ဂဇက်ကဗျာချစ်သူများရဲ ့ကဗျာပြခန်းအမှတ်(၁၄)

alinsettJanuary 3, 20146min55139

အမျက်ဖြေ လင်္ကာ

သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်
ကြငှာန်းလည်းခံ
မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာ
ရေမျက်နှာထက်
ခဏတက်သည့်
ရေပွက်ပမာ
တသက်လျာတည်း။

ကြင်နာသနား
ငါ့အားမသတ်
ယခုလွှတ်လည်း
မလွတ်ကြမ္မာ
လူတကာတို့
ခန္ဓာခိုင်ကြည်
အတည်မမြဲ
ဖောက်လွဲတတ်သည်
မချွတ်စသာ
သတ္တဝါတည်း။

ရှိခိုးကော်ရော်
ပူဇော်အကျွန်
ပန်ခဲ့တုန်၏
ခိုက်ကြုံဝိပါက်
သံသာစက်၌
ကြုံလတ်တုံမူ
တုံ့မယူလို
ကြည်ညိုစိတ်သံ
သခင် မွန်ကို
ချန်ဘိစင်စစ်
အပြစ်မဲ့ရေး
ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ
ငါ့ခန္ဓာတည်း။

=====================================

“ဇန်နဝါရီလ ရောက်ပြီမို့”

မှုန်ပြာလို့ ရီမှုန်မှုန်

နှင်းမြူဖုံးလို့ အအေးကပို

လပြာသို ခွါညိုပန်းရယ်သင်း

နောက်ကျပ နေအာရုံရယ်

အရှေ့ဆီက ထွက်ပေါ့နေရောင်ဝယ်

နေပူဆာလှုံကာ နွေးစေလို့

အေးလှတဲ့ဆောင်း။

ကမ္ဘာအလည်မှာ ဒီမြန်မာဆိုတာက

လွတ်လပ်တဲ့ ဒို့တိုင်းပြည်ပါဗျ

ကြွေးကြော်ကာ ဂုဏ်တင့်စေဖို့

လေးရက်နေ့ ဇန်နာဝါရီအခါမှာ

ရလာတဲ့ လွတ်လပ်ရေး

ထူးလှတဲ့လ ဆိုရချည်သေး

ရောက်ခဲ့ရ ဇန်နဝါရီပါဗျ။


================================

ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ

အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်ဘုံစနစ်နဲ့
မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲစိတ်
ညစ်နေမိတယ်။

သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..
ကက်ထရီနာလိုအဆုံးရှုံးများစေတတ်လည်း
ချစ်မယ်။
တင်မိုသီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။

မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။

ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့
လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်းချစ်မယ်။

တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။

====================================

စွယ်တော်အိပ်မက်

တပွင့်တည်း
ရင်ထဲကစွယ်တော် …။

နှစ်လွှာပေါင်းတစ်ရွက်ဆိုပေမယ့်
ကြမ္မာပြောင်း တစ်သက်ဝေးရင်ဖြင့်
တွေးကြည့်ဖို့တောင်မဝံ့ရဲ
ပန်းချွေသူ လက်ထဲရောက်လို့
နွမ်းခြောက်ပြီးကြွေကြွေ
ပွင့်ဖတ်တွေ ဝဲချင်ဝဲ
တစ်စစီပြန့်ကျဲလည်း
ရနံ ့မပြေ ရင်မှာလှိုက်လို့
တရှိုက်မက်မက် ….။

==============================

“ အဖြူရောင် အလွမ်း”

ငါ တို့ ကမ္ဘာလေးထဲ

ငါ တို့ မသိတဲ့ မျက်နှာတွေ များများလာတယ်

ငါ တို့ လျှောက်ဖူးတဲ့ လမ်းတွေမှာ

ခြေရာဟောင်းတွေ မှုန်ရီ ပျက်စီး

ငါ တို့ ဥယျာဉ်လေးထဲ

သံစဉ်အားလုံး တိတ်ဆိတ်အေးစိမ့်

ငါ တို့ အတူရှိဖူးတဲ့

ညခင်းမွှေးမွှေးတွေမှာ

အရင်လို ရနံ့မစုံခဲ့တာ ကြာပြီ

ငါ တို့ ကောင်းကင်ပေါ်

ကြယ်ပွင့်လေးတွေ

ပိုပိုလင်းလက်လာတာမှန်ပေမယ့်

ခမ်းနားတဲ့ နေ့ရက်တွေ ရောက်တိုင်း

နင် မေ့နေတဲ့

ငါ တို့မြေရဲ့ နွေးထွေး မူ့တွေကို

နင့် ဆီ

ပါဆယ် ထုပ်ပြီး ပို့ပေးချင်တယ် ။ ။

=============================================

လေးရက် ဇန်နဝါရီ

တိုင်းတစ်ပါးကျွန် အဖြစ်မခံ
တွန်းလှန်ကာထုတ် ဇာတိမာန်အဟုတ်နဲ့
တောနယ်မြို့မကျန် တစ်ပြည်လုံးညံလို့
ဦးဆောင်အောင်ဆန်း မလျှော့တန်းနဲ့
နယ်ချဲ့အင်္ဂလိပ် တိုက်ထုတ်ဖြစ်တော့
ဖက်ဆစ်ဂျပန် ကြီးစိုးပြန်လို့
တစ်ခါပြန်လှန် တွန်းလှန်ထုတ်ဖို့
အင်္ဂလိပ်နယ်ချဲ့ ပြန်ကာသွင်းခဲ့
တောင်းဆိုလွတ်လပ်ရေး ပေးရန်မနှေးတော့
နယ်ချဲ့အလိုကျ ဦးစောပြုသမျှ
အကြံပက်စက် လုပ်ကြံတဲ့အတွက်
ဗိုလ်ချုပ်အပါ ကျဆုံးသော်လည်း
သခင်ဦးနု ဆက်လက်စွမ်းဆောင်
တောင်းဆိုလွတ်လပ်ရေး ရလာခဲ့ပြီ
လွတ်လပ်ပြီ လွတ်လပ်ပြီ
ဒို့တွေ လွတ်လပ်ပြီ
ကြွေးကြော်သံတွေ ညံကာစီ
လေးရက် ဇန်နဝါရီ။

=======================================

နွေးထွေးစွာ ကြိုဆိုပါမည်

we get off our freedom on 1948.
ဒီစာသားလေးမြင်ရတုန်းက
ကြက်သီးတွေတဖြန်းဖြန်းထခဲ ့ရတယ်
လွပ်လပ်ရေးအတွက်ကြိုးပမ်းခဲ ့တဲ ့
တို ့ရဲ ့အဖေ တို ့ရဲ ့အဖိုး
ယနေ ့တိုင်မမေ ့နိုင် ဖြစ်ခဲ ့ရတယ်

လေးစားပါတယ်
ဦးညွှတ်ရင်းနဲ ့
ဂါရဝတရားလည်းထားခဲ ့ပါတယ်

တောင်ပေါ်မြေပြန် ့မခွဲခြားပဲ
စည်းရုံးကြပါ ညီညွှတ်ကြပါ
ဆိုမိန် ့ခဲ ့တဲ ့စကား
ယခုအချိန်မှာ ရှားပါးခဲ ့တယ်
ပြည်နယ်ပြည်မ မခွဲခြားပဲ
တန်းတူဆက်ဆံခဲ ့တဲ ့
တို ့ဗိုလ်ချူပ်ကို
ယနေ ့ဘယ်သူ
အရေးလုပ်နေသလဲ………..
စဉ်းစားရင်း……..
စဉ်းစားရင်း…….
အဖြေရှာမရ
သေချာတာကတော ့
၆၆နှစ်ပြည် ့လွပ်လပ်ရေးနေ ့ကို
ကြိုဆိုလိုက်ကြရအောင်ဗျာ….

=======================================

ငွေဆောင်နားကရွာကလေး

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ..တဲ့
ရွာထဲမီးမလင်းဘဲ
ဖယောင်းတိုင်လေးလည်းတိုနေပြီ
အဝေးကကြားနေရတဲ့ ဗျောက်အိုးဖေါက်သံနဲ့
“တဟေးဟေး”အော်ဟစ်သံတွေ
တကယ်ဆို ကိုယ့်အစာကိုဆင်ကလုစားလို့
ပဋိပက္ခဖြစ်နေတဲ့ အိမ်ကမောင်လေးနဲ့ အဖေ
မနေ့က ငွေဆောင်မှာ
ပုဇွန်ကင်လေးရောင်းရငွေကိုရေတွက်ကြည့်မိတယ်
အဖေစပါးပေးယူထားလို့ ကုတ်သွေးစုပ်တဲ့ ဖုတ်ကောင်တွေ မနက်ဖြန်လာတော့မယ်
ကိုယ့်အိမ်ရှေ့က ပန်းပင်လေး
အခုဆိုမွှေးနေလောက်ပြီ
တခါတလေ ငွေဆောင်မှာ ငွေ တွေဆောင်ဖို့
ပန်းခေါင်းအညွှန့်ချိုးခံရလေမလား
ကမ္ဘာကြီးက အသက်ရှုကြပ်တယ်
ဘဝရယ်….
တောင်စပ်မှာတဲလေးတစ်လုံးနဲ့
လယ်ယာစိုက်စားရတဲ့အနုပညာ
ပင်လယ်ကြီးက ပြာသလား
လူတွေပင်လယ်လာလာကြည့်ကြတာ
အံဩမိတယ်
အမေကချောင်းတဟွတ်ဟွတ်ဆိုးနေပြီးအသံကပြာလို့
သမီးဘယ်ကမ်းခြေမှာ ငိုရှိုက်ရမလဲ စတုတ္ထတန်းရောက်ပြီး နေ့စားထွက်လုပ်နေရတဲ့ မောင်ငယ်လေးရေ
ရာသီဥတုက သာယာလာပါပြီ
ပုဇွန်ကင်လေးတွေ လိုက်ရောင်းရင်း
ကမ်းခြေအလှကိုခံစားခဲ့ပါကွယ် ။

=================================================

ကြိုမသိနိုင်တဲ့ ပဟေဠိ

ဘယ် “အချိန်” လဲ….
တိတိကျကျ
မသိနိုင်တဲ့
နေ့စွဲတစ်ခုမှာ
ငါတို့ရဲ့
အသက်ရှူခြင်းတွေအားလုံး
ရပ်တန့်သွားကြမှာပါ…။

ဘယ်လို ကံကြမ္မာ
ဘယ်လို ရောဂါမျိုးတွေက
ငါတို့ကို နှိတ်စက်
ဘယ်သုဿန်မှာ
အိပ်ကြရမှာလဲ…ဆိုတာ
ငါတို့ ဖွင့်ဖတ်ခွင့်မရှိတဲ့
သေမင်းလက်ထဲက
ပဟေဠိဆန်မှု တစ်ခုပါပဲ…။

ငါတို့ဟာ
ဘယ်ကို သွားရမယ်မှန်းမသိတဲ့
သံသရာရဲ့
မျက်ကန်းခရီးသည်တွေ
အချစ် ၊ အလွမ်း ၊ အမုန်း….
လောဘ၊ ဒေါသ ၊ မောဟ…
အနိုင်အရှုံး အနိမ့်အမြင့်…
ဖောက်လွဲဖောက်ပြန်
လောကဓံ ဝင်္ကပါထဲ
အိပ်မက် အတုယောင်တွေနဲ့
လမ်းပျောက်ရင်းသာ

ဒီလိုနဲ့
ဘဝခရီးကို
ထက်ဝက်ကျိုးလုလု
အမှုမှတ်မဲ့စွာ
စီးဆင်းခဲ့ကြပြီးပြီ………..လေ။

=======================================

တောင်းဆု

တစ်သက်လုံး သိမ်းထား ပါရစေ
ရင်မှာလေ တင်းကြပ်
ရင်းခဲ့ရ ဝေဒနာ
မင်းအတွက်ပါ
အတွယ်အတာ မဲ့
အကာအရံ မဲ့ ဘဝ ထဲ
မသိမ်းသွင်းရက် ပါ
အမြင့် ပျံငှက်
နှုတ်မဆက်နဲ့ ကွယ်
ရဲရဲ သာတက် မငဲ့ကွက်နဲ့
မင်းအတွက်.. အကောင်းဆုံးဖြစ်ခဲ့ ပါစေ
ဒါပေမယ့် ..
အတောင် ညောင်းပျက်
နားခိုရာမဲ့ခဲ့ရင်
အနီးဆုံး ရင်ခွင်
ကိုယ် ရှိ နေချင်ပါ တယ် ။ ။

========================================

မေ ဘယ်သို့ စေမှာလဲ…

ဖျတ်ခနဲတွေ့ နေ့ညစိုးမိုး
ခိုးတွယ်ရင်ထက် စက်လည်းမပျော်
မျှော်လည်းမလာ မှာလည်းမခြွေ
ဝေဆဲမနွမ်း လွမ်းတသသ
တလျက်ခုံမင် မြင်ချင်အိပ်မက်
ရှက်ယောင်အပြုံး မုန်းယောင်အချစ်
ပစ်ယောင်မပြေး ထွေးယောင်မပွေ့
မွေ့လျော်မနွမ်း ကျွမ်းသော်မဖြေ
ဝေပါရင်ထက် ခက်လက်စိမ်းစို
ထိုမြိုင်အုံ့ဆိုင်း မှိုင်းတုံ့လင်းချည်
သည်တစ္ဆေည လှပရွှန်းတင့်
ခင့်မျက်ဝန်းလျှင် မြင်သော်စိတ်ပန်း
နွမ်းရိရော်ဆွေး ဝေးမှလှိုက်ဖို
ညိုမှောင်ရီဝေ နွေဆီသို့ကူး
မူးလို့အန်ထွက် နက်ဖန်နေရောင်
မှောင်စေသော်ငြား နားခေါ်ထားရှိ
သိစေလိုကြောင်း တောင်းဆုတွေခြွေ
မေ ဘယ်သို့လေ စေမှာလဲ…။ ။

==================================

ညီမငယ်လေးသို ့….

ပုံရိပ်ယောင်သွင်
အမှန်ထင်
လေဝယ်ဖမ်းရင်း
ပြေးထွက် အဝေးဆီ
ညီမငယ်လေး…
မင်းအခုဘယ်ဋ္ဌာနီ……

ကြယ်တွေရဲ ့အလယ်
လမ်းပျောက်နေရှာတယ်
ဟိုတဖက်ကမ်းက ညီမငယ်
လမ်းမှန်တွေ ့
အိမ်အရောက်ပြန်နိုင်ပါစေကွယ်။

————————————————————-

“ကမ္ဘာပြားကြီးအောက် ငုံ့ကြည့်တော့ ကဗျာဆရာကိုတွေ့တယ်”

ငါတို့လောကဓံက ကော်ဖီမစ်လို ချိုတာထက် ခါးတာပိုများ

အရသာ၊ ပိုရှိ၊ လွှတ်,ကြိုက်

အနုပညာအတွက် ငွေကိုကန်းနေတော့ အားလုံးထက် ပိုငတ်ပြတ်တယ်

ဘာဖြစ်လဲ တစ်ကိုယ်လုံး ထွန်ယက်ထားတာ

တစ်ပြည်လုံးစားဖို့ အဲ့ဒီလိုကြွေးကြော်မယ် ဒါ… ကဗျာဆရာ

အသက်နဲ့ လူလုပ်တာမဟုတ်၊ စာသားနဲ့ လူလုပ်တာ

ခင်ဗျား ချဉ်ချင်လည်းချဉ်

လောကမှာ အရာရာရှုံးရင်တောင် ခံစားမှုအမြတ်ထွက်တာ ငါတို့ပဲ

ငါတို့ ထွက်ပေါက်မှာ ဘယ်သူလာပိတ်ပိတ်

အဲ့ဒီသူကို သတ်ပစ်မယ်ဆိုတဲ့အစွမ်း ကဗျာထဲမှာ စီးနေတယ်

ဟေ့ အုတ်ရောရော ကျောက်ရောရော ကဗျာဆရာဆိုတာ မရှိဘူး

မင်တို့ပြောတဲ့ အပေါစားဆိုတာ ငါတို့ လူရာမသွင်းတဲ့ကောင်တွေ

ခေတ်ကြီးရဲ့ တာဝန်ကျေပွန်ဖို့ နင့်နေတဲ့ခေတ်ကြီး တစ်ကိုယ်လုံး

ငါတို့ ကျောပိုးထားတာ၊ လွယ်လွယ်တော့ မဟုတ်ဘူး

ငါတို့,ငါတို့တွေဟာ

ရယ်သံတွေနဲ့ ကဗျာချူရသလို မျက်ရည်တွေနဲ့ ကဗျာချူခဲ့ဖူး

ငါတို့,ငါတို့တွေဟာ

အားမာန်တွေနဲ့ ကဗျာသွေးရသလို စိတ်ကျရောဂါနဲ့ ကဗျာသွေးခဲ့ဖူး

တစ်ခါတစ်ခါလည်း

ငုပ်သမျှ လှုပ်ယူဖူးသလို လှုပ်သမျှလည်း ငုပ်ယူခဲ့ဖူး

ငါတို့ဟာ ငါတို့အပေါ် တစ်ခုခုကျလာသမျှ

အဲ့ဒီတစ်ခုခုကို ဇော်ဂျီတောင်ဝှေးနဲ့ တစ်ခုခုဖြစ်အောင်လုပ်လိုက်တဲ့ဝိဇ္ဇာ

မြေလျှိုးပြီးပုန်းနေတဲ့ အမှန်တရားကို မိုးပျံအောင် ဖော်ပစ်မယ်ဆိုတဲ့စိတ်

ဒီလိုအရေးအသားနဲ့ အပြောသမားကို လောကက မောင်းထုတ်မယ်

အလိမ်အညာကို မလှန်နိုင်အောင် နွှာပစ်မယ်

မျက်နှာဖုံးတွေ စုတ်ပြတ်အောင် ခွာပစ်မယ်

ငါတို့ဟာ ငါတို့အလုပ်နဲ့ ငါတို့

ဆူးတွေထွင်းမယ် မြက်တွေရှင်းမယ် သစ်ပင်မခုတ်

မောင်ချောနွယ်ပြောတဲ့

ဝဋ်နာကံနာလှံကြီးတောင် ငါတို့တဆုံး မြိုထားသေးတာပဲ

ဘယ်ခြိမ်းခြောက်မှုကိုမှ မကြောက်

ငါတို့စီးတဲ့မြစ်ဟာ ဖြောင့်ဖြောင် (ထပ်ပြောမယ်)
ငါတို့စီးတဲ့မြစ်ဟာဖြောင့်ဖြေ


    Pages: 1
  • 2

39 comments

  • alinsett

    January 3, 2014 at 7:46 am

    ကဗျာကို ချစ်သူများခင်ဗျားး

    ဒီတစ်ခေါက် ကဗျာပြခန်းကိုတော့
    ဖွင့်လိုက်တာနဲ့ မြင်ရအောင်
    ကဗျာတွေ ရှေ ့ထုတ်ပြထားပါတယ် လို ့

    ကဗျာပြခန်းကို ကဗျာအသားပေးအနေနဲ့ တခြားလည်း ရှည်ရှည်ဝေးဝေး
    ရေးမပြထားပါဘူး လို ့

    ကဗျာတွေကို အားရပါးရ ခံစားကြပါနော့

    လေးစားချစ်ခင်လျက်

    ဆက်ဆက်

    🙂

  • Mr. MarGa

    January 3, 2014 at 9:11 am

    ကဗျာလေးတွေကိုလဲ ဖတ်သွားကြပါ။
    ကြိုက်တာလေးတွေလဲ ရွေးပေးသွားကြပါ။
    မှတ်ချက်ကလေးများလဲ ပေးသွားကြပါ။
    အဆင်မပြေတာရှိရင်လဲ ပြောသွားကြပါကုန်။
    (ဒီပြခန်းကို အစမှအဆုံး အလက်ဆင်း တာဝန်ယူတာကြောင့် အားမနာတမ်း ဝေဖန်နိုင်ပါကြောင်း :mrgreenn: )

    • alinsett

      January 3, 2014 at 9:33 am

      ဒီ ဒဂျားးး

      လျှာကို အရိုးတပ်ပြီး မွှေပြီ

      :kwi:

  • ဗုံဗုံ

    January 3, 2014 at 10:36 am

    တမီး ဗုတ်ရတော့မလား ..အူးအူးဆက် :mrgreen:

    နာ့ရဲ့ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့…. ကဂျာက

    ဘယ်ဒေါ့ တင်ပေးမှာဒုန်း….. 🙁

    • alinsett

      January 3, 2014 at 11:43 am

      အကြိုက်ဆုံး သုံးပုဒ်ကို ဗုတ်ပါ တမီးလေးအိုစမာဗုံလာဒင်ရယ်

      🙂

  • KZ

    January 3, 2014 at 11:19 am

    ဗုတ်ပြီးကြောင်းးးး

    😀

    • alinsett

      January 3, 2014 at 11:45 am

      ကျေးဇူးတင်ပါကြောင်းးး
      :kwi:

  • ဗုံဗုံ

    January 3, 2014 at 3:06 pm

    5 ပုဒ်ကြိုက်တယ်ဟယ်…..
    ဆန်ကာတင် သုံးပုဒ်ကို
    ဗုတ်ထားခဲ့တယ်…..

    • alinsett

      January 3, 2014 at 5:40 pm

      ကျေးဇူးငါးခါ တင်တယ်ဟယ်
      ဒါပေမယ့် ဇဂါတင် သုံးခါ တင်ပလိုက်တယ်
      😆
      🙂

  • TNA

    January 3, 2014 at 10:13 pm

    ငွေဆောင်နားကရွာကလေးကတော့ရင်ထဲဒါရိုက်ထိတာပဲ။ 😥 ကျန်တာတွေလဲကြိုက်တယ်။ အကြိုက်ဆုံး သုံးပုဒ်ရွေးလိုက်ပါတယ်။ ဗုတ်ပြီးကြောင်း။

    • alinsett

      January 4, 2014 at 10:55 am

      ကျေးဇူးပါ တဲသီ

      🙂

      ငွေဆောင်နားက . . . .ကဗျာလေးကို ကျနော်လည်း သဘောကျတယ်
      ဝတ္ထုတစ်ပုဒ်လိုပဲ. . .

  • padonmar

    January 4, 2014 at 12:38 am

    ဒီတပတ်တော့ သတ်ပုံဝင်တည်းဖြတ်ရတော့မယ်။
    အဖြူရောင်အလွမ်း-ဥယာဉ်ကိုဥယျာဉ်ပြင်ရန်၊
    ညီမငယ်လေးသို့-ဋ္ဌာနီကို ဌာနီပြင်ရန်၊
    ကြိုမသိနိုင်တဲ့ ပဟေဠိxခေါင်းစဉ်မှာ ပဟေဋ္ဌိဖြစ်နေ၊နှိတ်စက်-နှိပ်စက်ပြင်ရန်၊
    သု ဿာန်– ကို သုသာန် ပြင်ရန်၊
    ငွေဆောင်နားက-ပန်းခေါင်းအညွန့်ချိုးကို ပန်းကောင်းအညွန့်ချိုးပြင်ရန်။
    အခုဗုုတ်ခဲ့ပြီနော်။
    (စွယ်တော်အိပ်မက်က စာနည်းနည်းကျန်နေမလားလို့ ၊သူက ကာရန်လေးချိတ်ရေးထားတာဆိုတော့လေ။..တရှိုက်မက်မက် နောက်မှာ လွမ်းနေဆဲ/ဆွေးနေဆဲ .အဲသလို တခုခုထည့်ရင် ပိုပြေသွားမယ်ထင်တာပဲ၊ရမ်းတုတ်ကြည့်တာ)

    • alinsett

      January 4, 2014 at 7:49 am

      သတ်ပုံနဲ့ စာသားအမှားတွေ ထောက်ပြပေးတာ ကျေးဇူးပါ အန်တီရေ

      ကပျာကယာ အနားကပ်မှ ထ လုပ်နိုင်ကြတာမို ့အမှားတွေ သေချာမစစ်လိုက်နိုင်ဘူးဖြစ်သွားတယ်

      🙂
      စွယ်တော်အိပ်မက်က ပေးထားတာတော့ အဲဒါလေးပဲ။
      ကဗျိုတာလေးပေါ့

      🙂

  • သေသေချာချာအချိန်ပေးပြီးဖန်တီးပေးထားတာပဲ။
    ချီးကျူးပါတယ်ကွယ်။
    ဖတ်ပြီးဗုတ်သွားပါတယ်

    • alinsett

      January 4, 2014 at 10:56 am

      မမနန်းရေ

      ကျေးဇူးပါနော်

  • ဗုံဗုံ

    January 6, 2014 at 2:19 pm

    ဂနေ့လည်း ဗုတ်ခဲ့တယ်ဟေ့…. :mrgreen:
    တစ်ခါဗုတ်တိုင်း တစ်ဆယ်ယူမယ်..ဒါဗြဲ

    • တိမ်တမန်

      January 8, 2014 at 9:10 pm

      ဟာဟ..

      တစ်ခါမန့်တိုင်းတစ်ဆယ်ရလိမ့်မယ်ထင်ထားတဲ ့..အိုစမာဗုံလာဒင်လေးရေ…

      မသိရင်မှတ်ထားပါ..အိုစမာဗုံလာဒင်ရယ်..

      ပိုစ့်တစ်ပုဒ်ထဲ.. ကွန်မန့်ပေးရင်…
      အခါခါ..ပေးလည်း..တစ်ခါစာ.. တစ်ဆယ် ပဲ..ရပါတယ်.ကွယ်.. ။

      😆

      • TNA

        January 20, 2014 at 1:08 pm

        အရင်ရွာစည်တုန်းက လာထားနှစ်ကျပ်ကလေးကိုသတိယတယ်ဟယ်။

        • ဒညင်းဝက်

          January 20, 2014 at 8:39 pm

          အခုတော့…..
          သုံးကျပ်လည်း.ဖြစ်သွားရော…..

  • မိုး မင်းသား

    January 7, 2014 at 7:43 pm

    အမှန်အတိုင်းပြောပါဗုံဗုံ…..

    ဘယ်သူ ့တွေကိုဗုတ်သွားသတုန်း…….

    သိနေသလိုပဲနော်…အလင်းဆက်ရေ…..

    နောက်နေတာပါ…ကျူပ်လည်းဗုတ်သွားသဗျိူ ့……

    ကျေးဇူးတင်ပါတယ်ခင်ဗျာ………..းးးးးးးးးးးးးးးးး

  • မိုး မင်းသား

    January 7, 2014 at 7:52 pm

    အလင်းဆက်ကိုယ်စားအန်တီပဒုမ္မာကို….

    ကျေးဇူးအထူးဥပကာရတင်ရှိပါတယ်ခင်ဗျာ…….

    အလင်းဆက်ပြောပြီးပေမဲ ့ကျွန်တော်ကထပ်ပြောခြင်းဖြစ်ပါသည်။

  • surmi

    January 8, 2014 at 9:04 am

    လူလစ်တုန်းဆန်ရင်းနာနာဖွတ်ဦးမှ 🙂
    ဒီအထဲမှာ ​လေးလုံးစပ်​ပုံစံတစ်​ပုဒ်​​တွေ့မိသလိုပဲ …
    မူရင်​းကဗျာဆရာရဲ့ ဆန္ဒ ဘယ်​လိုရှိမယ်​မသိ​ပေမယ်​့
    ပါဒတစ်​ခုစီကို ပုဒ်​က​လေး​တွေများထည်​့သင်​့သလားလို့..။
    ​နောက်​ပြီး… ကဗျာ​တွေရဲ့စာ​ကြောင်​းအထားအသိုနဲ့ အဖြတ်​​အ​တောက်​​လေး​တွေလည်​း ဂရုစိုက်​သင်​့ပါ​ကြောင်​း….

    • တိမ်တမန်

      January 8, 2014 at 9:13 pm

      ဟုတ်… ။

      ပါဒတစ်​ခုစီကို ပုဒ်​က​လေး​တွေများထည်​့သင်​့သလားလို့..။

      အဲဒါကို.. ကျွန်တော်လည်း.. ဦးဆာနဲ ့..တစ်သဘောထဲပါပဲ..လို ့.. ။
      :kwi:

      နောက်ပြခန်းတွေမှာ.. ဂရုစိုက်မယ့်..အချက်တွေပေါ့ .. ။

      ကျေးဇူုးပါဦးဆာ…

  • ကပ္ပိယ သာဒင်​

    January 9, 2014 at 10:42 am

    ​ငွေ​ဆောင်​ ကိုကြိုက်​တယ်​
    ပြခန်​းအဖွဲ့​တွေကို​လေးစားပါတယ်​

    • တိမ်တမန်

      January 9, 2014 at 8:04 pm

      ဟုတ်ကဲ ့…ကျေးဇူးပါ…

      ကြိုက်တဲ ့အထဲက..အကြိုက်ဆုံး.သုံးပုဒ်ကို..ဗုတ်ပေးသွားပါဦးနော်…

      🙂

  • Nay Chi

    January 10, 2014 at 2:37 pm

    ငွေဆောင်နားက ရွာကလေး
    လရောင်ဟောက်ပက်မြို့တော်
    စွယ်တော်အိပ်မက်

    ၃ပုဒ် ဗုတ်သွားကြောင်း 🙂

    • တိမ်တမန်

      January 10, 2014 at 8:57 pm

      ကျေဇူးပါ…မမနေခြည်….

      အဲဒီ ကဗျာသုံးပုဒ်ကို..ကျနော်လည်း..သဘောကျနေမိတာ….

      🙂

  • မဟာရာဇာ အံစာတုံး

    January 10, 2014 at 3:28 pm

    ငါလည်း ..
    နင့် ထိပ်ကို ပုတ်ရင်းနဲ့
    ဗုတ်သွားဒယ်ကွယ် …

    • တိမ်တမန်

      January 10, 2014 at 8:56 pm

      ထိပ်ဆိုတာ…
      ငယ်ထိပ် မပုတ် ပြီးဒါဗဲ…

      ကျန်တာ..ဘာထိပ် ပုတ် ပုတ်…

      :kwi:

  • kyeemite

    January 13, 2014 at 1:36 pm

    ကဗျာပြခန်းက တမျိုးပြီးတမျိုး မရိုးနိုင်အောင်ဆန်းလှတယ်..
    နောက်ကျနေတာခွင့်လွှတ်ကွယ်
    အကြိုက်သုံးပုဒ်ဗုတ်သွားတယ် :kwi:

    • Mr. MarGa

      January 13, 2014 at 3:52 pm

      နောက်ကျဒဏ်ကြေးအနေနဲ့ ကဗျာတစ်ပုဒ်ပေးပါရန် 🙂

  • ခင် ခ

    January 16, 2014 at 1:32 pm

    မောင်အလင်းဆက်ရေ FB ကနေ မတ်လအတွက်ပေးပို့ထားပါကြောင်း အသိပေးတာပါ။
    မရောက်ခဲ့ရင် ပြန်ပြောနော်။ ဂျီကပို့ရတာကြာနေလို့ FB ဘက်ကသုံးလိုက်ရတာ။

    • တိမ်တမန်

      January 16, 2014 at 5:44 pm

      ကဗျာလေး…ရရှိပါတယ်…လေးခရေ…
      အင်တာနက်နဲ ့အဆက်ပြတ်နေတာမို ့..
      အခုမှ… သိမ်းလိုက် နိုင်ပါတယ်.. ။

      ကျေးဇူးပါ…ခင်ဗျ ။

  • အရိပ်စစ်

    February 5, 2014 at 12:21 am

    ဗုတ်တွားပီနော်…..

  • မီ မီ

    February 6, 2014 at 7:15 pm

    ကဗျာပြခန်းလေးကို လေ့လာပညာယူသွားပါတယ်ရှင်
    ဝင်ပြိုင်ဖို့ မရဲပါဘူး
    ဖိတ်ခေါ်တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

  • ဒညင်းဝက်

    February 7, 2014 at 6:57 am

    ကဗျာပြခန်းဆိုတာ ကဗျာပြခန်းပါ လို့
    ပြိုင်ပွဲသဘောမျိုးမဟုတ်ပါဘူးလို့
    ပြခန်းထဲက အကြိုက်ဆုံးကဗျာတစ်ပုဒ်ကို အားလုံးသဘောနဲ့ လွတ်လပ်စွာ ရွေးချယ် ထုတ်ပြီး ကဗျာဆရာကို ဂုဏ်ပြုတဲ့သဘောလေးပါပဲ လို့

    ပြခန်းကို ကဗျာလေးတွေ ချီးမြှင့်ပေးပါဦး လို့
    🙂

  • alinsett ( Gazette )

    February 10, 2014 at 8:10 pm

    အကြိုက်ဆုံးကဗျာဆုရှင်….
    ညီမငယ်လေးသို ့….ဆိုတဲ ့.. ကိုတော်တွင်းပျော်ရေ…
    ဂုဏ်ယူဝမ်းမြောက်ပါတယ်…ခင်ဗျ…

Leave a Reply