Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန် – စောဝေ

Mr. MarGaJanuary 14, 20142min374325

ရန်ကုန်

ရန်ကုန်ဟာ
မွှေးကြိုင်သင်းပျံ့တဲ့ ပန်းတွေနဲ့
နင်းချေကျိုးပဲ့နေတဲ့ ပန်းတွေကို ပန်တယ်။

ရန်ကုန်ဟာ
နှစ်ပေါင်း ၂၅၀ဝ သက်တမ်းရှိပြီဖြစ်တဲ့
စင်ကြယ်မြင့်မြတ်ခြင်းကိုပြတဲ့
ရွှေတိဂုံစေတီတော်နဲ့
လွပ်လပ်စွာကိုးကွယ်ခွင့်ကို ပန်တယ်။

ရန်ကုန်ဟာ
နိုင်ငံ့ရတနာ အနုပညာသမားပေါင်းများစွာနဲ့
သူတို့ရဲ့ ဖန်တီးမှုတွေကို ပန်တယ်။

ရန်ကုန်ဟာ
ပင်လယ်လေ ကောင်းကင်ပြာနဲ့
စိတ်ထားကောင်း အမြဲဆင်ယင်ထားတဲ့
ပရဟိတဂေဟာ လူအိုရုံတွေကို ပန်တယ်။

ရန်ကုန်ဟာ
ဒဏ်ရာတွေပြည့်နေတဲ့ ဖိနပ်ပေါင်းများစွာ
လမ်းမတွေပေါ်ကျန်ရစ်ရတဲ့ အဖြစ်တွေကို
၁၉၆၂ က ယခုချိန်ထိ ပန်တယ်။

ရန်ကုန်ဟာ
ပြည်သူ့အရေးအခင်းတွေကို သွေးခင်းလို့
ကျည်ဆံပေါက်တွေနဲ့ သင်္ကန်းကို ပန်တယ်။

ရန်ကုန်ဟာ
နေ့စဉ်နေ့တိုင်း လမ်းလျှောက်ထွက်ပြီး
ညစ်ပတ်နံစော်နေတဲ့ ကန်တော်ကြီးကို ပန်တယ်။

ရန်ကုန်ဟာ
လူကျပ်၊ ကားကျပ်၊ အနေကျပ်နဲ့
လက်ဝါးရိုက်စားနေတဲ့
မိုးကျရွှေကိုယ် စည်ပင်လူကြီးတွေကို ပန်တယ်။

ရန်ကုန်ဟာ
စင်္ကာပူလိုဖြစ်ရမယ်ဆိုပြီး
ခိုးဆိုးနှိုက်နဲ့ လာဘ်ပေးလာဘ်ယူတွေကို ပန်တယ်။

ရန်ကုန်ဟာ
ကထိန်ပဒေသာပင်ကို ဘူတာကြီးမှာ
စောင့်အိပ်ပေးတဲ့
အိပ်ခြေယာမဲ့ ခလေးတွေနဲ့
မော်တော်ပီကယ်ကို ပါးရိုက်တဲ့
ခလေးကြီးကို ပန်တယ်။

ရန်ကုန်ဟာ
ပြည်သူတွေအတွက် အရှုံးခံ လုပ်ပေးရလို့
တိုင်းပြည် ကမာ္ဘ့အဆင်းရဲဆုံးဖြစ်ရတယ်ဆိုတဲ့
လူကြီးလုပ်စားသူတစ်ယောက်ကို ပန်တယ်။

ရန်ကုန်ဟာ
တစ်ပဲလောက်လှူပြီး ဒေါ်လာတစ်သန်းလောက်ပြန်ယူတဲ့
မြေမှန်သမျှ သိမ်းတဲ့
ခရိုနီကြီးတွေကို ပန်တယ်

ရန်ကုန်ဟာ
အောက်စိုက် မရှိတဲ့ ဝန်ထမ်းငယ်လေးတွေနဲ့
လာစာမမက် အောက်စိုက်သာမက်တဲ့
အရာရှိကြီးတွေကို ပန်တယ်။

ရန်ကုန်ဟာ
တိုင်းပြည်သယံဇာတတွေ ထိန်းသိမ်းမယ်ပြောပြီး
သယံဇာတတွေ ခိုးနေတဲ့
ပခုံးထက်က ကြယ်ပွင့်ကြီးများနဲ့
လူမဟုတ်တဲ့ လူ့ဘီလူးကြီးတွေကို ပန်တယ်။

ရန်ကုန်ဟာ
မဲဆွယ်တုန်းက ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြောပြီး
အမတ်ဖြစ်သွားတော့
ရပ်ကွက်ကို ရေပြတ် မီးပြတ်လုပ်သွားတဲ့
လေပေါနေတဲ့ အမတ်တွေ ပန်တယ်။

ရန်ကုန်ဟာ
အမေစု အမေစု ဆိုပြီး
တရားပွဲ လူထောင်သောင်းထဲ
ဆေးလိပ်သောက် ကွမ်းစား
လူ့အခွင့်အရေးနားမလည်တဲ့
ပါတီဝင်တွေကို ပန်တယ်။

ရန်ကုန်ဟာ
နေ့စဉ်နဲ့အမျှ
သူ့အပေါ် ရောက်ရှိလာတဲ့
ဒုက္ခရော သုခပါ
အပြုံးမပျက် ပန်တယ်။

ရန်ကုန်ဟာ
ရန်တွေ ကုန်ဖို့
ရန်ကုန်ဟာ ရန်ကုန်ကို ပန်တယ်။

                                                                               စောဝေ

 

ရန်ကုန် ကဗျာ
ရန်ကုန် ကဗျာ
ရန်ကုန် ကဗျာကို ဒီမှာလဲ ရွတ်ခဲ့တယ်
ရန်ကုန် ကဗျာကို ဒီမှာလဲ ဒီလိုရွတ်ခဲ့တယ်
တွေ့ဆုံပွဲမှာ ရွတ်တဲ့ဟန်
တွေ့ဆုံပွဲမှာ ရွတ်တဲ့ဟန်
ဘဝတက္ကသိုလ်ကို ဒီလက်မှတ်နဲ့ ရောက်သွားတာ
ဘဝတက္ကသိုလ်ကို ဒီလက်မှတ်နဲ့ ရောက်သွားတာ

 

ပြောစရာ သိပ်များများ မရှိ

ဥက္ကဋ္ဌကြီးက ဖြစ်နိုင်ရင်ရှာတင်ပေးပါလား တောင်းဆို

မနောက ပြည့်ပြည့်ဝဝ မခံစားရ တဲ့

တီသဲက လိုချင်ပါတယ် ပြော

ထိုအကြောင်း ထိုအကြောင်းကြောင့်

မသော်(နန်းတော်ရာသူ) ကိုမေးကာ

သူပေးသောပုံကို မောင်မာဃ စာရိုက်တင်ပါသည်။

ကွန်မန့်တွင်ရေးပေးရန် တွေးလေသော်…..

ပို့စ် တွေများနေသဖြင့် အဆင်ပြေမည်မထင်သောကြောင့်

သီးသန့်တင်ပေးလိုက်ပါသည်။

ရွာပွဲ အမှတ်တရကဗျာတစ်ပုဒ် ဖြစ်စေသတည်းးးးး

 

 

25 comments

  • ဦးကျောက်ခဲ

    January 14, 2014 at 2:41 pm

    ဆြာစော အဲသည့်ကဗျာရွတ်နေတုန်း…
    ဖုန်းကင်မရာနဲ့ ဓာတ်သေ ဓာတ်ရှင်ရိုက်ပေးလိုက်ပါသေးတယ်…
    အဲ… ဒါပေမည့် သူ့ဖုန်းမို့ သူနဲ့အတူ ပြန်ပါသွားတယ်…
    😀

  • TNA

    January 14, 2014 at 2:58 pm

    ကျေးဇူးပါ သဂျားရေ။ သိမ်းသွားပါတယ်။

  • MAUNG

    January 14, 2014 at 3:10 pm

    ကျေးဇူးပါ Bro

  • kyeemite

    January 14, 2014 at 3:51 pm

    ကျေးဇူးကြီးလှပါတယ်သဂျားမင်းရေ…ကိုယ်တင်ထားတဲ့တွေ့ဆုံပွဲပို့စ်မှာတောင်သူ့အကြောင်းနဲ့ သူ့ကဗျာလင့်
    ရှာဖွေရေးလုပ်ပြီးဖြည့်စွက်လိုက်သေးတယ်…လေးစားလို့ပါ..

  • ခင် ခ

    January 14, 2014 at 4:15 pm

    ရန်ကုန်မှာ ရန်ကုန်ကဗျာကို
    ရွတ်ကာဆိုတော့
    ရန်ကုန် သား ရန်ကုန် သူ တွေ
    ကြက်သီးထသပေါ့
    သို့သော်လည်းဘဲ
    သူပြောသလို ဆက်ပန်စဲ။

  • Ma Ma

    January 14, 2014 at 4:19 pm

    ဒီတစ်ခေါက်တွေ့ဆုံပွဲကို ကြီးကျယ်ခန့်ငြားသွားစေတဲ့ ကဗျာဆရာနဲ့ ကဗျာကို ရွာထဲမှာ သိကြားမင်း မှတ်ကျောက်တင်ပေးလိုက်ပြီကောာာာာာာ 🙂

  • နားထောင်ရင်းနဲ့ ကြက်သီးထခဲ့ရတဲ့ ကဗျာ..
    လေးစားပါတယ် ဆရာစော..

    ကျေးဇူးတင်ပါတယ် သဂျားမင်း..

  • Mr. MarGa

    January 14, 2014 at 5:35 pm

    ဦးကျောက်
    လက်သွက်သွက်နဲ့တော့ ကူးထားလိုက်တာမဟုတ် 🙂

    တီသဲ
    အနော့်က တင်ပေးရုံပါ။ ရှာပေးတာက မသော်ဗျ။

    အစ်ကိုမောင် (ငင် ဟုတ်သေးဘူး ပြောင်းခေါ်မယ်) ကိုရင် Maung
    ဖတ်တဲ့အကြောင်း မန့်ပေးသွားလို့ ကျေးကျေး

    ဦးမိုက်
    ဦးမိုက် အစဖော်ပေးလို့ ရှာဖြစ်တာဗျ
    မဟုတ်ရင် ငြိမ်နေဦးမှာ
    (စကားမစပ် အဲဒီ ချစ်သူများနေ့ကဗျာကိုပထမဆုံးဖတ်တုန်းက ဘယ်နေရာကငြိတာလဲဆိုတာ တွေးလို့တောင်မရ ) 🙂

    လေးခ
    ရန်ကုန်တင်မဟုတ်ဘူးဗျ တခြားမြို့တွေလဲ ရှိသေးတယ်လို့ တွေ့ထားသလိုပဲ
    အဲ့ကဗျာတွေပါ အဆင်ပြေရင်ရှာကြည့်ဦးမှ

    အာတီမမ
    ဓါတ်သေတင်စရာမရှိလို့ စာကိုပဲ ဝရဇိန်နဲ့ မှတ်ကျောက်တင်ပေးလိုက်တာပါဗျ။

    ဒေါ်မွန်မွန်
    ကြက်သီး ထ မိရုံတင်လား…. :mrgreenn:

  • ဦး ဂျစ်

    January 14, 2014 at 6:23 pm

    ဟီး – – နားလည်အောင် အတော် ဖတ်ယူရတယ်
    အစ အဆုံး ကျေနပ်မှုမရှိလို့ ၃ ခေါက် ဖတ်လိုက်ပါတယ်

    • Mr. MarGa

      January 14, 2014 at 6:53 pm

      သုံးခေါက်တင်လား
      ဒါဆို အားတက်စရာပဲ 🙂

  • အာတီဒုံကို ကတိပေးပြီး မခြေအနေမပေးလို့မတင်ပေးဖြစ်တာ ခွေးလွှတ်ကြပါ။
    အမှန်က ဒီညတင်ပေးမို့ပါပဲ။
    နေ့လည်က တဂျားလေးက လာတောင်းတာနဲ့ ဘယ်သူပဲတင်တင် ကိုယ့်မောင်နှမချင်းတွေပဲမဟုတ်လား။
    (အမှန်က တဂျားတင်တာလေးကို ပိုသဘောကျပါတယ်။ကိုယ့်ငါးချဉ်ကိုယ်ချဉ်သလိုမဖြစ်တော့ဘူးပေါ့)
    😀
    အားပေးတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးအထူးတင်ပါတယ်။
    🙂

  • padonmar

    January 15, 2014 at 12:36 am

    ကျေးကျေးပါ၊
    ဦးစောဝေကို ဂဇက်က အမြဲဖိတ်ခေါ်ပါတယ်လို့ ပြောပေးပါနော်။

  • manawphyulay

    January 15, 2014 at 8:42 am

    ရန်ကုန်မှာ
    ဂဇက်အဖွဲ့တွေဆုံ

    ရန်ကုန်မှာ
    ပျော်ရွှင်စွာ ဆင်နွှဲ
    အသစ်အဟောင်း မပြောင်းလဲ
    နွေးထွေးစွာ ကြိုဆိုတဲ့ပွဲ
    ဂေဇက်ကြီး ဆက်လက်တည်မြဲနေစေဖို့

    ရန်ကုန်မှာ
    ဆုတောင်းကြပါစို့….

    ရန်ုကုန်မှာ ဆုံခွင့်ရတဲ့
    မနောဖြူလေး

    • Mr. MarGa

      January 15, 2014 at 11:35 am

      ထပ်တိုး ရန်ကုန်တွေ ထွက်လာပြီ 🙂

  • ဖြူစိုင်း လူ

    January 15, 2014 at 10:01 am

    ရန်ကုန်ဟာ..
    သန်းချီတဲ့ နိုင်ငံသားတွေကို
    တာမီနယ်နှစ်ခုနဲ့ ခန့်ခန့်ညားညားကြီးကြိုတယ်။

    ရန်ကုန်ဟာ..
    ကိုယ့်နိုင်ငံသားဆိုသေချာစစ်
    နိုင်ငံခြားသားဆို အပြုံးတွေဝေ
    ထုလိုက်တဲ့ တံဆိပ်တုံးရာမမြင်ပဲ
    ဒေါ်လှကြီးတွေပဲ ပြေးမြင်လို့
    လူတွေမှားပြီး ကြိုပြန်တယ်။

    ရန်ကုန်ဟာ..
    အစွယ်တစ်ဖွေးဖွေးနဲ့
    သဘောင်္သားတွေ ဒီဘက်လာပါ
    နိုင်ငံခြားပြန်တွေ အလည်လား၊ အပြီးလား
    အခွန်ဆောင်ရဲ့လား၊ သက်တမ်းတိုးမှာလား
    ဘာအလုပ်နဲ့ ဘယ်လိုထွက်သွားတာတုန်း
    ပြောစရာကုန်တော့မှ
    ရုပ်တွေကိုဖြီး ကင်မရာအစုတ်လေးမျက်နှာချိန်
    ကလစ်တစ်ချက်နှိပ်ပြီးမှ
    သွားလိုရာ သွားနိုင်လေသတည်းတဲ့

    (နည်းနည်းတော့ လုပ်ခဲ့ပါဦးကွာဆိုလား)

    ဟုတ်ကဲ့
    အများကြီးလုပ်ခဲ့လိုက်ပါသည်။

    (ပို့စ်အမျိုးမျိုး ပေးခဲ့ခြင်းသာ)

    ရန်ကုန်ဟာ
    ပြောမယုံ ကြုံဖူးမှသိ
    ကြိုဆိုပုံသင်းတာမို့

    ရန်ကုန်ဟာ
    ရန်တွေကုန်ဖို့သာမဟုတ်
    အရန်ဆောင်ထားတာလေးတွေပါ
    ကုန်ဖို့သာ ဖြစ်တော့သည်လေး။ ။

    • Mr. MarGa

      January 15, 2014 at 3:12 pm

      ရန်တွေကုန်ဖို့သာမဟုတ်
      အရန်ဆောင်ထားတာလေးတွေပါ
      ကုန်ဖို့သာ ဖြစ်တော့သည်လေး။ ။

      ကိုရင်စိုင်း ရင်တွင်းဖြစ်တွေပါလားကရို့
      ရန်ကုန် ကဗျာကို ထပ်မံခံစား ရေးဖွဲ့ချက်တွေ…………… 🙂

      • Ma Ma

        January 15, 2014 at 6:23 pm

        ကိုရင်စိုင်းရဲ့အားဖြည့်ချက်ကို သဘောကျတယ်။ 🙂

    • KZ

      January 16, 2014 at 8:52 am

      ကိုစိုင်း ကော်မန့်ကို ဘီစီ ပေးချင်တာ။
      ဟို ရန်ကုန် လည်း သဘောကျ
      ဒီ ရန်ကုန် လည်း သဘောကျ။
      ကဗျာ တွေပြောပါတယ်။
      တကဲ့ ရန်ကုန်မှာတော့ မပျော်ဘူးးး

      😀

      • Mr. MarGa

        January 16, 2014 at 10:11 am

        နောက်ထပ် ရန်ကုန်တစ်ပုဒ် ထပ်ဖြည့်လို့ရသေးတယ်လေ
        ကျနော် တွေ့ထားတယ်နော့
        ဘယ်လိုလဲ……….. 🙂

        • KZ

          January 16, 2014 at 11:21 am

          ဒူးကြော အပြတ်ပြတ်နဲ့ ဆိုတာလားးး
          အကိုကြီး ခက်သီရဲ့ ကဗျာ။
          တင်လိုက်လေ..

          🙂

  • Mr. MarGa

    January 16, 2014 at 11:39 am

    ရန်ကုန်

    ဒူးကြောတွေ အပြတ်ပြတ်နဲ့
    သူမို့လို့ ဝံ့ဝံ့ရဲရဲ
    အတိုအပြတ်တွေဝတ်ပြီး
    လမ်းထွက်လာရဲတယ် ။ ။

    ခက်သီ

    ရန်ကုန် စုစည်းမှု ဖြစ်တော့မယ် 🙂

  • kai

    January 17, 2014 at 5:21 am

    ရန်ကုန်ဟာ ရန်တွေကုန်တယ်ဆိုပြီး ရန်ချည်းစနေခဲ့တာ
    အလောင်းဘုရားက ယိုးဒယားကိုရန်စတယ်
    အင်္ဂလိပ်က တောင်ထိပ်သိမ်းပြီး လူထုကို ရန်ပြုတယ်
    ဦးအောင်ဆန်းကို ဦးစောက သတ်တယ်
    နုကို ရှုကဖြုတ်တယ်
    ရှုကို ရွှေက ယုတ်တယ်
    ဒါတွေက ရန်ကုန်ဆိုတဲ့ ရန်တွေမကုန်မြို့မှာဖြစ်တာပေါ့..
    ကဲ..
    ဒဂုံပြန်ပြောင်း..။

    • Mr. MarGa

      January 17, 2014 at 10:58 am

      ဪ….. သဂျီးးး သဂျီးး
      သူ့ဟာသူနေနေတဲ့ နာမည်လေးကို သွားပြီး ရန်စနေတယ်။
      နာမည် ဆိုတာ ပညတ်တွေပါဗျာ……….. :mrgreenn:

  • Mr. MarGa

    February 4, 2014 at 11:39 am

    မန္တလေး

    မြူကြား နှင်းကြား နေကြား
    အမြဲလှနေတဲ့ မန္တလေး

    သခင်ဗဟိန်း၊ အာဇာနည် ၁ရ ဦး
    မြို့မငြိမ်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ
    ပေါ်ဦးသက်၊ ကြည်အောင်၊ အဇ္ဈလီမောင်မောင်
    လွမ်းလောက်စရာ လူတွေများတော့
    အလွမ်းတွေ ဖုံးထားတဲ့ မန္တလေး

    တောင်ပေါ်ကကြည့်တော့ ရင်သပ်ရှုမော
    တောင်အောက်ကကြည့်တော့ ခံ့ညား
    ဒီမြို့ရှိလို့ တို့ပြည်ရှိ
    ဒီမြို့ရှိလို့ တို့ပြည်လှ
    စက်ဘီးနေရာမှာ ဆိုင်ကယ်အစားထိုး
    မြို့ရိုးပတ်လည်မှာ အဖြူတွေအစားထိုး
    ဘုရားကျောင်းကန်
    ခေါင်းလောင်းသံဝေစည်တဲ့ မန္တလေး

    မန္တလေးဟာ
    အနုပညာမှာ သူ့ကိုကျော်လို့မရဘူး

    မန္တလေးဟာ
    သူရသတ္တိမှာ သူ့ကိုကျော်လို့မရဘူး

    မန္တလေးဟာ
    အမှန်တရားမှာ သူ့ကိုကျော်လို့မရဘူး

    မန္တလေးဟာ
    သူ့ကိုလုပ်စားသွားတဲ့ အုပ်ချုပ်သူတွေကိုတော့
    သူမကျော်နိုင်ဘူး

    ခမ်းနားတယ် မြို့ရိုးပြအိုး တောင်တော
    ခမ်းနားတယ် မြစ်မိခင်ဧရာဝတီ
    ခမ်းနားတယ် ခေတ်ယဉ်ကျေးမှု
    ခမ်းနားတဲ့ မန္တလေးကို စစ်အစိုးရက
    စိနတွေနဲ့ပေါင်းလို့ အီကြာကွေးတွေနဲ့ ခြံစည်းရိုးခတ်
    စီးပွားရေးဂွင်ဆင်လာတဲ့ တရုတ်တွေကြောင့်
    ငါတို့လူမျိုးတွေ မြို့ပြင်စင်ကျ

    အနောက်တံခါး ကြည့် အာရုံစိုက်မနေနဲ့
    အရှေ့တံခါးက ကျွံလာတဲ့ အဖြူတွေကြောင့်
    မန္တလေးရဲ့ ဂုဏ်ပျက်ရမယ်
    ကျွန်တော် ကျွန်တော်နဲ့ပြောတဲ့
    မန္တလေးသူချောတွေ ပျောက်ဆုံး
    ဝတို့ ဝတို့လို့ ပြောတဲ့ တရုတ်မလေးတွေဖုံး
    ရဲရဲပြုံးနိုင်ပါ့မလားမန္တလေး

    ဂလိုဘယ်လ် လိုက်ဇေးရှင်းဆိုတဲ့
    ရွာဖြစ်သွားတဲ့ ကမ္ဘာခေတ်မှာ
    ဧည့်သည်အိမ်ရှင် အိမ်ရှင်ဧည့်သည်
    မတူကွဲပြားမရှိ
    အားလုံးနိုင်ငံသားစိတ်နဲ့
    သနပ်ခါး ပါးကွက်လည်း ကွက်မယ်
    စတော့ကင် ဂါဝန်လည်း ဝတ်မယ်
    လူမျိုးမရွေး ဘာသာမရွေး
    မြို့ကချစ်တယ် မြို့ကိုလည်း ပြန်ချစ်လို့
    ကမ္ဘာကြီးက အခြားကမ္ဘာကိုပြဖို့
    ယဉ်ကျေးမှု အနုပညာသက်သေဟာ
    မန္တလေးပါ…………….

    မန္တလေးဟာ ပထမမင်းနေပြည်တော်က
    ဒုတိယမြို့တော် ဒုတိယမြို့တော်က
    အာဏာရူးတွေရဲ့ အကွက်ကြောင့်
    တတိယမြို့တော်အဖြစ် ရာထူးကျ
    ဘယ်တော့မှာ မကျတဲ့
    အမှန်ချစ်စိတ်နဲ့
    နယ်လှည့်ပါးရိုက် အချုပ်ထဲထည့်မယ်ဆိုတဲ့
    ပြည်သူကို စော်ကားထားတဲ့
    ဝန်ကြီးစုတ်ကို ဖြုတ်ချ
    အင်းအိုင်တောတောင်တွေ
    ဘယ်သူတွေ ဘယ်လိုသိမ်းမလည်း
    တထိတ်ထိတ်မန္တလေး
    ရင်ထိတ်မနေပါနဲ့မန္တလေး
    အလှမ်းမဝေးတဲ့ ၂၀၁၅ မှာ
    ချစ်တဲ့သူသာရွေးမယ်ဆိုတဲ့ မန္တလေး
    မချစ်တဲ့သူကို မောင်းထုတ်မယ့် မန္တလေး

    မန္တလေး အနုပညာ မန္တလေး၊
    မန္တလေး အသိပညာ မန္တလေး၊
    မန္တလေး အာဇာနည်တွေထွက်တဲ့ မန္တလေး၊
    မန္တလေး အားလုံးချစ်တဲ့ မန္တလေး။ ။

    စောဝေ
    (၂-၂-၂၀၁၄)
    (ခေတ္တ-မန္တလေး)

Leave a Reply