ကမ္ဘာတစ်လွှား ထူးထူးခြားခြား နှစ်ကူးပွဲတော်များ
————————————–
————————————–
Denmark – ပန်းကန်တွေ ခွဲ
ဒိန်းမတ်နိုင်ငံက လူအများဟာဆိုရင် ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်ခင် အထိ အသုံးမလိုတော့တဲ့ ပန်းကန်ပြားတွေကို စုဆောင်းထားတတ်ကြပါတယ်။ နှစ်ကူးပြီဆိုတာနဲ့ သူငယ်ချင်းတွေရဲ့ အိမ်တံခါးကို အဲ့ဒီပန်းကန်တွေနဲ့ ရိုက်ခွဲတော့တာပါပဲ။
————————————–
————————————–
Ecuador – စက္ကူမီးရှို့
အီးကွေဒေါ က လူတွေဟာဆိုရင် နှစ်သစ်ကူးည သန်းခေါင်ယံအချိန်မှာ စက္ကူတွေကို မီးရှို့ခြင်းနဲ့ နှစ်သစ်ပွဲ ဆင်နွှဲတတ်ကြပါတယ်။ ပြီးတော့လည်း နှစ်ဟောင်းက ဓာတ်ပုံတွေကိုလည်း မီးရှို့တတ်ကြပါတယ်။ ဒါတွေ အားလုံးဟာဆိုရင် အနာဂါတ်မှာ ကံကောင်းခြင်းတွေနဲ့ တွေ့ဆုံဖို့ အတွက်ပါတဲ့။
————————————–
————————————–
Spain – စပျစ်သီး ၁၂ လုံးစား
စပိန်နိုင်ငံက လူတွေမှာတော့ နှစ်ကူးညမှာ စပျစ်သီး ၁၂ လုံးကို ပါးစပ်ထဲ တစ်ခါတည်း သိပ်ထည့်ပြီး စားနိုင်ဖို့ ကြိုးစားကြပါတယ်။ အကယ်၍ ဒီလို တစ်ခါတည်း စားနိုင်ခဲ့မယ်ဆိုရင်တော့ဖြင့် လာမယ့်နှစ်ဟာ ကံကောင်းခြင်းတွေနဲ့ စောင့်ကြိုနေပါလိမ့်မယ်လို့ ယူဆကြပါတယ်။
————————————–
————————————–
Estonia – အလျှံပယ် စားခြင်း
Estonia နိုင်ငံမှာဆိုရင် နှစ်ကူးမှာ ဘာလုပ်သလဲဆိုတော့ အလျှံပယ် စားသောက်တတ်ကြပါသတဲ့။ ခုနစ်ခါ စားသောက်ကြတယ်ဆိုပဲ။
————————————–
————————————–
Scotland – ပထမဆုံး ခြေလှမ်း
စကော့တလန် နိုင်ငံမှာတော့ နှစ်ကူးဆို အိမ်တံခါးဝမှာ အတားအဆီးလေး တစ်ခု လုပ်ထားတယ်ပေါ့။ အဲ့ဒီ အတားအဆီးကို ပထမဆုံး ကျော်ဝင်လာတဲ့ လူဟာဆိုရင် နှစ်သစ်မှာ ကံကောင်းခြင်း လက်ဆောင်တွေကို သယ်ဆောင်လာသူလို့ ဆိုနိုင်ပါတယ်တဲ့။ ဟုတ်လားတော့ မသိဘူး။
————————————–
————————————–
Panama – ပုံတူရုပ်အား မီးရှို့ခြင်း
ပနားမားနိုင်ငံက လူတွေကတော့ နှစ်သစ်မှာဆိုရင် ထင်ရှားကျော်ကြားသူတို့ရဲ့ ပုံတူ ရုပ်တုတွေ လုပ်ပြီး မီးရှို့တတ်ကြပါသတဲ့။ ဒါကလည်း နှစ်သစ်ကို ကံကောင်းခြင်းတွေနဲ့ စတင်ဖို့အတွက်ပါတဲ့။
————————————–
————————————–
Finland – သတ္တုသွန်းလောင်းခြင်း
ဖင်လန်နိုင်ငံက လူတွေကတော့ဖြင့် အပေါက်လေးတွေထဲ သတ္တုတွေ သွန်းလောင်းချပြီး ဖြစ်ပေါ်လာတဲ့ ပုံစံကို နိမိတ်ဖတ်လို့ နှစ်သစ်ကို အတိတ်ကောက်တတ်ကြပါသတဲ့။
————————————–
————————————–
Siberia – အေးခဲနေသော သစ်လုံးများ
Siberia နိုင်ငံက လူများကတော့ဖြင့် နှစ်သစ်မှာဆိုရင် သစ်လုံးကြီးတွေ သယ်ဆောင်ပြီး အေးခဲနေတဲ့ ရေထဲကို ခုန်ချတတ်ကြပါသတဲ့။
————————————–
————————————–
South Africa – ပရိဘောဂများ လွှင့်ပစ်ခြင်း
တောင်အာဖရိက ဒေသတစ်ချို့မှာရှိတဲ့ လူတွေဟာဆိုရင် နှစ်သစ်မှာ မိမိတို့ အိမ်တွင်းက အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို ပြတင်းပေါက်ကနေပြီး လွှင့်ပစ်ကြလေ့ ရှိပါသတဲ့။
————————————–
————————————–
Ireland – ပေါင်မုန့်စွမ်းအင်
အိုင်ယာလန်မှာ နေတဲ့ လူများကတော့ဖြင့် နှစ်သစ်မှာ ဘာလုပ်တတ်ကြတုန်းဆိုရင် သူတို့အိမ် နံရံများကို ပေါင်မုန့်များနဲ့ ရိုက်ခတ်ပြီး မကောင်းဆိုးဝါးတွေကို ပထုတ်တတ်ကြပါသတဲ့။
————————————–
————————————–
Chile – သင်္ချိုင်းထဲမှာ အိပ်
ချီလီနိုင်ငံက လူများကတော့ဖြင့် နှစ်ကူးညမှာဆိုရင် သူတို့ရဲ့ ချစ်သောသူများ အိပ်စက်အနားယူသွားကြတဲ့ သင်္ချိုင်းများမှာ ညအိပ်တတ်ကြပါသတဲ့။
————————————–
ဘာသာပျံ ….
ပရော်ဖက်ဆာ ငါးထပ်ကွမ်း
ဒေါက်တာ ဆယ်ထပ်ကွမ်းရ ..
ရမ်းဖြီးကျွန်းပြန် အံချာဒုံး
————————————–
11 comments
TNA
January 2, 2014 at 6:01 pm
အံချာဒုံး နီကကော ဘိုလိုနှစ်ကူးသဒုန်း။
ထူးထူးခြားခြားနှစ်ကူးတာတွေကိုမှတ်သားသွားတယ်အေရယ်။
alinsett
January 2, 2014 at 6:21 pm
ဗုသုတ ရဒယ်ကွယ့်
ရှဲပေးတာ ရှဲရှဲပါကွယ့်
ညီလေးငဲ့
😆
KZ
January 2, 2014 at 6:52 pm
Estonia
Estonia
Estonia..! 😀
Mr. MarGa
January 3, 2014 at 8:52 am
ဒီတစ်ခါတော ့ ဒီဂျီးဒေါ်နောက်က လိုက်တာကောင်းမယ်
Estonia ကို သွားမယ်….. :mrgreenn:
ဗုံဗုံ
January 3, 2014 at 11:26 am
နာတော့ နှစ်သစ်ကူးည
အထိမ်းအမှတ်အနေနဲ့…
တညောင်ညောင်အော်နေတဲ့
ကြောင်နှစ်ကောင်ကို ဝရံတာက
ပစ်ချလိုက်တယ်….
လမ်းမှာတွေ့တဲ့ ခွေးတစ်ကောင်ကိုလည်း
ပိတ်ကန်ပစ်ခဲ့တယ်……
ဘယ်မှမသွားရလို့… 🙁
•*¨နန်းတော်ရာသူ •*¨
January 4, 2014 at 11:37 am
ငါတို့ကတော့ တရုတ်နှစ်ကူးဆိုတစ်ညလုံးဖဲရိုက်ကြတယ်။
(အရင်တုန်းကပြောတာနော်)
မဟာရာဇာ အံစာတုံး
January 6, 2014 at 9:51 am
@ တိုရီးသဲ
ကျော်ကတော့ နှစ်ကူးယင်
ဟိုဒင်းကို အကျပန လှန်၊ သဘာဝ လေညှင်းတွေကို တစ်ဝကြီး ရှူရှိုက်ရင်းနဲ့
အာဋာလ ဟင်းလင်းပြင်ကြီးအောက်မှာ လွတ်လပ်စွာ အင်းအင်းပါတတ်ပါတယ် … ငိငိငိ
@ အောင်မဲလင်း
အေးအေး … သန်းခရု
@ ကေဇက်၊ မာဃ
အက်စတိုးနီးယား … အက်စတိုးနီးယား …
ချီလီ လို့ရော အော်ဂျင်ဘူးလား
@ ဗုံဗုံ
လမ်းပေါ်က ခွေးကို ပိတ်ကန်တယ်လည်း ပြောသေးတယ်
ဘယ်မှ မသွားရဘူးလည်း ပြောသေးတယ်
နင် ဂေါက်နေတာပဲ ဖြစ်ရမယ် … အဟွတ်
@ ယောက်ခမ
အခုတော့ ဖဲ မရိုက်တော့ဘူးပေါ့ …
အေးလေ …
ခေးနှီယောက်နဲ့ဆိုဒေါ့ဂါ
ယားရင်တောင် ကုတ်အားလောက်ဘူး ထင်ဘာဒယ် …
ဒရာမာ ဇာတ်ကား ကြည့်တာတော့ ပါဘူးပေါ့နော် … ငိငိငိ
cobra
January 6, 2014 at 6:07 pm
မြန်မာနိုင်ငံက နှစ်သစ်ကူးကတော့
ရဲစခန်း နဲ ့ဆေးရုံမှာ
လူစုပြီး နှစ်သစ်ကူးတယ်။
မြင်တာကိုပြောတာနော်
ဟုတ်မဟုတ်တော့ မသိဘူးရရ်….။
🙂
မောင်မိုဘိုင်(သလ္လာဝတီ)
January 19, 2014 at 4:22 am
chile ကလူတွေလုပ်တဲ့ နှစ်သစ်ကူးပွဲကို သဘောကျတယ်….
နောက်နှစ်ကျရင် ကျနော်လည်း အဲ့လိုလုပ်မယ်….
Paing Lay
January 19, 2014 at 4:07 pm
မမ KZ ဘက်က တစ်မဲပါတယ်ဂျို့ Estonia Estonia Estonia Estonia Estonia 😛
သျှားသက်မာန်
January 19, 2014 at 5:18 pm
အခုလိုပို့စ်ရေးတဲ့အတွက်ဗဟုသုတရပါတယ်..အကြိုက်ဆုံးကတော့
ပရော်ဖက်ဆာ ငါးထပ်ကွမ်း
ဒေါက်တာ ဆယ်ထပ်ကွမ်းရ ..
ရမ်းဖြီးကျွန်းပြန် အံချာဒုံး လို့ကိုယ့်ကိုယ်ကိုနောက်တီးနောက်တဲ့ရေးခြင်းပါပဲ