နှစ်လူးပြူးမမ မျက်လုံးပြူးသွားခြင်း
နှစ်လူးပြူးမမ မျက်လုံးပြူးသွားခြင်း
ကျွန်တော်နေထိုင်ရာ ရပ်ကွက်လေးသည် ဆိတ်ငြိမ်၏ အရိပ်အာဝါသကောင်းသောသစ်ပင်များရှိသဖြင့် အေးချမ်း၏
ထို့ပြင် ရပ်ကွက်တွင်းရှိ လူများသည်လည်း စည်းလုံးကျ၏မည်မျှ စည်းလုံးညီညွှတ်သည်ဆိုသော် နေ့ဘက်ဆို
တစ်ယောက်အိမ် တစ်ယောက်တတ်ကာ ချဲအတူ တွက်ကြည်မှအစ ညဘက်အတူ ခေါင်းချင်းဆိုင်ဖဲထိုင်ရိုက်ကြသည်အထိ
စည်းလုံးလေသည်။
ပညာရေးအလေးပေးသည့် ရပ်ကွက်ဖြစ်ခြင်းကြောင့်လည်း မိဘများကိုယ်တိုင် 0အပါအဝင် ၁အစ၉အဆုံးဂဏန်းများနှင့်
နေ့စဉ်နပမ်းလုံးနေသည်မှာ အစဉ်အလာတစ်ခုလို ဖြစ်နေပေသည်။ယင်းမိဘများထဲနှိုက် အငြိမ်းစားကျောင်းအုပ်ဆရာမ
များလည်း ပါသကဲ့သို့ 4တန်းနှင့် ဟင်းချကာ ဟင်းစားအတွက် ရုန်းကန်ခဲ့ရသူများလည်း ရှိပေသည်။မည်သို့ဆိုစေ
သူတို့သည်ကား နေ့ရော၊ညရော စည်းလုံးကြပြီး ဂဏန်းများအား အလွန်တန်ဖိုးထားသော သူများလည်း ဖြစ်သည်။
ဒေါ်စန်းမြင့်သည် ရပ်ကွက်ထဲတွင် အတော်အတန်ဩဇာညောင်းသောသူဖြစ်သည်။အသားဖြူဖြူနှင့်ရုပ်ရည်မှာ အရာရှိ
ကတော်ရုပ်ပေါက်ရ် အများ၏ အော်တိုလေးစားမှုကို လက်ပိုက်ခံယူရရှိနေသူလည်း ဖြစ်သည်။ကိုယ်တိုင်ကလည်း
မဟုတ်မခံနှင့် ဇာတ်ဇာတ်ကြဲတုံ့ပြန်တက်သူဖြစ်ပေရာ အများက ကြောက်ရွံ့ရိုသေမှုကို ခံနေရသူလည်း ဖြစ်သည်။
တစ်ခါက ရာအိမ်မှူးကတော်အား ခပ်တည်တည်နှင့် ဟောက်လိုက်ရာ တစ်ဖက်သူမှာ မျက်နှာငယ်လေးနှင့်ကျန်ခဲ့သည်ကို
တွေ့ရဖူး၏။
မည်သို့ပင်ဖြစ်စေ ရပ်ကွက်ထဲရှိ အိမ်ရှင်မအပေါင်းတို့သည် နေ့စဉ် ဒေါ်စန်းမြင့်အိမ်သို့ မလာရ မနေနိုင်ကြပေ။နေ့စဉ် ဆောင်ရွက်ရမည့်ဝတ္တရားတစ်ခုသဖွယ် ကလေးများကျောင်းပို့ချိန်ပြီးပါက ဒေါ်စန်းမြင့်အိမ်သို့ တစ်ယောက်ပြီး တစ်ယောက် ပေါက်ချလာလေသည်။အိမ်တွင် လူစုမိသည်နှင့် တစ်ယောက်တစ်ပေါက် ပုံသေနည်းအဖုံဖုံဖြင့် တွက်ချ လေသည်။ဒေါ်စန်းမြင့်သည် အားလုံးထဲတွင် သချာင်္ဘွဲ့ရသူဖြစ်ခြင်းကြောင့် အများ၏ ကိုးစားခြင်းကိုလည်း ခံရသည်။
သို့သော် ဒေါ်စန်းမြင့်မှာ သချာင်္နည်းဖြင့် တွက်ချက်ခြင်းထက် ဘိုးတော်၊မယ်တော်များ၏ အိမ်မက်ပေးဂဏန်း၊တရေးနိုး ဂဏန်း၊ကျိန်းသေပေါက်ဂဏန်းစသည့်စာစောင်များဝယ်ယူပြီး အဖြေထုတ်နေခြင်းသက်သက်မျှသာ ဖြစ်သည်။
ဒေါ်စန်းမြင့် လက်ကိုင်ပြုအားကိုးထားသော စာစောင်များမှာ လျှာဖြတ်၊အပြီးပေါက်၊ကျိန်းသေပေါက်၊ပိုင်တစ်လုံးဘိုးဘိုးကြီးနှင့် နှစ်လုံးကိုင်မယ်တော်၊နှစ်လုံးထိပ်ခေါင် အဘပြောင် တို့ပင် ဖြစ်သည်။
သို့သော် လောက၏ သဘာဝအရ ကျိန်းသေပေါက်ဆိုငြား ပေါက်ချင်မှ ပေါက်တတ်သည့်အဖြစ်မျိုးလည်း ကြုံ့ရတတ်သည်။သို့သော် နာမည်ကတော့ အဲဗား ကျိန်းသေပေါက်ဟု ရေးထားမြဲ ရေးထားဆဲဖြစ်သည်။
ယင်းစာစောင်များတွင် အချို့က
“ဒီတစ်ပတ် ဒီတစ်လုံး ထွက်ကို ထွက်ရမယ်၊မထွက်ရင် လာဖြတ်လိုက်(လျှာ်နော်…ပုံ..လျှာဖြတ်ဘိုးဘိုးကြီး”
“တစ်ပီးကတ်…တစ်ပတ်ကီး ၄ ၅ ၆ ၈ နာမည်ကြီး”
ယင်းကဲ့သို့ စာများလည်း ရှိသကဲ့သို့
အတိတ်နိမိတ်ကောက်ယူရသော် စာများလည်း ရှိပေသေးသည်။ယင်းတို့မှာ
“အဘ ဒီတစ်ပတ်အကြိုက်ဆုံးကတော့ မိုးယုံစံနဲ့အွန်စော်ပဲ။အူဝဲလေးကတော့ နံပါတ်နှစ်ဦးစားပေးပေ့ါ”
ယင်းကဲ့သို့စာများလည်း ရှိသကဲ့သို့ ဒိုင်မြင်ယုံနှင့် ကျောချမ်းသွားစေနိုင်လောက်သော ဂဏန်း ဟောစာတမ်းများလည်းရှိသည်။ယင်းတို့မှာ…
“ဒိုင်ဖင်ထိုင်မေ့ဂဏန်း၊ဒိုင်ငုတ်တုတ်မေ့ဂဏန်း၊ဒိုင်အော်ငိုဂဏန်း၊”
“ပက်ပက်စက်စက်ထိုး၊ရက်ရက်စက်စက်ထိုး၊မပေါက်မချင်းထိုး၊စိန်ခေါ်ပြီးထိုးဂဏန်း”
များလည်း ရှိပေသည်။ထူးပေဆန်းပေစွ….။ဒီကြားထဲ
“ဒီဟာမြင်ရင် ဒီဟာနဲ့ကပ်၊ဟိုဟာထွက်ရင် ဒီအလုံးနဲ့ပိတ်”
ဆိုသည့် ဟောစာတမ်းများလည်း ရှိပေသေးသည်။
အထင်နှင့်အမြင်၊အထိုးနှင့်အထွက် လွဲသွားသည့် အခါမျိုးတွင်ကား….
“အင်း….အမက မလှန်လိုက်တာကိုး..”
“ကိုယ်ကကျူး ကိုယ်မွေးဂဏန်းတောင် မယုံရပါလားနော်…”
“ရက်ရက်စက်စက်ထိုး၊ပက်ပက်စက်စက်ထိုးဆိုလို့ ထိုးလိုက်ပါတယ်။ရက်ရက်စက်စက်နဲ့ပက်ပက်စက်စက်ကို ကွဲသွားပါတယ်…အဟင့်…”
“ဘယ်ဂဏန်းမြင်ရင် ဘယ်ဂဏန်းနဲ့ကပ်ဆိုလို့ ကပ်လိုက်တာ..အခုတော့ ပိုက်ဆံအိပ်ထဲ ဘာမှမမြင်တော့လို့ ဘယ်သူဆီ
သွားကပ်ရတော့မလဲ မသိတော့ဘူး”
“အပိုင်ဆိုပြီး အိမ်တိုင်ချွတ်လိုက်တာကွာ..တစ်လုံးလေး ကပ်လွဲသွားတယ်။တေရော.အခုတော့ ချွတ်စရာ ပုဆိုးပဲ
ကျန်တော့တယ်။ ”
ဒီလိုနှင့် ဂဏန်းများနှင့် ရှာပုံတော်ဖွင့်လာကြသော ဒေါ်စန်းမြင့်တို့လူစုတစ်သိုက်အတွက် တစ်ခုသော သောကြာနေ့ညနေခင်းနှိုက်…….
ဒေါ်စန်းမြင့်။ ။“ဟေ့…ရီမြင့်..ဘယ်က ပြန်လာတာလဲ…”
ဒေါ်ရီမြင့်။ ။“အမရေ..တရားရုံးကနေ အခုပဲ ပြန်လာတာလေ..ကျွန်မတို့အမှုက မပြီးသေးဘူးလေ.”
ဒေါ်ရီမြင့်“ဒါနဲ့ တရားရုံးမှာ ကျွန်မတို့ ဝယ်နေတဲ့ ဟိုစာစောင်ရဲ့ ဘိုးတော်ကို တွေ့ခဲ့ရတယ်”
ဒေါ်စန်းမြင့်။ ။“ဟင်..ဟုတ်လား..”
ဒေါ်ရီမြင့်“လူတွေဝိုင်းအုံနေတာမို့ ကျွန်မလည်း စပ်စုမိတာ.အမရယ်.ဘိုးတော်ဆိုလို့ အသက်ကြီးကြီးများ အောက်မေ့တယ်။”
ဒေါ်ရီမြင့်“ငယ်ငယ်လေးတော့။အသားကလည်း ဖြူဖြူလေး။ပိန်ပိန်ပါးပါးနဲ့ လက်မှာလည်း လက်စွပ်တွေနဲ့”
ဒေါ်စန်းမြင့်။ ။“ဒါနဲ့ သူက ဘာဖြစ်လို့ တရားရုံးရောက်နေရတာလဲ.ဘာမှုလည်း..”
ဒေါ်ရီမြင့်“မယားခိုးမှုတဲ့.အမရေ…သူ့ဆီ ဂဏန်းလာတောင်းနေတဲ့ မိန်းမတစ်ယောက်နဲ့ ဖြစ်သွားတာတဲ့”
ဒေါ်စန်းမြင့်။ ။“……”
ဒေါ်စန်းမြင့်မျက်နှာမှာ ဘရက်ပစ်အား အခြောက်ကြီးဖြစ်ကြောင်း ကိုယ်တွေ့ကိုယ်ကျ သိလိုက်ရသကဲ့သို့ ပြုံးရခက်၊ငိုရခက်ဖြင့် အီလည်လည်ကြီး ဖြစ်သွားလေသည်။ထိုစဉ် ဘေးမှ အိမ်ရှင်မတစ်ယောက်က…
“အော်..အပြီးပေါက်ဘိုးတော်လည်း အပေါက်မှားရင် ဂိတ်ပေါက်ရောက်ရတာပဲနော်….”
အဖြစ်ကား ဧီသို…ဧီနှယ်လည်း ရှိတတ်ပေသည်။…
သို့သော် ဒေါ်စန်းမြင့်တစ်ယောက် ယနေ့ကစပြီး ချဲမထိုးတော့သည့်ကတော့ အမှန်ပင်ဖြစ်သည်။
သွေးနက်
4 comments
khaung shan
August 9, 2010 at 8:32 am
ဟား…ဟား…ဟား…။မိုက်တယ်ကွာ…။သဘောကျတယ်..။
Congratulation Thwe Net! You are so clever.
moethidasoe
August 16, 2010 at 10:21 am
ဘယ်လောက်ပဲ ရေးကြရေးကြ .. နှစ်လုံးပြသနာကတော့ ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူးလို့ ထင်တယ် .. ဘာကြောင့်လဲဆိုတော့ သူက ထီထိုးတာထက် ဖြစ်နိုင်ချေနှုန်းထား မြင့်တာကိုး .. နောက်ပြီး နေ့တိုင်း ဆိုတော့ .. တစ်ရက် မရ နောက်တစ်ရက် ရနိုးရနိုးနဲ့ အိမ်တိုင်ချွတ် ပေါင်နှံရသူတွေ မနည်းပါဘူး .. ဒါပေမယ့် အသိတရား ရမယ် ထင်သလား .. ဝေးသေး .. အနားမှာရှိတဲ့ ဥပမာအရ .. ဒီအမှုနဲ့ ထောင်ထဲ ရောက်ခဲ့ပေမယ့် ထွက်လာတော့လဲ အတိုးချလို့ .. ကိုင်း .. ဘာပြောမလဲ ..
tunaung
September 4, 2010 at 5:55 am
ထေါင်ထဲမှာတောင်နှစ်လုံးထိုးလို့ရတယ်ဆိုဘဲ ကမာ္ဘမှားဒီတနိုင်ငံဘဲရှိမယ်ထင်တယ်
lovesickkalay
September 4, 2010 at 8:38 am
ဖြစ်နိုင်ပါ့မလားအဲဒါကြီးကတော့..