိုင်းတော့ မခွဲနိုင်တော့သည်မှာ အခါခါပင်။

ထိုတော့မှ ကိုရင်စိုင်းလည်း ဟိုလိုလုပ်၊ ဒီလိုလုပ်၊ ဟိုလိုတင်၊ ဒလိုတင်ဟုပြောပြီးခိုင်းတော့မှ လိုက်လာဖို့အရေး သေချာသလိုလိုရှိသွားလေ၏။ ထို့နောက် သူမအိမ်မှာဘူး အောင်လေသည်ပေါ့။ စာချုပ်မှာ လက်မှတ်ထိုးပြီးမှ အိမ်မှာဘူးလာသူများမှ ယောကျာ်းနှင့် အတူမနေလျင် ဖြစ်သလားမေးတော့ ဖြစ်ပါတယ်ပြောပြီး လက်မှတ်ထိုးလိုက်သည်ဟု ဆိုလာလေ၏။ ရှိစေသတည်း။ သူမလိုက်လာလိုရင်းပါပေါ့။

နောက်ထပ် တစ်လ၊ နှစ်လ၊ သုံးလ…

သို့နှင့်ပင် မျှော်လင့်ချက်များ ကုန်ဆုံးသွားလေသည်ပေါ့။ သူမမှာ လင်ရှိမုဆိုးမ ဖြစ်နေသလိုကိုရင်စိုင်းတစ်ယောက်မှာတော့ အိမ်ထောင်ကျ တစ်ခုလပ်ဖြစ်နေ၏။ နှစ်သုံးဆယ်၊ အနည်းငယ်သော်မျှချည့် ပြောင်းမလာပေတည့်။ တစ်ယောက်တည်းဘဝမှ တစ်ကောင်တည်းဖြစ်လာသလိုလိုပင်။

နောက်ဆုံးတော့ ဗီဇာအနီးကပ်ကျ၊ လိင်ဗျံလက်မှတ်ကြီးရ၊ ကိုရင်စိုင်းရှိရာ ဆိုက်ဆိုက်မြိုက်မြိုက် သူမရောက်လာလေတော့၏။ သူမအလုပ်အားတောင်းဆိုသောအခါတွင်မတော့ ပထမကတည်းကပင် ယောကျာ်းနှင့် တူတူမနေပါဘူးဟု ကတိခံကလည်း ရှိသည်ကတစ်ကြောင်း၊ မြန်တျန့်ပြည်တွင် လက်ထပ်သည်မှာ ဒီနိုင်ငံမှာ လက်မခံသည့်အတွက် လင်မယားမဟုတ်ကြောင်း၊ သို့အတွက်ကြောင့် ကိုရင်စိုင်းနှင့် လုံးဝ နေခွင့်မပြုကြောင်းပြောသည့်နောက် သူမမှ တစ်လတစ်ခါ ချိန်းတွေ့ကြတာပေါ့ဟု ဝမ်းသာအားရ ဆိုလာလေ၏။

တရားဝင်ဇနီးနှင့် တစ်လတစ်ခါ တရားမဝင် ချိန်းတွေ့ကြရလေမည်တဲ့။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ယခုနံနက် သူမအလုပ်စဝင်လေမည်။ ကိုရင်စိုင်းမှာ ရင်ဘတ်တွေ ထိမ်းမရသိမ်းမရနှင့်။ ကိုရင်စိုင်း လက်ထောက်မန်နေဂျာဘဝနှင့် လုပ်လာသည်မှာနှစ်မနည်းတော့သဖြင့် ဆောင်ရန်၊ ရှောင်ရန်တွေ ဖုန်းဆက်ပြော၏။ သူမမှ စိတ်တိုပါ၏။ မိန်းမပဲ လှအောင်ပြင်မှပေါ့ဟုဆိုကာ ဖုန်းချပြီး ပြင်ပါလေတော့၏။ နောက်တစ်နာရီအကြာ ဖုန်းဆက်သောအခါတွင်မတော့ သူမမှစိတ်ဆိုးမာန်ဆိုး ဆူပူကြိမ်းမောင်းတာ ခံရလေ၏။

နောက်တစ်နေ့တွင်မတော့ ကိုရင်စိုင်း မနေနိုင်မထိုင်နိုင်၊ သူမဖုန်းမပိတ်ပဲထားသည်ကို ခိုးနားထောင်နေသည်ဟု ပြောမိသည့်အတွက် စိတ်ဆိုးဒေါသထွက်ပြီး နေရာတကာ တော်တော်စပ်စုတယ်ဟု ဆိုလာတော့သည်။ ကိုရင်စိုင်းလည်း မပြောချင်လဲ မပြောနဲ့ပေါ့၊ ဒီတိုင်းဖုန်းကိုပဲ ဖွင့်ထားပေါ့ဟုဆိုသည့်အတွက် ပြဿနာ အကြီးအကျယ်တက်ပီး သူမမှ ကိုရင်စိုင်းကို ဖုန်းမခေါ်လျင် ကောင်းလေမည်ဟု ပြောလေ၏။

သူမသည်ကား….

ယောကျာ်းနှင့် မခွဲနိုင်သဖြင့် တစ်မြေရပ်ခြားကို ဇွတ်အတင်း တိုက်တွန်းလို့ ရောက်လာသော ဇနီးမယား

ရောက်လာပြီးတော့ ယောကျာ်းက မနားတမ်းဖုန်းခေါ်နေသဖြင့် စိတ်တွေတို၊ စိတ်ပျက်၊ စိတ်ကုန်၊ စိတ်ပျက်နေရရှာသော မိန်းမ

ယောကျာ်းက အတူတူနေရအောင် အကြိမ်ကြိမ်တောင်းဆိုနေသဖြင့် လုံခြုံစိတ်ချရသော အဆောင်မှ စိတ်ချမှုမရှိသော၊ လုံခြုံမှုမရှိသည့် ယောကျာ်းနှင့် တူတူနေရမည့်အရေးကိုတွေးပြီး ကြောက်လန့်နေရှာသော ဇနီးမယားမှ ဖုန်းဘယ်တော့မှ မဆက်ရင် သိပ်ကောင်းမှာပဲဟု တောင်းဆိုလာသဖြင့်

ကိုရင်စိုင်းတစ်ယောက်

ဖုန်းရှိလျင်ဖုန်းကိုင်မိပေမည်။

ဖုန်းကိုင်မိလျင် ဖုန်းဆက်ချင်လာပေလိမ့်မည်။

ဖုန်းနံပါတ်တစ်ခု၏ အခြားတစ်ဖက်တွင် ကိုရင်စိုင်းဇနီးတစ်ယောက်ရှိနေပေလိမ့်မည်။

ထိုတစ်ယောက်မှ ကိုရင်စိုင်းနံပါတ်ကိုမြင်သည်နှင့် ဒေါနအမျက်တွေ တစ်ချောင်းချောင်း ထွက်နေပေတော့မည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုရင်ရှူံး အရောင်ခပ်ဖျော့ဖျော့ သေတမ်းစာကိုရေးခဲ့ပါ၏။

ကျန်သေးသောအချစ်များ သေဆုံးပြီးသည့်နောက် အကုန်ယူငင်ပါလေ။
အထီးကျန်ခြင်းများကိုတော့ ငါနှင့်အတူ မြှုပ်နှံပါလေ။
သင်တစ်ယောက်မူကား
စိတ်တို၊ စိတ်ပျက်၊ စိတ်ကုန်၊ စိတ်ရှုပ်ခြင်းများမှ

ထာဝရ ကင်းဝေးပါစေသား။

စိုင်းကွမ်းခေး
ရှူံးနိမ့်မှုများနဲ့.. လူ
ဖြူစိုင်း.. လူ

(ခေတ္တလူ့ပြည်)

11 comments

  • alinsett

    December 21, 2013 at 10:37 am

    အရေးအသားကို အားကျ ငေးမောသွားပါဂျောင်းး

    ဒါနဲ့ အတိုဂျီးစိုင်း

    လူလုပ်နေပေမယ့် လူတော့မဖြစ်သေးဆိုတဲ့စကားကို အကျယ် ရှင်းပြပါလားး

    အဟိ
    ညှီကြည့်တာ

    :kwi:

  • sorrow weaver

    December 21, 2013 at 11:01 am

    ကွကိုယ်က အဆင့်မရှိ ..အဖြစ်မရှိသေးသောသူ ဆိုတော့ကာ ..ဆြာသမားကို ဘယ်လိုအားပေးရမှန်းတောင်မသိ …

  • မဟာရာဇာ အံစာတုံး

    December 21, 2013 at 11:42 am

    အွန် …
    ဘိုလိုဂျီးဒုန်းဗျ ..

  • လုံမလေးမွန်မွန်

    December 21, 2013 at 1:11 pm

    အဲ့မှာ မငဂါထပ်​​ဆောင်​လို့ ရဘူးလား… ဘယ်​့နှယ်​…ြကြားရတာ တစ်​မျိုးကြီးပဲ.. အဲ့လို အဖြစ်​​တွေလည်​း ရှိတယ်​…

  • KZ

    December 22, 2013 at 11:10 am

    ကိုရင်စိုင်းရေ။
    စိတ်ဆိုးတုန်း ခဏ ပြောတဲ့စကားတွေ အတည်မယူကြရင် ပြေလည်သွားမှာပါ။
    အခက်အခဲကြားက လက်တွဲလာခဲ့ပြီပဲ။
    ၂ ယောက်ပေါင်းဖို့ကြိုးစားခဲ့ကြတာ ရန်ဖြစ်ဖို့မှမဟုတ်တာနော့။
    🙂

  • TNA

    December 22, 2013 at 11:50 am

    ရောက်ခါစစိတ်လှုပ်ရှားနေလို့ဖြစ်မှာပါ။ နားလည်ပေးလိုက်ပါ။ ချစ်လို့ယူထားကြတာပဲဟာကို။

  • nozomi

    December 23, 2013 at 12:56 pm

    စိတ်မောရပါလား ကိုရင်စိုင်းရေ

    လင်နဲ့ မယား လျှာနဲ့သွား ဆိုတာလို
    အဆင်မပြေတာ သဘောထား မတိုက်ဆိုင်တာတွေက အချိန်နဲ့ အမျှ ရှိနိုင်တာမို့
    နှစ်ဦးသား ညှိညှိ နှိုင်းနှိုင်း သူ ဖြစ်ချင်တာ ဘာလဲ ကိုယ်ဖြစ်ချင်တာ ဘာလဲ
    ဖြေရှင်းကြရင် အဆင်ပြေမယ် ထင်ပါတယ်

    နောက် တစ်ခု ကို်ယ်ရေး ကိုယ်တာ ဝင်စွက်တာတော့ မဟုတ်ပါဘူး
    အခု ပို့စ် သူ သော်လည်းကောင်း သူ့ မိသားစုသော်လည်းကောင်း ဖတ်မိရင်
    အဆင်ပြေပါ့ မလား ခင်ဗျ

    အဲဒီ မှာ တော့ မသိ
    ဒီ မှာ ဒီ လို ကိစ္စမျိုးဖြစ်လို့ ဒါ ငါ့မိန်းမ ပဲ ကွာ ဆိုပြီး အတင်းကာရော သွားလုပ်မိရင်
    ပြသာနာတက်နိုင်တယ်တဲ့ ၊ ဟို ဘလက်သောက်တဲ့ ကိုချော ဆိုတဲ့ လူကြီးတောင် အဲဒီ ကိစ္စနဲ့ ရဲစခန်း တစ်ည အိပ်ဖူးတယ်လို့ သူ ကိုယ်တိုင်း မူးမူးနဲ့ ပြောတာ ကြားဖူးတယ်

    ဘာ ပဲ ဖြစ်ဖြစ်
    အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒုတိယအကြိမ် ဟန်းနီးမွန်းကို ဖြတ်ရတဲ့ အတွေ့အကြုံလေးကို စောင့်ဖတ်နေမယ်နော

  • Wow

    December 23, 2013 at 2:06 pm

    ပစ်ညတ်သွားရာများ ဓာတ်သွား.. အဲလေ.. ဓာတ်သက်ပါသလားလို့ပေါ့လေ… :mrgreen:

  • Crystalline

    December 23, 2013 at 2:58 pm

    စိတ်တောင်မကောင်းပါဘူး ကိုရင်ရှုံးေ၇… အဆင်ပြေကြပါစေနော်.. စိတ်ညစ်နေတုန်းနောက်လိုက်အုန်းမယ်.. ကိုစိုင်းတခါရေးတဲ့ပိုစ့်ကို သဂျီးပြောင်းပြန်ပြန်နောက်တာလေး သွားသတိယတယ်.. ဒီ X’mas ကစလို့ ရှေ့ဆက် ငြိမ်းချမ်းပျော်ရွှင်ရပါစေ..

  • kai

    December 23, 2013 at 3:43 pm

    အဲဒီမြို့..ရွာမှာ.. နောက်တခေါက်ပြန်လက်ထပ်ကြပါကွယ်…။ တိုးတိုးတိတ်တိတ်လိုရင်.. တိုးတိုးတိတ်တိတ်ပေါ့…။
    လူ၂ယောက်… တခါထက်ပိုပြှီးလက်မထပ်ရဘူးလို့.. ဥပဒေမရှိ.. (သင့်) :kwi:

Leave a Reply