ဒုတိယ ရဲ့ အနုပညာ

SawAungJanuary 14, 20141min3925

မိုးတွေဟာ မှောင်းလို့ မည်းလို့

ထစ်ချုပ်မိုးနဲ့ ပြန်ကာသွားတယ်။

 

ချိန်းချိန်းပြီး မရွာခဲ့ဘူး

အဲသည် သည်းကြီး မည်းကြီးကို စောင့်နေခဲ့သူတစ်ယောက်။

 

အချစ်တစ်ခုဟာ တစ်ပါးသူရဲ့လက်အောက်မှာ

ပြားပြားဝပ်လို့ အသက်ငင်နေတယ်။

 

အမှန်တော့ (၁)ဖြစ်နေတဲ့ကောင်က

သူ့ရှေ့မှာ (၀)ရှိနေတာ မမြင်ခဲ့ဘူး။

 

ဒုတိယဟာ အကောင်းဆုံးအရှုံးသမား

ဟုတ်တယ် သိပ်ကိုသနားစရာကောင်းတယ်

သနားတာကိုလည်း ခံချင်တဲ့ကောင်မဟုတ်ဘူး

 

လက်တစ်ဖက်ကမ်းလင့်ဖို့ နောက်ထပ်လက်တစ်ဖက်လိုတယ်

လက်တစ်ကမ်းနောက်ကျကျန်ခဲ့တဲ့ အရာတွေဟာ

ဒုတိယဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့ပြီးဆုံးကာသွားတယ်။

 

ဒုတိယဆိုတာလည်း အနုပညာတစ်ခုပါပဲ

သူဟာသိမ်သိမ်မွေ့မွေ့နဲ့ အဆုံးသတ်ရှာတယ်။

 

ကြီးကြီးကျယ်ကျယ်စကားလုံးတွေ သူ့နှုတ်ကဘယ်တော့မှမထွက်ရှာဘူး

ကြီးကြီးကျယ်ကျယ်စကားကို ကြီးကြီးကျယ်ကျယ်တွေပဲသုံးကြတယ်။

 

နောက်ဆုံးမှာ အနုပညာဟာ အချစ်လိုပဲ

တစ်ယောက်တည်း ခမ်းနားစွာ အဆုံးသတ်ရှာတယ်။

 

ဒါဟာ အချစ်နဲ့အနုပညာ

ဒါဟာ ဒုတိယရဲ့အနုပညာ

ဒါဟာ အနုပညာရဲ့အနုပညာ

ဒီနေရာမှာ ကြီးကျယ်ခမ်းနားခြင်းတစ်ခုမှမပါဘူး။

 

………………..

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

အောက်တိုဘာ ၁၂ရက် ၂၀၁၃ခုနှစ်

နံနက် ၁၁နာရီ ၁ဝမိနစ်

5 comments

  • kyeemite

    January 14, 2014 at 1:32 pm

    ကိုအောင်မိုးသူက ကဗျာရေးလည်းကောင်းတာပဲ…

    • aung moethu

      January 14, 2014 at 2:02 pm

      ဝတ္တုကို ပိုအားသန်တယ် ကိုကျီးမိုက်ရေ….။ ဘာပဲဖြစ်ဖြစ် အားပေးတာ ကျေးဇူးဗျ။

  • အသည်းကွဲရင် ကဗျာဆရာဖြစ်တယ်ဆိုတာ အဟုတ်လားဟင်…
    😥
    ကဗျာတွေကိုမကြိုက်ပေမယ့် တစ်ကြိမ်တစ်ခါတော့ကဗျာဆရာဖြစ်ခဲ့ဖူးတယ်
    😀

    • aung moethu

      January 15, 2014 at 11:03 am

      ကဗျာက တစ်ခါတစ်လေပဲ ရေးဖြစ်ပါတယ်။ ကျတော်က ဝတ္တုတို့ အက်ဆေးတို့ ရေးဖြစ်တာများတယ်။

Leave a Reply